အခန်း ၇၃
Vol. 8 Ch. 73
အခန်း ၇၃: ဒါက အိပ်မက်တစ်ခု မဟုတ်ဘူး
"အစ်ကိုကြီး... သူကို သိလို့လား..."
မီးတောက်များဖြင့် ဝန်းရံထားသော ဘုရင်မတစ်ပါးကဲ့သို့ ဖီးနစ်ဝတ်ရုံနှင့် အမျိုးသမီး ချဉ်းကပ်လာသည်ကို ကြည့်ရင်း လင်းပေါင်အာက အံ့အားသင့်စွာ မေးလိုက်သည်။
"သူက ငါ့ရဲ့ တပည့်လေ..."
လုရန်က ပြောဆိုသည်။
ထိုအချိန်မှာပင်...
စားသောက်ဆိုင် ပိုင်ရှင်နှင့် အလုပ်သမား အနည်းငယ်တို့သည် ပွဲကို ကြည့်ရန် အပြေးအလွှား ရောက်ရှိလာကြသည်။
"ဂုဏ်သရေရှိ ဧည့်သည်တော်... ငါတို့ အတူတူ ကြည့်ကြမလား..."
ပိုင်ရှင်သည် ဗိုက်ရွှဲရွှဲ ခါးတုတ်တုတ်နှင့် ဖက်တီးတစ်ယောက်ပင်။ သူ၏နောက်တွင် အလုပ်သမား အနည်းငယ် လိုက်ပါလာပြီး ဒုတိယထပ်တွင် ကြည့်ရှုရန် ကောင်းမွန်သော နေရာတစ်ခုကို တွေ့သည်နှင့် သူတို့အားလုံး အပြေးအလွှား ရောက်ရှိလာကြ၏။
ဤလူများသည် ပွဲကြည့်ရန်အတွက် သူတို့၏အသက်ကိုရင်း၍ စွန့်စားနေကြခြင်းပင်။ မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် မြို့တံခါးနှင့် အတော်လေး နီးကပ်လှသည်။
"ကြိုက်သလို လုပ်ပါ..."
လုရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ပိုင်ရှင်သည် ရယ်မောလိုက်ပြီး တခြားပြတင်းပေါက်တစ်ခုဆီသို့ တိုးဝှေ့သွားတော့သည်။
သူက မော့ကြည့်လိုက်၏။
ဧကရီ၏အမြန်နှုန်းသည် တိုးလာပြီး မိုးကောင်းကင်ယံတခွင်လုံး၌ မီးတောက်များဖြင့် ဝန်းရံနေသည်။ သေချာကြည့်လျှင် ဧကရီ၏ခြေထောက်အောက်ရှိ ကြာပန်းတစ်ခုသည် မီးတောက်အစိုင်အခဲများဖြင့် ဖွဲ့စည်းထားပုံရသည်ကို မြင်တွေ့နိုင်သည်။
သို့သော် ဧကရီ၏ လက်ရှိအခြေအနေမှာ အနည်းငယ် ထူးဆန်းနေသည်။ သူမ၏မျက်လုံးများသည် နီရဲနေပြီး သူမ၏ ဆံပင်ရှည်များပင်လျှင် အနီရောင်သို့ ပြောင်းလဲသွားသည်။ သူမ၏ အနီရောင် ဖီးနစ်ဝတ်ရုံနှင့် ပေါင်းစပ်လိုက်သောအခါ သူမ၏ တစ်ကိုယ်လုံးသည် မီးတောက်များထဲသို့ ပေါင်းစည်းလုနီးပါး ဖြစ်နေပေ၏။
"ကျွတ်... ကျွတ်... ကျွတ်... ဒါက ဧကရီကိုး..."
ဆိုင်ပိုင်ရှင်က အံ့အားတသင့် ပြောလိုက်သည်။
"ခင်ဗျားက ဧကရီကို အရင်က မမြင်ဖူးဘူးလား..."
လုရန်က မေးမြန်းသည်။
"ဧကရီ လော့လော့က အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ပြီးတော့ သူ့ရဲ့ မျက်နှာကို ဘယ်တော့မှ မပြဘူး... ဒါကြောင့် ကျွန်တော် မမြင်ဖူးတာပေါ့... သူက ရုပ်ဆိုးတဲ့ စုန်းမကြီးတစ်ယောက် ဖြစ်မယ်လို့ ကျွန်တော် ထင်ခဲ့တာ... ဒါပေမဲ့ သူက ဒီလောက် လှလိမ့်မယ်လို့ ထင်မထားခဲ့ဘူး..."
ဆိုင်ပိုင်ရှင်က အော်ဟစ်လိုက်သည်။
သူ၏နောက်မှ စားသောက်ဆိုင် အလုပ်သမားများသည်လည်း ဝင်ပြောကြသည်။
"ဟုတ်တယ်... ဟုတ်တယ်... အရမ်းလှပြီး ဆွဲဆောင်မှု ရှိတာပဲ... သူက ဧကရီဖြစ်တာနဲ့ တကယ့်ကို ထိုက်တန်တယ်..."
"ဒီဧကရီက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်ပါ့မလား..."
"သူမက သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင် မခံနိုင်တော့ ငါ မသိဘူး... ဒါပေမဲ့ အိပ်ရာထဲမှာတော့ ငါ့ရဲ့တိုက်ခိုက်မှုကို သူက သေချာပေါက် တောင့်ခံနိုင်မှာ မဟုတ်ဘူး... ဟားဟား..."
"ဟေ့ကောင်... မင်းက ငါတွေးနေတာကို အတိအကျ ပြောလိုက်တာပဲ... ဟားဟား..."
"ငါတို့အားလုံး တူတူပါပဲ... သူဌေးလည်း အဲ့ဒီလို တွေးနေတာ မဟုတ်လား..."
ထိုလူအုပ်စုသည် ရယ်မောကာ ရိုင်းစိုင်းစွာ နောက်ပြောင်နေကြ၏။
ပိုင်ရှင်၏မျက်နှာပေါ်တွင်လည်း ညစ်ညမ်းသော အပြုံးတစ်ခုရှိနေကာ ပြောဆိုသည်။
"မီးတောက်တွေက ထူထပ်လွန်းလို့ အဲ့ဒီဖီးနစ်ဝတ်ရုံအောက်မှာ ဘာရှိလဲဆိုတာ မမြင်ရတာ နှမြောစရာပဲ... နည်းနည်းတော့ နှမြောစရာကောင်းတယ်..."
ထိုသို့ပြောပြီးနောက် သူက လုရန်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။
"ဂုဏ်သရေရှိ ဧည့်သည်တော်... ခင်ဗျားရော ဘယ်လိုထင်လဲ..."
လုရန်သည် သူတို့ကို လှည့်ပင်မကြည့်ဘဲ ထိုအုပ်စုဆီသို့ လက်မြှောက်ကာ ညင်သာစွာ ဆုပ်ကိုင်သည့် ဟန်ပန်တစ်ခုကို ပြုလုပ်လိုက်၏။
ဘုန်း...
ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီများသည် ချက်ချင်းလေးလံသွားပြီး ဆိုင်ပိုင်ရှင်နှင့် တခြားသူများကို ချည်နှောင်လိုက်တော့သည်။ ဆိုင်ပိုင်ရှင်နှင့် သူ၏လူများသည် ထိတ်လန့်သွားပြီး စကားပြောဆိုရန် ကြိုးစားသော်လည်း သူတို့၏ခန္ဓာကိုယ်များ လုံးဝ လှုပ်ရှား၍မရကြောင်း တွေ့ရှိလိုက်ရသည်။
ဘုန်း...
အလွန်အမင်း သိပ်သည်းထားသော စိတ်ဝိညာဉ်ချီများသည် သူတို့ကို တိုက်ရိုက်ခြေမွှဖျက်ဆီးကာ အသားစများအဖြစ် ပြောင်းလဲလိုက်တော့သည်။
လုရန်သည် အရေးမပါသော အရာတစ်ခုကို ပြုလုပ်ခဲ့သည့်အလား သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကောင်းကင်ကို ဆက်လက်၍ မော့ကြည့်နေပေ၏။
" အင်မော်တယ်သခင် ဆဋ္ဌမအဆင့် ... ဒါပေမဲ့ ဒီအရှိန်အဝါက အရမ်းအားကောင်းတယ်... သူ့ရဲ့ အလားအလာကို ပေါက်ကွဲစေဖို့ နည်းလမ်းတစ်ခုခု သုံးထားပုံရတယ်..."
လုရန်က ခွဲခြမ်းစိတ်ဖြာလိုက်သည်။
ဤသည်မှာ ပုံမှန် အင်မော်တယ်သခင် ဆဋ္ဌမအဆင့် ကျွမ်းကျင်သူတစ်ယောက်၏ အရှိန်အဝါ ပြင်းထန်မှု မဟုတ်ချေ။ ထိုအရှိန်အဝါသည် အချိန်မရွေး ရုန်းထွက်သွားနိုင်သော အတင်းအကျပ် ဖိနှိပ်ထားသည့် မြင်းရိုင်းတစ်ကောင်နှင့် တူညီနေပြီး အလွန်မတည်ငြိမ်ချေ။
တစ်ချိန်တည်းမှာပင် ထိန်းချုပ်မှုမရှိသော ပေါက်ကွဲမှုသည် လူတစ်ဦး၏ ကျင့်ကြံခြင်းအုတ်မြစ်ကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေမည်အား လုရန် သိထားသည်။ မည်သူကမျှ လုံးဝမလိုအပ်ဘဲနှင့် သူတို့၏ အလားအလာကို ပေါက်ကွဲစေမည် မဟုတ်ပေ။ ထိုထိခိုက်မှုသည် ပြန်လည်ကုစား၍ မရနိုင်သောအရာပင်။
လေထုထဲတွင် မြို့ရိုးဆီသို့ အလျင်အမြန် ချဉ်းကပ်လာစဉ် ဧကရီသည် တစ်ခုခုကို ရုတ်တရက် ခံစားလိုက်ရပြီး သူမ၏အမြန်နှုန်း အနည်းငယ် နှေးကွေးသွားတော့သည်။
သူမသည် အောက်ဘက်ရှိ တော်ဝင်မြို့တော်ကို ဇဝေဇဝါဖြင့် ငုံ့ကြည့်လိုက်၏။ သို့သော် သူမ ဘာကိုမျှ မခံစားရတော့ပေ။
ဧကရီ၏မျက်နှာ အနည်းငယ် ညိုးငယ်သွားပြီး သူမက ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူမ၏ မျက်နှာပေါ်တွင် ပြတ်သားသော အမူအရာတစ်ခု ထွက်ပေါ်လာပြီး သူမ၏အမြန်နှုန်း တဖန်ပြန်၍ မြင့်တက်လာတော့သည်။
သူမသည် မြို့ရိုးအထက်သို့ ရောက်ရှိလာပေ၏။ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး ဖန်တီးထားခဲ့သည့် အပျက်အစီးများကို ကြည့်ရင်း သူမက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
နတ်ဆိုးဧကရာဇ်သုံးယောက်သည်လည်း ဤအချိန်တွင် ရပ်တန့်သွားကာ သူတို့၏ဧရာမခန္ဓာကိုယ်ကြီးများသည် ဧကရီကို ထိပ်တိုက်ရင်ဆိုင်နေသော်လည်း သူတို့ အလောတကြီး လှုပ်ရှားရန်ဝံ့ခြင်း မရှိကြချေ။ ဧကရီ၏အရှိန်အဝါသည် အလွန်အားကောင်းလွန်းနေပေ၏။
ဖူကျန်းလုံသည် သေဘေးမှ လွတ်မြောက်လာသည့်အလား အသက်ကို ပြင်းပြင်းရှူနေရသည်။ သူက ဧကရီကို ပြောလိုက်သည်။
"အရှင်မ... သတိထားပါ... အဲ့ဒါက မြောက်ပိုင်းနယ်စပ် မရဏအိမ်တော်ရဲ့ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ပဲ... ပြီးတော့ မြောက်ပိုင်းတောရိုင်း နတ်ဆိုးမျိုးနွယ်က နတ်ဆိုးဧကရာဇ်သုံးယောက် ရှိနေတယ်..."
ထိုစကားကို ကြားသောအခါ ဧကရီသည် နတ်ဆိုးဘုရင်သုံးယောက်ကို တစ်ချက်ကြည့်ပြီးနောက် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင် ပေါ်သို့ အကြည့်ရောက်သွားတော့သည်။ သို့သော် တစ်ချက်ကြည့်ပြီးနောက် သူမသည် ထိုအလောင်းကောင်ကို လျစ်လျူရှုထားလိုက်၏။
နောက်ဆုံးတွင် သူမက လုံကျွန်းယန်ကို ကြည့်ကာ ပြောဆိုသည်။
"မြောက်ပိုင်းနယ်စပ်နဲ့ နင်တို့ ပူးပေါင်းတာနဲ့ ပတ်သက်ပြီး ငါ ပြောစရာ ဘာမှမရှိဘူး... ဒါပေမဲ့ ရှပြည်နယ်မှာ မြောက်ပိုင်းတောရိုင်း နတ်ဆိုးမျိုးနွယ်တွေက ရှပြည်နယ် အနက်ပိုင်းအထိ ဝင်ရောက်ခွင့် မရှိဘူးဆိုတဲ့ အမိန့်တစ်ခု ရှိတယ်... နင်က စည်းမျဉ်းတွေကိုတောင် မေ့သွားပြီလား..."
လုံကျွန်းယန်က အေးစက်သော ရယ်မောသံဖြင့် လှောင်ပြောင်လိုက်သည်။
"မင်းနဲ့ငါ မတွေ့တာ နှစ်ထောင်ပေါင်းများစွာ ကြာပြီ... လွန်ခဲ့တဲ့ နှစ်သောင်းနဲ့ချီတုန်းက ရှပြည်နယ်ရဲ့ အပြာရောင်ဧကရာဇ်က ဧကရာဇ် အမိန့်စာနဲ့အတူ ပျောက်ကွယ်သွားပြီးကတည်းက စည်းမျဉ်းတွေက နာမည်ခံသက်သက်ပဲ ဖြစ်သွားပြီဆိုတာ မင်း မသိဘူးလား... ဒီလို ခေတ်နောက်ကျတဲ့ တွေးခေါ်မှုတွေနဲ့ မဟာချန်ကို မင်း မကာကွယ်နိုင်တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး..."
ဧကရီက မျက်မှောင်ကြုတ်လိုက်၏။
ဝီ...
ကျယ်ပြန့်သော မီးပင်လယ်ကြီးတစ်ခုသည် သူမ၏နောက်တွင် တွန့်လိမ်ပြီး တလိမ့်လိမ့်ထနေကာ မိုးထိအောင် မြင့်မားသော မီးကြာပန်းတစ်ခုသည် သူမ၏ကျောဘက်တွင် ထွက်ပေါ်လာပြီး အပူလှိုင်းများ ပို၍ပင် ပြင်းထန်လာတော့သည်။ ပူလောင်သော အပူရှိန်အောက်တွင် မြေကြီးနှင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများသည် အရည်ပျော်တော့မည့်အလား ထင်ရသည်။
"မဟာချန်ဧကရီရဲ့ ကပ်ဘေးမီးတောက် ကြာပန်းနီ ဓမ္မပုံရိပ်ယောင်က အရာအားလုံးကို ပြာကျစေနိုင်တယ်လို့ ငါ ကြားဖူးတာ ကြာပြီ... ဒီနေ့တော့ ငါတို့ အဲ့ဒါကို ကိုယ်တိုင် ခံစားကြည့်ရမှာပဲ..."
လုံကျွန်းယန်က အပြုံးနှင့် ပြောလိုက်သည်။
ဤလုံကျွန်းယန်သည်လည်း လှည့်ကွက်ငယ်လေးတစ်ခုကို ကစားနေသည်။
သူက 'ငါ' ခံစားကြည့်ရမည်ဟု မပြောဘဲ 'ငါတို့' ခံစားကြည့်ရမည်ဟု ပြောဆိုကာ သူမကို ဝိုင်းရံတိုက်ခိုက်ရန် ရည်ရွယ်ထားခြင်းပင်။ သူသည် လူမိုက်တစ်ယောက် မဟုတ်ချေ။ ဧကရီ၏ လက်ရှိအရှိန်အဝါသည် သဘာဝအတိုင်း ဖြစ်သင့်သည်ထက် များစွာသာလွန်နေကြောင်းကို သူ သိထားသည်။ တစ်ယောက်ချင်း တိုက်ခိုက်လျှင် သူ အနိုင်ရမည် မဟုတ်ချေ။
ထို့နောက် လုံကျွန်းယန်၏ ဓမ္မပုံရိပ်ယောင်သည်လည်း ထွက်ပေါ်လာတော့သည်။
ထိုဓမ္မပုံရိပ်ယောင်သည် လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားသော နတ်ဘုရားစစ်သူကြီးတစ်ပါးဖြစ်ပြီး ဖူကျန်းလုံ၏ ဓမ္မပုံရိပ်ယောင်နှင့် ဆင်တူသည်။ သို့သော် ဂုဏ်ကျက်သရေနှင့် အသွင်အပြင် နှစ်ခုလုံးတွင် ထိုအရာသည် ဖူကျန်းလုံ၏ ဓမ္မပုံရိပ်ယောင်ထက် များစွာသာလွန်ပေ၏။
"ထျန်းကန်း မဟာသူတော်စင်..."
ဧကရီက တီးတိုးရေရွတ်လိုက်သည်။
"တိုက်ကြ... ဧကရီကို ကွပ်မျက်စမ်း..."
လုံကျွန်းယန်က အော်ဟစ်လိုက်သည်။
သူ၏နံဘေးရှိ တပ်မှူးအနည်းငယ်သည် တပြိုင်နက်တည်း လူခွဲသွားပြီး သူတို့၏ သက်ဆိုင်ရာ ဓမ္မပုံရိပ်ယောင်များကို ဖော်ပြလိုက်ကြ၏။ နတ်ဆိုးဧကရာဇ်သုံးယောက်သည်လည်း သူတို့၏မိစ္ဆာစွမ်းအားများကို အမြင့်ဆုံးအထိ တွန်းပို့လိုက်ကြသည်။
လီယွီဖုန်း၏ထိန်းချုပ်မှုအောက်တွင် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်က တိုက်ခိုက်မှုကို ဦးဆောင်လိုက်တော့သည်။ လီယွီဖုန်း ကိုယ်တိုင်ပင်လျှင် သူ၏ ဓမ္မပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်၏။
အကြမ်းဖျင်း ကြည့်လိုက်လျှင် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ကို ထည့်မတွက်လျှင်ပင် အင်မော်တယ်သခင်နယ်ပယ် ကျွမ်းကျင်သူ ဆယ်ဦး ရှိနေသည်။ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်နှင့် ပေါင်းစပ်လိုက်သောအခါ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သည် မဟာချန်ကို ညဘက် ချုံခိုတိုက်ခိုက်ရန် ရဲတင်းခဲ့သည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။
ဤယုံကြည်မှုသည် အမှန်တကယ်ကို ကျိုးကြောင်းခိုင်လုံလှသည်။
မဟာချန်ဘက်တွင်မူ ဧကရီနှင့် ဖူကျန်းလုံတို့သာ ရှိနေသည်။ ထို့ပြင် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးအပါအဝင် လူသုံးယောက်တည်းသာ ရှိနေပေ၏။
တခြာမဟာပေါင်းစည်းခြင်း အင်မော်တယ်များ၊ ရွှေအင်မော်တယ်များ၊ အဆင့်မြင့် အင်မော်တယ်များ၊ အစစ်အမှန် အင်မော်တယ်များနှင့် တခြားသူများအတွက်မူ သူတို့အားလုံးသည် ဤအင်မော်တယ်သခင်များ၏ တိုက်ပွဲရလဒ်အပေါ်တွင် သေရေးရှင်ရေး မူတည်နေသော ဇာတ်ကောင်ငယ်များသာ ဖြစ်ကြသည်။ သူတို့သည် အင်မော်တယ်သခင်များကြားရှိ တိုက်ပွဲတွင် ပါဝင်ရန်ပင် အရည်အချင်း မပြည့်မီကြချေ။
ဧကရီ၏မျက်နှာအမူအရာ တည်ကြည်လေးနက်နေသည်။ ဤစမ်းသပ်မှုကို ကျော်ဖြတ်ရန် မလွယ်ကူချေ။
သူမသည် အလားအလာ ပေါက်ကွဲမှု အခြေအနေတွင် ရှိနေပြီး ထိုကဲ့သို့ ပေါက်ကွဲမှုများတွင် ကန့်သတ်ချက်များရှိကြောင်း သူမ သိထားသည်။
အင်မော်တယ်သခင်ဆယ်ယောက်နှင့် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင် တစ်ကောင်...
သူမ အနိုင်ရနိုင်ခြေမှာ အလွန်နည်းပါးလွန်းလှသည်။
သို့သော် မဟာချန်ကို ဤအတိုင်း လွှဲပြောင်းပေး၍ မရနိုင်ချေ။ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သည် ဤတစ်ကြိမ်တွင် ဤမျှထိ အင်အားများ စုစည်းထားလိမ့်မည်ဟု ဧကရီ မျှော်လင့်မထားခဲ့သေးချေ။
ဘုန်း... ဘုန်း... ဘုန်း...
လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်သည် ဧကရီဆီသို့ ပထမဆုံး ခြေလှမ်းကျဲကြီးကို လျှောက်လှမ်းလိုက်တော့သည်။ အလောင်းကောင်ကြီး၏လက်ခြောက်ဖက်သည် ယမ်းခါနေပြီး ခြေလှမ်းတိုင်းတွင် မြေပြင်အက်ကွဲသွားတော့သည်။
တစ်ချိန်တည်းမှာပင် လုံကျွန်းယန်နှင့်တခြားသူများ၏ ဓမ္မပုံရိပ်ယောင်များသည် ဧကရီကို ဝိုင်းရံရန် ရွေ့လျားလာတော့သည်။
ဘုန်း...
ဧကရီသည် အရှုံးမပေးပေ။ ကပ်ဘေးမီးတောက် ကြာပန်းနီသည် ထပ်မံ၍ ပွင့်လန်းလာပြီး မီးတောက်ပေါက်ကွဲမှု အလင်းတန်းများ အရပ်မျက်နှာအဘက်ဘက်သို့ ပြင်းထန်စွာ ဖြာထွက်သွားတော့သည်။
ရုတ်တရက် စွမ်းအားများ ပေါက်ကွဲထွက်လာမှုကြောင့် နတ်ဆိုးဧကရာဇ်သုံးယောက်နှင့် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့၏ ဓမ္မပုံရိပ်ယောင်များသည် ပေါက်ကွဲမှု၏ ပြင်းထန်သော တိုက်ခိုက်မှုကို ယာယီ ရှောင်ရှားရန် အတော်ဝေးဝေးသို့ ဆုတ်ခွာသွားရသည်။
ဤအချိန်အတောအတွင်း၌ ဧကရီသည် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ဆီသို့ ပြေးဝင်သွားသည်။ သို့သော် ဧကရီသည် ဤလက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ကို အနည်းငယ် အထင်သေးမိနေဆဲပင်။
သူမသည် ထိုအလောင်းကောင်ကို ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး သူမ၏ရှေ့တွင် မီးတောက်များ စုစည်းသွားကာ ဧရာမ မီးကြာပန်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ တစ်ချိန်တည်းမှာပင် အနက်ရောင် မိစ္ဆာမီးတောက်များ ဖြာထွက်နေသော ဓားရှည်တစ်လက်သည် ဧကရီ၏ လက်ထဲတွင် ထွက်ပေါ်လာပြီးနောက် ပြိုင်ဘက်ကင်း ဓားချီလှိုင်းတစ်ခု လိုက်ပါလာတော့သည်။
အလောင်းကောင်ကြီးသည် မရှောင်တိမ်းခဲ့ချေ။ သို့သော် သူမကိုလည်း အထင်မသေးရဲသဖြင့် ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်ပြီး လက်ခြောက်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်တော့သည်။
ဘုန်း...
မီးကြာပန်း တိုက်ရိုက်ပေါက်ကွဲသွားသည်။
ကောင်းကင်ယံအပြည့် မီးတောက်များသည် မီးတောက်ကြယ်ပျံများအလား အရပ်မျက်နှာအဘက်ဘက်သို့ လွင့်စင်သွားတော့သည်။ မီးတောက်ကြယ်ပျံများ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အချိန်မီ မရှောင်တိမ်းနိုင်သော ရွှေအင်မော်တယ်များ၊ အစစ်အမှန် အင်မော်တယ်များနှင့် သာမန်လူများသည် ချက်ချင်းဆိုသလိုပင် ပြာအဖြစ် ပြောင်းလဲသွားတော့သည်။ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများသည်လည်း အပျက်အစီးများအဖြစ် ပြောင်းလဲသွားပေ၏။
သို့သော် မီးတောက်ကြာပန်းသည် ပြန့်ကျဲသွားသော်လည်း ထိုဓားချီလှိုင်းသည် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်၏ ရင်ဘတ်အတွင်းသို့ တန်းတန်းမတ်မတ် စိုက်ဝင်သွားတော့သည်။
ဓားချီသည် ထွင်းဖောက်သွားသော်လည်း ပျောက်ကွယ်မသွားပေ။ ထိုအစား ထိုဓားချီသည် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်၏ ရင်ဘတ်တွင် စိုက်ဝင်နေသော ဧရာမမီးတောက်ဓားရှည်တစ်ခုအဖြစ် စုစည်းသွားပြီး ပူလောင်သော မီးတောက်များက အလောင်းကောင်၏ ခန္ဓာကိုယ်ကို အဆက်မပြတ် တိုက်စားနေသည်။
လီယွီဖုန်း၏မျက်လုံးများ ဒေါသကြောင့် ကျွတ်ထွက်လုနီးပါး ဖြစ်သွားပေ၏။
သူက အော်ဟစ်လိုက်သည်။
"ငါတို့မရဏအိမ်တော်ရဲ့ ကောင်းကင်အလောင်းကောင်ဘုရင်ကို မင်းက ထိခိုက်အောင် လုပ်ရဲတယ်ပေါ့... မင်းက သေလမ်းကို ရှာနေတာပဲ..."
သူ၏ထိန်းချုပ်မှုအောက်တွင် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင် သည် ပါးစပ်ကြီးကို ဖွင့်ဟကာ နားကွဲလုမတတ် ကြမ်းတမ်းသော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သည်။ သူ၏လက်ခြောက်ဖက်လုံးသည် ရင်ဘတ်ရှေ့တွင် စုစည်းသွားပြီး ထိုမီးတောက်ဓားရှည်ကို ဆုပ်ကိုင်လိုက်၏။
သူက ထိုမီးတောက်ဓားရှည်ကို အမှန်တကယ်ပင် ရုန့်ရင်းကြမ်းတမ်းစွာ ဆွဲထုတ်နိုင်ခဲ့သည်။
လုံကျွန်းယန်နှင့်တခြားသူများက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ဧကရီ၏ ပေါက်ကွဲမှုသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်၏ အမြင့်ဆုံး ကာကွယ်မှုကို ချိုးဖျက်နိုင်ရန်မှာ မလွယ်ကူချေ။
"သူ့ကို သတ်... သတ်..."
လီယွီဖုန်းက သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် အော်ငေါက်လိုက်သည်။
ဧကရီ၏ ထိုကဲ့သို့ တိုက်ခိုက်မှုအပြီးတွင် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် ပြုစုပျိုးထောင်ရန် အချိန်မည်မျှ ကြာမည်နည်း။ ဤသည်က အနည်းဆုံး နှစ်ရာနှင့်ချီ၍ သို့မဟုတ် နှစ်တစ်ထောင်အထိပင် ကြာမြင့်နိုင်ပေ၏။
လီယွီဖုန်း၏အသံ ထွက်ပေါ်လာသည်နှင့်...
အလောင်းကောင်၏ ဧရာမခန္ဓာကိုယ်ကြီးသည် ရုတ်တရက် တုန်ခါသွားပြီး အဆီပြန်သော အလွှာတစ်လွှာက အရေပြားမှ စိမ့်ထွက်လာတော့သည်။ ထို့နောက် ထိုအရာသည် အစိုင်အခဲဖြစ်သွားပြီး မာကျောပြီး သံချပ်ကာကဲ့သို့ အလွှာတစ်လွှာအဖြစ် ဖွဲ့စည်းသွားတော့သည်။
ထို့နောက် အလောင်းကောင်ကြီးက ဧကရီဆီသို့ နောက်တစ်ကြိမ် ပြေးဝင်သွားသည်။
ဧကရီ၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပေ၏။ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။
အစောပိုင်းက ဓားချက်ဖြင့်ဆိုလျှင် တူညီသောအဆင့်တွင်ရှိသော အင်မော်တယ်သခင်တစ်ယောက်သည် မသေလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်သည်။ ထိုသို့ဆိုသည့်တိုင် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်အပေါ် ထိခိုက်မှုမှာ အလွန်အကန့်အသတ်ရှိလှသည်။
သူမသည် လုံကျွန်းယန်နှင့် တခြားသူများကို မော့ကြည့်လိုက်ရာ သူတို့သည် ကျားများကဲ့သို့ စောင့်ကြည့်နေဆဲဖြစ်သည်ကို မြင်ရသဖြင့် သူမက ခါးသီးစွာ ခေါင်းခါယမ်းလိုက်၏။ ယနေ့တွင် မဟာချန်ကို သူမ အမှန်တကယ်ပင် ဆက်လက်၍ ထိန်းထားနိုင်တော့မည် မဟုတ်ပုံရသည်။
အရေးကြီးသော အချိန်တွင်...
ဝုန်း...
ကြည်လင်ပြတ်သားသော အသံတစ်သံနှင့်အတူ ဧကရီ၏ရှေ့သို့ ပြေးဝင်လာသော လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကြောင့် ရုတ်တရက် တုန်ခါသွားတော့သည်။
ထိုအလောင်းကောင်ကြီးသည် ရောက်လာစဉ်ကကဲ့သို့ပင် လျှင်မြန်စွာ နောက်သို့လွင့်စင်သွားသည်။
လူတိုင်း အံ့အားသင့်သွားကြပြီး ရုတ်တရက် နောက်သို့လှည့်ကြည့်လိုက်ကြ၏။ တိတ်ဆိတ်ငြိမ်သက်ပြီး ရာသီဥတုဒဏ်ခံထားရသော ပုံစံရှိသည့် ရှေးဟောင်းဓားတစ်လက်သည် ဧကရီ၏ရှေ့တွင် လွင့်မျောနေကြောင်း သူတို့ တွေ့ရှိလိုက်ရသည်။
"ဒါက..."
ဧကရီ အနည်းငယ် အံ့အားသင့်သွားသည်။
ဤကဲ့သို့ အချိန်မျိုးတွင်ပင် တစ်စုံတစ်ယောက်က မဟာချန်ကို ကူညီနေသေးသဖြင့် တွေးတောစရာတစ်ခု ဖြစ်လာပေ၏။
လုံကျွန်းယန်နှင့်တခြားသူများသည်လည်း ဇဝေဇဝါ ဖြစ်နေကြသည်။ အထူးသဖြင့် ဤဓားသည် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ကို နောက်သို့ လွင့်စင်သွားစေသည်အား မြင်တွေ့ရသောအခါ သူတို့က မျက်မှောင်ကြုတ်လိုက်ကြသည်။ နောက်ထပ်ကျွမ်းကျင်သူတစ်ယောက် ထွက်ပေါ်လာခြင်းလောဟု သူတို့ သံသယဝင်သွားကြသည်။
နောက်တစ်စက္ကန့်မှာပင်...
ပုံရိပ်တစ်ခုသည် တော်ဝင်မြို့တော်အတွင်းမှနေ၍ လေထဲသို့ ပျံသန်းလာတော့သည်။
လုရန်သည် လရောင်ကဲ့သို့ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး သက်တောင့်သက်သာရှိသော မျက်နှာအမူအရာ ရှိသည်။ ပေါင်အာသည် သူ၏ ကျောတွင်ကပ်နေပြီး ပတ်ဝန်းကျင်ကို သိချင်စိတ်ဖြင့် ကြည့်ရင်း သူမ၏ခေါင်းလေးကို သူ၏ပခုံးပေါ်မှ ဆန့်ထုတ်ထားသည်။
ဤအချိန်တွင် နှစ်ဖက်လုံးမှ လူတိုင်းသည် ရုတ်တရက် ထွက်ပေါ်လာသော လူကို စိုက်ကြည့်နေကြ၏။ ဧကရီသည်လည်း ချွင်းချက်မဟုတ်ပေ။
ယခုရောက်လာသူ၏ မျက်နှာကို သူမ ရှင်းလင်းစွာ မြင်လိုက်ရသောအခါ သူမသည် မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။
"ဆရာ..."
သူမ အိပ်မက်မက်နေသလားဟုပင် ဧကရီက တွေးလိုက်မိသည်။
ဤသည်မှာ လုရန် သူမအနီးသို့ ရောက်ရှိလာပြီး လက်ယပ်ခေါ်လိုက်ကာ ရွှမ်ယွမ် ဓားကို သူ၏ လက်ထဲသို့ ပြန်ယူလိုက်ချိန်အထိပင်။
ဧကရီကို ရင်ဆိုင်ရင်း လုရန်က "မင်း ဘဝတစ်လျှောက်လုံး ခေါင်းမာခဲ့တယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ဒီလိုအချိန်မျိုးမှာ ဒါက မြို့တစ်မြို့တည်းပါ... ဘာလို့ ဒီလောက် အသည်းအသန် ရုန်းကန်နေရတာလဲ... ငါ မင်းကို သင်ပေးခဲ့တာတွေ အားလုံး မင်း လုံးဝ မေ့သွားပြီပဲ..." ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် လော့လော့ ကလေးဘဝက သူ လုပ်ခဲ့သကဲ့သို့ပင် သူမ၏ ခေါင်းကို ပွတ်သပ်လိုက်ရာ သူ၏ မျက်လုံးများတွင် အလိုလိုက်မှုများ အပြည့်ရှိနေတော့သည်။
သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အေးမြမှု လှိုင်းတစ်ခု ဝင်ရောက်လာသည်နှင့်အတူ ဧကရီ၏ ကိုယ်ပေါ်ရှိ မီးတောက်များ ချက်ချင်း ငြိမ်းသွားပြီး သူမ တည်ငြိမ်သွားတော့သည်။ သူမ၏အနောက်ရှိ ကြမ်းတမ်းသော ကပ်ဘေးမီးတောက် ကြာနီပင်လျှင် တဖြည်းဖြည်း ညှိုးနွမ်းသွားပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားတော့သည်။
"စိတ်နှလုံး ရှင်းလင်းရေး မန္တန်... ဒါ အိပ်မက်တစ်ခု မဟုတ်ဘူး..." ဧကရီက တီးတိုးရေရွတ်လိုက်သည်။
ရင်းနှီးသော အရှိန်အဝါကို ခံစားရသဖြင့် သူမသည် သူမ၏ ဝမ်းနည်းနေသော မျက်ရည်များကို ဆက်၍ မထိန်းထားနိုင်တော့ဘဲ တပါးပါး ကျဆင်းလာတော့သည်။
"ထိန်းချုပ်မှုမရှိတဲ့ ပေါက်ကွဲမှုက မင်းရဲ့ အုတ်မြစ်ကို ထိခိုက်စေတယ်... အခု အနားယူလိုက်ပါ... ဒီနေရာက ကိစ္စတွေကို မင်းရဲ့ ဆရာ ဖြေရှင်းလိမ့်မယ်..." လုရန်က ညင်သာစွာ ပြောလိုက်သည်။
ဧကရီသည် အင်ပါယာ၏ ခမ်းနားထည်ဝါမှု မရှိတော့ပေ။ မိန်းကလေးငယ်လေး တစ်ယောက်ကဲ့သို့ သူမသည် လုရန်၏ အရှေ့တွင် လှပစွာ ရပ်နေပြီး လိမ္မာရေးခြားရှိစွာ ခေါင်းညိတ်ပြလိုက်သည်။
လုရန်နှင့် ပတ်သက်၍မူ သူသည် သူ၏ သမီး အနိုင်ကျင့်ခံရသည်ကို မြင်တွေ့ခဲ့ရသော မိဘတစ်ဦးနှင့် ပိုတူပြီး ဒေါသများ ကောင်းကင်သို့တိုင်အောင် မြင့်တက်နေတော့သည်။
သူသည် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို ရင်ဆိုင်ရန် လှည့်လိုက်သည်။
သူက အေးစက်စွာ ပြောလိုက်သည်။
"သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့က အဖွဲ့ဝင်တိုင်း... လိင်မခွဲခြားဘဲ... နယ်ပယ်မခွဲခြားဘဲ... ပြီးတော့ မင်းတို့က လူသား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ... ဒီနေ့ မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်လျက် ထွက်မသွားရဘူး..."