← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅:အပြာရောင်ဂိုဏ်း လုရန်

ဤအချိန်တွင် လူတိုင်း လုရန်ကို ကြည့်နေကြသည်။

လော့လော့သည်လည်း ထပ်တူထပ်မျှပင်။

လုရန် အထက်ဘုံသို့ တက်လှမ်းလာခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူ၏စွမ်းအားသည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းနေသည်ကို မြင်ရသဖြင့် သူမ အံ့အားသင့်နေခဲ့သည်။

သူမသည် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ကို ဒဏ်ရာရစေရန် သူမ၏ စွမ်းအားများကို ပေါက်ကွဲစေခဲ့ရသော်လည်း လုရန်ကမူ သူ၏ လက်တစ်ဖက်ကို အေးအေးဆေးဆေးပင် ဖြတ်တောက်လိုက်၏။

ထို့ပြင် လုရန်၏ကျင့်ကြံဆင့်နယ်ပယ်သည် အင်မော်တယ်သခင်နယ်ပယ်၌ ဖြစ်ကြောင်းကိုလည်း သူမ ခံစားသိရှိနိုင်သည်။

ပဉ္စမအဆင့် အင်မော်တယ်သခင်တစ်ယောက်...

လုရန် အဆောင်လက်ဖွဲ့ ရေးဆွဲနေသည့် မြင်ကွင်းကို လူတိုင်း ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြရသည်။

ယခုအချိန်၌ သူတို့အားလုံး အထက်သို့ မော့ကြည့်လိုက်ကြ၏။

အဆောင်လက်ဖွဲ့မှ ပြောင်းလဲသွားသော ရွှေရောင်အလင်းတန်းသည် တိမ်လွှာများအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။

ကောင်းကင်ရှိ တိမ်မည်းများသည် ဆူပွက်နေသည့်အလား တလိမ့်လိမ့်ဆင်းလာကာ ဆက်လက်၍ လှုပ်ရှားနေဆဲပင်။

အရပ်မျက်နှာအဘက်ဘက်မှ စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း အဆက်မပြတ် စုစည်းလာသည်။

ကောင်းကင်ယံအပြည့် ဖုံးလွှမ်းနေသော တိမ်မည်းများပင်လျှင် စတင်၍ စုစည်းလာပြီး ထိုအရာများ၏ အရောင်သည် တဖြည်းဖြည်း အနီရင့်ရောင်သို့ ပြောင်းလဲသွားသည်အထိ ရင့်မှိုင်းလာတော့သည်။

မည်သည့်အရာကိုမျှ ရေရေရာရာ မမြင်ရသေးခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက သူတို့ထံသို့ ရိုက်ခတ်လာသည်။

"ငါတို့ အစွမ်းကုန် ထုတ်သုံးကြရအောင်..."

လီယွီဖုန်းက အရင်ဆုံး တုံ့ပြန်လိုက်သည်။

သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့၏ ဤခရီးစဉ်တွင် တခြားသူများ မည်သည့်အရာကိုမျှ မလုပ်ရသေးချိန်၌ သူသည် သူ၏ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ကို ကြွားဝါရန် ထုတ်ယူခဲ့သည်။ သို့သော် ထိုအရာသည် ဒဏ်ရာရရှိကာ လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရပြီဖြစ်ရာ သူ အကြီးအကျယ် နစ်နာဆုံးရှုံးသွားခဲ့လေပြီ။

အခြေအနေကို အမြန်ဆုံး တည်ငြိမ်အောင်လုပ်ပြီး ပြိုင်ဘက်ကို သတ်ကာ မဟာချန်ကို လွှဲပြောင်းယူရပေမည်...

ဤအချိန်တွင် မည်မျှထိ ပေးဆပ်ရပါစေ သူ ဂရုစိုက်တော့မည့်ပုံမရချေ။

သူက အော်ဟစ်လိုက်သည်။

"အတူတူ တိုက်ခိုက်ကြစမ်း... မင်းတို့ ဒီထက်ပိုပြီး တွန့်ဆုတ်နေမယ်ဆိုရင် ငါ နောက်ဆုတ်တော့မယ်..."

ထိုသို့ပြောဆိုပြီးနောက် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်သည် နောက်တစ်ကြိမ် ရှေ့သို့ ပြေးဝင်သွားတော့သည်။

သို့သော် သူသည် ခြေသုံးလှမ်းခန့်သာ ရှေ့သို့တက်နိုင်ခဲ့ပေ၏။

"ဘုန်း..."

ကောင်းကင်ယံရှိ တိမ်မည်းများသည် အလယ်ဗဟိုမှ ပေါက်ကွဲသွားပြီး ကောင်းကင်ဘုံကိုးထပ်မှ ရွှေရောင် တောက်ပမှုတစ်ခုသည် သေမျိုးကမ္ဘာမှမြေကြီးပေါ်သို့ ကျဆင်းလာတော့သည်။

ထိုအရာနှင့်အတူ ကောင်းကင်နှင့်မြေကြီးကြားတွင် မိုးထိအောင် မြင့်မားသော ရွှေရောင်သံချပ်ကာဝတ် နတ်ဘုရားတစ်ပါး ထွက်ပေါ်လာသည်။

"ဘုန်း" ခနဲ အသံကြီးနှင့်အတူ သူသည် မြေကြီးပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လာတော့သည်။

သူသည် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်၏ရှေ့တည့်တည့်တွင် ရပ်တန့်လိုက်၏။

ဤနတ်ဘုရားတွင် ခန့်ညားသော ကိုယ်ဟန်အနေအထားဖြင့် လက်ရှစ်ဖက်ရှိပြီး သူ၏မျက်လုံးများသည် ဒေါသကြောင့် ပြူးကျယ်နေကာ သူ၏ ရွှေရောင် သံချပ်ကာမှ အရောင်ခုနစ်မျိုးရှိသော အလင်းတန်းများ ဖြာထွက်နေတော့သည်။

အရပ်အမောင်းကို ကြည့်ရုံမျှဖြင့်ပင် သူသည် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ထက် ခေါင်းတစ်လုံးစာကျော်ကျော် ပို၍မြင့်မားနေသည်။

ဤရွှေရောင် သံချပ်ကာဝတ် နတ်ဘုရား၏ရှေ့တွင် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်သည် ကလေးငယ်လေးတစ်ယောက်နှင့်ပင် တူညီနေပေ၏။

ထိုဓမ္မပုံရိပ်ယောင်များဆိုလျှင် ပို၍ပင် သေးငယ်သွားမည်ကို စိတ်ကူးကြည့်၍ ရနိုင်သည်။

ထို့အပြင် ဤနတ်ဘုရားသည် လက်ဗလာသက်သက် မဟုတ်ချေ။ သူ၏ လက်ရှစ်ဖက်တွင် မတူညီသော ပုံသဏ္ဌာန်ရှိသည့် လက်နက်တစ်ခုစီကို ကိုင်ဆောင်ထားသည်။

ဓား၊ လှံ၊ သန်လျက်၊ ကွပ်မျက်ရေး လက်နက်၊ ပုဆိန်၊ စစ်ပုဆိန်၊ ချိတ်နှင့် သုံးခွခက်ရင်း...

လီယွီဖုန်း၏မျက်ခုံးများ ပြင်းထန်စွာ တုန်ရီသွားတော့သည်။

သူသည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ လက်စည်းသင်္ကေတတစ်ခုကို အလျင်အမြန် ဖော်ဆောင်လိုက်သည်။

"ရုပ်သိမ်းစမ်း..."

သူ ဆက်လက်၍ အန္တရာယ်ဖြင့် မစွန့်စားရဲတော့ချေ။ ဤမဟာချန်တွင် မည်သို့သော ထူးဆန်းသည့် မွန်းစတားအိုကြီးများ ထွက်ပေါ်လာသနည်း...

ဤကိုယ်ဟန်အနေအထားကို ကြည့်ရုံမျှဖြင့် သူ၏ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်မှာ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ကြောင်း သိသာထင်ရှားလှသည်။

လီယွီဖုန်း၏အပြုအမူအပြီးတွင် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်သည် ကြီးမားသော ဆွဲငင်အားတစ်ခုကြောင့် ဆွဲယူခံလိုက်ရသည့်အလား သူ၏ ခန္ဓာကိုယ်သည် လီယွီဖုန်းထံသို့ ရွေ့လျားသွားစဉ် ကျုံ့ဝင်သွားမည့် လက္ခဏာများ ပြသလာတော့သည်။

သို့သော် နောက်တစ်စက္ကန့်မှာပင်....

"ဝှစ်..."

နတ်ဘုရားစစ်သူကြီး၏လက်ထဲရှိ ချိတ်နှင့် သုံးခွခက်ရင်းတို့သည် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်၏ ညှပ်ရိုးများအတွင်းသို့ ဘယ်နှင့်ညာမှ ထိုးဖောက်ဝင်ရောက်သွားသည်။

လီယွီဖုန်း အလွန်အမင်း စိုးရိမ်လာပြီး သူ၏ မျက်လုံးများ နီရဲလာကာ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ကို ပြန်လည်ဆင့်ခေါ်ရန် အသည်းအသန် ကြိုးစားနေတော့သည်။

သို့သော် သူ လုံးလုံးလျားလျား မစွမ်းဆောင်နိုင်ခဲ့ချေ။

မသိစိတ်အရ သူသည် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ကို ပြန်လည်တိုက်ခိုက်ရန် ထိန်းချုပ်လိုက်ပြီး ချုပ်နှောင်မှုမှ ရုန်းထွက်ရန် ကြိုးစားလိုက်၏။

သို့သော် ထိုလက်သီးများသည် ရွှေရောင် သံချပ်ကာဝတ် နတ်ဘုရားကို ထိမှန်သွားသည့်တိုင်...

"ချလွမ်..." ခနဲ အသံကိုသာ ကြားလိုက်ရပြီး ကာကွယ်မှုကို လုံးဝမချိုးဖျက်နိုင်ခဲ့ချေ။

ထို့အစား ရွှေရောင်သံချပ်ကာဝတ်နတ်ဘုရားသည် ချိတ်နှင့်သုံးခွခက်ရင်းကို ကိုင်ထားရန် လက်နှစ်ဖက်ကို အသုံးပြုကာ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ကို ထိန်းချုပ်ထားပြီး သူ၏ တခြားလက်ခြောက်ဖက်မှ ဓား၊ လှံ၊ ပုဆိန်နှင့် စစ်ပုဆိန်တို့ဖြင့် ကောင်းကင်အလောင်းကောင်ဘုရင်ကို အဆက်မပြတ် ခုတ်ထစ်နေတော့သည်။

ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် ခွန်အားသက်သက်ဖြင့် နည်းစနစ်အားလုံးကို ချိုးဖျက်နိုင်စွမ်းရှိသည်ဟု နာမည်ကြီးသော လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်သည် အလွန်သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိသွားသည်။

အသားစများနှင့်သွေးများ နေရာအနှံ့အပြားသို့ လွင့်စင်သွားပေ၏။

သူသည် သူ၏လက်များဖြင့် ကာကွယ်ရန် ကြိုးစားချိန်တွင်လည်း ထိုလက်များမှာ တိုက်ရိုက်ခုတ်ပိုင်းခြင်းခံလိုက်ရသည်။

လူတိုင်း ဆွံ့အသွားကြသည်။

ဤသည်မှာ မြောက်ပိုင်းနယ်စပ် မရဏအိမ်တော်၏ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင် အမှန်တကယ် ဟုတ်ပါရဲ့လော..

ဤရွှေရောင်သံချပ်ကာဝတ် နတ်ဘုရားရှေ့တွင် သူသည် သားသတ်သမားရှေ့မှ အသတ်ခံရတော့မည့် ဝက်တစ်ကောင်နှင့်ပင် တူညီနေတော့သည်။

လုံကျွန်းယန်၏မျက်နှာ သုန်မှုန်နေသည်။

သူသည် မဟာချန်ကို သိမ်းပိုက်ရန် တွေးတောနေဆဲ ဖြစ်သော်လည်း ဧကရီ၏ဆရာကို စော်ကားမိသွားခဲ့လေပြီ။

ဤဆရာဖြစ်သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။ ရွှေရောင်သံချပ်ကာဝတ် နတ်ဘုရားသည် မည်ကဲ့သို့ အရာမျိုး ဖြစ်သနည်း။

သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့သည် ဤမျှထိ ကြီးမားသော အရှိန်အဟုန်ဖြင့် လာခဲ့သော်လည်း မည်သည်ကြောင့် ဤအခြေအနေမျိုးသို့ ရောက်ရှိသွားရသနည်း။

လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်သည် အသားမွှမ်းခံရကာ အရိုးထုတ်ခံနေရသည်ကို မြင်တွေ့လိုက်ရပြီးနောက် သူ၏ခုခံမှုမှာလည်း တစ်စထက်တစ်စ ပို၍အားနည်းလာသည်။

လီယွီဖုန်းသည် ငိုကြွေးလုနီးပါး ဖြစ်နေပြီး လက်စည်းသင်္ကေတများကို ဖော်ဆောင်ထားစဉ်၌ သူ၏လက်များသည် ပြင်းထန်စွာ တုန်ယင်နေသည်။

ဤခရီးစဉ်တွင် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်သည် ပျက်စီးမသွားခင် အသုံးပင် မဝင်လိုက်ချေ။

ထိုအရာသည် မရဏအိမ်တော်၏ အထွတ်အထိပ်ရတနာပင်။

လုံကျွန်းယန်သည် သူ၏နံဘေးရှိ တပ်မှူးများနှင့် လန်ကျီး၏ အဒေါ်သုံးယောက်ကို တစ်ချက်ကြည့်လိုက်၏။

သူက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။

"ဒီအခွင့်အရေးကို ယူပြီး တိုက်ခိုက်ကြစမ်း... မဟုတ်ရင် အဲ့ဒီရွှေရောင် သံချပ်ကာဝတ် နတ်ဘုရား ရောက်လာတာနဲ့ ငါတို့အားလုံး ဒီနေရာမှာ သေရလိမ့်မယ်..."

သူတို့ထဲမှ မည်သူ့တွင်မျှ လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ထက် ပို၍မာကျောသော အရိုးအဆစ်များ မရှိကြပေ။

အကယ်၍ ရွှေရောင် သံချပ်ကာဝတ် နတ်ဘုရား၏ ပစ်မှတ်ထားခြင်းကို ခံရပါက သူတို့၏ ဓမ္မပုံရိပ်ယောင်များနှင့် ရုပ်ခန္ဓာအစစ်အမှန်များသည် စက္ကူကဲ့သို့ လွယ်ကူစွာ ဆုတ်ဖြဲခံရပေမည်။

တစ်ဖက်လူသည် ဓားတစ်ချက်တည်းဖြင့် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်၏ လက်တစ်ဖက်ကို ဖြတ်တောက်နိုင်သော်လည်း သူကိုယ်တိုင်ကမူ ထိုရွှေရောင်သံချပ်ကာဝတ် နတ်ဘုရားလောက် ကြောက်မက်ဖွယ်ကောင်းပုံ မပေါ်ပေ။

သူတို့အနေဖြင့် ပြိုင်ဘက်ကို အလစ်အငိုက် သတ်ဖြတ်နိုင်သရွေ့ ဤတိုက်ပွဲတွင် အခွင့်အရေး ရှိနေနိုင်သည်။

ကြောင်ယောင်မျိုးနွယ်မှ အဒေါ်သုံးယောက်သည်လည်း စိတ်ပိုင်းဖြတ်လိုက်ကြ၏။

"မြေခွေးမျိုးနွယ်က တစ်နေ့ထက်တစ်နေ့ ပိုအားကောင်းလာတယ်... ငါတို့ ကြောင်ယောင်မျိုးနွယ်က တောရိုင်းနယ်မြေကို ပြန်မသွားနိုင်ဘူး... ဒါက ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ... သတ်..."

အဒေါ်သုံးယောက်သည် မည်သို့ပင်ဆိုစေကာမူ ယောင်ဧကရာဇ်များ ဖြစ်ကြသည်။

ထိုရွှေရောင်သံချပ်ကာဝတ် နတ်ဘုရားသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော်လည်း ယခုအချိန်တွင် သူသည် လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ကို ခုတ်ပိုင်းရန် အလုပ်ရှုပ်နေသည်။ သူမတို့အနေဖြင့် အာရုံစိုက်၍ တိုက်ခိုက်ပြီး ထိန်းချုပ်သူကို သတ်ဖြတ်ရန်သာ လိုအပ်ပေ၏။

ထိုအတွေးဖြင့် ကြောင်ယောင်သုံးကောင်က ဦးဆောင်၍ ပြေးထွက်သွားကြသည်။

သူမတို့၏၏နောက်တွင် လုံကျွန်းယန်နှင့်သူ၏ တပ်မှူး ငါးယောက်တို့သည်လည်း သူတို့၏ ဓမ္မပုံရိပ်ယောင်များနှင့်အတူ ရှေ့သို့ပြေးဝင်လာသည်။

"ဆရာ... သတိထား..."

လော့လော့က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည်လည်း ရှေ့သို့ တက်လာတော့သည်။

ဖူကျန်းလုံသည်လည်း ကြီးမားသော တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်ကာ တိုက်ခိုက်ရေး အနေအထားကို အလျင်အမြန် ယူလိုက်သည်။

သို့သော် တကယ်တမ်းတွင်မူ သူတို့ကို လုံးလုံးလျားလျား မလိုအပ်ခဲ့ချေ။

လုရန်သည် သူ၏နံဘေးရှိ လူများကို ကြည့်ကာ ပြောလိုက်သည်။

"မင်းတို့ ကလေးတွေက ဘာလို့ ဝင်ပါနေတာလဲ... သွား... နောက်ဆုတ်စမ်း..."

ထိုသို့ပြောဆိုပြီးနောက်။

"ဝီ..."

လုရန်၏ဓမ္မပုံရိပ်ယောင် ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ကောင်းကင်နှင့်မြေကြီးကြားတွင် မိုးထိအောင် မြင့်မားသော စစ်နတ်ဘုရားရှင်းထျန်းသည် မတ်မတ် ရပ်နေပေ၏။ မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲထွက်လာသော အရှိန်အဟုန်က သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ဝင်များနှင့် ကြောင်ယောင်သုံးကောင်ကို ခြေတစ်လှမ်းစာမျှ နှေးကွေးသွားစေခဲ့သည်။

"စစ်နတ်ဘုရား ရှင်းထျန်း... သောက်ကျိုးနည်း... လုံကျွန်းယန်... မဟာချန်မှာ ဒီလို နတ်ဘုရားတစ်ပါး ရှိတယ်ဆိုတာ မင်း မပြောခဲ့ဘူးနော်..."

ကြောင်ယောင်တစ်ကောင်က အော်ဟစ်လိုက်ပြီး သူမ၏မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်သွားတော့သည်။

ဤသည်မှာ စစ်နတ်ဘုရား ရှင်းထျန်းပင်။

"အဲ့ဒါကို လျစ်လျူရှုထားလိုက်... သူက လူတစ်ယောက်တည်းပဲလေ... သူ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ သူက အင်မော်တယ်သခင် တစ်ယောက်ပါပဲ... မင်းတို့အားလုံး... မကြောက်ကြနဲ့... အတူတူ..."

လုံကျွင်းယန်၏စကား မဆုံးမီမှာပင်...

"ဝီ..."

နောက်ထပ် စစ်နတ်ဘုရား ရှင်းထျန်းတစ်ပါးသည် လုရန်၏နောက်တွင် ယခင်တစ်ပါး၏ဘေးတည့်တည့်၌ ထွက်ပေါ်လာသည်။

"ဟင်..."

လုံကျွန်းယန်တို့လူစု လုံးလုံးလျားလျား ဆွံ့အသွားကြသည်။

မည်သည်ကြောင့် နောက်ထပ် စစ်နတ်ဘုရား ရှင်းထျန်းတစ်ပါး ထပ်မံ၍ ထွက်ပေါ်လာရသနည်း။ ဤသည်က မည်သူ၏ ဓမ္မပုံရိပ်ယောင် ဖြစ်သနည်း။

ကြောင်ယောင်သုံးကောင်၏ လှုပ်ရှားမှုများသည်လည်း ရပ်တန့်သွားတော့သည်။ သူမတို့သည် မယုံနိုင်လောက်အောင် စိတ်ပျက်သွားသကဲ့ ခံစားလိုက်ရသည်။

တိုက်ပွဲစတင်နေသည်မှာ အချိန်အတန်ကြာနေပြီ ဖြစ်သော်လည်း သူတို့သည် တစ်ချက်လေးမျှပင် မတိုက်ခိုက်ရသေးချေ။

သူတို့ ရှေ့သို့ ပြေးဝင်တော့မည့် အချိန်တိုင်း ပြိုင်ဘက်က အံ့သြစရာကောင်းသော အရာတစ်ခုကို အမြဲ ထုတ်ပြတတ်သည်။

ရွှေရောင် သံချပ်ကာဝတ် နတ်ဘုရား ပေါ်လာပြီးနောက် ပို၍တုန်လှုပ်စရာကောင်းသည့်အရာ ထပ်မံ ဖြစ်လာမည်မဟုတ်ဟု သူတို့ ထင်မှတ်ခဲ့ကြသော်လည်း ရှင်းထျန်းဓမ္မပုံရိပ်ယောင် ထွက်ပေါ်လာပေ၏။

လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်၏လက်တစ်ဖက်ကို ဓားတစ်ချက်တည်းဖြင့် သူ ဖြတ်နိုင်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။

သို့သော် ထိုမျှနှင့် မပြီးသေးဘဲ ဒုတိယမြောက် စစ်နတ်ဘုရား ရှင်းထျန်း ထပ်မံ၍ ထွက်ပေါ်လာခဲ့လေပြီ။

သူတို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တခြားမည်သူမျှ ရှိမနေပေ။ လူတစ်ယောက်တည်းက ဓမ္မပုံရိပ်ယောင်နှစ်ခု ပိုင်ဆိုင်နိုင်ပါသလော။

လုံကျွန်းယန်၏ခေါင်းများ မူးဝေနောက်ကျိနေတော့သည်။

"ဒီတိုင်း... ဓမ္မပုံရိပ်ယောင် နှစ်ခုတည်းနဲ့တင် သူ..."

"ဝီ..."

လုံကျွန်းယန် စကားထစ်သွားပြီး သူ၏ စကားကို အဆုံးမသတ်နိုင်တော့ပေ။

တတိယမြောက် စစ်နတ်ဘုရား ရှင်းထျန်း ထပ်မံ၍ ထွက်ပေါ်လာသည်။

လုရန်၏နောက်တွင် တစ်ပါး၊ ဘေးတစ်ဖက်တစ်ချက်တွင် တစ်ပါးစီရှိနေကာ စစ်နတ်ဘုရား ရှင်းထျန်း သုံးပါး အတူတကွ မတ်တတ်ရပ်နေကြပြီး သူတို့၏ လွှမ်းမိုးချုပ်ကိုင်နိုင်မှုမှာ ကြီးမားလှသည်။

သို့သော် ဤသည်မှာ အကုန်အစင် မဟုတ်သေးပေ။

ထို့နောက်တွင် စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ...

မျက်စိတစ်မှိတ်အတွင်းမှာပင် ဗျောက်အိုးဖောက်လိုက်သကဲ့သို့ စစ်နတ်ဘုရား ရှင်းထျန်းကိုးပါးသည် လုရန်၏နောက်တွင် ဆက်တိုက်ထွက်ပေါ်လာသည်။

ဤသည်မှာ အတိအကျ ကိုးပါးပင်။

လော့လော့သည် လုရန်၏တပည့်ဖြစ်ပြီး သူမ၏ဆရာထံတွင် လှည့်ကွက်များစွာ ရှိကြောင်းကို ကြာမြင့်စွာကတည်းက သိထားသော်လည်း...

ထိုအရာများသည် စိတ်ဝိညာဉ်နယ်မြေတွင် ထွက်ပေါ်လာသည်ကို မြင်တွေ့ရခြင်းမှာ သူမအတွက် အလွန် အံ့အားသင့်စရာ ကောင်းနေဆဲပင်။

ရွှေရောင် သံချပ်ကာဝတ် နတ်ဘုရားတစ်ပါးက လက်ခြောက်ဖက် ကောင်းကင်အလောင်းကောင်ဘုရင်ကို ရက်ရက်စက်စက် အဆုံးစီရင်နေသည်။

ယခုအချိန်၌ သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့၏ အင်မော်တယ်သခင် အများအပြားကို ရင်ဆိုင်ရန် စစ်နတ်ဘုရား ရှင်းထျန်း ကိုးပါးက စစ်မြေပြင်သို့ ရောက်ရှိလာလေပြီ။

လော့လော့က မော့ကြည့်လိုက်ရာ မြင်ကွင်းမှာ ပို၍ပင် အသက်ရှူမှားစရာ ကောင်းနေသည်။

ဤသည်မှာ မွန်းစတားကြီးများ၏ ခြေထောက်အောက်တွင် မတ်တတ်ရပ်နေရသည့်အလားပင်။ သူမသည် ရှင်းထျန်း၏ခြေချောင်းတစ်ချောင်းစာမျှပင် အရပ်မရှည်တော့ချေ။

"ဂလု..."

လုံကျွန်းယန်က တံတွေးကို မြိုချလိုက်ပြီး လုံးလုံးလျားလျား ဘာလုပ်ရမှန်းမသိ ဖြစ်နေပေ၏။

သူတို့အနေဖြင့် ဤအရာကို မည်သို့ တိုက်ခိုက်နိုင်မည်နည်း။

ကြောင်ယောင်သုံးကောင်ကမူ အလွန်အမင်း အလျင်စလို ရှေ့သို့တက်မသွားခဲ့မိခြင်းအတွက် ပို၍ပင် စိတ်သက်သာရာ ရသွားကြသည်။

ထိုသို့သာ မဟုတ်လျှင် ရှင်းထျန်းကိုးပါး၏ မြေကြီးပေါ် ခြေမွှဖျက်ဆီးခံရမည့် အဖြစ်မှာ အမှန်တကယ်ကို သနားစရာ ကောင်းနေပေမည်။

"အရှင်က ဘယ်သူလဲ... တကယ်လို့ အရှင်က တကယ်ပဲ ဧကရီရဲ့ ဆရာဆိုရင် ငါတို့ စကားပြောလို့ ရပါတယ်..."

လုံကျွန်းယန်က အော်ဟစ်လိုက်သည်။

မဟာချန်ကို သိမ်းပိုက်ရေးနှင့် ပတ်သက်၍ သူ ဆက်လက်၌ မတွေးတောရဲတော့ပေ။ သူ့ထံတွင် ထိုသို့လုပ်ရန် မည်သည့်အရည်အချင်းမှ မရှိတော့ချေ။ ယခုအချိန်၌ သူ အသက်ရှင်ချင်ရုံသက်သက်သာ ဖြစ်တော့သည်။

တစ်ချိန်တည်းမှာပင် သူသည် တစ်ဖက်လူ၏ အထောက်အထားကို သိချင်နေခဲ့သည်။ ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတစ်ပါးက မဟာချန်ကို ကျောထောက်နောက်ခံ ပေးထားမည်ဟု သူ မတွေးတောမိခဲ့သောကြောင့်ပင်။

ထိုသို့ဆိုလျှင် ဤနှစ်တစ်သောင်းအတွင်း၌ သူသည် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို မည်သည့်အတွက်ကြောင့် တစ်ခါမျှ ဒုက္ခမပေးခဲ့သနည်း။

ဤကဲ့သို့ နတ်ဘုရားတစ်ပါးသည် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို သူ တစ်ယောက်တည်းဖြင့်ပင် အလွယ်တကူ ရှင်းလင်းသုတ်သင်နိုင်ပေမည်။

လုရန်သည် လုံကျွန်းယန်နှင့် တခြားသူများကို ကြည့်ကာ ရယ်မောလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

"အပြာရောင်ဂိုဏ်း လုရန်..."

All Chapters