အခန်း ၈၈
Vol. 9 Ch. 88
အခန်း ၈၈: အနောက်ပိုင်းနယ်မြေ မဟာဗုဒ္ဓဘုရားကျောင်းလား
လော့ဆန်သည် အော်ဟစ်ပြီးနောက် ကောင်းကင်တွင် လွင့်မျောနေဆဲဖြစ်သော နတ်ဆိုးသန့်စင်ခြင်းအိုးကို ကြောက်ရွံ့မှု အကြွင်းအကျန်များဖြင့် ကြည့်လိုက်သည်။
ဤအရာက မိုးပြာရေနဂါးလိပ်ကို တစ်ကြိမ်ဖမ်းဆီးနိုင်ခဲ့သည်။ ဒုတိယအကြိမ် ရှိလာနိုင်သလော။
ဤတစ်ကြိမ်တွင် ရွှေရောင် သံချပ်ကာဝတ် နတ်ဘုရားထံမှ အကူအညီ မရှိသော်လည်း မိုးပြာရေနဂါးလိပ်ကို နောက်တစ်ကြိမ် ချုပ်နှောင်ရန်ဆိုသည်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့သော် မမျှော်လင့်ဘဲ...
လုရန်သည် နတ်ဆိုးသန့်စင်ခြင်းအိုးကို ပေါ့ပေါ့ပါးပါး သိမ်းဆည်းလိုက်၏။
ထို့နောက် သူက မိုးပြာရေနဂါးလိပ်ကို အေးစက်စွာ ကြည့်လိုက်သည်။
လော့ဆန်၏ မျက်လုံးများ တောက်ပသွားတော့သည်။ သူ့ထံ၌ မျှော်လင့်ချက် ရှိလာလေပြီ။
သူ၏အမြင်အရ လုရန်၏ မှော်ရတနာသည် မိုးပြာရေနဂါးလိပ်ကို ဒုတိယအကြိမ် အသုံးပြု၍ မရနိုင်တော့ပေ။
သူ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။ ဤသည်မှာ အပြာရောင်ဂိုဏ်း ပျက်စီးခြင်းကို ဆိုလိုရုံသာမက ကောင်းမင်ကို ဖမ်းဆီးပြီး သူ၏အဆိပ်ကို ကုသနိုင်သည်ဟုလည်း ဆိုလိုခြင်းပင်။
တစ်ချိန်တည်းမှာပင် မိုးပြာရေနဂါးလိပ်သည်လည်း လုရန်ကို ဖြည်းညှင်းစွာ လှည့်ကြည့်လာပြီးနောက် လေးလံသော ခြေလှမ်းများဖြင့် 'ပြေးဝင်' လာတော့သည်။
"ဟုတ်တယ်... အဲ့ဒီအတိုင်းပဲ... သတ်... သူ့ကို သတ်..."
လော့ဆန်သည် အဆိပ်တက်လာခြင်းကို သည်းခံရင်း စိတ်လှုပ်ရှားမှုကြောင့် အသက်ရှူမဝဖြစ်နေသည်။
သို့သော် နောက်တစ်စက္ကန့်မှာပင် သူ အနည်းငယ်မျှ မျှော်လင့်မထားခဲ့သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
မိုးပြာရေနဂါးလိပ်သည် လုရန်ထံသို့ လျှောက်လှမ်းသွားပြီး မတိုက်ခိုက်ဘဲ သို့မဟုတ် စိတ်လွတ်မသွားဘဲ ရုတ်တရက် လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။
ထို့နောက် ရေနဂါးလိပ်က သူ၏ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။
လုရန် ရယ်မောလိုက်ပြီး လက်ဆန့်တန်း၍ လိပ်ကြီး၏ခေါင်းကို ပွတ်သပ်လေသည်။
ထို့နောက် သူက လော့ဆန်ကို ကြည့်ပြီး ပြောဆိုသည်။
"အပြာရောင်ဂိုဏ်းကနေ ကြိုဆိုပါတယ်... မင်း ဒီမှာ ကြိုက်သလို ဆော့ကစားလို့ ရတယ်..."
ထိုသို့ပြောဆိုပြီးနောက် သူသည် မိုးပြာရေနဂါးလိပ်၏ ခေါင်းကို ပုတ်ပေးလိုက်၏။
လော့ဆန်က ထိုမြင်ကွင်းကို ဆွံ့အစွာ ကြည့်နေခဲ့သည်။
ဤသည်မှာ မည်သည့်အဓိပ္ပာယ်နည်း...
ထိုသားရဲသည် သူတို့ပန်ရှီခံတပ်၏ မိုးပြာရေနဂါးလိပ်ပင်။
မည်သည်ကြောင့် လုရန်နှင့် ဤမျှထိ ရင်းနှီးနေရသနည်း...
ထို့နောက် ချက်ချင်းဆိုသလိုပင် သူ ပို၍ပင် မျှော်လင့်မထားသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
မိုးပြာရေနဂါးလိပ်သည် အမှန်တကယ်ပင် လုရန်၏ အမိန့်ကို နာခံပြီး ရုတ်တရက် နောက်လှည့်ကာ ပတ်ဝန်းကျင်ကို ခွဲခြားမှုမရှိဘဲ စတင်တိုက်ခိုက်တော့သည်။
ယောင်သူတော်စင်နယ်ပယ်ရှိ မိုးပြာရေနဂါးလိပ်၏စွမ်းအားများ လုံးလုံးလျားလျား ပေါက်ကွဲထွက်လာပေ၏။
သူက ရေစွမ်းအင် ယောင်နည်းစနစ်အမျိုးမျိုးကို ဆက်တိုက်ထုတ်လွှတ်လိုက်ပြီး ရေတိုင်လုံးများ၊ ရေခဲဆူးများနှင့် တောင်ကျရေကြီးမှုများ ပါဝင်သည်။
ချန်ဟွေတောင်ကြားရှိ ပန်ရှီခံတပ်တစ်ခုလုံး ချက်ချင်းဆိုသလိုပင် ပရမ်းပတာ ဖြစ်သွားသည်။
ယခင်ကတည်းက လူများများစားစား မကျန်ရှိတော့သည့် သူတို့ကို ယခုချိန်၌ မိုးပြာရေနဂါးလိပ်က စတင်၍ သတ်ဖြတ်နေလေပြီ။
ထိုမဟာပေါင်းစည်းခြင်း အင်မော်တယ်များနှင့် အင်မော်တယ်သခင် အနည်းငယ်တို့သည် အဆိပ်ကြောင့် မိုးပြာရေနဂါးလိပ်ကို ပို၍ပင် မခုခံနိုင်တော့ပေ။
လော့ဆန်၏မျက်လုံးများ ကျွတ်ထွက်လုမတတ် ထိုမြင်ကွင်းကို ကြည့်နေခဲ့သည်။
"လုရန်... မင်း..."
သူ ခြိမ်းခြောက်စကား ပြောချင်ခဲ့ပေ၏။
သို့သော် ယခုအချိန်တွင် သူ ခံစားနိုင်သမျှမှာ မျှော်လင့်ချက်မဲ့ခြင်းသာ ဖြစ်သည်။ မည်သည့် ခြိမ်းခြောက်မှုမျှ ထွက်ပေါ်မလာနိုင်ပေ။
ပန်ရှီခံတပ် ဖျက်ဆီးခံရသည်ကို သူ ကူကယ်ရာမဲ့စွာ စောင့်ကြည့်ရုံသာ တတ်နိုင်တော့သည်။
သူကိုယ်တိုင်နှင့် ပတ်သက်၍မူ ရှင်းထျန်းပုံရိပ်ကိုးခု သူ့ဆီသို့ နီးကပ်လာသည်ကို ရုတ်တရက် မော့ကြည့်လိုက်မိသည်။
လော့ဆန်တွင် တွန့်ဆုတ်နေရန် အချိန်မရှိပေ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်ကို ဖိနှိပ်ခြင်းအား ရပ်တန့်လိုက်ပြီး အသည်းအသန် နောက်ဆုံးရုန်းကန်မှုအတွက် ပြင်ဆင်ကာ သူ၏ ဓမ္မပုံရိပ်ယောင်ကို တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။
သို့သော် သူ၏ခေါင်းနှစ်လုံးလိပ် ဓမ္မပုံရိပ်ယောင်သည် စစ်နတ်ဘုရား ရှင်းထျန်းထက် များစွာနိမ့်ကျလှ၏။
ယခု စစ်နတ်ဘုရားရှင်းထျန်း ကိုးယောက်၏ တပြိုင်နက်တည်း ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရသဖြင့် သူ၏ကံကြမ္မာကို ခန့်မှန်းနိုင်သည်။
ရှင်းထျန်းကိုးယောက် ရှေ့သို့ ပြေးထွက်သွားပြီး လော့ဆန်၏ ဓမ္မပုံရိပ်ယောင်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲလိုက်ပြီးနောက် အဆိပ်များ ရိုးတွင်းခြင်ဆီအထိ ရောက်ရှိနေပြီဖြစ်သော လော့ဆန်ကို နင်းခြေ၍ သတ်ဖြတ်လိုက်တော့သည်။
လုရန်က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။
ပန်ရှီခံတပ်မှ နေရာအများစုသည်လည်း မိုးပြာရေနဂါးလိပ်၏ ဖျက်ဆီးမှုကို ခံလိုက်ရပြီ။
တစ်ချိန်တည်းမှာပင်....
အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်၏ အထက်တွင် တပည့်များသည် လုရန် အရပ်မျက်နှာအဘက်ဘက်တွင် သတ်ဖြတ်နေသည်ကို စောင့်ကြည့်နေကြပြီး သူတို့၏ တုန်လှုပ်မှုမှာ စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။
ဤသည်မှာ သူတို့၏ဆရာပင်။
ယောင်သူတော်စင်တစ်ကောင်က ကကာကွယ်ပေးထားသော ပန်ရှီခံတပ်ကို လူတစ်ယောက်တည်းက လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။
အထူးသဖြင့် ပန်ရှီခံတပ်၏ အစောင့်အရှောက် နတ်ဘုရားသားရဲပင်လျှင် ယခုအချိန်၌ လုရန်၏အပိုင် ဖြစ်သွားပြီ မဟုတ်လော။
"တော်ပြီ... သွားကြစို့..."
ပန်ရှီခံတပ် စုတ်ပြတ်သတ်ပြီး လုံးလုံးလျားလျား ပျက်စီးသွားသည်ကို မြင်သောအခါ လုရန်က လှမ်းခေါ်လိုက်သည်။
ထိုစကားကို ကြားသောအခါ...
ပျော်ရွှင်စွာ သောင်းကျန်းနေသော မိုးပြာရေနဂါးလိပ်သည် နောက်ဆုံးတွင် လုရန်၏ဘေးသို့ စိတ်မပါ့တပါ ပြန်လာခဲ့သည်။
ထိုရေနဂါးလိပ်၏ ဧရာမ ခန္ဓာကိုယ်ကြီးသည် မြေကြီးပေါ်တွင် နာခံရို့ကျိုးစွာ ဝပ်နေပေ၏။
လုရန်၏အတွေးတစ်ချက်ဖြင့် သူ၏ ထူထပ်သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအားသည် မိုးပြာရေနဂါးလိပ်နှင့် သူ့ကိုယ်သူ နှစ်ဦးလုံးကို မြှောက်တင်ကာ အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်သို့ ပြန်သွားတော့သည်။
အပြာရောင်ဂိုဏ်း တပည့်များသည် နေရာတွင် သတိထား၍ ရပ်နေကြပြီး မလှုပ်ရှားရဲဘဲ မိုးပြာရေနဂါးလိပ်ကို ကြီးမားသော အကြောက်တရားများဖြင့် ကြည့်နေကြသည်။
ဤသည်မှာ ယောင်သူတော်စင်တစ်ပါး ဖြစ်ပြီး လူသား အင်မော်တယ်ဧကရာဇ်နယ်ပယ်နှင့် ညီမျှသည်။
လုရန်သည် မိုးပြာရေနဂါးလိပ်အတွက် နေထိုင်ရာအဖြစ် အသုံးပြုရန် တောင်ပေါ်ရှိ တောင်စောင်း ရေကန်ကြီးတစ်ခုကို ပေါ့ပေါ့ပါးပါး ရှာဖွေပေးလိုက်သည်။
ယခုချိန်မှစ၍ မိုးပြာရေနဂါးလိပ်သည် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်၏ တောင်စောင့် နတ်ဘုရားသားရဲ ဖြစ်လာပေမည်။
ယောင်သူတော်စင်တစ်ပါးကို တောင်စောင့် နတ်ဘုရားသားရဲ အဖြစ် ထားရှိခြင်းက ကြီးမားသော ဂုဏ်ကျက်သရေကို ပေးစွမ်းပြီး လုံခြုံရေးကို သိသိသာသာ အာမခံချက် ပေးနိုင်သည်။
ထို့နောက် သူသည် သူ၏ တပည့်များထံသို့ ပြန်လာခဲ့ပေ၏။
သူက လော့လော့ကို မေးလိုက်သည်။
"လော့လော့... ဒီ 'မိုးပြာနယ်မြေအရှင်သခင်' အကြောင်း မင်း သိလား..."
ထိုစကားကို ကြားသောအခါ လော့လော့ ရုတ်တရက် အံ့အားသင့်သွားသည်။ ထို့နောက် သူမက စဉ်းစားဟန်ဖြင့် ပြောဆိုသည်။
"မိုးပြာနယ်မြေအရှင်သခင်... ကောင်းရွှမ် လား..."
အမှန်တကယ်ကို ထိုကဲ့သို့ လူတစ်ယောက် ရှိနေပေ၏။
သို့သော် လော့လော့က ချက်ချင်းဆက်ပြောသည်။
"ရှပြည်နယ်ရဲ့ ပြည်နယ်ကိုးခုက တစ်ခုစီတိုင်းမှာ အရှင်သခင် ရှိကြတယ်... ကောင်းရွှမ်က မိုးပြာနယ်မြေအရှင်သခင် ဖြစ်ပေမဲ့ သူက ချန်နယ်မြေမှာ တစ်ခါမှ မပေါ်လာဖူးသလို ချန်နယ်မြေရဲ့ အာဏာပြိုင်ပွဲတွေမှာလည်း မပါဝင်ဖူးဘူး... ပြီးတော့ ချန်နယ်မြေနဲ့ သူ့မှာ ဘာအကျိုးစီးပွား ဆက်ဆံရေးမှ မရှိဘူး... သူက ဒီအတိုင်း တည်ရှိနေတဲ့ လူတစ်ယောက်ပဲ... မိုးပြာနယ်မြေအရှင်သခင်ဆိုတဲ့ ဘွဲ့ကို ဘယ်သူမှ မပြောတော့တာ ကြာပြီ..."
တစ်နည်းအားဖြင့် ပြောရလျှင် သူသည် နာမည်ခံသက်သက်သာ ဖြစ်သလော...
အကယ်၍ ထိုသို့ဆိုလျှင် လော့ဆန် အစောပိုင်းက ပြောခဲ့သည်မှာ မည်သည့်အရာ ဖြစ်သနည်း...
"အဲ့ဒီကောင်းရွှမ်က ဘယ်နယ်ပယ်မှာလဲ..."
လုရန်က ဆက်မေးလိုက်သည်။
"အင်မော်တယ်ဧကရာဇ် ပါ..."
လော့လော့က ချက်ချင်းတုံ့ပြန်အဖြေပေးသည်။
လုရန် အနည်းငယ်မျှ အံ့အားသင့်မသွားခဲ့ချေ။ မိုးပြာနယ်မြေ၏ နယ်မြေလေးခုအထက်တွင် ရပ်တည်နိုင်ရန် သူသည် အင်မော်တယ်ဧကရာဇ်တစ်ယောက်သာ ဖြစ်နိုင်ပြီး အင်မော်တယ်သခင်တစ်ယောက် မည်သို့မျှ မဖြစ်နိုင်ပေ။
"ဒါနဲ့... အနောက်ပိုင်းနယ်မြေရဲ့ အခြေအနေက ဘယ်လိုလဲ..."
လုရန်က မေးလိုက်၏။
ယခုလောလောဆယ်တွင် အနောက်ပိုင်းနယ်မြေနှင့် မြောက်ပိုင်းနယ်မြေ နန်းဆောင်သခင် သေဆုံးသွားသော ခေါင်းဆောင်မဲ့ မရဏအိမ်တော်တို့သာ ကျန်ရှိတော့သည်။
"အနောက်ပိုင်းနယ်မြေက မဟာဗုဒ္ဓဘုရားကျောင်းနဲ့ ပတ်သတ်တဲ့ တိကျတဲ့ အသေးစိတ် အချက်အလက်တွေကို ကျွန်မ သိပ်ကောင်းကောင်း မသိဘူး..."
လော့လော့က ပြောလိုက်သည်။
သို့သော် မမျှော်လင့်ဘဲ...
ယဲ့ဟုန်ရီက ရုတ်တရက် ဝင်ပြောလေသည်။
"တခြားသူတွေက အနောက်ပိုင်းနယ်မြေအကြောင်း မသိနိုင်ပေမဲ့ ဂျူနီယာမောင်လေး စွန်းကတော့ သေချာပေါက် သိတယ်..."
ထိုသို့ပြောပြီးနောက် သူမသည် နံဘေးတွင် အရက်သောက်ကာ ငိုက်မြည်းနေသော စွန်းထျန်းယိုကို ကြည့်လိုက်၏။
လုရန်က အရေးကြီးသော သတင်းအချက်အလက်များကို ကြားလိုက်ရသည်။
"မဟာဗုဒ္ဓဘုရားကျောင်း... အနောက်ပိုင်းနယ်မြေက ဗုဒ္ဓကျင့်ကြံသူတွေအတွက်လား..."
လုရန်က အံ့အားသင့်စွာ မေးလိုက်သည်။
အင်မော်တယ် နည်းစနစ်ဖြစ်သော အပြစ်အနာအဆာမဲ့ ဗာဂျရာသည် ဗုဒ္ဓဂိုဏ်းအတွက် အထူးရည်ရွယ်ထားခြင်းပင်။
ထိုနည်းစနစ်က ဗုဒ္ဓနည်းစနစ် တိုက်ခိုက်မှုများကို ၉၉ ရာခိုင်နှုန်း ခုခံနိုင်စွမ်း ပေးစွမ်းသည်။
ထိုဗုဒ္ဓဂိုဏ်းတွင် အင်မော်တယ်ဧကရာဇ်တစ်ယောက် ရှိနေလျှင်ပင် လုရန်က တိုက်ခိုက်နိုင်ပေ၏။
စနစ်တက်ရောက်စာရင်းသွင်းခြင်းမှ ပေးအပ်သောအရာများသည် ပုံစံတစ်ခုအတိုင်း ရှိနေဆဲဖြစ်ပြီး ယခင် နတ်ဆိုးသန့်စင်ခြင်းအိုးနှင့် အနည်းငယ် ဆင်တူပုံရသည်။
ဤသည်မှာ အဆိုးဆုံးအခြေအနေအတွက် စနစ်က သူ့ကို ကြိုတင်ပြင်ဆင်ပေးခဲ့ခြင်းပင်။
"ဒီလိုဆိုမှတော့ အနောက်ပိုင်းနယ်မြေက တကယ်တော့ အလွယ်ဆုံးပဲ..."
လုရန်က မျက်ရည်ကျလုမတက် ရယ်မောရင်း ပြောလိုက်သည်။
ထို့နောက် သူသည် စွန်းထျန်းယိုကိုကြည့်ကာ မေးမြန်းလိုက်၏။
"ထျန်းယို... မင်း အဲ့ဒီမဟာဗုဒ္ဓဘုရားကျောင်းကို ရောက်ဖူးလား..."
စွန်းထျန်းယိုက အရက်တစ်ငုံ သောက်လိုက်ပြီး လုရန်က မဟာဗုဒ္ဓဘုရားကျောင်းအကြောင်း ပြောသည်ကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်က ဗုဒ္ဓကျင့်ကြံသူ တစ်ယောက်ပါ... အစကတော့ မဟာဗုဒ္ဓဘုရားကျောင်းကို ဝင်ခဲ့တယ်... ဒါပေမဲ့ အဲ့ဒီဘုန်းတော်ကြီးတွေက အကျင့်မကောင်းဘူး... ပြီးတော့ ကျွန်တော်က နေ့တိုင်း ကိစ္စမျိုးစုံ လုပ်ရတယ်...အခြေခံအနေနဲ့ ကြမ်းတမ်းတဲ့ အလုပ်တွေချည်းပဲ...ဒါကြောင့် ကျွန်တော် ထွက်ပြေးလာခဲ့တာ..."
ထို့နောက် စွန်းထျန်းယိုသည် အရှေ့ဘက် နယ်မြေသို့ ရောက်လာခဲ့ကာ မမျှော်လင့်ဘဲ သစ်ရွက်နီမျှော်စင်၏ သခင်မ ဖြစ်နေသော ယဲ့ဟုန်ရီနှင့် တွေ့ဆုံခဲ့သည်။
သို့သော် သစ်ရွက်နီမျှော်စင်၏ တပည့်များ ဖြစ်လာနိုင်သူများမှာ ပြည့်တန်ဆာများပင်။ အသားစား အရက်သောက်သော စွန်းထျန်းယိုကဲ့သို့ ဗုဒ္ဓကျင့်ကြံသူတစ်ယောက်သည် ထိုအင်အားစုသို့ ဝင်ရောက်ရန် အရည်အချင်း မပြည့်မီပေ။
ထို့ကြောင့် သူသည် သူ၏နေ့ရက်များကို အရက်သောက်ကာ ငိုက်မြည်းရင်း ရိုးရှင်းစွာ အချိန်ဖြုန်းခဲ့ပေ၏။
အောက်ဘုံတွင် ရှိစဉ်ကကဲ့သို့ပင် စွန်းထျန်းယိုသည် ကျင့်ကြံခြင်းကို သိပ်ဂရုမစိုက်ခဲ့သော်လည်း သူ၏ ပါရမီမှာ မြင့်မားလှသည်။
အဆုံးသတ်တွင် သူသည်လည်း အထက်ဘုံသို့ တက်လှမ်းနိုင်ခဲ့သည်။
ထို့ပြင် စိတ်ဝိညာဉ်နယ်မြေတွင်ပင် စွန်းထျန်းယို၏ ကျင့်ကြံမှုတိုးတက်သည့် အမြန်နှုန်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။
ဤသည်မှာ လူတိုင်းက မနာလိုဖြစ်ရသည့်အထိပင်။
"ဒီလိုဆိုမှတော့ မနက်ဖြန် မနက်ကျရင် အနောက်ပိုင်းနယ်မြေကို သွားကြတာပေါ့... ပေါင်အာနဲ့ ငါ သွားမယ်... ဒီညတော့ ငါတို့ အနားယူကြမယ်... ရှောက်ယင်း လော့လော့... မင်းတို့နှစ်ယောက်က တောင်ပိုင်းနယ်မြေက ပန်ရှီခံတပ်ရဲ့ နယ်မြေကို လွှဲယူဖို့ စီစဉ်ပြီးတာ့ ပြန်လည်ဖွဲ့စည်းလိုက်... ချန်တာ့ရှန်း... မင်းက တခြားအင်အားစုတွေကို ခြိမ်းခြောက်ဖို့အတွက် တာဝန်ယူရမယ်... စိတ်ဝိညာဉ် ကျောက်စိမ်းတွေကို တတ်နိုင်သမျှ အများကြီး တူးဖော်... လက်အောက်ခံတွေဆီက စိတ်ဝိညာဉ် ကျောက်စိမ်းတွေ အားလုံးကို စုဆောင်းပြီး ခရမ်းစံအိမ် စိတ်ဝိညာဉ်စမ်းရေနဲ့ ချိတ်ဆက်လိုက်..."
ထို့နောက် လုရန်က ဂိုဏ်းချုပ်၏ မဟာခန်းမဆောင်သို့ ပြန်လာခဲ့သည်။
သေချာသည်မှာ သူ တစ်ညလုံး အိပ်မည် မဟုတ်ခြင်းပင်။
ထိုအစား လုရန်သည် မွေးရာပါ တာအိုသစ်သီးကို ရနိုင်မရနိုင်ကို ကြည့်ရန်အတွက် ယနေ့ညတွင် မဟာလေဟာနယ်နယ်မြေကို ဖြတ်သန်းခရီးသွားရန်အတွက် ကြိုးစားရန် ရည်ရွယ်ထားသည်။