← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆:အထဲကို ဝင်လို့မရဘူးလား... အတင်းတွန်းထည့်လိုက်ရုံပဲလေ

ဤအချိန်တွင် ပန်ရှီခံတပ် တပည့်များသည် မိုးပြာရေနဂါးလိပ် ထွက်ပေါ်လာသည်ကို မြင်သောအခါ ရုတ်တရက် သက်ပြင်းချနိုင်ခဲ့ကြသည်။

သူတို့ အနည်းငယ် စိတ်လှုပ်ရှားနေသည်ကိုပင် မြင်တွေ့နိုင်ပေ၏။

မိုးပြာရေနဂါးလိပ်၏ကျင့်ကြံဆင့်နယ်ပယ်သည် ယောင်သူတော်စင်တစ်ပါးဖြစ်ကြောင်း ခံတပ်သခင် လော့ဆန် ပြောသည်ကို ကြားပြီးနောက် သူတို့အားလုံး ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။

ယောင်သူတော်စင်တစ်ပါး...

ဤသည်က အင်မော်တယ်ဧကရာဇ်နယ်ပယ်နှင့် ညီမျှသည်။

အပြာရောင်ဂိုဏ်းဘိုးဘေး မည်မျှပင် မောက်မာထောင်လွှားပါစေ၊ လှည့်ကွက်များ မည်မျှပင် ရှိပါစေ နောက်ဆုံးတော့ သူသည် အင်မော်တယ်သခင် တစ်ယောက်သာ ဖြစ်သည်။

ယောင်သူတော်စင်တစ်ပါးရှေ့တွင် အင်မော်တယ်သခင်များအားလုံးသည် ဘာမျှမဟုတ်ပေ။

ကျင့်ကြံဆင့်နယ်ပယ်၏ အကြွင်းမဲ့ဖိနှိပ်မှုဖြင့် အပြာရောင်ဂိုဏ်း ဘိုးဘေးပင်လျှင် မိုးပြာရေနဂါးလိပ်၏ ခြေသည်းတစ်ချက်ဖြင့် ရိုက်သတ်ခံရပေမည်။

ဤတစ်ကြိမ်တွင် ပန်ရှီခံတပ်သည် မိုးပြာရေနဂါးလိပ် တစ်ကောင်တည်းဖြင့် ဒီရေကို လှည့်ပြောင်းနိုင်ပေမည်။

"ဘိုးဘေးဟောင်းက စွမ်းအားကြီးတယ်... မြန်မြန် တိုက်ခိုက်ပြီး အဲ့ဒီလုရန်ကို သတ်ပစ်..."

"အပြာရောင်ဂိုဏ်း အင်မော်တယ်တောင်တောင် ဒီကို ရွှေ့လာခဲ့ပြီလေ... ဒါက ငါတို့ အိမ်ပေါက်ဝကို အစာလာပို့တာ မဟုတ်ဘူးလား... ဟားဟား..."

"အားလုံးပဲ... စိတ်မပူကြနဲ့... ဒီပွဲကြီးပွဲကောင်းကို ကြည့်ပြီး အဆိပ်ကို ဖြေဖို့ အာရုံစိုက်ကြ..."

"ခံတပ်သခင်နဲ့ မိုးပြာရေနဂါးလိပ် ဒီနေရာမှာ ရှိနေမှတော့ ပန်ရှီခံတပ် ရှုံးမှာ မဟုတ်ဘူး..."

သူတို့၏စိတ်ဓာတ်တက်ကြွမှုမှာ သိသာထင်ရှားလှသည်။

လုရန်က အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်၏။

"မင်းတို့ ဘာတွေကို ဒီလောက်ထိ ဂုဏ်ယူနေလဲဆိုတာ ငါ တကယ်ကို မသိဘူး... မင်းတို့ရဲ့ ဒန်တျန်ထဲက အဆိပ်ကို ခန္ဓာကိုယ်အပြင်ဘက်ကို ထုတ်လို့မရဘူးဆိုတာ မင်းတို့ သတိမထားမိကြဘူးလား..."

လုရန်၏ စကားများက အားပေးနေသော ပန်ရှီခံတပ် တပည့်များ၏မျက်နှာများကို နောက်တစ်ကြိမ် ကြည့်ရဆိုးသွားစေခဲ့သည်။

လုရန်က ဆက်ပြောသည်။

"ဒီအဆိပ်ကို မင်းတို့ဘာသာမင်းတို့ မကုသနိုင်ဘူးဆိုတာ မင်းတို့ကို ထုတ်ပြောဖို့ ငါ မကြောက်ပါဘူး... မင်းတို့ အားလုံး သေဖို့ စောင့်နေကြတာပဲ... အဲ့ဒီမိုးပြာရေနဂါးလိပ်မှာ စွမ်းရည်တချို့ ရှိရင်တောင်မှ အဲ့ဒါက မင်းတို့နဲ့ ဘာဆိုင်လို့လဲ..."

ဤပွင့်လင်းသော စကားများက ပန်ရှီခံတပ် တပည့်များ၏ မျက်နှာများကို ချက်ချင်းမ​ည်းမှောင်သွားစေခဲ့ပေ၏။

အမှန်တကယ်ပင် သူတို့ သေရတော့မည်ဆိုလျှင် ပန်ရှီခံတပ် ဘာဖြစ်သွားလဲဆိုသည်က သူတို့အတွက် အရေးမကြီးတော့ချေ။

လော့ဆန်သည် ဒန်တျန်အတွင်းရှိ အဆိပ်ကို ကုသ၍မရကြောင်း ကြားသောအခါ အလားတူပင် ခံစားလိုက်ရသည်။

သူ၏မျက်နှာအမူအရာ ပို၍ပင် မှိုင်းညို့သွားတော့သည်။

မိုးပြာရေနဂါးလိပ်သည် အပြာရောင်ဂိုဏ်းကို ဖျက်ဆီးပြီး သုတ်သင်ရှင်းလင်းနိုင်လျှင်ပင် ထိုအချိန်ကျပါက ပန်ရှီခံတပ်မှ လူတိုင်း သေသွားပြီဆိုလျှင် ထိုအရာက အသုံးဝင်မည် မဟုတ်တော့ချေ။

သူတို့တွင် အမှန်အားဖြင့် ထိုမျှ အားကောင်းသော သစ္စာရှိမှု ခံစားချက် မရှိကြချေ။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သူတို့သည် ကိုယ်ပိုင် အသက်များကို ပို၍ဂရုစိုက်ကြသည်။

ထို့ကြောင့် လွန်ခဲ့သော အချိန်အခိုက်အတန့်က အလွန်စိတ်လှုပ်ရှားနေခဲ့သော ပန်ရှီခံတပ် လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က လုရန်ကို ရုတ်တရက် သနားညှာတာရန် တောင်းပန်လာတော့သည်။

"အပြာရောင်ဂိုဏ်း ဘိုးဘေး... ကျွန်တော် မှားမှန်း သိပါပြီ... ဖြေဆေး တစ်ခွက်တည်းအတွက်နဲ့တင် ကျွန်တော်က အပြာရောင်ဂိုဏ်းကို ဝင်ပြီး နွားတစ်ကောင် မြင်းတစ်ကောင်လို ခင်ဗျားကို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်..."

ဤကဲ့သို့သော လူများစွာ ရှိနေသော်လည်း သူတို့၏ ရည်ရွယ်ချက်များမှာ သိသာလွန်းလှသည်။

မိုးပြာရေနဂါးလိပ် ရှိနေသဖြင့် အပြာရောင်ဂိုဏ်းသည် ပျက်စီးတော့ပေမည်။ သူတို့၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ သူတို့၏အသက်ကို ကယ်တင်ရန်အတွက် ဖြေဆေးကို အမြန်ဆုံးရယူရန်ပင်။

ထို့ကြောင့် လုရန်သည် သူတို့ကို လုံးဝဂရုမစိုက်ခဲ့ချေ။သူက လော့ဆန်ကိုသာ ကြည့်နေခဲ့သည်။

"မင်း သေသွားတာနဲ့ ကောင်းမင်က ငါတို့ကို ဖြေဆေး ပေးလိမ့်မယ်..."

လော့ဆန်က တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်၏။

သနားညှာတာရန် တောင်းပန်ခြင်းမှာ အသုံးမဝင်ကြောင်း သူ သိထားသဖြင့် တစ်ကြိမ်တစ်ခါမျှပင် မစဉ်းစားခဲ့ချေ။

ထို့ပြင် ယခု မိုးပြာရေနဂါးလိပ် ပေါ်လာပြီဖြစ်ရာ ကြောက်ရွံ့သင့်သည်မှာ အပြာရောင်ဂိုဏ်းပင်။

ယခုလောလောဆယ်တွင် အပြာရောင်ဂိုဏ်းကို ဖျက်ဆီးနိုင်ရန်မှာ သေချာသလောက်နီးပါး ရှိသော်လည်း ကောင်းမင်ကို အသက်ရှင်လျက် ထားရှိရပေမည်။ ဖြေဆေးသည် သူ့ထံတွင် ရှိနေမည်မှာ သေချာပေါက်ပင်။

ထို့ကြောင့်...

လော့ဆန်က သူ၏အောက်ရှိ မိုးပြာရေနဂါးလိပ်ကို ပုတ်ကာ ပြောဆိုသည်။

"မြင်လား... အပြာရောင်ဂိုဏ်း ဘိုးဘေးလုရန်ကို အရင်သတ်... သူ့ရဲ့နောက်က အပြာရောင်ဂိုဏ်း အင်မော်တယ်တောင်ကိုလည်း ဖျက်ဆီးပစ်ရမယ်... ဒါပေမဲ့ ကောင်းမင်ကိုတော့ အရှင်ထားရမယ်... အချိန်တန်ရင် ကောင်းမင်က ဘယ်သူလဲဆိုတာ ငါ မင်းကို ပြောပြမယ်..."

ထိုသို့ပြောဆိုပြီးနောက် မိုးပြာရေနဂါးလိပ်သည် ဟိန်းဟောက်သံတစ်သံကို ထုတ်လွှတ်လိုက်၏။ ဧရာမ ခန္ဓာကိုယ်ကြီးသည် လုရန်ဆီသို့ ချဉ်းကပ်လာစဉ် အောက်ရှိ မရေမတွက်နိုင်သော ပန်ရှီခံတပ် အဆောက်အအုံများကို ခြေမွှဖျက်ဆီးလိုက်သည်။

လုရန်သည် တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်ကာ နတ်ဆိုးသန့်စင်ခြင်းအိုးကို ပစ်ထုတ်လိုက်၏။

တစ်ချိန်တည်းမှာပင်...

နတ်ဆိုးသန့်စင်ခြင်းအိုး မအောင်မြင်ခြင်းမှ ကာကွယ်ရန်...

အတွေးတစ်ချက်ဖြင့် ရွှမ်ယွမ်ဓားသည် သူ၏ဘယ်ဘက်လက်တွင် ထွက်ပေါ်လာပြီး ပန်ဂုပုဆိန်သည် ညာဘက်လက်တွင် ထွက်ပေါ်လာတော့သည်။

ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်ကိုလည်း သူ ဆင့်ခေါ်လိုက်ပြီး ခေါင်းပေါ်တွင် လွင့်မျောနေသည်။

လုရန်သည် ထွက်မပြေးဘဲ ကာကွယ်ရေး အနေအထားကို ယူထားသည်အား မြင်သောအခါ လော့ဆန်က အော်ဟစ်ရယ်မောလိုက်သည်။

"မှော်ရတနာတွေလား... မှော်ရတနာတွေက ငါ့ရဲ့ ပန်ရှီခံတပ်က မိုးပြာရေနဂါးလိပ်ကို ရင်ဆိုင်နိုင်မယ်လို့ မင်း ထင်နေတာလား... တကယ့်ကို ရယ်စရာပြက်လုံးတစ်ခုပဲ..."

လော့ဆန်သည် လျှင်မြန်စွာ ကြီးမားလာသော နတ်ဆိုးသန့်စင်ခြင်းအိုးကို တစ်ချက်ကြည့်ပြီး လုံးလုံးလျားလျား လျစ်လျူရှုထားလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ဒန်တျန်အတွင်းရှိ အဆိပ်ပျံ့နှံ့မှုကို တည်ငြိမ်စေရန် သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်ချီကို အဆက်မပြတ် လှည့်ပတ်နေရသည်။

သို့သော် မည်သူမျှ မမျှော်လင့်ထားခဲ့သောအရာမှာ...

ပြေးဝင်သွားသော မိုးပြာရေနဂါးလိပ်သည် ရုတ်တရက် တစ်ခုခုကို ခံစားလိုက်ရပြီး ရပ်တန့်သွားခြင်းပင်။

လော့ဆန်သည် မျက်မှောင်ကြုတ်လိုက်၏။

မိုးပြာရေနဂါးလိပ်နှင့်အတူ သူသည် နတ်ဆိုးသန့်စင်ခြင်းအိုးကို မော့ကြည့်လိုက်သည်။

ထို့နောက် နောက်တစ်စက္ကန့်မှာပင်...

ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

နတ်ဆိုးသန့်စင်ခြင်းအိုး၏အဝသည် အလွန် မကြီးမားသော်လည်း ဤကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားသည် မိုးပြာရေနဂါးလိပ်ကို လေထဲသို့ ဖြည်းညင်းစွာ စတင်၍ ဆွဲတင်လိုက်သည်။

လော့ဆန် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။

"တောင့်ထား... တောင့်ထား... လုရန်ကို အရင်သတ်..."

လော့ဆန်က အော်ငေါက်လိုက်၏။

အခြေအနေသည် ထူးဆန်းသော်လည်း သူတို့သာ လုရန်ကို သတ်နိုင်ပါက မှော်ရတနာသည် အကျိုးသက်ရောက်မှုကို ဆုံးရှုံးသွားပေလိမ့်မည်။

မိုးပြာရေနဂါးလိပ်သည် ယောင်သူတော်စင် တစ်ပါးပင်။ ထူးခြားသော မျိုးစိတ်ဖြစ်ခြင်းကြောင့် ပုံမှန် ယောင်မျိုးနွယ်ဝင်များကဲ့သို့ လူသားပုံစံအဖြစ် မပြောင်းလဲနိုင်သော်လည်း သူ၏ဉာဏ်ရည်မှာ အလွန်ကောင်းမွန်သည်။

ဤစကားကို ကြားသောအခါ လုရန်ဆီသို့ ဦးတည်၍ သူ၏ပါးစပ်ကြီးကို ချက်ချင်းဖွင့်ဟလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ချန်ဟွေတောင်ကြားတစ်ခုလုံးကို လွှမ်းခြုံထားနိုင်သော မြစ်ကြီးတစ်စင်းသည် မိုးပြာရေနဂါးလိပ်၏ပါးစပ်မှ ပန်းထွက်လာတော့သည်။

ဤသည်​က လုရန်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာပေ၏။

ဤသည်မှာ ရိုးရှင်းသော ရေပန်းတစ်ခု မဟုတ်ဘဲ မိုးပြာရေနဂါးလိပ်၏ ယောင်နည်းစနစ်ပင်။

ထိုရေစီးကြောင်းတွင် ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ချီများနှင့် ကြီးမားသော ယောင်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

လုရန်သည် အထင်မသေးရဲချေ။

ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်သည် သူ၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ဝီ...

ကျယ်ပြန့်ပြီး ရှေးဟောင်းဆန်သော ဖိအားတစ်ရပ် ကျဆင်းလာပြီး အရာအားလုံးကို ဖုံးလွှမ်းသွားသည်။

ပြေးဝင်လာသော ရေစီးကြောင်းသည်လည်း လျင်မြန်စွာ ဖိနှိပ်ခြင်း ခံလိုက်ရ​ကာ စွမ်းအားသည် ယခင်ကထက် များစွာလျော့ကျသွားပေ၏။

သို့တိုင် လုရန်သည် သတိမပေါ့လျော့ရဲချေ။ နိယာမ ကာကွယ်ရေးကို အားဖြည့်ရန်အတွက် သူ၏အင်မော်တယ်ပိုင်နက်နယ်မြေအတွင်း၌ ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ်၏ အကွာအဝေးကို ကျုံ့လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ပန်ဂုပုဆိန်ကို အထက်မှ အောက်သို့ ဝှေ့ယမ်းကာ ရေစီးကြောင်းကို တစ်ချက်တည်းဖြင့် ဖြတ်တောက်လိုက်၏။

လော့ဆန်က ထိုမြင်ကွင်းကို ကြက်သေသေစွာဖြင့် ကြည့်နေခဲ့သည်။ ဤမိုးပြာရေနဂါးလိပ်သည် ယောင်သူတော်စင်တစ်ပါးပင်။ ထိုကဲ့သို့ ရေစီးကြောင်း တိုက်ခိုက်မှုမျိုးဖြင့် သာမန်အင်မော်တယ်သခင် တစ်ယောက်ဆိုလျှင် ချက်ချင်း သေဆုံးသွားမည် သို့မဟုတ် သေလုမျောပါး ဖြစ်သွားပေမည်။

သို့တိုင် ဤလုရန်သည် လှုပ်ရှားမှု အနည်းငယ်ဖြင့် တိုက်ခိုက်မှုကို ချေဖျက်ခဲ့သည်။

"အဲ့ဒါက အဲ့ဒီမှော်ရတနာတွေပဲ..."

လော့ဆန်၏ မျက်လုံးများသည် မနာလိုမှုများဖြင့် နီရဲလာပေ၏။

ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်၊ ပန်ဂုပုဆိန်၊ ရွှမ်ယွမ် ဓားတို့အပြင် သူ၏ခေါင်းပေါ်မှ နတ်ဆိုးသန့်စင်ခြင်းအိုး...

ထိုအရာများထဲမှ မည်သည့်အရာကမျှ သာမန် အမှိုက် စိတ်ဝိညာဉ်ရတနာ မဟုတ်သည်မှာ သေချာပေါက်ပင်။

ထိုအရှိန်အဝါသည် အင်မော်တယ်ရတနာတစ်ခုနှင့်ပင် မတူညီချေ။

ရှေးဟောင်းရတနာများ ဖြစ်နေသလော။ ထိုအရာများသည် မွေးရာပါ ရှေးဟောင်းရတနာများပင် ဖြစ်နိုင်ပြီး ဒဏ္ဍာရီလာ အရာများပင်။

မနာလိုဖြစ်မှု​...

လော့ဆန်၏ မျက်နှာအမူအရာသည် မနာလိုမှုများကြောင့် ရှုံမဲ့ပြီး ကြောက်မက်ဖွယ်ကောင်းလာသည်။

သို့သော် ယခုလောလောဆယ်တွင် သူသည် ထိုကိစ္စကို အာရုံမစိုက်နိုင်ချေ။

အထက်မှ နတ်ဆိုးသန့်စင်ခြင်းအိုး၏ ဆွဲငင်အားသည် ပေါက်ကွဲထွက်နေဆဲဖြစ်ပြီး ပို၍ပို၍ အားကောင်းလာသည်။

လုရန် အနည်းငယ် သက်ပြင်းချလိုက်နိုင်သည်။ မွေးရာပါ ရှေးဟောင်းရတနာ အများအပြားကို ပူးတွဲအသုံးပြုခြင်းဖြင့် ယောင်သူတော်စင် တစ်ပါး၏ တိုက်ခိုက်မှုများကိုပင် ချေဖျက်နိုင်လိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ပေ။

မိုးပြာရေနဂါးလိပ်နှင့် ပတ်သက်၍မူ ယောင်သားရဲ တစ်ကောင်ဖြစ်သည့်တိုင် နတ်ဆိုးသန့်စင်ခြင်းအိုးမှ သက်ရောက်နေစဉ် စုပ်ယူသည့် အမြန်နှုန်းမှာ အနည်းငယ် နှေးကွေးနေသည်။

သို့သော် ယခုလောလောဆယ်တွင် ကြီးမားသော ပြဿနာများ ရှိပုံမပေါ်ပေ။

တိုက်ခိုက်မှု အသုံးမဝင်ကြောင်း မြင်သောအခါ မိုးပြာရေနဂါးလိပ်သည် သူ၏ပါးစပ်ကို ချက်ချင်းဆိုသလိုပင် ထပ်မံ၍ ဖွင့်ဟလိုက်၏။

လေထဲတွင် ရေခိုးရေငွေ့များသည် လျှင်မြန်စွာ စုစည်းသွားပြီး အစိုင်အခဲဖြစ်လာတော့သည်။

မိုးထိအောင် မြင့်မားသော သစ်ပင်ပင်စည်များအလား တုတ်ခိုင်သော ရေခဲဆူးများကဲ့သို့အရာများ ဖွဲ့စည်းသွားသည်။

ထိုအရာများသည်သည် သိပ်သည်းစွာ စုစည်းနေပြီး နေရောင်ကိုပင် ဖုံးကွယ်ထားပေ၏။

လုရန်ပင်လျှင် ထိုမြင်ကွင်းကို ကြည့်ရင်း သူ၏ဦးရေပြား တင်းမာလာသည်ကို မခံစားဘဲ မနေနိုင်ခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်သည် ကြီးမားသော တိုက်ခိုက်မှုများကို ဖိနှိပ်ရာတွင် ပို၍ပင် ထိရောက်လှသည်။

ဧရာမ ရေခဲဆူး အစုအဝေးကြီးသည် မြှားတစ်သောင်းကို တပြိုင်နက်တည်း ပစ်လွှတ်လိုက်သည့်အလား လုရန်အပေါ် ကျရောက်လာသည်။

သို့သော် ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်၏ သက်ရောက်မှုအကွာအဝေးအတွင်းသို့ ဝင်ရောက်လာသည်နှင့် တပြိုင်နက် ထိုအရာအများအပြား စတင်၍ ပြုတ်ကျလာတော့သည်။

လုရန်ထံ ရောက်ရှိလာချိန်တွင် သုံးပုံတစ်ပုံအောက်သာ ကျန်ရှိပေ၏။

သို့သော် ထိုသုံးပုံတစ်ပုံသည်လည်း အရေအတွက် အများအပြား ဖြစ်နေဆဲပင်။ အရေအတွက် အလွန်များပြားသောကြောင့် လုရန်သည် ထိုရေခဲဆူးအားလုံးကို အနီးကပ် မကာကွယ်နိုင်ချေ။

ထို့ကြောင့် အတွေးတစ်ချက်ဖြင့်...

ရှင်းထျန်း ပုံရိပ် ကိုးခုသည် ရှေ့သို့ ပြေးထွက်သွားပြီး လုရန်၏ရှေ့တွင် နံရံတစ်ခုကဲ့သို့ မတ်တတ်ရပ်နေတော့သည်။

ရှင်းထျန်း ဓမ္မပုံရိပ်ယောင်များ၏ အရွယ်အစားကြောင့် သူတို့ကိုးယောက် တန်းစီပြီး ဒိုင်းလွှားများကို မြှောက်ထားလိုက်သောအခါ နံရံကြီးတစ်ခု ဖြစ်လာသည်။

သူတို့၏နောက်တွင် ရှိနေသဖြင့် လုရန်သည် ခြိမ်းခြောက်မှု အရိပ်အယောင်ကို အနည်းငယ်မျှပင် မခံစားရတော့ချေ။

သို့သော် သူ ဤအတိုင်း ဆက်သွား၍ မဖြစ်ပေ။

ယောင်သူတော်စင်၏စွမ်းအားသည် ကြီးမားလွန်းပေ၏။ မိုးပြာရေနဂါးလိပ်၏ ရုန်းကန်မှု ပို၍ပြင်းထန်လာပြီး နတ်ဆိုးသန့်စင်ခြင်းအိုး၏ ဆွဲငင်အားအမြန်နှုန်း နှေးကွေးသွားသည်။

ဤအတိုင်း ဆက်လွှတ်ထားရန် မဖြစ်နိုင်ချေ။ အကယ်၍ မိုးပြာရေနဂါးလိပ်ကို ဆက်လက်၍ တိုက်ခိုက်ခွင့်ပေးပြီး အဆုံးစွန်လှုပ်ရှားမှု အနည်းငယ် ထပ်မံ၍ ထုတ်လွှတ်ခွင့်ပေးလိုက်ပါက အခြေအနေများ အလွယ်တကူ မှားယွင်းသွားနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုသားရဲသည် ယောင်သူတော်စင်တစ်ကောင် ဖြစ်နေပေ၏။

လုံခြုံစေရန်အတွက်...

လုရန်သည် လက်ဆန့်တန်းကာ လေထဲတွင် အဆောင်လက်ဖွဲ့တစ်ခုကို ရေးဆွဲလိုက်ပြီး သူ၏ လှုပ်ရှားမှုများမှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှသည်။

"ဆွဲငင်အားက နှေးနေတော့ မင်းကို ငါ တွန်းပေးရမှာပေါ့..."

ဝှစ်...

အဆောင်လက်ဖွဲ့သည် ကောင်းကင်သို့ ပျံတက်သွားပြီး ရွှေရောင်အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ အမြင့်ဆုံး ကောင်းကင်ယံသို့ တန်းတန်းမတ်မတ် ပျံ့လွင့်သွားတော့သည်။

ထို့နောက် ကောင်းကင်ဘုံကိုးထပ်မှ ခုနစ်ရောင်ခြယ်အလင်းတန်းတစ်တန်း ကျဆင်းလာပြီး သေမျိုးလောကကြီးကို လွှမ်းခြုံသွားသည်။

ထိုအရာနှင့်အတူ မြေကြီးမှ ကောင်းကင်သို့တိုင်အောင် မြင့်မားသော ရွှေရောင်သံချပ်ကာဝတ် နတ်ဘုရားတစ်ပါး လိုက်ပါလာသည်။

လက်ရှစ်ဖက်ထျန်းဖုန်း...

မိုးပြာရေနဂါးလိပ်၏ ကျောပေါ်တွင်ရှိနေသော လော့ဆန်သည် ထိုမြင်ကွင်းကို ဆွံ့အစွာ ကြည့်နေခဲ့လေ၏။

ရှင်းထျန်းပုံရိပ်ကိုးခုသည် လုံလောက်အောင် ပုံမှန်ထက် လွန်ကဲနေလေပြီ။ ထိုသို့ဆိုလျှင် ဤရွှေရောင် သံချပ်ကာဝတ် နတ်ဘုရားသည် မည်သည့်နေရာက ရောက်လာသနည်း။

ဤသည်က စစ်နတ်ဘုရား ရှင်းထျန်းထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းပုံရသည်။

အဘယ်ကြောင့်ဆိုသော် ရွှေရောင်သံချပ်ကာဝတ် နတ်ဘုရား မတ်တတ်ရပ်နေချိန်တွင် မိုးပြာရေနဂါးလိပ်ထက်ပင် ပို၍ကြီးမားပုံရသောကြောင့်ပင်။

ရွှေရောင်သံချပ်ကာဝတ်နတ်ဘုရား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မိုးပြာရေနဂါးလိပ်ဆီသို့ ပြေးဝင်သွားသည်။

လော့ဆန် အံ့အားသင့်သွားပြီး ရွှေရောင် သံချပ်ကာဝတ် နတ်ဘုရား၏တက်လှမ်းလာမှုကို ဟန့်တားရန် တစ်စုံတစ်ခုကို အလျင်အမြန် ကြိုးစားလုပ်ဆောင်လိုက်၏။

သို့သော် သူသည် အဆိပ်ကို ဖိနှိပ်နေရဆဲဖြစ်သဖြင့် စိတ်ဝိညာဉ်ချီ အမြောက်အများကို လုံးဝမလှုံ့ဆော်နိုင်ပေ။

သူက စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။

"မိုးပြာရေနဂါးလိပ်... သူ့ကို တား... အဲ့ဒီအရာကို တားလိုက်..."

မိုးပြာရေနဂါးလိပ်သည် ငတုံးငအ မဟုတ်ချေ။

လက်ရှစ်ဖက်ရှိပြီး လက်တစ်ဖက်စီတွင် လက်နက်တစ်ခုစီ ကိုင်ဆောင်ထားသော ဤရွှေရောင်မွန်းစတားကြီး သူ့ဆီသို့ ပြေးဝင်လာသည်ကို မြင်သောအခါ ကြောက်လန့်သွားတော့သည်။

သို့သော် သူသည် အလျင်စလိုဖြင့် လှည့်ကွက်ဟောင်းကို ထပ်မံအသုံးပြုကာ သူ၏ပါးစပ်မှ ရေစီးကြောင်းတစ်ခုကို ရွှေရောင်သံချပ်ကာဝတ် နတ်ဘုရားဆီသို့ ပန်းထုတ်လိုက်သည်။

လက်ရှစ်ဖက်ထျန်းဖုန်းသည် ရှောင်တိမ်းခြင်း မပြုသလို တွန့်ဆုတ်ခြင်းလည်း မရှိခဲ့ပေ။ သူ၏ခြေလှမ်းများသည် တစ်ကြိမ်တစ်ခါမျှ မယိမ်းယိုင်ခဲ့ချေ။ သူ၏လက်ရှစ်ဖက်ကို အနည်းငယ်မြှောက်ကာ လက်နက်ရှစ်ခုကို သူ၏ရှေ့တွင် ကြက်ခြေခတ်ကာထားလိုက်သည်။

ဤသည်မှာ ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းပင်။

ထို့ပြင် သူ၏ကာကွယ်ရေးစွမ်းအားမှာ အံ့အားသင့်ဖွယ်ကောင်းပြီး အမြန်နှုန်း ရုတ်တရက် ကျဆင်းသွားသော်လည်း အမှန်တကယ်ပင် တောင့်ခံနိုင်ခဲ့သည်။

ဤမိုးပြာရေနဂါးလိပ်သည် ယောင်သူတော်စင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ရှိမရှိကိုပင် လော့ဆန်က စတင်၍ သံသယဝင်လာတော့သည်။

ဤသားရဲသည် လုရန်ကဲ့သို့ အင်မော်တယ်သခင်တစ်ယောက်ကိုပင် မသတ်နိုင်ချေ။ ထို့ပြင် ယခု လုရန်၏ နတ်ဘုရားစွမ်းရည်မှ ဆင့်ခေါ်ထားသော အရာကိုပင် မကိုင်တွယ်နိုင်သလော။

ဤယောင်သူတော်စင်၏ အရည်အသွေးက အမှန်တကယ်ပင် ဤမျှထိ ညံ့ဖျင်းနေသလော....

သူ တွေးတောနေစဉ်မှာပင်...

ရေစီးကြောင်းသည် အရှိန်အဟုန် ဆုံးရှုံးသွားပြီး ဖြည်းညှင်းစွာ ပျောက်ကွယ်သွားတော့သည်။ မိုးပြာရေနဂါးလိပ်သည် နောက်ထပ်တိုက်ခိုက်မှု တစ်ခုကို စတင်လိုခဲ့ပေ၏။

သို့သော် လက်ရှစ်ဖက်ထျန်းဖုန်းသည် အခွင့်အရေး မပေးခဲ့ပေ။

သူသည် ကြီးမားသော ခုန်ပေါက်မှုတစ်ခုဖြင့် မိုးပြာရေနဂါးလိပ်၏ရှေ့သို့ ရောက်ရှိလာသည်။

လက်ရှစ်ဖက်ထျန်းဖုန်း၏ ဧရာမ ရွှေရောင် မျက်နှာသည် ရှေ့တွင် ထွက်ပေါ်လာသည်ကို ရုတ်တရက် မြင်လိုက်ရသောအခါ လော့ဆန် တွေဝေသွားတော့သည်။ သူ၏မည်းနက်သော နှာခေါင်းပေါက်များမှ ပြင်းထန်သော အသက်ရှူသံများ ထွက်ပေါ်လာပြီး လော့ဆန်ကို ဟန်ချက်ပျက်သွားစေသည်။

သူသည် မိုးပြာရေနဂါးလိပ်၏ ကျောပေါ်မှ ခုန်ဆင်းကာ ကြားညပ်သွားမည်ကို စိုးရိမ်သဖြင့် တွန့်ဆုတ်မနေရဲပေ။

မိုးပြာရေနဂါးလိပ်သည်လည်း နောက်ပြန်လှည့်ကာ ကြောက်ရွံ့စွာဖြင့် တန်ပြန်တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။

သို့သော် သူသည် လေထုအလယ်တွင် တွဲလောင်းဖြစ်နေပြီး နတ်ဆိုးသန့်စင်ခြင်းအိုး၏ ဆွဲငင်အားကြောင့် ဆွဲယူခံနေရသဖြင့် လှုပ်ရှားမှုအကွာအဝေးမှာ အလွန်အကန့်အသတ်ရှိလှသည်။

ကံကောင်းထောက်မစွာဖြင့် လက်ရှစ်ဖက် ထျန်းဖုန်းသည် အန္တရာယ်ပြုရန် မရည်ရွယ်ခဲ့ပေ။

သူသည် လက်နက်များကို လက်ရှစ်ဖက်လုံးမှ သိမ်းဆည်းလိုက်ပြီး ခါးကို ကိုင်းကာ မိုးပြာရေနဂါးလိပ်၏ ဧရာမ လိပ်ခွံကြီးကို တိုက်ရိုက်ဖမ်းဆွဲလိုက်၏။

ထို့နောက် သူ၏ခြေထောက်များ ဖြည်းညင်းစွာ ကွေးသွားပြီး ဘုန်းခနဲ အသံနှင့်အတူ မတ်တတ်ထရပ်လိုက်သည်။

ထိုပုံစံဖြင့် သူသည် မိုးပြာရေနဂါးလိပ်ကို သယ်ဆောင်ကာ နတ်ဆိုးသန့်စင်ခြင်းအိုး၏အဝဆီသို့ တွန်းထည့်လေသည်။

လော့ဆန် လုံးဝဆွံ့အသွားသည်။

"သောက်ကျိုးနည်း... အဲ့ဒါက စုပ်ယူမခံရရင် မင်းက အတင်းတွန်းထည့်လိုက်တာပဲလား..."

All Chapters