← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆: အင်မော်တယ်ကံကြမ္မာ ခရမ်းစံအိမ် မြေပြန့်မှ မြင့်တက်လာခြင်း

မဟာပေါင်းစည်းခြင်း အင်မော်တယ်ဆယ့်နှစ်ယောက်သည် လုရန်၏နောက်သို့လိုက်ကာ ကောင်းကင်ဘုံကိုးထပ်အထက်တွင် လွင့်မျောနေကြ၏။

အမြင့်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်ရာ လုရန် ပို၍ပင် စိတ်ကျေနပ်သွားတော့သည်။

ဤတောင်ကြားသည် စိတ်ဝိညာဉ်သွေးကြောတစ်ခု၏ ဆုံမှတ်ပေါ်တွင် တည်ရှိပြီး ပင်မသွေးကြောသည် တောင်ကြားကြမ်းပြင်၏ နက်ရှိုင်းသောနေရာမှ ဘယ်နှင့်ညာ အတက်အလက်နှစ်ခုအဖြစ် ကွဲထွက်သွားသည်။

ထိုအရာများသည် ကျောက်စိမ်းနဂါး တောင်ကြား တစ်ခုလုံးကို ဝန်းရံထားပေ၏။

ကျောက်စိမ်းနဂါး တောင်ကြားသည် ကွေ့ကောက်နေပြီး စိတ်ဝိညာဉ်သွေးကြောတစ်ခုပေါ်တွင် ရှိနေသောကြောင့် ဤနေရာတစ်ခုလုံး၏ အထက်လေထုသည် သိပ်သည်းသော ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ချီများဖြင့် စုစည်းနေကာ မှိန်ပျပျစိမ်းပြာရောင်အဖြစ် ထွက်ပေါ်နေသည်။

တစ်ချက်ကြည့်လိုက်လျှင် တောင်ကြားတစ်ခုလုံးသည် ကွေ့ကောက်ပြီး ရစ်ခွေနေသော ကျောက်စိမ်းနဂါး တစ်ကောင်နှင့် တူညီနေသည်။

"ကျောက်စိမ်းနဂါး တောင်ကြားလို့ ခေါ်တာ အံ့သြစရာ မဟုတ်ပါဘူး... ဒီနေရာက တကယ်ကို ထူးခြားပြောင်မြောက်တာပဲ..."

လုရန်က တီးတိုးရေရွတ်လိုက်သည်။

နံဘေးပတ်ဝန်းကျင်ရှိ မဟာပေါင်းစည်းခြင်း အင်မော်တယ်ဆယ့်နှစ်ယောက်သည် ဆရာဖြစ်သူကို ကြည့်လိုက်ပြီးနောက် အောက်ဘက်ရှိ ကျောက်စိမ်းနဂါးကို ကြည့်လိုက်ကြသည်။

ရိုးရိုးသားသား ပြောရလျှင် ဤတောင်ကြားသည် အမှန်တကယ်ကို မဆိုးလှချေ။

သို့သော် အပြာရောင်ဂိုဏ်း၏ အတိုင်းအတာသည် အလွန်ကြီးမားလှသဖြင့် လောလောဆယ်အနေဖြင့် ဤနေရာတွင် အခြေစိုက်ရန် အဆင်ပြေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဤနေရာလွတ်လေးသည် သေချာပေါက် လုံလောက်မည် မဟုတ်ချေ။

တောင်ကြားကို ထပ်မံတိုးချဲ့၍ မရနိုင်သောကြောင့် သူတို့သည် နေရာပြောင်းရုံသာ တတ်နိုင်ပေမည်။

ဤသည်က မည်မျှထိ ဒုက္ခများမည်နည်း...

"ဆရာ... တကယ်ပဲ ဒီနေရာကို လိုချင်တာလား..."

ရှောက်ယင်းက လုရန်ကို ကြည့်ပြီး မေးလိုက်သည်။

တခြားသူများသည်လည်း လုရန်ကို ကြည့်နေကြ၏။

လူအများစုသည် ဤနေရာကို သိပ်မကျေနပ်ကြကြောင်း သိသာထင်ရှားသည်။

သို့သော် လုရန်မှ အတင်းအကြပ် တောင်းဆိုပါက သူတို့ ကန့်ကွက်မည် မဟုတ်ပေ။

"ဒီနေရာပဲ..."

လုရန်က ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် သူ၏လက်ထဲရှိ ခရမ်းစံအိမ် တံဆိပ်ပြားကို ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပစ်ချလိုက်၏။ တစ်ချိန်တည်းမှာပင် ထိုအရာကို ထိန်းချုပ်ရန် သူ၏စိတ်ကို အသုံးပြု၍ ကျောက်စိမ်းနဂါး တောင်ကြားကို ဗဟိုချက်အဖြစ်ယူကာ လီသုံးထောင် အကွာအဝေးကို အင်မော်တယ်ကံကြမ္မာ ခရမ်းစံအိမ်အဖြစ် သတ်မှတ်ရန် ရွေးချယ်လိုက်သည်။

ဝုန်း...

ထိုအရာသည် ဆင်းသက်သွားပြီး ချက်ချင်းပျောက်ကွယ်သွားတော့သည်။

ရုတ်ချည်းဆိုသလိုပင်...

ကျောက်စိမ်းနဂါးတောင်ကြားတစ်ခုလုံး ကွဲထွက်သွားပေ၏။

သူတို့၏ခြေထောက်အောက်ရှိ မြေကြီးသည် ပြိုကျသွားပြီး တောင်များနှင့် မြစ်များ၊ သစ်ပင်များနှင့် သစ်တောများသည် ကြီးမားသော ငလျင်လှုပ်ခတ်မှုကို ကြုံတွေ့နေရသည့်အလား တဝုန်းဝုန်းထနေသည်။

ပတ်ဝန်းကျင်ရှိ တပည့်များအားလုံး ထိုမြင်ကွင်းကို အံ့အားသင့်စွာ စောင့်ကြည့်နေကြသည်။

"ဆရာ... ဒါက..."

သူတို့၏စကားမဆုံးခင်မှာပင်...

ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည့်အလား တောင်ထိပ်တစ်ခုသည် မြေအောက်မှနေ၍ ထွက်ပေါ်လာပြီး ကောင်းကင်သို့ ထိုးတက်သွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ ကြီးမားသော ဧရိယာတစ်ခုတွင် ထူထပ်သိပ်သည်းသော အရန်တောင်ထိပ်များသည် မိုးရွာပြီးနောက် မျှစ်များပေါက်လာသည့်အလား တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။

မှော်အဆန်ဆုံးအရာမှာ ဤတောင်ထိပ်များသည် ကြိုတင်ပုံဖော်ထားသည့်အလား ဖြစ်နေခြင်းပင်။

တောင်ထိပ်များ၏အထက်တွင် ကြည်လင်သော စမ်းရေတွင်းများနှင့် သစ်ပင်များ၊ ပျံသန်းနေသော ပိုးမွှားများနှင့် ငှက်များ၊ ခန်းမဆောင်များနှင့် မျှော်စင်များ ရှိနေသည်။

အတိုင်းအတာသည် အလွန်ကြီးမားပေ၏။

မြေပြင်တုန်ခါနေသောကြောင့် အောက်ဘက်တွင် ကြည့်ရှုနေကြသော စုယွဲ့လင်နှင့် ရှဲ့ထယ်ယန်တို့သည် မနေနိုင်ဘဲ ကောင်းကင်သို့ ပျံသန်းလာကာ အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။

ဤအချိန်တွင် လူတိုင်း ဆွံ့အသွားကြသည်။

ဆရာ ပြောခဲ့တာက တကယ်တော့ ဒါကိုး...

လုရန်သည် ကျောက်စိမ်းနဂါးတောင်ကြားကို သဘောမခဲ့သော်လည်း ရတနာမြေတစ်ခုအဖြစ် ဤစိတ်ဝိညာဉ်သွေးကြောဆုံမှတ်ကို အလွန်စိတ်ကျေနပ်နေခဲ့သည်။

ထို့ကြောင့် သူသည် ကျောက်စိမ်းနဂါးတောင်ကြားကို ဖျက်ဆီးလိုက်ပြီး တောင်များ ဝန်းရံထားသော ဂိုဏ်းတစ်ခုကို မူလနေရာမှနေ၍ အတင်းအကျပ် ဆွဲထုတ်လိုက်ခြင်းဖြစ်သည်။

စိတ်ဝိညာဉ်သွေးကြောအထက်တွင် တောင်ထိပ်များ ခမ်းနားထည်ဝါစွာ ရပ်တည်နေသည်။

အဆောက်အအုံများပင်လျှင် ကြိုတင်စီစဉ်ထားပြီး ဖြစ်ပေ၏။

အချိန်တခဏကြာ ဆူညံပွက်လောရိုက်သွားပြီးနောက် တောင်စမ်းချောင်းတွင် ပြေးလွှားဆော့ကစားနေသော စိတ်ဝိညာဉ်သားရဲ အနည်းငယ်ကိုပင် မြင်တွေ့နိုင်သည်။

သိပ်သည်းသော ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ချီများသည် ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် လှည့်ပတ်နေပြီး မူလ ကျောက်စိမ်းနဂါးတောင်ကြားထက်ပင် ပို၍သိပ်သည်းနေပုံရသည်။

"ဆရာ... ဆရာက နာမည်နဲ့ လိုက်ဖက်တာပဲ..." တပည့်များသည် တောက်ပသော မျက်လုံးများဖြင့် လုရန်ကို ကြည့်လိုက်ကြ၏။

ဤဂိုဏ်းသည် သူတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီလွန်းလှသည်။

ကျယ်ဝန်းသည်ကို မဆိုထားနှင့် ပတ်ဝန်းကျင်သည်လည်း သုခဘုံတစ်ခုနှင့် တူညီပြီး သေသပ်လှပကာ ရှေးဟောင်းပုံစံ အဆောက်အအုံများ ရှိနေသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မူလက အတော်အသင့် ကောင်းမွန်ပုံရသော မဟာလော့ ဓားဂိုဏ်းသည် သက်ကယ်မိုးအိမ်ငယ်လေးအဖြစ် ချက်ချင်းပြောင်းလဲသွားတော့သည်။

ရှဲ့ထယ်ယန်သည်လည်း စောင့်ကြည့်နေပြီး လုရန်အပေါ် သူ၏စိတ်နှလုံးသားထဲရှိ ထိတ်လန့်တုန်လှုပ်မှုကို စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်တော့ချေ။

"ဒါက ဘယ်လို နည်းလမ်းမျိုးလဲ... ဖန်တီးခြင်းလား..."

ရှဲ့ထယ်ယန်က တီးတိုးရေရွတ်လိုက်သည်။

သူသည် လုရန်၏ ဘေးတိုက်မြင်ကွင်းကို တစ်ချက် ကြည့်လိုက်၏။

ထို့နောက် သူက သူ၏စိတ်နှလုံးသားထဲတွင် တွေးတောလိုက်သည်။

'အပြာရောင်ဂိုဏ်း ဘိုးဘေးကို သိတဲ့လူတွေ အများကြီး ရှိတယ်... ဒါပေမဲ့ ဒီဘိုးဘေးက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ ဘယ်သူမှ မသိသေးဘူး... အချိန်ရလာရင် ဒီစိတ်ဝိညာဉ်နယ်မြေကို အပြာရောင်ဂိုဏ်းက ဇောက်ထိုး လှန်ပစ်လိုက်မှာကို ငါ ကြောက်တယ်...'

"အောက်ဆင်းပြီး သွားကြည့်ရအောင်..."

လုရန်သည်လည်း ဤဂိုဏ်းကို အလွန်စိတ်ကျေနပ်နေသည်။

ကျုံ့ထားသော ခရမ်းစံအိမ်တံဆိပ်ပြားလေးသည် အလွန်သေသပ်လှပနေပြီဖြစ်သော်လည်း ထိုအရာကို ကြီးမားလာအောင် ပြုလုပ်ပြီးနောက် ရရှိသော အံ့အားသင့်တုန်လှုပ်မှုမှာ ပို၍ပင် ကြီးမားလှသည်။

ထို့နောက် လုရန်နှင့် သူ၏တပည့်များသည် ဂိုဏ်းကို လှည့်ပတ်၍ ကြည့်ရှုကြတော့သည်။

သိုင်းပညာလေ့ကျင့်ရေးကွင်း၊ ဉာဏ်အလင်းပွင့်စင်မြင့်၊ ကျမ်းစာတိုက်မျှော်စင်၊ ဆေးဥယျာဉ်၊ ဆေးဖော်စပ်ခန်းမဆောင်၊ လက်နက်မျှော်စင် စသဖြင့် အရာအားလုံး ပြီးပြည့်စုံနေသည်။

အပြင်စည်းတပည့်များ လိုအပ်မည့် အိပ်ဆောင်များ၊ ထင်းရုံများ၊ အသုံးအဆောင်အခန်းများ စသည်တို့ပင်လျှင် ဤနေရာတွင် ရှိနေပေ၏။

တောင်ပေါ်လမ်းများသည် ပင့်ကူအိမ်ကဲ့သို့ ကွေ့ကောက်နေပြီး ဂိုဏ်းတစ်ခုလုံးကို ချိတ်ဆက်ပေးထားသည်။

ဂိုဏ်းထဲတွင် မည်သူမှ မရှိသေးသဖြင့် အနည်းငယ် ခြောက်ကပ်နေသည်မှလွဲ၍ အရာအားလုံး ရှိနေသည်။

"ဒီနေ့ကစပြီး ဒါက အပြာရောင်ဂိုဏ်း ဖြစ်လာလိမ့်မယ်..."

လုရန်က ဂိုဏ်းတံခါး၏အပြင်ဘက်တွင် မတ်တတ်ရပ်နေသည်။

ဗလာဖြစ်နေသော ဧရာမဆိုင်းဘုတ်ကြီးကို ကြည့်ရင်း သူသည် သူ၏စိတ်ကိုလှုပ်ရှားလိုက်ရာ ထက်ရှပြီး အားမာန်ပါသော စာလုံးတချို့ ချက်ချင်းထွက်ပေါ်လာတော့သည်။

အပြာရောင်ဂိုဏ်း...

ထို့နောက် သူသည် တပည့်များကို လှည့်ကြည့်ပြီး မေးလိုက်သည်။

"ဒီအပြာရောင်ဂိုဏ်းကို ဘယ်လိုမြင်လဲ..."

"ကောင်းတယ်..."

ဖေးလော့ထျန်းက အရင်ဆုံး အော်ဟစ်လိုက်သည်။

"အရမ်းလှတယ်..."

ယဲ့ဟုန်ရီသည် ပိတ်ပါးစကို လွှမ်းခြုံထားပြီး ပေါ်လွင်နေသော သူမ၏မျက်လုံးများ လခြမ်းပုံစံများဖြစ်သည်အထိ ပြုံးနေသည်။

"မြောက်ပိုင်းတောရိုင်း နတ်ဆိုးမျိုးနွယ်က ကြမ်းတမ်းပြီး ရိုင်းစိုင်းတဲ့ သားရဲတစ်အုပ် ဖန်တီးထားတဲ့ အသိုက်ထက် အများကြီး ပိုကောင်းတယ်..."

ရှောက်ယင်းက ပျော်ရွှင်စွာ ပြောလိုက်၏။

တစ်ဖက်တွင်မူ စွန်းထျန်းယိုသည် ဂိုဏ်း၏ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ မည်သည့် လိုအပ်ချက်မျှ မရှိပေ။

သူ့ထံ၌ အရက်တစ်ဘူး ရှိနေသရွေ့ အပြာရောင်ဂိုဏ်း ဖြစ်နေသရွေ့ မည်သည့်နေရာ၌မဆို သူ လှဲအိပ်၍ရသည်။

ဟွမ်ဖန်နှင့် ပတ်သက်၍မူ သူမသည် ထမင်းစားဆောင်ကို သွားကြည့်ရန် မစောင့်နိုင် ဖြစ်နေလေပြီ။

လုရန်က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

"ဒီလိုဆိုမှတော့ မင်းတို့ဘာသာမင်းတို့ စီစဉ်လို့ ရပြီ..."

"ယွဲ့လင် ဟုန်ရီ လော့ထျန်း... မင်းတို့ရဲ့သက်ဆိုင်ရာ ဂိုဏ်းတွေက တပည့်တွေကို ဒီမှာ လာပေါင်းခိုင်းလိုက်..."

"ဒါနဲ့... ငါတို့ဂိုဏ်းမှာလည်း အထူးလုပ်ဆောင်ချက် တချို့ ရှိသေးတယ်..."

"ငါ့ကို ခဏစောင့်ဦး..."

...

လုရန် စကားပြောဆိုပြီးနောက်။

သူ၏ အကြည့်သည် တပည့်များအပေါ်သို့ ကျရောက်သွားပြီး သူတို့အားလုံးကို ဂိုဏ်းစာရင်းတွင် ထည့်သွင်းလိုက်၏။

ထိုစာရင်းထဲရှိ လူများ၏ ကျင့်ကြံမှု အမြန်နှုန်း၊ တိုက်ခိုက်ရေးစွမ်းအား၊ အမြန်နှုန်း စသဖြင့် အရာအားလုံး တိုးတက်လာပေမည်။

အထူးသဖြင့် ဤမဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ်ရှိ တပည့်များအတွက် ထိုအကျိုးကျေးဇူးမှာ အသိသာဆုံးပင်။

သူတို့သည် ထိုအရာကို ချက်ချင်း သတိပြုမိသွားပြီး သူတို့၏ကိုယ်ပိုင်ခန္ဓာကိုယ်များကို တစ်ယောက်ပြီးတစ်ယောက် ငုံ့ကြည့်လိုက်ကြ၏။

"ဒီဂိုဏ်းကို တည်ဆောက်ထားတာက အင်မော်တယ်ကံကြမ္မာ ခရမ်းစံအိမ်ပဲ... မိုင်တစ်ထောင် အကွာအဝေးက ခရမ်းစံအိမ်ထဲမှာ အရာအားလုံး အကျုံးဝင်တယ်... ဒီအကွာအဝေးအတွင်းမှာ မင်းတို့ရဲ့ ကျင့်ကြံမှုအမြန်နှုန်း တိုက်ခိုက်ရေးစွမ်းအား အမြန်နှုန်းနဲ့ တခြားဂုဏ်သတ္တိတွေအားလုံး အတိုင်းအတာတစ်ခုအထိ တိုးတက်လာလိမ့်မယ်..."

ဒီလို ကောင်းတဲ့အရာမျိုး ရှိတာပဲ...

တပည့်များ၏မျက်လုံးများ တောက်ပလာသည်။

မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ်သို့ ကျင့်ကြံပြီးနောက် ရှေ့ဆက်သွားရန်မှာ ကောင်းကင်ကို တက်လှမ်းရသည်ထက် ပို၍ခက်ခဲကြောင်း သိထားရပေမည်။

ကျင့်ကြံခြင်းအရှိန်မြှင့်တင်မှု အနည်းငယ်ခန့်ကပင် သာမန်အားဖြင့် နှစ်ရာပေါင်းများစွာ ကြာလေ့ရှိသည်။

ဤခရမ်းစံအိမ် အကွာအဝေးအတွင်းတွင် သူတို့၏ ကျင့်ကြံမှုအမြန်နှုန်း အမြဲတစေ တိုးတက်နေမည် ဖြစ်သဖြင့် သူတို့ ကျင့်ကြံရမည်ကို သက်သာသွားမည့် အချိန်က နှစ်ထောင်ပေါင်းများစွာထက်မက ရှိနေပေမည်။

တစ်ချိန်တည်းမှာပင်...

ခရမ်းစံအိမ်တံဆိပ်ပြား၏ ပိုင်ရှင်မှာ လုရန်ဖြစ်သောကြောင့် သူသည် တခြားသော လုပ်ဆောင်ချက်များကိုလည်း သတိထားမိခဲ့သည်။

အင်မော်တယ်ကံကြမ္မာ ခရမ်းစံအိမ်တစ်ခုလုံးသည် လုရန်၏နှလုံးသားနှင့် ချိတ်ဆက်ထားသော မှော်ရတနာတစ်ခုနှင့် တူညီပေ၏။

သူ အတွေးတစ်ချ​က်နှင့် ဂိုဏ်းအကာအကွယ်ဝင်္ကပါကို အရင်ဆုံးဖွင့်လိုက်သည်။

ထို့နောက် ဤအင်မော်တယ်ကံကြမ္မာ ခရမ်းစံအိမ်တွင် ပို၍ပင် ကောင်းမွန်သော လုပ်ဆောင်ချက်တစ်ခု ရှိနေကြောင်း သူ တွေ့ရှိခဲ့သည်။

ဆွဲငင်မှု....

သူသည် အင်မော်တယ်ကံကြမ္မာ ခရမ်းစံအိမ်နှင့်အတူ ထိုအရာအတွင်းရှိ သက်ရှိများကိုလည်း စိတ်ဝိညာဉ်နယ်မြေရှိ မည်သည့်နေရာကိုမဆို နိယာမစွမ်းအားဖြင့် ရွှေ့ပြောင်းပေးနိုင်သည်။

တစ်နည်းအားဖြင့် လုရန်သည် အလယ်ပိုင်းပြည်နယ်သို့ သွားပါက သူသည် အတွေးတစ်ချက်ဖြင့် အပြာရောင်ဂိုဏ်းကို ထိုနေရာသို့ ရွှေ့ပြောင်းနိုင်ပေမည်။

"အံ့အားသင့်စရာပဲ..."

လုရန်၏ မျက်လုံးများ တောက်ပလာပေ၏။

အနာဂတ်တွင် သူသည် အစွမ်းထက်သော ရန်သူနှင့် ကြုံလာရပါက ဂိုဏ်းကို ထိုနေရာသို့ ရွှေ့ပြောင်းလိုက်ရုံသာ ဖြစ်သည်။

နောက်ပိုင်းတွင် တပည့်များ ပို၍များများ ပြန်ရောက်လာလျှင် မဟာပေါင်းစည်းခြင်း အင်မော်တယ် ဆယ့်နှစ်ယောက်တည်းသာ ဖြစ်တော့မည် မဟုတ်ပေ။

ထိုအချိန်ရောက်လျှင် လုရန်ကို ဆန့်ကျင်ရန် မည်သူကများ ရဲဝံ့တော့မည်နည်း...

ထိုအချိန်၌ သူတို့ ရင်ဆိုင်ရမည့်အရာမှာ သူတို့၏ရှေ့တွင် ရုတ်တရက် ပေါ်လာမည့် အင်မော်တယ် တောင်ကြီးတစ်လုံးသာ ဖြစ်ပေလိမ့်မည်။

ထို့ပြင် ထိုအင်မော်တယ် တောင်ပေါ်ရှိ မရေမတွက်နိုင်သော ထိပ်သီးပုဂ္ဂိုလ်ကြီးများကိုလည်း ရင်ဆိုင်ရပေမည်။

လုရန်၏ရန်သူဖြစ်လာသော မည်သူမဆို အပြာရောင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ရင်ဆိုင်ရပေမည်။

"ဆရာ... ကျွန်တော်ရဲ့ မိစ္ဆာစစ်သည်တွေကကော... လူသားမျိုးနွယ်မှာ စည်းမျဉ်းတွေ ရှိတယ်လေ... တကယ်လို့ မိစ္ဆာမျိုးနွယ်က ရှပြည်နယ်မှာ ပေါ်လာရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုတော့ ကျွန်တော်..."

ဖေးလော့ထျန်းက တွန့်ဆုတ်နေသော မျက်နှာထားဖြင့် ပြောဆိုသည်။

သူက သေချာပေါက် ခွဲခွာမသွားရက်ခဲ့ချေ။ သို့သော် သူ့ကြောင့် ယခုလေးတင်မှ စုစည်းလာသော အပြာရောင်ဂိုဏ်းကို ပြဿနာ မဖြစ်စေချင်ခဲ့ပေ။

လုရန်က ဖေးလော့ထျန်းကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်းပြပြီး ပြောဆိုသည်။

"အောက်ဘုံမှာတုန်းကလည်း စိတ်ဝိညာဉ်နယ်မြေလိုပဲ... စိတ်ဝိညာဉ်နယ်မြေက ဘယ်အဘိုးကြီးက ဒီသောက်ကျိုးနည်း စည်းမျဉ်းတွေကို ချမှတ်ခဲ့လဲဆိုတာ ငါ ဂရုမစိုက်ဘူး... ငါတို့ အဲ့ဒါတွေကို ဂရုစိုက်နေစရာ မလိုဘူး..."

ရှောက်ယင်းနှင့် ဖေးလော့ထျန်းတို့ အံ့အားသင့်သွားပြီး အချင်းချင်း ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့က လေးနက်စွာ ခေါင်းညိတ်ပြပြီး ပြောဆိုသည်။

"ဟုတ်ကဲ့ပါ ဆရာ..."

လုရန်က မေးလိုက်သည်။

"ဒါနဲ့... မဟာချန်အင်ပါယာအကြောင်း မင်းတို့ သိလား..."

All Chapters