← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁: ကိုင်တွယ်ရအလွယ်ဆုံးသူ

လုရန် လမ်းလျှောက်လာစဉ် သူ၏မျက်လုံးများဖြင့် နှစ်ဖက်စလုံးကို စူးစမ်းစစ်ဆေးလိုက်သည်။

ထို့နောက် သူက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

"ဟိုအမျိုးသမီးကို မြင်လား... သူက တွေးခေါ်မှု ရိုးရှင်းပြီး မျက်ကန်းယုံကြည်မှု ရှိတယ်...ကိုင်တွယ်ရအလွယ်ဆုံး အမျိုးအစားပဲ..."

ထို့ကြောင့်...

လုရန် မည်သို့ပြုလုပ်ရန် ရည်ရွယ်ထားသနည်းဆိုလျှင် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ပစ်မှတ်ထားမည်မှာ သေချာပေါက်ပင်။

"အို..."

လင်းပေါင်အာ ခေါင်းညိတ်လိုက်ပြီး သူမ၏ ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအရာက သူမ နားမလည်ကြောင်း ပြသနေသည်။

တစ်ချိန်တည်းမှာပင်....

လူအုပ်စုနှစ်စုသည်လည်း လုရန်ကို သတိပြုမိသွားကြသည်။

သူတို့အားလုံးသည် သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်ကြ၏။

ကျုံးချင်းသည် မျက်ကန်းယုံကြည်မှု ရှိသော်လည်း အလွန်တုံးအမိုက်မဲသူမဟုတ်ချေ။ သူမ ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမှာ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ ဤလူများကို သူမ တစ်ယောက်တည်း ကိုင်တွယ်နိုင်မည်ဟု တွေးထင်ထားသောကြောင့် မဟုတ်ချေ။

အကြောင်းအရင်းမှာ သူမထံတွင် ကောင်းကင်ဘုရင် စည်းတံဆိပ် ရှိနေသောကြောင့်ပင်။

ကျုံးအိမ်တော်မှ အကူအညီများ ရောက်ရှိလာသည်အထိ သူမ အချိန်ဆွဲထားနိုင်သည်။

သို့သော် မည်သည့်ဘက်မှဟု မသိရသည့်အပြင် ခွန်အားလည်း ကြီးမားနိုင်သည့် တစ်စုံတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပါက ရလဒ်မှာ ပြောဆိုရန် ခက်ခဲသွားပေလိမ့်မည်။

အလားတူပင်....

သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများသည်လည်း လုရန်ကို သတိထား၍ စောင့်ကြည့်နေကြ၏။

ထိုအချိန်မှာပင် လုရန်က သူတို့ထံသို့ လျှောက်လှမ်းသွားလိုက်သည်။

သူသည် ပေါင်အာကို ချပေးလိုက်ပြီး သူမ၏လက်ကိုဆုပ်ကိုင်ထားသည်။

ထို့နောက် သူသည် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများကို ကြည့်လိုက်၏။

သူက အော်ဟစ်လိုက်သည်။

"မင်းတို့က သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကလား..."

အနက်ရောင်ဝတ်စုံဝတ် ခေါင်းဆောင်အမျိုးသားသည် လုရန်ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် ခေါင်းညိတ်ပြသည်။

"အမှန်ပါပဲ... အရှင်ကကော..."

"ဒါဆိုရင် မှန်တာပေါ့... မင်းတို့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က လူတွေကို ငါ လိုက်ရှာနေတာ..."

လုရန်က အော်ငေါက်လိုက်သည်။

သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့အပေါ် နက်ရှိုင်းသော ရန်ငြိုးတစ်ခုခု ရှိနေသည့်အလား သူ၏ မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။

သူ၏နံဘေးတွင်ရှိနေသော လင်းပေါင်အာသည် လုရန်ကို ကြည့်ကာ သူမ၏စိတ်နှလုံးသားထဲတွင် တွေးတောလိုက်သည်။

'အစစ်အမှန်နဲ့ တူလိုက်တာ... သရုပ်ဆောင်တာ အရမ်းကို အစစ်အမှန်နဲ့ တူလွန်းတယ်...'

သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများ၏ မျက်နှာအမူအရာ ချက်ချင်းပျက်ယွင်းသွားတော့သည်။ သူတို့၏ စိတ်ထဲတွင် ကျိန်ဆဲလိုက်ကြ၏။

"တာအိုမိတ်ဆွေ... ဒီကိစ္စက ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး... ပြဿနာ ထပ်မရှာဘဲနဲ့ ဝင်မစွက်ဖက်ဖို့ ကျွန်တော်တို့ အကြံပြုချင်တယ်..."

အနက်ရောင် ဝတ်စုံဝတ် ခေါင်းဆောင်အမျိုးသားက အချိန်အနည်းငယ်ယူ၍ စဉ်းစားပြီးနောက် ပြောလိုက်သည်။

လုရန်၏နယ်ပယ်နှင့်ခွန်အားကို သူ သေသေချာချာ မခန့်မှန်းနိုင်ပေ။

သို့သော် သူ ထွင်းဖောက်မမြင်နိုင်သောကြောင့် လုရန်သည် အနည်းဆုံးအနေဖြင့် ရွှေအင်မော်တယ်တစ်ဦး ဖြစ်နိုင်ပြီး ကျင့်ကြံဆင့်နယ်ပယ်သည် သူ့ထက် ပို၍မြင့်မားနေနိုင်သည်။

"ဒါက မဟာချန်အင်ပါယာနဲ့ သက်ဆိုင်နေတာပဲ... ဘယ်လိုလုပ် ငါနဲ့ ဘာမှမဆိုင်ဘဲ နေမှာလဲ... ချန်နယ်မြေရဲ့ အရှေ့ဘက်ကို မဟာချန်က အမြဲတမ်း အုပ်ချုပ်လာခဲ့တာ... မင်းတို့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ဝင်စွက်ဖက်ပြီး နိုင်ထက်စီးနင်း အပြုအမူတွေ လုပ်နေတာ... မင်းတို့ကို ငါ စိတ်ပျက်နေတာ ကြာပြီ..."

လုရန်က ဆဲဆိုပြီး အော်ဟစ်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်....

ကျုံးချင်း လုရန်ကို ကြည့်လိုက်သည့် အကြည့်တွင် လေးစားမှုနှင့် သဘောတူညီမှုအနည်းငယ် ချက်ချင်းတိုးလာတော့သည်။

လုရန်သည်လည်း ကျုံးချင်း၏ မျက်နှာအမူအရာကို သတိပြုမိပြီး သူ၏သရုပ်ဆောင်မှု အောင်မြင်လုနီးပါး ဖြစ်သွားကြောင်း သိလိုက်သည်။

ထို့နောက် သူသည် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားများကိုကြည့်ပြီး အော်ဟစ်လိုက်သည်။

"ငါနဲ့ ဆုံမိပြီဆိုမှတော့ အသက်ရှင်ရက် ထွက်သွားဖို့ မမျှော်လင့်နဲ့တော့..."

အနက်ရောင်ဝတ်စုံဝတ် အမျိုးသားများ၏ ဒေါသများသည်လည်း ပေါက်ကွဲလာတော့သည်။

"တကယ်ကို အရေးမပါတာပဲ... လှုပ်ရှားကြစို့... ငါတို့ ဒီနေရာကနေ အရင်ထွက်သွားရအောင်... မဟုတ်ရင် ကျုံးအိမ်တော်က လူတွေ ရောက်လာတာနဲ့ ငါတို့..."

သူ၏စကား မဆုံးခင်မှာပင်...

ဝီ...

လုရန်၏နောက်တွင် ရှင်းထျန်း ဓမ္မပုံရိပ်ယောင် ရုတ်တရက် ထွက်ပေါ်လာသည်။

"မဟာပေါင်းစည်းခြင်း အင်မော်တယ်..."

အနက်ရောင်ဝတ်စုံဝတ် အမျိုးသားများ၏ မျက်နှာအမူအရာများ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားတော့သည်။

"ပြေး..."

တွန့်ဆုတ်မှု အနည်းငယ်မျှ မရှိဘဲ သူတို့အားလုံး နောက်လှည့်ကာ ထွက်ပြေးကြ၏။

သို့သော် ကျုံးချင်း၏ ကောင်းကင်ဘုရင် စည်းတံဆိပ်မှ ချမှတ်ထားသော ကန့်သတ်ချက် ရှိနေဆဲဖြစ်ကြောင်း သူတို့ မေ့လျော့သွားကြသည်။

လုရန်သည် သံဓားတစ်လက်ကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်ကာ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားများဆီသို့ ဦးတည်၍ ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။

အင်မော်တယ်ကွပ်မျက်ခြင်း ဓားချက်...

သေချာသည်မှာ အင်မော်တယ်ကွပ်မျက်ခြင်း ဓားချက်အတွက် သူ၏ ဓမ္မပုံရိပ်ယောင်ကို ဖော်ပြရန် မလိုအပ်ခြင်းပင်။ ထိုအရာသည် ကျုံးချင်း မြင်စေရန် သက်သက်သာ ဖြစ်ပေ၏။

ဘုန်း... ဘုန်း... ဘုန်း...

ပေါက်ကွဲသံအနည်းငယ်ကြားတွင် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့မှ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားများသည် တမလွန်ဘဝသို့ တိုက်ရိုက်ပို့ဆောင်ခံလိုက်ရပြီး သူတို့အားလုံး နေရာတွင်ပင် သေဆုံးသွားကြတော့သည်။

လုရန်၏မျက်နှာအမူအရာ လေညှင်းလေးအလား တည်ငြိမ်နေသည်။

ထိုလူများကို သတ်ပြီးနောက် သူသည် သံဓားကို သိမ်းဆည်းကာ သူ၏အကျိုးဆောင်မှုနှင့် ဂုဏ်သတင်းကို ဂရုမစိုက်ဟန်ဖြင့် လှည့်ထွက်သွားတော့သည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင်...

သူ နောက်လှည့်ပြီး ခြေလှမ်းအနည်းငယ်မျှ မလျှောက်ရသေးမီမှာပင်...

"ကြီးမြတ်တဲ့ အင်မော်တယ်ကြီး... ကျေးဇူးပြုပြီး ခဏစောင့်ပါဦး..."

ကျုံးချင်းက လှမ်းခေါ်လေ၏။

လုရန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသော်လည်း သူသည် ကျုံးချင်းကို ကြည့်ရန် နောက်လှည့်လာချိန်တွင် ပေါ့ပေါ့ပါးပါး မျက်နှာအမူအရာကိုသာ ထိန်းသိမ်းထားဆဲပင်။

သူက မေးလိုက်သည်။

"ကိစ္စ တစ်ခုခု ရှိလို့လား..."

ကျုံးချင်းသည် အနည်းငယ် စိုးရိမ်နေပြီး ရိုသေစွာ ပြောဆိုသည်။

"ဒီနိမ့်ကျတဲ့ မိန်းကလေးက ကျုံးအိမ်တော်က ကျုံးယွန်ရှန်းရဲ့ သမီး ကျုံးချင်းပါ... ဒီနေ့ အခြေအနေက အရေးကြီးပါတယ်... စီနီယာသာ ဝင်မပါခဲ့ရင် ရလဒ် ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်မ မသိပါဘူး... စီနီယာလို မဟာချန်ကို ဂရုစိုက်တဲ့လူမျိုးက ရှားပါတယ်... ကျုံးချင်းက ကျုံးအိမ်တော်ကိုယ်စား ကျေးဇူးတင်ပါတယ်..."

ကျေးဇူးတင်သည်ဟု ပြောရုံသက်သက်လော။ ဤသည်က လုရန် လိုချင်သောအရာ မဟုတ်ပေ။

ထိုအချိန်မှာပင်...

တော်ဝင်မြို့တော်၏ ဦးတည်ချက်မှနေ၍...

ဓားပျံတစ်လက်စီကို စီးနင်းထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသား နှစ်ဦးသည် လျှပ်စီးကဲ့သို့ လျှင်မြန်သောအရှိန်ဖြင့် အပြေးအလွှား ရောက်ရှိလာကြသည်။

မကြာမီ သူတို့ ရောက်ရှိလာပြီး ဝုန်းခနဲ ဆင်းသက်လိုက်ကြ၏။

သူတို့သည် မြေပြင်ပေါ်ရှိ စုတ်ပြတ်နေသော အလောင်းများကို ကြည့်လိုက်ပြီးနောက် လုရန်ကို ကြည့်ကာ နောက်ဆုံးတွင် ကျုံးချင်းကို ကြည့်လိုက်ကြသည်။

"သခင်မလေး... အဆင်ပြေရဲ့လား... သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က အဲ့ဒီလူတွေက..."

သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။

တခြားအမျိုးသားက လုရန်ကို သတိထား၍ စိုက်ကြည့်နေသည်။

"သေသွားပြီ... သူတို့ကို ဒီစီနီယာက သတ်လိုက်တာ... သူက မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ယောက်ပဲ..."

ကျုံးချင်းက ရှင်းပြလိုက်၏။

တစ်ချိန်တည်းမှာပင် သူမသည် အစောပိုင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်၍ ပြောပြလိုက်သည်။

"အို..."

ထိုအမျိုးသားနှစ်ဦးက လုရန်ကို ကြည့်လိုက်ကြသည်။

ဤလူနှစ်ဦးသည်လည်း မဟာပေါင်းစည်းခြင်း အင်မော်တယ်များ ဖြစ်ကြောင်း လုရန် အာရုံခံနိုင်သည်။ သို့သော် ကျုံးချင်းအပေါ် သူတို့ အလွန်ယဉ်ကျေးစွာ ဆက်ဆံသည်ကိုကြည့်ပြီး သူတို့သည် ကျုံးအိမ်တော်အတွက် ငှားရမ်းထားသော လူမိုက်များသာ ဖြစ်ပုံရသည်။

ဤကျုံးအိမ်တော်တွင် အမှန်တကယ်ပင် ခိုင်မာသော နောက်ခံတစ်ခု ရှိနေပုံရပေ၏။

"သူတို့အားလုံး သေသွားပြီလား... သူတို့ဆီက သတင်းအချက်အလက် တစ်ခုခု မရလိုက်ဘူးလား..."

သူတို့ နှစ်ယောက်က မေးလိုက်သည်။

ကျုံးချင်းက ခေါင်းခါယမ်းပြီး ပြောဆိုသည်။

"အချိန်မရှိခဲ့ဘူး... ဒီစီနီယာရဲ့ ခွန်အားက ကြီးမားလှတယ်... သူက အဲ့ဒီလူတွေကို တိုက်ရိုက် ဖိနှိပ်သတ်ဖြတ်လိုက်တာ..."

ထို့နောက်...

သူတို့ထဲမှ တစ်ယောက်က လုရန်ကို ကြည့်ကာ ယဉ်ကျေးပုံရသော အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

"အရှင်က မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ်မှာ ရှိနေတယ်... ဘယ်အိမ်တော်မှာ တာဝန်ထမ်းဆောင်နေလဲဆိုတာ သိပါရစေ... အခုက ဝက်နာရီ ရောက်နေပြီလေ... ဘာလို့ တော်ဝင်မြို့တော် အစွန်အဖျားမှာ ထွက်ပေါ်လာရတာလဲ..."

"ငါက ဘယ်အိမ်တော်မှာမှ တာဝန်မထမ်းဆောင်ပါဘူး... ငါက ညီမလေးနဲ့အတူ ကျင်းလင်မြို့ကနေ ခရီးသွားလာနေတာပါ..."

လုရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒီလိုကိုး... အရှင်က ဒီနေ့ လှုပ်ရှားပြီး ငါတို့ရဲ့ သခင်မလေးကို ကူညီပေးခဲ့တယ်ဆိုတော့ ဒီလိုလုပ်ရင် ဘယ်လိုလဲ... ငါတို့နဲ့အတူ ကျုံးအိမ်တော်ကို လိုက်ခဲ့ပြီး စကားပြောကြမလား..."

သူတို့ထဲမှ တစ်ယောက်က ဖိတ်ခေါ်လိုက်သည်။

တစ်ဖက်လူသည် သူ့ကို သတိထားနေပြီး သံသယဝင်နေဆဲဖြစ်ကြောင်း သူ သိသော်လည်း...

လုရန်က ဂရုမစိုက်ပေ။

သူက ခေါင်းညိတ်ပြပြီး ပြောလိုက်၏။

"ကျန်းကော် မြို့စားကြီးရဲ့ နာမည်ကြီးတာကို ငါ ကြားဖူးတာ ကြာပါပြီ... ဒီနေ့ လာရောက်လည်ပတ်ရတာ ဂုဏ်ယူစရာပါပဲ..."

ဤသည်မှာ အောင်မြင်မှုပင် မဟုတ်လော။ ကျုံးအိမ်တော် မည်သည့်နေရာတွင် ရှိသည်ကို သူ မေးစရာ မလိုတော့သလို စုံစမ်းရန် ခိုးဝင်ရမည့် နည်းလမ်းကိုလည်း ရှာစရာ မလိုတော့ပေ။ ကျုံးအိမ်တော်၏ အလုံးစုံအင်အားကိုပင် သူ စမ်းသပ်ရန် မလိုတော့ချေ။ ယခုချိန်၌ သူ တိုက်ရိုက်ဖိတ်ခေါ်ခံရခြင်းဖြစ်ရာ အရာအားလုံးကို တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းသွားပေမည်။

သူတို့၏ သံသယများနှင့် ပတ်သက်၍မူ သူ ဂရုစိုက်နေမည် မဟုတ်ပေ။ လုရန် စိတ်ဝိညာဉ်နယ်မြေသို့ ရောက်ရှိလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ နယ်မြေတစ်ခုလုံးတွင် သူ့အကြောင်း အချက်အလက် မရှိသေးပေ။ သူ၏ နာမည်အစစ်ကို မသုံးသရွေ့ သူသည် လုရန်မှန်း မည်သူမျှ သိနိုင်မည် မဟုတ်ပေ။

အချိန်တခဏအကြာတွင်...

ကျုံးအိမ်တော်၌...

လုရန် မြို့စားစံအိမ်တော်သို့ ဝင်သွားသည်နှင့် သူသည် တိတ်တဆိတ် သဘောမကျဘဲ မနေနိုင်ခဲ့ပေ။

မဟာချန်အင်ပါယာ၏ မြို့စားကြီး လေးယောက်ထဲမှ တစ်ယောက်အနေဖြင့် ဤကျုံးအိမ်တော်၏ အတိုင်းအတာသည် အမှန်တကယ်ကို မသေးငယ်ပေ။

အမြင်အရခန့်မှန်းရုံဖြင့် ထိုစံအိမ်သည် ကျင်းလင်မြို့ထက်ပင် ပိုကြီးနိုင်ချေရှိသည်။

စံအိမ်တစ်ခုတည်းကပင် မြို့တစ်မြို့နီးပါး ကြီးမားနေပေ၏။ စံအိမ်အတွင်းပိုင်းသည် ရှုပ်ထွေးပြီး အစောင့်များက အလှည့်ကျ စောင့်ကြပ်နေကြကာ လုံခြုံရေးမှာ အလွန်တင်းကျပ်လှသည်။ သူ၏ အစီအစဉ်နှင့် ပတ်သက်၍ လုရန် ပို၍ပင် ဝမ်းသာလာသည်။ အကယ်၍ သူ ခိုးဝင်ရန် ကြိုးစားခဲ့ပါက အခက်အခဲအဆင့် အလွန်မြင့်မားမည်မှာ သေချာပေါက်ပင်။

အကွေ့အကောက်များစွာကို ဖြတ်သန်းပြီး တခြားကမ္ဘာတစ်ခုမှ သုခဘုံတစ်ခုနှင့်တူသော ခြံဝင်းကြီးတစ်ခုကို ဖြတ်သန်းပြီးနောက်....

ကျုံးချင်းက ပြောဆိုသည်။

"စင်္ကြန်ကို ဖြတ်သွားရင် ပင်မခန်းမက ရှေ့မှာပဲ... ဦးလေးလျှို...အဖေ့ကို သွားပြီးအကြောင်းကြားလိုက်ပါအုံး..."

ထို့နောက် ကျုံးချင်းသည် လုရန်နှင့် လင်းပေါင်အာတို့ကို ပင်မခန်းမတွင် အရင်ထိုင်ရန် ခေါ်ဆောင်သွားသည်။

ဦးလေးလျှိုဟု ခေါ်သော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထွက်သွားပြီး တခြားအမျိုးသားကမူ လုရန်အပေါ် တစ်ခါတစ်ရံ အကြည့်ရောက်လာကာ ဆက်လက်၍ လိုက်ပါလာခဲ့သည်။

လုရန်က ထိုအရာကို သတိထားမိသော်လည်း လုံးဝလျစ်လျူရှုထားလိုက်၏။

သူ၏နှလုံးသားထဲတွင်မူ အံ့အားသင့်နေသည်။

'ဘယ်လောက်တောင် သတိကြီးလိုက်သလဲ..သူတို့ရဲ့ သခင်မလေးကို ငါ အခုလေးတင် ကယ်တင်ခဲ့တာ မဟုတ်လား'

တစ်ချိန်တည်းမှာပင်...

စံအိမ်၏ နက်ရှိုင်းသောနေရာရှိ သီးခြားတည်ဆောက်ထားသော ခြံဝင်းတစ်ခုအတွင်း၌...

အိုမင်းနေပုံရပြီး စပါးအုံးမြွေသားရေဝတ်ရုံကို ဝတ်ဆင်ထားသော ကျုံးယွန်ရှန်းသည် အနီရောင် ဝတ်စုံနှင့်အမျိုးသမီးတစ်ဦးကို မျက်နှာချင်းဆိုင်၍ မတ်တတ်ရပ်နေသည်။

"ဒီအဘိုးကြီးက ဒီနေရာမှာ အကာအကွယ် အတားအဆီးတစ်ခု ထားထားတယ်... မင်း အပြင်ထွက်လို့ မရဘူး... အထက်ဘုံတက်လှမ်းသူ တစ်ယောက်အနေနဲ့ စိတ်ဝိညာဉ်နယ်မြေရဲ့ ရက်စက်ကြမ်းကြုတ်မှုကို မင်း နားလည်သင့်တယ်... ဒီအဘိုးကြီးက မင်းရဲ့ ထူးခြားပြောင်မြောက်တဲ့ ပါရမီကို မမြင်ခဲ့ဘူးဆိုရင် ဒီလို စိတ်နေသဘောထားမျိုးအတွက် မင်းကို ငါ သတ်ပစ်တာ ကြာပြီ... တကယ်လို့ မင်းသာ ငါ့ရဲ့ တပည့် ဖြစ်လာနိုင်ရင် ငါ သိသမျှ အရာအားလုံး မင်းကို သေချာပေါက် သင်ပေးမယ်..."

ကျုံးယွန်ရှန်းက ပြောလိုက်သည်။

"မလိုပါဘူး... ကျွန်မမှာ ဆရာရှိတယ်... ပြီးတော့ သူလည်း အထက်ဘုံကို တက်လှမ်းလာပြီးပြီ... ရှင် ကျွန်မကို ပိတ်လှောင်ထားလို့ မရဘူး..."

ထန်ယင်းရော့က အေးစက်တင်းမာစွာ ပြောလိုက်၏။

သူမ ဤအဘိုးအိုကို အထင်သေးသည်။

ထို့ပြင်...

ဤအဘိုးအို သူမကို ကြည့်သောအကြည့်သည် သူမ၏ပါရမီကို သဘောကျရုံသက်သက် မဟုတ်သည်အား သူမ ခံစားနိုင်သည်။

ဆန္ဒများ လောဘများအပြင် ယုတ်မာသော အရိပ်အယောင်တချို့ပင် ရှိနေသည် မဟုတ်လော...

ကျုံးယွန်ရှန်းက မျက်မှောင်အနည်းငယ်ကြုတ်ပြီး အနည်းငယ် စိတ်မရှည်ဖြစ်နေပုံရသည်။

သူက စကားဆက်ပြောရန် ဟန်ပြင်လိုက်ချိန်မှာပင်....

ဦးလေးလျှို ရောက်လာပြီး ကျုံးယွန်ရှန်း၏ နားအနီးသို့ကပ်ကာ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်၏။

"အို..ဒီလိုကိုး..."

ကျုံးယွန်ရှန်းက မျက်ခုံးပင့်ကာ ရေရွတ်လိုက်သည်။

ထိုသို့ပြောဆိုပြီးနောက်....

သူက ထန်ယင်းရော့ကို နောက်ဆုံးအနေဖြင့် ပြောလိုက်သည်။

"သေချာ စဉ်းစားကြည့်... မင်းကို ငါ သုံးရက် အချိန်ပေးမယ်... သုံးရက်နေလို့မှ မင်း သဘောမတူသေးဘူးဆိုရင် အင်အားသုံးတဲ့အတွက် ဒီအဘိုးကြီးကို အပြစ်မတင်နဲ့တော့..."

ထို့နောက် သူ လှည့်ထွက်သွားတော့သည်။

ထိုအဘိုးကြီးသည် အမှန်တကယ်ကို သံသယဖြစ်ဖွယ် ကောင်းလှသည်။ တပည့်လက်ခံရုံသက်သက်ဆိုလျှင် မည်သည့်အတွက်ကြောင့် အင်အားသုံးရမည်နည်း။ သူ့ထံတွင် နောက်ကွယ်မှ တခြားရည်ရွယ်ချက်များ ရှိနေသည်မှာ သိသာရှင်းလင်းနေသည်။

ထန်ယင်းရော့သည် နေရာတွင် တွေဝေငေးမောစွာ ထိုင်နေပြီး လရောင်ကို မော့ကြည့်ကာ သူမ၏ နှလုံးသားတွင် နက်ရှိုင်းသော အကူအညီမဲ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ဖြင့် ပြည့်နှက်နေတော့သည်။

သူမက တီးတိုးရေရွတ်လိုက်သည်။

"ဆရာ... ကျွန်မ ကြောက်တယ်..."

All Chapters