← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁: တာအိုဆွေးနွေးပွဲ

ယနေ့....

ကျောက်စိမ်းနဂါးတောင်ကြားတွင် တာအိုဆွေးနွေးပွဲ ကျင်းပခဲ့သည်။

တောင်ကြားအတွင်းတွင် ကျယ်ပြန့်သော နေရာလွတ်တစ်ခုကို ကျောက်ပြားများ ခင်းထားပြီး သိုင်းပညာလေ့ကျင့်ရေးကွင်းတစ်ခုနှင့် တူညီနေသည်။

အရပ်လေးမျက်နှာ၌ ချင်းရွှမ်ဂိုဏ်း၊ မြင့်မြတ်မီးတောက်ဂိုဏ်း၊ ယီချီစမ်းချောင်းဂိုဏ်းနှင့် ထျန်းကန်းဂိုဏ်းတို့၏ ဂိုဏ်းချုပ်များသည် သူတို့၏ လူများကို ဦးဆောင်၍ ရှိနေကြသည်။

အိမ်ရှင်အဖြစ် ချင်းရွှမ်ဂိုဏ်းသည် အရှေ့ဘက်ရှိ ပင်မနေရာကို ယူထားသည်။

ဂိုဏ်းလေးဂိုဏ်း၏ အထပ်မြင့်စင်မြင့်များအောက်ရှိ မြေလွတ်ပေါ်တွင် ဖူးရှီပါ့ကွပုံစံဖြင့် စီစဉ်ထားသော ဂိုဏ်းသုံးဆယ့်ခြောက်ဂိုဏ်းအတွက် နေရာများ ရှိနေသည်။

သတ်ဖြတ်ခံရမည့် သိုးသူငယ်များကဲ့သို့ ဖြစ်နေသော ဂိုဏ်းများအနက် မည်သည့်ဂိုဏ်းမျှ ပျက်ကွက်ခြင်း မရှိသလို မည်သူမျှ နောက်ကျဝံ့ခြင်းလည်း မရှိကြချေ။

ယခုအချိန်တွင် ဂိုဏ်းအသီးသီးသည် အချင်းချင်း တီးတိုးပြောဆိုနေကြပြီး ဤတာအိုဆွေးနွေးပွဲကို မည်သည်ကြောင့် ရှေ့တိုးလိုက်ရသနည်းဟု ပြောဆိုကာ ညည်းတွားနေကြသည်။

ဤသည်ကို တာအိုဆွေးနွေးပွဲဟု ခေါ်သော်လည်း အမှန်အားဖြင့် ချင်းရွှမ်ဂိုဏ်းမှ စည်းမျဉ်းများ ချမှတ်သည့် စုဝေးပွဲတစ်ခုသာ ဖြစ်နေသည်။

သူတို့က ဤှစုဝေးပွဲကို ဂိုဏ်းလေးခု၏ အရင်းအမြစ်များနှင့် လုပ်ငန်းများကို ခွဲဝေရန်၊ ဂိုဏ်းတစ်ခုစီအတွက် တာဝန်များ စီစဉ်ရန်နှင့် သူတို့၏ နှစ်စဉ် အခွန်အခများကို ကောက်ခံရန် အသုံးပြုကြသည်။

ပင်မနေရာတွင် လဲ့ကန်းသည် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး အော်ဟစ်လိုက်သည်။

"မင်းတို့အားလုံး... တိတ်တိတ်နေကြစမ်း..."

သူ၏ စကားများသည် ထိရောက်မှုရှိပြီး ပတ်ဝန်းကျင်နေရာတဝိုက်လုံး ချက်ချင်းတိတ်ဆိတ်သွားတော့သည်။

ထို့နောက် လဲ့ကန်းသည် မတ်တတ်ရပ်ကာ နံဘေးသို့ ဖယ်လိုက်၏။

သူ၏နောက်ရှိ လမ်းကြောင်းမှနေ၍ ပွယောင်းယောင်းသိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ခန္ဓာကိုယ် တောင့်တင်းသော အမျိုးသားတစ်ဦး ထွက်လာသည်။

လဲ့ထိုက်....

သူ၏ ရွှေရောင် မျက်လုံးများနှင့် သတ္တုရောင်များ ထုတ်လွှတ်ထားသော အရေပြားသည် အထူးမျက်စိကျစရာ ဖြစ်နေပေ၏။

လဲ့ကန်းသည် သူ၏နေရာတွင် ထိုင်နေရင်း သူသည် မဟာလော့ ဓားဂိုဏ်း၏ ဦးတည်ချက်သို့ မသိစိတ်အရ ကြည့်လိုက်သည်။

သို့သော် သူ ချက်ချင်း အေးခဲတောင့်တင်းသွားသည်။

မဟာလော့ဓားဂိုဏ်း၏ နေရာတွင် စုယွဲ့လင် တစ်ယောက်တည်းသာ ရှိနေပြီး အလုပ်အကျွေးပြုမည့် တပည့်တစ်ယောက်ပင် ရှိမနေချေ။

လဲ့ထိုက် အနည်းငယ် အံ့အားသင့်သွားပြီး မဟာလော့ ဓားဂိုဏ်း၏ တည်နေရာကို သူ အမှတ်မှားနေသလောဟု တွေးတောလိုက်မိသည်။

သူ၏နံဘေးတွင်ရှိနေသော လဲ့ကန်းက ရုတ်တရက် သူ၏နားအနီးသို့ကပ်ပြီး တီးတိုးပြောလိုက်သည်။

"ဘိုးဘေး... ကျွန်တော် မှန်တယ်... အဲ့ဒီအပြာရောင်ဂိုဏ်းဘိုးဘေး လုရန်က မဟာလော့ ဓားဂိုဏ်းနဲ့အတူ ရောက်မလာဘူး..."

လဲ့ထိုက်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် စုယွဲ့လင်၏ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး ပြောဆိုသည်။

"ကိစ္စမရှိပါဘူး... ထုံးစံအတိုင်းပဲ ဆက်လုပ်ကြတာပေါ့... တာအိုဆွေးနွေးပွဲ ပြီးရင် သူ့ကို ငါကိုယ်တိုင် ရှင်းမယ်..."

သို့သော် လဲ့ထိုက် မသိခဲ့သော ကိစ္စတစ်ခု ရှိနေသည်။

ဤအချိန်တွင် ကျောက်စိမ်းနဂါးတောင်ကြား၏ တစ်ဖက်တစ်ချက်စီရှိ ချောက်ကမ်းပါးများ၏ထိပ်တွင်...

မဟာပေါင်းစည်းခြင်း ရွှေအင်မော်တယ်ဆယ့်နှစ်ဦးသည် အောက်ဘက်ရှိ တာအိုဆွေးနွေးပွဲကို ချောက်ကမ်းပါးများမှ ငုံ့ကြည့်နေကြပြီး သူတို့၏ မှတ်ဉာဏ်ထဲမှ ထိုရင်းနှီးသော ပုံရိပ်ကို အဆက်မပြတ် ရှာဖွေနေကြသည်။

ဤနေရာယူမှုသည် ချင်းရွှမ်ဘိုးဘေး ဆုတ်ခွာမည့် လမ်းကြောင်းများအားလုံးကို အခြေခံအားဖြင့် ဖြတ်တောက်လိုက်ခြင်းပင်။

"ဆရာ... ရောက်မလာသေးဘူး ထင်တယ်..."

အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော ယဲ့ဟုန်ရီက တီးတိုးရေရွတ်လိုက်သည်။

"ကျွန်တော်လည်း သူ့ကို မတွေ့ဘူး... စီနီယာအစ်မ ရှောက်ယင်း... ဆရာက လာမယ်လို့ ပြောထားတယ် မဟုတ်လား..."

ဖေးလော့ထျန်းက ရှောက်ယင်းကို ကြည့်လိုက်၏။

"သူ မရောက်သေးတာ ဖြစ်မယ်... ဆရာက လမ်းမှားတတ်တာ နာမည်ကြီးတယ်လေ... သူ လမ်းပျောက်နေတာလည်း ဖြစ်နိုင်တယ်..."

ရှောက်ယင်းက ပခုံးတွန့်လိုက်သည်။

ထို့နောက် သူမက စွန်းထျန်းယိုကို ကြည့်ကာ မေးမြန်းသည်။

"ဒါနဲ့ ဂျူနီယာမောင်လေးစွန်း... နင့်ရဲ့ ပြင်ဆင်မှုတွေ ဘယ်လိုနေလဲ..."

ထိုစကားကို ကြားသောအခါ...

ဘယ်ဘက်ချောက်ကမ်းပါးပေါ်ရှိ စွန်းထျန်းယိုသည် အရက်တစ်ငုံ သောက်လိုက်ပြီး သူ၏အရက်ဘူးကို လှုပ်ကာ ပြောလိုက်သည်။

"ဗာဂျရာ မိစ္ဆာနှိမ်နင်းရေး ဝင်္ကပါက တပ်ဆင်ပြီးပြီ... ချင်းရွှမ်ဘိုးဘေးက ငါတို့ကို ရှာတွေ့မှာ မဟုတ်ဘူး... ပြီးတော့ သူ ရှာတွေ့ရင်တောင် ကိစ္စမရှိဘူး... အခု သူက အိုးထဲက လိပ်တစ်ကောင် ဖြစ်နေပြီလေ..."

အထပ်မြင့်စင်မြင့်ပေါ်တွင်....

လဲ့ကန်းသည် မြင့်မြတ်မီးတောက်ဂိုဏ်း၏ စင်မြင့်သို့ အရင်ဆုံး ကြည့်လိုက်၏။

ရှဲ့ထယ်ယန်သည် ပင်မနေရာတွင် ထိုင်နေပြီး သူ၏နောက်ရှိ တပည့်များအားလုံး ခေါင်းငုံ့ထားကြကာ အနည်းငယ် ထူးဆန်းနေပုံရသည်။

ရှဲ့ထယ်ယန်၏မျက်နှာပေါ်ရှိ အမူအရာက လဲ့ကန်းကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။

လဲ့ကန်း၏အကြည့်ကို သတိပြုမိသောအခါ ရှဲ့ထယ်ယန်သည် ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး သူ၏ တင်ပါးကိုရွှေ့ကာ ဂဏာမငြိမ် ဖြစ်နေပုံရသည်။

လဲ့ကန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

ထို့နောက် သူသည် တခြားဂိုဏ်းနှစ်ခုကို ကြည့်လိုက်သည်။ ယီချီစမ်းချောင်းဂိုဏ်းမှ လူများသည် ထုံးစံအတိုင်းဖြစ်ကာ အေးစက်စက်အမူအကျင့် ရှိနေပုံရသည်။

သို့သော် လဲ့ကန်း၏စိတ်နှလုံးသားထဲတွင် အချက်တစ်ချက်ကို သိထားသည်။

ယီချီစမ်းချောင်းဂိုဏ်းချုပ် ရွှီချန်ချင်းသည် လောဘအကြီးဆုံးပင်။

ထျန်းကန်းဂိုဏ်းမှ အုပ်စုသည်လည်း ပုံမှန်ဖြစ်ပြီး ဂိုဏ်းချုပ်ခို့ချီက ချင်းရွှမ်ဂိုဏ်း၏ အစီအစဉ်များကို တိတ်တဆိတ် စောင့်ဆိုင်းနေသည်။

ဟူး...

အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး လဲ့ကန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ပထမဆုံး... လူတိုင်းကို ကျွန်တော် မိတ်ဆက်ပေးပါရစေ... ဒါက ကျွန်တော်တို့ ချင်းရွှမ်ဂိုဏ်းရဲ့ ဘိုးဘေး... လဲ့ထိုက်ပါ..."

ရုတ်ချည်းဆိုသလိုပင် လူတိုင်း၏အကြည့်သည် လဲ့ထိုက်အပေါ်သို့ ကျရောက်သွားပေ၏။

အနောက်ဘက်တောင်တွင် အချိန်အတော်ကြာအောင် တိတ်တဆိတ် နေထိုင်ခဲ့ရပြီးနောက် နောက်ဆုံးတွင် သူ ထွက်ပေါ်လာချိန်၌ အနည်းငယ် ကြွားလုံးမထုတ်ဘဲ မနေနိုင်ခဲ့ချေ။

ကောင်းကင်နှင့်မြေကြီးကို ထိစပ်နေသော ဧရာမနတ်ဆိုးမျောက်ဝံတစ်ကောင်၏ ပုံရိပ်ယောင်သည် သူ၏နောက်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး အောက်ဘက်ရှိ ဂိုဏ်းသုံးဆယ့်ခြောက်ဂိုဏ်းကို လွှမ်းမိုးထားသည်။

ဤအချိန်တွင် ဂိုဏ်းသုံးဆယ့်ခြောက်ဂိုဏ်းသာမက မြင့်မြတ်မီးတောက်ဂိုဏ်း၊ ယီချီစမ်းချောင်းဂိုဏ်းနှင့် ထျန်းကန်းဂိုဏ်းတို့မှ လူများသည်လည်း သူတို့၏ စိတ်နှလုံးသားများထဲတွင် ထိတ်လန့်တုန်လှုပ်သွားတော့သည်။

ချင်းရွှမ်ဂိုဏ်းတွင် မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ်ရှိသော ဘိုးဘေးတစ်ဦး ရှိနေသည်ကို သူတို့ သိထားသော်လည်း...

ဤသည်မှာ သူ့ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

ဤသည်က ဂိုဏ်းလေးခုကြားရှိ ချင်းရွှမ်ဂိုဏ်း၏ အဆင့်အတန်းကို ပို၍ခိုင်မာသွားစေသည်။

ဤသည်မှာ အစစ်အမှန်ခေါင်းဆောင်ပင်။

သို့သော် ရှဲ့ထယ်ယန် တစ်ယောက်တည်းကသာ အံ့အားသင့်မနေဘဲ လဲ့ထိုက်ကို စာနာသနားသော အကြည့်ဖြင့် ကြည့်နေသည်။

သူက သူ၏စိတ်နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်၏။

'မင်း ကြိုက်သလောက် ဟန်ဆောင်နေလိုက်... ဘယ်လိုပဲဖြစ်ဖြစ် မင်း သိပ်ကြာကြာ ဟန်ဆောင်နေနိုင်တော့မှာ မဟုတ်ပါဘူး...'

တစ်စုံတစ်ခုကို ခံစားလိုက်ရပုံရသော လဲ့ကန်းက ရှဲ့ထယ်ယန်ကို ထပ်မံ၍ ကြည့်လိုက်သည်။

ယခင်အတိုင်းသာဖြစ်ပြီး ရှဲ့ထယ်ယန်၏မျက်နှာပေါ်က အမူအရာကို သူ အနည်းငယ်မျှ နားမလည်နိုင်ချေ။

ဒီတာအိုဆွေးနွေးပွဲကို ခေါ်ခိုင်းတာ မင်း မဟုတ်ဘူးလား...

အခု မင်းရဲ့မျက်နှာပေါ်က အဲ့ဒီအမူအရာက ဘာလဲ...

ငါတို့ဘိုးဘေးကို မြင်တာတောင် မင်းရဲ့ တုံ့ပြန်မှုက ဒါမျိုး မဖြစ်သင့်ဘူး မဟုတ်လား...

သူက ခေါင်းခါယမ်းပြီး ဆက်လက်၍အော်ဟစ်လိုက်သည်။

"ဂိုဏ်းတွေအားလုံး တာအိုဆွေးနွေးပွဲနဲ့ ရင်းနှီးပြီးသားလို့ ငါ ယုံကြည်တယ်... ဒါကြောင့် ငါ စကားတွေအများကြီး ဆက်မပြောတော့ဘူး... ဒီတစ်ကြိမ် စောစောခေါ်ယူရတာက ဂိုဏ်းလေးဂိုဏ်းရဲ့ လုပ်ငန်းတွေကို ပြန်လည်ခွဲဝေဖို့နဲ့ တစ်ချိန်တည်းမှာပဲ..."

သူ၏စကား မဆုံးခင်မှာပင်...

ရှပ်...ရှပ်...

ပေါ့ပါးသောခြေသံများ ရုတ်တရက် ဆက်တိုက်ထွက်ပေါ်လာသည်။

အလွန်အမင်း တိတ်ဆိတ်နေသော နေရာတွင် ထိုခြေသံများကို အထူးရှင်းလင်းစွာ ကြားနေရပေ၏။

လဲ့ကန်းက မျက်မှောင်ကြုတ်ပြီး နေရာ၏အဝင်ဝဆီသို့ ကြည့်လိုက်သည်။

လူများအားလုံး၏ အကြည့်များသည်လည်း ထိုဦးတည်ချက်သို့ ကျရောက်သွားကြသည်။

ဆွေးနွေးပွဲ၏အဝင်ဝတွင်....

လရောင်ကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် မိန်းကလေးငယ်လေးတစ်ဦး၏လက်ကို ကိုင်ကာ ဤနေရာအတွင်းသို့ ခြေတစ်လှမ်းချင်း လျှောက်လှမ်းဝင်လာသည်။

"ရဲတင်းလိုက်တာ... တာအိုဆွေးနွေးပွဲ စနေပြီလေ... မင်းက ဘယ်ဂိုဏ်းက တပည့်မလို့ တာအိုဆွေးနွေးပွဲရဲ့ အစီအစဉ်ကို လာနှောင့်ယှက်ရဲတာလဲ..."

ယီချီစမ်းချောင်းဂိုဏ်းမှ ရွှီချန်ချင်းက အရင်ဆုံး အော်ဟစ်လိုက်သည်။

သူသည် လဲ့ကန်း၏ ဦးတည်ချက်သို့ တစ်ချက်ကြည့်လိုက်ပြီး အသိအမှတ်ပြုမှုတချို့ ရရှိရန် မျှော်လင့်နေပေ၏။

လဲ့ကန်းသည်လည်း အံ့အားသင့်သွားသည်။

နှစ်ပေါင်းများစွာတိုင်အောင် မည်သူကမျှ တာအိုဆွေးနွေးပွဲသို့ နောက်ကျဝံ့ခြင်းမရှိခဲ့ကြချေ။ လမ်းတစ်ဝက်တွင် အတင်းအကြပ် ဝင်လာရန်မှာမူ ထည့်ပြောနေရန် မလိုတော့ချေ။

ဤသည်မှာ ပထမဆုံးအကြိမ်ပင်။

လုရန်သည် ရပ်တန့်လိုက်ပြီး လက်ရှိနေရာရှိ အခြေအနေကို စူးစမ်းလေ့လာကာ တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

"အပြာရောင်ဂိုဏ်း... လုရန်..."

ရုတ်ချည်းဆိုသလိုပင် တက်ရောက်လာသော ဂိုဏ်းများအားလုံး ဆူညံပွက်လောရိုက်သွားတော့သည်။

"လုရန်... ဒါက အဲ့ဒီအပြာရောင်ဂိုဏ်းဘိုးဘေး ဖြစ်နိုင်မလား..."

"သူက ဘာလို့ ဒီလောက် ငယ်နေရတာလဲ... သူက အသက် သောင်းနဲ့ချီနေပြီလို့ ကောလာဟလတွေရှိတယ် မဟုတ်လား..."

"ဘာတွေ ဟန်ရေးပြနေတာလဲ... သူက ဘိုးဘေးတစ်ယောက် ဖြစ်နေရင်တောင်မှ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ အထက်ဘုံကို တက်လှမ်းလာတာလေ... သူက သာမန် အစစ်အမှန်အင်မော်တယ်လေး တစ်ယောက်ပါပဲ..."

"ကျွတ်... ကျွတ်... ကျွတ်... သူက အောက်ဘုံမှာ ကြီးကျယ်ဟန်ဆောင်ရတာကို ကျင့်သားရနေတာ...သူက ဘယ်တော့မှ အရိုက်မခံရဘူးတော့ စိတ်ဝိညာဉ်နယ်မြေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို သူ နားမလည်ဘူး..."

"ပုံမှန်ပါပဲ... ဒီလို အသစ်တက်လှမ်းလာတဲ့သူတွေ အများကြီးပဲ... သူတို့က အောက်ဘုံမှာ အကောင်းဆုံးတွေ ဖြစ်ခဲ့ပေမဲ့ စိတ်ဝိညာဉ်နယ်မြေကို ရောက်တာနဲ့ သူတို့က သာမန်လူတွေပဲလေ..."

လဲ့ကန်း၏မျက်လုံးများ တောက်ပသွားပြီး သူ၏နံဘေးရှိ ဘိုးဘေးထံသို့ ကြည့်လိုက်သည်။

လဲ့ထိုက်၏ နှုတ်ခမ်းထောင့်တွင်လည်း အပြုံးတစ်ခု ထွက်ပေါ်လာသည်။

အထက်မှနေ၍ အောက်သို့ ငုံ့ကြည့်ကာ သူက အာဏာပါသော အသံဖြင့် ပြောလိုက်၏။

"မင်းက ဘယ်သူပဲဖြစ်ဖြစ် ငါတို့ တာအိုဆွေးနွေးပွဲ အစီအစဉ်ကို နှောင့်ယှက်ရဲတာ... မင်းက..."

သူ၏စကား မဆုံးခင်မှာပင်...

လုရန်က လက်ကိုမြှောက်ကာ သူ၏စကားကို ကြားဖြတ်ပြီး အော်ဟစ်လိုက်သည်။

"ခဏစောင့်အုံး... ငါ အရင်ဆုံး တစ်ခုလောက် မေးပါရစေ... ယီချီစမ်းချောင်းဂိုဏ်းက ဘယ်ဘက်မှာလဲ..."

ဟင်...

လဲ့ထိုက် အံ့အားသင့်သွားပြီး လဲ့ကန်း၏ မျက်နှာအမူအရာ ချက်ချင်းရှုံမဲ့သွားတော့သည်။

ဒီကောင်က ဘိုးဘေးကို လုံးဝလေးစားမှု မရှိဘူးပဲ...

တခြားဂိုဏ်းများမှ လူများသည်လည်း အံ့အားသင့်သွားပြီး တွေးတောလိုက်ကြ၏။

'ကောင်းပြီ... မင်း ကြိုက်သလောက် ဟန်ဆောင်လို့ရပါတယ်... ဒါပေမဲ့ ဒါက အရမ်းတရားလွန်လွန်းနေပြီ... မင်းက ချင်းရွှမ်ဘိုးဘေးကိုတောင် ဂရုမစိုက်ဘူးပဲ...'

သူက သေလမ်း လာရှာနေတာလား...

"မင်းက ငါတို့ ယီချီစမ်းချောင်းဂိုဏ်းနဲ့ ဘာကိစ္စ ရှိလို့လဲ..."

ရွှီချန်ချင်းသည်လည်း ဇဝေဇဝါ ဖြစ်သွားသည်။

ဤအပြာရောင်ဂိုဏ်းဘိုးဘေးသည် ရန်စရန် ဝင်လာလျှင်ပင် မည်သည်ကြောင့် သူ၏ ပထမဆုံး လှံထိပ်က ယီချီစမ်းချောင်းဂိုဏ်းကို ညွှန်ပြနေရသနည်း။

ရွှီချန်ချင်းသည် အထက်ဘုံသို့ တက်လှမ်းလာသည်မှာ မကြာသေးသော ဤအမည်ခံ အပြာရောင်ဂိုဏ်း ဘိုးဘေးကို အလေးအနက် မထားသော်လည်း...

သူတို့ကြား၌ မည်သည့်ရန်ငြိုးရန်စမှ ရှိမနေချေ။

လုရန်သည် ရွှီချန်ချင်းကို ကြည့်ကာ ပြောလိုက်​၏။

"မင်းတို့ရဲ့ ယီချီစမ်းချောင်းဂိုဏ်းမှာ ကျိုးဝေ့ဆိုတဲ့ နာမည်နဲ့ တပည့်တစ်ယောက် ရှိလားဆိုတာ မေးပါရစေ..."

ထိုစကားကို ကြားသောအခါ...

ရွှီချန်ချင်းသည် သူ၏နောက်ရှိ လေးထောင့်ကျကျမျက်နှာနှင့် လူငယ်ကို ဆတ်ခနဲလှည့်ကြည့်လိုက်သည်။ ထို့နောက် သူက မေးလိုက်သည်။

"မင်း... ဒီအပြာရောင်ဂိုဏ်း ဘိုးဘေးကို သိလား..."

ကျိုးဝေ့ ကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်နေသည်။

"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်... ကျွန်တော် သူနဲ့ ဘာမှ မပတ်သက်ပါဘူး..."

ကျိုးဝေ့က ပြောဆိုသည်။

ရွှီချန်ချင်း၏ တုံ့ပြန်မှုကို မြင်သောအခါ လုရန်သည် လေထဲသို့ တိုက်ရိုက်ခုန်တက်သွားပြီး ယီချီစမ်းချောင်းဂိုဏ်း၏စင်မြင့်ပေါ်တွင် ထွက်ပေါ်လာတော့သည်။

လဲ့ကန်းသည် သူ၏နံဘေးရှိ ဘိုးဘေးကို တစ်ချက် ကြည့်ပြီး ပြောဆိုလိုက်သည်။

"ဒီလုရန်က အရမ်းမောက်မာတယ်... ဘိုးဘေး... ကျွန်တော် သူ့ကို အခုချက်ချင်း သတ်လိုက်မယ်..."

သို့သော် ဘိုးဘေးက စိတ်ဝင်တစားဖြင့် ခေါင်းခါယမ်းပြပြီး ပြောလိုက်သည်။

"သူ ရောက်နေပြီဆိုမှတော့ လောစရာ မလိုပါဘူး... စောင့်ကြည့်ကြတာပေါ့..."

All Chapters