← Chapters

အခန်း ၁၂၅၄

Vol. 105 Ch. 1254

အခန်း ၁၂၅၄

Vol. 105 Ch. 1254

အခန်း ၁၂၅၄ -

မုန်တိုင်းလာနေပြီ (၁) ... ။

ဉာဏ်အလင်းစင်မြင့်ထက်တွင် စုရီ၏ မျက်နှာအမူအရာသည် ကောင်းကင်ကြီးကဲ့သို့ နက်ရှိုင်းတည်ငြိမ်နေပြီး နိုးထလာဦးမည့် အရိပ်အယောင် လုံးဝမပြသေးချေ။

သူ့ခန္ဓာကိုယ်အတွင်း၌ အင်မော်တယ် အာကာသသည် အသွင်ကူးပြောင်းမှုတစ်ခု စတင်နေပြီဖြစ်သည်။

အနန္တဓားစကြာဝဠာသည် ငရဲဘုံကိုးပါးဓားကိုဗဟိုပြုလျက် ထူးခြားစွာ ခိုင်မာလာတော့၏။

၎င်းသည် ဓားတစ်ချောင်း၏ ပုံစံမျှသာ ဖြစ်သော်လည်း အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ကာလသုံးပါးအပေါ် ဖိနှိပ်နိုင်စွမ်းရှိနေသည်။

တာအိုခန္ဓာနှင့် စိတ်ဝိညာဉ်သည်လည်း တပြိုင်နက်တည်း ပြောင်းလဲသွားကာ အရေပြား တစ်လက်မချင်းစီတွင် တာအိုအလင်းရောင်များ ဖုံးလွှမ်းသွားတော့၏။

“ ဒါက ... ဗလာနယ်ပယ် အင်မော်တယ်တစ်ယောက် ပိုင်ဆိုင်နိုင်တဲ့ အရှိန်အဝါမျိုးလား ... ။ ”

မီးတောက် လင်းယုန်မှ အံ့အားသင့်လာ၏။ ဗလာနယ်ပယ်ဟူသည် ဒုတိယမြောက် အဓိက အဆင့်ကြီးဖြစ်သည်။

ဗလာဆိုသည်မှာ လေဟာနယ်ကို ဆိုလိုခြင်းဖြစ်၏။ ဤအဆင့်သို့ ရောက်ရှိသော် လောကကြီး၏ အမှန်တရားနှင့် လှည့်စားမှုများ အပေါ် ခွဲခြားသိမြင်လာစေသည်။

ဤနည်းဖြင့် မဟာတာအိုအပေါ် နားလည်မှုသည် နောက်ထပ်မြင့်မားသော အသွင်ကူးပြောင်းမှုကို ရရှိစေ၏။

ထို့ကြောင့် ဗလာနယ်ပယ်သို့ ရောက်ရှိသွားသော ကျင့်ကြံသူများကိုသာ စစ်မှန်သောအင်မော်တယ်အဖြစ် သတ်မှတ်လေသည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးနေ၏။ နောက်ထပ် နေ့တစ်ဝက် ကုန်ဆုံးသွားပြီးနောက် စုရီမျက်ဝန်းများ ပွင့်လာတော့သည်။

အတိတ်ဘဝများတွင်ဖြစ်စေ၊ ယခုဘဝတွင်ဖြစ်စေ တစ်ချိန်လုံး မြင့်မားသော ဓားတာအိုကို ရှာဖွေစူးစမ်းခဲ့၏။

သို့သော် အမည်ခံအင်‌မော်တယ် အဆင့် ရောက်ရှိသောအခါမှားယွင်းသည့် အတွေးအမြင် တစ်ခုအတွင်း ပိတ်မိသွားသည်။

ယင်းမှာ ဝင်စားခြင်းတာအိုနှင့် အရာခပ်သိမ်းဖျက်သိမ်းခြင်း တာအိုကဲ့သို့သော တားမြစ်တာအိုများကို လုံးဝပေါင်းစပ်နိုင်မည့် တတိယတာအိုထံ ရှာဖွေနေမိခြင်းဖြစ်၏။

ထိုတတိယတာအိုသည် သူ နားလည်ထားသမျှသော တာအိုဥပဒေများကို ထည့်သွင်းအရည်ဖျော်ရန် ‘မီးဖို’ကြီးပေပင်။

သို့သော် ဝင်စားခြင်းနှင့် အရာခပ်သိမ်း ဖျက်သိမ်းခြင်းတာအိုသည် ဤကမ္ဘာကြီးအတွင်း အမြင့်မြတ်ဆုံးသော တားမြစ်တာအိုများဖြစ်ရာ ၎င်းတို့ကို လွှမ်းမိုးပေါင်းစပ်ပေးနိုင်မည့် အခြား တာအိုဟူ၍ မရှိတော့ချေ။

ထိုသဘောတရားကို ဉာဏ်အလင်း စင်မြင့်ထက်တွင် သိရှိလာပြီး နောက်ဆုံးတွင် သူ မှားယွင်းနေကြောင်း သိရှိလိုက်၏။

အဘယ့်ကြောင့်ဆိုသော် သူသည် ဓားသမားဖြစ်သဖြင့် အခြားသောမည်သည့် တာအိုကိုမျှ ထပ်မလိုတော့ချေ။

ဓားတာအိုအတွင်း သူနားလည်သမျှ အရာအားလုံးကို ပေါင်းထည့်လိုက်ရုံသာပေပင်။ သူ့ဓားတာအိုသည် ကာလကြာရှည်စွာ ရှာဖွေ နေခဲ့သည့် ‘မီးဖိုကြီး’ ဖြစ်လေသည်။

လေကကြီးအတွင်းရှိ တာအိုပေါင်း တစ်သောင်းကိုအရည်ဖျော်နိုင်ပြီး လွှမ်းမိုးကြီးစိုး နိုင်ချေပြီ။ ဆိုလိုသည်မှာ ဤမတိုင်မီ သူသည် ဝင်စားခြင်းနှင့် အရာခပ်သိမ်းဖျက်သိမ်းခြင်း တာအိုတို့ကို အလေးအနက်ထားမိခဲ့၏။

ထို့ကြောင့် အတားအဆီးတစ်ခုကို ကိုယ်တိုင်ဖန်တီးမိလိုက်ခြင်း ဖြစ်လေသည်။ ယင်းသည် တောင်ကို တောင်အဖြစ်မမြင်နိုင်ဘဲ၊ ရေကို ရေအဖြစ် မမြင်နိုင်သည်နှင့်တူခဲ့၏။

ယခုမူ အရာအားလုံး ရှင်းလင်းကာ တောင်ကိုတောင်အဖြစ် မြင်နိုင်သည်။ ရေကို ရေအဖြစ်မြင်နိုင်ကာ နက်ရှိုင်းလှသော မူလသဘာဝကို နားလည်လာ၏။

ဓားတာအိုသည်သာ သူ့အတွက် တစ်ခုတည်းသော တာအိုပေပင်။ ဓားတစ်လက် တည်းဖြင့် တာအိုပေါင်းတစ်သောင်းကို ချေမှုန်းဖျက်ဆီးနိုင်ရမည်ဖြစ်၏။

“ ခရစ် ... ။ ”

“ ဝုန်း ... ။ ”

အတွေးများ ရုတ်သိမ်းလျက် ကျောက်စိမ်းစင်မြင့်ပေါ်မှ ဆင်းလိုက်သည်။ သူဆင်းလိုက်သည်နှင့် တပြိုင်နက် ကျောက်စိမ်း စင်မြင့်သည် အပိုင်းအစများအဖြစ် ပြိုလဲ ပျက်စီးသွားတော့သည်။

“ သွားရမယ့် အချိန်ရောက်ပြီ မင်းတို့ ငါနဲ့အတူ လိုက်ခဲ့ချင်လား။ ”

စုရီမှ မေးလိုက်သည်။ ယနေ့သည် ကောင်းကင်အမဲလိုက်ပြိုင်ပွဲ၏ နောက်ဆုံးရက် ဖြစ်လေသည်။ ဤနေရာမှ ထွက်ခွာရတော့မည် ဖြစ်၏။

“ ဟမ့် ငါသာ မင်းနဲ့အတူ ထွက်လာရင် အဲဒီတန်မိသားစုကအဖိုးကြီးတွေ သေချာပေါက် ဒေါသထွက်ကြလိမ့်မယ် ... သူတို့သာ ငါ့ကို ပစ်မှတ်ထားလာကြရင် ... ငါ့အတွက် ခက်ခဲသွားနိုင်တယ်။ ”

တျန်ရွှမ်ကျိနှင့် မီးတောက်လင်းယုန်သည် ကောင်းကင်နတ်ဆိုးတောင်သို့ တိတ်တဆိတ် ခိုးဝင်လာခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့် သူတို့ရှိနေခြင်းကို တစ်ဖက်လူများသိရှိသွားပါက အဆုံးမရှိသော ဒုက္ခများ ရောက်လာနိုင်ပေမည်။

“ ကောင်းပြီ ... ဒါဆို ငါထွက်သွားတော့မယ် လဲ့ကျိ ... ။ ”

“ အမိန့်ရှိပါသခင်။ ”

“ ရုပ်သေးတံဆိပ်အဖြစ် ပြောင်းလဲနိုင်မလား။ ”

“ သဘာဝပါပဲ သခင်။ ”

စကားဆုံးသည်နှင့်တစ်ပြိုင်နက် လဲ့ကျိ၏မြင့်မားထွားကျိုင်းလှသော ခန္ဓာကိုယ် ပုံရိပ်ကြီးသည် ချက်ချင်းပင် လက်ဖဝါးအရွယ် အစားမျှသာရှိသော ‘ကြေးဝါတံဆိပ်ပြား’ လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

စုရီမှဖမ်းယူလိုက်သည်။ ထို့နောက် တျန်ရွှမ်ကျိထံ လှည့်ကြည့်ကာ၊

“ အဘိုးကြီး ... မင်းဘယ်ကို သွားဖို့ ရည်ရွယ်ထားလဲ။ ”

-ဟု မေးမြန်း၏။

“ ငါ ... လောကကြီးအနှံ့ လျှောက်လှမ်းသွားပြီး ရှားပါးရတနာတွေ ရှာဖွေ စုဆောင်းလိုက်ဦးမယ်။ ”

“ ကောင်းပြီ ... တစ်နေ့ ပြန်တွေ့ကြမယ်။ ”

စုရီတစ်ယောက် တံဆိပ်ကို ချိုးကာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။ စုရီပုံရိပ် ပျောက်ကွယ်သွားသည်ကို ကြည့်ကာ မီးတောက်လင်းယုန်မှ နားမလည် ဟန်ဖြင့်၊

“ အဖိုးကြီး မင်းဘာလို့ အတူတူ လိုက်မသွားရတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

တျန်ရွှမ်ကျိမှ သက်ပြင်းချလျက်၊

“ အဲဒီစုရီဆိုတဲ့လူက ... ဒီလောကမှာ မုန်တိုင်းရဲ့ဗဟိုချက်ပဲ ... သူ ဘယ်နေရာမှာပဲ ပေါ်လာပေါ်လာ ကြောက်စရာကောင်းတဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပွားလာလိမ့်မယ် ...

... ဒါကြောင့် မလိုအပ်ရင် သူနဲ့အတူ ခရီးသွားလာတာကို ရှောင်ရှားရမယ် မဟုတ်ရင် အဲဒီမုန်တိုင်းကြားမှာ ပိတ်မိသွားမယ်။”

“ မင်း တကယ် ကြောက်တတ်တာပဲ။ ”

“ သွားကြစို့ ... စကားမများနဲ့ မဟုတ်ရင် မျိုးဆက်မချန်နိုင်ခင်မှာ မင်းသေသွားလိမ့်မယ်။ ”

ထို့နောက် နှစ်ယောက်သာ ထိုနေရာမှအမြန်ဆုံး ထွက်ခွာသွားကြသည်။ ကြေးဝါနန်း‌တော်တစ်ခုလုံး ချက်ချင်း အသက်မဲ့ ကုန်တော့၏။

***

ယနေ့သည် ကောင်းကင်အမဲလိုက်ပွဲ နောက်ဆုံးရက်ဖြစ်သည်။ လေထုအလယ်တွင် လှိုင်းလုံးများပေါ်လာပြီး ပြိုင်ပွဲဝင်များ လှမ်း ထွက်လာကြ၏။

“ ဒီကောင်ရှန့်မူ ဘာလို့ အခုထိ ပေါ်မလာသေးတာလဲ။ ”

“ ဟမ့် ... သူက လူတိုင်းကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့တာမို့ အပြင်ထွက်ဖို့ ကြောက်နေတာများလား။ ”

တစ်ဖက်တွင် လူတိုင်းသည် အခြားသူများထက် စုရီထွက်လာမည့်အချိန်သာ စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်။

တန်လင်းချီမှာ ထိုမြင်ကွင်းကြောင့် သက်ပြင်းချမိ၏။ အလယ်ပိုင်းဒေသကြီးတွင် တန်မိသားစုသည် တန်ခိုးကြီးမားသော်လည်း လက်ရှိရောက်ရှိလာကြသည့် အင်အားစုတိုင်းကို စော်ကားရန် သတ္တိမရှိသေးချေ။

“ အကြီးအကဲတန် ... ဒီနေ့အခြေအနေက ငါတို့တန်မိသားစုအတွက် အရမ်းခက်ခဲလာမှာ ငါကြောက်မိတယ်။”

တန်လင်းချီက စိုးရိမ်တကြီးဖြင့် သူ့အသံကိုတန်ကျင်းဟုန်ထံသို့ ပေးပို့လိုက်၏။ တန်ကျင်းဟုန်မှ ခေါင်းညိတ်ပြကာ၊

“ အဆင်ပြေပါတယ် ဒါက လူတိုင်းရဲ့ စောင့်ကြည့်မှုအောက်မှာ ကျင်းပတဲ့ ပြိုင်ပွဲကြီးပဲ သူတို့သာ ပေါ့ပေါ့ဆဆ လုပ်ဆောင်ရဲရင် ... ငါ ကိုယ်တိုင် ကန့်ကွက်မယ်။ ”

-ဟု တည်ငြိမ်စွာ တုန့်ပြန်သည်။

“ ဒါပေမယ့် တာအိုစု ထွက်လာရင် သူ့ကိုပုန်းကွယ်နေဖို့ မင်း ချက်ချင်းသတိပေးပါ ပေါ့ပေါ့ဆဆ တုံ့ပြန်မယ့်အစား ... ခဏလောက် သည်းခံလိုက်တာက ပိုကောင်းတယ် ကျန်တဲ့ ပြဿနာတွေကို ငါ ကိုင်တွယ်ပါ့မယ်။ ”

“ အကြီးအကဲတန် ... ဒါက အဆင်ပြေမယ် မထင်ဘူး တာအိုစုက ဘယ်တုန်းကမှခေါင်းငုံ့ပြီး သည်းခံတတ်တဲ့လူမျိုး မဟုတ်ဘူး။ ”

တန်ကျင်းဟုန်တစ်ယောက် ခဏမျှ အံ့အားသင့်သွားပြီးနောက် မျက်မှောင်ကြုတ် လိုက်လေသည်။

“ နောက်တစ်လှမ်းတောင် မဆုတ်ချင်ဘူးလား ... ဒါဆို ဒီလူတွေအားလုံးရဲ့ နောက်ကွယ်မှာ အင်အားကြီးတဲ့ဂိုဏ်းတွေ ရှိနေတာကို သူဘယ်လိုလျစ်လျူရှုမလဲ။ ”

စုရီသည် ကြောက်စရာကောင်းသော ပါရမီနှင့် ထူးခြားချက်များကို တန်လင်းချီထံမှ သူ ကြားသိထားသည်။ ထို့ကြောင့် ဤပြိုင်ပွဲ၌ ဝင်ပြိုင်စေခဲ့ခြင်းဖြစ်၏။ သို့သော် လူတိုင်းနှင့် ရင်ဆိုင်ရန်မူ သူတွင် ဆန္ဒမရှိသေးချေ။

“ ငါ့ဂိုဏ်းရဲ့တပည့် ချူးပိုင်တန် ... ဘာလို့အခုချိန်ထိ ပေါ်မလာရသေးတာလဲ။ ”

ရုတ်တရက် အမည်ခံ အင်‌မော်တယ် ဘုရင်တစ်ပါးက ဒေါသတကြီးမေးမြန်းလိုက်၏။ ထိုလူသည် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်လျက် မီးခိုးရောင်ဆံပင်ရှည်များ ရှိလေသည်။

အရှေ့ပင်လယ် မိုးပြာနန်းတော်မှ အလွန်ကျော်ကြားသော အင်မော်တယ်ဘုရင် ချီမင်ဖြစ်၏။ သူ့မေးခွန်းကြောင့် လူတိုင်း ချူးပိုင်တန်ကို သတိရလာကြသည်။

“ လွန်ခဲ့တဲ့လဝက်လောက်တုန်းက ချူပိုင်တန်တစ်ယောက် သွေးနဂါးမြစ်ဆီကို သွားတာ မြင်လိုက်တဲ့ လူရှိပါတယ် ... ။ ”

ချီမင်ဘေးမှ အကြီးအကဲက ခပ်တိုးတိုး ဝင်ရောက်ဖြေကြားလာသည်။ သူ့စကားကြောင့် ချီမင်ခမျာ လုံးဝအေးစက်လာပြီး၊

“ ဒါဆို အခု ဘယ်မှာလဲ။ ”

-ဟု ထပ်မံ မေးမြန်းလိုက်သည်။

“ မသိပါဘူး အဲဒီအချိန်ကစပြီး ... ဘာသတင်းမှ ထပ်မကြားရတော့ပါဘူး ... သူ ... ကံဆိုးမှုတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရတာများလား။ ”

ထိုအကြီးအကဲခမျာ ချက်ချင်း ကြောက်လန့်တကြား မှန်းဆချက်ပေးလာ၏။ ယင်းသည် ချီမင်မျက်နှာကို လုံးဝ မည်းမှောင် ပျက်ယွင်းသွားစေပြီး၊

“ မဖြစ်နိုင်ဘူး ... ချူပိုင်တန်ဝိညာဉ်မှာ ငါတို့ဂိုဏ်းတည်ထောင်သူဘိုးဘေး ချန်ထားခဲ့တဲ့ တားမြစ်တံဆိပ်တစ်ခုရှိတယ် တစ်ခုခုဖြစ်ရင် ငါ ချက်ချင်းသိရမှာပါ။ ”

-ဟု ဒေါသတကြီး ငြင်းဆန်လိုက်သည်။

တစ်ဖက်တွင် ထိုက်ယီဂိုဏ်းမှ ကောင်းကင်ဘုရင်လီပေ့ချွယ်သည် မုတ်ဆိတ် မွှေးများကို သပ်လျက်၊

“ လောကကြီးမှာ ဘယ်အရာမှ သေချာတာမရှိပါဘူး ဒါက မမျှော်လင့်ထားတဲ့ ကပ်ဘေးတွေနဲ့ပြည့်နေတဲ့ နတ်ဆိုးတောင်ပဲ ... ဘာမဆိုဖြစ်နိုင်တယ် မဟုတ်လား။ ”

-ဟု ပြုံးလျက် ဝင်ပြောလာ၏။

“ ဒါဆို ချူးပိုင်တန်လည်း ... ရှန်မူရဲ့လက်ချက်နဲ့ ဒုက္ခကြုံသွားတာများ ဖြစ်နိုင်မလား။ ”

ထိုစဉ် သူတို့စကားဝိုင်းကို နားထောင်နေသော ထိုက်ချင်းဂိုဏ်းအကြီးအကဲ ရှဲ့ကွီယွမ်သည်လည်း ပြုံးလျက်ဖြင့် ဝင်ရောက် ဆွေးနွေးလာတော့၏။

***

All Chapters