← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃: မဟာချန် ဧကရီ

【ရွှမ်ယွမ် ကောင်းကင်လမ်းညွှန်ဓား...အဝါရောင်ဧကရာဇ်မှ ရှောက်တောင်ရှိ အင်မော်တယ်များ စုဆောင်းထားသော ကြေးနီများဖြင့် ဖန်တီးထားသည်...ဓားသွား၏တစ်ဖက်တွင် နေ၊လနှင့် ကြယ်ပုံစံများကို ထွင်းထုထားပြီး အခြားတစ်ဖက်တွင် တောင်များ၊ မြစ်များနှင့် သစ်ပင်ပန်းမန်များကို ထွင်းထုထားသည်...လက်ကိုင်၏ တစ်ဖက်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး နည်းပညာများကို ဖော်ပြထားပြီး တခြားတစ်ဖက်တွင် ပင်လယ်လေးစင်းလုံးကို စည်းလုံးစေရန် မဟာဗျူဟာများကို ဖော်ပြထားသည်】

လုရန်၏အတွေးတစ်ချက်နှင့်အတူ ရွှမ်ယွမ် ကောင်းကင်လမ်းညွှန်ဓားက သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။

ထိုဓားသည် သူ စိတ်ကူးထားသလောက် သေသပ်လှပခြင်း မရှိပေ။ ထိုအစား ဓား၏ပုံစံသည် ရိုးရှင်းပြီး ရှေးဟောင်းဆန်ကာ ကောင်းမွန်စွာ ထိန်းသိမ်းထားပုံရသည်။

ထိုဓား၏အလုံးစုံ အသွင်အပြင်မှာ ကျော့ရှင်းသော်လည်း ခမ်းနားထည်ဝါသော ဖျော့တော့တော့ ဧကရာဇ်အရှိန်အဝါတစ်ရပ်က ထိုအရာထံမှ ထွက်ပေါ်နေသည်။

မွေးရာပါ ရှေးဟောင်းရတနာတစ်ခုအနေဖြင့် ထိုအရာသည် ကောင်းကင်တာအို၏ နိယာမစွမ်းအားဖြင့် ကောင်းချီးပေးခံထားရသည်။

ရွှမ်ယွမ်ကောင်းကင်လမ်းညွှန်ဓားသည် ဖျက်ဆီး၍မရနိုင်ဟု ကောလာဟလများ ရှိနေသည်။ အတိုင်းအတာတစ်ခုအထိ ထိုအရာသည် တချို့သော ကာကွယ်ရေးအဆင့်များကို လျစ်လျူရှုနိုင်ပြီး နိယာမအဆင့်မှ ပစ်မှတ်အပေါ် ဖျက်ဆီးနိုင်သော အကျိုးသက်ရောက်မှုများကို ရရှိစေနိုင်သည်။

"ပစ္စည်းကောင်းပဲ..."

လုရန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

စိတ်ဝိညာဉ်နယ်မြေသို့ ရောက်ကတည်းက လုရန်ထံတွင် အဆင်ပြေသော လက်နက်တစ်ခုမျှ မရှိခဲ့ပေ။

သူ့ထံတွင် ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ် ရှိသော်လည်း ထိုအရာက မှော်ရတနာအမျိုးအစားနှင့် ပို၍တူညီသည်။

ရွှမ်ယွမ် ကောင်းကင်လမ်းညွှန်ဓားသည်လည်း မှော်ရတနာတစ်ခု ဖြစ်သော်လည်း ထိုအရာသည် ပြီးပြည့်စုံပြီး အဆင်ပြေသော လက်နက်တစ်ခုလည်း ဖြစ်နေသည်။

"နောက်မှ ဒီဓားရဲ့ စွမ်းအားကို စမ်းသပ်ဖို့ အခွင့်အရေး ရှာရမယ်..."

လုရန်က တီးတိုးရေရွတ်လိုက်သည်။

ထို့နောက် သူသည် ရွှမ်ယွမ် ကောင်းကင်လမ်းညွှန်ဓားကို သိမ်းဆည်းလိုက်ပြီး ဒုတိယ ဆုလာဘ်ကို စတင်၍ လေ့လာလိုက်၏။

အင်မော်တယ် နည်းစနစ်...ကောင်းကင်စိတ်ဝိညာဉ်မျက်လုံး...

【ကောင်းကင်စိတ်ဝိညာဉ်မျက်လုံး...တစ်ချက်ကြည့်ရုံဖြင့် အရာဝတ္ထုများ၏ အနှစ်သာရကို ဖောက်ထွင်းမြင်နိုင်သည်..】

ဤမိတ်ဆက်မှာ အတော်လေးတိုတောင်းပြီး လုရန်ကို အနည်းငယ် ဇဝေဇဝါ ဖြစ်စေခဲ့သည်။

ထိုအရာက မည်သည့်အရာကို ဆိုလိုသနည်း။ အရာဝတ္ထုများကို ဖောက်ထွင်းမြင်နိုင်သည်ဟု ဆိုသလော။

လုရန်သည် ခြေပစ်လက်ပစ် ကိုယ်ဟန်အနေအထားဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လင်းပေါင်အာကို မသိစိတ်အရ လှည့်ကြည့်လိုက်ပြီး သူမကို ခေါင်းမှခြေအထိ အကဲခတ်လိုက်သည်။

"ဖောက်ထွင်းမြင်နိုင်တဲ့ အကျိုးသက်ရောက်မှု မရှိပါဘူး..."

လုရန်က တီးတိုးရေရွတ်လိုက်သည်။

သို့ဆိုလျှင် ထိုအရာက မည်သို့ အလုပ်လုပ်သနည်း။

သူ ဇဝေဇဝါဖြစ်နေစဉ်မှာပင် သူ၏ မျက်စိရှေ့တွင် သူမြင်နေရသော လင်းပေါင်အာသည် ရုတ်တရက် အနည်းငယ် ကွဲပြားနေပုံရသည်။

ထိုအရာသည် အရာဝတ္ထုများကို ဖောက်ထွင်းမြင်နိုင်ခြင်း မဟုတ်ဘဲ မူလက မာကျောသော ကျောက်တုံးတစ်တုံးကဲ့သို့ ထွင်းဖောက်မမြင်နိုင် သို့မဟုတ် စူးစမ်း၍မရနိုင်သော လင်းပေါင်အာသည် ယခုအချိန်၌ တစ်ခုခုကို ဖော်ပြနေပုံရသည်။

သူ၏စိတ်နှလုံးသား လှုပ်ရှားသွားပြီး သူသည် ပေါင်အာ၏ လက်တစ်ဖက်ကို ကိုင်လိုက်၏။

ပေါင်အာကို စိုက်ကြည့်ရင်း သူ၏နတ်ဘုရားစိတ်အာရုံသည် ဤတစ်ကြိမ်တွင် သူမ၏ခန္ဓာကိုယ်ကို အမှန်တကယ် ထိုးဖောက်သွားနိုင်ပြီး သူမ၏ အတွင်းပိုင်း အခြေအနေကို မြင်တွေ့နိုင်စေခဲ့သည်။

'ဒီကောင်းကင်စိတ်ဝိညာဉ်မျက်လုံးက တော်တော် ကောင်းတာပဲ'

လုရန်က တွေးတောလိုက်မိသည်။

သူ ပေါင်အာကို ယခင်က ထွင်းဖောက်မမြင်နိုင်ခဲ့သလို မည်သူမျှလည်း မမြင်နိုင်ခဲ့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ လုရန်၏ကျင့်ကြံဆင့်နယ်ပယ် မလုံလောက်သောကြောင့် မဟုတ်ဘဲ စိတ်ဝိညာဉ်နယ်မြေတွင် လီမျိုးနွယ်ဝင်များအတွက် အင်မော်တယ်ဧကရာဇ်တစ်ပါးလာလျှင်ပင် ပုံမှန်မဟုတ်သော မည်သည့်အရာကိုမျှ မြင်တွေ့နိုင်မည် မဟုတ်ကြောင်း ဆိုရိုးစကားတစ်ခု ရှိသောကြောင့်ပင်။

သို့သော် လုရန်ကမူ ​ထွင်းဖောက်မြင်နိုင်ပေ၏။ ပေါင်အာ မည်သို့ဖြစ်နေသည် ထို့ပြင် လီမျိုးနွယ်ဝင်များ အသက် ၁၈ နှစ်တွင် မည်သည့်အတွက်ကြောင့် ခန္ဓာကိုယ်များ ပေါက်ကွဲပြီး သေဆုံးသွားရသည်ကို စစ်ဆေးရန် သူ မစောင့်ဆိုင်းနိုင်တော့ပေ။

သို့သော် ပေါင်အာကို ကြည့်လိုက်မိချိန်၌ လုရန် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားတော့သည်။

ပေါင်အာ၏ ခန္ဓာကိုယ်အတွင်းပိုင်းသည် လူသားနှင့် လုံးဝမတူညီပေ။

ပေါင်အာ ယခင်က စိတ်လွတ်သွားချိန်က အခြေအနေကို လုရန် သတိရသွားမိသည်။ သူမသည် နတ်ဆိုးသားရဲတစ်ဝက်လူသားနှင့် ပို၍တူညီနေခဲ့သည်။ သို့သော် သူမသည် နတ်ဆိုးသားရဲတစ်ဝက်လူသား ဖြစ်နေလျှင်ပင် အတွင်းအင်္ဂါများ မရှိသည်မှာ မဖြစ်နိုင်ပေ။

ပေါင်အာ၏ ခန္ဓာကိုယ်အတွင်းတွင် အတွင်းအင်္ဂါများ မရှိရုံသာမက အရိုးများ၊ အသားများနှင့် သွေးကြောများလည်း မရှိဘဲ မည်သည့်အရာမျှ မရှိချေ။

လုရန် ခံစားနိုင်သမျှမှာ ဟင်းလင်းပြင် တစ်ခုသာ ဖြစ်နေသည်။

ပေါင်အာကိုယ်တိုင်က ဟင်းလင်းပြင်ဖြင့် တည်ဆောက်ထားသော တွင်းနက်ကြီးတစ်ခုအလားပင်။ ထိုတွင်းနက်ကြီး၏အပြင်ဘက်တွင်မှ လူသားအရေပြားတစ်လွှာက ဖုံးအုပ်ထားခြင်းဖြစ်သည်။

လုရန် လုံးလုံးလျားလျား ဆွံ့အသွားပေ၏။ အောက်ဘုံတွင် သူ နေထိုင်ခဲ့သော နှစ်ပေါင်းတစ်သိန်းအတွင်း ဤမျှထိ ထူးဆန်းသော သက်ရှိမျိုးကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

သူမကို လူသားဟုပင် ခေါ်ဆိုနိုင်မည်လော...

ထို့ကြောင့် သူမ၏ခန္ဓာကိုယ်ကို သူ ထွင်းဖောက်မြင်နိုင်သော်လည်း လီမျိုးနွယ်ဝင်များ အသက် ၁၈ နှစ်တွင် ခန္ဓာကိုယ် ပေါက်ကွဲသေဆုံးရသည့် အကြောင်းအရင်းကို သူ မဆုံးဖြတ်နိုင်သေးပေ။

ထိုအချိန်မှာပင် ပေါင်အာက တွေဝေမိန်းမောစွာဖြင့် နိုးလာတော့သည်။

လုရန် သူမ၏ လက်ကို ကိုင်ထားသည်ကို မြင်သောအခါ သူမက အိပ်ချင်မူးတူးဖြင့် တီးတိုးရေရွတ်လိုက်၏။

"အစ်ကိုကြီး... ဘာလို့ မအိပ်တာလဲ..."

"ငါ ခဏနေ အိပ်မှာပါ... မင်း ပြန်အိပ်တော့..."

လုရန်က သူမ၏ လက်ကို ညှစ်ကာ ပြောလိုက်သည်။

"အို..."

ပေါင်အာက နံဘေးသို့ပြန်လှည့်ကာ ဆက်လက်၍ ဟောက်နေတော့သည်။

ဤလှုပ်ရှားမှုများ၊ စကားလုံးများနှင့် မျက်နှာအမူအရာများမှာ လူသားတစ်ဦးနှင့် အကြွင်းမဲ့ တူညီနေပေသည်။ သို့သော် ခန္ဓာကိုယ်အတွင်းပိုင်းတွင်မူ သူမသည် လူသားဖြစ်ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ။

လုရန် အနည်းငယ် ဆွံ့အသွားတော့သည်။

အမှန်အားဖြင့် ပေါင်အာသည် ယခင်က မအိပ်တတ်ပေ။ သူမသည် ညဘက်တွင် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေရန် ကျင့်ကြံမှုကို အသုံးပြုကာ ကျန်ရှိနေသေးသော အချိန်တိုလေးကို တန်ဖိုးထားရန်အတွက် နိုးကြားနေသည့်အချိန်ကို ပိုမိုဖြုန်းတီးလေ့ရှိသည်။

သို့သော် လုရန်နှင့် အတူရှိပြီးနောက် တစ်ခါတစ်ရံ သူမ အိပ်ရာထနောက်ကျတတ်လာသည်။

"သူက လူသားမျိုးနွယ် မဖြစ်နိုင်ဘူး... ဒါပေမဲ့ ဒီလို လက္ခဏာတွေနဲ့ဆိုတော့ သူက သာမန် မျိုးနွယ်က လုံးဝမဟုတ်ဘူး... လီမျိုးနွယ်က ဘယ်ကလာလဲဆိုတာ ကောင်းကင်ဘုံပဲ သိလိမ့်မယ်..."

နောက်ဆုံးတွင် လုရန်သည် မည်သည့်အရာကိုမျှ စဉ်းစား၍ မရခဲ့ပေ။

"ထားလိုက်ပါတော့... သုံးနှစ် လိုသေးတာပဲ... အဲ့ဒီအခါကျမှ ကြည့်ကြတာပေါ့..."

လုရန်က အကြောဆန့်ကာ အပြင်ဘက်ရှိ ညကောင်းကင်ယံကိုကြည့်ရင်း ဆက်လက်၍ စောင့်ဆိုင်းနေလိုက်သည်။

နောက်တစ်နေ့ နံနက်စောစောတွင်...

ကျုံးချင်းက လုရန်ကို လာရှာသည်။

သူမ တံခါးခေါက်ပြီးနောက် လုရန်သည် မနိုးသေးသော ပေါင်အာကို ပွေ့ချီကာ တံခါးဖွင့်လိုက်၏။

သူသည် ကျုံးချင်း၏ရင်ဘတ်ကို မသိစိတ်အရ ကြည့်လိုက်ပြီးနောက် ပို၍လျှို့ဝှက်ဆန်းကြယ်သော နေရာတဝိုက်သို့ ထပ်မံ၍ ကြည့်လိုက်သည်။

ကောင်းကင်စိတ်ဝိညာဉ်မျက်လုံးသည် အဝတ်အစားများကို အမှန်တကယ် ထွင်းဖောက်မမြင်နိုင်ကြောင်းနှင့် ဤသည်က ပေါင်အာ၏ အထူးရုပ်ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ကြောင်း အတည်ပြုပြီးနောက် လုရန်က စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။

သို့သော် ကျုံးချင်းကို ထပ်ကြည့်လိုက်ရာ လုရန်က သူမကို ပို၍ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

သူမသည် ရွှေအင်မော်တယ် တတိယအဆင့်တွင်ရှိကာ စတုတ္ထအဆင့်သို့ အဆင့်တက်ရန် စိတ်ဝိညာဉ်စွမ်းအား ငါးပုံတစ်ပုံခန့် လိုအပ်နေဆဲပင်။

ယခု သူသည် အရာများကို ပို၍အသေးစိတ် မြင်တွေ့နိုင်နေပေ၏။

"သွားကြစို့... အနောက်ဘက် ခြံဝင်းထဲကို ရှင်တို့ကို ခေါ်သွားမယ်..."

ကျုံးချင်းက ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက်....

သူမသည် မှိန်းနေဆဲဖြစ်သော လင်းပေါင်အာကို ကြည့်လိုက်ပြီး သူမ၏ပါးပြင်ကို ဆွဲညှစ်ရန် လက်တစ်ဖက်ကို ဆန့်တန်းလေသည်။

"သူ့ကို မထိနဲ့..."

လုရန်၏နှလုံးခုန်သံ တစ်ချက်မှားသွားပြီး လင်းပေါင်အာ ချက်ချင်းနိုးလာတော့သည်။

ကျုံးချင်း၏လက်သည် လေထဲတွင် ရပ်တန့်သွားပြီး သူမသည် လုရန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။

"အင်း... ငါ့ရဲ့ညီမလေးက... သူစိမ်းတွေနဲ့ဆို ရှက်တတ်တယ်... ပြီးတော့ တခြားလူတွေ သူကို ထိတာ မကြိုက်ဘူး... သူကို ဂရုမစိုက်ပါနဲ့..."

လုရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒီလိုကိုး... ဒါဆိုရင် ကျွန်မက ရိုင်းစိုင်းသွားတာပေါ့... သူက ကလေးပဲ ရှိသေးတာဆိုတော့ နားလည်နိုင်ပါတယ်..."

ကျုံးချင်းသည် အလွန်သဘောထားကြီးပြီး ထိုကိစ္စနှင့်ပတ်သက်၍ များများစားစား မတွေးခဲ့ပေ။

ထို့နောက် သူမက လမ်းပြပေးခဲ့သည်။

သူမက လုရန်နှင့် လင်းပေါင်အာတို့ကို အနောက်ဘက် ခြံဝင်းဆီသို့ ခေါ်ဆောင်သွားလေ၏။

စင်္ကြန်တစ်ခုကို ဖြတ်လျှောက်သွားစဉ် သူတို့သည် ထောင့်ချိုးတစ်ခုတွင် ကျုံးယွန်ရှန်းနှင့် ရုတ်တရက် မျက်နှာချင်းဆိုင် ဆုံတွေ့လိုက်ရသည်။

ကျုံးယွန်ရှန်း၏အနောက်တွင် အစောင့်အနည်းငယ် လိုက်ပါလာသည်။

ကျုံးယွန်ရှန်းသည် မနေ့ကထက်ပင် ပို၍သေသပ်လှပသော စပါးအုံးမြွေရေခွံပုံစံဝတ်ရုံကို ဝတ်ဆင်ထားသည်ကို မြင်သောအခါ ကျုံးချင်းက မေးလိုက်၏။

"အဖေ... အပြင်သွားမလို့လား..."

ကျုံးယွန်ရှန်းက လုရန်ကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူက ပြောဆိုသည်။

"ဧကရီက မြို့စားကြီးလေးယောက်လုံးကို တွေ့ဖို့ ဆင့်ခေါ်ထားတယ်... ငါ တော်ဝင်နန်းတော်ထဲ ဝင်မလို့... မင်းတို့က..."

လုရန်၏စိတ်နှလုံးသား တင်းကြပ်သွားတော့သည်။

ကျုံးယွန်ရှန်းသည် တစ်ခုခု မှားယွင်းနေသည်ကို သတိမထားမိစေရန် သူ မျှော်လင့်မိပေ၏။

ကံကောင်းထောက်မစွာဖြင့် ကျုံးချင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ကျွန်မတို့က လမ်းလျှောက်ရုံပါ... ကျန်းကော် မြို့စားစံအိမ်တော်က အရမ်းကြီးတယ်လေ... တကယ်လို့ သူက ကျန်းကော်မြို့စားစံအိမ်တော်ရဲ့ ဧည့်အကြီးအကဲ ဖြစ်လာဖို့ ရည်ရွယ်ထားရင် သူ ဒါကို သိဖို့ လိုတယ်လေ..."

ဤရှင်းပြချက်တွင် အမှားအယွင်း မရှိပေ။

ကျုံးယွန်ရှန်းကများများစားစား မတွေးဘဲ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... ကြိုက်သလို လမ်းလျှောက်ပါ... အနောက်ဘက် ခြံဝင်းနဲ့ အရန်ခန်းမဆောင်ကို မသွားနဲ့... တခြားနေရာတွေအားလုံး အဆင်ပြေပါတယ်..."

ထိုသို့ပြောပြီးနောက် သူသည် သူ၏ လူများနှင့်အတူ အလျင်အမြန် ထွက်ခွာသွားတော့သည်။

လုရန်သည် ကျုံးယွန်ရှန်း၏ ကျောပြင်ကို စိုက်ကြည့်ရင်း သူ၏ နှလုံးသားထဲတွင် တွေးတောလိုက်၏။

အင်မော်တယ်သခင် ဒုတိယအဆင့်..

သူ၏ ကောင်းကင်စိတ်ဝိညာဉ်မျက်လုံးသည် အင်မော်တယ်သခင်တစ်ပါး၏ နယ်ပယ်ကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်စွမ်းရှိသည်။

ကျုံးယွန်ရှန်း၏နောက်မှ မဟာပေါင်းစည်းခြင်း အင်မော်တယ်နှစ်ယောက်တွင် တစ်ယောက်က တတိယအဆင့်ဖြစ်ပြီး နောက်တစ်ယောက်က ပဉ္စမအဆင့်တွင် ရှိနေသည်။

ဤအရာများသည် သူ၏အမြင်အာရုံအောက်တွင် ရေကဲ့သို့ ကြည်လင်နေပေ၏။ စကားပုံရှိသည့်အတိုင်း ကိုယ့်ကိုယ်ကိုယ်သိ၍ ရန်သူကိုသိလျှင် ဘယ်သောအခါမျှ မရှုံးနိုင်ပေ။ ဤကောင်းကင်စိတ်ဝိညာဉ်မျက်လုံး သူ့ထံတွင် ရှိနေခြင်းဖြင့် မိတ်ဆွေနှင့်ရန်သူကြားရှိ ကွာဟချက်ကို သူ ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ အင်မော်တယ် နည်းစနစ်တစ်ခုအနေဖြင့် 'အင်မော်တယ်ကွပ်မျက်ခြင်း ဓားချက်'လောက် အသုံးမဝင်သော်လည်း လုရန်ကမူ ဤကောင်းကင်စိတ်ဝိညာဉ်မျက်လုံးကို အလွန်စိတ်ကျေနပ်နေမိသည်။

ကျုံးယွန်ရှန်း ထွက်သွားပြီးနောက် ကျုံးချင်းက လျှာထုတ်ပြကာ ပြောဆိုသည်။

"အနောက်ဘက် ခြံဝင်းနဲ့ အရန်ခန်းမဆောင်က စံအိမ်တော်ထဲက တားမြစ်နယ်မြေတွေလေ... အဲ့ဒီနေရာတွေကို သေချာစောင့်ကြပ်ထားပြီးတော့ သာမန်လူတွေ အနားကပ်ခွင့် မရှိဘူး..."

လုရန်၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။ အနောက်ဘက် ခြံဝင်းကို သူ နားလည်နိုင်သည်။ ကျုံးယွန်ရှန်းသည် အမျိုးသမီးတစ်ဦးကို ခေါ်လာပြီး အနောက်ဘက် ခြံဝင်းတွင် ပိတ်လှောင်ထားသဖြင့် သူ၏ ပျော်ရွှင်သောအချိန်တွင် အနှောင့်အယှက် မခံလိုသောကြောင့်ပင်။

သို့သော် အရန်ခန်းမဆောင်ကို မည်သည့်အတွက်ကြောင့် တားမြစ်ထားရသနည်း...

လုရန်၏ သိချင်စိတ်ကို မြင်ပုံရသော ကျုံးချင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အရန်ခန်းမဆောင်က ကျွန်မရဲ့အဖေ သီးသန့် ကျင့်ကြံတဲ့ နေရာလေ...ကျွန်မတောင် အနားကပ်ခွင့် မရှိဘူးဆိုတော့ ရှင်တို့ကို အဲ့ဒီကို ခေါ်မသွားနိုင်ဘူး... ဒါပေမဲ့ ကျွန်မတို့ အနောက်ဘက် ခြံဝင်းကို သွားလို့ရတယ်..."

တစ်ချိန်တည်းမှာပင်...

မဟာချန် တော်ဝင်နန်းတော်၌....

ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားသော ဧကရီလော့လော့သည် သူမ၏လက်ထဲရှိ ကျောက်စိမ်းဆွဲပြားတစ်ခုကို ငေးမောကြည့်နေပေ၏။

သူမ၏ရှေ့ရှိ လူလတ်ပိုင်းအရွယ် စစ်သူကြီးတစ်ဦးက ပြောလိုက်သည်။

"မဟာချန်ရဲ့နံဘေးပတ်လည် မိုင်သုံးသောင်းအတွင်းက အင်မော်တယ်ဆေးကြောရေး ရေကန်တွေ အားလုံးကို စစ်ဆေးပြီးပါပြီ... လုရန်အကြောင်း သတင်းမရပါဘူး..."

ဧကရီ၏ လှုပ်ရှားမှုများ အနည်းငယ် ရပ်တန့်သွားပြီး သူမက အမိန့်ပေးလိုက်သည်။

"ရှာဖွေတဲ့ အတိုင်းအတာကို တိုးချဲ့လိုက်..."

ထိုလူ တွန့်ဆုတ်သွားပြီး အစမ်းသဘောဖြင့် ပြောလိုက်သည်။

"နယ်မြေကို တိုးချဲ့ရှာဖို့အတွက် လူအင်အား သုံးဆကျော် တိုးဖို့ လိုလိမ့်မယ်... လောလောဆယ် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ကျွန်တော်တို့ကို စွန်ရဲတစ်ကောင်လို စောင့်ကြည့်နေတယ်... တကယ်လို့ တပ်ဖွဲ့ဝင် အများအပြားကို စေလွှတ်လိုက်ရင်..."

သူ၏စကားမဆုံးခင်မှာပင်...

ဧကရီ၏ အေးစက်သော မျက်လုံးများက သူ့အပေါ်သို့ ကျရောက်သွားရာ ထိုလူ ချက်ချင်းတိတ်ဆိတ်သွားတော့သည်။

သူက ကြောက်ရွံ့စွာဖြင့် တုံ့ပြန်လိုက်၏။

"အရှင်မ... ခွင့်လွှတ်ပါ... ကျွန်တော် အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်..."

All Chapters