← Chapters

အခန်း ၁၂၆၀

Vol. 105 Ch. 1260

အခန်း ၁၂၆၀

Vol. 105 Ch. 1260

အခန်း ၁၂၆၀ -

လူသတ်စက် ... ။

လက်ဝါးတစ်ချက် ရိုက်ရုံမျှဖြင့် အမည်ခံအင်မော်တယ်တစ်ပါး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ရက်စက်လွန်းလှ၏။

အမည်ခံ အင်‌မော်တယ် ဘုရင်များသည် မည်သည့်အချိန်မှစကာ ပုရွက်ဆိတ်တစ်ကောင် အလား ချေမှုန်းရလွယ်ကူကုန်သနည်း။

ထိုအချိန်တွင် လဲ့ကျိသည် အခြားသော ရန်သူနှစ်ယောက်ထံ မော့ကြည့်လိုက်ချေပြီ။ ဤသည်မှာ မီးခိုးရောင်ဝတ်အဖိုးအိုတစ်ဦးနှင့် မုတ်ဆိတ်မွေးဖြူနေသော အသက်လတ်ပိုင်း အရွယ် အမျိုးသားဖြစ်သည်။

စုတ်ပြဲနေသော သံချပ်ကာသည် ချက်ချင်းကြယ်အလင်းများ တောက်ပလျက် မီးတောက်များကို ပါးစပ်ပေါက်အလား ထုတ်ဖော်လာသည်။

“ မကောင်းတော့ဘူး ... ။ ”

ယင်းကြောင့် မီးခိုးရောင်ဝတ်လူနှင့် မုတ်ဆိတ်ရှိသောအမျိုးသားသည် ဝါမျိုးခြင်း စွမ်းအင်းတစ်ခု ပစ်မှတ်ထားလာသည်ကို ချက်ချင်းခံစားလိုက်ရ၏။

“ မြန်မြန် ... ။ ”

ဤအရာက မီးခိုးရောင်ဝတ်လူနှင့် မုတ်ဆိတ်ရှိသောအမျိုးသားကို ကြောက်လန့် သွားစေပြီး မျက်နှာအရောင်များ လုံးဝ ပြာနှမ်းသွားစေတော့သည်။

“ မလုပ်နဲ့ ... ။ ”

ချက်ချင်းပင် နှစ်ယောက်သား ထွက်ပြေးရန်နောက်သို့ ပြန်လှည့်လိုက်ကြ၏။ သို့သော် နောက်ကျသွားခဲ့ပြီဖြစ်သည်။

“ ဝှစ် ... ။ ”

လဲ့ကျိက ရှေ့သို့ တစ်လှမ်းတိုးပြီး ကြက်ကလေးများကို ဆွဲကိုင်ပစ်လိုက်သကဲ့သို့ သူတို့နှစ်ဦးကို ဖမ်းဆုပ်လာ၏။

သည့်နောက် လူအုပ်ကြီး၏ အံ့အားသင့် ကြောက်ရွံ့နေသော အကြည့်များအောက်တွင် လက်ဝါးနှစ်ဖက်ပူးကပ်လိုက်ကာ ထိုနှစ်ဦးကို အမှုန့်ချေပစ်လိုက်တော့သည်။

“ ခရစ် ... ။ ”

“ အား ... ။ ”

အရိုးနှင့်အသားများ ကြေမွသွားသော အသံများမြည်ဟည်းလျက် စိတ်ဝိညာဉ်များ၊ ခန္ဓာကိုယ်များ ပြောက်ကွယ်သွား၏။

ဤသတ်ဖြတ်နည်းမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသည်။ အင်မော်တယ် ဘုရင်များသည် ကြက်နှင့်ခွေးများအလား ပေပင်။

“ ပြန်လာ ... ။ ”

လီပေ့ချွယ်သည် ထိုမြင်ကွင်းကြောင့် ဓားပျံကိုပြန်ရုတ်ကာ ကြောက်လန့်တကြား ဆုတ်ခွာလိုက်၏။ ထို့ကြောင့် အန္တရာယ်မှ လုံးဝ သီသီလေး လွတ်မြောက်သွားခဲ့လေသည်။

ကံကောင်းသည်မှာ သူသည် ဓားပျံဖြင့် အဝေးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ မဟုတ်ပါက အခြားသူများကဲ့သို့ သေဆုံးသွားရပေမည်။ ဤအရာအားလုံးသည် အလွန်တရာ မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အမည်ခံအင်‌မော်တယ်ဘုရင် သုံးပါးစလုံး လုံးဝ ပျက်စီးသွားခဲ့ရပြီဖြစ်သည်။

ထို့ကြောင့် စုရီကိုတိုက်ခိုက်ရန် ရည်ရွယ်ထားသည့် ရှဲ့ခွေယွမ်နှင့် ကျန်ရှိသော နှစ်ဦးမှာ ကြောက်လန့်သွားကြပြီး ရှေ့ဆက်ကာ မတိုးရဲတော့ချေ။

သူတို့မျက်နှာများသည် သေအောင် ကြောက်လန့်ဖြူဖျော့လျက် နှလုံးသားများသည် တိုး၍တုန်ခါနေခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားချေ၏။ အဝေးမှစောင့်ကြည့် နေသူများမှာ အရိုးထဲအထိ အေးစက်လာပြီး အသက်ရှူရန် မေ့လျော့ကုန်သည်။

အမည်ခံ အင်‌မော်တယ်များသည် မြက်ရိတ်သကဲ့သို့ လွယ်ကူစွာ သတ်ဖြတ်နိုင် သည်လော။ ဤလောကတွင် သည်မျှစွာသော ကြောက်စရာကောင်းသည့် ဝိညာဉ်ရုပ်သေးမျိုး မည်သူမှ သန့်စင်ခဲ့သနည်း။

လူတိုင်းသည် ကျဆုံးသွားသူများအတွက် စိတ်မကောင်းဖြစ်နေခြင်း မဟုတ်ချေ။ သို့သော် မိမိတို့နှင့် တူညီသော ကျင့်ကြံခြင်းနယ်ပယ်မှ အဖော်များကို ပေါင်းပင်များကဲ့သို့ သတ်ဖြတ် ခံနေရသည်ကို မြင်တွေ့လိုက်ရသောအခါ အလွန်အမင်း နှလုံးပျက်သွားကြ၏။

လက်ရှိ အင်‌မော်တယ်မြေတွင် မြင့်မြတ်သူများ ပေါ်မလာနိုင်သေးသရွေ့ ဤလူများသည် စစ်မှန်သော ကျွမ်းကျင်သူများဖြစ်သည်။

ခေတ်အဆက်ဆက် ဂျူနီယာများမှ လေးစားဦးညွှတ်ရသော တည်ရှိမှုမျိုးဖြစ်၏။ သို့သော် ယခုမူ ရုပ်သေးတစ်ရုပ်မှ သတ်ခြင်း ခံနေရချေပြီ။

စုရီကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားရသည်။ လဲ့ကျိအခြေအနေမှာ အလွန်ပင်ဆိုးရွားနေသည်ကို သူသာလျှင် အသိဆုံးဖြစ်၏။

သို့သော် ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် ပြသနေသောစွမ်းပကား များသည် ကနဦး အင်မော်တယ်ဘုရင်များကို ကောင်းစွာ သတ်နိုင်နေသေးသည်။

၎င်း၏ အထွတ်အထိပ်ကာလတွင် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုးကို ပိုင်ဆိုင်ခဲ့မည်ကို မသိတော့ချေ။

လူတိုင်းထိတ်လန့်မှုမှ ပြန်လည် သတိမဝင်နိုင်ကြသေးမီ လဲ့ကျိသည် ချက်ချင်း မိုးကြိုးလျှပ်စီးတစ်ခုအသွင် ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့၏။

“ ဝှစ် ... ။ ”

နောက်တစ်ခဏတွင် လီပေ့ချွယ်ရှေ့မှောက်၌ ပေါ်လာပြီး လက်သီး တစ်ချက် ပစ်သွင်းလိုက်တော့သည်။

လီပေ့ချွယ်ခမျာ သွေးပျက်မတတ် ကြောက်လန့်သွားပြီး တွန့်ဆုတ်ခြင်းမရှိတော့ဘဲ ဆုတ်ခွာရှောင်တိမ်းလိုက်၏။

တစ်ဆက်တည်းမှာပင် ညာလက်ကို အလျားလိုက် ဝှေ့ယမ်းတုန့်ပြန်လိုက်လေသည်။ ခရမ်းရောင် မိုးကြိုးစက်ဝန်းတစ်ခုပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ချုပ်နှောင်လာ၏။

သူထုတ်လွှတ်လိုက်သော စွမ်းအင်အလင်းသည် လေထုအယ် ပျက်ပြယ် သွားလေသည်။ လီပေ့ချွဲတစ်ယောက် လန့်ဖျပ် သွားပြီးနောက်၊

“ ငါ ... ငါလက်နက်ချတယ်။ ”

-ဟု အော်ဟစ်လိုက်သည်။

သို့သော် လဲ့ကျိမှ လျစ်လျူရှုလျက် ခရမ်းရောင်မိုးကြိုးကွင်းကို ဆွဲယူလိုက်တော့၏။ လီပေ့ချွယ်ခန္ဓာကိုယ်ကြီးသည် နှစ်ခြမ်းကွဲသွား လေသည်။

ဝိညာဉ်နှင့် ခန္ဓာကိုယ်အပိုင်းအစများမှာ ထိုခရမ်းရောင်မိုးကြိုး စွမ်းအားများကြောင့် ဖုန်မှုန့်များအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲ သွားတော့၏။

ဤသွေးထွက်သံယို မြင်ကွင်းကြီးက ရှဲ့ကွီယွမ်နှင့် ကျန်ရှိနေသောနှစ်ဦးကို လုံးဝပင် အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်။ တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း ထွက်ပြေး၏။

“ ပိတ်လှောင် ... ။ ”

လဲ့ကျိမှ သနားကြင်နာခြင်းမရှိ တံဆိပ်တစ်ခုထုတ်ဖော်ကာ လေထဲထဲဖမ်းကုပ် လိုက်သည်။ တောက်ပလွန်းသော ခရမ်းရောင် နတ်အလင်းများ ရုတ်တရက် ပေါ်ထွက်လာပြီး ပေတစ်သောင်းဧရိယာကို ပိတ်ဆို့သွား၏။

“ ဘုန်း ... ဘုန်း ... ဘုန်း ... ။ ”

တည်နေရာရွေ့ပြောင်း ထွက်ပြေးရန် ကြိုးစားနေကြသော ရှဲ့ခွေယွမ်နှင့်ကျန်ရှိသည့် အင်မော်တယ်ဘုရင်နှစ်ပါးသည် မမြင်ရသော နံရံကြီးတစ်ခုနှင့် တိုက်မိသကဲ့သို့ နောက်ပြန် လွင့်စင်သွားကြတော့သည်။

သို့တိုင် နာကျင်မှုကို လျစ်လျူရှုလျက် မျက်နှာများသည် သေမင်းပမာ ဖြူဖျော့လာပြီး ကြောက်ရွံ့မှုများနှင့် အတိဖြစ်နေခဲ့သည်။

သူတို့၏ ကျင့်ကြံမှုသက်တမ်း တလျှောက်တွင် ပထမဆုံးသော ကူကယ်ရာမဲ့မှု ဖြစ်ပေသည်။

“ တာအိုတန် ... မင်းက ဒီပွဲတော်ရဲ့အိမ်ရှင်မဟုတ်လား ငါတို့သတ်ဖြတ် ခံနေရတာကို ဒီအတိုင်း ထိုင်ကြည့် နေတော့မှာလား။ ”

ရှဲ့ခွေယွမ်က အော်ဟစ် အကူအညီတောင်းလိုက်သည်။ ဤမြင်ကွင်းမှာ လှောင်အိမ်ထဲပိတ်မိနေသော ယင်ကောင် သုံးကောင်ပမာပေပင်။

“ ဒီကိစ္စမှာ ငါမစွက်ဖက်ဘူးလို့ ပြတ်ပြတ်သားသား ပြောပြီးသားပါ ရှဲ့ခွေယွမ် ... မင်းကိုယ်တိုင်တောင် သဘောတူခဲ့တာပဲ ...

... ဒီနေ့ သေခြင်းနဲ့ရှင်ခြင်းကိုလည်း မင်းတို့နှစ်ဖက်စလုံးက သဘောတူထားတာမို့ ဘာအတွက် ငါ့ကိုအပြစ်တင်နေတာလဲ။”

တန်ကျင်းဟုန်မှ ပြောကြားလိုက်၏။ သူ့စကားမဆုံးခင် လဲ့ကျိသည် အနားရောက် လာပြီး အင်မော်တယ်ဘုရင်တစ်ပါးကို လက်သီးဖြင့် ထိုးချပစ်လိုက်သည်။

“ ဘောင်း ... ။ ”

အမည်ခံ အင်မော်တယ်ဘုရင်ခမျာ ခန္ဓာကိုယ်ကြီး ပေါက်ကွဲလျက် သွေးမြူအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

“ အားလုံးပဲ ... သူ ဒီလောက်အထိ ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်နေတာကို ဒီအတိုင်းကြည့်နေ ကြတော့မှာလား။ ”

ရှဲ့ခွေယွမ်တစ်ယောက် မျက်လုံးများ ရဲရဲနီလျက် ပို၍သွေးပျက်ကာထိတ်လန့်တကြား ဖြစ်လာချေပြီ။ သေခြင်းတရားကို အမှန်ပင် သူမြင်နေရချေ၏။

လုံးဝ ခွန်းအားမဲ့ကာ အသတ်ခံရမည့် ဓားကိုစောင့်မျှော်နေသည့် သိုးသူငယ်လေး တစ်ကောင်လိုပေပင်။

သို့သော် လူတိုင်းသည် တုပ်တုပ်မျှ မလှုပ်တော့ချေ။ သူတို့ကဲ့သို့ ထိပ်တန်း အမည်ခံ အင်မော်တယ်ဘုရင် ခုနစ်ပါးပင် သတ်ခြင်း ခံရသည့်နောက် မည်သူသည် သတ္တိရှိမည်နည်း။

ခရမ်းရောင် မိုးကြိုးတစ်စ လေဟာနယ်ကိုဖြတ်သန်းလျက် နောက်ထပ် အမည်ခံ အင်မော်တယ်ဘုရင်ထံ ကျဆင်း ပျောက်ကွယ်သွားစေသည်။

သူ့အဖော်များ ဤသို့ သွေးမြူအဖြစ် ပြောင်းလဲနေသည့်မြင်ကွင်းသည် ရှဲ့ခွေယွမ်ကို လုံးဝရူးသွပ်သွားစေသည်။

နှစ်ပေါင်းသိန်းဂဏန်းတိုင်အောင် ကျင့်ကြံထားသမျှ ယနေ့တွင် အဆုံးသတ်ရ ပေတော့မည်။ ဤသည်မှာ သေစေနိုင်သည့် ရန်ငြိုးတစ်ခု စစ်ပွဲတစ်ခုလည်း မဟုတ်ချေ။

သာမန်သူတော်စင်အင်မော်တယ် တစ်ပါးပေါ် သင်ခန်းစာတစ်ခုပေးရန် စတင်ခြင်း မှသည် ဘဝ၏အဆုံးသတ်ဖြစ်လာရသည်။

ယင်းသည် နောက်ဆုံးအသိပေပင်။ ခရမ်းရောင်မိုးကြိုးသည် ခန္ဓာကိုယ်နှင့်ဝိညာဉ်ထံ ဖျက်ဆီးနေသောမြင်ကွင်းကို ရှန့်မူမျက်ဝန်းထဲ၌ မြင်နေရချေပြီ။

ဤစွမ်းပကားသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ရုပ်သေးမှာ ရက်စက်ကြမ်းကြုတ်လွန်းသော လူသတ်စက် တစ်လုံးလိုပေပင်။

သူ့ရှေ့မှောက်တွင် ဘုရင်များအဖြစ် သတ်မှတ်ထားသော အမည်ခံအင်‌မော်တယ် ဘုရင်များသည် ကြက်များ ခွေးများသာ ဖြစ်နေတော့သည်။

***

All Chapters