← Chapters

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉

Vol. 6 Ch. 59

အခန်း ၅၉: အင်မော်တယ်ပိုင်နက်နယ်မြေ

လုရန်က တစ်ဖက်လူကို ကြည့်လိုက်ပြီး သူ မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ကောင်းကင်စိတ်ဝိညာဉ်မျက်လုံးကို အသုံးမပြုနိုင်သော်လည်း ဤလူသည် သာမန်မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက် မဟုတ်ကြောင်း သူ ခံစားနိုင်သည်။

ဖြစ်နိုင်တာက... အင်မော်တယ်သခင် တစ်ပါးများလား...

လုရန်၏နှလုံးခုန်နှုန်း တစ်ချက်မှားသွားပြီး တွေးတောလိုက်၏။

'ငါ အဲ့ဒီလောက်တော့ ကံမဆိုးနိုင်ပါဘူး...'

အနက်ရောင်ဝတ်စုံဝတ်လူသည် သူတို့၏ခေါင်းဆောင် လှုပ်ရှားတော့မည်ကို မြင်သောအခါ လမ်းဖယ်ပေးရန် နံဘေးသို့ ဆုတ်လိုက်ကြသည်။

သို့သော် နောက်တစ်စက္ကန့်မှာပင်...

ဝှစ်...

အမျိုးသား၏လက်ထဲတွင် ဧရာမအနက်ရောင် ဆေဘာဓားတစ်လက် ရုတ်တရက် ထွက်ပေါ်လာပြီး အသံမထွက်ဘဲ လွှဲယမ်းသွားကာ အနီးဆုံး အနက်ရောင် ဝတ်စုံဝတ်စုံဝတ်လူနှစ်ဦး၏ ခေါင်းများကို ဖြတ်တောက်လိုက်တော့သည်။

ကျန်ရှိနေသော အနက်ရောင်ဝတ်စုံဝတ် လူနှစ်ဦးသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

"တပ်မှူးချန်... ခင်ဗျား... ခင်ဗျား ဘယ်လို့..."

လုရန်၊ ထန်ယင်းရော့နှင့် လင်းပေါင်အာတို့သည်လည်း အံ့အားသင့်သွားကြသည်။

ဘာတွေ ဖြစ်နေတာလဲ...

သူ့ရဲ့ လူတွေကို သူက ဘာလို့ သတ်နေတာလဲ..

စကားတစ်ခွန်းမျှ မပြောဘဲ အမျိုးသားသည် သူ၏ ဆေဘာဓားကို ထပ်မံ၍မြှောက်ကာ တခြားလူနှစ်ဦးကို ခုတ်ပိုင်းလိုက်တော့သည်။

သက်တံရောင်ပိုးဖဲကြိုးများအလား ဓားချီအနည်းငယ် လွင့်စင်လာတော့သည်။

သူတို့နှစ်ဦးသည် ရှောင်တိမ်းလိုက်ပြီး အချင်းချင်း အကြည့်ချင်းဖလှယ်ကာ ချက်ချင်းအရှိန်မြှင့်တင့်ပြီး ထွက်ပြေးရန် ရည်ရွယ်လိုက်ကြ၏။

သို့သော် အံ့အားသင့်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပျက်သွားတော့သည်။

အမျိုးသား၏နောက်ရှိ နတ်ဘုရားစစ်သူကြီး ဓမ္မပုံရိပ်ယောင်သည် ရုတ်တရက် ခုန်ထွက်လာပြီး အသက်ရှင်နေသော လူတစ်ဦးအလား သူတို့၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားလိုက်သည်။

ထို့နောက် သူ၏ဓား ကျရောက်လာတော့သည်။

ဓားချီများသည် ကြီးမားသော ကွန်ရက်ကြီးတစ်ခုအဖြစ် ယှက်နွယ်သွားပြီး သူတို့ကို ဖြတ်သန်းသွားသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုလူနှစ်ဦး၏ ခန္ဓာကိုယ်များသည် အသားစများအဖြစ် အပိုင်းပိုင်းအစစ ခုတ်ထစ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ သူတို့၏ဓမ္မပုံရိပ်ယောင်များ ပျောက်ကွယ်သွားတော့သည်။

ဤအချိန်တွင် ထိုအမျိုးသားမှလွဲ၍ တခြားအနက်ရောင်ဝတ်စုံဝတ် လက်အောက်ငယ်သားများအားလုံး သေဆုံးသွားလေပြီ။

ထို့နောက် ဓမ္မပုံရိပ်ယောင်သည် အမျိုးသား၏နောက်သို့ ပြန်ရောက်လာပြီး မှေးမှိန်သွားသည်။

လုရန်သည် ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေခဲ့လေ၏။

ဓမ္မပုံရိပ်ယောင်တစ်ခုသည် ရုပ်ခန္ဓာကိုယ်မှ ခွဲထွက်နိုင်သလော....

ဤသည်က မည်ကဲ့သို့ လှုပ်ရှားမှုမျိုး ဖြစ်သနည်း...

အနက်ရောင်ဝတ်စုံဝတ်လူသည် လုရန်ကို ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။

"ဆရာ... မတွေ့ရတာ ကြာပြီနော်... ဆရာ ဒီလို အခက်အခဲ ဖြစ်နေတာကို မြင်ရတာ တကယ်ကို ကျေနပ်စရာပဲ... ဟားဟား..."

ထိုသို့ပြောဆိုပြီးနောက်....

တစ်ဖက်လူသည် သူ၏ဝတ်ရုံခေါင်းစွပ်ကို နောက်သို့ ဆွဲချလိုက်၏။

သူသည် ပါးလွှာသော မျက်ခုံးများနှင့် လေးထောင့်ကျကျမျက်နှာဖြင့် အလွန်သန့်ရှင်းသပ်ရပ်ပုံရပြီး သူ၏ အထင်ရှားဆုံး အင်္ဂါရပ်မှာ သူ၏နှုတ်ခမ်းထောင့်ရှိ မှဲ့ကြီးတစ်လုံးပင်။

"သောက်ကျိုးနည်း... မင်းပဲ... မင်း သောက်အောင်သွယ်တော်..."

လုရန်က အံ့အားတသင့် အော်ဟစ်လိုက်သည်။

"အာ... ဆရာ ကျွန်တော့်ကို အဲ့ဒီနာမည်နဲ့ မခေါ်တာ ကြာပြီ... တကယ်ကို လန်းဆန်းသွားတာပဲ..."

အမျိုးသားသည် ဒေါသမထွက်သည့်အပြင် စိတ်ကျေနပ်စွာဖြင့် သူ၏မျက်လုံးများကို မှေးလိုက်၏။

ထို့နောက် သူက လုရန်ဆီသို့ လျှောက်လှမ်းသွားလေသည်။

ထန်ယင်းရော့နှင့် လင်းပေါင်အာတို့သည် သူ့ကို တားဆီးရန် မသိစိတ်အရ လှုပ်ရှားလိုက်ကြသည်။

"ယင်းရော့... ရပါတယ်... သူက ငါတို့လူပဲ..."

လုရန်က ပြောလိုက်သည်။

"ဒီနှစ်ယောက်က ဂျူနီယာညီမတွေပဲလား... အကြီးမလေးက လှပြီး အငယ်မလေးက ချစ်စရာကောင်းတယ်... ဆရာက အရင်ကလို လူရွေးတော်တုန်းပဲ..."

အမျိုးသားက မှတ်ချက်ပေးလိုက်သည်။

ထို့နောက်...

သူက သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။

"မင်္ဂလာပါ ဂျူနီယာညီမတို့... ငါက ချန်တာ့ရှန်းပါ... အပြာရောင်ဂိုဏ်း တပည့်ပါ..."

လုရန်၏အတည်ပြုချက်ဖြင့် ထန်ယင်းရော့နှင့် လင်းပေါင်အာတို့ သက်ပြင်းချနိုင်ခဲ့ကြသည်။

လုရန်က ပြောဆိုသည်။

"ယင်းရော့က ငါ့ရဲ့ အငယ်ဆုံး တပည့်လေ... မင်းသာ အထက်ဘုံတက်လှမ်းသူများစာရင်းကို ကြည့်ရင် သူက ငါ့မတိုင်ခင် တစ်ရက်အလိုက တက်လှမ်းလာတယ်ဆိုတာ သိမှာပါ... ဒီကောင်မလေးကတော့ လင်းပေါင်အာ... သူက ငါ့တပည့် မဟုတ်ဘူး... စိတ်ဝိညာဉ်နယ်မြေက ဒေသခံတစ်ယောက်ဖြစ်ပြီး လီမျိုးနွယ်ဝင် တစ်ယောက်ပဲ..."

ချန်တာ့ရှန်းသည် နားလည်သဘောပေါက်သွားသည့်အလား သူ့ခေါင်းကိုသူ ရိုက်လိုက်ပြီး 'ဝှစ်' ခနဲ အသံနှင့်အတူ ခြေလှမ်းများစွာ နောက်ဆုတ်သွားကာ ပေါင်အာနှင့် အတော်ဝေးဝေးတွင် နေလိုက်သည်။

တစ်ချိန်တည်းမှာပင် သူက ရေရွတ်လိုက်၏။

"အဲ့ဒါကို ငါ မေ့လုနီးပါးပဲ..."

ချန်တာ့ရှန်းသည်လည်း လုရန်၏တပည့်ဖြစ်ပြီး ဆေဘာဓားကျင့်ကြံသူတစ်ဦးပင်။

သူသည် အနည်းငယ်ခေါင်းမာသော်လည်း သူ၏ ပါရမီမှာ အလွန်မြင့်မားလှသည်။

ထို့နောက်...

ချန်တာ့ရှန်းသည် လုရန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ထန်ယင်းရော့ကို တစ်ချက်ကြည့်ကာ ပြောဆိုသည်။

"ဂျူနီယာညီမလေး... ငါ့ကို အပြစ်မတင်ပါနဲ့... ငါ အထက်ဘုံတက်လှမ်းသူတွေစာရင်းကို စောင့်ကြည့်ခဲ့တာတော့ အမှန်ပဲ... ဒါပေမဲ့ ဆရာ့ရဲ့နာမည်ကိုပဲ ရှာပြီး တခြားဘယ်သူ့ကိုမှ သိပ်ဂရုမစိုက်ခဲ့ဘူး... ဟီးဟီး..."

ထန်ယင်းရော့က ပြုံးပြီး သူမ အဆင်ပြေကြောင်း အချက်ပြလိုက်၏။

ထိုအချိန်မှသာ ချန်တာ့ရှန်းက လုရန်ကို ကြည့်လိုက်သည်။

"ဆရာ... ဆရာက အထက်ဘုံကို တက်လှမ်းလာတာ ရက်နည်းနည်းပဲ ရှိသေးတယ်...ဆယ်ရက်တောင် ပြည့်လို့လား... အခု ဆရာက အင်မော်တယ်သခင်အဖြစ် တက်လှမ်းနေပြီလား... သောက်ကျိုးနည်း...ဆရာလို့ မပြောရဘူး... ဒါပေမဲ့ ဒီတောရိုင်းထဲမှာ ဘာလို့အဆင့်တက်ရတာလဲ... အရမ်းအန္တရာယ်များတယ်လေ..."

လုရန်က မျက်လုံးလှန်ကြည့်ပြီး ပြောလိုက်သည်။

"ငါ့မှာမှ အတွေ့အကြုံ မရှိတာ... အင်မော်တယ်သခင်အဖြစ် တက်လှမ်းနေတုန်းမှာ မလှုပ်နိုင်ဘူးဆိုတာ ငါ ဘယ်လိုလုပ်ပြီး သိမှာလဲ... ဒါနဲ့ မင်းက အခု ဘယ်နယ်ပယ်မှာလဲ... မင်းရဲ့ တာလော့ ဓမ္မပုံရိပ်ယောင်က ဘယ်လိုလုပ် ခန္ဓာကိုယ်ကနေ ခွဲထွက်ပြီး တိုက်ခိုက်နိုင်ရတာလဲ..."

ချန်တာ့ရှန်းက ပြောဆိုလေ၏။

"အဲ့ဒါက အင်မော်တယ်သခင် နယ်ပယ်ရဲ့ သဘာဝပဲလေ..."

လုရန်၏ မျက်လုံးများ တောက်ပသွားသည်။

ချန်တာ့ရှန်းက အင်မော်တယ်သခင် တစ်ပါး ဖြစ်နေပြီလား...

သူ့ရဲ့ ပါရမီက တကယ်ကို ထူးချွန်တာပဲ...

ချန်တာ့ရှန်း၏ အဆိုအရ အင်မော်တယ်သခင်သည် အလွန်ထူးခြားသော နယ်ပယ်တစ်ခုဖြစ်ပြီး အင်မော်တယ်နယ်မြေတွင် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု၏အစပင်။

ဤသည်ကို မဟာပေါင်းစည်းခြင်း အင်မော်တယ်အား အဆင့်မြှင့်တင်ထားသော ပုံစံတစ်ခုဟု သတ်မှတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် အင်မော်တယ်သခင်တစ်ပါး၏ စွမ်းရည်များသည် တာလော့ ဓမ္မပုံရိပ်ယောင်အပေါ်တွင် အဓိက မှီခိုနေသောကြောင့်ပင်။

အင်မော်တယ်သခင်အဖြစ် တက်လှမ်းခြင်းသည် အင်မော်တယ်ပိုင်နက်နယ်မြေကို နိုးထစေသည့် ဖြစ်စဉ်လည်းဖြစ်သည်။

အင်မော်တယ်ပိုင်နက်နယ်မြေသည် တာလော့ဓမ္မပုံရိပ်ယောင်အပေါ် မူတည်၍ မတူညီသော အထောက်အပံ့ အကျိုးသက်ရောက်မှုများကို ပေးစွမ်းပေမည်။

ဆိုလိုသည်မှာ အမှိုက်ဓမ္မပုံရိပ်ယောင်တစ်ခုသည် အင်မော်တယ်သခင်အဖြစ် တက်လှမ်းပြီးနောက် ပို၍ပင် အမှိုက်ဖြစ်သွားပေမည်။

သို့သော် ထိပ်တန်း ဓမ္မပုံရိပ်ယောင် ပိုင်ရှင်တစ်ယောက်မှ အင်မော်တယ်သခင်အဖြစ် တက်လှမ်းခြင်းအတွက် အင်မော်တယ်ပိုင်နက်နယ်မြေ၏ စွမ်းရည် အကျိုးသက်ရောက်မှုများသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် တာလော့ဓမ္မပုံရိပ်ယောင်သည် လွတ်လပ်စွာ တိုက်ခိုက်ရန် ရုပ်ခန္ဓာမှ ခွဲထွက်နိုင်ပေ၏။

မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါး၏ ဓမ္မပုံရိပ်ယောင်သည် သခင်နှင့် တပြိုင်နက်တည်း တိုက်ခိုက်ရေး လှုပ်ရှားမှုများ ပြုလုပ်နိုင်သော ဧရာမ ပြင်ပအရိုးစုအလား အစွမ်းထက်သော တိုက်ခိုက်ရေး အထောက်အကူပစ္စည်းတစ်ခုနှင့် ပို၍တူညီသည်။

သို့သော် အင်မော်တယ်သခင်တစ်ပါး၏ ဓမ္မပုံရိပ်ယောင်သည် ပို၍အစွမ်းထက်ပြီး ကိုယ်တိုင်တိုက်ခိုက်နိုင်သော ရုပ်သေးရုပ်တစ်ရုပ်နှင့် ပို၍တူညီပေ၏။

ကြိုတင်သတ်မှတ်ချက်ကမူ ထိုအရာသည် သခင်၏ ထိန်းချုပ်မှုကို လိုအပ်နေသေးခြင်းပင်။

တာလော့ဓမ္မပုံရိပ်ယောင်တွင် ဉာဏ်ရည် သို့မဟုတ် ကိုယ်ပိုင်အသိစိတ် မရှိချေ။

လွတ်လပ်စွာ ထိန်းချုပ်နိုင်သော တာလော့ ဓမ္မပုံရိပ်ယောင်တစ်ခုနှင့် အင်မော်တယ်ပိုင်နက်နယ်မြေ၏ အထောက်အပံ့ ပေါင်းစပ်လိုက်ချိန်တွင် အင်မော်တယ်သခင်တစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအား မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း တွေးတောကြည့်နိုင်သည်။

"ဒါဆို... ခုဏက ပြန့်ကားသွားတဲ့ အတားအဆီးလို အရာက မင်းရဲ့ အင်မော်တယ်ပိုင်နက်နယ်မြေလား... အကွာအဝေးက ဘယ်လောက်ထိ ကျယ်ပြန့်လဲ..."

လုရန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"အကွာအဝေးက ဓမ္မပုံရိပ်ယောင်ရဲ့ အဆင့်အပေါ် မူတည်ပြီး ကွာခြားတယ်... ကျွန်တော့်ရဲ့ ဓမ္မပုံရိပ်ယောင်က အလယ်အလတ်အဆင့်လို့ သတ်မှတ်နိုင်ပြီးတော့ အချင်းဝက် လီတစ်ဆယ်ရှိတယ်...တစ်ခုရှိတာက နယ်ပယ်တိုးတက်လာတာနဲ့အမျှ ပိုင်နက်နယ်မြေက တဖြည်းဖြည်း ကျယ်ပြန့်လာမှာပါ... ဒါပေမဲ့ အခြေခံအုတ်မြစ်က အရေးကြီးဆုံးပဲ... ဓမ္မပုံရိပ်ယောင် ကောင်းလေလေ အခြေခံအနေနဲ့ အကွာအဝေး ကြီးလေလေပဲ..."

ချန်တာ့ရှန်းက ရှင်းပြလိုက်သည်။

ချန်တာ့ရှန်းသည် လောလောဆယ်တွင် အင်မော်တယ်သခင်နယ်ပယ် ဒုတိယအဆင့်တွင် ရှိနေပြီး သူ၏ အင်မော်တယ်ပိုင်နက်နယ်မြေမှာ အချင်းဝက် ဆယ်လီသာ ရှိသည်။

ဤသည်က အထူးကြီးမားခြင်း မရှိသည့်အပြင် သေးငယ်ခြင်းလည်း မရှိချေ။

ထိုစကားကို ကြားသောအခါ လုရန် တိတ်ဆိတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အင်မော်တယ်ပိုင်နက်နယ်မြေသည် လီနှစ်ဆယ်အထိ ကျယ်ပြန့်နေပြီဖြစ်သောကြောင့်ပင်။

"အမှန်ပဲ... အင်မော်တယ်သခင် ဖြစ်လာပြီးတဲ့နောက်မှာ ဓမ္မပုံရိပ်ယောင်က ခန္ဓာကိုယ်ကနေ ထွက်ခွာနိုင်ပေမဲ့ သူ့ရဲ့ လှုပ်ရှားနိုင်တဲ့ အကွာအဝေးက အင်မော်တယ်ပိုင်နက်နယ်မြေ အကွာအဝေးအတွင်းမှာပဲ ကန့်သတ်ထားတယ်... တကယ်လို့ အဲ့ဒီအကွာအဝေးကနေ ထွက်သွားရင် ခန္ဓာကိုယ်ဆီ အလိုအလျောက် ပြန်ရောက်လာလိမ့်မယ်..."

ချန်တာ့ရှန်းက ပြောလိုက်သည်။

ထို့ကြောင့်...

အင်မော်တယ်ပိုင်နက်နယ်မြေ ကျယ်ပြန့်လေလေ တိုက်ပွဲတွင် အားသာချက် ပို၍ကြီးမားလေလေပင်။

ဤသည်က တစ်ဖက်ရန်သူကို လီဒါဇင်ပေါင်းများစွာ အကွာအဝေးမှ တိုက်ရိုက်ဖိနှိပ်၍ သတ်ဖြတ်နိုင်ပေမည်။

"အဆင့်တက်တာ ဘယ်တော့ ပြီးမလဲ မသိဘူး..."

လုရန်က တီးတိုးရေရွတ်လိုက်သည်။

"ဆရာ အဆင့်တက်တာက တစ်နာရီလောက် ကြာနေပြီ... ပြီးလုနီးပါး ဖြစ်နေပြီ..."

ချန်တာ့ရှန်းက ပြောဆိုသည်။

"မင်း အခု သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့နဲ့ အတူရှိနေတာလား..."

လုရန်က မေးလိုက်၏။

"ဟုတ်ကဲ့... ကျွန်တော်က မဟာမိတ်အဖွဲ့ ခေါင်းဆောင် လုံကျွန်းယန် ဦးဆောင်တဲ့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ရဲ့ မဟာတပ်မှူး ခြောက်ယောက်ထဲက တစ်ယောက်ပါ..."

ချန်တာ့ရှန်းက ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် မင်း တော်တော် အဆင်ပြေနေတာပဲ..."

လုရန်သည် ချန်တာ့ရှန်းကို အံ့အားသင့်စွာ ကြည့်လေသည်။

ဒီကောင်က တွေးခေါ်ပုံ ရိုးရှင်းတယ်... သူ ဒီလောက်အမြင့်အထိ တက်လာနိုင်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး...

"ဟူး... ဆရာလည်း ကျွန်တော့်အကြောင်းကို သိသားပဲ... ကျွန်တော်က ပျင်းတယ်လေ... တခြားဂိုဏ်းတူမောင်နှမတွေ အများကြီးက သူတို့ရဲ့ ကိုယ်ပိုင်ဂိုဏ်းတွေကို တည်ထောင်ခဲ့ကြပေမဲ့ ကျွန်တော်ကတော့ အဲ့ဒီလောက် ဒုက္ခမခံနိုင်ဘူး... ကျွန်တော့်ရဲ့ နယ်ပယ်က မြင့်မားတာကြောင့် မဟာပေါင်းစည်းခြင်း အင်မော်တယ်မှာ ရှိနေတုန်းက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ဝင်ခဲ့တာပါ..."

ချန်တာ့ရှန်းက ရယ်မောလိုက်သည်။

ထို့နောက် သူသည် လုရန်ကို သတင်းတစ်တစ်ခု ပြောပြလိုက်၏။

ချန်တာ့ရှန်း လူများကို ဦးဆောင်၍ ဤနေရာသို့ ရောက်လာရသည့် အကြောင်းအရင်းမှာ မဟာချန် တော်ဝင်မြို့တော်ထဲသို့ လျှို့ဝှက်စွာ ခိုးဝင်ပြီး ချုံခိုတိုက်ခိုက်ရန်ပင်။

သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သည် မဟာချန်အင်ပါယာကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းပြီး ချန်နယ်မြေ အရှေ့ဘက်ခြမ်း၏ဘုရင်အဖြစ် သူတို့၏ အဆင့်အတန်းကို ခိုင်မာစေရန်အတွက် ဆယ်ရက်အတွင်း ကြီးမားသော စစ်တပ်ကြီးတစ်ခုကို စုဆောင်းရန် စီစဉ်ထားသည်။

"ဒါဆို သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့နဲ့ မဟာချန်တို့ စစ်ဖြစ်တော့မှာပေါ့..."

လုရန်၏မျက်လုံးများ တောက်ပလာသည်။

ခရုနဲ့ဇင်ယော် တိုက်ခိုက်ကြလျှင် တံငါသည်က အကျိုးအမြတ် ရပေမည်။

"အစကတော့ သူတို့က တိုက်ခိုက်ဖို့ မရည်ရွယ်ခဲ့ပါဘူး... မီးလောင်ရာ လေပင့်ခဲ့တာက ကျွန်တော်ပါ... ဆရာ အထက်ဘုံတက်လှမ်းလာပြီးတဲ့နောက်မှာ ဒီအကြံဉာဏ်ကို ရခဲ့တာပါ... တကယ်လို့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က ချန်နယ်မြေ အရှေ့ဘက်ခြမ်းကို စုစည်းနိုင်ရင် ဆရာ့အကြောင်း သတင်းတွေနဲ့ သဲလွန်စတွေကိုရှာဖို့ လူတွေ စီစဉ်ရတာ အများကြီး ပိုလွယ်သွားလိမ့်မယ်လို့ ကျွန်တော် တွေးမိတာပါ..."

ချန်တာ့ရှန်းက ပြောလိုက်သည်။

သူ့ထံ၌ ရိုးရှင်းသော တွေးခေါ်မှု ရှိသော်လည်း ဤအကြံအစည်မှာ မမှားချေ။

ထိုသို့မဟုတ်ပါက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့နှင့် မဟာချန်တို့ အချင်းချင်း လည်ပင်းညှစ်နေကြလျှင် လုရန်အကြောင်း သတင်းရရန် အရင်းအမြစ်များကို မည်သို့ ရှာဖွေနိုင်မည်နည်း။

"ဒါပေမဲ့ ဆရာက ကျွန်တော်နဲ့ အရမ်းနီးတဲ့ ရှပြည်နယ်မှာပဲ အထက်ဘုံတက်လှမ်းလာမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး... အဲ့ဒါ ကံကြမ္မာပဲ... ဆရာ....ကံကြမ္မာပါပဲ...."

ချန်တာ့ရှန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ထိုအချိန်မှာပင်...

လုရန်၏ ရှင်းထျန်းဓမ္မပုံရိပ်ယောင် ရုတ်တရက် တုန်ခါသွားပြီးနောက် မှေးမှိန်သွားကာ ပြန်လည်၍ ပျောက်ကွယ်သွားတော့သည်။

လုရန်၏ခန္ဓာကိုယ်သည်လည်း လှုပ်ရှားမှုကို ပြန်လည်ရရှိသွားပြီး သူ၏အာရုံခံနိုင်စွမ်း စွမ်းရည်များနှင့် စိတ်ဆန္ဒများအားလုံး ပြန်လည်ရောက်ရှိလာတော့သည်။

ချန်တာ့ရှန်း၏ နယ်ပယ်ကိုလည်း သူ တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက်မြင်နိုင်ပေ၏။ သူ အမှန်အားဖြင့် အင်မော်တယ်သခင်နယ်ပယ် ဒုတိယအဆင့်တွင် ရှိနေသည်။

တစ်ချိန်တည်းမှာပင် လုရန်၏ကိုယ်ပိုင်စွမ်းအားသည်လည်း အင်မော်တယ်သခင်နယ်ပယ်သို့ ရောက်ရှိသွားပြီး စွမ်းအားခံစားချက်မှာ ယခင်နှင့် ကမ္ဘာတစ်ခုစာမျှ ကွာခြားနေတော့သည်။

"ပြီးပြီလား... ဆရာ... ဆရာ့ရဲ့ ဓမ္မပုံရိပ်ယောင်က စစ်နတ်ဘုရား ရှင်းထျန်းပဲ... ထိပ်တန်းအဆင့်ပဲ... ဆရာ့ရဲ့ အင်မော်တယ်ပိုင်နက်နယ်မြေက ဘယ်လောက်ကြီးလဲ... အဲ့ဒီအရာရဲ့ စွမ်းရည်က ဘာလဲ..."

ချန်တာ့ရှန်းက စိတ်မရှည်စွာ မေးလိုက်၏။

လုရန်၏နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး ပြောဆိုသည်။

"မဆိုးပါဘူး... အချင်းဝက် လီတစ်ရာပါ... နယ်မြေရဲ့ စွမ်းရည်နဲ့ ပတ်သက်လို့တော့..."

All Chapters