← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂:မဟာချန်အတွက်

လျှောင်ဝမ်ရှန်း သေသွားသည်မှာ အနည်းငယ် နှမြောစရာပင်။

ဧကရီ မရှိသဖြင့် မဟာချန်တွင် ဖူကျန်းလုံသာ ကျန်ရှိတော့သည်။ ဖူကျန်းလုံ သေဆုံးသွားသရွေ့ မဟာချန်ကို သူတို့ သိမ်းပိုက်နိုင်ပေမည်။

ဖူကျန်းလုံကို သတ်ရန်မှာ အလွန်လွယ်ကူပေလိမ့်မည်။ သာမန်အင်မော်တယ်သခင်တစ်ယောက်ကို ဆန့်ကျင်ရန် သိုင်းနတ်ဘုရားမဟာမိတ်အဖွဲ့မှ အင်မော်တယ်သခင် အများအပြားက ဝိုင်းရံပြီး အာရုံစိုက်၍ တိုက်ခိုက်မည်ဆိုပါက ဖူကျန်းလုံသည် အခြေခံအားဖြင့် ချက်ချင်းသတ်ဖြတ်ခံရပေမည်။

ဤသို့ဆိုလျှင် မဟာချန်ကို သူတို့ လွယ်ကူစွာ သိမ်းပိုက်နိုင်ပေမည်။

သို့သော် ရုတ်တရက်...

အပျက်အစီးများထဲမှနေ၍ အနက်ရောင် ပုံရိပ်တစ်ခုသည် ဟင်းလင်းပြင်ကို ခြေတစ်လှမ်းချင်း ဖြတ်သန်းကာ ကောင်းကင်ယံသို့ နောက်တစ်ကြိမ် ပျံသန်းလာတော့သည်။

သူမ၏မျက်နှာပေါ်တွင် ခံစားချက်ကင်းမဲ့နေပြီး လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ဆီသို့ အေးစက်စွာ ကြည့်နေပေ၏။ ထို့နောက် တွန့်ဆုတ်ခြင်းမရှိဘဲ သူမသည် ရှေ့သို့ ပြေးဝင်သွားတော့သည်။

"ဟူး... သူ့ရဲ့စွမ်းအားက ကောင်းပေမဲ့ သူ့ရဲ့ စိတ်က နည်းနည်းရိုးရှင်းလွန်းတယ်..."

လုရန်က ညည်းတွားလိုက်သည်။

လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်သည် ရုပ်ပိုင်းဆိုင်ရာခွန်အားကို အားကိုးသည်။ ဤသည်က သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တွေးကြည့်ရုံမျှဖြင့် သိနိုင်သည်။ သူ့ကို မည်သို့ ထိပ်တိုက်ရင်ဆိုင်နိုင်မည်နည်း။

အစောပိုင်းက လက်သီးချက်မှာ ရုတ်တရက်ဖြစ်ပြီး အလျင်စလို ဖြစ်ခဲ့သည်။ ယခု သူမ ပြန်လည် အခြေချမိပြီဖြစ်ရာ သူမသည် သူ့ကို ရှောင်ကွင်းပြီး နောက်ရှိ အင်မော်တယ်သခင်များကို သတ်ဖြတ်သင့်သည်။

သူမသည် မည်သည်ကြောင့် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်နှင့် ထိပ်တိုက်ရင်ဆိုင်၍ တိုက်ခိုက်နေရသနည်း....

"သူက အင်မော်တယ်သခင်တွေကို မသတ်ရင် တံငါသည်ဖြစ်တဲ့ ငါက ဘယ်လိုလုပ် အကျိုးအမြတ် ရနိုင်မှာလဲ"

လုရန်က မကျေမနပ်ဖြင့် တွေးတောလိုက်သည်။ အကယ်၍ သူမသည် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်၏ ဖိနှိပ်ခံရပြီး အားအင်ကုန်ခန်းသွားပါက ဖူကျန်းလုံ သေဆုံးသွားသည်နှင့် မဟာချန်သည် လုံးလုံးလျားလျား ပြီးဆုံးသွားပေမည်။

ထွက်ပေါ်မလာသေးသော ဧကရီနှင့် ပတ်သက်၍မူ သူမသည် ထွက်ပြေးသွားပြီ ဖြစ်နိုင်ကြောင်း လုရန် ခန့်မှန်းလိုက်၏။ ဤအခြေအနေတွင် အကယ်၍ လုရန်သာ မဟာချန်၏ စစ်သူကြီး တစ်ဦးဖြစ်ပါက သူသည် ကြာမြင့်စွာကတည်းက ညတွင်းချင်း ထွက်ပြေးသွားခဲ့မိပေမည်။

သူ ထိုသို့ တွေးနေစဉ်မှာပင်...

ဘုန်း...

အမျိုးသမီး ပြေးဝင်သွားသည့် အခိုက်အတန့်မှာပင် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်က လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

အမျိုးသမီး နောက်တစ်ကြိမ် လွင့်စင်သွားတော့သည်။ ဤကဲ့သို့ အလွန်အမင်း ပေါက်ကွဲနိုင်သော စွမ်းအားမျိုးကို ရင်ဆိုင်ရချိန်တွင် အမျိုးသမီးသည် ဒဏ်ရာမရဘဲ တောင့်ခံနိုင်လျှင်ပင် ယင်ကောင်တစ်ကောင်ကဲ့သို့ ရိုက်ထုတ်ခံရသဖြင့် သူမ အနားသို့ မကပ်နိုင်ပေ။

သူမသည် အရှေ့အနောက် ခေါက်တုံ့ခေါက်ပြန် သွားလာနေပြီး သူမကို သတ်၍မရသော်လည်း ဘောလုံးတစ်လုံးကဲ့သို့ ရိုက်ထုတ်ခံနေရသည်။

"ထူးဆန်းတယ်... ဒီမိန်းကလေးက ဘယ်သူလဲ... သူရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ..."

လီယွီဖုန်းက အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် ဇဝေဇဝါဖြင့် တီးတိုးရေရွတ်လိုက်၏။

လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင် ထွက်ပေါ်လာခြင်းက အကျိုးသက်ရောက်မှု ကောင်းသော်လည်း အကြိမ်ပေါင်းများစွာ အပြန်အလှန် တိုက်ခိုက်ပြီးနောက်တွင်လည်း ပြိုင်ဘက်ကို မသတ်နိုင်သေးသဖြင့် လီယွီဖုန်းကို မျက်နှာပျက်စေခဲ့သည်။ ထိုအခြေအနေမှာ ကလေးကစားနေသကဲ့သို့ ဖြစ်နေတော့သည်။

"ငါ ပြောလို့မရဘူး... ပြီးတော့ သူဆီကနေ ဘယ်လို ချီအတက်အကျကိုမှ ငါ မခံစားရဘူး... သူ့ကို ကာကွယ်ပေးတဲ့ အင်မော်တယ်ရတနာ တစ်ခုများ ရှိနေမလား..."

လန်ကျီးက နံဘေးမှနေ၍ သိချင်စိတ်ဖြင့် ပြောလိုက်သည်။

"အင်မော်တယ်ရတနာတစ်ခုက ငါတို့ မရဏအိမ်တော်ရဲ့ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ကနေ သူ့ကို ဘေးကင်းလုံခြုံအောင် ကာကွယ်ထားနိုင်မယ်လို့ ထင်နေတာလား... မင်း အိပ်မက်မက်နေတာပဲ..."

လီယွီဖုန်းက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ကာ ပြောဆိုသည်။

"ရှေးဟောင်းရတနာ တစ်ခု ဖြစ်နိုင်တယ်..."

လုံကျွန်းယန်က ဝင်ပြောလိုက်၏။

ဤစကားများကို ပြောလိုက်သည့် အခိုက်အတန့်မှာပင် လက်ရှိနေရာတွင်ရှိနေသူတိုင်း၏ မျက်လုံးများ တောက်ပသွားတော့သည်။

ရှေးဟောင်းရတနာတစ်ခု....

ရှေးဟောင်းရတနာတစ်ခု၏ အသွင်အပြင်ကိုပင် သူတို့ မမြင်ဖူးကြချေ။ အကယ်၍ ဤမိန်းကလေးထံတွင် ရှေးဟောင်းရတနာတစ်ခု အမှန်တကယ် ရှိနေပြီး ယခုကဲ့သို့ ပြိုင်ဘက်ကင်း ကာကွယ်ရေး အကျိုးသက်ရောက်မှုပေးတဲ့အရာ ဖြစ်နေပါက သူမကို ဖမ်းဆီးပြီး ရယူနိုင်လျှင် လူတိုင်းကို မနာလိုအားကျ ဖြစ်စေပေမည်။

"ဒီတိုင်း ဆက်သွားလို့ အဆင်မပြေဘူး... လှုပ်ရှားကြရအောင်... ဖူကျန်းလုံကို အရင်သတ်ပြီး မဟာချန်ကို သိမ်းပိုက်ကြရအောင်..."

လီယွီဖုန်းက သူတို့ကို သတိပေးလိုက်သည်။

လီယွီဖုန်းသည် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ကို ထိန်းချုပ်နေသူဖြစ်ပြီး ဤမျှ ကြာမြင့်ပြီးနောက် သူ ပင်ပန်းလာလေပြီ ။ မည်သို့ပင်ဖြစ်စေကာမူ ထိုအမျိုးသမီးကို လုံးဝသတ်၍မရနိုင်ပေ။ သူမသည် ဒဏ်ရာရထားပုံပင် မပေါ်ချေ။

အကယ်၍ သူတို့ ဆက်လက်၍ အချိန်ဆွဲနေမည်ဆိုပါက လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်က အစွမ်းထက်သော်လည်း လီယွီဖုန်းသည် နောက်ဆုံးတွင် ချီစွမ်းအားများ ကုန်ခမ်းသွားပေမည်။ သူသည် ပြိုင်ဘက်ကို မသတ်နိုင်သည့်အပြင် သူမထက် ပို၍ အချိန်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်ပေ။

"လှုပ်ရှားကြစမ်း... မဟာချန်ကို သိမ်းပိုက်ကြစို့..."

လုံကျွန်းယန်က သူ၏လှံရှည်ကို ဝှေ့ယမ်းလိုက်သည်။

"ဖူကျန်းလုံကို သတ်လိုက်ရင် ချန်နယ်မြေရဲ့ အရှေ့ဘက်မှာ မဟာချန်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး... မြို့ထဲက လူတိုင်းကို သတ်ပစ်လိုက်စမ်း..."

သတ်မိန့်တစ်ခု....

သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သည် မဟာချင်ကို လုံးလုံးလျားလျား လွှဲပြောင်းရယူပြီး အစီအစဉ်သစ်တစ်ခု ပြန်လည်တည်ဆောက်လိုသည်။ တော်ဝင်မြို့တော်၏ မူလနေထိုင်သူများထဲတွင် မည်သူက သူတို့၏ မိတ်ဆွေများဖြစ်ပြီး မည်သူက မဟာချန်အပေါ် သစ္စာစောင့်သိသူများဖြစ်ကြောင်း ခွဲခြားရန် ခက်ခဲပေ၏။

သူတို့အားလုံးကို သတ်ပစ်ခြင်းက အလုံခြုံဆုံး အလောင်းအစားပင်။ ဤနည်းလမ်းက သန့်ရှင်းပြီး ထိရောက်သည်။

ထိုသို့ပြောဆိုပြီးနောက် လုံကျွန်းယန်သည် လန်ကျီးနှင့် သူမ၏နောက်ရှိ အဒေါ်သုံးယောက်ကို ကြည့်လိုက်သည်။ သူ၏ ဆိုလိုရင်းအဓိပ္ပာယ်မှာ ရှင်းလင်းသည်။ အကယ်၍ သူမတို့ တောရိုင်းနယ်မြေ ကြောင်ယောင်များသည် အရှေ့ဘက်နယ်မြေ၌ နေရာတစ်ခု လိုချင်လျှင် စိတ်ရင်းမှန်တချို့ ပြသရန် အချိန်တန်လေပြီ။

အဒေါ်သုံးယောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး မငြင်းဆန်ခဲ့ကြပေ။

ဤအခြေအနေတွင် သူမတို့ လှုပ်ရှားရမည့်ကိစ္စသည် နှမ်းဖြူးရုံသက်သက်မျှသာ ဖြစ်သည်။ ယောင်ဧကရာဇ်သုံးယောက်က ဖူကျန်းလုံ တစ်ဦးတည်းကို သတ်ရန်ဆိုသည်မှာ အလွန်လွယ်ကူလွန်းလှသည်။ ယောင်မျိုးနွယ်သည် လူသားမျိုးနွယ်ထက် ကျင့်ကြံရန် များစွာပို၍ခက်ခဲသော်လည်း တူညီသော နယ်ပယ်တွင် သူတို့သည် အနည်းငယ်ပို၍ အစွမ်းထက်ကြ၏။

ဖူကျန်းလုံသည် အင်မော်တယ်သခင်တစ်ယောက် ဖြစ်သော်လည်း သူသည် အရေးမပါလှချေ။ ယောင်ဧကရာဇ်တစ်ယောက်က ဖူကျန်းလုံ၏ ဓမ္မပုံရိပ်ယောင်ကို ဖမ်းချုပ်ထားနိုင်ပြီး တခြားနှစ်ယောက်က ဓမ္မပုံရိပ်ယောင်မရှိသော သူ့ကို သတ်ဖြတ်နိုင်သည်။

ဖူကျန်းလုံ၏ အင်မော်တယ်ပိုင်နက်နယ်မြေနှင့် ပတ်သက်၍မူ သူတို့သုံးဦးက ထိုအရာကို အလေးအနက် မထားခဲ့ကြပေ။

အင်မော်တယ်ပိုင်နက်နယ်မြေတစ်ခုသည် ဓမ္မပုံရိပ်ယောင်၏အဆင့်အပေါ် မူတည်သည်။ ဖူကျန်းလုံ၏ ဓမ္မပုံရိပ်ယောင်သည် သာမန်နတ်ဘုရားစစ်သူကြီး တစ်ပါးမျှသာဖြစ်ပြီး ထူးခြားမှု မရှိပေ။

ဤအချိန်တွင် ဖူကျန်းလုံသည် မယုံနိုင်လောက်အောင် စိုးရိမ်နေပြီး သူ၏မျက်နှာ ဖြူရော်နေသည်။ သူသည် မဟာချန်အတွက် သေရန် ဆန္ဒရှိသော်လည်း နှစ်ပေါင်းသောင်းနှင့်ချီ၍ ကျင့်ကြံလာခဲ့ပြီးနောက် မလွှဲမရှောင်သာသော သေခြင်းတရားကို ယခု ရင်ဆိုင်ရချိန်တွင် သူလည်း ကြောက်ရွံ့နေခဲ့သည်။ သို့သော် ထိုသို့ဖြစ်သည့်တိုင် သူသည် သူ၏ လက်ထဲရှိ လှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး လမ်းဖယ်ပေးရန် ငြင်းဆန်ခဲ့လေ၏။

ထိုမြင်ကွင်းကို ကြည့်ရင်း လုရန်သည် တိတ်တဆိတ် ခေါင်းမညိတ်ဘဲ မနေနိုင်ခဲ့ပေ။

သူက ပြောဆိုသည်။

"ဒီလိုလူမျိုးက ရှားပါးတဲ့ ပါရမီရှင်ပဲ... သေချာပေါက် သေရမယ့် အခြေအနေမျိုးမှာ သူ့ရဲ့ နှစ်သောင်းနဲ့ချီတဲ့ ကျင့်ကြံမှုကို ထိန်းသိမ်းဖို့နဲ့ သူ့အသက်ကို ကယ်ဖို့အတွက် သူက ခေါင်းငုံ့ပြီး ဘက်ပြောင်းဖို့ပဲ လိုတာကို... သူက အဲ့ဒါကို တကယ်ကြီး စွန့်လွှတ်လိုက်တယ်..."

ဤအခြေအနေမျိုးတွင် သူသာဆိုလျှင် ဘက်ပြောင်းရန် အလားအလာ အများဆုံးဖြစ်မည်ဟု လုရန် တွေးတောလိုက်သည်။

"အစ်ကိုကြီး... ဒီမဟာချန်ကို ကယ်လို့ရသေးလား..." လင်းပေါင်အာက မေးလိုက်၏။

သူမသည် နက်ရှိုင်းစွာ နားလည်မှု မရှိသော်လည်း ဤကာလအတွင်း လုရန်၏ အစီအစဉ်များမှာ နှစ်ဖက်လုံး တိုက်ခိုက်ပြီးနောက် တံငါသည်၏ အကျိုးအမြတ်များကို ရယူရန်ဖြစ်ကြောင်း သူမ သိထားသည်။

သို့သော် ယခုကြည့်ရသည်မှာ မဟာချန်သည် လုံးလုံးလျားလျား ဖိနှိပ်ခံထားရသည်။ နှစ်ဖက်လုံးမှ ထိခိုက်နစ်နာမှုများကို မေ့ထားလိုက်မည်ဆိုလျှင်ပင် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က စစ်သားတစ်ယောက်မျှ မဆုံးရှုံးဘဲ မဟာချန်ကို သိမ်းပိုက်နိုင်လောက်သည်။

"ကြည့်ရတာတော့ သွားပြီပဲ... နှမြောစရာပဲ... နောက်ဆုံးတော့ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ငါကပဲ ဖြေရှင်းရတော့မယ်..."

လုရန် နှုတ်ခမ်းမဲ့လိုက်သည်။

လက်ရှိအခြေအနေများကို သူ အလွန်အမင်း စိတ်မကျေနပ်ပေ။

သူတို့ စကားပြောနေစဉ်မှာပင်...

ယောင်ဧကရာဇ်သုံးယောက်သည် သူတို့၏ အစစ်အမှန် ပုံစံများကို ထုတ်ဖော်ပြသလိုက်လေပြီ။ ကောင်းကင်ယံတွင် ဧရာမ ကြောင်မည်းကြီး သုံးကောင် ထွက်ပေါ်လာသည်။ သူတို့သည် ဖျတ်လတ်သော လျင်မြန်မှုဖြင့် ဖူကျန်းလုံဆီသို့ ရွေ့လျားသွားကြ၏။

"စစ်သားတွေ အားလုံး... လူစုခွဲကြစမ်း..."

ဖူကျန်းလုံက အော်ဟစ်လိုက်သည်။

အင်မော်တယ်များ၏ တိုက်ပွဲတွင် အင်မော်တယ်သခင်အဆင့်အောက်ရှိ လက်အောက်ငယ်သားအားလုံး ပါဝင်ပတ်သက်ခွင့် မရှိပေ။ ယောင်ဧကရာဇ် တစ်ယောက်၏ ပွတ်တိုက်မိခြင်းက သေခြင်းတရားကို ဆိုလိုလိမ့်မည်။ ထိုစစ်သားများသည်လည်း ထိုကိစ္စကို နားလည်ထားကြ၏။ ဖူကျန်းလုံ၏ စကားကို ကြားသောအခါ သူတို့သည် ကျဆင်းနေသော ဒီရေအလား ချက်ချင်းလူစုခွဲသွားကြတော့သည်။

ထိုနေရာ၌ ဖူကျန်းလုံ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

သူသည် သူ၏လှံကို ဆုပ်ကိုင်ထားကာ သူ့ထံသို့ ပြေးဝင်လာသော ကြောင်ယောင်သုံးကောင်ကို စိုက်ကြည့်နေတော့သည်။ သူ၏လှံကို ရှေ့သို့ထိုးလိုက်ရင်း သူက "မဟာချန် အတွက်..." ဟု အော်ဟစ်လိုက်၏။

ဤအော်ဟစ်သံတွင် ဒေါသနှင့် ခိုင်မာပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။

သူ၏နောက်ရှိ နတ်ဘုရားစစ်သူကြီး ဓမ္မပုံရိပ်ယောင်သည် အရင်ဆုံး ပြေးထွက်သွားပြီး ကြောင်ယောင် သုံးကောင်ကို ရင်ဆိုင်ရန် ဖူကျန်းလုံ၏ရှေ့မှ လမ်းကို ပိတ်ဆို့ဟန့်တားလိုက်သည်။

ဖူကျန်းလုံ ကိုယ်တိုင်ကလည်း နတ်ဘုရားစွမ်းရည် တစ်ခုကို စတင်အသုံးပြုလိုက်သည်။ ဤသည်က ကိုယ့်ကိုယ်ကိုယ် သတ်သေသော လှုပ်ရှားမှုတစ်ခု ဖြစ်သော်လည်း သူ သေဆုံးသွားလျှင်ပင် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့အတွက် အမာရွတ်တစ်ခု ချန်ထားခဲ့ရပေမည်။

သို့သော် ရလဒ်များမှာ မကောင်းခဲ့ပေ။

နတ်ဘုရားစစ်သူကြီးသည် ဖူကျန်းလုံထံမှ ခွဲထွက်သွားသော်လည်း ဓမ္မပုံရိပ်ယောင်သည် ကိုယ်ပိုင် အသိစိတ်ဖြင့် မလှုပ်ရှားဘဲ ဖူကျန်းလုံ၏ ထိန်းချုပ်မှုကို လိုအပ်နေဆဲပင်။ သို့သော် ကြောင်ယောင် သုံးကောင်ကို ရင်ဆိုင်ရချိန်တွင် သူသည် ဓမ္မပုံရိပ်ယောင်ကို ထိန်းချုပ်ရန် အပြည့်အဝ အာရုံမစိုက်နိုင်ပေ။ ကြောင်ယောင်၏ ဖျတ်လတ်မှုကြောင့် ဓမ္မပုံရိပ်ယောင်၏ တိုက်ခိုက်မှုအားလုံးနီးပါး လွဲချော်သွားတော့သည်။

တခြား ကြောင်ယောင်နှစ်ကောင်သည် ဖူကျန်းလုံဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြ၏။

ဖူကျန်းလုံသည် သူ၏စိတ်နှလုံးသားထဲတွင် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ၏သေဆုံးမှုသည် အလွန်သနားစရာကောင်းလှသည်ဟု ခံစားလိုက်ရသည်။

အရေးကြီးသော အချိန်အခိုက်အတန့်တွင်...

ဘုန်း...

တော်ဝင်နန်းတော်မှ အပူလှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

လူတိုင်းသည် တော်ဝင်နန်းတော်ဆီသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြ၏။

မီးတောက်လှိုင်းကြီးတစ်ခုက ကောင်းကင်တစ်ဝက်ကို အနီရောင် ဆိုးထားပြီး အနီရင့်ရောင် မီးတောက်များ ဆူပွက်နေကာ အပူလှိုင်းများ တလိမ့်လိမ့်ထနေသည်။ ကောင်းကင်ယံတခွင်လုံးရှိ တိမ်မည်းများသည် မီးလောင်နေသည့်အလား တော်ဝင်နန်းတော်ကို ဗဟိုပြု၍ အရပ်မျက်နှာအဘက်ဘက်သို့ လောင်ကျွမ်းသွားတော့သည်။

မီးတောက်များ၏ အပူလှိုင်းများရှေ့တွင် ကျော့ရှင်းသော ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လျှောက်လှမ်းလာသည်။ မရေမတွက်နိုင်သော မီးတောက်များသည် သူမ၏နံဘေးပတ်လည်တွင် လှည့်ပတ်နေပြီး ဖီးနစ်ဝတ်ရုံသည် မီးထဲတွင် လူးလွန့်နေပေ၏။

"ဧကရီ ရောက်လာပြီ..."

လုံကျွန်းယန်က အေးစက်စွာ ပြောလိုက်သည်။

ဒါပေမဲ့ ဒီအရှိန်အဝါက အရမ်းအားကောင်းတာပဲ...

လုရန်သည်လည်း မည်ကဲ့သို့ နည်းလမ်းများကို လျှို့ဝှက်ဆန်းကြယ်သော မဟာချန် ဧကရီက ပိုင်ဆိုင်ထားသည်ကို သိလိုခဲ့သည်။ ယခုအချိန်အထိ သူသည် သူမ ထွက်ပေါ်လာရန် စောင့်ဆိုင်းနေခဲ့သဖြင့် သူမကို တစ်ချက်လှည့်ကြည့်လိုက်သည်။

သို့သော် တစ်ချက်ကြည့်ရုံဖြင့် လုရန်သည် မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

သူက အံ့အားတသင့် အော်ဟစ်လိုက်၏။

"လော့လော့..."

All Chapters