← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀: ရှေးဟောင်းအသံ လက်ကောက်

ပေါင်အာက သူမ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသော လုရန်ကို ငေးမောကြည့်နေသည်။

လုရန်က နောက်လှည့်ကာ ပေါင်အာကို သူ၏ဘေးသို့ ဆွဲခေါ်လိုက်ပြီး သူတို့၏ရှေ့ရှိ လူများကို ကြည့်လိုက်၏။

သူက ဆက်ပြောသည်။

"မင်းရဲ့ အမေကို ငါ တစ်ခါမှ မတွေ့ဖူးပေမဲ့ မင်းရဲ့ တွေးခေါ်ပုံက သူဆီကနေ လာတာ ဖြစ်နိုင်တယ်... ချင်းရှီမြို့က မင်းနဲ့ မင်းအမေရဲ့ ဘဝက သိပ်မလွယ်ကူခဲ့ဘူး မဟုတ်လား..."

ပေါင်အာ၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး လုရန် ကိုင်ထားသော လက်သေးသေးလေး တင်းကြပ်သွားတော့သည်။

လုရန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပေ၏။

သံပူတုန်း ရိုက်သည့်အနေဖြင့် သူက ပြောလိုက်သည်။

"ဒီလူတွေရဲ့ မျက်နှာတွေကို ကြည့်စမ်း... သူတို့က မင်းနဲ့ မင်းအမေကို ဘယ်လို အနိုင်ကျင့်ခဲ့လဲ ဆိုတာ စဉ်းစားကြည့်..."

"ပြီးတော့ အရင်တုန်းက ချင်းရှီမြို့ကနေ မင်းကို သူတို့ ဘယ်လို မောင်းထုတ်ခဲ့လဲဆိုတာ စဉ်းစားကြည့်..."

"သူတို့ အသက်ရှင်မလား သေမလားဆိုတာကို မင်းက ဂရုစိုက်ပေမဲ့ သူတို့ကတော့ မင်းကို ဘယ်တော့မှ ဂရုစိုက်မှာ မဟုတ်ဘူး..."

"ဒါက လောကကြီးရဲ့ သဘာဝပဲ... ခွန်အားရှိတဲ့သူက အရာအားလုံးကို ဆုံးဖြတ်တယ်..."

"သူတို့က မင်းကို ဘာမှလုပ်လို့ မရဘူး... ဒါပေမဲ့ သူတို့ရဲ့ ကံကြမ္မာတွေကို မင်းက လွယ်လွယ်ကူကူ ဆုံးဖြတ်နိုင်တယ်..."

...

လုရန် ပြောလိုက်သော စကားလုံးတိုင်းနှင့်အတူ ပေါင်အာ၏မျက်လုံးများထဲရှိ အကြည့်သည် ရှုပ်ထွေးပြီး ဇဝေဇဝါဖြစ်နေမှုမှ တဖြည်းဖြည်း ပြတ်သားလာတော့သည်။

သူမက လုရန်ကို လှည့်ကြည့်လိုက်၏။ သူတို့၏အကြည့်ချင်း ဆုံသွားပြီး လုရန်က ခေါင်းညိတ်ပြလိုက်သည်။

သူက ပေါင်အာ၏ပခုံးကို ပုတ်ကာ ပြောဆိုသည်။

"ဒါကို မင်း ရှင်းလိုက်... ငါ တစ်ခုခု သွားရှာလိုက်ဦးမယ်..."

ထိုသို့ပြောပြီးနောက် သူ၏ခန္ဓာကိုယ် လှုပ်ရှားသွားပြီး နေရာမှ ပျောက်ကွယ်သွားတော့သည်။

လုရန် ပျောက်ကွယ်သွားပြီးနောက်....

သူတို့၏ရှေ့ရှိလူများနှင့် ကြည့်ရှုနေသူများအားလုံး အချင်းချင်း ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့သည် မတ်တတ်ရပ်ကာ ပြင်ပသို့ အပြေးအလွှား ထွက်သွားကြတော့သည်။

ရွှေအင်မော်တယ်တစ်ဦးက သူတို့ကို ကြောက်ရွံ့စေသော်လည်း ကျန်ရစ်ခဲ့သော ပေါင်အာကမူ ထိုသို့ မဖြစ်စေချေ။

ဤသည်မှာ အချိန်ကြာမြင့်စွာ ဖြစ်တည်လာခဲ့သော အလေ့အကျင့်တစ်ခုပင်။

သို့သော် ထိုအချိန်မှာပင်...

ပေါင်အာက သူမ၏လက်ကို ရုတ်တရက် မြှောက်လိုက်သည်။

ဘုန်း...

စားသောက်ဆိုင်၏ရှေ့တံခါး ဝုန်းခနဲ ပိတ်သွားတော့သည်။

လူတိုင်း အံ့အားသင့်သွားပြီး ပေါင်အာကို ကြည့်လိုက်ကြ၏။

ယခုအချိန်တွင် ပေါင်အာ၏မျက်လုံးများ တည်ငြိမ်နေပြီး သူမ၏မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားလေပြီ။

"ပေါင်အာ... ငါ... ငါတို့က စောစောက နောက်နေတာပါ... မင်း... မင်း စိတ်လိုက်မာန်ပါ မလုပ်နဲ့နော်..."

အစောပိုင်းက သူတို့ကို ဦးဆောင်ခဲ့သော လူငယ်က အလျင်အမြန် ပြောလိုက်သည်။

တခြားသူများသည်လည်း ပေါင်အာကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။

ပေါင်အာကို အနိုင်ကျင့်ရသည်မှာ ကျင့်သားရနေသဖြင့် သူတို့သည် အားနည်းသူများ ဖြစ်နေကြောင်း မေ့သွားပုံရသည်။

...

လုရန်သည် ဒုတိယထပ်စင်္ကြန်လမ်းတွင် ထွက်ပေါ်လာပေ၏။ အရှိန်အဝါအတိုင်းလိုက်၍ သူက စင်္ကြန်အဆုံးရှိ သီးသန့်အခန်းတစ်ခုသို့ ရောက်ရှိသွားသည်။

အောက်ထပ်၌ အော်ဟစ်သံများနှင့် ဆူညံပွက်လောရိုက်မှုများ စတင်နေလေပြီ။

လုရန်၏နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီးနောက် သူ တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။

စိတ်ဝိညာဥ်အမှတ်အသား၏ တည်နေရာမှာ ဤသီးသန့်အခန်းထဲတွင် ဖြစ်နေသည်။

တံခါးဖွင့်သံက အတွင်းရှိ လူအနည်းငယ်၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။

အခန်းအတွင်း၌ လူလေးယောက် အတူတကွ ထိုင်နေကြ၏။ သေသပ်လှပစွာ ဖန်တီးထားသော လက်ကောက်တစ်ကွင်းကို လက်ထဲတွင် ကိုင်ထားသော ပြတင်းပေါက်အနီးရှိ ဘယ်ဘက်မှ လူတစ်ယောက်ကို လုရန် ချက်ချင်းမြင်တွေ့လိုက်ရသည်။

"ဘာလုပ်နေတာလဲ... ဒါက သီးသန့်အခန်းလေ... ဘယ်သူက မင်းကို အထဲပေးဝင်တာလဲ..."

သူတို့ထဲမှ တစ်ယောက်က အော်ငေါက်လိုက်သည်။

လုရန်သည် သူ့ကို ဂရုမစိုက်နိုင်ပေ။

သူက ဘယ်ဘက်မှလူဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားပြီး ထိုလူ၏လက်ထဲရှိ လက်ကောက်ကို စိုက်ကြည့်လိုက်သည်။

လုရန်၏မျက်နှာအမူအရာ ချက်ချင်းသုန်မှုန်သွားတော့သည်။

ထိုလက်ကောက်ကို သူ မှတ်မိပေ၏။ ဤသည်မှာ ထန်ယင်းရော့၏ပစ္စည်းပင်။

ဤသည်က သူ မတိုင်မီ တစ်ရက်အလိုက အထက်ဘုံသို့ တက်လှမ်းသွားခဲ့သော သူ၏ အငယ်ဆုံး တပည့် ထန်ယင်းရော့ ပိုင်ဆိုင်သောအရာ ဖြစ်နေသည်။

ဤသည်မှာ လုရန် အချိန် နှစ်သုံးဆယ်ယူ၍ ဖန်တီးခဲ့ပြီး ထန်ယင်းရော့ အထက်ဘုံသို့ မတက်လှမ်းမီ သူမကို ပေးခဲ့သော ရှေးဟောင်းအသံလက်ကောက်ပင်။

မိုးကြိုးချိုကျား၏ချိုများမှ သွေး၍ ပြုလုပ်ထားသော ပုတီးစေ့ငါးလုံးပေါ်တွင် အကာအကွယ်ဝင်္ကပါ ငါးခု ထွင်းထုထားသည်။

ထိုအရာများကို ကြိုတင်ထွင်းထုပြီး စွမ်းအားများ ဖြည့်တင်းထားသောကြောင့် စိတ်ဝိညာဉ်နယ်မြေတွင်ပင် ထိုအရာကို အသုံးပြုနိုင်သည်။

သို့သော် ယခုအချိန်တွင် ပုတီးစေ့ငါးလုံးအနက် နှစ်လုံးသည် ကွဲကြေနေလေပြီ။

မူလက လုရန်သည် ဝတ်ဆင်သူ သေစေလောက်သော တိုက်ခိုက်မှု ခံရသည့်အချိန်တွင်သာ ထိုလက်ကောက်ကို အလိုအလျောက် အသုံးပြုနိုင်ရန် သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

ယခု ပုတီးစေ့နှစ်လုံး ကွဲကြေနေပြီဖြစ်ရာ ဤလက်ကောက်သည် ထန်ယင်းရော့ကို သေစေလောက်သော တိုက်ခိုက်မှုနှစ်ခုမှ ကာကွယ်ပေးခဲ့ပြီးဖြစ်ကြောင်း ဆိုလိုသည်။

"ဒီအရာကို မင်း ဘယ်ကရလာတာလဲ..."

လုရန်က လက်ဆန့်တန်းကာ လက်ကောက်ကို ယူပြီး မေးလိုက်၏။

လူငယ် တခဏကြာမျှ အံ့အားသင့်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏လက်ထဲရှိ ရတနာ အလုခံလိုက်ရသည်။

သူ ထိုကိစ္စကို မည်သို့ သည်းခံနိုင်မည်နည်း။

သူ ချက်ချင်းဒေါသထွက်သွားတော့သည်။

"သောက်ကျိုးနည်း... မင်းက တော်တော် သတ္တိရှိတာပဲ... သူ့ရဲ့ခြေထောက်တွေကို အရင်ချိုးလိုက်စမ်း..."

ထိုစကားကို ကြားသောအခါ တခြားလူသုံးယောက်က မတ်တတ်ထရပ်ရန် ဟန်ပြင်လိုက်ကြ၏။

လုရန်က သူတို့ကို လှည့်ပင်မကြည့်ဘဲ သူ၏ရှေ့ရှိ လူငယ်ကိုသာ စိုက်ကြည့်နေစဉ် တခြားလူသုံးယောက်သည် နေရာတွင်ပင် ပေါက်ကွဲသံတစ်သံနှင့်အတူ ပေါက်ကွဲသွားတော့သည်။

ထိုလူသုံးယောက်လုံးသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်တွင် ရှိကြပြီး သူ၏ရှေ့ရှိ လူငယ်မှာ ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းနယ်ပယ်တွင် ရှိနေသည်။

လုရန်၏မျက်စိထဲတွင်မူ ထိုလူများသည် ပုရွက်ဆိတ်များနှင့် မခြားနားချေ။

လူငယ်လေး ဆွံ့အသွားသည်။

အထူးသဖြင့် လုရန် လှုပ်ရှားလိုက်ပြီးနောက် ခေါင်းနောက်တွင် ထွက်ပေါ်လာသော ရွှေရောင်ကောင်းမှုကုသိုလ်စက်ဝန်းကို မြင်လိုက်ရသောအခါ သူ အလွန်ကြောက်လန့်သွားသဖြင့် သူ၏မျက်နှာ ဖြူရော်သွားတော့သည်။

သူ ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ သူ၏ ထိုင်ခုံကို တိုက်မိပြီး မြေပြင်ပေါ်သို့ လဲကျသွားပေ၏။

"ရွှေအင်မော်တယ်... ခင်... ခင်ဗျားက ဘယ်သူလဲ..." လူငယ်က တုန်ရီသောအသံဖြင့် အော်ဟစ်လိုက်သည်။

"ငါ့မေးခွန်းကို ဖြေ..."

လုရန်က ဆက်လက်၍ မေးမြန်းသည်။

ထန်ယင်းရော့၏ပစ္စည်းသည် မည်သည်ကြောင့် ဤနေရာတွင် ရှိနေသနည်း။

လက်ကောက်ကို ချွတ်ထားသည်ဖြစ်ရာ ထန်ယင်းရော့သည် ယခုအချိန်၌ မည်ကဲ့သို့ အခြေအနေမျိုးတွင် ရှိနေမည်နည်း....

လုရန် အလွန်စိုးရိမ်နေသည်။

သူ၏ တခြားတပည့်များသည် အထက်ဘုံသို့ တက်လှမ်းသွားသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး သူ၏ နောက်ဆုံးနှင့် အငယ်ဆုံးတပည့်ဖြစ်သော ထန်ယင်းရော့သည် နှစ်ရာပေါင်းများစွာတိုင်အောင် သူ့ကို အဖော်ပြုပေးခဲ့သဖြင့် သူနှင့်အရင်းနှီးဆုံးဖြစ်သည်။

"ကျွန်တော့်နာမည် ကျိုးယန်ပါ... ယီချီစမ်းချောင်းဂိုဏ်းရဲ့ တပည့်ပဲ... တကယ်လို့ ခင်ဗျား ကျွန်တော့်ကို ထိရဲရင် ခင်ဗျား နောင်တရစေရမယ်..."

လူငယ်က အော်ဟစ်လိုက်သည်။

သို့သော် ထိုသို့အော်ဟစ်ပြီးနောက် ကျိုးယန်သည် အခြေအနေ သိပ်မဟန်ကြောင်း ခံစားမိပေ၏။

သူ၏ရှေ့ရှိ လူမှာ ရွှေအင်မော်တယ်တစ်ဦးဖြစ်ပြီး ယီချီစမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်ပင်လျှင် ရွှေအင်မော်တယ်တစ်ဦးသာဖြစ်သည်။ တစ်ဖက်လူကို ခြိမ်းခြောက်ရန် သူ မည်သည့်အရာအား အသုံးပြုနိုင်မည်နည်း။

သူ တွေးထင်သည့်အတိုင်းပင်...

လုရန်သည် စကားများများ မပြောတော့ဘဲ ရှေ့သို့ တက်ကာ ကျိုးယန်၏ခြေထောက်တစ်ဖက်ကို နင်းချေလိုက်၏။

ခရက်...

သူ၏ဒူးခေါင်း ကြေမွှပျက်စီးသွားသည်။

ဤသည်က ကျိုးရုံသာမက ခြေမွှဖျက်ဆီးခံလိုက်ရခြင်းပင်။

ကျိုးယန်၏ဒူးခေါင်းတစ်ခုလုံးသည် ထူးဆန်းသော အနေအထားဖြင့် ကွေးကောက်သွားပြီး အရိုးစများနှင့်အတူ အသွေးအသားသွေးများ ရောနှောကာ စိမ့်ထွက်လာတော့သည်။

ကျိုးယန်သည် နာကျင်မှုကြောင့် အသတ်ခံရတော့မည့် ဝက်တစ်ကောင်အလား အော်ဟစ်လိုက်၏။

"ငါ့ရဲ့မေးခွန်းကို ဖြေ..."

လုရန်၏ အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး သေမင်းတမန် အမိန့်စာတစ်ခုအလားပင်။

"အဲ့ဒါ ကျွန်တော့်အစ်ကိုပါ... ကျွန်တော်ရဲ့အစ်ကိုက ကျွန်တော့်ကို ပေးတာပါ... သူက ယီချီစမ်းချောင်း ဂိုဏ်းချုပ်ရဲ့ တတိယမြောက် တပည့်ရင်းပါ... သူ့နာမည်က... ကျိုးဝေ့ပါ... ခင်ဗျား... ခင်ဗျား ကျွန်တော့်ကို မသတ်ပါနဲ့... အဲ့ဒါ တကယ်ပဲ ကျွန်တော့်အစ်ကို ကျွန်တော့်ကို ပေးခဲ့တာပါ... ခင်ဗျားရဲ့ ပစ္စည်းကို ခိုးဖို့ ကျွန်တော် မရည်ရွယ်ခဲ့ပါဘူး... ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံပါ..."

ကျိုးယန်သည် နာကျင်စွာ အော်ဟစ်ကာ သနားညှာတာပေးရန် တောင်းပန်လိုက်သည်။

"ကျိုးဝေ့..."

လုရန်က တီးတိုးရေရွတ်လိုက်၏။

ယီချီစမ်းချောင်းဂိုဏ်းဆိုသည်မှာ အင်အားစုလေးစုထဲမှတစ်ခုဖြစ်သည်ကို သူ ရုတ်တရက် သတိရသွားသည်။

ဤတာအိုဆွေးနွေးပွဲကို မြင့်မြတ်မီးတောက်ဂိုဏ်း၊ ယီချီစမ်းချောင်းဂိုဏ်း၊ထျန်းကန်းဂိုဏ်းတို့နှင့် ပူးပေါင်း၍ ချင်းရွှမ်ဂိုဏ်းက စတင်ခဲ့ခြင်းဖြစ်သည်။

"အဲ့ဒါဆို အဆင်ပြေတာပေါ့..."

လုရန်က ခေါင်းညိတ်လိုက်သည်။

သူသည် သူ၏လက်ထဲရှိ ရှေးဟောင်းအသံ လက်ကောက်ကို တည်ကြည်လေးနက်သော မျက်နှာထားဖြင့်ကြည့်ပြီး သူ၏သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။

ထို့နောက် သူ နောက်လှည့်ကာ အပြင်သို့ ထွက်သွားတော့သည်။

ကျိုးယန်သည် ထိတ်လန့်နေသော မျက်နှာထားဖြင့် လုရန်၏ကျောပြင်ကို ကြည့်ရင်း သက်ပြင်းချလိုက်၏။

ကြမ်းတမ်းသော ခြိမ်းခြောက်မှုများ သူ မပြုလုပ်ရဲသော်လည်း တစ်ဖက်လူအပေါ် သူ ရန်ငြိုးထားလိုက်သည်။

သို့သော် လုရန် အခန်းထဲမှ ထွက်ခွာသွားစဥ်မှာပင်...

ဘုန်း...

ကျိုးယန်၏ ခန္ဓာကိုယ်သည်လည်း တိုက်ရိုက်ပေါက်ကွဲသွားတော့သည်။

သူ ပထမထပ်သို့ လှေကားမှ ဆင်းလာခဲ့သည်။

ရလဒ်ကို လုရန် ကြိုတင် ခန့်မှန်းထားပြီးဖြစ်သော်လည်း သူ မရပ်တန့်ဘဲ မနေနိုင်ခဲ့ပေ။

စားသောက်ဆိုင်၏ ပထမထပ် ခန်းမတစ်ခုလုံးသည် ငရဲဘုံနှင့် တူညီနေသည်။

တံခါးများနှင့် ပြတင်းပေါက်များကို တင်းကြပ်စွာ ပိတ်ထားပြီး အလင်းရောင် မှိန်ပျပျသာ ရှိနေပေ၏။ အစောပိုင်းက ဓားချီကြောင့် အက်ကွဲသွားသော နံရံမှတစ်ဆင့်သာ အလင်းတန်းတစ်တန်း ဝင်ရောက်လာသည်။

စားပွဲများနှင့် ကုလားထိုင်များ ပြန့်ကျဲကာ ကြေမွှနေပြီး မြေပြင်၌ အပေါက်များစွာ ဖြစ်ပေါ်နေကာ လေထဲတွင် သွေးနံ့များ ပြည့်နှက်နေသည်။

မရေမတွက်နိုင်သော အသားစများနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။

အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ... မဟုတ်ဘူး... ပြီးပြည့်စုံတဲ့ အလောင်းတစ်ခုတောင် မကျန်တော့ဘူး...

လင်းပေါင်အာ၏ခန္ဓာကိုယ်တွင် သွေးများ ပေကျံနေကာ ခန်းမအလယ်တွင် ရပ်နေသည်။

အစောပိုင်းက ဤနေရာမှ မြင်ကွင်း မည်မျှထိ ပေါက်ကွဲထွက်ခဲ့မည်ကို တွေးတောကြည့်၍ ရနိုင်ပေ၏။

လုရန်သည် လင်းပေါင်အာထံသို့ လျှောက်သွားပြီး သူမ၏ ပါးပြင်ပေါ်ရှိ သွေးများကို ကြင်နာစွာ သုတ်ပေးကာ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးများကို ဆေးကြောရန် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်သည်။

ထို့နော​က်မှသာ သူသည် လင်းပေါင်အာ၏ လက်ကို ကိုင်ကာ စားသောက်ဆိုင်၏ ရှေ့တံခါးကို တွန်းဖွင့်လိုက်သည်။

အပြင်ဘက် လမ်းမပေါ်တွင် ကြည့်ရှုသူ အများအပြားဖြင့် ပြည့်နှက်နေပြီဖြစ်သော်လည်း တံခါးပွင့်သွားသည်နှင့် တပြိုင်နက်...

အထူးသဖြင့် သူတို့နှစ်ဦး၏နောက်ရှိ သွေးပျက်ဖွယ်မြင်ကွင်းကို မြင်လိုက်ရသောအခါ...

အခင်းဖြစ်ပွားရာနေရာသည် ချက်ချင်းဆိုသလိုပင် သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားတော့သည်။

လင်းပေါင်အာသည် တောက်ပသော နေရောင်ခြည် သူမအပေါ် ကျရောက်နေသည်ကို ခံစားရသဖြင့် မျက်လုံးများကို အနည်းငယ် မှေးစင်းကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၏။

ဤလူများကို ကြည့်ရသည်မှာ...

ယခင်က သူမနှင့်သူမအမေကို အနိုင်ကျင့်၍ ချင်းရှီမြို့မှ မောင်းထုတ်ခဲ့စဉ်က သူတို့ထံတွင် ဤသို့သော စိတ်နေသဘောထားမျိုး သေချာပေါက် မရှိခဲ့ချေ။

Book 4 end.

All Chapters