← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇: မြေခွေးနတ်ဆိုးက မီးလောင်နေတယ်

မုယောင်က မြေခွေးနတ်ဆိုးကို ငေးမောကြည့်နေသည်။

မုယွန်ကျုံး၏ စကားကို နားထောင်ရင်း သူမက တံတွေးမြိုချလိုက်သည်။

ကောင်းကင်ယောင်တစ်ကောင်....

မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ဦးနှင့် ညီမျှသော ကောင်းကင်ယောင်တစ်ကောင်....

မည်သည်ကြောင့် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော ယောင်မျိုးနွယ်သည် မဟာလော့ ဓားဂိုဏ်းကို ရုတ်တရက် လာရောက်တိုက်ခိုက်ရသနည်း။

ထိုမြေခွေးနတ်ဆိုးက ထျန်းကန်းဂိုဏ်း၏ ရွှေအင်မော်တယ်ကိုပင် ပေါ့ပေါ့ပါးပါး မီးကင်၍ သတ်ဖြတ်လိုက်သေးသည်။

"ငါတို့ ထွက်သွားလို့ မရဘူး... ငါတို့က မဟာလော့ ဓားဂိုဏ်းရဲ့ ဧည့်အကြီးအကဲတွေလေ... အစွမ်းထက်တဲ့ ရန်သူက တိုက်ခိုက်လာတဲ့အချိန်ဆိုတာ ငါတို့ကို အလိုဆုံးအချိန် မဟုတ်ဘူးလား..."

မုယောင်က ခေါင်းမာစွာ ခေါင်းခါယမ်းလိုက်၏။

မုယွန်ကျုံး၏ မျက်နှာအမူအရာ ချက်ချင်းပျက်ယွင်းသွားသည်။

သခင်မလေးက ငယ်လွန်းသေးတယ်လေ...

ကိုယ်ကျင့်တရား မြင့်မားတာက ကောင်းပါတယ်... ဒါပေမဲ့ ကောင်းကင်ယောင်တစ်ကောင်ကို ဆန့်ကျင်ဖို့ ကြိုးစားတာက ကြက်ဥနဲ့ ကျောက်တုံးကို ပေါက်တာနဲ့ တူတယ်လေ...

သူနှင့် မုယောင်တို့သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်တွင်သာ ရှိကြပြီး သာမန်လူများသာ ဖြစ်ကြသည်။ မြေခွေးမီးတောက် တိုက်ခိုက်လိုက်ချိန်တွင် ထိုအစစ်အမှန် အင်မော်တယ်များ ချက်ချင်း အငွေ့ပျံသွားသည်ကို သူတို့ မြင်ခဲ့ကြသည် မဟုတ်လော။

ဤသည်ကို သူတို့ မည်သို့ တိုက်ခိုက်မည်နည်း...

ဤသည်မှာ ပိုးဖလံများက မီးတောက်ထဲသို့ ပျံသန်း၍ ဝင်သွားသည်နှင့် ထပ်တူထပ်မျှပင်။

အလားတူပင် ဤသည်မှာ မဟာလော့ ဓားဂိုဏ်း၏ မရေမတွက်နိုင်သော တပည့်များ၏ တူညီသော ခံစားချက်လည်း ဖြစ်နေသည်။

အကြောက်တရားသည် မဟာလော့ဓားဂိုဏ်းတစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားသည်။ ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော ယောင်မျိုးနွယ်မျိုးကို သူတို့ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။

မြေခွေးနတ်ဆိုးသည် ကျွမ်းလောင်နေသော အလောင်းများကို ဂရုမစိုက်ဘဲ ခေါင်းငုံ့ကာ မလှမ်းမကမ်းရှိ လုရန်ကို ကြည့်နေသည်။

ထို့နောက် မြေခွေးနတ်ဆိုးသည် ဧရာမ ခန္ဓာကိုယ်ကြီးကို အံ့သြစရာကောင်းလောက်အောင် ညင်သာစွာ ရွေ့လျားပြီး ခြေတစ်လှမ်းချင်း နီးကပ်လာပေ၏။

စုယွဲ့လင် အပါအဝင် စုမေနှင့်တခြားသူများအားလုံး စိတ်တင်းမာနေပုံရသည်။ ဤသည်မှာ မည်သို့ပင်ဖြစ်စေကာမူ ကောင်းကင်ယောင်တစ်ကောင် ဖြစ်နေသည်။

လုရန်သည် သူတို့၏နံဘေးတွင် ရှိနေသော်လည်း သူသည် ရွှေအင်မော်တယ်တစ်ဦးကို ချက်ချင်း သတ်နိုင်လျှင်ပင် ကောင်းကင်ယောင်တစ်ကောင်နှင့်ယှဉ်လျှင် သူ မည်သို့ဖြစ်မည်ကို မည်သူမျှ မသိကြပေ။

ထို့အပြင် မဟာပေါင်းစည်းခြင်း အင်မော်တယ်များကြား တိုက်ပွဲတွင် နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုကြောင့် ပွတ်တိုက်မိရုံမျှဖြင့် အဆင့်မြင့် အင်မော်တယ်များဖြစ်ကြသော သူတို့သည် သေဆုံးသွားမည် သို့မဟုတ် ဒုက္ခိတဖြစ်သွားပေမည်။

သို့သော် စုယွဲ့လင်သည် ဤကောင်းကင်ယောင်၏အရှိန်အဝါမှာ အနည်းငယ် ရင်းနှီးနေသည်ဟု ရှင်းပြ၍မရအောင် ခံစားနေရသည်။

လုရန်သည် သူတို့၏ရှေ့တွင် မတ်တတ်ရပ်ကာ သူ၏ရှေ့ရှိ ဧရာမယောင်မြေခွေးကို ကြည့်နေပြီး သူ၏ မျက်နှာအမူအရာ ရုတ်တရက် နူးညံ့ညင်သာသွားသည်။

"ရှောင်ပိုင်... မတွေ့ရတာ ကြာပြီ..."

လုရန်က ရယ်မောပြီး ပြောလိုက်သည်။

ရှောင်ပိုင်လား...

လူတိုင်း အံ့အားသင့်သွားကြသည်။

နောက်တစ်စက္ကန့်မှာပင် ယောင်မြေခွေး၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် လူသားပုံစံအဖြစ် ပြောင်းလဲသွားပြီး လုရန်၏ရှေ့တွင် နူးညံ့သိမ်မွေ့စွာ မတ်တတ်ရပ်နေပေ၏။

သူမသည် လူသားအသွင်ပြောင်းထားကာ နှင်းကဲ့သို့ဖြူဖွေးသည့် ပိတ်ပါးဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသော မီးခိုးရောင်နှင့် အဖြူရောင် ဆံပင်များသည် သူမ၏နူးညံ့ချောမွတ်သောခြေထောက်များ နောက်တွင် ဖြာကျနေသည်။

စွင့်ကားနေသော တင်ပါးများနှင့် ပြည့်ဖြိုးသော ရင်ဘတ်ကြောင့် ပွယောင်းယောင်းဝတ်စုံသည် သူမ၏ ဂုဏ်ယူစရာကောင်းသော ခန္ဓာကိုယ်အချိုးအ​စားကို ဖုံးကွယ်ထား၍ မရပေ။

ရေငွေ့များဖြင့် ဖုံးလွှမ်းနေသောအလား ရီဝေနေသော သူမ၏လှပသည့် မျက်လုံးများသည် လုရန်ကို စိုက်ကြည့်နေပေ၏။

အပြုံးတိုင်းနှင့် မျက်မှောင်ကြုတ်မှုတိုင်းတွင် သူမ၏ ခဏတာ တောက်ပမှုသည် မဟာလော့ ဓားဂိုဏ်း တစ်ခုလုံးကို အလွန်အမင်း တိတ်ဆိတ်သွားစေခဲ့သည်။

ဤညှို့ငင်ဖမ်းစားနိုင်သော မြင်ကွင်းကို မည်သူမျှ မဖျက်ဆီးလိုကြပေ။

သို့သော် ထိုအချိန်မှာပင် လုရန်က ရုတ်တရက် ထူးဆန်းစွာ အော်ဟစ်လိုက်သည်။

"သောက်ကျိုးနည်း... နှစ်ပေါင်း သောင်းနဲ့ချီ ကြာခဲ့ပြီ မဟုတ်လား... မင်းက ဘာလို့ ဒီလောက်တောင် ဆွဲဆောင်မှုရှိအောင် ကြီးပြင်းလာရတာလဲ..."

ရှောက်ယင်း အထက်ဘုံကို တက်လှမ်းလာတုန်းက ဒီလို မဟုတ်ဘူးလေ...

ရှောက်ယင်း၏ပါးပြင်များ ချက်ချင်းနီရဲသွားသော်လည်း လုရန်၏အမူအရာက သူမကို ရင်းနှီးသော သက်တောင့်သက်သာရှိမှု ခံစားချက်အား ချက်ချင်းဖြစ်ပေါ်စေခဲ့သည်။

သူမသည် ဆက်၍ထိန်းမထားနိုင်တော့ဘဲ ရှေ့သို့ပြေးသွားကာ လုရန်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားတော့သည်။

နူး​ညံ့ချောမွတ်သော လက်တစ်စုံသည် လုရန်၏ လည်ပင်းကို ရစ်ပတ်ထားပြီး သူမ၏ခေါင်းကို သူ၏ ပခုံးတွင် အပ်ထားလိုက်သည်။

သူမ၏အသက်ရှူသံများကြားတွင် ထိုရင်းနှီးသော မွှေးကြိုင်သည့်ရနံ့ ရှိနေပေ၏။

စုမေနှင့်တခြားသူများအားလုံး ဆွံ့အသွားကြသည်။

ဒါက ကောင်းကင်ယောင် တစ်ကောင်လေ...

စုယွဲ့လင်က နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး အော်ဟစ်လိုက်သည်။

"စီနီယာအစ်မ ရှောက်ယင်း... တကယ်ပဲ အစ်မကိုး..."

စုယွဲ့လင်၏ အသံကို ကြားသောအခါ ရှောက်ယင်းသည် လုရန်၏ရင်ခွင်ထဲမှ ခွာထွက်လိုက်သည်။

အနည်းငယ် နီရဲနေသော ပါးပြင်များဖြင့် သူမ၏မျက်လုံးအတွင်း၌ မျက်ရည်ဝဲနေကာ လုရန်ကို ကြည့်ပြီး ညင်သာစွာ ခေါ်လိုက်သည်။

"ဆရာ..."

ဂလု...

လုရန်သည် တံတွေးတစ်လုတ်မြိုချလိုက်ပြီး သူ၏ မျက်လုံးများသည် အောက်ဘက်သို့ အလိုအလျောက် ရွေ့လျားသွားကာ အလျင်အမြန် အကြည့်လွှဲလိုက်ရသည်။

ဒီလိုမျိုးကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ...

"ရှောင်ပိုင်... မင်းရဲ့ မြေခွေးညို့ငင်နည်းစနစ်ကို စောစောစီးစီး ပြန်သိမ်းထားသင့်တယ်... မင်းရဲ့ ဆရာက အဲ့ဒီလိုမျိုးကို စိတ်မဝင်စားဘူး..."

လုရန်က လူအိုကြီးပုံစံဖြင့် ပြောလိုက်ပြီး သူ၏ မျက်နှာတွင် ဖြောင့်မတ်မှုများ အပြည့်ရှိနေသည်။

သို့သော် သူ၏မြင့်တက်လာသော စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန်အတွက် သူ အနည်းငယ် ခါးကိုင်းထားရသည်။

ဤသည်က ရှောက်ယင်းကို တခစ်ခစ် ရယ်မောစေခဲ့သည်။

လုရန်ကို အပြစ်တင်၍မရပေ။ အောက်ဘုံတွင် သူ သူမနှင့် ပထမဆုံး တွေ့ဆုံစဉ်က သူမသည် မြေခွေးပေါက်စလေး တစ်ကောင်သာ ဖြစ်သည်။

သူမ အလွန်အမွှေးထူပြီး ချစ်စရာကောင်းသည်ကို မြင်သောအခါ လုရန်သည် သူမကို အိမ်မွေးတိရစ္ဆာန်အဖြစ် အနားတွင် ထားခဲ့ပေ၏။

မမျှော်လင့်ဘဲ နှစ်ထောင်ပေါင်းများစွာအကြာတွင် ရှောက်ယင်းသည် လူသားပုံစံပြောင်းကာ အထက်ဘုံသို့ တက်လှမ်းပြီး အောက်ဘုံမှ ထွက်ခွာသွားခဲ့သည်။

သူမ အထက်ဘုံသို့ တက်လှမ်းချိန်တွင် ရှောက်ယင်းသည် မိန်းကလေးငယ်လေးတစ်ဦးနှင့် တူညီနေဆဲပင်။

မည်သို့ပင်ဆိုစေကာမူ ယောင်မျိုးနွယ်သည် လူသားမျိုးနွယ်နှင့် ကွာခြားသည်။ ယောင်မျိုးနွယ်၏ ရှည်လျားလှသော သက်တမ်းနှင့် နှိုင်းယှဉ်လျှင် သူမသည် မိန်းကလေးငယ်လေးတစ်ဦးသာ မဟုတ်လော။

ယခု၌မူ သူမသည် လုံးလုံးလျားလျား ရင့်ကျက်နေလေပြီ။

ဤအချိန်တွင် မဟာလော့ဓားဂိုဏ်း၏ မရေမတွက်နိုင်သော တပည့်များနှင့် ဧည့်အကြီးအကဲများအားလုံး ဆွံ့အသွားကြသည်။

ဒီဘိုးဘေးကြီးက အရမ်းကို တရားလွန်လွန်းတယ်...

တောရိုင်းနယ်မြေက ကောင်းကင်ယောင် တစ်ကောင်တောင် သူ့ရဲ့ တပည့်ဖြစ်နေတာလား...

"ဆရာ... စီနီယာအစ်မ... စကားပြောဖို့ ခန်းမဆောင်ထဲကို ပြန်သွားကြရအောင်..."

စုယွဲ့လင်က ပြောလိုက်သည်။

စုမေနှင့် တခြားအကြီးအကဲများသည် နောက်မှနေ၍ သတိထား၍ လိုက်ပါလာကြ၏။

ထျန်းကန်းဂိုဏ်းမှ ရွှေအင်မော်တယ်တစ်ဦးကို ယခုလေးတင် မီးကင်သတ်ခဲ့သော ဤကောင်းကင်ယောင်သည်လည်း လုရန်၏တပည့် ဖြစ်နေသည်ဟူသောအချက်က သူတို့ကို ဆွံ့အသွားစေခဲ့သည်။

ခန်းမဆောင်အတွင်းတွင်.....

တစ်ယောက်ကိုတစ်ယောက် မတွေ့ရသည်မှာ ကြာပြီဖြစ်သောကြောင့် ရှောက်ယင်းနှင့်လုရန်တို့တွင် ပြောစရာစကားများ အဆုံးအစမရှိ ဖြစ်နေကြသည်။

လုရန်၏အကြည့်သည် ရှောက်ယင်းအပေါ်သို့ တစ်ခါတစ်ရံ ရွေ့လျားသွားပြီး သူ၏နှလုံးသားထဲတွင် အလွန်စိတ်ကျေနပ်နေမိသည်။

ထိုအချိန်က မြေခွေးဖြူလေးသည် ယခုအချိန်၌ ဤမျှထိ လှပလာကာ ကြီးပြင်းလာခဲ့လေပြီ။

ဘာလို့ သူတို့ကို မြေခွေးမျိုးနွယ်လို့ ခေါ်ရတာလဲ... ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်လာရင် သူတို့က လူသားမျိုးနွယ်ကို လုံးလုံးလျားလျား လွှမ်းမိုးထားတာပဲ...

"ငါ ဒီမှာ ရှိနေတယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ..." လုရန်က မေးလိုက်သည်။

ရှောက်ယင်းက ရှဲ့ထယ်ယန်နှင့် ပတ်သက်သည့် သတင်းအကြောင်းကို သူ့အား အမှန်အတိုင်း ပြောပြလိုက်၏။

"သောက်ကျိုးနည်း... အဲ့ဒီခွေးအိုကြီးက တော်တော် ယုတ်မာတာပဲ..."

လုရန်က ဆဲဆိုလိုက်သည်။

သူသည် ရွှေအင်မော်တယ်တစ်ဦးကို ချက်ချင်းသတ်နိုင်သော်လည်း မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ဦး ရောက်လာပါက သူ တောင့်ခံနိုင်မည် မဟုတ်ပေ။

"စီနီယာအစ်မက သူ့ကို မသတ်ခဲ့ဘူးလား... အဲ့ဒါက တရားလွန်လွန်းတယ်..."

စုယွဲ့လင် ဒေါသထွက်သွားသည်။

ရှောက်ယင်းက ခေါင်းယမ်းပြပြီး သူမက ပြောလိုက်သည်။

"ငါ သတ်ချင်ပေမဲ့ သူက အသုံးဝင်သေးတယ်... ဖေးလော့ထျန်းက သူ့ကို စောင့်ကြည့်နေလိမ့်မယ်... ပြီးတော့ တာအိုဆွေးနွေးပွဲက အစီအစဥ်အတိုင်း ဆက်လုပ်မယ်... အချိန်တန်ရင် ငါတို့က ဂိုဏ်းလေးဂိုဏ်းလုံးကို အမြစ်ပြတ် သုတ်သင်ပစ်မယ်... ပြီးတော့ မဟာလော့ဓားဂိုဏ်းက သူတို့ရဲ့ လုပ်ငန်းတွေကို လွှဲပြောင်းယူမယ်... အဲ့ဒါက အပြာရောင်ဂိုဏ်းက တပည့်တွေ စုဝေးမှုရဲ့ အစပဲ..."

အပြာရောင်ဂိုဏ်းလား...

လုရန် အကြမ်းဖျင်း နားလည်လိုက်သည်။ ဤသည်မှာ သူ့ကို ဘိုးဘေးအဖြစ်ထားရှိသော အပြာရောင်ကြယ်မှ ဂိုဏ်းကို ရည်ညွှန်းခြင်းပင်။

"ဖေးလော့ထျန်း... မင်းရဲ့ စီနီယာအစ်ကိုလား... အဲ့ဒီကောင်လေးလည်း အဲ့ဒီမှာ ရှိနေတာလား..."

လုရန်၏ မျက်လုံးများ တောက်ပသွားသည်။

"ဆရာ... ဖေးလော့ထျန်းက ကျွန်မရဲ့ ဂျူနီယာမောင်လေးလေ..."

ရှောက်ယင်းက လုရန်ကို မျက်စောင်းထိုးကြည့်ပြီး ပြောလိုက်သည်။

ဤမျက်စောင်းထိုးကြည့်သည့် လုပ်ရပ်လေးပင်လျှင် ဆွဲဆောင်မှုအပြည့် ရှိနေသည်။

"အဟမ်း... အဟမ်း... အဲ့... အဲ့ဒီလိုလား... ဒါဆို ငါ မှတ်မိတာ မှားသွားတာပဲ... ဟားဟား... ဘာပဲဖြစ်ဖြစ် မင်းနဲ့ငါက မတွေ့ရတာ နှစ်ပေါင်း တစ်သောင်းကျော်နေပြီကိုး..."

လုရန်က အနေရခက်စွာ ပြောလိုက်သည်။

"နှစ်ပေါင်း နှစ်သောင်းသုံးထောင် ကိုးရာခုနစ်ဆယ့်လေးနှစ် ရှိပြီ..."

ရှောက်ယင်း၏မျက်လုံးထဲတွင် နာကြည်းမှုများ ထင်ဟပ်နေကာ ပြောလိုက်သည်။

"အို..."

လုရန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

ငါ မတတ်နိုင်ဘူး... တပည့်တွေ အရမ်းများတော့ ငါ အဲ့ဒီလောက် တိတိကျကျ မမှတ်မိနိုင်ဘူးလေ...

နံဘေးတွင်ရှိသော စုယွဲ့လင်သည် လုရန်၏ မျက်နှာအမူအရာကြောင့် အသံထွက်၍ ရယ်မောလိုက်သည်။

"ဒီလိုဆိုမှတော့ ငါတို့ ဒီတာအိုဆွေးနွေးပွဲကို သေချာပေါက် ပါဝင်ရမယ်... ရက်က မနက်ဖြန် မဟုတ်လား..."

လုရန်က စကားလမ်းကြောင်းကို အမြန်လွှဲလိုက်သည်။

"မဟုတ်ဘူး... နောက်သုံးရက်နေရင်ပါ..."

စုယွဲ့လင်က ပြောလိုက်၏။

အဘယ်ကြောင့်ဆိုသော် တချို့သော ဂိုဏ်းများသည် ဝေးကွာသောနေရာတွင် တည်ရှိနေသောကြောင့်ပင်။ မဟာလော့ဓားဂိုဏ်းကမူ ထိုနေရာနှင့် အလွန်နီးကပ်ပြီး တစ်ရက်အတွင်း ရောက်ရှိနိုင်သည်။

တချို့ဂိုဏ်းများအတွက်မူ အနည်းဆုံး အချိန်သုံးရက် လိုအပ်သည်။

ရှောက်ယင်းကဲ့သို့ အစွမ်းထက်သူများကမူ ထိုနေရာသို့ ညတွင်းချင်း ရောက်သွားနိုင်ပေ၏။

သွေးလွတ်မြောက်ခြင်းကို အသုံးပြုရန် သူ၏အသက်ကို စွန့်စားပြီး အသက်စွမ်းအင်သွေးများကို စတေးခဲ့သော ရှဲ့ထယ်ယန်ပင်လျှင် တစ်ရက်ခွဲအတွင်း ကျင်းလင်မြို့သို့ ပြန်ရောက်နိုင်သည်။

"ဆရာ... အခု ဆရာက ဘယ်နယ်ပယ်မှာလဲ..."

ရှောက်ယင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

လုရန်သည် အဆင့်မြင့် အင်မော်တယ်နယ်ပယ်၌ ရှိနေပုံရသော်လည်း ဖေးလော့ထျန်း စိတ်ဝိညာဉ်ရှာဖွေမှုမှ ရခဲ့သော အချက်အလက်များအရ သူက ရွှေအင်မော်တယ်များကို ချက်ချင်းသတ်ဖြတ်နိုင်သည်ဟု ဆိုထားပေ၏။

"အဆင့်မြင့် အင်မော်တယ်..."

လုရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ကျင့်ကြံခြင်းနယ်ပယ်များအကြောင်း ပြောရင်း လုရန်သည် ယနေ့ တက်ရောက်စာရင်းသွင်းရန် မေ့နေသေးကြောင်း ရုတ်တရက် သတိရသွားသည်။

ထို့ကြောင့် သူက ပေါ့ပေါ့ပါးပါး တက်ရောက်စာရင်းသွင်းလိုက်၏။

ဒင်...

【တက်ရောက်စာရင်းသွင်းခြင်း အောင်မြင်ပါသည်】

【အိမ်ရှင်အား ကျင့်ကြံခြင်း ဆုလာဘ် ရရှိသည့်အတွက် ဂုဏ်ပြုပါသည်】

【အိမ်ရှင်အား နတ်ဘုရားစွမ်းရည်ဖြစ်သည့် မြေလျှိုးအင်မော်တယ်နည်းစနစ်ကို ရရှိသည့်အတွက် ဂုဏ်ပြုပါသည်】

"အဆင့်မြင့် အင်မော်တယ်နယ်ပယ်..."

ရှောက်ယင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

သူက တကယ်ပဲ အဆင့်မြင့် အင်မော်တယ်နယ်ပယ်မှာလား...

အဆင့်မြင့် အင်မော်တယ်နယ်ပယ်က လူတစ်ယောက်က ဘယ်လိုလုပ် ရွှေအင်မော်တယ်ကို ချက်ချင်း သတ်နိုင်မှာလဲ... ပြီးတော့ သူက သစ်ကိုင်းကို သုံးပြီး သူတို့ထဲက အများကြီးကို ချက်ချင်းသတ်ခဲ့တာလေ...

သူမ တီးတိုးရေရွတ်နေစဉ်မှာပင်...

လုရန်၏ခေါင်းနောက်တွင် ကောင်းမှုကုသိုလ်၏ ခရမ်းရောင်ချီ ရုတ်တရက် ထွက်ပေါ်လာသည်။

သူ၏နံဘေးပတ်ဝန်းကျင်ရှိ လူများသည် အံ့အားသင့်သွားကြ၏။

လုရန် ဘာလုပ်နေတာလဲဟု သူတို့ တွေးနေစဉ်မှာပင်...

ဝှစ်...

ချီလှိုင်းတစ်ခုက အပြင်ဘက်သို့ ပြန့်ကျဲသွားသည်။

လုရန်၏ခေါင်းနောက်ရှိ ကောင်းမှုကုသိုလ်၏ ခရမ်းရောင်ချီသည် လျှင်မြန်စွာ စုစည်းသွားပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ရွှေရောင်ကောင်းမှုကုသိုလ်စက်ဝန်းအဖြစ် ပြောင်းလဲသွားတော့သည်။

သူ ယခု ရွှေအင်မော်တယ် ဖြစ်သွားလေပြီ။

လူတိုင်း ဆွံ့အသွားကြ၏။

စကားပြောနေရင်းနဲ့ပဲ ပေါ့ပေါ့ပါးပါး ရွှေအင်မော်တယ် ဖြစ်သွားတာလား...

အဲ့ဒါက တရားလွန်လွန်းတယ်...

All Chapters