← Chapters

မီးခိုးရောင်ဝတ်စုံ

Vol. 015 Ch. 701

မီးခိုးရောင်ဝတ်စုံ

Vol. 015 Ch. 701

သည်တုန်ကင်က ခရမ်းရောင်နှင် ရွှေရောင်လျှပ်စီး အရိပ်အမြွက်တို့ ရှိလို့နေသည်။၎င်းက ခရမ်းရွှေရောင်အပိုင်းအစတစ်ခုနှင့် ဆင်တူ၏။၎င်းကို ထိကြည့်သည့်အခါ လူတစ်ယောက်က သစ်သား သို့မဟုတ် ရွှေ ဖြင့် ပြုလုပ်ထားသည်ဟု ခံစားမိလိမ့်မည် မဟုတ်ပေ။

ဝမ်လင်းက သည်တုန်ကင် မည်သည့်အရာနှင့် ပြုလုပ်ထားသည်ကို အလေးမထားပေ။သူက ၎င်း၏ ပုံပန်းသွင်ပြင်ကိုသာ သေချာ ကြည့်ရှုနေ၏။

တုန်ကင်၏ မျက်နှာပြင်ပေါ်တွင် အပျက်အစီးစာလုံးအချို့ ရှိလို့နေ၏။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် ၎င်းကို စမ်းစစ်ကြည့်သည့်အခါ ထူးဆန်းသောအသွင် ဖြစ်ပေါ်သွားသည်။

“သိုလှောင်ခြင်း…”

သည်တုန်ကွင်းအတွင်း၌ သီးသန့်ဆန်သော ဟင်းလင်းပြင်နေရာလွတ်တစ်ခု ရှိလို့နေသည်။ သည်နေရာလွတ်က ခရမ်းရောင်မြူများနှင့် ပြည့်နေကာ သိုလှောင်ပစ္စည်းတစ်ခု အမှန်ဖြစ်နေ၏။

၎င်းအတွင်း၌ ဓားတစ်လက်သာ ရှိလို့နေ၏။၎င်းက ကောင်းကင်ဘုံဓားမဟုတ်ဘဲ ဓားဆယ့်နှစ်လက်မှ တစ်လက် ဖြစ်လို့နေ၏။

ယင်းအကြောင်းကို တွေးကြည့်ပြီးသည့်နောက် ဝမ်လင်းက သည်ဓားသည် မြူထဲမှ ပိတ်လှောင်မိခဲ့သည့် တာ့လော့ဓားကလန်မှတပည့်၏ ဓားဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။ အချို့အကြောင်းရင်းများကြောင့် ထိုတပည့်က တုန်ကင်အတွက် စတေးခံရချိန်၌ သည်ဓားကို တုန်ကင်က စုပ်ယူထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

အတွေးတစ်ချက်ဖြင့်ပင် သည်ဓားက ပျံသန်းထွက်လာကာ ဝမ်လင်းဘေးရှိ မြေပြင်ပေါ်သို့ စိုက်သွားသည်။

သည်တုန်ကင်ထဲရှိ နေရာလွတ်ကို သေချာလေ့လာကြည့်ပြီးနောက် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်၏။သူက တုန်ကင်ကို ကြည့်ကာ စတင် စဉ်းစားနေ၏။

“ဒီတုန်ကင်ကို ပြုလုပ်ထားတဲ့ သတ္တုပစ္စည်းကလွဲလို့ ဒါနဲ့ ပတ်သတ်ပြီး ကျန်တာ ထူးခြားတာလည်း ရှိမနေဘူး။ငါကသာ ဒါကို မြူတွေကနေ တိုက်ရိုက် သိပ်သည်းပြီး ဖြစ်လာတာကို မမြင်တွေ့ခဲ့ရရင် ဒီအရာက ရှေ့ဖြစ်ဟောသူ၊လင်းထျန်ဟူ၊သွေးဘိုးဘေး စတဲ့ ပုဂ္ဂိုလ်တွေ အသည်းအသန်လိုချင်နေတဲ့ အရာဖြစ်မှန်း တွေးကြည့်ဖို့တောင် ခက်ခဲနေလိမ့်မယ်…”

“ဒီတုန်ကင်က လှိုဏ်ဂူကိုဖွင့်တဲ့ သော့ ဖြစ်တယ်။ လှိုဏ်ဂူအတု လေးခုကနေ နောက်ဆုံးလှိုင်ဂူအစစ်ကို ဒါနဲ့ ဖွင့်နိုင်တယ်။ ယောင်ရှင်းရွှယ် အပြောအရဆိုရင် ရှေ့ဖြစ်ဟောသူနဲ့ သူ့အပေါင်းအပါတွေက လေးခုမြောက်လှိုဏ်ဂူအတု တည်ရှိမှုကို မသိကြဘူး လို့ ဆိုတယ်….။ ဒါပေမဲ့ သွေးဘိုးဘေးတစ်ယောက်ကတော့ ဒါကို သိနေတယ်…”

“ချန်လုံနဲ့ လောဘကြီးတို့ကလည်း ငါ ဒီတုန်ကင်ကို ရသွားတာ သိမှာပဲ။ဒါပေမဲ့ ချန်လုံကတော့ ရှင်းရှင်းလင်းလင်း မြင်လိုက်မှာ မဟုတ်ဘူး။ငါသာ သူ့နေရာမှာ ဆိုရင် လောဘကြီးကပဲ အဆုံးသပ်မှာ တုန်ကင်ကို ရသွားလိမ့်မယ်လို့ ထင်မိမှာပဲ…”

အသက်ဝဝရှူသွင်းပြီးသည့်နောက် ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ အက်ကွဲကြောင်းထဲမှ အပြင်သို့ လှမ်းကြည့်လိုက်ပါက အမှောင်ထုကိုသာ တွေ့မြင်ရသဖြင့် ဝမ်လင်းအသွင်က ခါးသက်သက် ဖြစ်လို့သွားသည်။

“ငါက ဒီတုန်ကင်ကို ရခဲ့ပေမဲ့လည်း ငါက ဒီနေရာမှာ ပိတ်မိနေပြီး အပြင်ကို ထွက်လို့ မရနိုင်ဘူး ဖြစ်နေတယ်။ လောဘကြီးလို ဉာဏ်များတဲ့လူတောင် ဒီနေရာမှာ တည်နေရာရွှေ့ပြောင်းကို မသုံးခဲ့တော့ ငါလည်း ဒီနည်းကို သုံးကြည့်စရာကို မလိုတော့တာ။ ငါက ဒီနေရာကနေ လှိုဏ်ဂူထဲ ဝင်လို့ရမလားတော့ မသိဘူး…”

ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းလို့သွားသည်။ သူက သိုလှောင်အိတ်ကို နှိုက်လိုက်ရာ သူ့လက်ထဲ၌ သလင်းကျောက်တစ်ခု ပေါ်လာ၏။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သက်ပြင်းချကာ ခါးသီးစွာ ပြုံးလိုက်၏။ “ငါက ဒါကို အသက်သွင်းနိုင်စွမ်း မရှိဘူး…”

သူက အနည်းငယ် စဉ်းစားပြီးနောက် သူ့ပတ်လည်သို့ ကြည့်လိုက်၏။ သည်အက်ကွဲကြောင်းက ကြီးမားခြင်း မရှိပေ။ ဆယ့်နှစ်ပေလောက်သာ ကျယ်ပြန့်၏။တစ်ချက်ကြည့်ရုံဖြင့်ပင် ဝမ်လင်းက ရှင်းရှင်းလင်လင်း အကုန်မြင်လိုက်ရသည်။သိပ်မကြာခင်တွင် သူက မတ်တပ်ထရပ်ကာ အက်ကွဲကြောင်း ဝင်ပေါက်သို့ ရောက်ရှိသွား၏။သူက အနည်းငယ် ရှေ့သို့ တိုးလိုက်သည်နှင့်ပင် သူ့ခန္ဓာကိုယ်ပေါ်သို့ စုပ်အားက သက်ရောက်လာသည်ကို ချက်ခြင်းခံစားလိုက်ရသည်။

ဝမ်လင်းက နောက်သို့ ပြန်ဆုတ်လိုက်၏။သူ့မျက်လုံးက တလက်လက် ဖြစ်လို့နေသည်။

“ခြင်သားရဲက ခုချိန်မှာ ဘာတွေများ လုပ်နေမလဲ ငါ သိချင်မိတယ်။ ဒါ့အပြင် စီနီယာ ကျောက်ရီနဲ့ လောဘကြီးတို့ရဲ့ တိုက်ပွဲကရော ဘယ်လိုများ ဖြစ်သွားပြီလဲ။ ဒါပေမဲ့လည်း စီနီယာကျောက်ရီ နိုင်ရင်တောင်မှာ သူက ငါ ဘယ်မှာ ရှိနေလဲကို သိမှာ မဟုတ်ဘူး…”

သူက အက်ကွဲကြောင်း နံရံသို့ ကြည့်လိုက်၏။သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားရင်း မြေကမ္ဘာလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုရန် ပြင်လိုက်၏။သို့ရာတွင် သူ့ခန္ဓာကိုယ်က နံရံနှင့် ထိမိလိုက်ချင်းချင်းမှာပင် သူက ရပ်တန့်လိုက်၏။အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက မြေပြင်ပေါ်သို့ ပြန်ခြေချကာ သူ့သိုလှောင်အိတ်ကို ပုတ်လိုက်၏။ သူက စိတ်ဝိညာဉ်အလံကို ထုတ်ယူကာ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကို ထုတ်ယူပြီး နံရံထံသို့ လှမ်းပစ်လိုက်၏။သည့်နောက် သေချာလေ့လာကြည့်နေသည်။

ထိုစိတ်ဝိညာဉ်က နံရံရှိရာသို့ မီးခိုးငွေ့ကဲသို့ မြောလွင့်သွား၏။သို့သော် ဝမ်လင်းက ထိုစိတ်ဝိညာဉ်ထံမှ ကြောက်လန့်တကြားအော်လိုက်သံကို ချက်ခြင်း ခံစားလိုက်ရသည်။နံရံထဲသို့ ဝင်သွားသည့် စိတ်ဝိညာဉ်က အပိုင်းပိုင်းအစစဖြစ်ကုန်ကာ ချက်ခြင်းပင် အောက်ခြေမှ စုပ်အား၏ စုပ်ယူခြင်းကို ခံလိုက်ရချေသည်။

ဝမ်လင်းမျက်လုံးထဲရှိ ခါးသီးမှုက ပိုအားကောင်းလာခဲ့လေ၏။

သူက သက်ပြင်းချကာ သုန်မှုန်စွာဖြင့် မြေပေါ်တွင် ကြာပွင့်သဏ္ထာန်ထိုင်ချလိုက်၏။သိပ်အကြာခွင်တွင် သူက သိုလှောင်အိတ်ထဲမှ ဓားသုံးလက်၊ လက်မောင်းတစ်ဖက်၊နှင့် အရိုးခေါင်းတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။

သည်ဓားသုံးလက်က ဓားဆယ့်နှစ်လက်ထံမှ ဖြစ်ကြ၏။တုန်ကင်ထဲရှိ တစ်ခုကိုပါ ထည့်တွက်ပါက မြွေ၊မြင်း၊ကြက်၊ခွေး ဟူသော စိတ်ဝိညာဉ်လေးခု အသီးသီးပါဝင်သော ဓားလေးလက် ဖြစ်သွားပေလိမ့်မည်။

ခုလက်ရှိတွင် ဝမ်လင်း၌ ဓားဆယ့်နှစ်လက်မှ ခုနစ်လက်ကို ပိုင်ဆိုင်ထားပေ၏။

ဝမ်လင်းထံကနေ ဓားသုံးလက် အစီအရင်တစ်ခုလည်း ပျံသန်းထွက်လာပြီး သူ့ဘေးနားသို့ ကျရောက်လာ၏။ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဓားခုနစ်လက်က ချက်ခြင်းပင် သူ့အား ဝန်းရံပတ်သွားသည်။သူက ပါးစဟကာ မူလစွမ်းအင်အချို့ကို ထွေးထုတ်လိုက်၏။မူလစွမ်းအင်က ထိုဓားခုနစ်လက်အား ထွေးခြုံသွားသည်။

သူ့မူလစိတ်ဝိညာဉ်ထဲ၌ မိုးကြိုးအမျှင်တန်းတစ်ခုပါ အပိုပါဝင်နေ၏။၎င်းက ဓားများကို ထိလိုက်သည့်အခါ လျှပ်စီးက ထိုဓားများအား ဖြတ်သန်း ရွှေ့လျားသွား၏။ဓားခုနစ်လက်က လျှပ်စီးနှင့် ချိတ်ဆက်သွားကာ ထူးဆန်းသောဓား အစီအရင်တစ်ခုကို ဖြစ်တည်လာခဲ့စေသည်။

“ဓားခုနစ်လက်ကို ကြယ်ခုနစ်ခုဓားအစီအရင် အဖြစ် ဖြစ်ပေါ်နိုင်စေတာပဲ…။ဒါ့အပြင် ငါ့မိုးကြိုးစွမ်းအင်နဲ့ ဒီဓားတွေကို ချိတ်ဆက်ထားတော့ ဒီဓားအစီအစဉ်ရဲ့ စွမ်းအားက သုံးဆယ်ရာခိုင်နှုန်းလောက်ကို တိုးလာခဲ့ပြီ…”

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။သူ့မူလစွမ်းအင်က ဓားများကို မွန်းမံနေရင်း သူက ၎င်းတို့ကို အာရုံမစိုက်ထားတော့ချေ။သည့်နောက် သူက ပြန်လှည့်၍ လက်မောင်းတစ်ဖက်နှင့် ဦးခေါင်းတို့အား ကြည့်လိုက်၏။

ဝမ်လင်းက စိတ်ဝိညာဉ်များသန့်စင်မွန်းမံခြင်းနှင့် ဓားစွမ်းအင်များ ထုတ်ယူခြင်းတို့တွင် အတွေ့အကြုံကြယ်ဝ ခဲ့ပြီ ဖြစ်သည်။သူ့မူလစွမ်းအင် ပါးစပ်နှစ်လုပ်စာလောက်က လင်းထျန်ဟူ၏ဓားစွမ်းအင်ကို ဝမ်လင်းက သက်တောင့်သက်သာ ထုတ်ယူ ဝါးမြိုနိုင်ဖို့ ခွင့်ပြုပေးလေသည်။ပုံမှန်အားဖြင့် လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို ဝါးမြိုပြီးသည့်အခါ သူ့မူလစိတ်ဝိညာဉ်က နာကျင်မှုလှိုင်းများကို ခံစားရကာ ပြန်ကောင်းမွန်ရန် အချိန်ခဏ ယူရတက်သည်။

သို့ရာတွင် ခုချိန်၌ သူက ဓားစွမ်းအင်နှစ်ခုကို တစ်ပြိုင်နက် ဝါးမြိုလိုက်ပြီးသည့်နောက် သူ့မူလစိတ်ဝိညာဉ်က မည်သို့မျှ မနာကျင်တော့ဘဲ သက်တောင့်သက်သာပင် ဖြစ်လို့နေလေ၏။

ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်ကို စစ်ဆေးကြည့်လိုက်သောလည်း ဘာအမှားအယွင်းကိုမှ မတွေ့ရချေ။ဝမ်လင်းက ညစ်ကျယ်ကျယ်ပြုံး၍ သူ့ကိုယ်သူ ပြောလိုက်၏။ “ဒါက မူလစိတ်ဝိညာဉ်တစ်ခုလို သတ်မှတ်နိုင်သေးရဲ့လား…”

သည့်နောက် ဝမ်လင်းက သူ့သိုလှောင်အိတ်ထဲမှ အတာအဆီးအဝန်းတစ်ခုကိုပါ ထပ်မံ ထုတ်ယူလိုက်သည်။

သည်အဝန်းက ထွက်ပေါ်လာသည်နှင့် ကြီးထွားလာပြီး မြေပေါ်သို့ ကျရောက်သွား၏။၎င်းအဝန်းပေါ်တွင် မရေမတွက်နိုင်သော အတားအဆီးများစွာ ရှိလို့နေ၏။ဝမ်လင်းက ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အဝန်းထံသို့ လက်ညွှန်သည်။

ထိုအတားအဆီးအဝန်းက စတင်အက်ကွဲလာကာ လူတစ်ယောက်၏ အသွင် ထွက်ပေါ်လာ၏။

သည်လူက အနီရောင်အုပ်စုခွဲမှ ဒူဂျန်ပင် ဖြစ်လေ၏။သူ့မျက်လုံးများက မှိတ်ထားလျက် ရှိကာ မျက်နှာကလည်း ဖြူရောလို့နေ၏။အတားအဆီးများကို ဖယ်ပေးလိုက်သည့်အခါ သူ့မျက်လုံးက ပွင့်လာပြီး ဝမ်လင်းအား စူးစိုက်ကြည့်လာ၏။

ဒူဂျန်က သူ့ကိုယ်သူ ပြန်စစ်ကြည့်လိုက်သည့်အခါတွင်တော့ သူ့မူလစိတ်ဝိညာဉ်က ချိပ်ပိတ်ခံထားရသည်ကို တွေ့လိုက်ရ၏။ခုချိန်၌ သူက သေမျိုးတစ်ယောက်ကဲ့သို့အဆင့်သာ ရှိတော့၏။

ဝမ်လင်းအသံက တည်ငြိမ်ကာ သူက ဖြည်းဖြည်းချင်း ပြောလာ၏။ “စီနီယာအကိုဒူ…မင်းက ငါ့ကို ဆရာရဲ့လျှို့ဝှက်ချက် ခု ပြောနိုင်ပြီ…”

ဒူဂျန်အသွင်က ခါးသီးစွာ ဖြစ်ပေါ်နေ၏။သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည်။အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် သူက ပြောလသည်။ “ငါက ပြောမယ်ဆိုရင်တောင် အသက်ရှိဖို့ ခက်ခဲနေလောက်တယ်…”

ဝမ်လင်း အကြည့်က ဒူဂျန်ထံသို့ စူးရဲစွာ ကျရောက်လာ၏။ဝမ်လင်းမျက်လုံးထဲရှိ လျှပ်စီးအငွေ့အသက်က ဒူဂျန်မျက်လုံးထဲသို့ ထွင်းဖောက်သွားသကဲ့သို့ပင်။သည်အရာက ဒူဂျန်၏စိတ်ကို ပြောင်းလဲသွားကာ တုန်လှုပ်သွားစေ၏။သူက ဝမ်လင်းထံသို့ လက်ညှိုးထိုးကာ အံအောတကြီး ပြောလာ၏။ “မင်း…မင်းရဲ့မျက်လုံး…”

ဒူဂျန်က ဝမ်လင်းစကားကို မကြားတော့ဘဲ သူ့မျက်လုံးထဲ၌ ကြက်သေသေမှုသာ ရှိလို့နေ၏။ဒူဂျန်က များစွာသောကျင့်ကြံသူများနှင့် စွမ်းအားကောင်းလှသော ကျင့်ကြံသူများကိုပင် မြင်တွေ့ခဲ့ဖူးပေသည်။

ထိုသူများထဲ၌ လျှပ်စီးမျက်လုံးကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများလည်း ပါဝင်နေ၏။သို့ရာတွင် သူတို့၏ လျှပ်စီးများက မန္တာန်ဖြင့် ဖန်တီးထားကြခြင်းသာ ဖြစ်သည်။၎င်းက လျှပ်စီးဓာတ်ရှိသော်လည်း ကောင်းကင်ဘုံ၏လျှပ်စီးကိုတော့ မည်သို့ ယှဉ်နိုင်ပါ့မည်နည်း။

ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။သူက သည်အလကားကောင်နှင့် ဆက်၍ ညှိုနှိုင်းလိုခြင်း မရှိတော့ပေ။ထို့ကြောင့် သူက ဒူဂျန်ကို ဖမ်းကိုင်ကာ အက်ကွဲကြောင်းအပေါက်ဝထံသို့ ဆွဲယူလိုက်၏။အပေါက်ဝ၌ ဒူဂျန်က ပြင်းထန်သည့်စုပ်အားတစ်ခုကို သတိထားမိလိုက်၏။သူ့ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူက သူ့မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ ဆွဲခေါ်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။

သူက ကြောက်လန့်မှုကြောင့် ကတုန်ကယင်ပင် ဖြစ်လို့သွားသည်။

“ပြောပါ…” ဝမ်လင်းက စကားတစ်ခွန်းသာ ထပ်ဆိုလိုက်၏။

ဒူဂျန်၏အသွင်က ပို၍ပင် ဖြူရောသွားသည်။သေခြင်းအရိပ်က သူ့ထံသို့ ထိုးကျလာတော့၏။ဝမ်လင်းအသွင်က တည်ငြိမ်စွာပင် ဒူဂျန်ကို အပေါက်ဝသို့ နောက်တစ်ကြိမ် ဆွဲခေါ်လိုက်ပြန်၏။

ဒူဂျန်၏ ခန္ဓာကိုယ်က တုန်ယင်နေကာ သူက အမြန်အော်ပြောလိုက်တော့သည်။ “ငါ ပြောပါ့မယ်…ပြောပါ့မယ်…”

ဝမ်လင်းက သူ့ညာလက်ကို ပြန်ဆွဲယူလိုက်ပြီး ဒူဂျန်ကို ဘေးတစ်ဖက်သို့ လွှင့်ပစ်လိုက်ပြီး အေးစက်စွာ ကြည့်လိုက်သည်။

ဒူဂျန်က အနည်းငယ် တုန်ယင်နေရင်း သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်ရောက်ရှိလာ၏။သူ့မျက်လုံးများထဲပ ကြောက်ရွှံမှုများ ပြည့်နေကာ သူကပြောလိုက်သည်။ “ငါ သိသမျှ အကုန်ပြောပြပါ့မယ်။ ဒါပေမဲ့ မင်း ငါ့ကို မသတ်ဖူးလို့ ကတိပေးရမယ်…”

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ ငါက မင်းကို မသက်ဖြစ်လောက်ဘူး။ ငါ့မှာ မင်းအတွက် တစ်ခြားအစီအစဉ်တွေ ရှိသေးတယ်။

ဝမ်လင်းက ဒူဂျန်ကို အေးစက်စွာ ကြည့်၍ မျက်မှောင်ကြုတ်သွားပြန်သည်။သူက သူ့ညာလက်ကို ဖြည်းဖြည်းချင်းမြှောက်ကာ ဒူဂျန်ကို အက်ကွဲကြောင်းအဝသို့ လွှတ်ပစ်ရန် ပြင်လိုက်သည်။

ဒူဂျန်၏ခန္ဓာကိုယ်က တုန်ယင်နေကာ သူက ခပ်သွက်သွက် ပြောလိုက်၏။ “ ဆရာက စွန်ယန်ကို ဝါးမြိုတာ ငါ မြင်ခဲ့ဖူးတယ်…”

ဝမ်လင်း မျက်လုံများက တောက်ပသွားကာ သူက ဒူဂျန်အား စူးရဲစွာ ကြည်နေ၏။

“ငါက ဒါကို ကိုယ်တိုင် မြင်ခဲ့တာ မဟုတ်ပါဘူး။ဒါပေမဲ့ တောင်မှင်စာဆီကနေ ဒါနဲ့ ပတ်သတ်လို့ တွေ့မြင်ခဲ့ရတာ။ငါက ကောင်းကင်ကံကြမ္မာကလန့်ကို စတင်တဲ့အချိန်မှာ သားရဲတွေရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်တဲ့ နည်းစနစ်ကို ကျင့်ကြံခဲ့တယ်။ငါကအတိတ်တုန်းက အနောက်ဘက်ခြမ်းတောင်တန်းတွေမှာ သက်တမ်းကုန်ဆုံးခါနီး တောင်မှင်စာ တစ်ကောင်ကို ရှာတွေ့ခဲ့တယ်။ငါက ၎င်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကု စုပ်ယူနေစဉ်မှာပဲ ၎င်းရဲ့ အချို့မှတ်ဉာဏ်တွေကို ထုတ်ယူကြည့်ခဲ့တာ…”

“ဒီမှတ်ဉာဏ်တွေထဲကတစ်ခုကတော့ ဆရာက စွန်ယန်ကို ဝါးမြိုနေတဲ့ မြင်ကွင်း ဖြစ်တယ်…”

ဝမ်လင်းက မှင်သက်လို့သွား၏။

ဒူဂျန်က ခပ်မြန်မြန် ပြောလိုက်သည်။ “အဲ့မှတ်ဉာဏ်ထဲမှာ စွန်ယန်နဲ့ဆရာက အကြီးအကျယ် တိုက်ခိုက်နေကြတာ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဆရာက စွန်ယန်ကို ဝါးမြိုပစ်ဖို့ မန္တာန်တစ်ခု အသုံးပြုပြီး ထွက်ခွာသွားခဲ့တယ်…”

သည်အရာက သူ့အတွက် အကြီးမားဆုံးလျှို့ဝှက်ချက်ကြီးပင်။ ဒူဂျန်က သည်မှတ်ဉာဏ်ကို စမြင်သည့်နေ့တုန်းက လုံးဝတုန်လှုပ်သွားခဲ့ကာ တစ်ချိန်တည်းမှာလည်း သူ့နှလုံးသားထဲ၌ ကြောက်ရွှံ့မှုပါ ဖြစ်ပေါ်သွားခဲ့ပေသည်။

ထို့ကြောင့်လည်း သူက ရှေ့ဖြစ်ဟောသူကို တစ်ချိန်လုံး လေးစား၊ကြောက်လန့်နေခြင်းပင်။သည်လျှို့ဝှက်ချက်ကိုလည်း သူ့နှလုံးသားထဲ၌ မြေမြှုပ်ထားခဲ့ကာ ခုမှ ပထမဆုံးအကြိမ် အခြားတစ်ယောက်ကို ပြောပြခဲ့ခြင်း ဖြစ်လေ၏။

ဝမ်လင်းက မေးလိုက်၏။ “အဲ့တုန်းက ဆရာ့ရဲ့အသွင်အပြင်က ဘယ်လိုရှိလဲ…”

“ဒါက…ကြည့်ရတာတော့ စိတ်ထိခိုက် နောင်တရနေတဲ့ ပုံပဲ…အင်း အဲ့လိုမျိုးပဲ ဖြစ်လိမ့်မယ်…”

ဒူဂျန်က သူ့မှတ်ညာဉ်များကို ပြန်စဉ်းစားနေရင်း ချီတုံ့ချတုံနှင့် ပြောလာခဲ့သည်။ “ဒါပေမဲ့…ဒီတောင်မှင်စာရဲ့ မှတ်ဉာဏ်ထဲမှာ ဆရာနဲ့ ပတ်သတ်လို့ ထူးဆန်းတာ တစ်ခု ရှိနေတယ်။ငါက ဆရာ အရင်တုန်းက အဲ့မှတ်ဉာဏ်ထဲကလို မီးခိုးရောင်ဝတ်တာ မမြင်တွေ့ခဲ့ဖူးဘူး…”

ဝမ်လင်းမျက်လုံးများက ဒူဂျန်ကို ကြည့်နေရင်း တောက်ပသထက် တောက်ပလာခဲ့သည်။သည့်နောက် သူက တစ်လုံးချင်း ပြောလာ၏။ “သူက မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားတာ မင်း သေချာလား…”

ဒူဂျန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “သေချာတယ်…ဒါက မီးခိုးရောင်ဝတ်စုံပဲ…”

***

All Chapters