← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉: ချင်းရှီမြို့

လုရန်သည် မူလက လင်းပေါင်အာနှင့်အတူ ကျောက်စိမ်းနဂါးတောင်ကြားသို့ တိုက်ရိုက်သွားရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် မြို့တစ်မြို့ကို ဖြတ်သန်းသွားစဉ် မိုးကြိုးမီး ရထားလုံး၏အမြန်နှုန်း ရုတ်တရက် နှေးသွားသည်။

ထိုအရာကို လုရန်က မောင်းနှင်နေခြင်း ဖြစ်ပေ၏။

သူသည် အောက်ဘက်ရှိမြို့ကို ဇဝေဇဝါဖြင့် ငုံ့ကြည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ ချဉ်းကပ်လာသည်နှင့် တစ်ပြိုင်နက် လုရန်သည် ရင်းနှီးသော စွမ်းအားအတက်အကျတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသောကြောင့်ပင်။

ဤသည်က အလွန်အားမကောင်းသော်လည်း လုရန်က ထိုအရာကို ခံစားမိနေဆဲဖြစ်သည်။ ဤသည်မှာ သူ၏ စိတ်ဝိညာဥ်အမှတ်အသားပင်။

"ငါ့ရဲ့ စိတ်ဝိညာဥ်အမှတ်အသားက ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ..."

လုရန် အနည်းငယ် အံ့အားသင့်သွားသည်။

သူ ဤမြို့သို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသည်မှာ သေချာပေ၏။

ထိုကြောင့် ဖြစ်နိုင်ခြေ တစ်ခုသာ ကျန်ရှိတော့သည်။ ဤမြို့အတွင်းတွင် သူ အောက်ဘုံမှ ပေးအပ်ခဲ့သော မှော်ရတနာတစ်မျိုးမျိုးကို သယ်ဆောင်လာသည့် သူ၏တပည့်တစ်ယောက် ရှိနေသည်။

ဤအချက်ကို တွေးမိသောအခါ...

လုရန်၏ အတွေးတစ်ချက်နှင့်အတူ မိုးကြိုးမီး ရထားလုံးသည် အောက်သို့ထိုးဆင်းသွားပြီး မြို့၏ အနောက်ဘက်တံခါး အပြင်ဘက်တွင် ဆင်းသက်လိုက်သည်။

လုရန်သည် ထိုအမှတ်အသား၏အရှိန်အဝါရှိရာသို့ လိုက်သွားရန် ရည်ရွယ်ကာ သူ၏ခြေထောက်ကို မြှောက်လိုက်သော်လည်း လင်းပေါင်အာသည် သူ၏နံဘေးတွင် မလှုပ်မယှက် မတ်တတ်ရပ်နေသည်ကို သူ ရုတ်တရက် သတိထားလိုက်မိသည်။

သူ ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်၏။

ယခုအချိန်တွင် လင်းပေါင်အာ၏ မျက်နှာအမူအရာ ထိတ်လန့်နေပြီး သူမ၏လက်ငယ်လေးများကို ဆုပ်ထားကာ အနည်းငယ် ကြောက်ရွံ့နေပုံရသည်။

လုရန်က အံ့အားသင့်သွားပြီး မေးလိုက်သည်။

"မင်း အရင်က ဒီနေရာကို ရောက်ဖူးလား..."

"ချင်းရှီမြို့... ကျွန်မရဲ့အမေက မြို့အဝင်ဝက ဘုရားကျောင်းပျက်ထဲမှာ ကျွန်မကို မွေးဖွားခဲ့တာ... ပြီးတော့ ကျွန်မ ငယ်ငယ်တုန်းက ဒီမှာပဲ ကြီးပြင်းခဲ့တာ..."

လင်းပေါင်အာက တွန့်ဆုတ်စွာ ပြောလိုက်၏။

အို...

လုရန် အနည်းငယ် အံ့အားသင့်သွားသည်။

ဤမျှထိ တိုက်ဆိုင်နေသည်လော...

ဤသည်မှာ အမှန်အားဖြင့် လင်းပေါင်အာ၏ ဇာတိမြို့ ဖြစ်နေသလော...

သို့သော် လင်းပေါင်အာ၏ အသွင်အပြင်ကို ကြည့်ရသည်မှာ ဤနေရာသည် ရိုးရှင်းသော ဇာတိမြို့တစ်ခုထက် ပိုနေပုံရသည်။

လုရန်၏ဇဝေဇဝါဖြစ်မှုကို သူမ မြင်သွားပုံရသည်။

ပေါင်အာက ပြောဆိုသည်။

"အမေ သေသွားပြီးတဲ့နောက် သူတို့က ကျွန်မကို ချင်းရှီမြို့ကနေ မောင်းထုတ်ခဲ့တယ်... ဘုရားကျောင်းပျက်က ဟိုဘက်မှာ ရှိတယ်..."

သူမက လက်ညှိုးထိုးပြလိုက်ရာ လုရန်သည် မြို့အဝင်ဝလမ်းဘေးရှိ မြေကွက်လပ်တစ်ခုပေါ်ရှိ ဘုရားကျောင်းပျက်ကို တွေ့လိုက်ရသည်။

အမှန်အားဖြင့် ဤသည်ကို ဘုရားကျောင်းပျက်တစ်ခုအဖြစ်ပင် မသတ်မှတ်နိုင်တော့ချေ။ နံရံတစ်ခု ပြိုကျနေပြီး ပေါင်းပင်များ ဖုံးလွှမ်းနေကာ ယိုယွင်းပျက်စီးနေပြီး အချိန်အတော်ကြာအောင် မည်သူမျှ မထိတွေ့ထားပုံရသည်။

ပေါင်အာ မောင်းထုတ်ခံရသည့် အကြောင်းရင်းနှင့် ပတ်သက်၍မူ ဤသည်က သူမတို့လီမျိုးနွယ်၏ ထူးခြားသော စွမ်းရည်များကြောင့် ဖြစ်နိုင်ချေရှိသည်။

"ဒီနေမှာ ငါ တစ်ခုခု ရှာဖို့လိုတယ် ပေါင်အာ... ဒီမှာပဲ ငါ့ကို စောင့်နေ..."

လုရန်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

ဤနေရာသည် သူမအတွက် ဆိုးရွားသော အမှတ်တရများကို ပြန်လည်ယူဆောင်လာမည် ဖြစ်သောကြောင့် လုရန်သည် အထဲဝင်၍ သူကိုယ်တိုင် အလျင်အမြန် ရှာဖွေရန် ရည်ရွယ်လိုက်သည်။

သို့သော် ထိုစကားကိုကြားချိန်၌ ပေါင်အာ၏မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူမက အလျင်အမြန် ရှေ့တက်ကာ လုရန်၏ လက်ကို ဆုပ်ကိုင်ပြီး ခေါင်းခါယမ်းလိုက်၏။

သူမသည် လုရန်နှင့်ခွဲခွာရန် လုံးဝဆန္ဒမရှိပုံရသည်။

"ဘာလဲ... ငါ ထွက်ပြေးသွားမှာ ကြောက်လို့လား..."

လုရန်က လင်းပေါင်အာ၏ စိတ်အခြေအနေကို သက်သာစေရန် ရည်ရွယ်ကာ နောက်ပြောင်လိုက်သည်။

"ကျွန်မ... ကျွန်မ မကြောက်ပါဘူး..."

လင်းပေါင်အာ၏ ပါးပြင်များ နီရဲသွားသည်။

အမှန်အားဖြင့် လုရန် အလွန်အမင်း သိချင်နေပေ၏။ လီမျိုးနွယ်ဝင်များသည် သေရမည့် ကံကြမ္မာရှိသော်လည်း သူတို့ မသေမီ မည်သည့်အရာကမျှ သူတို့ကို မသတ်နိုင်ချေ။

ဤမြို့လေးတစ်မြို့က ပေါင်အာကို မောင်းထုတ်ရန် မည်ကဲ့သို့ သတ္တိမျိုး ရှိနေသနည်း။

တခြားအရာများကို မဆိုထားနှင့် အကယ်၍ ပေါင်အာ တစ်အိမ်တက်ဆင်း သွားလာခဲ့လျှင်ပင် ဤမြို့ထဲတွင် မည်သူက ခံနိုင်ရည်ရှိမည်နည်း။

"ဒါဆို အတူတူ ဝင်သွားကြတာပေါ့... ငါ့ရဲ့ဘေးမှာပဲ နေ..."

လုရန်က ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသား မြို့ထဲသို့ ဝင်သွားကြ၏။

ဤသည်မှာ မြို့ငယ်လေးတစ်မြို့ဖြစ်ပြီး အဓိက အင်ပါယာလမ်းမကြီးပေါ်တွင် မရှိသောကြောင့် လူအများအပြား မရှိပေ။

လမ်းမများပေါ်တွင်သာ လူများစည်ကားနေသည်။

သို့သော် ထိုသို့ဖြစ်သည့်တိုင် ပေါင်အာသည် သူမ၏ ပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်ရင်း အလွန် သတိထား၍ လမ်းလျှောက်နေသည်။ လူတစ်ယောက် နီးကပ်လာတိုင်း သို့မဟုတ် ဖြတ်သွားတိုင်း သူမသည် တတ်နိုင်သမျှ ရှောင်ရှားရန် ကြိုးစားပေ၏။

အဘယ်ကြောင့်ဆိုသော် သူမကို ထိမိပါက တခြားသူများ မည်သို့ဖြစ်သွားမည်ကို သူမ သိသောကြောင့်ပင်။

လုရန် သူမကို ထိန်းချုပ်ထားစဉ်ကဲ့သို့ မဟုတ်ပါက ပေါင်အာသည် အကျိုးဆက်များကို ဂရုမစိုက်ဘဲ စိတ်ရိုင်းဝင်သွားပေမည်။

ထိုအရှိန်အဝါနောက်သို့လိုက်၍​...

မကြာမီ သူတို့နှစ်ဦးသား စားသောက်ဆိုင်တစ်ဆိုင်၏ အဝင်ဝသို့ ရောက်ရှိလာကြသည်။

"အရှိန်အဝါကက ဒီအထဲမှာပဲ..."

လုရန်က တီးတိုးရေရွတ်လိုက်သည်။

ဤနေရာတွင် ရပ်နေသည်၌ပင် အရှိန်အဝါက ပို၍အားကောင်းနေသည်။ ထိုအရာသည် သူ၏ စိတ်ဝိညာဥ် အမှတ်အသား ဖြစ်သည်မှာ သေချာနေကာ သံသယဖြစ်ဖွယ် မလိုတော့ချေ။

သူတို့နှစ်ဦးသား စားသောက်ဆိုင်ထဲသို့ ဝင်သွားကြ၏။

"ပေါင်အာ... ဒီနေရာမှာ ထိုင်ပြီး ငါ့ကို စောင့်နေနော်..."

လုရန်က ပေါင်အာကို အဝင်ဝနားရှိ စားပွဲတစ်လုံးတွင် နေရာချပေးလိုက်သည်။

ထို့နောက် သူသည် ခြေလှမ်းအနည်းငယ် လျှောက်လှမ်းသွားပြီး ဒုတိယထပ်သို့ သွားသော လှေကားထစ်သို့ ရောက်ရှိသွားသည်။

ထိုအရှိန်အဝါသည် ဒုတိယထပ်တွင် ရှိနေကြောင်း သူ ခံစားနိုင်ပေ၏။

သို့သော် လုရန် အပေါ်တက်ရန် ခြေလှမ်းပြင်လိုက်ချိန်မှာပင်....

သူ၏နောက်မှ အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"အို... ဒါက အဲ့ဒီအဆိပ်ကောင်မလေး မဟုတ်လား... မင်းက ပြန်လာရဲသေးတာလား..."

သူ လှည့်ကြည့်လိုက်သည်။

အရက်သောက်နေသော လူငယ် ငါးဦး သို့မဟုတ် ခြောက်ဦးသည် လင်းပေါင်အာကို မြင်သောအခါ မတ်တတ်ရပ်ကာ ဆဲဆိုကြိမ်းမောင်းနေကြ၏။

လင်းပေါင်အာ၏ မျက်နှာအမူအရာ ချက်ချင်း တင်းမာသွားပြီး သူမ မသိစိတ်အရ မတ်တတ်ရပ်ကာ လုရန်ဆီသို့ အမြန်လျှောက်လှမ်းသွားလိုက်သည်။

သို့သော် လမ်းတစ်ဝက်မှာပင်။

ဘုန်း...

စိတ်ဝိညာဉ်စွမ်းအား လှိုင်းလုံးတစ်ခုသည် သူမဆီသို့ တိုက်ရိုက်ပြေးဝင်လာပြီး လင်းပေါင်အာ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် လွင့်စင်သွားကာ သူမ၏နောက်ရှိ နံရံကို ဝင်တိုက်မိပြီး အောက်သို့ လျှောကျသွားတော့သည်။

သို့သော် သူမ ဒဏ်ရာမရခဲ့ဘဲ မတ်တတ်ထကာ လုရန်ဆီသို့ ဆက်လက်၍ လျှောက်လှမ်းသွားရန် ရည်ရွယ်လိုက်သည်။

လုရန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

အကယ်၍ သူ ပထမဆုံး ကူးပြောင်းလာစဉ်ကဆိုလျှင် လုရန်သည် လူတိုင်းကို ချက်ချင်းသတ်ဖြတ်မိပေမည်။

သို့သော် အောက်ဘုံရှိ နှစ်ပေါင်းတစ်သိန်းအတွင်း သူသည် တပည့်ငယ်လေးများစွာကို လက်ခံခဲ့ပြီး လုရန် သူတို့ကို ခေါ်သွားချိန်တွင် သူတို့ထဲမှ အများစုမှာ သေမင်း၏ခံတွင်းဝတွင် ရုန်းကန်နေကြရသည်။

အားနည်းသူများက အားကြီးသူများ၏ သားကောင်ဖြစ်ရသော ဤလောကကို မှန်ကန်စွာ ရင်ဆိုင်နိုင်ရန် ထိုတပည့်ငယ်လေးများကို မည်သို့ သင်ကြားပေးရမည်အား သူ သိထားသည်။

"ဘာလဲ... ပြေးချင်သေးတာလား... အရင်တုန်းက မင်းကို ငါတို့ ကောင်းကောင်း မဆုံးမခဲ့ဘူးလား..."

"အဆိပ်ကောင်မလေး... အသက်ရှင်နေတဲ့ အလောင်းကောင်... ချင်းရှီမြို့က မိစ္ဆာတွေကို မလိုချင်ဘူး..."

"အတော်ပဲ... ငါတို့ ပျင်းနေတာနဲ့ မင်းက ကိုယ့်ဘာသာကိုယ် ငါတို့ဆီ ရောက်လာတာပဲ..."

...

လူငယ် အနည်းငယ်သည် သူမကို ဝိုင်းရံထားပြီး စကားများ ဆက်တိုက်ပြောဆိုနေကြသည်။

သို့သော် ရယ်စရာကောင်းသည်မှာ ဤလူငယ်များသည် အခြေခံတည်ဆောက်ခြင်း နယ်ပယ်တွင်သာ ရှိနေခြင်းပင်။

လင်းပေါင်အာကမူ ရွှေအမြုတေနယ်ပယ်တွင် ရှိနေပေ၏။

တစ်ချိန်တည်းမှာပင် ဤနေရာမှ အခြေအနေသည် စားသောက်ဆိုင်ရှိ တခြားစားသောက်နေသူများ၏ အာရုံစိုက်မှုများကိုလည်း ဆွဲဆောင်သွားခဲ့သည်။

သို့သော် မည်သူမျှ ဝင်မပါကြပေ။ ထိုအစားထိုး သူတို့အားလုံးသည် ထိုမြင်ကွင်းကို အရသာခံကာ စောင့်ကြည့်နေကြ၏။

ပေါင်အာ၏ သေးငယ်သော ခန္ဓာကိုယ်လေးသည် သူမ၏နောက်ရှိ နံရံကို ဖိကပ်ထားသည်။ ထိုလူများကို ထိတ်လန့်စွာ ကြည့်ရင်း သူမက ပြောဆိုသည်။

"ကျွန်မ... ကျွန်မ မကြာခင် ထွက်သွားပါ့မယ်... ကျွန်မကို မရိုက်ပါနဲ့... မဟုတ်ရင် ကျွန်မ... ကျွန်မ..."

"မဟုတ်ရင် ဘာဖြစ်လဲ... သောက်ကျိုးနည်း... မင်းက အခု ငါတို့ကို ခြိမ်းခြောက်နေတာလား... မင်းလို တိရစ္ဆာန်လေးက..."

ခေါင်းဆောင်လူငယ် ဒေါသထွက်သွားသည်။

သူသည် သူ၏ ကျောမှ ဓားရှည်ကို ဆွဲထုတ်ကာ တွန့်ဆုတ်ခြင်းမရှိဘဲ သူမ၏ခေါင်းကို ခုတ်ပိုင်းလိုက်သည်။

ပြင်းထန်သော ဓားချီသည် ထိုအရာ၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး လင်းပေါင်အာ၏ရှေ့ရှိ စားပွဲကို ရိုက်ချိုးကာ သူမ၏ ခန္ဓာကိုယ်ကို ထိမှန်သွားပေ၏။

ရလဒ်အနေဖြင့် လင်းပေါင်အာသည် လုံးဝအထိအခိုက်မရှိခဲ့သော်လည်း သူမ၏နောက်ရှိ နံရံသည် ဓားချီကြောင့် တိုက်ရိုက်အက်ကွဲသွားတော့သည်။

လင်းပေါင်အာ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားပြီး သူမက နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။

သူမ၏ရှေ့ရှိ လူငယ် အနည်းငယ်သည် တစ်လှမ်းချင်း ချဉ်းကပ်လာပြီး သူတို့သည် ကြောက်မက်ဖွယ်ကောင်းပုံရသော်လည်း သူတို့ကိုယ်တိုင် အလွန်သတိထားနေကြ၏။

ပေါင်အာကို ထိမိခြင်း၏ အကျိုးဆက်များကို သူတို့ သိထားသဖြင့် သူတို့က ထိန်းချုပ်ထားကြသည်။ ပေါင်အာ နီးကပ်လာတိုင်း သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော အမူအရာများ ချက်ချင်းပျောက်ကွယ်သွားပြီး သူတို့က အလျင်စလို နောက်ဆုတ်ပြေးကြတော့သည်။

လုရန်က သူ၏စိတ်နှလုံးသားထဲတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။

သူ ဤကိစ္စကို အနည်းငယ် ရယ်စရာကောင်းသည်ဟု တွေးထင်မိသည်။

ရယ်စရာကောင်းသည့်အချက်မှာ စွမ်းအားအရ ဤလူများသည် ပေါင်အာ၏အောက်တွင် ရှိနေခြင်းပင်။

စွမ်းရည်အရဆိုလျှင် ပေါင်အာက သူတို့ကို တစ်ကြိမ်ထိတွေ့လိုက်သည်နှင့် သေဆုံးသွားကြမည်။

ထိုသို့ဆိုသည့်တိုင် ပေါင်အာကို အနိုင်ကျင့်နေသူများမှာ သူတို့ပင် ဖြစ်နေကြသည်။

သူတို့နှစ်ဦး မြို့ထဲသို့ဝင်လာကတည်းက သူမကို ထိမိ၍ သေဆုံးသွားသော လူများစွာကို သူမ မြင်ဖူးသောကြောင့် ပေါင်အာသည် တခြားသူများနှင့် ထိတွေ့ခြင်းကို တမင်ရှောင်ရှားနေကြောင်း လုရန် သတိထားမိခဲ့သည်။

လုရန်က သူမကို လှောင်ပိတ်ထားစဥ်ကကဲ့သို့ သူမ ထိန်းချုပ်ခံထားရခြင်းမှလွဲ၍ ရွေးချယ်စရာမရှိသည့် အခြေအနေမျိုး မဟုတ်ပါက သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ ထွက်ပြေးရန်ပင်။

တစ်ချိန်တည်းမှာပင် လုရန်သည်လည်း ဇဝေဇဝါ ဖြစ်နေပေ၏။

ကလေးဘဝကတည်းက အနိုင်ကျင့်ခံခဲ့ရချိန်များတွင် လင်းပေါင်အာသည် တစ်ကြိမ်တစ်ခါမျှ စိတ်မလွတ်ခဲ့ဖူးသလော...

အဘယ်ကြောင့်ဆိုသော် သူမသာ တစ်ကြိမ်ခန့် လုပ်ခဲ့ဖူးလျှင် မည်သူကမျှ သူမကို ဤကဲ့သို့ အနိုင်ကျင့်ရဲမည် မဟုတ်ပေ။

ဤလူငယ်များသည် ပေါင်အာ၏အနီးသို့ ရောက်လုနီးပါး ဖြစ်နေချိန်မှာပင် လုရန်သည် တိုက်ရိုက် လက်ဆန့်တန်းကာ သူတို့ထဲမှ တစ်ယောက်ကို ဘေးသို့ တွန်းဖယ်ပြီး အတင်းအကြပ် တိုးဝင်သွားတော့သည်။

သူသည် ပေါင်အာ၏နံဘေးသို့ ရောက်ရှိသွားပြီး သူမ၏လက်ကို ဆုပ်ကိုင်လိုက်၏။

ပေါင်အာ၏ တုန်ရီနေသော ခန္ဓာကိုယ် ချက်ချင်း ငြိမ်သက်သွားပြီး သူမက လုရန်ကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။

တခြားသူများအားလုံး အံ့အားသင့်သွားကြသည်။

သူတို့၏ကိစ္စများတွင် တစ်စုံတစ်ယောက် ဝင်ပါခြင်းမှာ သာမန်သာဖြစ်သည်။

ယခင်က ပေါင်အာနှင့် သူမ၏ မိခင် ချင်းရှီမြို့တွင် အနိုင်ကျင့်ခံရစဉ်က ကြင်နာတတ်သော လူများ ထွက်ပေါ်လာခဲ့သည်တော့ မဟုတ်ချေ။

သို့သော် လင်းပေါင်အာကို တစ်စုံတစ်ယောက်က ရဲရဲတင်းတင်း ထိတွေ့ဝံ့သည်ကို သူတို့ မြင်တွေ့ရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင်။

ဤမိန်းကလေးသည် လီမျိုးနွယ်မှ လူတစ်ယောက်ပင်။

ထို့ပြင် သူတို့ကို ကြည့်ရသည်မှာ လုံးလုံးလျားလျား အဆင်ပြေနေပုံရသည်။

ဖြစ်နိုင်သည်မှာ ဤလူသည်လည်း လီမျိုးနွယ်ဝင် ဖြစ်နေသလော...

"ဒီလိုကိုး... မင်းက မျိုးနွယ်တူ တိရစ္ဆာန်တစ်ကောင်ကို ခေါ်လာတာကိုး... ဒါကြောင့် ပြန်လာရဲတာပေါ့..."

ဝီ...

သူ စကားမဆုံးခင်မှာပင် လုရန်၏ခေါင်းနောက်တွင် အရာဝတ္ထုတစ်ခုကဲ့သို့ အစိုင်အခဲဖြစ်နေပုံရသော ရွှေရောင်ကောင်းမှုကုသိုလ်စက်ဝန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသူများအားလုံး တပြိုင်နက်တည်း အသက်ရှူမှားသွားကြတော့သည်။

"အင်... အင်မော်တယ်..."

ထို့ပြင် ရွှေရောင်ကောင်းမှုကုသိုလ်စက်ဝန်းရှိသော ရွှေအင်မော်တယ်တစ်ဦး ဖြစ်နေသည်။

လီမျိုးနွယ်ဝင်များသည် အသက်ဆယ့်ရှစ်နှစ်တွင် သေဆုံးရသည် မဟုတ်လော...

မည်သည်ကြောင့် အင်မော်တယ်တစ်ဦး ထွက်ပေါ်လာနိုင်မည်နည်း...

အကြောက်တရားသည် လက်ရှိနေရာတွင် ရှိနေသူတိုင်း၏ စိတ်နှလုံးသားများကို ချက်ချင်းဖုံးလွှမ်းသွားတော့သည်။

ရွှေအင်မော်တယ်တစ်ဦးကို ရန်စခြင်းနှင့် ပေါင်အာကို အနိုင်ကျင့်ခြင်း...

ဤသည်မှာ သေလမ်းကို ရှာနေခြင်း မဟုတ်လျှင် တခြားမည်သည့်အရာ ဖြစ်နိုင်မည်နည်း....

ရွှေအင်မော်တယ်တစ်ဦးက လေတစ်ချက် မှုတ်လိုက်ရုံဖြင့် သူတို့သည် အကြိမ်တစ်ရာခန့် သေဆုံးသွားပေမည်။

လုရန်သည် နောက်လှည့်မကြည့်ဘဲ ဆောင့်ကြောင့်ထိုင်လိုက်၏။

သူသည် လက်ဆန့်တန်းကာ ပေါင်အာ၏ အနည်းငယ် ရှုပ်ပွနေသော ဆံပင်များကို သပ်တင်ပေးပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူက ညင်သာစွာ ပြောဆိုသည်။

"အဲ့ဒါကို မြင်လား... စွမ်းအားကသာ သူတို့ကို ပါးစပ်ပိတ်သွားစေမှာ... အစကနေ အဆုံးအထိ ကြောက်ရွံ့မှုကို ခံစားရသင့်တာက မင်းမဟုတ်ဘဲ သူတို့ပဲဆိုတာကို မင်း နားလည်ရမယ်..."

All Chapters