← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃:ငါတို့နှစ်ယောက်တည်း မဟုတ်ဘူး

ဤဓားချက်သည် သာမန်ဖြစ်ပြီး ထူးခြားမှုမရှိပေ။

သာမန်သံဓားတစ်လက်ဖြင့် သာမန်ဝှေ့ယမ်းမှုတစ်ခုမျှသာ ဖြစ်ပြီး စိတ်ဝိညာဉ်ချီအတက်အကျကိုပင် များများစားစား မခံစားရပေ။

သို့သော် လုရန်၏ ကျောဘက်မှ ယပ်တောင်ပုံစံ ပျံ့လွင့်လာသော မှိန်ပျပျ ဓားချီစက်ဝန်းတစ်ခုကို မြင်တွေ့နိုင်သည်။

ရိုးရိုးသားသား ပြောရလျှင် ရွှီချန်ချင်းနှင့်တခြားသူများသည် ဤဓားချီကို လုံးဝဂရုမစိုက်ခဲ့ကြချေ။

သာမန်ဖြစ်ပြီး ထူးခြားမှုမရှိသော ဤဓားချက်ကို သူတို့သည် ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းရုံဖြင့် ကာကွယ်နိုင်ပေမည်။

ရွှီချန်ချင်းသည် ဓားချီဆီသို့ လက်သီးတစ်ချက် ထိုးနှက်လိုက်ပြီး လုရန်ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် သူ၏တခြားလက်သီးတွင် စွမ်းအားများ စုစည်းထားလိုက်၏။

သို့သော် သူ၏လက်သီးသည် ဓားချီနှင့် ထိတွေ့မိသည့် အချိန်အခိုက်အတန့်မှာပင်...

ဘုန်း...

ရွှီချန်ချင်း၏ ဘယ်ဘက်လက်သီးနှင့် လက်တစ်ချောင်းလုံးသည် ချက်ချင်းဆိုသလိုပင် အပိုင်းပိုင်းအစစဖြစ်ပြီး ပေါက်ကွဲသွားတော့သည်။

ရွှီချန်ချင်း၏မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး ဤအချိန်ကျမှသာ တစ်ခုခု မှားယွင်းနေကြောင်း သူ ရုတ်တရက် နားလည်သဘောပေါက်သွားတော့သည်။

ဤဓားချီတွင် ကြီးမားသော တောင်ကြီးတစ်လုံး ခေါင်းပေါ်သို့ ပြုတ်ကျလာသကဲ့သို့ အသက်ရှူရခက်စေသော ကောင်းကင်တာအို၏ စွမ်းအား အရိပ်အယောင်တစ်ခုကို သူ အမှန်တကယ် ခံစားမိလေ၏။

တစ်ချိန်တည်းမှာပင် သူ၏ခြေထောက်အောက်ရှိ အထပ်မြင့်စင်မြင့်သည်လည်း တစ်လက်မချင်းစီ ပြိုကျလာသည်။

ဓားချီသည် အရာအားလုံးကို ဆုတ်ဖြဲပစ်မည့်အလား ဖြတ်သန်းသွားပြီး လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးလိုက်သည်။

အခြေအနေ မကောင်းတော့ကြောင်း သဘောပေါက်သွားသဖြင့် သူသည် တိုက်ခိုက်ခြင်းကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်ပြီး နောက်သို့ချက်ချင်း ပြန်ဆုတ်ရန် ရည်ရွယ်လိုက်၏။

သို့သော် အင်မော်တယ်နည်းစနစ်များ၏ ကောင်းကင်တာအို နိယာမများ ပေါင်းထည့်ထားမှုအောက်တွင် သာမန်ရွှေအင်မော်တယ်တစ်ဦးသည် ကောင်းကင်တာအို နိယာမများ၏ အပြစ်ပေးမှုမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း...

ထိုဓားချီတွင် ကြီးမားသောဆွဲငင်အားတစ်ခု ရှိနေပုံရသည်။ ရွှီချန်ချင်းသည် နောက်ဆုတ်၍ မရရုံသာမကရှေ့သို့ပင် လွင့်စင်သွားတော့သည်။

ဘုန်း...

သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားတော့သည်။

လက်ရှိနေရာတွင် ရှိနေသူများအားလုံး၏ မျက်နှာအသွေးအရောင်များ ဖြူဖျော့သွားပေ၏။

ရွှီချန်ချင်း သေသွားလေပြီ။

လုရန်သည် နောက်သို့ပင် မလှည့်ကြည့်ဘဲ သူ၏ နောက်သို့ သံဓားတစ်လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံဖြင့် အသတ်ခံလိုက်ရခြင်းဖြစ်သည်။

သို့သော် ထိုမျှနှင့် မပြီးသေးပေ။

ဓားချီသည် ရှေ့သို့ ဆက်လက်၍ တိုးဝင်သွားပြီး ယီချီစမ်းချောင်းဂိုဏ်း၏ အဖွဲ့ဝင်များထံသို့ ပျံ့နှံ့သွားတော့သည်။

အဖွဲ့ထဲရှိ ရွှေအင်မော်တယ် နှစ်ဆယ်ကျော်သည် လှုပ်ရှားရန် ရည်ရွယ်ချက် အနည်းငယ်မျှ မရှိခဲ့ကြောင်း ကောင်းကင်ဘုံသာ သိပေလိမ့်မည်။ သူတို့သည် ကြွားဝါရန်နှင့် ဂုဏ်သိက္ခာရှိစွာ ပြုမူရန် သူတို့၏ ဂိုဏ်းချုပ်နောက်သို့ လိုက်ပါလာရုံသာ ဖြစ်ပေ၏။

ရွှီချန်ချင်း လှုပ်ရှားသည်ကို မြင်ချိန်၌ သူတို့ လှုပ်ရှားရန် အခွင့်အရေး ရလိမ့်မည်ဟု သူတို့ တွေးထင်မထားခဲ့ကြချေ။

သို့သော် ရွှီချန်ချင်းသည် လှုပ်ရှားမှုတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းခံလိုက်ရသည်။

ဓားချီ ချဉ်းကပ်လာသည်ကို မြင်သောအခါ ဤအုပ်စုသည် ရူးသွပ်သွားပြီး ငှက်များနှင့်သားရဲများကဲ့သို့ ချက်ချင်းထွက်ပြေးသွားလိုကြသည်။

သို့သော် ဓားချီသည် အလွန်မြန်ဆန်လှ၏။

ဝှစ်...

ထိုအရာ ဖြတ်သန်းသွားသည်နှင့်....

ဘုန်း... ဘုန်း... ဘုန်း...

မီးရှူးမီးပန်းများ ဖောက်နေသည့်အလား ယီချီစမ်းချောင်းဂိုဏ်း၏အဖွဲ့ထဲရှိ ရွှေအင်မော်တယ်များအားလုံး ချွင်းချက်မရှိ နေရာတွင်ပင် ပေါက်ကွဲသွားကြသည်။

အင်မော်တယ်ကွပ်မျက်ခြင်းဓားချက်သည် ရွှေအင်မော်တယ်များကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်သော်လည်း ဤသည်က ရွှေအင်မော်တယ်များအပေါ်တွင်သာ အလုပ်လုပ်သည်။ ထိုအရာသည် ရွှေအင်မော်တယ်​အထက်ရှိသူများကို အကျိုးသက်ရောက်မှု မရှိသလို ရွှေအင်မော်တယ်အောက်ရှိသူများကိုလည်း အကျိုးသက်ရောက်မှု မရှိချေ။

ရွှေအင်မော်တယ်အဖြစ် တက်လှမ်းရန် ဆံချည်တစ်မျှင်စာမျှသာ လိုတော့သည့် အဆင့်မြင့်အင်မော်တယ် နဝမအဆင့် အထွတ်အထိပ်တွင် ရှိနေလျှင်ပင် ချက်ချင်းသတ်ဖြတ်ခံရမည် မဟုတ်ချေ။

ယီချီစမ်းချောင်းဂိုဏ်း၏ကြည့်ရှုစင်မြင့်ပေါ်တွင် ယခုအချိန်၌ ငရဲဘုံတစ်ခုနှင့် တူနေပြီး လှေကားထစ်များပေါ်တွင် သွေးများ စီးကျနေသည်။ ကျန်ရစ်ခဲ့သော လူများသည် မလှုပ်ရဲကြသောကြောင့် နေရာတွင်ပင် အမြှစ်တွယ်နေသကဲ့သို့ မလှုပ်မယှက် မတ်တတ်ရပ်နေကြသည်။

ရှဲ့ထယ်ယန်သည် ထိုမြင်ကွင်းကို မြင်သောအခါ ကူကယ်ရာမဲ့စွာ ပခုံးတွန့်လိုက်သည်။

သူက တီးတိုးရေရွတ်လိုက်၏။

"သောက်ကျိုးနည်း... အဲ့ဒီတုန်းက ငါ ဘာတွေ တွေးနေခဲ့မိတာလဲ... ဒီမွန်းစတားအိုကြီးကို ဘာလို့ သွားရန်စခဲ့မိတာလဲ... ဒါက ရူးသွပ်မှုပဲ... ရွှေအင်မော်တယ် နှစ်ဆယ်ကျော်ကို တစ်ချက်တည်းနဲ့ သုတ်သင်ပစ်လိုက်တာပဲ... ဒါပေမဲ့ ကံကောင်းတာက ငါ့ရဲ့ မြင့်မြတ်မီးတောက်ဂိုဏ်း တပည့်တွေကို သတ်တုန်းက သူ သစ်ကိုင်းကို သုံးခဲ့တာလေ... အနည်းဆုံးတော့ ဒီတစ်ကြိမ်မှာ သူ သံဓားတစ်လက် သုံးခဲ့တယ်..."

ထျန်းကန်းဂိုဏ်းမှ ခို့ချီသည်လည်း ဆွံ့အသွားပြီး သူ၏ ဆံပင်များပင် ထောင်မတ်သွားတော့သည်။

လုရန်သည် ထျန်းကန်းဂိုဏ်းကို ပစ်မှတ်အဖြစ် မရွေးချယ်ခဲ့သည်ကို သူ ဝမ်းသာသွားသည်။

ထိုသို့မဟုတ်ပါက ယခုချိန်၌ သုတ်သင်ရှင်းလင်းခံရမည်မှာ ယီချီစမ်းချောင်းဂိုဏ်း ဖြစ်မည် မဟုတ်ချေ။

မူလက ပွဲကြည့်ရန် ရည်ရွယ်ထားခဲ့သော လဲ့ထိုက်ပင်လျှင် ဆက်၍ငြိမ်ငြိမ်မထိုင်နိုင်တော့ချေ။ သူသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ယီချီစမ်းချောင်း၏ အထပ်မြင့်စင်မြင့်ရှိရာသို့ မယုံကြည်နိုင်စွာ ကြည့်လိုက်၏။

"ရွှီချန်ချင်း သေသွားပြီ... ပြီးတော့... ပြီးတော့ ယီချီစမ်းချောင်းက လူအုပ်စုထဲမှာ ရွှေအင်မော်တယ် အားလုံး သေသွားပုံရတယ်... ဒါပေမဲ့ သူတို့ကြားမှာ ရောနှောနေတဲ့ တခြားလူတွေကတော့ အသက်ရှင်ကျန်ရစ်ခဲ့တယ်... အဲ့ဒီလုရန်... သူ ဘယ်လိုလုပ်ပြီး အဲ့ဒါကို လုပ်နိုင်ခဲ့တာလဲ..."

လဲ့ကန်းက အသက်ရှူမှားသွားကာ ပြောလိုက်သည်။

"ငါ မြင်တယ်..."

လဲ့ထိုက်က တိုးညှင်းသောလေသံဖြင့် ပြောဆိုကာ လုရန်ကို စိုက်ကြည့်နေသည်။

ရွှေအင်မော်တယ်တစ်ဦး၏ အရှိန်မှာ မှန်ကန်ပြီး သူ လှုပ်ရှားလိုက်ချိန်တွင် လုရန်၏ခေါင်းနောက်၌ ပေါ်လာသော ရွှေရောင်ကောင်းမှုကုသိုလ်စက်ဝန်းမှာလည်း အမှန်ပင်။

သို့သော် သူသည် ရွှေအင်မော်တယ် တစ်ဦးဖြစ်နေသည့်တိုင် သူ မည်သို့ ပြုလုပ်လိုက်သနည်း။

သံဓားတစ်လက်တည်းဖြင့် သူသည် ယီချီစမ်းချောင်းဂိုဏ်းမှ ဂိုဏ်းချုပ်ရွှီချန်ချင်း အပါအဝင် ရွှေအင်မော်တယ်အားလုံးကို သတ်ဖြတ်ခဲ့သည်။

ဤသည်မှာ လူအယောက်နှစ်ဆယ်ကျော် ဖြစ်နေသည်။

ထိုအချက်တစ်ခုတည်းနှင့်ပင် လုံလောက်နေပြီဖြစ်သော်လည်း သူသည် လူအုပ်ထဲရှိ ရွှေအင်မော်တယ် မဟုတ်သူတိုင်းကို သီးသန့်ချန်လှပ်ထားခဲ့သည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ထိန်းချုပ်မှု....ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ..."

လဲ့ထိုက်၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားတော့သည်။

မဟာပေါင်းစည်းခြင်း ရွှေအင်မော်တယ်တစ်ဦးအနေဖြင့် သူသည်လည်း ရွှေအင်မော်တယ်များကို ချက်ချင်းသတ်ဖြတ်နိုင်သည်။

ရွှေအင်မော်တယ်နှစ်ဆယ်ကျော်လုံးကိုလည်း သူ ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ပေ၏။

သို့သော် လူအုပ်ထဲရှိ လူတိုင်း၏နယ်ပယ်ကို အလွန် တိကျစွာ သိမြင်နိုင်ပြီး ရွှေအင်မော်တယ်နယ်ပယ်အောက်ရှိသူများကို ချန်လှပ်ကာ ရွှေအင်မော်တယ်များကိုသာ သတ်ဖြတ်ရန်ဆိုသည်မှာ...

သူ မလုပ်နိုင်ပေ။

သူပင်လျှင် မလုပ်နိုင်ဘဲ ရွှေအင်မော်တယ်တစ်ဦးဖြစ်သော လုရန်က ထိုသို့ လုပ်ဆောင်နိုင်ခဲ့သည်။

"သတ်..."

လဲ့ထိုက်၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပွင့်အံ့ထွက်လာပြီး သူ ထပ်မံ၍ တွန့်ဆုတ်မနေတော့ချေ။

သူ၏စိတ်နှလုံးသားထဲရှိ မငြိမ်းချမ်းသော ခံစားချက်မှာ ပို၍ပို၍ အားကောင်းလာသည်။

ဤအပြာရောင်ဂိုဏ်းဘိုးဘေးသည် ထူးဆန်းလွန်းပေ၏။ သူ ဆက်ကြည့်နေ၍ မရတော့ဘဲ လုရန်ကို တိုက်ရိုက်သတ်ဖြတ်ရပေမည်။

ဘုန်း...

လဲ့ထိုက်၏ခန္ဓာကိုယ်တစ်ခုလုံးသည် အထပ်မြင့်စင်မြင့်ပေါ်မှ ကြယ်ပျံတစ်စင်းအလား မြောက်တက်သွားတော့သည်။

ကောင်းကင်ဘုံကိုးထပ်အထက်တွင် သူ ခေတ္တရပ်နားလိုက်ရာ သူ၏နောက်တွင် နတ်ဆိုးမျောက်ဝံ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာပြီးနောက် အစိုင်အခဲဖြစ်သွားကာ လဲ့ထိုက်၏လှုပ်ရှားမှုများနှင့် ပေါင်းစပ်သွားတော့သည်။

ထိုပုံရိပ်ယောင်သည် ဧရာမလက်သီးကြီးကိုဆုပ်ကာ ထိုးနှက်လိုက်၏။

နတ်ဆိုးမျောက်ဝံ၏ ဤလက်သီးချက်သည် တောင်တစ်လုံးကိုပင် ပြိုကျစေနိုင်သည်။

"ငါ့ရဲ့ဆရာက ရွှေအင်မော်တယ် တစ်ယောက်လေ... ဒါပေမဲ့ နင်က တာလော့ ဓမ္မပုံရိပ်ယောင်ကိုတောင် သုံးရတယ်ဆိုတော့... နင်က တကယ်ကို အရှက်မရှိတာပဲ..."

သာယာနာပျော်ဖွယ်ကောင်းပြီး လှောင်ပြောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်မှာပင်...

အမြှီးကိုးချောင်းမြေခွေး၏ ဧရာမခန္ဓာကိုယ်ကြီးသည် လုရန်၏ရှေ့တွင် ထွက်ပေါ်လာပေ၏။

ရှည်လျားပြီး အမွှေးထူသော အမြှီးကိုးချောင်းသည် ရှေ့သို့စုစည်းသွားကာ လဲ့ထိုက်၏ ဓမ္မပုံရိပ်ယောင်ထံမှ တိုက်ခိုက်မှုကို တားဆီးလိုက်တော့သည်။

"မြောက်ပိုင်းတောရိုင်း နတ်ဆိုးမျိုးနွယ်..."

လဲ့ထိုက်က မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆိုရင် မင်းတို့ကို အတူတူ သတ်ပစ်မယ်..."

ထိုသို့ပြောဆိုပြီးနောက်....

သူ၏နောက်ရှိ နတ်ဆိုးမျောက်ဝံသည် လက်သီးကို မြှောက်လိုက်ရာ လေထုထဲရှိ ကောင်းကင်နှင့် မြေကြီး စိတ်ဝိညာဉ်ချီများသည် ချက်ချင်းစုပ်ယူခံလိုက်ရပုံရသည်။

ဓမ္မပုံရိပ်ယောင် နတ်ဆိုးမျောက်ဝံ၏ လက်သီးများပင်လျှင် သတ္တုရောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများ ဖြည့်တင်းခံထားရကာ မိုးခြိမ်းသံကဲ့သို့ အသံကြီးနှင့်အတူ ထပ်မံ၍ ကျဆင်းလာတော့သည်။

ဝှစ်...

ဤတစ်ကြိမ်တွင် တစ်စုံတစ်ဦးသည် ရှောက်ယင်းထက် ပိုမြန်နေပေ၏။

မိုးထိအောင် မြင့်မားသော နတ်ဆိုးနတ်ဘုရားတစ်ပါးသည် ရှောက်ယင်း၏ဘေးတွင် မတ်တတ်ရပ်ကာ မယုံနိုင်လောက်အောင် ကြီးမားသော သွေးရောင်ဆေဘာဓားကြီးကို ကိုင်ဆောင်ထားကာ နတ်ဆိုးမျောက်ဝံ၏ လက်သီးကို တိုက်ရိုက်တားဆီးထားပြီး ခွန်အားသက်သက်ဖြင့် တောင့်ခံထားလိုက်သည်။

"နဝမအမှောင် နတ်ဆိုးမျိုးနွယ်... သောက်ကျိုးနည်း..."

လဲ့ထိုက် အံ့ကြိတ်လိုက်သည်။

မြောက်ပိုင်းတောရိုင်း နတ်ဆိုးမျိုးနွယ်နှင့် နဝမအမှောင် နတ်ဆိုးမျိုးနွယ်တို့မှ လူများသည် ကျင်းလင်မြို့တွင် ပေါ်လာကြောင်း လဲ့ကန်း၏ ယခင်အစီရင်ခံစာကို သူ ရုတ်တရက် သတိရသွားသည်။ ထိုအချိန်က သူသည် ထိုကိစ္စကို လုံးဝ ဂရုမစိုက်ခဲ့ချေ။

မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါးအနေဖြင့် သူသည် အထက်စီးမှ နေရသည်ကို ကျင့်သားရနေလေပြီ။

ထိုသူနှစ်ဦးသည် နတ်ဆိုးဘုရင်နှင့် ကောင်းကင်နတ်ဆိုးတို့ ဖြစ်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးပေ။

ယခုချိန်၌ မဟာပေါင်းစည်းခြင်း အင်မော်တယ်များနှင့် ညီမျှသော ဤနတ်ဆိုးကောင်နှစ်ယောက် ရှိနေပြီဖြစ်ရာ လုရန်ကို ဆက်လက်၍ သတ်ဖြတ်ရန် နေနေသာသာ သူ အသက်ရှင်ကျန်ရစ်ရန်ပင် မဖြစ်နိုင်တော့ပေ။

လဲ့ထိုက်သည် အတော်ဝေးဝေးသို့ ဆုတ်ခွာသွားလေ၏။

သူ၏နောက်ရှိ နတ်ဆိုးမျောက်ဝံ ဓမ္မပုံရိပ်ယောင်က ကောင်းကင်ကို မော့ကြည့်ပြီး ဟိန်းဟောက်လိုက်သည်။

လဲ့ထိုက်က အော်ဟစ်လိုက်သည်။

"မင်းတို့နှစ်ယောက်... ဒါက ငါ့ချင်းရွှမ်ဂိုဏ်းရဲ့ ကိစ္စပဲ... မြောက်ပိုင်းတောရိုင်း နတ်ဆိုးမျိုးနွယ်နဲ့ နဝမအမှောင် နတ်ဆိုးမျိုးနွယ်က ရှပြည်နယ်မှာ ထွက်ပေါ်လာခွင့် မရှိဘူး... မင်းတို့က ဘာလို့ ဒီကိစ္စကို ဝင်စွက်ဖက်နေရတာလဲ... တကယ်လို့ မင်းတို့ ထွက်သွားမယ်ဆိုရင် ငါ့ရဲ့ ချင်းရွှမ်ဂိုဏ်းက ရက်ရောတဲ့ လက်ဆောင်တွေ ပေးဖို့ ဆန္ဒရှိပါတယ်..."

"နင်က ဦးနှောက်ပျက်နေတာလား..."

မြေခွေးယောင်သည် အသွင်ပြောင်းသွားပြီး ဖေးလော့ထျန်း၏နံဘေးတွင် ခြေဗလာဖြင့် မတ်တတ်ရပ်ကာ လဲ့ထိုက်၏စကားကို ကြားဖြတ်ပြောဆိုလိုက်သည်။

"ဘာ..."

လဲ့ထိုက် အံ့အားသင့်သွားသည်။

ငါတို့နှစ်ယောက်လုံးက မဟာပေါင်းစည်းခြင်း အင်မော်တယ်တွေလေ... မင်းက ငါ လဲ့ထိုက်ကို မျက်နှာသာ လုံးဝမပေးဘူးပေါ့...

"ခုဏက ငါ အရမ်းရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ... ငါ့ဆရာ... ငါ့ဆရာလို့... နင်က နားပင်းနေတာလား..."

ရှောက်ယင်းက လှောင်ပြောင်ရယ်မောရင်း ပြောလိုက်သည်။

"မင်း... မင်းက လုရန်ရဲ့ တပည့်လား..."

လဲ့ထိုက်၏စိတ်နှလုံးသား တုန်ရီသွားတော့သည်။

"ဟုတ်တယ်... အပြာရောင်ဂိုဏ်း တပည့်... ရှောက်ယင်း..."

"ပြီးတော့ ငါ... အပြာရောင်ဂိုဏ်း တပည့်... ဖေးလော့ထျန်း..."

ယောင်နှင့် မိစ္ဆာတို့က တပြိုင်နက်တည်း ပြောလိုက်ကြသည်။

လဲ့ထိုက်၏မျက်နှာအမူအရာ ချက်ချင်းဆိုသလိုပင် ပျက်ယွင်းသွားတော့သည်။

ဤကိစ္စကို သူ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲတော့ပေမည်။

ဤလူနှစ်ဦးသည် အပျော်လာရောက်ပူးပေါင်းနေခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် လုရန်၏တပည့်များ ဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

လုရန်၏ တပည့်များသည် အမှန်တကယ်ကို ဤမျှထိ လွန်ကဲနေသလော....

လဲ့ထိုက်သည် နောင်တတချို့ကို ခံစားနေရပြီဖြစ်ပြီး အပြစ်ရှိသလို အကြည့်လွှဲသွားသော ရှဲ့ထယ်ယန်ကို လှည့်ကြည့်လိုက်၏။

ဤသည်မှာ မူလက ရှဲ့ထယ်ယန်နှင့် အပြာရောင်ဂိုဏ်းတို့ကြားရှိ ရန်ငြိုးတစ်ခုသာ ဖြစ်သည်။ အပြာရောင်ဂိုဏ်း စုဝေးလာလျှင်ပင် ရေတိုအတွင်း ချင်းရွှမ်ဂိုဏ်းနှင့် ကြီးမားသော ရန်ငြိုးများ သို့မဟုတ် အကျိုးစီးပွား ပဋိပက္ခများ ရှိမည်မဟုတ်ချေ။

သို့သော် ပွတ်တိုက်မှုများကို ကာကွယ်ရန်အတွက် သူသည် ဟန်ရေးပြချင်ခဲ့ပြီး သူကိုယ်တိုင် လှုပ်ရှားခဲသည်။

ရလဒ်အနေဖြင့် သူသည် သံမဏိပြားကြီးကို ကန်မိသွားခဲ့လေပြီ။

လက်ရှိနေရာတွင်....

ဂိုဏ်းသုံးဆယ့်ခြောက်ဂိုဏ်းမှ လူများအားလုံး ဆွံ့အသွားကြ၏။

"အပြာရောင်ဂိုဏ်းဘိုးဘေးက သောက်ရမ်းမိုက်တာပဲ..."

"သူ အထက်ဘုံကို တက်လှမ်းလာတာ ရက်နည်းနည်းပဲ ရှိသေးတယ်... ဒါတောင် ယီချီစမ်းချောင်းဂိုဏ်းကို ဓားတစ်ချက်တည်းနဲ့ သုတ်သင်ပစ်နိုင်တယ်..."

"နတ်ဆိုးဘုရင်နဲ့ ကောင်းကင်နတ်ဆိုးတောင် အပြာရောင်ဂိုဏ်းဘိုးဘေးရဲ့ တပည့်တွေ ဖြစ်နေမယ်လို့ ငါ ထင်မထားခဲ့ဘူး..."

"သောက်ကျိုးနည်း... ငါ အပြာရောင်ဂိုဏ်းကို ဝင်ချင်တယ်... ဝင်ဖို့ သတ်မှတ်ချက်တွေက ဘာလဲ..."

...

အချိန်တခဏကြာပြီးနောက် လေတိုက်ရာအရပ် ပြောင်းလဲသွားသည်။

ယခင်က လုရန်ကို လှောင်ပြောင်နေမှုများ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

မဖြစ်နိုင်ဘူးလေ... ချင်းရွှမ် ဘိုးဘေးတောင် နောက်ဆုတ်သွားရတာကို လူတိုင်း မမြင်ကြဘူးလား...

အခုချိန်မှာ လုရန်ကို ဆန့်ကျင်တဲ့စကား တစ်ခွန်းကို ဘယ်သူက ပြောရဲမှာလဲ...

လဲ့ကန်းသည်လည်း ဤအချိန်တွင် တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်သွားပြီး ရှဲ့ထယ်ယန်ကို ဒေါသတကြီး လှည့်ကြည့်လိုက်ရာ ထိုသူသည် အထပ်မြင့်စင်မြင့်မှ ရှောင်ထွက်သွားပြီး စုယွဲ့လင်နှင့်အတူ လုရန်၏နံဘေးတွင် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

ရှဲ့ထယ်ယန်က အကြွေးတောင်းနေသည့်အလား ပြောလိုက်သည်။

"ဘိုးဘေး... သဘောရှိ သတ်ပါ... ဒီလဲ့ထိုက် သေသွားရင် ချင်းရွှမ်ဂိုဏ်းလည်း ပြီးပြီပဲ... ချင်းရွှမ်ဂိုဏ်းက စိတ်ဝိညာဉ် သွေးကြောတူးဖော်မှုရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်... အဲ့ဒါတွေအားလုံး အပြာရောင်ဂိုဏ်းပိုင် ဖြစ်လာတော့မှာပါ..."

ထိုစကားကို ကြားသောအခါ လဲ့ကန်း၏ နှုတ်ခမ်းထောင့်များ မဲ့ရွဲ့သွားပေ၏။

ဆန့်ကျင်ဘက်အနေဖြင့် ဤအချိန်တွင် နေရအခက်ဆုံးမှာ ထျန်းကန်းဂိုဏ်းပင်။

ရှဲ့ထယ်ယန် ဘက်ပြောင်းသွားပြီး ယီချီစမ်းချောင်းဂိုဏ်း သုတ်သင်ခံလိုက်ရကာ ချင်းရွှမ်ဂိုဏ်းက အပြာရောင်ဂိုဏ်းနှင့် တိုက်ခိုက်နေသ​ည်။

သူတို့ထျန်းကန်းဂိုဏ်းက မည်သို့ လုပ်ဆောင်ရမည်နည်း....

"ဘိုးဘေး... ကျွန်တော်တို့ရဲ့ ထျန်းကန်းဂိုဏ်းကလည်း ဆန္ဒရှိပါတယ်..."

ဘုန်း...

သူ စကားမဆုံးခင်မှာပင် လဲ့ထိုက်၏နောက်ရှိ နတ်ဆိုးမျောက်ဝံ ဓမ္မပုံရိပ်ယောင်က လက်သီးဖြင့် ထိုးနှက်လိုက်ရာ ခို့ချီ ပြားကပ်သွားတော့သည်။

ထို့နောက် လဲ့ထိုက်သည် ရှောက်ယင်းနှင့် ဖေးလော့ထျန်းတို့ကို ကြည့်လိုက်၏။

သူက ပြောဆိုသည်။

"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ... ဒီနေ့တော့ ငါ ရှုံးသွားပြီ... ဒါပေမဲ့ မင်းတို့ စောင့်ကြည့်နေလိုက်... ငါ့ရဲ့ ချင်းရွှမ်ဂိုဏ်းက ဒီလောက်ပဲ လုပ်နိုင်တယ်လို့ မထင်နဲ့... မင်းတို့ ဘယ်သူ့ကို ရန်စမိလဲဆိုတာ မင်းတို့ လုံးဝ မသိဘူး..."

ထိုစကားကို ကြားသောအခါ...

ရှောက်ယင်းက ရယ်မောလိုက်သည်။

"စောင့်ကြည့်ရမယ် ဟုတ်လား... ဘာအဓိပ္ပာယ်လဲ... နင် အခုထိ ထွက်ပြေးလို့ ရနိုင်သေးတယ်လို့ ထင်နေတာလား..."

လဲ့ထိုက်က သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။

"မင်းတို့နှစ်ယောက် ထွက်ပေါ်လာတာက ငါ မျှော်လင့်ထားတာထက် ကျော်လွန်နေတယ်ဆိုတာ သေချာတယ်... ဒါပေမဲ့ ငါ ထွက်သွားချင်ရင် မင်းတို့ ငါ့ကို တားလို့မရပါဘူး..."

ရှောက်ယင်းသည် သူ့ကို ရှင်းပြနေရန် စိတ်မရှည်ပေ။

သူမက လုရန်ကိုသာကြည့်ပြီး ပြောလိုက်သည်။

"ဆရာ... ကျေးဇူးပြုပြီး နည်းနည်း နောက်ဆုတ်ပေးပါ... ဒီလဲ့ထိုက်ကို ကျွန်မတို့ဆီ အပ်ထားလိုက်ပါ..."

"မင်းတို့နှစ်ယောက်... ပြဿနာ မရှိဘူးဆိုတာ သေချာရဲ့လား... တကယ်လို့ လုံးဝမသေချာဘူးဆိုရင် လောလောဆယ် ငါတို့ ဆုတ်ခွာလို့ ရပါတယ်..."

လုရန်က စဉ်းစားဟန်ဖြင့် ပြောဆိုသည်။

နှစ်ယောက်နဲ့ တစ်ယောက်ဆိုပေမဲ့ မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ယောက်က အသက်လုပြီး တိုက်ခိုက်တဲ့အချိန်ကျရင် အဲ့ဒါက နောက်ပြောင်စရာ မဟုတ်ဘူး...

"ဆရာ... စိတ်ချပါ... ကျွန်မတို့နှစ်ယောက်တည်း မဟုတ်ဘူးလေ..."

ရှောက်ယင်းက ညှို့ယူဖမ်းစားနိုင်သော အပြုံးဖြင့် ပြောလိုက်သည်။

အို...

လုရန် အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ တစ်ခုခုကို ခံစားလိုက်ရသည့်အလား မိုးကောင်းကင်ကို မော့ကြည့်လိုက်၏။

စက္ကန့်အနည်းငယ်အကြာတွင် သူ နားလည်သဘောပေါက်သွားသည်။

"ဗာဂျရာနတ်ဆိုးနှိမ်နင်းရေးဝင်္ကပါ..."

သူ၏ မျက်လုံးများတွင် စူးရှသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။ ကြီးမားပြီး ရှုပ်ထွေးသော ဗာဂျရာနတ်ဆိုးနှိမ်နင်းရေးဝင်္ကပါကို လုရန်က တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက်မြင်နိုင်သည်။

ထို့နောက်.....

လုရန်က အံ့အားသင့်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

"ဟုန်ရီ... ထျန်းယို... ဟွမ်ဖန်..."

သူတို့အားလုံးက ငါ့ရဲ့ တပည့်တွေပဲလေ...

ဖေးလော့ထျန်းနှင့် ရှောက်ယင်း အပါအဝင် မဟာပေါင်းစည်းခြင်း အင်မော်တယ် ဆယ့်နှစ်ယောက်တောင် ရှိနေတယ်...

"ဒီလိုကိုး... ကြည့်ရတာ ဆရာတစ်ယောက်အနေနဲ့ ငါက အရမ်းသတိကြီးလွန်းနေတာ ဖြစ်မယ်... ဒီလိုဆိုမှတော့ မင်းတို့ ကလေးတွေ ကြိုက်သလိုသာ ကစားကြတော့..."

နောက်ဆုံးတွင် လုရန် စိတ်အေးသွားတော့သည်။

All Chapters