← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂: အင်မော်တယ် နည်းစနစ်...အင်မော်တယ်ကွပ်မျက်ခြင်းဓားချက်

"ဆရာ... ဆရာ... ဆရာ..."

စုယွဲ့လင်က စကားထစ်နေပြီး အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မပြောနိုင်ဖြစ်နေသည်။

စုမေနှင့်တခြားသူများဆိုလျှင် ပြောစရာပင် မလိုတော့ပေ။ သူမတို့ လုံးဝမှင်သက်နေကြသည်။

စုယွဲ့လင်၏ဆရာသည် ရူးသွပ်စရာကောင်းလောက်အောင် လွန်ကဲလွန်းလှ၏။

သူသည် မနေ့ကမှ အထက်ဘုံကို တက်လှမ်းလာပြီး ယနေ့ အဆင့်မြင့် အင်မော်တယ် ဖြစ်နေလေပြီ။

သူ့ထံ၌ ကောင်းမှုကုသိုလ်၏ ခရမ်းရောင်ချီပင် ထွက်ပေါ်လာသည်။

အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ဤအတိုင်း ဖြတ်ကျော်သွားခဲ့သလော...

သူတို့ နှစ်ထောင်ပေါင်းများစွာ ခါးသီးစွာ ကျင့်ကြံခဲ့ရတဲ့ အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ဒီလိုမျိုး မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖြတ်ကျော်သွားခဲ့တာလား...

"ဘာဖြစ်လို့လဲ..."

လုရန်က မော့ကြည့်ကာ မေးလိုက်သည်။

"ဆရာ... ဆရာ... ဆရာက အဆင့်မြင့် အင်မော်တယ်နယ်ပယ်ကို ရောက်သွားပြီလား..."

စုယွဲ့လင်က တုံ့ပြန်မေးမြန်းလိုက်၏။

"အော် ဟုတ်တယ်... ငါ လမ်းကြုံလို့ တက်လှမ်းလိုက်တာ... မဆိုးပါဘူး..."

လုရန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထိုအရာသည် ယခင်ကတည်းက နီးစပ်နေပြီ ဖြစ်ပြီး သူ၏စိတ်ဝိညာဉ်စွမ်းအား ပြောင်းလဲမှု အမြန်နှုန်းနှင့်ဆိုလျှင် သူသည် ရက်အနည်းငယ်အတွင်း အဆင့်မြင့် အင်မော်တယ်နယ်ပယ်သို့ အခြေခံအားဖြင့် တက်လှမ်းသွားပေမည်။

ယခု တက်ရောက်စာရင်းသွင်းလိုက်ရာ ထိုအရာသည် အမြင့်ဆုံးရမှတ်တစ်ခု ဖြစ်ပြီး သူ့ကို ကျင့်ကြံခြင်း ဆုလာဘ် ဆယ်ဆ ပေးအပ်လိုက်သည်။

ဤသို့ဖြင့် တက်လှမ်းသွားသဖြင့် လုရန် အတော်လေး စိတ်ကျေနပ်နေသည်။

လုရန်၏ စကားများကို ကြားသောအခါ စုယွဲ့လင်နှင့် တခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

အဆင့်မြင့် အင်မော်တယ်အဖြစ် တက်လှမ်းခြင်းသည် အင်မော်တယ်နယ်မြေရှိ မည်သည့် ကျင့်ကြံသူအတွက်မဆို အဓိက ဘဝမှတ်တိုင်တစ်ခုပင်။

ဆရာ့အတွက်တော့ အဲ့ဒါက လမ်းကြုံလို့ လုပ်လိုက်တဲ့ ကိစ္စတစ်ခုပဲလား။

တိတ်ဆိတ်ခြင်း...

လူတိုင်း တိတ်ဆိတ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် တိတ်ဆိတ်ခြင်းကသာ သူတို့၏ ခံစားချက်များကို ဖော်ပြနိုင်သောကြောင့်ပင်။

ဤသည်မှာ သူတို့ ဆွံ့အသွားကြသည်အထိပင်။

လုရန်ကိုယ်တိုင်ကမူ ထိုအရာကို ဂရုမစိုက်ဘဲ မေးလိုက်သည်။

"ဒါနဲ့ ယွဲ့လင်... ငါ မေးပါရစေ... စိတ်ဝိညာဉ်ရတနာရဲ့ အဆင့်တွေကို ဘယ်လို ခွဲခြားထားလဲ..."

ထိုစကားကို ကြားသောအခါ စုယွဲ့လင် သတိပြန်ဝင်လာသည်။

သူမက ပြောလိုက်သည်။

"စိတ်ဝိညာဉ်ရတနာကိုယ်တိုင်က မှော်ရတနာရဲ့ အဆင့်တစ်ခုလေ... စိတ်ဝိညာဉ်နယ်မြေမှာ မှော်ရတနာ အရေအတွက်က ရှားပါးတယ်... လွယ်လွယ်ကူကူ ဖန်တီးလို့ရတဲ့ အောက်ဘုံနဲ့ မတူဘူး... စိတ်ဝိညာဉ်နယ်မြေမှာ အနိမ့်ဆုံး မှော်ရတနာအဆင့်က စိတ်ဝိညာဉ်ရတနာပဲ... ဒါပေမဲ့ စိတ်ဝိညာဉ်ရတနာတွေကို ရဖို့ကလည်း အရမ်းခက်ခဲတယ်..."

မုယွန်ကျုံးသည် ယခင်က ဤအကြောင်းကို ပြောပြခဲ့ဖူးသည်။

"စိတ်ဝိညာဉ်ရတနာ ပြီးရင် ဘာလာလဲ..."

လုရန်က မေးလိုက်သည်။

"စိတ်ဝိညာဉ်ရတနာ ပြီးရင် အင်မော်တယ်ရတနာ လာတယ်... အဲ့ဒါက ပိုတောင် ရှားပါးသေးတယ်... ကျွန်မက အဲ့ဒါကို မြင်ဖူးတဲ့ ကံတော့ ရှိခဲ့ပေမဲ့ တစ်ခါမှတော့ မပိုင်ဆိုင်ဖူးဘူး..."

စုယွဲ့လင်က ပြောဆိုလိုက်၏။

အင်မော်တယ်ရတနာလား...

လုရန် အနည်းငယ် အံ့အားသင့်သွားသည်။ စိတ်ဝိညာဉ်ရတနာပြီးနောက် လာသောအရာသည် အင်မော်တယ်ရတနာ ဖြစ်နေသလော။

ဤသည်က မှော်ရတနာ၏ ဒုတိယအဆင့်မျှသာ ဖြစ်နေသည်။ စုယွဲ့လင်သည် စိတ်ဝိညာဉ်နယ်မြေတွင် နှစ်ပေါင်း တစ်သောင်းသုံးထောင်ကြာ နေထိုင်ခဲ့ပြီးဖြစ်သော်လည်း တစ်ခုမျှပင် မရရှိနိုင်ခဲ့ပေ။

"ဒါဆို... ရှေးဟောင်းရတနာကကော..."

လုရန်က ဆက်မေးလိုက်သည်။

"ရှေးဟောင်းရတနာက အင်မော်တယ်ရတနာပြီးရင် လာတဲ့အဆင့်လေ... အဲ့ဒီအရာကို ကျွန်မ ကြားပဲ ကြားဖူးတာ... ရှပြည်နယ်တစ်ခုလုံးမှာတောင် အဲ့ဒီအရာ အနည်းငယ်ပဲ ရှိလိမ့်မယ်လို့ ထင်တယ်..."

စုယွဲ့လင်က ပခုံးတွန့်ကာ ပြောလိုက်သည်။

မနေ့ကမှ အထက်ဘုံသို့ တက်လှမ်းလာသော လုရန်က ရှေးဟောင်းရတနာများအကြောင်းကို မည်သို့ သိနေသည်အား သူမ သိချင်နေမိသည်။

ထိုအရာကို လုရန် စဉ်းစားလိုက်၏။ စနစ်က ချီးမြှင့်သောအရာမှာ ရှေးဟောင်းရတနာတစ်ခုတည်း မဟုတ်ဘဲ မွေးရာပါ ရှေးဟောင်းရတနာတစ်ခု ဖြစ်နေသည် မဟုတ်လော။

"မွေးရာပါ ရှေးဟောင်းရတနာက ရှေးဟောင်းရတနာနဲ့ အတူတူပဲ မဟုတ်လား..."

လုရန်က မေးလိုက်သည်။

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... အဲ့ဒါ မတူဘူး... ရှေးခေတ်တုန်းက ကြီးမားတဲ့ တန်ဖိုးတစ်ခုကို အသုံးပြုပြီး ရှေးဟောင်းရတနာတွေကို ဖန်တီးနိုင်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ရှိခဲ့တယ်... ဒါပေမဲ့ မွေးရာပါ ရှေးဟောင်းရတနာတွေကတော့ ကောင်းကင်တာအိုကနေ ဖန်တီးထားတာဖြစ်ပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဖန်တီးမှုကို ရယူထားတဲ့ ရှားပါးတဲ့ အရာတွေထဲမှာ ပါဝင်တယ်... အဲ့ဒါတွေက အမြဲတမ်း ဒဏ္ဍာရီတစ်ခုလိုပဲ ဖြစ်နေပြီး အမှန်တကယ် တည်ရှိသလားဆိုတာတောင် မသိရဘူး..."

စုယွဲ့လင်က ပြောလိုက်သည်။

လုရန်၏မျက်လုံးများ တောက်ပသွားပေ၏။

အဲ့လောက်တောင် ထိပ်တန်းအဆင့် ဖြစ်နေတာလား...

အဲ့ဒါက ကောင်းကင်တာအိုက ဖန်တီးထားတဲ့ ပစ္စည်းကောင်းတစ်ခု တကယ်ကြီး ဖြစ်နေတာပဲ...

"ဆရာ... ဆရာက ဒါတွေအကြောင်းကို ဘာလို့ မေးနေတာလဲ... တကယ်လို့ ဆရာက မှော်ရတနာ လိုချင်ရင် ဒီနှစ်တွေအတွင်း ကျွန်မ စိတ်ဝိညာဉ်ရတနာ ခုနစ်ခု ရှစ်ခုလောက် ရထားပါတယ်... ဆရာ ကြိုက်တာ ယူလို့ရတယ်..."

စုယွဲ့လင်က ပြောလိုက်သည်။

လုရန်က သိချင်စိတ်ဖြင့် မှော်ရတနာ လိုချင်နေသည်ဟု သူမ တွေးထင်ခဲ့သည်။

သို့သော် စုယွဲ့လင်၏ လက်ထဲရှိ အရာအားလုံးမှာ စိတ်ဝိညာဉ်ရတနာများသာ ဖြစ်နေသည်။

စိတ်ဝိညာဉ်ရတနာများသည် အလွန်တန်ဖိုးကြီးလှ၏။ ဥပမာအားဖြင့် မုယွန်ကျုံးသည် နှစ်တစ်ထောင်ကျော်အတွင်း တစ်ခုတည်းသာ ရရှိခဲ့သည်။ သို့သော် လုရန်အတွက်မူ စိတ်ဝိညာဉ်ရတနာများသည် သူ၏ အာရုံစိုက်မှုအောက်သို့ အနည်းငယ် ရောက်ရှိနေသည်။

ထို့ပြင် လုရန်၌လည်း တစ်ခုရှိနေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချီလုံသံချပ်ကာသည် စိတ်ဝိညာဉ်ရတနာတစ်ခုပင်။

"မလိုပါဘူး... ငါ မလိုချင်ပါဘူး..."

လုရန်က ခေါင်းခါယမ်းလိုက်သည်။

"ဒါနဲ့ အင်မော်တယ် နည်းစနစ်ဆိုတာက ဘာလဲ..."

အောက်ဘုံတွင် ရှိနေစဉ်က ဤအရာအကြောင်းကို သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ပေ။

"စိတ်ဝိညာဉ်နယ်မြေမှာ အောက်ဘုံရဲ့ သိုင်းပညာတွေနဲ့ ဆင်တူပေမဲ့ ပိုပြီး အစွမ်းထက်တဲ့ ကျင့်စဉ်တွေနဲ့ မတူညီတဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေ ရှိတယ်... အဲ့ဒါကို နတ်ဘုရားစွမ်းရည်လို့ ခေါ်တယ်... နတ်ဘုရားစွမ်းရည်တွေထဲမှာ အင်မော်တယ် နည်းစနစ်က အဆင့်တစ်ခုမှာ ပါဝင်ပြီး မွေးရာပါ ရှေးဟောင်းရတနာတွေလိုပဲ....အဲ့ဒီအရာကလည်း ဒဏ္ဍာရီတွေထဲမှာပဲ ရှိတယ်... ဒါ့ပြင် အင်မော်တယ် နည်းစနစ်ဆိုတာ ကောင်းကင်တာအိုရဲ့ နိယာမစွမ်းအားတချို့ ပါဝင်တဲ့ နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်ပြီး ယှဉ်ပြိုင်လို့မရအောင် အစွမ်းထက်တယ်လို့ ပြောကြတယ်..."

စုယွဲ့လင်က ရှင်းပြလိုက်သည်။

ကောင်းပြီလေ... အဲ့ဒါက သေချာပေါက် ပစ္စည်းကောင်းတစ်ခုပဲ...

ဤအချိန်အတောအတွင်း ရရှိထားသော အင်မော်တယ်နည်းစနစ်သည် လုရန်၏ နတ်ဘုရားစိတ်ဝိညာဉ်အတွင်းသို့ ပေါင်းစည်းသွားပေ၏။

စနစ်၏ဆုလာဘ်များသည် ကောင်းမွန်လှပြီး သင်ယူရန် မလိုအပ်ဘဲ အမွေအနှစ်မှတစ်ဆင့် တိုက်ရိုက်စုပ်ယူကာ အလိုအလျောက် သင်ယူပြီးသားဖြစ်ပြီး ချက်ချင်းအသုံးပြုနိုင်သည်။

လုရန်သည် ဤအင်မော်တယ်ကွပ်မျက်ခြင်းဓားချက်၏ လုပ်ဆောင်ချက်ကို နားလည်သွားသည်။

【အင်မော်တယ်ကွပ်မျက်ခြင်းဓားချက်..ဓားတစ်ချက်ဖြင့် ရွှေအင်မော်တယ်တစ်ဦးကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်သည်။ (သို့သော် ဤသည်က ရွှေအင်မော်တယ်များကိုသာ စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်ပါသည်... ရွှေအင်မော်တယ်နယ်ပယ်၏ အထက်တွင် အကျိုးသက်ရောက်မှု မရှိသလို ရွှေအင်မော်တယ်နယ်ပယ်၏ အောက်တွင်လည်း အကျိုးသက်ရောက်မှု မရှိပါ)】

လုပ်ဆောင်ချက်ကို သိပြီးနောက် လုရန်၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

အစွမ်းထက်တယ်လို့ ပြောရရင် ဒါက သေချာပေါက် အစွမ်းထက်တယ်....

ဓားတစ်ချက်တည်းနဲ့ ရွှေအင်မော်တယ်ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်တာလေ....

သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် နဝမအဆင့်တွင်သာ ရှိနေသည်။ အို မဟုတ်ဘူး... ယခုချိန်၌ သူသည် အဆင့်မြင့် အင်မော်တယ်တစ်ဦး ဖြစ်နေလေပြီ။

သို့သော် သူသည် ယခုမှ အဆင့်တက်လာသော အဆင့်မြင့် အင်မော်တယ်တစ်ဦးသာ ဖြစ်သော်လည်း ရွှေအင်မော်တယ်တစ်ဦးကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်ပေ၏။

ဖော်ပြချက်အရ ရွှေအင်မော်တယ်နယ်ပယ် နဝမအဆင့်၏ အထွတ်အထိပ်တွင် ရှိနေလျှင်တောင်မှ သူတို့ မဟာပေါင်းစည်းခြင်းအင်မော်တယ်အဖြစ် တက်လှမ်းခြင်း မရှိသေးသရွေ့ တစ်စက္ကန့်အတွင်း အသတ်ခံရနိုင်သည်။

စုယွဲ့လင် ပြောသည်မှာ အမှန်ပင်။ ဤသည်မှာ ကောင်းကင်တာအို၏ နိယာမများမှ ပေးအပ်သော အထူးစွမ်းရည်တစ်ခုဖြစ်ပြီး တစ်ဖက်လူ၏ ကာကွယ်မှု၊ နယ်ပယ် သို့မဟုတ် ကျင့်စဉ် မည်သို့ပင်ရှိစေကာမူ သူ သတ်ဖြတ်နိုင်ပေမည်။

"ဆရာ... ဒီအရာတွေအားလုံးကို ဆရာ ဘယ်ကနေ ကြားလာတာလဲ..."

စုယွဲ့လင်က ထူးဆန်းသော မျက်နှာထားဖြင့် မေးလိုက်သည်။

"ငါ တခြားတစ်ယောက်ဆီက ကြားလာတာပါ..."

လုရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

သူ၏ စိတ်ထဲတွင် တွေးတောလိုက်သည်။

မူလက သူ လုချင်ရှန်းကို သွားရောက်ပြဿနာရှာရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် ယခုအချိန်၌ ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်သည် အသုံးဝင်နေသေးသော်လည်း အင်မော်တယ်ကွပ်မျက်ခြင်းဓားချက်မှာမူ တိုက်ရိုက်အသုံးမဝင်ဖြစ်သွားလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် လုချင်ရှန်းသည် အဆင့်မြင့် အင်မော်တယ်နယ်ပယ်တွင် ရှိနေသဖြင့် အင်မော်တယ်ကွပ်မျက်ခြင်းဓားချက်သည် သူ့အပေါ်တွင် အကျိုးသက်ရောက်မှုရှိမည် မဟုတ်သောကြောင့်ပင်။

"အဲ့ဒီလုချင်ရှန်းက အဆင့်မြင့် အင်မော်တယ်နယ်ပယ် ပဉ္စမအဆင့်မှာ ရှိနေတာ မဟုတ်လား..."

လုရန်က မေးလိုက်သည်။

"ဟုတ်ပါတယ်..."

စုယွဲ့လင်က ပြန်ဖြေသည်။

ဤအကြောင်းကိုကြားသည်နှင့် စုမေနှင့် အခြားသူများသည်လည်း ချက်ချင်းစကားစလာကြသည်။

"အခုချိန်မှာ အလောင်းအစားက ပြီးသွားပြီလေ... ပြီးတော့ လုချင်ရှန်းက လူတွေကို ခေါ်သွားပြီဆိုတော့ သူတို့ ရှုံးသွားပြီဆိုတဲ့ သဘောပဲ..."

"အလောင်းအစားအရ သူတို့ရဲ့ ဓားအမိန့်နန်းဆောင်ကို ချက်ချင်း ဖျက်သိမ်းရမှာပေါ့..."

"အဲ့ဒီလုရှောင်ယန်က လုချင်ရှန်းရဲ့ ရတနာလေးပဲလေ... ဓားအမိန့်နန်းဆောင် တိုးတက်ဖို့ မျှော်လင့်ချက်ဖြစ်ပေမဲ့ သူ့ကို ရှင်ကိုယ်တိုင် ခြေမွှဖျက်ဆီးလိုက်တယ်..."

"အဲ့ဒီလုချင်ရှန်းက အခုလောက်ဆိုရင် ဒေါသထွက်လွန်းလို့ သွေးအန်နေလောက်ပြီ..."

"ကံမကောင်းတာက လုချင်ရှန်းလို လူမျိုးက အလောင်းအစားကို လိုက်နာမှာ မဟုတ်ဘူး... ဓားအမိန့်နန်းဆောင်ကို ဖျက်သိမ်းမှာ မဟုတ်ပါဘူး... သူက အများဆုံး မသိချင်ဟန်ဆောင်နေလိမ့်မယ်.."

...

အမျိုးသမီးများသည် တစ်ယောက်ပြီးတစ်ယောက် ပြောဆိုနေကြ၏။

စုယွဲ့လင်ကလည်း သက်ပြင်းချပြီး ပြောလိုက်သည်။

"နည်းလမ်းမရှိဘူး... တကယ်လို့ ငါတို့ မျက်နှာချင်းဆိုင်ပြီး တိုက်ခိုက်ကြမယ်ဆိုရင် နှစ်ဖက်လုံး ဆုံးရှုံးမှုတွေ ရှိလာမှာမို့ အမြတ်ထက် အရှုံးက ပိုများလိမ့်မယ်..."

ထိုစကားကို ကြားသောအခါ လုရန်က မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

"ကောင်မလေး... မင်း စိတ်ဝိညာဉ်နယ်မြေမှာ နေလာတာ နှစ်ပေါင်း တစ်သောင်းကျော်တောင် ရှိနေပြီ... ဘယ်လိုလုပ်ပြီးတော့ မင်းက အခုထိ စိတ်သဘောထား ပျော့ပျောင်းနေရတာလဲ..."

ဤစကားကြောင့် စုယွဲ့လင်က အနေရခက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"အကျင့်ဟောင်းတွေကို ပြောင်းလဲဖို့ ခက်တယ်လေ..."

လုရန်က ပြောလိုက်၏။

"အဲ့ဒါက အဆင်မပြေဘူး... အဲ့ဒီကောင်က ငါ့ရဲ့ ဖက်တီးမလေးကို အနိုင်ကျင့်ပြီး တာအိုလက်တွဲဖော် ဖြစ်ချင်တာလား... သူ အိပ်မက်မက်နေတာပဲ... တကယ်လို့ ငါသာ အချိန်မီ ရောက်မလာခဲ့ရင် ဘာတွေဖြစ်သွားမလဲဆိုတာ ဘယ်သူသိမှာလဲ... သူကိုယ်တိုင် အလောင်းအစားလုပ်ခဲ့တာဆိုတော့ အရှုံးကို လက်ခံဖို့ ဆန္ဒရှိရမှာပေါ့... တကယ်လို့ သူက မဖျက်သိမ်းဘူးဆိုရင် ငါတို့က သူ့ကို ဖျက်သိမ်းပေးမယ်..."

စုယွဲ့လင်၏မျက်နှာ နီရဲသွားသည်။

သူမက ချွဲနွဲ့သောလေသံဖြင့် ပြောလိုက်သည်။

"ဆရာ... ကျွန်မ အသက်ဘယ်လောက် ရှိနေပြီလဲ... အခုထိ... အခုထိ ဖက်တီးမလေးလို့ ခေါ်တုန်းပဲလား..."

အချိန်တခဏကြာမျှ မှင်သက်သွားပြီးနောက် စုမေနှင့် တခြားအကြီးအကဲများသည် ရယ်မောလိုက်ကြပြီး သူတို့တစ်ဦးစီသည် ခန္ဓာကိုယ်များ တုန်ခါသွားသည်အထိ ရယ်မောနေကြ၏။

စုယွဲ့လင်က စကားလမ်းကြောင်းကို အမြန်လွှဲပြီး ပြောလိုက်သည်။

"ဆရာ... စောစောက သူတို့ကို ဖျက်သိမ်းဖို့ ကူညီပေးမယ်လို့ ပြောခဲ့တယ်နော်... ဘယ်လိုလုပ်မလို့လဲ... ကျွန်မတို့က တကယ်ကြီး တိုက်ခိုက်ကြတော့မလို့လား..."

လုရန်က လက်ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။

"ငါတို့ တိုက်မယ်... ဒါပေမဲ့ လောစရာမလိုပါဘူး... ရက်နည်းနည်းလောက် အနားယူကြတာပေါ့..."

သူ ရက်အနည်းငယ်ကြာ အနားယူပြီး အိပ်စက်ရပေမည်။ အဆင့်မြင့် အင်မော်တယ်နယ်ပယ် ပဉ္စမအဆင့် သို့မဟုတ် ထို့ထက် ပိုမြင့်သောအဆင့်သို့ ရောက်ချိန်၌ ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်နှင့်ဆိုလျှင် သူ သေချာပေါက် အနိုင်ရပေမည်။

ထို့အပြင် ဤရက်အနည်းငယ်အတွင်း တက်ရောက်စာရင်းသွင်းခြင်းမှ ရရှိသော ဆုလာဘ်များကို လက်နက်တပ်ဆင်ရန်အတွက် သူ အသုံးပြုနိုင်သည်။

All Chapters