← Chapters

အခန်း ၁၂၅၀

Vol. 105 Ch. 1250

အခန်း ၁၂၅၀

Vol. 105 Ch. 1250

အခန်း ၁၂၅၀ -

တိုက်ပွဲဝင် ဝိညာဉ်ရုပ်သေး ... ။

ကြီးမားကျယ်ပြန့်လှသော ကွင်းပြင်ကြီးတစ်ခုလုံးတွင် လေထုသည် အလွန်အမင်း ဖိနှိပ်လေးလံနေသည်။

လူတိုင်းတိတ်ဆိတ်နေကြပြီး သူတို့မျက်ခုံးများသည် အံ့အားသင့်မှုများကြောင့် တွန့်ချိုးလျက်ရှိနေသည်။

မဝေးလှသောနေရာတွင်မူ ကောင်းကင်အမဲလိုက်ပြိုင်ပွဲမှ စုရီလက်ချက်ဖြင့် ကန်ထုတ်ခြင်းခံလိုက်ရသော ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်များ ရပ်နေကြ၏။

ကုန်းနန်ဖန်၊ စုန့်ပိုင်လီ၊ ဝမ်ချန်ဖန်းနှင့် ဖေးကျန်းတို့အနက် ဖေးကျန်းမှာ အဆိုးရွားဆုံး အခြေအနေနှင့် ရင်ဆိုင်နေရသည်။

သူ့တာအိုခန္ဓာကိုယ်သည် စုရီ၏ဓားချက်ကြောင့် အမှုန့်ဖြစ်သွားကာ အသက်ကယ် အဆောင်ကြောင့်သာ ဝိညာဉ် အပိုင်းအစလေးတစ်ခု လွတ်မြောက်လာခြင်း ပေပင်။

အနာဂါတ်တွင် တာအိုခန္ဓာကိုယ်ကို ပြန်၍တည်ဆောက်နိုင်သော်မှ အလားအလာမှာ ကြီးမားစွာ ထိခိုက်ပျက်စီးသွားခဲ့ပြီဖြစ်သည်။

“ ရှန့်မူ ... ဒီကောင်လေးက တကယ့်ကို ထူးဆန်းလွန်းတယ်။ ”

လွန်ခဲ့သောနှစ်ရက်က ပြိုင်ဘက်ကင်း အင်မော်တယ်ရှစ်ပါးကို အလွယ်တကူ သတ်ဖြတ် အနိုင်ယူခဲ့သည်။

ယနေ့တွင်မူ ပြိုင်ပွဲ၏ထိပ်သီး ပြိုင်ဘက်ကင်းသူတော်စင်အင်မော်တယ် (၁၄) ဦးကို အကုန်အစင် ကန်ထုတ်လိုက်ပြန်၏။

ထိုကဲ့သို့သော တိုက်ပွဲဝင်စွမ်းရည်မျိုးမှာ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်လောက်အောင် ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းနေသည်။

“ ဒီကောင်လေးရဲ့ နောက်ခံမှာ တစ်ခုခု မှားယွင်းတယ်လို့ ငါထင်တယ် ...

... ငါတို့ အင်မော်တယ်နယ်မြေရဲ့ သမိုင်းတစ်လျှောက်မှာ ... ဒီလောက်အထိ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ တစ်စုံတစ်ယောက် တစ်ခါမှ မကြားဖူးဘူး သူ့ရဲ့စစ်မှန်တဲ့ လက္ခဏာက တကယ်ပဲ သံသယဖြစ်စရာ ကောင်းနေတယ်။ ”

ရုတ်တရက် ထိုက်ချင်းဂိုဏ်းမှ အမည်ခံ ကောင်းကင်ဘုရင်တစ်ပါးက မျက်လုံးများကို မှေးစင်းလျက် မှတ်ချက်ပေးလာ၏။

ထိုစကားကြောင့် လူအုပ်ကြီးမှာ တုန်လှုပ်သွားကြပြီး သံသယများ ဝင်ရောက် လာတော့သည်။

“ ဟမ့် ... ။ ”

တစ်ဖက်တွင် တန်ကျင်းဟုန်မှ နှာခေါင်းရှုံ့လိုက်သည်။

“ လူတိုင်း သိကြတဲ့အတိုင်း ... ကောင်းကင်အမဲလိုက်ပွဲရဲ လျှို့ဝှက်နယ်မြေ စည်းမျဉ်းတွေက မင်းတို့ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ ...

... အင်မော်တယ်ဘုရင်တွေရဲ့ ကျင့်ကြံမှုကိုခံစားနိုင်ပြီး ဘယ်သူ့ကိုမဆို ဝင်ခွင့် မပြုပါဘူး ... ဒါဟာ ဘာကိုဆိုလိုလဲဆိုတော့ ... ရှန်မူရဲ့ အောင်မြင်မှုတွေအားလုံးဟာ စစ်မှန်တဲ့ စွမ်းအားပေါ်မှာပဲ အခြေခံထားတာလို့ အဓိပ္ပါယ်ရတယ် ...

... ရှန့်မူရဲ့ လက်ချက်ကြောင့် အရေးနိမ့်ခဲ့ရတဲ့ ကုန်းနန်ဖန်တို့အဖွဲ့က ဒီကိစ္စကို အသိဆုံး ဖြစ်မှာပါ။ ”

ပြောလျက်ဖြင့် ကုန်းနန်ဖန်နှင့် အခြားသူများထံလှမ်းကြည့်လိုက်ရာ မည်သူမျှ ပြန်လည်ကန့်ကွက်ခြင်း မပြုနိုင်ကြချေ။ သူကပင် ဆက်လက်၍၊

“ ဒီလိုအခြေအနေမျိုးမှာတောင် ရှန့်မူရဲ့လက္ခဏာကို မေးခွန်းထုတ်နေတာက ရယ်စရာကောင်းတယ်လို့ မခံစားရဘူးလား။ ”

“ ဟမ့် ဘာပဲဖြစ်ဖြစ် ငါကတော့ ဒါကိုသံသယရှိနေတုနလးပဲ ပြိုင်ပွဲပြီးဆုံးသွားလို့ ရှန့်မူပြန်ထွက်လာတာနဲ့ ... ငါတို့ သူ့ကို မေးမြန်းစစ်ဆေးကြည့်ရမယ်။ ”

ထိုက်ချင်းဂိုဏ်းမှ အမည်ခံ အင်မော်တယ်ဘုရင် ရှန်ယွီဟုန်က အေးစက်စွာ ပြောကြားလာသည်။

“ ဟုတ်တယ် ... ငါလည်း ဒီအတိုင်းပဲ ယူဆထားတယ်။ ”

သူ့စကားကို ထိုက်ယီဂိုဏ်း၏ အမည်ခံအင်မော်တယ်ဘုရင် တစ်ပါးမှလည်း ချက်ချင်းပင် ထောက်ခံလာ၏။

“ ရှန်မူမှာ တကယ် ပြဿနာမရှိရင် ... သူ့ရဲ့စစ်မှန်တဲ့ နာမည်နဲ့နောက်ခံကို စစ်ဆေး ခံရတာ ကြောက်စရာ အကြောင်းမရှိပါဘူး တာအိုတန် ... မင်းကော ဘယ်လိုထင်လဲ။ ”

“ ဟုတ်တယ် ဒီကိစ္စကို သေချာပေါက် စုံစမ်းစစ်ဆေးရမယ်။ ”

ချက်ချင်းပင် အင်အားကြီးဂိုဏ်း အသီးသီးထံမှ အမည်ခံအင်‌မော်တယ်ဘုရင်များ အားလုံး သူတို့၏အမြင်များကို ထုတ်ဖော် လာကြတော့သည်။

တန်ကျင်းဟုန်မှ မျက်မှောင်ကြုတ်သွားခဲ့သော်လည်း အဆုံးတွင် မည်သည့်စကားမျှ မပြောဘဲ တိတ်ဆိတ် သွားတော့၏။

သူ့ဘေးနားရှိ တန်လင်းချီမှာမူ ဤအခြေအနေအရ လေးလံသောခံားချက်များ ဝင်ရောက်လာချေပြီ။

ဤအင်အားကြီး ဂိုဏ်းများသည် သူတို့၏ပြိုင်ဘက်ကင်း ပါရမီရှင်များ စုရီလက်၌ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်ကို လက်မခံလိုကြချေ။

ဤသည်မှာ တကယ်ပင် ဒုက္ခဖြစ်၏။ တောအုပ်အတွင်း မြင့်မားစွာထွက်ပေါ်နေသော အပင် လေပြင်းကို ဦးစွာခံရပေမည်။

ဤကောင်းကင်ဘုံအမဲလိုက်ပွဲ၌ စုရီ၏စွမ်းဆောင်ရည်က လွန်စွာ ထင်ရှားလှ သဖြင့် အင်အားစုကြီးများအားလုံး၏ ပစ်မှတ်ထားခြင်းကို ခံနေရပြီဖြစ်၏။

ထိုအချိန်တွင် စုရီသည် လျှို့ဝှက်နယ်မြေအတွင်း လျှောက်လှမ်းနေရာမှ ရုတ်တရက် မျက်ခုံးပင့်လိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် အဝေးမှ ထွက်ပေါ်လာသော နာကျင်စွာ အော်ဟစ်သံမှာ သူနှင့် အလွန်ပင် ရင်းနှီးနေသောကြောင့် ဖြစ်လေသည်။

“ ဝှစ် ... ။ ”

သည့်နောက် တွန့်ဆုတ်မနေတော့ဘဲ ထိုအသံထွက်ပေါ်လာရာ လမ်းကြောင်းဆီသို့ ချက်ချင်းဦးတည် ပျံသန်းသွား၏။

မကြာမီမှာပင် ပြိုလဲပျက်စီးနေသော အဆောက်အအုံများကြား၌ ကြီးမားလွန်းသည့် ကြေးနန်းတော်ကြီးတစ်ခုထံ ရောက်ရှိလာ၏။

ထိုကြေးနန်းတော်ကြီးမှာ ပေတစ်ထောင်ခန့်မြင့်မားပြီး အချိန်တိုက်စားမှု ဒဏ်ကိုခံခဲ့ရသော်လည်း ပျက်စီးသွားခြင်းမရှိဘဲ ခမ်းနားသောအသွင်ကို ထုတ်ဖော်နိုင်နေဆဲ ဖြစ်လေသည်။

ဤကောင်းကင်ဘုံ နတ်ဆိုးတောင်၏ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများသည် သူတော်စင်အင်မော်တယ် အဆင့်ထက် ကျော်လွန်သူများကို ဝင်ခွင့်မပြုချေ။

သို့သော်အံ့အားသင့်စရာ ကောင်းစွာပင် ထိုအဖိုးကြီးနှင့် မီးတောက်လင်းယုန်၏အသံကို ပြန်ထင်စွာ ကြားလာရချေပြီ။

ကြေးနန်းတော်အတွင်းတွင် မီးတောက် လင်းယုန်သည် ကြမ်းပြင်တွင်တုန်ယင်စွာဖြင့် ကြောက်ရွံ့စွာ ကပ်နေ၏။

အခြားတစ်ဖက်တွင်မူ အဘိုးကြီး တျန်ရွှမ်ကျိသည်အံကြိတ်ထားပြီး အတော်ပင် ဖရိုဖရဲဖြစ်နေသည်။

သွေးစွန်းနေသော ဒဏ်ရာများဖြင့် ဖုံးလွှမ်းလျက် ဆံပင်များပွထကာ အတော်ပင် သနားစရာကောင်းနေ၏။

သူတို့နှင့် မ‌ဝေးလှသော နေရာ၌မူ အရပ်ရှည်ပြီး ခန့်ညားလှသော လူတစ်ယောက် ရပ်နေခဲ့သည်။

သူ့တစ်ကိုယ်လုံးကို အိုမင်းနေသော အနက်ရောင်သံချပ်ကာဝတ်စုံနှင့် ဖုံးအုပ်ထားပြီး ထိုအနက်ရောင် သံချပ်ကာမှာ နေရာအနှံ့ စုတ်ပြဲကာသံချေးတက်နေချေပြီ။

သို့တိုင် ထိုလူထံမှ ထွက်ပေါ်နေသော ရက်စက်ကြမ်းကြုတ်လှပြီး သွေးဆာနေသည့် အရှိန်အဝါများမှာ လုံးဝမယုတ်လျော့ချေ။

အထူးဆန်းဆုံးအချက်မှာ လက်မလုံးပတ်ခန့်ထူထဲသော သွေးနီရောင် သံကြိုးကြီးတစ်ချောင်းဖြင့် ပခုံးနှစ်ဖက်ကို ထိုးဖောက်ကာ တစ်ကိုယ်လုံးကို ခိုင်မြဲစွာ ရစ်ပတ်ချည်နှောင်ထားခြင်းဖြစ်၏။

ကြည့်လိုက်ရုံမျှဖြင့် ထိုလူသည် ချုပ်နှောင်ခံနေသော ရက်စက်ကြမ်းကြုတ်သည့် ရှေးဟောင်း စစ်နတ်ဘုရားတစ်ပါးနှင့် လွန်စွာ တူညီလေသည်။

မျက်နှာကို သံချပ်ကာမျက်နှာဖုံးဖြင့် အပြည့်အဝဖုံးအုပ်ထားပြီး ခံစားချက်ကင်းမဲ့ကာ ဂရုမစိုက်ဟန်ရှိသော အေးစက်စက် မျက်ဝန်း တစ်စုံကိုသာ မြင်တွေ့နိုင်၏။

သည့်ပြင် မည်သည့်အသက်ရှူသံမျှမရှိဘဲ ရုပ်တုတစ်ခုကဲ့သို့ တိတ်ဆိတ်စွာ မလှုပ်မယှက် ရပ်နေခဲ့ချေပြီ။

သို့သော် အဘိုးကြီးတျန်ရွှမ်ကျိမှာမူ ထိုသူရှေ့တွင် ကူကယ်ရာမဲ့နေ၏။ ထို့နောက် အံကြိတ်ကာ၊

“ ထစမ်းပါ ... ထပ်ပြီး စမ်းကြည့်ပါဦး။ ”

-ဟု မီးတောက် လင်းယုန်ကို အမိန့်ပေးနေသည်။

“ အား ... အဖိုးကြီး ငါ့ကို သေတွင်းထဲ ပို့နေတာလား မင်းဘာလို့ မသွားရတာလဲ။ ”

မီးတောက်လင်းယုန်မှ ထိတ်လန့်စွာ ပြန်လည်အော်ဟစ်လိုက်၏။ တျန်ရွှမ်ကျိခမျာ တိတ်ဆိတ်သွားသည်။

ဤမြင်ကွင်းအရ သူတို့သည် သူတို့တက်စွမ်းသမျှကို အသုံးပြုပြီး သည်လူကို ကျော်ဖြတ်ရန် ကြိုးစားခဲ့ကြောင်းမြင်သာ၏။

ထို့ကြောင့် အကြိမ်တိုင်းတွင် သံချပ်ကာဝတ်လူ၏ လက်ချက်ဖြင့် ဒဏ်ရာများ ရရှိလာပုံပေပင်။

တန်ရွှမ်ကျိမှ သံချပ်ကာဝတ်လူ၏ နောက်ကွယ်ရှိ ကျောက်စိမ်းစင်မြင့်ကြီးထံသို့ မျှော်ကြည့်လိုက်သည်။

ကျောက်စိမ်းစင်မြင့်အထက် လေဟာနယ်ထဲတွင် ခြောက်လက်မခန့်သာ ရှည်လျားသော ခေါင်းတလားအနက်တစ်လုံး လွင့်မျောနေ၏။

ထိုခေါင်းတလားသည် အလွန်ရိုးရှင်းပြီး မည်သည့် အလှဆင်မှုမျှမရှိဘဲ အံ့မခန်းရတနာ တစ်ပါးဖြစ်ကြောင်းမြင်နိုင်သည်။

သည့်ပြင် ခေါင်းတလားသည်သာမက ကျောက်စိမ်းစင်မြင့်သည်လည်း ဆန်းပြားသော ဖရိုဖရဲစွမ်းအားများဖြင့် ပြုလုပ်ထားသည့် ရတနာဖြစ်ကြောင်း ပြောနိုင်၏။

“ လင်းယုန်စုတ် ... ငါတို့မှာသာ ဒီလိုရတနာနှစ်ပါးသာရှိခဲ့မယ်ဆိုရင် ဒီကမ္ဘာမှာ ဘာကိုစိုးရိမ်နေစရာ လိုတော့မှာလဲ။ ”

အဖိုးကြီးတျန်ရွှမ်ကျိမှ လောဘဇောဖြင့် သွေးဆောင်လိုက်၏။ မီးတောက်လင်းယုန်က စကားမဆိုဘဲ ကြောက်ရွံ့နေဆဲပေပင်။

“ ကြည့်စမ်းပါဦး ... မင်းသာ ဒီရတနာကို ရနိုင်ရင် ... နဂါးမတွေကိုတောင် မင်းစိတ်ကြိုက် စီးနင်းနိုင်မယ် မဟုတ်လား။ ”

ဤစကားသည် မီးတောက်လင်းယုန်ကို အလွန်အမင်းသွေးဆောင်၏။ သို့တိုင်အသက်ကို စွန့်စားရမည်ဖြစ်ရာ တွန့်ဆုတ်နေဆဲဖြစ်သည်။

ထိုသံချပ်ကာဝတ်လူ၏ ခွန်အားမှာ ကြောက်စရာကောင်းလွန်းလှ၏။ ထိုလူမှသာ ရူးသွပ်စွာဖြင့် သူတို့ထံ တိုက်ခိုက်လာသော် သူတို့နှစ်ဦးစလုံး သေဆုံးသွားမည်ဖြစ်သည်။

ကံကောင်းသည်မှာ တစ်ဖက်လူသည် ‌ကျောက်စိမ်းစင်မြင့်နားတွင်သာ ရပ်စောင့်ခဲ့၏။ မီးတောက်လင်းယုန်မှ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး၊

“ အဘိုးကြီး ... မင်းက အနာဂတ်ကို ဟောကိန်းထုတ်နိုင်တဲ့သူ မဟုတ်ဘူးလား အခု ဘာဖြစ်လို့ ဒီအကျပ်အတည်းကို ဘယ်လို ချိုးဖျက်ရမလဲဆိုတာ နည်းလမ်းမရှိရတာလဲ။ ”

-ဟု ပြန်လည်မေးခွန်းထုတ်လိုက်၏။

“ ဟမ့် ... ငါမင်းကို သွားခိုင်းနေတာ နည်းလမ်းပဲပေါ့။ ”

“ လူယုတ်မာအဖိုးကြီး ဒါက ... နည်းလမ်းမဟုတ်ဘူး ငါ့ကိုသေလမ်းပို့နေတာ ... မသွားဘူး။ ”

ဤတစ်ကြိမ်၌ မီးတောက်လင်းယုန်သည် တုံ့ဆိုင်းခြင်းမရှိ ပြတ်သားစွာ ငြင်းဆိုတော့၏။

“ ကောင်းပြီ ... ဒါဆို ငါကိုယ်တိုင်လုပ်မယ် အမှိုက်ကောင် ... ။ ”

စကားဆုံးသည်နှင့် တျန်ရွှမ်ကျိက ရှေ့သို့လှမ်းတက်ကာ သံချပ်ကာဝတ်လူထံသို့ လက်သီးဖြင့် လှမ်းထိုးလိုက်သည်။

သံချပ်ကာဝတ်လူသည် မလှုပ်မယှက် ရပ်နေခဲ့ရာမှ အေးစက်စက် မျက်လုံးများထဲတွင် သွေးဆာနေသော အရိပ်အယောင်တစ်ခု ဖြတ်ခနဲပေါ်လာခဲ့သည်။

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် သူ့လက်ဖဝါးဖြင့် တျန်ရွှမ်ကျိထံသို့ လျင်မြန်စွာ ရိုက်ချလာခဲ့၏။

“ ဖြောင်း ... ။ ”

“ အား ... ။ ”

စူးရှကျယ်လောင်သော နာကျင်ဖွယ် အော်ဟစ်သံနှင့်အတူ တျန်ရွှမ်ကျိတစ်ယောက် လွင့်စင်ပြုတ်ကျသွားသည်။ မျက်နှာပေါ်တွင် ချက်ချင်း ညိုမဲရောင်ရမ်းလာ၏။

ဤသည်မှာ ထုံးစံအတိုင်း ပါးရိုက်ခံရခြင်းဖြစ်ချေပြီ။ နှာခေါင်းရိုးကျိုးကာ သွေးများ တသွင်သွင် စီးကျလာ၏။

“ ဟားဟားဟား ... ။ ”

ထိုမြင်ကွင်းကြောင့် မီးတောက်လင်းယုန်မှ ကျေနပ်သွားပြီး အားရပါးရရယ်မောတော့သည်။ တျန်ရွှမ်ကျိမှ ယိုင်နဲ့စွာ ထရပ်လျက် ကျိန်ဆဲရန် ပြင်လိုက်စဉ် နန်းတော်အတွင်း ဝင်လာသော စုရီကို မြင်လိုက်ရ၏။

အနက်ရောင် ဝတ်လုံနှင့် တာအိုလူငယ် တစ်ယောက်ကဲ့သို့ သန့်ရှင်းသပ်ရပ်နေခဲ့သော စုရီကို ကြည့်ကာ အနည်းငယ်မှင်သပ်နေရာမှ ဝမ်းသာသွားပြီး၊

“ တာအိုအစ်ကို အဲဒါမင်းပဲ။ ”

-ဟု အော်ဟစ်လိုက်၏။ မီးတောက်လင်းယုန်မှ အံ့အားသင့်သွားပြီး၊

“ အဘိုးကြီး ... မင်းမှာ ဒီလောက် အရည်အချင်းရှိတဲ့ ညီအစ်ကိုတစ်ယောက် ဘယ်တုန်းက ရှိသွားတာလဲ။ ”

- ဟု ပြန်လည်မေးလိုက်သည်။

“ ငှက်စုတ် ... မင်း မျက်စိက ကန်းနေတာလား ... သူက တာအိုစုပဲ။ ”

ထိုစကားကြောင့် မီးတောက်လင်းယုန်မှ မျက်လုံးများပြူးကျယ်သွားပြီး မကြာသေးမီက ရေခဲလွင်ပြင်တွင်ဆုံခဲ့ရသော လူငယ်ကို သတိရလာတော့၏။

တစ်ဖက်လူကြောင့် ထိုအချိန်က နတ်ဘုရားဒေါသသင့်ဖူးသည်။ တုန်တုန်ရီရီနှင့် ခါယမ်းလျက်၊

“ တကယ်ပဲ မယုံနိုင်လောက်အောင် အံ့သြစရာကောင်းတဲ့ ရုပ်ဖျက်ပညာပဲ ... ငါ့လို မီးတောက်လင်းယုန်ရဲ့ မျက်ဝန်းကိုတောင် လှည့်စားနိုင်တယ်။ ”

-ဟု အော်ဟစ်လိုက်၏။

စုရီမှ သူတို့နှစ်ဦးကို လျစ်လျူရှုလျက် လက်နှစ်ဖက်ကိုနောက်ပို့ကာ သံချပ်ကာဝတ် လူထံ မော့ကြည့်လိုက်သည်။

ထို့နောက် သူ့နောက်ရှိ ကျောက်စိမ်းစင်မြင့်ပေါ်တွင် လွင့်မျောနေသော ခေါင်းတလားထံ အကြည့်များ ရောက်သွား၏။ များမကြာခင် အကြည့်ကို သံချပ်ကာဝတ်လူထံ ပြန်ရွေ့လိုက်သည်။

“ ဒီမှာ ဘာတွေဖြစ်နေတာလဲ ... ။ ”

စုရီက ထိုသံချပ်ကာဝတ်လူထံမှ ကျောရိုးတစ်လျှောက် အေးစက်လာစေသည့် ခံစားချက်များ ရရှိလိုက်၏။

“ ဒီလူက ... ရှေးဦးခေတ်ကတည်းက ရှင်သန်ကျန်ရစ်ခဲ့တဲ့ တိုက်ပွဲဝင်ရုပ်သေးကြီးပဲ တကယ့်ကို ကြောက်စရာကောင်းလွန်းတယ် ...

... သူ့ရဲ့ သက်စောင့်စွမ်းအားက ကုန်ဆုံးလုနီးပါးဖြစ်နေတာတောင်မှ ငါတို့လို အင်မော်တယ်ဘုရင် တစ်ပါးကို လွယ်ကူစွာ ဖျက်ဆီးနိုင်တဲ့ စွမ်းအားရှိနေတုန်းပဲ။ ”

တျန်ရွှမ်ကျိမှ ရှင်းပြလိုက်သည်။ သူနှင့် မီးတောက်လင်းယုန်သည် အင်မော်တယ်ဘုရင် များဖြစ်ချေ၏။ သို့တိုင် တစ်ဖက်ရုပ်သေးလက်၌ ကူကယ်ရာမဲ့နေဆဲပေပင်။

“ ဝိညာဉ်ရုပ်သေးလား။ ”

စုရီမှ မျက်ခုံးပင့်လိုက်၏။ ကျင့်ကြံခြင်းလောကတွင် ဤသို့သော ဝိညာဉ် ရုပ်သေးများမှာ သက်ရှိသတ္တဝါများနှင့် ခွဲခြား၍ မရနိုင်လောက်အောင်ပေပင်။

အချို့သော ဝိညာဉ်ရုပ်သေးများသည် ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် စုပ်ယူသန့်စင် နိုင်သောကြောင့် သက်ရှိများဖြစ်လာတတ်၏။

သာမန်ရုပ်သေးများနှင့် မတူချေ။ သူရှေ့မှောက်ရှိ ဤဝိညာဉ်ရုပ်သေးမှာမူ ပိုမို၍ ထူးခြားထက်မြက်လှလေသည်။

‘ရွှေရောင်သားရဲအရေခွံ’ပင်လျှင် အဆုံးမရှိသောနှစ်ပေါင်းများစွာ ကုန်လွန်ပြီး ချိန်တွင် မူလစွမ်းအင် အားလုံးနီးပါးကို တိုက်စားခံရသည်။

ဤဝိညာဉ်ရုပ်သေးမှာမူ ၎င်းထက်ပင် ဆန်းကြယ်စွာဖြင့် ကျန်ရစ်နေဆဲဖြစ်လေသည်။ ဤအချက်ကို သိရှိလိုက်ရသည့်အခါ ယင်းသည် ရတနာဖြစ်ကြောင်း နားလည်လာတော့၏။

***

All Chapters