← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉...ငါ့ရဲ့ဆရာက ရှုံးမှာမဟုတ်ဘူး

တစ်ချက်ကြည့်ရုံဖြင့် စုယွဲ့လင်သည် မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

သူမသည် လုရန်ကို ငေးမောကြည့်နေပြီး မူလက ဒေါသထွက်နေသော သူမ၏ နှလုံးသားကို အလွန်အမင်း ဝမ်းသာမှုနှင့် မယုံကြည်နိုင်မှုတို့က ချက်ချင်းဖုံးလွှမ်းသွားသည်။

နှစ်ပေါင်း တစ်သောင်းသုံးထောင်ကျော်...

မရေမတွက်နိုင်သော နေ့ရက်များနှင့် ညများတလျှောက်လုံး စုယွဲ့လင် အိပ်မက်မက်ခဲ့ရသော ထိုမျက်နှာသည် ယခုအချိန်၌ သူမ၏ မျက်စိရှေ့တွင် အမှန်တကယ် ထွက်ပေါ်လာလေပြီ။

သူသည် ယခင်ကကဲ့သို့ ပေါ့ပေါ့ဆဆနှင့် ပျင်းရိနေဆဲပင်။

သူမ၏ အသက်ရှူနှုန်း အနည်းငယ် မြန်ဆန်လာပြီး သူမ အိပ်မက်မက်နေသလောဟုပင် တွေးတောမိလေ၏။

သူမ၏နံ​ဘေးတွင်ရှိနေသော စုမေ၏မျက်ခုံးများ ပို၍တင်းကျပ်စွာ ကျုံ့သွားသည်။

သူမက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

"ယဲ့နန်... သူက ဘယ်လိုလုပ်..."

ယဲ့နန်လား...

စုယွဲ့လင် တခဏကြာမျှ အံ့အားသင့်သွားသော်လည်း ချက်ချင်းနားလည်သဘောပေါက်သွားသည်။

ဟုတ်တာပေါ့... ယဲ့နန်...

ဒါက ငါ့ရဲ့ဆရာ အောက်ဘုံမှာ ခရီးသွားတဲ့အချိန်ကျရင် တစ်ခါတစ်ရံ သုံးလေ့ရှိတဲ့ နာမည်ဝှက်ပဲလေ...

တစ်ချိန်တည်းမှာပင် မဟာလော့ ဓားဂိုဏ်း၏ အကြီးအကဲများသည် ဤလူ မည်သူမည်ဝါဖြစ်ကြောင်း မသိသဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

သူက တပည့်တစ်ယောက်များ ဖြစ်နေမလား...

မဟုတ်ဘူး... မဖြစ်နိုင်ဘူး... အစစ်အမှန် အင်မော်တယ်နယ်ပယ်မှာရှိတဲ့ တပည့်တစ်ယောက်ကို ငါတို့ မသိတာ မဖြစ်နိုင်ဘူး...

ဧည့်အကြီးအကဲများနှင့် ပတ်သက်၍မူ မဟာလော့ ဓားဂိုဏ်း၏ ဧည့်အကြီးအကဲများအားလုံးကို သူတို့ သိထားပြီးဖြစ်သည်။

သို့သော် သူတို့၏ရှေ့ရှိ လူအပေါ် မည်သည့် သိကျွမ်းမှုမျိုးမျှ မရှိပေ။ ထိူလူသည် ဧည့်အကြီးအကဲအသစ်တစ်ယောက် ဖြစ်နေသလော။

လုချင်ရှန်းတို့အဖွဲ့နှင့် လုရန်၏ ဆန့်ကျင်ဘက်တွင် မတ်တတ်ရပ်နေသော လုရှောင်ယန်တို့သည်လည်း အလားတူပင် စိတ်ရှုပ်ထွေးနေကြ၏။

လုချင်ရှန်းက မျက်မှောင်ကြုတ်ပြီး လေသံကိုနှိမ့်၍ သူ၏နံဘေးရှိလူများကို မေးလိုက်သည်။

"ဒီလူက ဘယ်သူလဲ..."

လုချင်ရှန်းသည် သတိကြီးသူတစ်ယောက်ပင်။ ဤနေရာသို့ မလာမီက သူတို့သည် မဟာလော့ ဓားဂိုဏ်း၏ဧည့်အကြီးအကဲများနှင့် တပည့်များအားလုံးအနက် မည်သူက ပါရမီရှိသည် မည်သူက ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်ထားသည် ထိုဓားစိတ်ဆန္ဒ၏ ဂုဏ်သတ္တိများမှာ မည်သည့်အရာနည်း စသည်တို့ကို ရှင်းလင်းစွာ စုံစမ်းစစ်ဆေးခဲ့သည်။

ထို့ကြောင့် လုချင်ရှန်းတို့အဖွဲ့သည် တာအိုဆွေးနွေးပွဲလုပ်ရန် ယုံကြည်မှုအပြည့်ဖြင့် လာခဲ့ကြခြင်း ဖြစ်ပေ၏။

ဒါပေမဲ့ ခုလေးတင် ရှေ့ထွက်လာတဲ့ ဒီလူက ဘယ်သူလဲ....

"နန်းဆောင်သခင်ကို သတင်းပို့ပါတယ်... ဒီလူက... ငါတို့ စုဆောင်းထားတဲ့ အချက်အလက်တွေထဲမှာ ပါပုံမရဘူး..."

သူ၏နံဘေးရှိ လူက အနေရခက်စွာ ပြောလိုက်သည်။

ထိုအချိန်တွင်...

မရေမတွက်နိုင်သော တပည့်များသည်လည်း သိချင်စိတ်ဖြင့် လုရန်ကို ကြည့်လိုက်ကြ၏။

စီနီယာအစ်ကို ဖန်ယုံး ဖိနှိပ်ခံရပြီး သူ၏ ဓားစိတ်ဆန္ဒ ပျက်စီးကာ သူ၏အခြေခံအုတ်မြစ် ဖျက်ဆီးခံလိုက်ရသည်ကို မြင်ရပြီးနောက် အပေါ်တက်ပြီး စွန့်စားရဲတဲ့သူ အမှန်တကယ် ရှိနေသလော...

တကယ့်ကို ကြမ်းတဲ့ကောင်ပဲ...

အထူးသဖြင့် မုယွန်ကျုံးနှင့်မုယောင်တို့ပင်။ သူတို့၏ အမြင်တွင် လုရန်သည် ကောင်းကင်၏အမြင့်ကို မသိသော အတွေ့အကြုံမရှိသေးသည့် လူမိုက်တစ်ဦးသာ ဖြစ်နေသည်။

အောက်ဘုံတွင် ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းနယ်ပယ်မှ လူတစ်ယောက်သည် အဆုံးအစမရှိ ထွန်းတောက်နေသည်မှာ အမှန်ပင်။

သို့ရာတွင် အထက်ဘုံကို တက်လှမ်းပြီးတဲ့နောက် စိတ်ဝိညာဉ်နယ်မြေသို့ ရောက်ရှိချိန်တွင် အစစ်အမှန် အင်မော်တယ်ဆိုသည်မှာ မည်သို့ အရေးပါနိုင်မည်နည်း...

ဤကဲ့သို့အချိန်မျိုးတွင် ရှေ့သို့ထွက်ပြီး ကြွားလုံးထုတ်ချင်သည်က သေလမ်းရှာခြင်း မဟုတ်လော....

ဆန့်ကျင်ဘက်အနေဖြင့် ကာယကံရှင် လုရန်သည် စင်မြင့်ကို တစ်ချက်ကြည့်လိုက်စဉ် လေညှင်းလေးကို ခံစားနေကဲ့သို့ အေးဆေးတည်ငြိမ်နေသည်။

စုယွဲ့လင်နှင့် အကြည့်ချင်းဆုံသွားသောအခါ လုရန်သည် ဘယ်ဘက်မျက်လုံးကို မှိတ်ပြပြီး မျက်ခုံးတစ်ချက် ပင့်ပြလိုက်​၏။

အံ့အားသင့်သွားသော စုယွဲ့လင်၏မျက်နှာ ချက်ချင်း နီရဲသွားတော့သည်။

သူမက တွေးလိုက်သည်။

"နှစ်ပေါင်း တစ်သောင်းကျော်တောင် ကြာခဲ့ပြီကို... သူက အရင်တုန်းက ပေါ့ပေါ့ဆဆ နေတတ်တဲ့ လူကြီးလိုပဲ ရှိသေးတာလား..."

ထို့နောက် လုရန်သည် နောက်လှည့်၍ ဆက်လက်အော်ဟစ်လိုက်၏။

"လုဘာကောင်လဲ... မင်း ငါ ပြောတာကို မကြားဘူးလား... အလောင်းအစားတစ်ခုဆိုမှတော့ နိုင်ရင် ဘာဖြစ်မလဲဆိုတာကိုပဲ ပြောတာက သေချာပေါက် ဟာသတစ်ခု မဟုတ်ဘူးလား... တကယ်လို့ မင်းတို့ ရှုံးရင်ကော... ဘာလုပ်မှာလဲ..."

ဒါက...

"လုချင်ရှန်းပါ..."

လုချင်ရှန်းက အေးစက်စွာအသံဖြင့် ပြင်ပြောလိုက်သည်။

တကယ်လို့ သူ ရှုံးရင် ဘာဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ လုချင်ရှန်း တကယ်ကို မစဉ်းစားထားခဲ့ဘူး...

အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် သူတို့ အပြည့်အဝ ပြင်ဆင်လာခဲ့သောကြောင့်ပင်။ သူတို့သည် ဤနေရာကို ဖျက်ဆီးရန် လာခဲ့ကြခြင်း ဖြစ်ပေ၏။

ဂိုဏ်းချုပ်နှင့် အကြီးအကဲများ ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း ကြိုတင်သဘောတူထားသဖြင့် အမှားအယွင်းမရှိနိုင်ဟု သူတို့ တွေးထင်ထားခဲ့သည်။

သို့ရာတွင် ရလဒ်အနေဖြင့် ဘယ်ကမှန်းမသိရသော အမည်မသိ လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

"မင်းရဲ့နာမည် ဘာပဲဖြစ်ဖြစ်... အလောင်းအစားလုပ်တဲ့အချိန်မှာ အရှုံးကို လက်ခံတာက အဆင်ပြေပါတယ်... ဒါပေမဲ့ လောင်းကြေးတွေကိုတော့ ရှင်းရှင်းလင်းလင်း သိထားရမယ်... ရှုံးတာရဲ့ တန်ဖိုးကို မပြောဘဲ နိုင်ရင် ဘာဖြစ်မလဲဆိုတာကိုပဲ ပြောဖို့ဆိုတာက... ဒီလောကမှာ ဒီလောက်ထိ အရှက်မရှိတဲ့ အလောင်းအစားမျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ..."

လုရန်၏စကားများကို အလွန်ပွင့်လင်းလွန်းသည်ဟု ဆိုနိုင်ပေ၏။

လူတိုင်းသည် ဓားစိတ်ဆန္ဒယှဉ်ပြိုင်မှု၏ တုန်လှုပ်မှုမှ ယခုမှသာ ပြန်လည်ကောင်းမွန်လာကြသည်။

သူတို့သည် သူတို့၏စွမ်းအားကို ပြသရန်နှင့် အလောင်းအစားလုပ်ရန် လူများကို ဤနေရာသို့ ခေါ်လာခဲ့သည်မှာ အမှန်ပင်။

လုရှောင်ယန်၏ စွမ်းဆောင်ရည်မှာ အမှန်တကယ်ကို အစွမ်းထက်သော်လည်း...

ဤအလောင်းအစားတွင် တစ်ခုခု မှားနေလေပြီ။

လုရန်က ထိုအချက်ကို ထောက်ပြလိုက်သဖြင့် ပတ်ဝန်းကျင်တွင် လူအများ၏ တီးတိုးပြောဆိုသံများနှင့် ဆူညံပွက်လောရိုက်မှုများ ချက်ချင်းထွက်ပေါ်လာသည်။

လုချင်ရှန်း၏မျက်နှာအိုကြီး နီရဲသွားသည်။ ဖန်ယုံးကို လုရှောင်ယန်၏ဖိနှိပ်မှုမှတစ်ဆင့် သူ တည်ဆောက်ထားခဲ့သော အရှိန်အဝါသည် ချက်ချင်းဆိုသလိုပင် သုံးဆယ်ရာခိုင်နှုန်းခန့် အားနည်းသွားပေ၏။

"ငါ တကယ်ပဲ မေ့သွားတာပါ... ဒါပေမဲ့ ကိစ္စမရှိဘူး... အချိန်ရပါသေးတယ်... မင်းက ဒါကို ထုတ်ပြောလာပြီဆိုတော့ ငါတို့ ရှုံးရင် ဘာဖြစ်သင့်လဲဆိုတာ မင်း ပြောပါအုံး..."

လုချင်ရှန်းက မျက်နှာပန်းလှအောင် ကြိုးစားကာ ပြောလိုက်သည်။

သူ စကားပြောဆိုပြီးပြီးချင်း...

လုရန်က မျက်လုံးလှန်ကြည့်ပြီး ပြောလိုက်သည်။

"မင်းရဲ့ဦးနှောက် တစ်ခုခု မှားနေတာလား... မင်းက ဒီကို အလောင်းအစားလုပ်ဖို့ လာတာလေ... ရှုံးရင် ပေးရမယ့်တန်ဖိုးကိုတောင် မစဉ်းစားထားဘူး... မင်း ဒီကို ဘာလာလုပ်တာလဲ..."

"မင်း..."

လုချင်ရှန်း အံ့ကြိတ်လိုက်သည်။

သူ့ကို ဤကဲ့သို့ စကားပြောရဲသူဆို၍ ဤသည်မှာ ပထမဆုံးအကြိမ်ပင်။

တစ်ဖက်လူ၏ နယ်ပယ်ကို သူ အာရုံခံနိုင်ပြီး ဤသည်မှာ အစစ်အမှန် အင်မော်တယ်နယ်ပယ်ပင်။

သို့သော် အလောင်းအစား စည်းမျဉ်းများကို သူကိုယ်တိုင် အဆိုပြုခဲ့သူဖြစ်သောကြောင့် သူ ရှောင်လွှဲ၍ မရပေ။

"ရယ်စရာကောင်းလိုက်တာ... ငါ့ရဲ့ ဓားအမိန့်နန်းဆောင်က တာအိုဆွေးနွေးပွဲ မလုပ်ခင်မှာ လောင်းကြေးတွေကို တွေးထားပြီးသားပါ... ငါက ပြောဖို့ မေ့သွားရုံပဲ... အဲ့ဒီလိုဆိုမှတော့ မင်းကို ပြောပြရတာ အကျိုးမယုတ်ပါဘူး... တကယ်လို့ ငါတို့ ဓားအမိန့်နန်းဆောင်က ဒီတစ်ကြိမ် ရှုံးရင် မဟာလော့ ဓားဂိုဏ်းနဲ့ သုံးနှစ်တိတိ ဘာအဆက်အသွယ်မှ လုပ်မှာမဟုတ်ဘူး..."

ဤသည်မှာ လုချင်ရှန်း စဉ်းစားထားသည့် ရလဒ်ပင်။

သို့သော် သူပြောလိုက်သည်နှင့် လုရန်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"မင်း ဘာရယ်နေတာလဲ..."

လုချင်ရှန်း၏မျက်ခုံးတွင် ပြင်းထန်သော စွမ်းအားလှိုင်းတစ်ရပ် မြင့်တက်သွားသည်။ ဤသည်က အမှန်တကယ်ကို ဒေါသထွက်စရာကောင်းလှသည်။

ရုတ်တရက် ထွက်ပေါ်လာသော ဤလူသည် သူ့ကို မျက်နှာသာ လုံးဝမပေးပေ။

"လုဘောလုံးကောင်..."

"လုချင်ရှန်း... ဓားအမိန့်နန်းဆောင်ရဲ့ နန်းဆောင်သခင်... ဓားဧကရာဇ် လုချင်ရှန်း..."

လုချင်ရှန်းက အံ့ကြိတ်ကာ ပြင်ပြောလိုက်သည်။

"အို... အို... ဘာပဲဖြစ်ဖြစ်လေ... လုချင်ရှန်းပေါ့... ဓားဧကရာဇ်ဆိုတဲ့ အပိုင်းကို မေ့လိုက်တော့... ဒီအလောင်းအစားကို မင်း တကယ်ကြီး ပြောနေတာလား..."

လုရန်က မေးလိုက်သည်။

"မင်း ဘာကို ဆိုလိုတာလဲ... ဘာလို့ တကယ်မဟုတ်ဘဲနေရမှာလဲ..."

လုချင်ရှန်းက ပြန်မေးလိုက်၏။

"တကယ်လို့ မင်းတို့ နိုင်ရင် စုယွဲ့လင်က မင်းရဲ့ တာအိုလက်တွဲဖော် ဖြစ်လာမယ်... ပြီးတော့ မဟာလော့ ဓားဂိုဏ်းက ဓားအမိန့်နန်းဆောင်နဲ့ ပေါင်းစည်းမယ်... ဒါက ကြီးမားတဲ့ တန်ဖိုးတစ်ခု မဟုတ်ဘူးလား... တကယ်လို့ မင်းတို့ ရှုံးရင် ပြန်သွားပြီး သုံးနှစ်လောက် အေးအေးဆေးဆေး နေမယ်ပေါ့... သောက်ကျိုးနည်း မင်း ငါ့ကို လာနောက်နေတာလား..."

လုရန်က ပွင့်လင်းစွာ မေးလိုက်သည်။

တကယ့်ကို ထူးဆန်းတဲ့ကောင်ပဲ...

တကယ်လို့ သူတို့နိုင်ရင် စည်းစိမ်ချမ်းသာရော အလှလေးကိုပါ ရမယ်... တကယ်လို့ သူတို့ရှုံးရင် ပြန်သွားပြီး အနားယူမယ်... မဟာလော့ ဓားဂိုဏ်းကို အနှောင့်အယှက်မပေးဘဲ သုံးနှစ်ပဲ နေမယ်ပေါ့...

သူ အိပ်မက်မက်နေတာပဲ ဖြစ်မယ်...

လုရန်က သူ့ကို ထပ်မံ ဖွင့်ချလိုက်သည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ တပည့်များသည် လှောင်ပြောင်သံများကို ထုတ်လွှတ်လိုက်ကြသည်။

လုချင်ရှန်း၏နံဘေးရှိ ဧည့်အကြီးအကဲများသည် အလွန်အရှက်ရသဖြင့် သူတို့၏မျက်နှာများ နီရဲသွားကြပြီး အောက်ဘက်ရှိ လုရှောင်ယန်ပင်လျှင် သူ အရှက်ရသည်ဟု ခံစားလိုက်ရသည်။

ဒီလိုမျိုး ကြားရတာ တကယ်ကို အရှက်မရှိတာပဲ...

"ဒါဆိုရင် ဘာလုပ်သင့်လဲဆိုတာ မင်း ပြောလေ..."

လုချင်ရှန်း ဒေါသထွက်သွားသည်။

လုရန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပေ၏။ နှစ်တစ်သောင်း ကျင့်ကြံပြီးနောက်၌ပင် ဤလုချင်ရှန်း၏ စိတ်နေသဘောထားသည် ဤမျှထိ ညံ့ဖျင်းလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

သူ အခုတောင် ဒေါသထွက်နေပြီလား...

"ရိုးရှင်းပါတယ်... အလောင်းအစားတစ်ခုဆိုမှတော့ လူတိုင်းက တူညီတဲ့တန်ဖိုးကို ပေးရမှာပေါ့..."

"တကယ်လို့ မင်းတို့ နိုင်ရင် မင်း ပြောတဲ့အတိုင်းပဲ... စုယွဲ့လင်က မင်းရဲ့ တာအိုလက်တွဲဖော် ဖြစ်လာမယ်... ပြီးတော့ မဟာလော့ ဓားဂိုဏ်းက မင်းရဲ့ ဓားအမိန့်နန်းဆောင်နဲ့ ပေါင်းစည်းမယ်..."

"ဒါပေမဲ့ မင်းတို့ ရှုံးရင် ပေါင်းစည်းဖို့ကို ခေါင်းထဲမထည့်နဲ့တော့... မင်းတို့ရဲ့ ဓားအမိန့်နန်းဆောင်ကို ရာသက်ပန် ပိတ်ပစ်လိုက်..."

"အဲ့ဒါမှ တရားမျှတတယ်လို့ သတ်မှတ်နိုင်မယ်..."

...

လုရန် စကားပြောပြီးနောက် လုချင်ရှန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

ဒီအလောင်းအစားက နည်းနည်းကြီးလွန်းနေပြီ...

သူ ယုံကြည်မှုရှိသော်လည်း ပထမအချက်အနေဖြင့် ရုတ်တရက် ပေါ်လာသော ဤလူ၏နောက်ခံကို သူ မသိပေ။

ဒုတိယအချက်အနေဖြင့် သူ သဘောတူလိုက်ပြီး သူတို့ အမှန်တကယ် ရှုံးသွားလျှင် သူ နောက်ဆုတ်နိုင်မည် မဟုတ်ချေ။

စဉ်းစားပြီးနောက် လုချင်ရှန်းသည် အနည်းငယ် ကြောက်ရွံ့နေဆဲဖြစ်ပြီး စုယွဲ့လင်ကို ထွက်ပေါက်တစ်ခုအနေဖြင့် အသုံးပြုရန် ရည်ရွယ်ထားသည်။

သူက အပြုံးနှင့် ပြောလိုက်၏။

"ဒါက တကယ်ကို တရားမျှတပါတယ်... ငါ သဘောတူနိုင်တယ်... ဒါပေမဲ့ မင်းတို့ရဲ့ မဟာလော့ ဓားဂိုဏ်းက ဂိုဏ်းချုပ် စုက..."

"ငါ သဘောတူတယ်... ဒီအလောင်းအစားက ငါ့ရဲ့ဆန္ဒပဲ..."

စုယွဲ့လင်က လုချင်ရှန်း၏ စကားများကို ကြားဖြတ်ပြောလိုက်သည်။

သူ နောက်နေတာလား... ငါက လုရန်ကို မျက်ကန်းယုံကြည်မှုလောက်နီးနီး ကိုးကွယ်တာလေ...

စုယွဲ့လင်အတွက် လုရန် ဘာလုပ်နေသည်ဆိုသည်မှာ အရေးမကြီးပေ။ အဘယ်ကြောင့်ဆိုသော် မည်သည့်အရာပင်ဖြစ်စေကာမူ သူမ၏ဆရာသည် မရှုံးနိုင်သောကြောင့်ပင်။

သူမ၏နံဘေးတွင်ရှိနေသော စုမေနှင့်တခြားအကြီးအကဲများအားလုံး၏ မျက်နှာအမူအရာများ ကြီးမားစွာ ပြောင်းလဲသွားပြီး စုယွဲ့လင်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

ဘာတွေ ဖြစ်နေတာလဲ...

ဘာလို့ သူက ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလဲ....

လွန်ခဲ့တဲ့ တခဏကမှ သူက အရမ်း ဒုက္ခရောက်နေပြီး ကျဥ်းထဲကျပ်ထဲ ရောက်နေခဲ့တာလေ... အခုတော့ သူက ဘာလို့ ဒီလောက်တောင် သေချာပြီး ယုံကြည်မှုရှိနေတာလဲ...

ဒီယုံကြည်မှုက ဘယ်ကလာတာလဲ...

သူတို့သည် သိုင်းပညာလေ့ကျင့်ရေးကွင်းတွင် ပျင်းရိစွာ မတ်တတ်ရပ်နေသော ယဲ့နန်ကို ကြည့်လိုက်ကြ၏။

သူ့ကြောင့်များ ဖြစ်နိုင်မလား...

မနေ့ကမှ အထက်ဘုံကို တက်လှမ်းလာတဲ့ အစစ်အမှန် အင်မော်တယ်တစ်ယောက်ကြောင့်လား...

တကယ်လို့ ဒီကောင်လေး ရှုံးသွားရင် အကျိုးဆက်တွေကို တွေးကြည့်လို့ ရတယ်နော်...

All Chapters