← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈:လီမျိုးနွယ် မိန်းကလေး၏ ကြောက်မက်ဖွယ်ရာ

ထိုလူအုပ်စုသည် လျှင်မြန်စွာ ရွေ့လျားလာပေ၏။

လုရန်သည် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားနေဆဲဖြစ်သော်လည်း သူတို့သည် ရောက်ရှိလာခဲ့လေပြီ။

အနက်ရောင် ဝတ်စုံဝတ်ထားသူများ ရုတ်တရက် ထွက်ပေါ်လာခြင်းက ထန်ယင်းရော့နှင့်လင်းပေါင်အာတို့ကို ချက်ချင်းစိုးရိမ်ပူပန်သွားစေခဲ့သည်။

လုရန်သည်လည်း မျက်မှောင်ကြုတ်လိုက်၏။

ဤအနက်ရောင်ဝတ်စုံ ဝတ်ထားသူများကို ကြည့်ရင်း သူတို့သည် မည်သည့် အင်အားစုကပင် ဖြစ်စေကာမူ သူ ယခုအချိန်တွင် အနည်းငယ်မျှ လှုပ်ရှား၍မရချေ။

အကယ်၍ တစ်ဖက်လူတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေပါက ဤသည်က ဘေးအန္တရာယ်တစ်ခု ဖြစ်သွားပေလိမ့်မည်။

မူလက သူသည် စုံစမ်းရန်အတွက် သူ၏ ကောင်းကင်စိတ်ဝိညာဉ်မျက်လုံးကို အသုံးပြုလိုခဲ့သည်။

သို့သော် ယခုအချိန်တွင် သူ အမှန်တကယ်ကို ဘာမှလုပ်၍မရကြောင်း သူ တွေ့ရှိခဲ့သည်။

သူ လှုပ်ရှား၍မရသည့်အပြင် သူ၏ စွမ်းရည်များအားလုံးလည်း ပျောက်ကွယ်သွားခဲ့လေပြီ။

ယခုအချိန်၌ သူ ဆုတောင်းနိုင်သည်မှာ တစ်ဖက်လူများသည် ရွှေအင်မော်တယ်များသာဖြစ်ပြီး မဟာပေါင်းစည်းခြင်း အင်မော်တယ်များ မဖြစ်ရန်သာပင်။

အဘယ်ကြောင့်ဆိုသော် လုရန်သည် ရွှေအင်မော်တယ်များ၏ တိုက်ခိုက်မှုများကို ကာကွယ်နိုင်စွမ်းသဖြင့် သူတို့ကို မကြောက်ရွံသောကြောင့်ပင်။

လင်းပေါင်အာတွင်လည်း မသေနိုင်သော ခန္ဓာကိုယ် ရှိသောကြောင့် သူမအတွက်လည်း စိတ်ပူစရာ မလိုပေ။ သို့သော် ထန်ယင်းရော့အတွက်မူ ဒုက္ခရောက်နိုင်သည်။

တစ်ချိန်တည်းမှာပင် လုရန်သည် ပြိုင်ဘက်များကို သူ၏ ရှင်းထျန်း ဓမ္မပုံရိပ်ယောင်ဖြင့် ခြောက်လှန့်နိုင်ပြီး သူတို့ဘာသာ ထွက်သွားစေရန် ဆုတောင်းနေခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် သူ၏ ဆန္ဒသည် အချည်းနှီးဖြစ်သွားခဲ့လေ၏။

အနက်ရောင် ဝတ်စုံဝတ်ထားသူများထဲမှ တစ်ဦးက ရယ်မောပြီး ပြောဆိုသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ... မင်းက ငါတို့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က မဟုတ်ဘူး... အစောင့်တွေလည်း မရှိဘူး....အကာအကွယ် ဝင်္ကပါလည်း မရှိဘဲနဲ့ ဒီလောက် ပြောင်ပြောင်တင်းတင်း အဆင့်တက်နေတာ...မင်းက တကယ့်ကို ရဲတင်းတာပဲ..."

ဒုန်း...

လုရန်၏နှလုံးခုန်သံ တစ်ချက်မှားသွားသည်။ တစ်ဖက်လူများသည် သူ အဆင့်တက်နေမှန်း သိနေသလော။

သူသည် စိတ်တည်ငြိမ်နေသယောင် အတင်းအကျပ် ဟန်ဆောင်ကာ ပြောဆိုလိုက်၏။

"ငါ အဆင့်တက်နေတာကို သိရက်နဲ့တောင် မင်းတို့က လာရဲသေးတယ်ပေါ့... မင်းတို့ကို ငါ သတ်ပစ်မှာကို မကြောက်ဘူးလား..."

သူ၏စကား မဆုံးခင်မှာပင်...

အနက်ရောင် ဝတ်စုံဝတ်လူများအားလုံး တပြိုင်နက်တည်း ရယ်မောလိုက်ကြသည်။

"အင်မော်တယ်သခင်အဖြစ် တက်လှမ်းဖို့က အနည်းဆုံး တစ်နာရီ ကြာတယ်... ဒီအချိန်အတွင်းမှာ မင်း ဘာမှလုပ်လို့ မရဘူး... အဲ့ဒါနဲ့ ငါတို့ကို ခြောက်လို့ရမယ်လို့ မင်း ထင်နေတာလား..."

တစ်ဖက်လူက ဤသို့ပြောသည်ကို ကြားသောအခါ လုရန် ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်လိုက်​တော့သည်။

ယခုလက်ရှိချိန်၌ သူ လှုပ်ရှား၍မရနိုင်ခြင်းမှာ အင်မော်တယ်သခင်အဖြစ် တက်လှမ်းနေခြင်းကြောင့် ဖြစ်ကြောင်း သိသာထင်ရှားသည်။

အနက်ရောင်ဝတ်စုံဝတ်လူများသည် ထန်ယင်းရော့နှင့် လင်းပေါင်အာတို့ကို ကြည့်လိုက်ကြ၏။

သူတို့က တစ်ယောက်ပြီးတစ်ယောက် စကားပြောဆိုလိုက်ကြသည်။

"သူတို့က ငါတို့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က မဟုတ်မှတော့ သူတို့ကို သတ်ပစ်လိုက်..."

"ဒီလို အရေးကြီးတဲ့ အချိန်မှာ ငါတို့က သူတို့ကို စည်းရုံးလို့ မရရင် သူတို့ကို အတားအဆီးတစ်ခု ဖြစ်ခွင့်ပြုလို့ မရဘူး..."

"အဲ့ဒီအမျိုးသမီးက ရုပ်ရည်တော့ မဆိုးဘူး... သူက ငါ့ရဲ့ ဒေါသတွေကို ဖြေဖျောက်ဖို့ ကူညီပေးနိုင်တယ်..."

"ဟက်... ငါက အငယ်လေးကို ကြိုက်တယ်... အဲ့ဒီကောင်မလေးက ငါ့အပိုင်ပဲ..."

...

သူတို့ စကားပြောဆိုနေစဉ်မှာပင် သူတို့အားလုံးသည် သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် အနက်ရောင် ဝတ်စုံဝတ်ထားသူများ၏နောက်တွင် တာလော့ ဓမ္မပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာကြတော့သည်။

လုရန်၏နှလုံးခုန်နှုန်း တစ်ချက်မှားသွားတော့သည်။

အနက်ရောင်ဝတ်စုံလူများသ​ည် စုစုပေါင်း ခုနစ်ဦး ရှိနေပေ၏။ ပထမခြောက်ဦးသည် မဟာပေါင်းစည်းခြင်း အင်မော်တယ်များပင်။

ဒါတော့ ဒုက္ခပဲ...

နောက်ဆုံး အနက်ရောင်ဝတ်စုံဝတ်ထားသူ တစ်ဦးတည်းသာ မလှုပ်ရှားသေးချေ။ ထိုလူသည် ခေါင်းဆောင် ဖြစ်ပုံရသည်။

"အင်မော်တယ်သခင်အဖြစ် တက်လှမ်းနေတုန်းမှာ သူ မလှုပ်ရှားနိုင်ဘူး... ဒါပေမဲ့ သူ့ရဲ့ ကာကွယ်ရေး စိတ်ဝိညာဉ်ရတနာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွေကတော့ ရှိနေသေးတယ်... မင်းတို့အားလုံး အစွမ်းကုန် တိုက်ခိုက်ပြီး သူ့ကို သတ်ပစ်ကြစမ်း..."

အနက်ရောင်ဝတ်စုံဝတ် လူတစ်ဦးက အော်ဟစ်လိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူသည် အင်မော်တယ်သခင်အဖြစ် တက်လှမ်းနေသော မဟာပေါင်းစည်းခြင်း အင်မော်တယ်နယ်ပယ် နဝမအဆင့်၏ အထွတ်အထိပ်တွင် ရှိနေသူ တစ်ယောက်ပင်။

သူ့ကို အထင်သေး၍ မရနိုင်ချေ။

စကားသံအဆုံးမှာပင် သေးငယ်သော ပုံရိပ်လေးတစ်ခု အလျင်အမြန် ချဉ်းကပ်လာသည်ကို သူတို့ ရုတ်တရက် မြင်တွေ့လိုက်ရသည်။

သူတို့ လှည့်ကြည့်လိုက်ရာ ထိုမိန်းကလေးငယ်လေး ဖြစ်နေကြောင်း သူတို့ မြင်တွေ့မိလေ၏။

လင်းပေါင်အာ၏အရှိန်နှုန်းမှာ အလွန်မြန်ဆန်သည်။ သူမသည် တစ်ဖက်လူအနီးသို့ ရောက်ရှိလာသော်လည်း မတိုက်ခိုက်ခဲ့ချေ။ သူမ၏အကြည့်မှာ ခိုင်မာပြတ်သားနေသည်။

"သေလမ်းကို ရှာနေတာပဲ..."

အနက်ရောင်ဝတ်စုံဝတ် လူတစ်ဦးက ချက်ချင်းလှုပ်ရှားရန် ဟန်ပြင်လိုက်သည်။

သို့သော် သူ့ကို အခြားတစ်ယောက်က ဟန့်တားထားလေသည်။

"သူကို မသတ်နဲ့... ငါ ပျော်လို့ မဝသေးဘူး..."

ထိုလူက အော်ဟစ်လိုက်သည်။

ထိုအချိန်မှသာ သူ၏ အဖော်က တိုက်ခိုက်ခြင်းကို လက်လျှော့လိုက်၏။

"မင်းက သူကို သဘောကျနေပြီဆိုမှတော့ မင်းဘာသာမင်း သူကို စောင့်ရှောက်ထား... ငါတို့ စတိုက်တာနဲ့ ရှပ်ထိမိရင်တောင်မှ သူက နေရာမှာတင် သနားစရာကောင်းလောက်အောင် သေသွားလိမ့်မယ်... အဲ့ဒီအခါကျရင် သူ့ရဲ့အလောင်း နွေးနေတုန်းလေးပဲ မင်း ရနိုင်တော့မှာ..."

သူတို့၏အမြင်အရ ဤမိန်းကလေးငယ်လေးသည် ရွှေအမြုတေနယ်ပယ်ရှိ ကလေးတစ်ယောက်မျှသာ ဖြစ်သည်။ သူမသည် သူတို့၏ ကာကွယ်ရေး အရှိန်အဝါကိုပင် မချိုးဖျက်နိုင်သဖြင့် သူတို့ ကြောက်ရွံ့ခြင်း မရှိကြချေ။

"စိတ်မပူပါနဲ့... သူကို ငါ အရင်ဆုံး သတိလစ်အောင် လုပ်လိုက်မယ်... အဲ့ဒီကောင်ကို အရင်ဆုံး ငါတို့ ပူးပေါင်းပြီး သတ်ကြတာပေါ့..."

ထိုသို့ပြောပြီးနောက် သူက လက်ဆန့်တန်းလိုက်သည်။

ဧရာမဆွဲငင်အားတစ်ခုက လင်းပေါင်အာကို သူ၏ ရှေ့သို့ ချက်ချင်းဆွဲခေါ်သွားတော့သည်။

ဝှစ်...

သူသည် လင်းပေါင်အာကို လည်ပင်းမှ ကိုင်လိုက်သော်လည်း ခွန်အားများစွာ မသုံးခဲ့ချေ။

"ကောင်မလေး... မင်းက လိမ်လိမ်မာမာနဲ့ ငါ့ကို စောင့်နေတာ ပိုကောင်းမယ်... ခဏနေကျရင်..."

အနက်ရောင်ဝတ်စုံဝတ်လူက ညစ်ညမ်းစွာ ပြုံးလိုက်ပြီး သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

သူ စကားပြောဆိုနေစဉ် သူ ကိုင်ထားသော မိန်းကလေးငယ်လေး၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်ကို ရုတ်တရက် သတိထားမိသွားသည်။

သူ အချိန်တခဏကြာမျှ အံ့အားသင့်သွားသည်။

သူ စကားထပ်ပြောချင်သေးသော်လည်း တစ်ခုခု မှားယွင်းနေကြောင်း ရုတ်တရက် ခံစားမိလေ၏။

ဝှစ်...

သူက လက်တစ်ချက် ဝှေ့ယမ်းကာ လင်းပေါင်အာကို လွှင့်ပစ်လိုက်သည်။

သို့သော် သူ၏အဖော်က သူ၏နံဘေးတွင် ရှိနေသည်။ လင်းပေါင်အာ ပစ်ထုတ်ခံလိုက်ရသည့် အချိန်အခိုက်အတန့်မှာပင် သူမ၏လက်လေး ဝှေ့ယမ်းသွားတော့သည်။

ဖြန်း...

သူမ၏လက်ဖဝါးသည် အစောပိုင်းက တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သော အနက်ရောင်ဝတ်စုံဝတ်လူ၏ မျက်နှာကို ရိုက်ချလိုက်တော့သည်။

"တစ်ခုခု မှားနေပြီ... ငါ့ရဲ့ ဒန်တျန်... သောက်ကျိုးနည်း... ဒီကောင်မလေးက ငါ့ကို အဆိပ်ခတ်လိုက်တယ်..."

ပထမဆုံး အနက်ရောင် ဝတ်စုံဝတ်လူက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ထိုသို့အော်ဟစ်ပြီးနောက် သူသည် အလျှင်အမြန် ပလ္လင်ခွေ ထိုင်ချလိုက်၏။

သူ၏ ဒန်တျန်သည် အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်စွမ်းအင်များကို ရူးသွပ်စွာ ဝါးမျိုနေသကဲ့သို့ သူ ခံစားလိုက်ရသည်။

ဤစိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ ဒန်တျန်အတွင်းသို့ ဝင်ရောက်သွားချိန်တွင် မသန့်စင်ရသေးချေ။ မတည်ငြိမ်ပြီး ပြင်းထန်သော ခံစားချက်များနှင့် ရောနှောကာ ထိုအရာများသည် သူ၏ အဓိကနှင့် အသေးစား သွေးလှည့်ပတ်မှုများတလျှောက် ရွေ့လျားသွားပြီး သူ၏ခန္ဓာကိုယ်ရှိ သွေးကြောများအားလုံးကို ပြည့်နှက်သွားစေပေ၏။

သူ၏အရိုးများ ပြိုကွဲတော့မည့်အလား ခံစားလိုက်ရပြီး သူ၏ဒန်တျန်သည် ရောင်ရမ်းနေကာ ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။

ဤထူးဆန်းသော ဖြစ်စဉ်ကို ဖိနှိပ်ရန်အတွက် သူ၏ ကျင့်ကြံမှုကို လှည့်ပတ်ရန် သူ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သူ လုံးဝလုပ်၍မရကြောင်း တွေ့ရှိခဲ့သည်။

တစ်ချိန်တည်းမှာပင်....

လင်းပေါင်အာ၏ ပါးရိုက်ခြင်းကို ခံလိုက်ရသော အနက်ရောင်ဝတ်စုံဝတ်လူ ဒေါသထွက်နေပြီး သူမကို တိုက်ရိုက်သတ်ဖြတ်ရန် ရည်ရွယ်လိုက်သည်။

သို့သော် သူ့အဖော်၏ ထူးဆန်းသောတုံ့ပြန်မှုကို ရုတ်တရက် မြင်လိုက်ရသောအခါ သူ အနည်းငယ် အံ့အားသင့်သွားတော့သည်။

ထို့နောက် သူ၏အဖော် မည်သည်ကြောင့် ထိုသို့ တုံ့ပြန်ခဲ့ရကြောင်း သူ နားလည်သဘောပေါက်သွားသည်။

သူသည်လည်း အလျှင်အမြန် ပလ္လင်ခွေထိုင်လိုက်၏။ သူက အော်ဟစ်လိုက်သည်။

"အဲ့ဒီကောင်မလေး အနားကို မသွားကြနဲ့... သူက လီမျိုးနွယ်ကပဲ.."

သူသည် ဗဟုသုတ အတော်အသင့် ရှိပုံရပေ၏။

သို့သော် ဗဟုသုတရှိခြင်းသည် အသုံးမဝင်ချေ။ သူ၏ ဒန်တျန်သည်လည်း ရေကို ဝါးမျိုနေသော ဝေလငါးတစ်ကောင်အလား ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်စွမ်းအားများကို အတိုင်းအဆမရှိ စုပ်ယူနေသည်။

ဘုန်း...

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ပထမဆုံး အနက်ရောင်ဝတ်စုံဝတ်လူသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူ၏ဒန်တျန် ပေါက်ကွဲသွားတော့သည်။

ပေါက်ကွဲသွားသော ဒန်တျန်မှ ပြန့်ကျဲသွားသည့် စိတ်ဝိညာဉ်စွမ်းအားများကြောင့် သူ၏ခန္ဓာကိုယ်သည် ထူးဆန်းသော ပုံစံဖြင့် တွန့်လိမ်သွားပြီး သေဆုံးသွားပေ၏။

ရုတ်ချည်းဆိုသလိုပင် ဒုတိယမြောက် အနက်ရောင် ဝတ်စုံဝတ်လူ အလှည့်သို့ ကျရောက်လာသည်။

ဘုန်း...

သူ၏ဒန်တျန်ပေါက်ကွဲမှုသည် ချက်ချင်း နောက်က လိုက်လာတော့သည်။

သူတို့နှစ်ဦး၏နောက်ရှိ တာလော့ဓမ္မပုံရိပ်ယောင်များသည်လည်း ပျောက်ကွယ်သွားပေ၏။

ကျန်ရှိနေသော အနက်ရောင်ဝတ်စုံဝတ်လူများ၏ မျက်နှာအမူအရာများ သိသိသာသာ ပျက်ယွင်းသွားပြီး သူတို့အားလုံး အတော်ဝေးဝေးသို့ နောက်ဆုတ်သွားကြသည်။

သူတို့အားလုံး လင်းပေါင်အာကို ထိတ်လန့်တကြား ကြည့်နေကြသည်။

"လီမျိုးနွယ်ဝင် တစ်ယောက်... ဒီကောင်မလေးက တကယ်ပဲ လီမျိုးနွယ်ကလား..."

"သောက်ကျိုးနည်း... ရွှေအမြုတေအဆင့်က လီမျိုးနွယ် ကောင်မလေးတစ်ယောက်က ဒီလောက်တောင် ကြောက်စရာကောင်းတာလား..."

"သူကို လျစ်လျူရှုထားလိုက်... ဟိုကောင်လေးကိုသာ တိုက်ခိုက်ပြီး အရင်သတ်... လီမျိုးနွယ်ဝင်တွေကို သတ်လို့မရဘူး..."

...

ကျန်ရှိနေသော အနက်ရောင် ဝတ်စုံဝတ်ထားသူများသည် အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့သည် ဆက်လက်၍ အချိန်မဆွဲလိုတော့ဘဲ လုရန်ကို တိုက်ရိုက်တိုက်ခိုက်ရန် ရည်ရွယ်လိုက်သည်။

လင်းပေါင်အာ၏မျက်နှာလေး ရှုံမဲ့သွားသည်။ ယခုအချိန်၌ လီမျိုးနွယ်ဝင်တစ်ဦးအဖြစ် သူမ၏ အထောက်အထားကို သိရှိသွားပြီဖြစ်ရာ သူမသည် သူတို့အနီးသို့ ကပ်၍မရတော့ချေ။

သူမ စိတ်လွတ်သွားမှသာ ရပေလိမ့်မည်။

သို့သော် စိတ်လွတ်သွားပြီးနောက်တွင်ပင် သူမသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်တွင်သာ ရှိနေမည်ဖြစ်ရာ ဤသည်က အသုံးမဝင်ချေ။

ထန်ယင်းရော့သည် သူမ၏ဓားကို ဆွဲထုတ်လိုက်ကာ သူမ၏မျက်နှာ သေမတတ် ဖြူရော်နေသည်။

ဤဓားကို အောက်ဘုံတွင် လုရန်က သူမကို ပေးခဲ့ခြင်းဖြစ်သည်။ ချီဖြင့် အသက်သွင်းရသော ထိုဓားကို စိတ်ဝိညာဉ်နယ်မြေတွင် စိတ်ဝိညာဉ်စွမ်းအားဖြင့် မြှင့်တင်၍ မရနိုင်သဖြင့် သာမန်သံဓားတစ်လက်နှင့် မခြားနားချေ။

ထို့ပြင် အစစ်အမှန် အင်မော်တယ်တစ်ဦးအနေဖြင့် သူမသည် မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါး၏လက်တစ်ချောင်းကိုပင် ယှဥ်ပြိုင်နိုင်မည် မဟုတ်ချေ။

သို့သော် သူမသည် နောက်ဆုတ်ရန် ငြင်းဆန်နေဆဲပင်။ သူမ၏စိတ်နှလုံးသားထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်နေသော်လည်း သူမ၏အကြည့်မှာ မယုံနိုင်လောက်အောင် ပြတ်သားနေပြီး လုရန်၏ရှေ့တွင် မတ်တတ်ရပ်နေခဲ့သည်။

တစ်ဖက်တွင်မူ လင်းပေါင်အာ၏ စွမ်းဆောင်ရည်က ထန်ယင်းရော့ကို ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုတစ်ခု ပေးစွမ်းနိုင်ခဲ့သည်။

လင်းပေါင်အာသည် လီမျိုးနွယ်မှဖြစ်ကြောင်းနှင့် သူမကို ထိမိသူများ၏ ကံကြမ္မာသည် မည်သို့ဖြစ်မည်အား လုရန်က ပြောပြခဲ့သည်။

သို့သော် သူမ ကြားရုံသာ ကြားဖူးခြင်းဖြစ်ပြီး ဤသည်က လက်တွေ့မကျသကဲ့သို့ သူမ ခံစားမိလေ၏။

သို့သော် ယခုအချိန်၌...

လင်းပေါင်အာကို ထိမိသော မဟာပေါင်းစည်းခြင်း အင်မော်တယ်နှစ်ယောက်လုံး သူတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲပြီး ချက်ချင်းသေဆုံးသွားခဲ့ကြသ​ည်။

မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ဖြစ်သနည်း....

"ယင်းရော့... သွားတော့..."

လုရန်က တိုးညှင်းသော အသံဖြင့် ပြောဆိုသည်။

သူသည် လင်းပေါင်အာအတွက် မစိုးရိမ်သော်လည်း ယင်းရော့အတွက် စိုးရိမ်နေပေ၏။ မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်၏ရှေ့တွင် ထန်ယင်းရော့သည် ပုရွက်ဆိတ် တစ်ကောင်နှင့် မခြားနားချေ။

မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်ကသာ ထန်ယင်းရော့ကို သတ်ချင်ပါက သူမ အသက်ရှင်ကျန်ရစ်ရန် အခွင့်အရေးမှာ သုညဖြစ်ကြောင်းကိုလည်း သူ သိထားသည်။

ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ်လူများက တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။

သို့သော် ရုတ်တရက်...

သူတို့၏နောက်တွင် တိတ်ဆိတ်စွာ မတ်တတ်နေခဲ့သော ခေါင်းဆောင်အမျိုးသားသည် ရှေ့သို့ခြေတစ်လှမ်း ရုတ်တရက် တက်လာသည်။

ဝီ...

သူ၏နောက်တွင် ဆေဘာဓားတစ်လက်ကို ကိုင်ဆောင်ထားသော နတ်ဘုရားစစ်သူကြီး ဓမ္မပုံရိပ်ယောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာပေ၏။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် တခြားမဟာပေါင်းစည်းခြင်း အင်မော်တယ်များ၏ ဓမ္မပုံရိပ်ယောင်များမှာ အနည်းငယ် မှိန်ဖျော့နေပုံရသည်။

All Chapters