← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂: ကျုံးယွန်ရှန်း၏ လျှို့ဝှက်ချက်

ကျုံးချင်းသည် သူ့ကို မတားရဲခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ရွှေအင်မော်တယ် တစ်ဦးသာ ဖြစ်နေသောကြောင့်ပင်။ မဟာပေါင်းစည်းခြင်း အင်မော်တယ်တစ်ယောက်ကို တိုက်ခိုက်ရန်မှာ သူမအတွက် မည်သို့မျှ မဖြစ်နိုင်ချေ။

ကံကောင်းထောက်မစွာဖြင့်....

ကျုံးချင်း၏သတိပေးချက်ကို အစောင့်များက ချက်ချင်းတုံ့ပြန်ခဲ့ကြသည်။

စံအိမ်တော်တွင် တာဝန်ကျနေသော မဟာပေါင်းစည်းခြင်း အင်မော်တယ်တချို့သည် ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာတော့သည်။

"သူက ငါ့အဖေရဲ့ အမျိုးသမီးတပည့်ကို ပြန်ပေးဆွဲသွားတဲ့သူပဲ... သူ့ကို သတ်..."

ကျုံးချင်းက ချက်ချင်းအော်ဟစ်လိုက်သည်။

မဟာပေါင်းစည်းခြင်း အင်မော်တယ်များသည် သနားညှာတာမှု မရှိဘဲ တပြိုင်နက်တည်း ရှေ့သို့ ပြေးဝင်သွားကြ၏။

လုရန်က ရယ်မောလိုက်သည်။

သူသည် လက်တစ်ဖက်က လင်းပေါင်အာကို ကိုင်ထားရင်း သူ၏တခြားလက်က ရှေးဟောင်းပုံစံ ဓားရှည်တစ်လက်ကို ရုတ်တရက် ဆွဲထုတ်လေသည်။

ရွှမ်ယွမ် ကောင်းကင်လမ်းညွှန်ဓား....

ဤသည်မှာ လုရန် ရွှမ်ယွမ်ဓားကို ပထမဆုံးအကြိမ် အသုံးပြုခြင်းပင်။

ဤကိစ္စအတွက် တခြားအကြောင်းပြချက် မရှိပေ။ သူတို့ကို ပိုပြီးမြန်မြန် သတ်ဖြတ်ရန်သာ ဖြစ်ပေ၏။ ဤနေရာသည် တော်ဝင်မြို့တော် ဖြစ်ကြောင်း သူ မမေ့ခဲ့ပေ။

သူသည် အင်မော်တယ်သခင်တစ်ယောက်ဖြစ်ပြီး အင်မော်တယ်ပိုင်နက်နယ်မြေတစ်ခုကို ပိုင်ဆိုင်ထားသော်လည်း....

လုရန်သည် နောက်ပိုင်းတွင် မြစ်ဝါမြစ်ကွေ့ကိုးကွေ့ ဝင်္ကပါကို အသုံးပြုရန် ရည်ရွယ်ထားသောကြောင့် ရန်သူများကို အချိန်မတိုင်မီ သတိမပေးလိုချေ။

လူအနည်းငယ် ရှေ့သို့ ပြေးဝင်လာသည်ကို ကြည့်ရင်း....

လုရန်သည် သူ၏ ဓမ္မပုံရိပ်ယောင် သို့မဟုတ် နယ်မြေကိုပင် အသုံးမပြုခဲ့ချေ။

လက်တစ်ဖက်ဖြင့် သူသည် ပေါင်အာကို သူ၏ကျောပေါ်သို့ လွှဲတင်လိုက်သည်။

"မြဲမြဲကိုင်ထား..."

ညွှန်ကြားချက် ပေးပြီးနောက် လုရန်၏ပုံရိပ် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

နောက်ချန်ပုံရိပ်များကို ချန်ထားရစ်ခဲ့ပြီး သူ၏ လက်ထဲရှိ ရွှမ်ယွမ်ကောင်းကင်လမ်းညွှန်ဓားသည် သူတို့ကို ဟင်းသီးဟင်းရွက်များအလား အမှန်တကယ် ဖြတ်တောက်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မဟာပေါင်းစည်းခြင်း အင်မော်တယ်များ၏ ဖြတ်တောက်ခံထားရသော ခြေလက်အင်္ဂါများသည် မြေပြင်ပေါ်တွင် ပြန့်ကျဲသွားပြီး သူတို့၏ဒန်တျန်များပင်လျှင် ဖျက်ဆီးခြင်းခံလိုက်ရပေ၏။

ဒန်တျန်များ၏ ထောက်ပံ့မှု ဆုံးရှုံးသွားသဖြင့် မဟာပေါင်းစည်းခြင်း အင်မော်တယ်များ၏ ခန္ဓာကိုယ်များအတွင်းရှိ ကြမ်းတမ်းသော စိတ်ဝိညာဉ်စွမ်းအားများသည် ဖြာထွက်လာပြီး ခြံဝင်းတစ်ခုလုံးကို ဖျက်ဆီးလိုက်တော့သည်။

ကျုံးချင်း၏မျက်နှာအမူအရာ သိသိသာသာ ပျက်ယွင်းသွားသည်။

ရက်အနည်းငယ်အတွင်းမှာပင် ဤလူ၏ ခွန်အားသည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းလာခဲ့လေပြီ။

ဓားတစ်ချက်တည်းဖြင့် သူသည် မဟာပေါင်းစည်းခြင်း အင်မော်တယ် အမြောက်အများကို ချက်ချင်းသတ်ဖြတ်ခဲ့သည်။

ထို့ပြင် သူသည် တွန့်ဆုတ်မှု အနည်းငယ်မျှ မရှိဘဲ လှုပ်ရှားခဲ့ပေ၏။

ဤူသည်မှာ သပ်ရပ်ပြီး ပြတ်သားလှသည်။

ဤလူများသည် ကျန်းကော် မြို့စားစံအိမ်တော်၏ အဓိက တိုက်ခိုက်ရေး အင်အားစုများပင်။

"ရပ်လိုက်..."

ကျုံးချင်းသည် စိတ်လှုပ်ရှား​နေကယ အရာတစ်ခုကို လုရန်၏ ခေါင်းဆီသို့ ဦးတည်၍ တိုက်ရိုက်ပစ်ပေါက်လိုက်သည်။

လုရန်က ထိုအရာကို တစ်ချက်ကြည့်ပြီး မှတ်မိသွားသည်။

ဤသည်မှာ ကျုံးချင်း မြို့ပြင်တွင် အသုံးပြုခဲ့သော ကောင်းကင်ဘုရင် စည်းတံဆိပ်ပင်။

"ကျန်းကော် မြို့စားစံအိမ်တော်ရဲ့ အင်မော်တယ်ရတနာ..."

လုရန်က ရယ်မောလိုက်ပြီး ကောင်းကင်ဘုရင် စည်းတံဆိပ်၏ တဖြည်းဖြည်း ကျယ်ပြန့်လာသော ဖိအားနှင့် ခြောက်လှန့်နိုင်စွမ်းကို ခံစားလိုက်ရသည်။

သူ ဓားကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။

ဘုန်း...

ကောင်းကင်ဘုရင် စည်းတံဆိပ်သည် နှစ်ပိုင်းကွဲသွားပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျသွားတော့သည်။ ယခင်က ဖိအားနှင့် အင်မော်တယ်ရတနာ၏ စိတ်ဝိညာဉ်စွမ်းအားများသည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပေ၏။

လုရန်၏မျက်လုံးများ တောက်ပသွားသည်။ ရွှမ်ယွမ် ဓား၏စွမ်းအားကို သူ စမ်းသပ်နေရုံသာဖြစ်ပြီး ထိုအရာက ဤမျှထိ ထိရောက်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

သူ၏စိတ်ဝိညာဉ်စွမ်းအားကို များစွာလှုံ့ဆော်ရန်ပင် မလိုအပ်ဘဲ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုတစ်ခုက အင်မော်တယ်ရတနာတစ်ခုကို ချိုးဖျက်လိုက်သည်။

ဤသည်က မယုံနိုင်လောက်အောင် ချောမွေ့လှသည်။

ကျုံးချင်း၏မျက်နှာ ဖြူရော်သွားတော့သည်။

ကျန်းကော်မြို့စားစံအိမ်တော်၏ ကောင်းကင်ဘုရင် စည်းတံဆိပ်သည် ဤမျှထိ လွယ်လင့်တကူ ထက်ပိုင်းဖြတ်တောက်ခံရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင်။

အင်မော်တယ်ရတနာ ဖျက်ဆီးခံလိုက်ရသဖြင့် သူမသည်လည်း အတိုင်းအတာတစ်ခုအထိ နောက်ဆက်တွဲဆိုးကျိုးကို ခံစားလိုက်ရသည်။

သို့သော် သူမသည် ပူးကပ်ခံထားရသည့်အလား လုရန်ကို အမှန်တကယ်ပင် ဆက်လက်၍ လိုက်လံဖမ်းဆီးခဲ့သည်။

ဤသည်မှာ အရန်ခန်းမဆောင်အထိပင်။

လုရန်သည် အရန်ခန်းမဆောင်သို့ အပြေးအလွှား ဝင်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

ဤနေရာရှိ ပရိဘောဂများသည် ပြီးပြည့်စုံပြီး ကျန်းကော် မြို့စားစံအိမ်တော်ရှိ တခြားအခန်းများနှင့် များစွာကွာခြားမှု မရှိသော်လည်း ကျုံးယွန်ရှန်းကို မည်သည့်နေရာတွင်မျှ မတွေ့ရပေ။

အနီးကပ် လိုက်ပါလာသော ကျုံးချင်းသည်လည်း ဇဝေဇဝါဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"ငါ့အဖေ ဒီမှာ မရှိဘူးလား..."

သူမက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

အကယ်၍ ကျုံးယွန်ရှန်း ဤနေရာတွင် မရှိပါက စံအိမ်တော်ရှိ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားမှာ မဟာပေါင်းစည်းခြင်း အင်မော်တယ်များသာ ဖြစ်သည်။

သို့သော် သူတို့ထဲမှ အနည်းငယ်သည် ထိပ်တိုက်တွေ့ဆုံမှု တစ်ခုတည်းတွင် လုရန်၏ ချက်ချင်း သတ်ဖြတ်ခြင်းကို ခံလိုက်ရလေပြီ။

"ငါ့အဖေ ဒီမှာ မရှိဘူး... နောက်နေ့မှ ပြန်လာခဲ့..." ကျုံးချင်းက လုရန်ကိုကြည့်ပြီး အော်ဟစ်လိုက်သည်။

လုရန်သည် ကျုံးချင်းကို တစ်ချက် ကြည့်လိုက်၏။

သူ၏မျက်လုံးများတွင် စူးရှသော အလင်းရောင်တစ်ချက် လင်းလက်သွားပြီး သူ ပတ်ဝန်းကျင်ကို စူးစမ်းစစ်ဆေးလိုက်သည်။

သူ တွေးထင်ထားသည့်အတိုင်း...

ထောင့်တစ်နေရာတွင် တစ်ခုခု မှားယွင်းနေကြောင်း လုရန် သတိထားမိသွားသည်။

ဤသည်က ပြတင်းပေါက်တစ်ခု ရှိသင့်သော အရန်ခန်းမဆောင်၏ မထင်ရှားသော ထောင့်တစ်ခု ဖြစ်သော်လည်း ထိုနေရာကို တင်းကြပ်စွာ ပိတ်ထားသဖြင့် ထောင့်တစ်ခုလုံးမှာ အနည်းငယ် မှောင်နေပုံရသည်။

"ကန့်သတ်ချက် တစ်ခု..."

လုရန်က တီးတိုးရေရွတ်လိုက်၏။

သူ၏ အမြင့်ဆုံးအဆင့် ဝင်္ကပါစွမ်းရည်များနှင့် ကောင်းကင်စိတ်ဝိညာဉ်မျက်လုံးတို့ဖြင့် သူသည် ထိုအရာကို ချက်ချင်းထွင်းဖော​က်မြင်နိုင်သည်။

သို့သော် ကျုံးချင်းကမူ ထိုအရာကို မမြင်နိုင်ချေ။

သူမ ထပ်ပြောချင်သေးသော်လည်း လုရန်သည် ကန့်သတ်ချက်ကို စတင်၍ ချိုးဖျက်နေလေပြီ။

ဤသည်မှာ ကန့်သတ်ချက် တစ်ခုဖြစ်သော်လည်း လျှို့ဝှက်လမ်းကြောင်းတစ်ခု၏ အဝင်ဝကို ဖုံးကွယ်ရန် ရည်ရွယ်ထားသော သာမန်ဝင်္ကပါတစ်ခုမျှသာ ဖြစ်သည်။

အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင်...

ဝုန်း...

ကန့်သတ်ချက် ပျောက်ကွယ်သွားပြီး ထောင့်ရှိ ကြမ်းပြင်တစ်ခု ဖြည်းညှင်းစွာ နိမ့်ဆင်းသွားကာ နံဘေးသို့ ဆုတ်သွားပြီး အောက်သို့ ဦးတည်နေသော မှောင်မည်းသည့် လှေကားတစ်ခုကို ဖော်ပြနေတော့သည်။

တစ်ချိန်တည်းမှာပင် ဆိုးရွားသော အနံ့တစ်ခု သူတို့ဆီသို့ ပျံ့လွင့်လာတော့သည်။

ထိုအနံ့တွင် သွေးနံ့နှင့်တူသော အရာတစ်ခုခုနှင့် ရောနှောနေသဖြင့် ထိုအရာက လုရန်၏မျက်ခုံးများကို ကျုံ့သွားစေခဲ့သည်။

ကျုံးချင်းသည် အံ့အားသင့်စွာ စောင့်ကြည့်နေပေ၏။

သူမသည် ကျန်းကော်မြို့စားစံအိမ်တော်တွင် ကြီးပြင်းလာခဲ့ပြီး အရန်ခန်းမဆောင်ကို အနည်းဆုံးအနေဖြင့် လွန်ခဲ့သော နှစ်ပေါင်းခြောက်ထောင်ခန့်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤခန်းမဆောင်၏အောက်တွင် လျှို့ဝှက်ခန်းတစ်ခန်း ရှိနေကြောင်း သူမ တစ်ကြိမ်တစ်ခါမျှ မသိခဲ့ပေ။

ထိုအချိန်မှာပင်....

လုရန်သည် ကျုံးချင်းကို ရုတ်တရက် လှည့်ကြည့်ပြီး ပြောဆိုသည်။

"ဒီအောက်မှာ မင်းအဖေ ဘာလုပ်နေလဲဆိုတာ မင်း မသိချင်ဘူးလား... အတူတူ ဆင်းပြီး သွားကြည့်ကြမလား..."

တပည့်များအဖြစ် လက်ခံရန် ကျုံးယွန်ရှန်း ခေါ်လာခဲ့သော ထိုအမည်ခံ အမျိုးသမီးများသည် နောက်ဆုံးတွင် ဤနေရာ၌ သူမတို့အားလုံး ဖြေရှင်းခံရနိုင်ခြေရှိကြောင်း လုရန် သံသယဝင်နေလေပြီ။

ထိုသို့ပြောဆိုပြီးနောက် လုရန်သည် ကျုံးချင်းကို လျစ်လျူရှုကာ လင်းပေါင်အာနှင့်အတူ လှေကားမှ ဆင်းသွားပြီး မှောင်မည်းသော လိုဏ်ခေါင်းအတွင်း မကြာမီ ပျောက်ကွယ်သွားတော့သည်။

လိုဏ်ခေါင်းသည် အလွန် ရှည်လျားပြီး မီတာတစ်ရာကျော်အထိ ထောင့်ဖြတ်အနေအထားဖြင့် အောက်သို့ ဆင်းသွားသည်။

သူတို့ ဆက်သွားလေလေ ဆိုးရွားသောအနံ့မှာ ပို၍သိသာလာလေလေပင်။

မကြာမီ သူတို့သည် လိုဏ်ခေါင်းမှ ထွက်လာကြပြီး ရှေ့ရှိနေရာသည် ကျယ်ပြန့်သွားပေ၏။

လိုဏ်ခေါင်း၏အဆုံးတွင် လုရန် စိတ်ကူးထားခဲ့သော မြေအောက်ခန်းငယ်လေး သို့မဟုတ် လျှို့ဝှက်ခန်း မဟုတ်ချေ။ ထိုအစားထိုး ကျန်းကော် မြို့စားစံအိမ်တော်အောက်ရှိ ဧရိယာတစ်ခုလုံးကို အခေါင်းပေါက် လုပ်ထားခြင်းပင်။

ကြီးမားကျယ်ပြန့်သော နေရာကို သလင်းကျောက်များဖြင့် အလှဆင်ထားသည်။ ဤနေရာ၌ အလင်းရောင်သည် အလွန်မတောက်ပသော်လည်း အင်မော်တယ်နယ်ပယ်ရှိသူများအတွက်မူ အလင်းရောင် အရင်းအမြစ် မရှိလျှင်ပင် ရှင်းလင်းစွာ မြင်တွေ့နိုင်ပေ၏။

သို့သော် ဤမြင်ကွင်းသည် ကိစ္စရပ်မျိုးစုံကို ကြုံတွေ့ဖူးသော လုရန်ကိုပင် တိတ်တဆိတ် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

ခန်းမဆောင်၏နံဘေးပတ်လည်တွင် အမည်မသိ အနက်ရောင် သတ္တုတစ်မျိုးဖြင့် ဖန်တီးထားသော သံကြိုးများရှိပြီး တစ်ချောင်းစီသည် အမျိုးသမီးတစ်ဦး၏ လည်ပင်းနှင့် ချိတ်ဆက်ထားသည်။

သူမတို့သည် အဝတ်အစားများ သေချာမဝတ်ဆင်ထားဘဲ သူမတို့၏မျက်နှာများ ဖြူရော်နေကာ ခန္ဓာကိုယ်များ ပိန်ချုံးနေသည်။

အမျိုးသမီးတချို့သည် အရိုးစုအခြေအနေနီးပါးသို့ ရောက်နေပြီဖြစ်ပြီး အရေပြားနှင့်အရိုးများသာ ကျန်ရှိတော့သည်။

တခြားသူများမှာမူ သေဆုံးနေပြီဖြစ်ပြီး သူမတို့၏ အရိုးစုများမှာ ဆွေးမြည့်နေကာ မည်သူမျှ ဂရုမစိုက်ဘဲ ထိုနေရာတွင် ချည်နှောင်ခံထားရဆဲပင်။

ဤမြေအောက်မှ အနံ့များ မည်မျှထိ ရွံစရာကောင်းသည် တွေးတောကြည့်၍ ရနိုင်ပေ၏။

ခန်းမဆောင်၏အလယ်ဗဟိုတွင် ကျုံးယွန်ရှန်း၏ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေပြီး ကာမရမ္မက် အပြုအမူတစ်ခုကို လုပ်ဆောင်နေကာ သူ အလုပ်လုပ်နေစဉ် ညည်းတွားနေသည်။

အနက်ရောင်ချီများ ရောနှောနေသော နီရဲသည့် စိတ်ဝိညာဉ်စွမ်းအားများသည် သူ၏နံဘေးပတ်လည်တွင် လှည့်ပတ်ပြီး လွင့်မျောနေသည်။

ရုတ်တရက် တစ်ခုခုကို ခံစားလိုက်ရသဖြင့်..

ကျုံးယွန်ရှန်း၏လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သူ၏ မျက်လုံးများအတွင်း၌ အသိတရားအရိပ်အယောင်များ ပြန်ရလာတော့သည်။

သူ မော့ကြည့်လိုက်ပြီးနောက် သူ ချက်ချင်းဒေါသထွက်သွားပေ၏။

"သောက်ကျိုးနည်း... ဘယ်သူက မင်းကို အထဲပေးဝင်တာလဲ... ဒီမှာ..."

သူ၏စကားမဆုံးခင်မှာပင်...

လုရန်၏နောက်မှ ကျုံးချင်း၏ ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာသည်။

"အဖေ... အဖေ... ဘာတွေ လုပ်နေတာလဲ..."

ကျုံးချင်း လုံးဝဆွံ့အသွားပြီး သူမ၏မျက်စိရှေ့ရှိ မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေသည်။

ဤအရန်ခန်းမဆောင်အောက်တွင် ငရဲဘုံတစ်ခုအလားပင်။

ဤနှစ်တွေအားလုံးအတွင်း တပည့်လက်ခံရန် သူမ၏ဖခင် ခေါ်လာခဲ့သော အမျိုးသမီးများကို သူက ရှပြည်နယ်ပြင်ပကို ပို့လိုက်ခြင်း မဟုတ်သည်အား သူမ ရုတ်တရက် နားလည်သွားသည်။

ထိုအစား သူမတို့ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ သူမတို့အားလုံးကို ဤနေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်ပေ၏။

ကျုံးချင်း၏မျက်နှာ ဖြူရော်နေပြီး ထိုအမျိုးသမီးများ၏ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အခြေအနေနှင့်ပတ်ဝန်းကျင်ကို ကြည့်ရင်း သူမ၏ ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ တုန်ယင်နေသည်။ သူမတို့ အကြိမ်ရေ မည်မျှထိများများ နှိပ်စက်ခံရပြီး အကြမ်းဖက်ခံရသည်ကို သူမ တွေးတောနေမိသည်။

ထို့ပြင် ကျုံးယွန်ရှန်း၏ လုပ်ရပ်များသည် သေချာပေါက် ပုံမှန်မဟုတ်ချေ။

ဤသည်က မိစ္ဆာနည်းစနစ်တစ်မျိုးနှင့် ပို၍တူညီသည်။

ထိုအရာက ကျုံးချင်းကို မအီမသာ ဖြစ်စေခဲ့သည်။

နှစ်ပေါင်းများစွာ ကြာမြင့်လာမှုနှင့်အတူ ဤနေရာအောက်တွင် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း တွေးတောကြည့်နိုင်ပေ၏။

ထောင့်တစ်နေရာတွင် အရိုးဖြူများ အပုံလိုက်ပင် စုပုံနေသည်။

ကျုံးယွန်ရှန်းသည် ထိုအလောင်းများကို နှစ်ပေါင်းများစွာ မစွန့်ပစ်ခဲ့ဘဲ ဆုဖလားများကဲ့သို့ အပုံလိုက် ပစ်ထားခဲ့သည်။ ဤသည်မှာ ကျောချမ်းဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

"ချင်းအာ... ဘာလို့ ဆင်းလာတာလဲ... မင်းကို ငါ မပြောခဲ့ဘူးလား..."

ကျုံးယွန်ရှန်း၏မျက်နှာ ချက်ချင်းရှုံမဲ့သွားပြီး ကြည့်ရဆိုးသွားတော့သည်။

သူ၏ ရှက်ဖွယ်ကောင်းသော အခြေအနေကို ဖုံးကွယ်ရန်အတွက် သူသည် ဝတ်ရုံတစ်ထည်ကို အလျှင်အမြန် ခြုံလိုက်သည်။

သူ၏ခြေရင်းတွင်...

အကြမ်းဖက်ခံခဲ့ရသော အမျိုးသမီးသည် လှုပ်ရှားမှု အနည်းငယ်မျှသာ ပြသခဲ့ပြီး သူမ၏ မျှော်လင့်ချက်မဲ့နေသော မျက်လုံးများသည် လုရန်နှင့်ကျုံးချင်းတို့ထံသို့ ကြည့်နေကာ သူမ၏မီးခိုးရောင် မျက်လုံးသူငယ်အိမ်များတွင် သက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေတော့သည်။

ချလွမ်... ချလွမ်... ချလွမ်...

လုရန်က ရွှမ်ယွမ်ဓားကို မြေပြင်ပေါ်သို့ ခေါက်လိုက်၏။

ဤသည်က ကျုံးယွန်ရှန်းနှင့်ကျုံးချင်းတို့ နှစ်ဦးလုံး၏ ပရမ်းပတာ ခံစားချက်များကို ဖြတ်တောက်လိုက်သည်။

သူက ပြောဆိုသည်။

"မင်း ခွေးအိုကြီး... မင်းက ဒီလောက်တောင် နှာဘူးတစ်ယောက် ဖြစ်နေမယ်လို့ ငါ ထင်မထားခဲ့ဘူး... ဒီလိုဆိုမှတော့ လူတွေအတွက် ဘေးအန္တရာယ်တစ်ခုကို ငါ ဖယ်ရှားပေးရတော့မှာပေါ့... တကယ့်ကို ကောင်းမှုကုသိုလ် လုပ်ရပ်တစ်ခုပဲ..."

ထိုသို့ပြောဆိုပြီးနောက်...

သူ ထပ်မံ၍ အချိန်မဖြုန်းလိုတော့ချေ။

သူ၏ပုံရိပ် လှုပ်ရှားသွားပြီး ရှေ့သို့ချဥ်းကပ်သွားတော့သည်။

သူ၏အမြန်နှုန်းက ကျုံးယွန်ရှန်းကို အလွန်အမင်းထိတ်လန့်သွားစေခဲ့သည်။

All Chapters