← Chapters

အခန်း ၇၃၈

Vol. 63 Ch. 738

အခန်း ၇၃၈

Vol. 63 Ch. 738

အခန်း ၇၃၈

ခုနလေးကမှ သူမသည် ဟန်ဟယ့်ကို ဤသိုင်းဖြင့်တိုက်ခိုက်ရန် တွေးနေခဲ့ခြင်းဖြစ်သည်။ သို့သော် သူမသည်သာ တိုက်ခိုက်ခံလိုက်ရလေရာ ယွီမေ့ဇစ်သည် ထိတ်လန့်တကြားဖြင့် ချက်ချင်း ဒူးထောက်ကာ တွားသွားလာပြီး ပြောသည်။

“တမန်တော်ကြီး တမန်တော်ကြီး ကျွန်မမှားသွားပါတယ် ကျွန်မမှားသွားပါတယ်”

ယွီမေ့ဇစ်သည် မိမိမှာ ဖန်းယင်းယွီကို ဒေါသထွက်အောင် လုပ်မိလိုက်ကြောင်း နားလည်သည်။ ဖန်းယင်းယွီမှ သူမကို သတ်လိုက်လျှင်သော်မှ သူမ၏သခင်ဖြစ်သူ အမတငှက်ဟန်မြောင်ရှန်းသည် မကျေမနပ်ပြောဆိုလိမ့်မည် မဟုတ်ချေ။ သို့ဖြစ်ရာ သူမလည်း ဖန်းယင်းယွီကို စိုးစဉ်းသော်မျှ မကျေမနပ်မဖြစ်ရဲပေ။ ဤသည်မှာ ဖန်းယင်းယွီ၏လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းဖြစ်သည်။

ယွီမေ့ဇစ်သည် ပါးစပ်ထောင့်စွန်းတွင် သွေးများစီးကျလျက် ဖန်းယင်းယွီဆီသို့ တွားသွားသည်။ ဖန်းယင်းယွီသည် သူမကို တစ်ချက်ပင် မကြည့်ဘဲ ပြောသည်။

“မိန်ဂိုဏ်းရဲ့ ပထမစည်းမျဉ်းက ဘာလဲ”

“ဂိုဏ်း ဂိုဏ်းသားတွေကို ထိခိုက်အောင် မလုပ်ရပါ”

ယွီမေ့ဇစ်မှ တုန်ယင်လျက် ပြောသည်။ ဖန်းယင်းယွီမှ ပြောသည်။

“ဒါကိုမှတ်ထား။ ဒီနေ့က မင်းကို သတိပေးတဲ့အနေနဲ့ သေးငယ်တဲ့အပြစ်ဒဏ်လေး ပေးလိုက်ရုံပဲ။ နောက်တစ်ခါဆိုရင်တော့ ဂိုဏ်းစည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်ရလိမ့်မယ်”

ယွီမေ့ဇစ်သည် ကြောက်ရွံ့လွန်းသောကြောင့် တစ်ကိုယ်လုံးတုန်ယင်နေကာ ဘာမှထပ်မပြောရဲတော့ချေ။

ဟန်ဟယ့်သည်လည်း ထိတ်လန့်နေခဲ့၏။ အထူးသဖြင့် ယွီမေ့ဇစ်မှ သူမကို အပြင်းအထန် အလစ်ချောင်းတိုက်ခိုက်ရန်ကြံစည်နေကြောင်း မြင်လိုက်ရချိန်တွင် သူမ၏စိတ်ထဲ ပထမဆုံးဝင်လာသည့်အတွေးမှာ ယွီမေ့ဇစ်ကို မည့်သို့မည်ပုံ လက်တုံ့ပြန်ရမည့်အကြောင်းမဟုတ်ဘဲ ချက်ချင်းဒူးထောက်ချကာ ဤသို့ပြောမိလိုက်လေသည်။

“တမန်တော်ကြီး ဆရာဒေါ်လေးက ခဏတာစိတ်ရှုပ်ထွေးသွားလို့ပါ။ တမင်ရည်ရွယ်ပြီးလုပ်တာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ဆရာဒေါ်လေးကို ခွင့်လွှတ်ပေးပါ”

ဟန်ဟယ့်သည် ယွီမေ့ဇစ်အတွက် တောင်းပန်ပေးနေခဲ့သည်။ ဖန်းယင်းယွီသည် ဟန်ဟယ့်ကို အသိအမှတ်ပြုသည့်အကြည့်များဖြင့် ကြည့်လိုက်သည်။ ဟန်ဟယ့်ထံတွင် ဟန်မြောင်ကျန်း၏အရိပ်ကို သူမြင်နိုင်ပေသည်။

အတိတ်က ဟန်မြောင်ကျန်းသည်လည်း ဤသို့ဖြစ်ပေသည်။

ဟန်ဟယ့်က ဘာလို့ ယွီမေ့ဇစ်အတွက် အသနားခံပေးနေရတာလဲ။ သူ ယွီမေ့ဇစ်ကို မမုန်းဘူးလား။

မဟုတ်ပေ။ အကြောင်းမှာ သူနှင့် ယွီမေ့ဇစ်သည် ဖန်းယင်းယွီ၏ရှေ့၌ အမတငှက်ဟန်မြောင်ကျန်းကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ သူတို့၏ဂုဏ်သိက္ခာကျဆင်းသည့် အပြုအမူများသည် အမတငှက်ဟန်မြောင်းကျန်း၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေနိုင်ပေသည်။

ထို့ကြောင့် ဟန်ဟယ့်သည် ယွီမေ့ဇစ်ကို ကာကွယ်ပေးရန်သာ တတ်နိုင်လေသည်။

သို့သော် ခေါင်းငုံ့ထားသည့် ယွီမေ့ဇစ်သည် နည်းနည်းလေးမှ ကျေးဇူးမတင်ပေ။ သူမ၏မျက်လုံးများတွင် အငြိုးအတေးများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော်ငြား လက်ရှိတွင် သူမသည် ဒဏ်ရာရထားပြီး ဖန်းယင်းယွီလည်း ရှိနေသောကြောင့် ဘာမှမတတ်နိုင်ပေ။

ဒူးထောက်တောင်းပန်ရန်သာ တတ်နိုင်သည်။

ထိုအခိုက်အတန့်၌ တစ်လျှောက်လုံး ဘေးမှ ပွဲကြည့်နေသည့် ပါးထန်သည် အချိန်ကိုက်ရောက်ပြီဟု ခံစားရသဖြင့် ရှေ့တိုးလာပြီး ပြောသည်။“ဆရာတော်ဖန်း ကျွန်တော်ပါးထန် ချီမင်းသားရဲ့အမိန့်နဲ့ ဆရာတော်ကို လာနှုတ်ဆက်ပါတယ်”

ဖန်းယင်းယွီသည် ပါးထန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“ချီမင်းသား ဟားဟား သူက ငါ့ကိုတွေးမိရတဲ့အထိ ဘယ်လိုတောင် ကိုယ့်ကိုယ်ကိုယ်ဒုက္ခခံနေရတာလဲ”

ပါးထန်မှ အမြန်ပြန်ပြောသည်။

“ဆရာတော် နှိမ့်ချလွန်းနေပါပြီ။ ချီမင်းသားက ဆရာတော့်အကြောင်းကို အမြဲတွေးနေတာပါ။ ဆရာတော့်ကိုတွေ့ခဲ့ရင် ရှန်းရှီးက ချီမင်းသားအိမ်တော်ကို ဖိတ်ကြားဖို့ ကျွန်တော်တို့ကို ညွှန်ကြားထားပါတယ်”

ဖန်းယင်းယွီမှ ပြောသည်။

“အို ရှီးပေကိုလား၊ ငါ အချိန်ရရင် အလည်လာခဲ့ပါ့မယ်။ ချီမင်းသားကို ဂရုစိုက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြန်ပြောပေးပါဦး”

“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော် သေချာပေါက် စကားပြန်ပါးပေးပါ့မယ်။ ဒါပေမဲ့ ဆရာတော် ကျွန်တော်တို့ချီမင်းသားက စိတ်ရင်းအမှန်နဲ့ ဆရာတော်နဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ချင်နေတာပါ။ ချီမင်းသားက ဆရာတော်ကို ချီမင်းသားအိမ်တော်ရဲ့ ဂုဏ်သရေရှိဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ပြီး ဆရာတော့်ကို ကန်းစုရဲ့ဝန်ကြီးချုပ်ရာထူးကို ကမ်းလှမ်းဖို့ဆန္ဒရှိပါတယ်”

“ဟားဟား ဦးလေးချီက အတော်လေး ရက်ရောနေပါရောလား”

ပါးထန်၏စကားအဆုံး၌ ကျောက်ယာမှ ရယ်မောလျက် ပြောသည်။

ထိုအခါ ပါးထန်သည် ဘာမှမပြောဘဲ ဖန်းယင်းယွီကိုသာ ကြည့်နေလိုက်သည်။ ဖန်းယင်းယွီမှ ပြောသည်။

“ချီမင်းသားရဲ့ စိတ်ရင်းစေတနာကိုတော့ လက်ခံလိုက်ပါမယ်။ ဒါပေမဲ့ ဒီဘုန်းကြီးလိုအပြင်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်နိုင်မှာပါလဲလေ”

ထိုသို့ပြောပြီးနောက် ဖန်းယင်းယွီသည် ကျောက်ယာကို ပြောသည်။

“ဒါပေမဲ့ ခရိုင်မင်းသမီး ချီမင်းသားက ဒီလိုရက်ရက်ရောရောကမ်းလှမ်းဖို့ ဆန္ဒရှိနေချိန်မှာ မင်းရဲ့ရူယန်မင်းသားအိမ်တော်က ဘာအရိပ်အယောင်မှ မပြပါလား။ ဒီလိုက သူများနောက်ကျကျန်နေခဲ့ပြီမဟုတ်ဘူးလား”

ကျောက်ယာမှ ပြောသည်။

“ကျွန်မတို့ရူယန်မင်းသားအိမ်တော်က ချီမင်းသားအိမ်တော်နဲ့ ကွာခြားပါတယ်။ ကျွန်မတို့က စစ်မှန်မှုနဲ့ အရည်အချင်းကိုပဲ အလေးထားပါတယ်။ ဆရာတော်ရဲ့အရည်အချင်းက ကောင်းကင်ဘုံအထိ မြင့်သွန်းနေပေမဲ့လည်း ပြည်နယ်တစ်ခုကို အုပ်ချုပ်စီမံဖို့ဆိုတာ တရားရေးရာနဲ့ စစ်ဘက်ရေးရာနှစ်ခုစလုံး ကျွမ်းကျင်မှုရှိဖို့လိုအပ်ပါတယ်။ ဆရာတော်က အဲဒီလိုအလုပ်တာဝန်မျိုးတွေနဲ့ မကိုက်ညီဘူးလို့ ကျွန်မခံစားမိပါတယ်”

ဖန်းယင်းယွီမှ ပြန်ပြောသည်။

“ခရိုင်မင်းသမီးက စကားပြောတာ အတော်လေးပွင့်လင်းတာပဲ”

ပါးထန်မှလည်း ကြားဝင်ပြောသည်။

“ခရိုင်မင်းသမီး ဆရာတော်ဖန်းက ဘယ်လိုလူမျိုးမို့လို့လဲ။ ဆရာတော်ဖန်းက အရပ်သားပြည်သူတွေကို အုပ်ချုပ်နိုင်စွမ်းမရှိဘူးလို့ မင်းသမီးက ဘယ်လိုလုပ်ပြီး သေချာနေတာပါလဲ။ ခရိုင်မင်းသမီးက ဆရာတော်ဖန်းကို အထင်သေးနေတာပါလား”

ကျောက်ယာသည် ပါးထန်ကို လှည့်ကြည့်လိုက်ပြီးနောက် ရယ်မောသည်။

“ရှင်က အရမ်းကြိုးစားနေတာပဲနော်”

ထို့နောက် ကျောက်ယာသည် ပါးထန်ကို လျစ်လျူရှုလိုက်ပြီး ဖန်းယင်းယွီကို ပြောသည်။

“ဆရာတော် ခုနက ဆရာတော်လည်း ဆေးဘုရင်တောင်ကြားကို ဝင်မယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ကျွန်မတို့ရော ဝင်လို့ရနိုင်မလားလို့ အတင့်ရဲပြီးမေးပါရစေ။ ကျေးဇူးပြုပြီး ဆရာတော် သေချာပြောပြပေးပါ”

ဖန်းယင်းယွီ ကျောက်ယာကိုကြည့်၍ ပြောသည်။“ဟားဟား စကားအရှည်ကြီးပြောပြီးတဲ့နောက်တော့ ခရိုင်မင်းသမီးက အဓိကအကြောင်းအရာကို ထုတ်ပြောလာပြီပဲ။ စိတ်ချပါ၊ မင်းတို့အားလုံး ဆေးဘုရင်တောင်ကြားကို ဝင်လို့ရတယ်။ ဒါပေမဲ့ မင်းတို့တွေ လွယ်လွယ်နဲ့ ပဋိပက္ခမဖြစ်ကြဖို့ ငါမျှော်လင့်တယ်။ မင်းတို့ အဓိကအာရုံစိုက်ရမှာက ရတနာရှာဖို့ပဲ”

ထိုအခါ ကျောက်ယာမှ ပြောသည်။

“ဟုတ်ကဲ့ပါ ဆရာတော်၊ ကျွန်မတို့နားလည်ပါပြီ”

ထိုအခါ အားလုံးလည်း သဘောပေါက်သွားကြသည်။ သူတို့ကို ဝင်ခွင့်ပြုခြင်းမှာ ဖန်းယင်းယွီသည် သူတို့နှင့် ရတနာပြိုင်မလုဟု ဆိုလိုသည်။ အလွယ်တကူ ပဋိပက္ခမစတင်ရန်သာ လိုလားခြင်းပင်။

ကျောက်ယာ ယွီမေ့ဇစ်ကို ကြည့်လိုက်သည်။

ကြည့်ရတာ လောလောဆယ်တော့ ဒီမိန်ဂိုဏ်းသားတွေကို လွှတ်ပေးထားရတော့မှာပဲ။

ပါးထန်သည်လည်း ယွီမေ့ဇစ်ကိုကြည့်၍ စိတ်ထဲမှ တွေးလိုက်သည်။

အခုတော့ သူ့ကိုလွှတ်ပေးထားလိုက်တာပေါ့။ ဖန်းယင်းယွီကို မျက်နှာသာပေးတဲ့အနေနဲ့ လွှတ်ထားပေးလိုက်မယ်။

ဖန်းယင်းယွီမှ ပြောသည်။

“အာ အဆင်ပြေကြပြီမလား။ မင်းတို့ပြန်ကြတော့။ မဟုတ်ရင် မင်းတို့ကြောင့် သူတို့ အနားယူနိုင်ကြမှာ မဟုတ်တော့ဘူး”

ဖန်းယင်းယွီသည် အနားဝန်းကျင်ရှိ သူဖုန်းစားများကို ညွှန်ပြသည်။

ထိုသူဖုန်းစားများသည် ကြောက်ရွံ့ထိတ်လန့်နေကြ၏။ ရောက်လာသည့်လူအုပ်စုကြီးထဲမှ အယောက်တိုင်းသည် သူတို့ကို ပိုးမွှားတစ်ကောင်အလား ဖျက်ဆီးပစ်နိုင်စွမ်းရှိကြပေသည်။ ထို့ကြောင့် အားလုံးသည် ကိုယ်ကိုယ်ကွေးကျုံ့ထားကြကာ အသံတစ်စက်မှ မထွက်ရဲကြချေ။

သူတို့အားလုံး သူဖုန်းစားများကို ကြည့်လိုက်ကြသည်။ ယွီမေ့ဇစ်မှ ပြောသည်။“တမန်တော်ကြီးက ဒီမှာဘာလုပ်နေတာပါလဲ။ ကျွန်မတို့နဲ့အတူ ယီးဟုန်ဂေဟာကို လိုက်ခဲ့ပါ…”

“အဟွတ် အဟွတ်…”

ထိုစကားတွင် ဟန်ဟယ့်မှာ အပြင်းအထန် ချောင်းဆိုးသွားရသည်။

ယွီမေ့ဇစ် ရှင်က တကယ်ရူးနေတာပဲ။ ယီးဟုန်ဂေဟာက မီးပွင့်လေးတွေရဲ့နေရာလေ။ ဘုန်းတော်ကြီးတစ်ပါးကို ယီးဟုန်ဂေဟာဆီ ဖိတ်ခေါ်နေတာ ရှင် ရှင်က တကယ်တစ်ခုခုပဲ။

ဖန်းယင်းယွီသည် ကျင့်ဝတ်မစောင့်ထိန်းသည့် ဘုန်းကြီးတစ်ပါးဖြစ်ကြောင်း သူတို့အားလုံးသိထားသည့်တိုင် ဖန်းယင်းယွီသည် အစားအသောက်ကိုသာ မဆင်ခြင်ခြင်းဖြစ်သည်။ ဗြဟ္မစရိယကျင့်ဝတ်ကိုမူ မဖောက်ဖျက်ချေ။

ထိုအခါ ကျောက်ယာနှင့် ပါးထန်တို့သည်လည်း ဖန်းယင်းယွီကို ဖိတ်ခေါ်ကြသည်။ သို့သော် ဖန်းယင်းယွီမှ ပြောသည်။

“ဒီဘုန်းကြီးအတွက်တော့ ကောင်းကင်က အမိုးအကာဖြစ်ပြီး မြေပြင်က အိပ်ရာပါပဲ။ နေ၊လနဲ့ကြယ်တွေက အတူအိပ်စက်တဲ့ အဖော်မွန်တွေပါ။ မင်းတို့ရဲ့အိမ်တော်တွေက အရမ်းကျဉ်းကျုတ်လွန်းတယ်။ ငါမလိုက်တော့ဘူး”

All Chapters