← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀: ငါနဲ့ တန်းတူထိုင်ရအောင် မင်းမှာ ဘာအဆင့်အတန်း ရှိလို့လဲ

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်တဝိုက်လုံး ဆူညံသွားတော့သည်။

"အပြာရောင်ဂိုဏ်းက တကယ်ကြီး ရောက်လာတာလား..."

"မဟာဗုဒ္ဓဘုရားကျောင်းကို လာရဲလောက်အောင် သူတို့က တော်တော် သတ္တိရှိတာပဲ..."

"ကောင်မလေး တစ်ယောက်ကို ကျောပိုးပြီး ဒီကို လာတာ... တော်တော်လေး မာနကြီးတာပဲ..."

"ငါတို့ရဲ့ မဟာဗုဒ္ဓဘုရားကျောင်းကို သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့လို အရည်အချင်းမရှိဘူးလို့ သူတို့က ထင်နေတာလား..."

...

ဘုန်းကြီးများ၏ လှောင်ပြောင်မှုများနှင့် ဒေါသတကြီး အော်ဟစ်သံများကို ကြားနေရသည်။

လုရန်သည် သူတို့ကို လျစ်လျူရှုထားလိုက်ပြီး အောက်ဘက်ရှိ ဘုန်းတော်ကြီးအိုကို ငုံ့ကြည့်လိုက်၏။

ဘုန်းတော်ကြီးအိုက ရယ်မောလိုက်ရာ သူထိုင်နေသော တရားထိုင်ဖျာသည် ရွှေကြာပန်းတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး ဖြည်းညှင်းစွာ မြင့်တက်လာသည်။

လုရန်နှင့် တစ်တန်းတည်း ရောက်မှသာ ထိုရွှေကြာပန်း ရပ်တန့်သွားသည်။

ထို့နောက် သူသည် လုရန်ကို မျက်လုံးချင်းဆုံကာ ကြည့်လိုက်၏။

သူက ဖြည်းညှင်းစွာ ပြောဆိုသည်။

"ဒီဘုန်းတော်ကြီးအိုရဲ့ ဘွဲ့အမည်က ယုံကျွယ်ပါ... ငါက ဒီမဟာဗုဒ္ဓဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ပဲ... ဒကာလေး... မင်းက..."

သူ၏စကား မဆုံးခင်မှာပင်...

လုရန် ရုတ်တရက် မော့ကြည့်လိုက်ပြီး ပန်ဂုပုဆိန်က သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။

သူသည် ဘုန်းတော်ကြီးအို၏ကတုံးပြောင်ပေါ်သို့ ပုဆိန်ဖြင့် တိုက်ရိုက်ခုတ်ပိုင်းလိုက်၏။

ဆရာတော်ယုံကျွယ်သည် စကားပင် မဆုံးသေးဘဲ ပန်ဂုပုဆိန် ကျဆင်းလာသည်ကို မြင်လိုက်ရသဖြင့် သူ၏ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ရသည်။

တစ်ချိန်တည်းမှာပင်...

သူ၏ လက်ထဲတွင် မိစ္ဆာနှိမ်နှင်းရေးတောင်ဝှေးတစ်ခု ထွက်ပေါ်လာပြီး သူ၏ခေါင်းပေါ်မှ ကာကွယ်လိုက်သည်။

ဝုန်း...

အလွန်အမင်း ပြင်းထန်သော စွမ်းအားများ ထိပ်တိုက်တွေ့ဆုံမှုကြောင့် စိတ်ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီး ချက်ချင်းပေါက်ကွဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ လွှမ်းခြုံသွားတော့သည်။

ကွင်းပြင်တစ်ခုလုံးရှိ ဘုန်းကြီးများသည် အလျှင်အမြန် အသက်အောင့်ကာ အာရုံစိုက်လိုက်ကြပြီး တုန်ခါမှုလှိုင်းကို ခုခံရန် သူတို့၏ စွမ်းအားကုန် အသုံးပြုလိုက်ကြ၏။

ကျင့်ကြံဆင့်နယ်ပယ် နိမ့်ကျသူတချို့သည် ပြင်းထန်စွာ ဒဏ်ရာရသွားခြင်း သို့မဟုတ် တုန်ခါမှုလှိုင်းကြောင့် တိုက်ရိုက်လွင့်စင်သွားကာ နေရာတွင်ပင် သေဆုံးသွားကြသည်။

ယခုလေးတင်မှ လေထုထဲသို့ တက်လာသော ဘုန်းတော်ကြီးအိုမှာမူ ဘုန်းခနဲ အသံနှင့်အတူ မြေကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရသည်။

သူသည် မြေပြင်တွင် ခြေကားယား လက်ကားယား ပုံစံဖြင့် စိုက်ဝင်သွားပေ၏။

သူ ယခုလေးတင်မှ ဖန်တီးထားခဲ့သော အဆင့်မြင့် ဘုန်းတော်ကြီးတစ်ပါး၏ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ် ချက်ချင်းပြိုကွဲသွားတော့သည်။

လုရန်က တီးတိုးရေရွတ်လိုက်သည်။

"ငါနဲ့တန်းတူထိုင်ရအောင် မင်းမှာ ဘာအဆင့်အတန်းများ ရှိလို့လဲ... မဟာဗုဒ္ဓဘုရားကျောင်းရဲ့ ဦးဆောင်ဆရာတော်ဘယ်မှာလဲ... သူ့ကို ထွက်လာပြီး စကားပြောခိုင်းလိုက်..."

သာမန် ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးက ဆုံးဖြတ်ချက်များ မချနိုင်ပေ။

ဘုန်းတော်ကြီးအိုသည် မောဟိုက်စွာဖြင့် တွားသွားထလာပြီး မြေကြီးပေါ်တွင် အချိန်အတော်ကြာ ထိုင်နေကာ သူ၏ တည်ငြိမ်မှုကို ပြန်လည်၍ ရယူနိုင်ခဲ့ခြင်း မရှိပေ။

သို့သော် ဤတိုက်ခိုက်မှုအပြီးတွင် ဘုန်းတော်ကြီးအို၏စိတ်အခြေအနေ ပြောင်းလဲသွားခဲ့သည်။

"ရဲတင်းလိုက်တဲ့ အရူး... ငါတို့ ဗုဒ္ဓဂိုဏ်းရဲ့ သန့်စင်မှုကို လာနှောင့်ယှက်တယ်... ဒီဘုန်းတော်ကြီးအိုက မင်းကို အခု သတ်မယ်..."

ဘုန်းတော်ကြီးအိုသည် သူ ရှိနေသော နေရာမှ ရုတ်တရက် မတ်တတ်ထရပ်ကာ စွမ်းအားများ ပွင့်အံ့ထွက်လာသည်။

ဤသို့ဖြစ်နေမှသာ ပို၍သဘာဝကျပေမည်။ တိုက်ခိုက်မည်ဆိုလျှင်လည်း တိုက်ခိုက်ရုံသာဖြစ်ပြီး မည်သည်ကြောင့် စကားများများ ပြောနေမည်နည်း။

လုရန်သည် ဘုန်းတော်ကြီး ယုံကျွယ်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်ပြီး သူ၏ပန်ဂုပုဆိန်က ပြိုင်ဘက်ကို မသတ်နိုင်ခဲ့သဖြင့် အံ့အားသင့်သွားသည်။

မည်သို့ပင်ဆိုစေကာမူ လုရန်သည် အင်မော်တယ်ဧကရာဇ် နယ်ပယ်တွင် ရှိနေပြီဖြစ်ပြီး ပန်ဂုပုဆိန်နှင့်ဆိုလျှင် ထိုသို့ မဖြစ်သင့်ချေ။

သံသယများဖြင့် လုရန်သည် ဘုန်းတော်ကြီးအိုကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။

ဤဘုန်းတော်ကြီးအိုက အမှန်အားဖြင့် အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်နေသည်။

လုရန် အမှန်တကယ်ကို အံ့အားသင့်သွားသည်။ မိုးပြာနယ်မြေ၏ နယ်မြေလေးခုလုံးသည် အတူတူသာဖြစ်မည်ဟု သူ ကြိုတင်၍ တွေးထင်ထားခဲ့သောကြောင့် ယခင်က သူ သတိမထားမိခဲ့ပေ။

သို့သော် ယခုအချိန်၌ မဟာဗုဒ္ဓဘုရားကျောင်းတွင် အမှန်တကယ်ကို အင်မော်တယ်ဧကရာဇ်တစ်ယောက် ရှိနေကြောင်း သူ တွေ့ရှိလိုက်ရသည်။

လုရန် ပို၍ပင် သိချင်စိတ် ဖြစ်ပေါ်လာတော့သည်။

စွန်းထျန်းယို၏ စကားအရဆိုလျှင် မဟာဗုဒ္ဓဘုရားကျောင်းသည် အသုံးမကျချေ။ သူတို့ထံတွင် အင်မော်တယ်ဧကရာဇ်တစ်ယောက် ရှိနေသည်ဆိုလျှင် တခြား နယ်မြေသုံးခုကို မည်သည်ကြောင့် ပြဿနာ သွားမရှာခဲ့သနည်း။

ထို့ပြင် ဤဘုန်းတော်ကြီးအိုသည် ကျောင်းထိုင်ဘုန်းကြီး တစ်ပါးသာ ဖြစ်ပြီး မဟာဗုဒ္ဓဘုရားကျောင်း၏ဦးဆောင်ဆရာတော် မဟုတ်ပေ။

သာမန်သဘောတရားအရ ဤမဟာဗုဒ္ဓဘုရားကျောင်း၏ ဦးဆောင်ဆရာတော်သည် အနည်းဆုံးအနေဖြင့် အင်မော်တယ်ဧကရာဇ် နယ်ပယ်တွင် ရှိနေပေမည်။

ဤသည်မှာ အင်မော်တယ်ဧကရာဇ်နှစ်ယောက် ဤနေရာ၌ ရှိနေသည်ဟု ဆိုလိုခြင်းပင်။

လုရန်က သူ၏မျက်လုံးများကို အနည်းငယ် မှေးလိုက်သော်လည်း သူ အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိပေ။

အင်မော်တယ်ဧကရာဇ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အပြစ်အနာအဆာမဲ့ ခန္ဓာကိုယ်ကြောင့် လုရန်သည် ဗုဒ္ဓနည်းစနစ်တိုက်ခိုက်မှုများ၏ ၉၉ ရာခိုင်နှုန်းကို ခုခံနိုင်စွမ်းရှိသည်။

ကျန်ရှိနေသော တစ်ရာခိုင်နှုန်းအတွက်မူ လုရန်၏ အင်မော်တယ်ပိုင်နက်နယ်မြေရှိ ဖျက်ဆီး၍မရနိုင်သောခန္ဓာကိုယ်က ထိုတိုက်ခိုက်မှုကို အလွယ်တကူ ပျက်ပြယ်သွားစေနိုင်သောကြောင့်ပင်။

အင်မော်တယ်ဧကရာဇ်တစ်ယောက် ရောက်လာလျှင်ပင် သူတို့သည် လုရန်၏ဆံချည်တစ်မျှင်ကိုပင် ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ချေ။

ယနေ့ သူ မဟာဗုဒ္ဓဘုရားကျောင်းကို သိမ်းပိုက်ရန် သေချာပေါက် ပြဿနာ ရှိမည် မဟုတ်ချေ။

သူ တွေးတောနေစဉ်မှာပင်...

ဘုန်းတော်ကြီးယုံကျွယ်သည် သူ၏ မိစ္ဆာနှိမ်နှင်းရေးတောင်ဝှေးကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်လေပြီ။

သို့သော် မူလက အလွန်လှပပြီး ရွှေရောင်ဗုဒ္ဓအလင်းတန်းများ ဖြာထွက်နေသော တောင်ဝှေးသည် ယခုအချိန်၌ များစွာမှေးမှိန်နေပုံရသည်။

ထို့ပြင် တောင်ဝှေး၏အလယ်တွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ရှိနေသည်။ ထိုအရာသည် ပန်ဂုပုဆိန်ကြောင့် နှစ်ပိုင်းကျိုးလုနီးပါး ဖြစ်သွားခဲ့ပေ၏။

'အင်မော်တယ်ရတနာ...'

လုရန်က တွေးတောလိုက်သည်။

ပန်ဂုပုဆိန်၏တိုက်ခိုက်မှု တစ်ချက်ကို ခံနိုင်ရည်ရှိနေသဖြင့် ထိုရတနာသည် အနည်းဆုံးအနေဖြင့် အင်မော်တယ်ရတနာတစ်ခု ဖြစ်ပေမည်။

သို့သော် ထိုအရာသည် ရှေးဟောင်းရတနာတစ်ခု မဖြစ်နိုင်ပေ။ ရှေးဟောင်းရတနာများသည် ထိုမျှလောက် အမှိုက်မကျချေ။

ဘုန်းတော်ကြီး ယုံကျွယ်သည်လည်း ဤအချိန်တွင် အလွန် ရင်ကွဲနာကျနေသည်။ ဤတောင်ဝှေးသည် သူ၏အဖိုးတန်ဆုံး ရတနာပင်။

ယခု၌မူ ပုဆိန်ခုတ်ချက်တစ်ချက်တည်းဖြင့် ဤကဲ့သို့ အခြေအနေသို့ ရောက်သွားခဲ့သည်။

ဘုန်းတော်ကြီးယုံကျွယ်၏ မျက်နှာပေါ်ရှိ ရက်စက်ကြမ်းတမ်းမှုမှာ ပို၍ပို၍ ကြီးမားလာတော့သည်။

ဝီ...

ဗုဒ္ဓဓမ္မပုံရိပ်ယောင်တစ်ခုသည် ဘုန်းတော်ကြီး ယုံကျွယ်၏နောက်တွင် ထွက်ပေါ်လာပေ၏။

အင်မော်တယ်ဧကရာဇ်နယ်ပယ်၏ ဓမ္မပုံရိပ်ယောင်သည် ဖိအားများဖြင့် ပြည့်နှက်နေပြီး ရွှေရောင်ဗုဒ္ဓအလင်းတန်းများ ဖြာထွက်နေကာ ခမ်းနားထည်ဝါပုံရသည်။

သို့သော် လုရန်သည် အနည်းငယ်မျှ မလှုပ်ရှားဘဲ စောင့်ကြည့်နေခဲ့သည်။

သူသည် သူ၏ ကိုယ်ပိုင်ဓမ္မပုံရိပ်ယောင်ကို ထုတ်လွှတ်ခဲ့ခြင်းမရှိသလို ကာကွယ်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းလည်း မပြုလုပ်ဘဲ တည်ငြိမ်စွာ စောင့်ကြည့်နေရုံသာ ဖြစ်သည်။

ဤသည်မှာ ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ်၏ အကျိုးသက်ရောက်မှုကို လုရန် ခံစားကြည့်ချင်သောကြောင့်ပင်။

ထို့နောက် နောက်တစ်စက္ကန့်မှာပင်...

ဘုန်းတော်ကြီး ယုံကျွယ်သည် ရုတ်တရက် သူ၏လက်ကို မြှောက်လိုက်၏။ အဆိုပါတောင်ဝှေးကို ဝှေ့ယမ်းလိုက်သည်နှင့်အမျှ သူ၏နောက်ရှိ ဗုဒ္ဓဓမ္မပုံရိပ်ယောင်သည်လည်း ပုံရိပ်ယောင် တောင်ဝှေးကြီး တစ်ခုကို မြှောက်ကာ လုရန်၏ခေါင်းဆီသို့ ရိုက်နှက်လိုက်တော့သည်။

လုရန်သည် တည်ငြိမ်စွာ စောင့်ကြည့်နေပြီး မော့ကြည့်ကာ ဧရာမ တောင်ဝှေးကြီး သူ၏ နဖူးပေါ်သို့ ရိုက်ချလာသည်ကို စောင့်ကြည့်နေလိုက်သည်။

ဘုန်း...

ကျယ်လောင်သော အသံကြီးတစ်သံ မြည်ဟီးလာကာ လုရန်၏အောက်ရှိ ရွှမ်ယွမ်ဓားပင်လျှင် မြေကြီးထဲသို့ ကျန်းအနည်းငယ်ခန့် ထပ်မံ၍ နစ်ဝင်သွားသည်။

ပေါက်ကွဲမှုအဟုန်က နောက်ထပ် ဘုန်းတော်ကြီး အုပ်စုတစ်စုကို လွင့်စင်သွားစေပေ၏။

ဘုန်းတော်ကြီးယုံကျွယ်က လုရန်ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"ဒီဘုန်းတော်ကြီးအိုရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရတာတောင် မရှောင်တိမ်းဘဲ ဒီလောက် မာနကြီးနေတာ... အခုတော့ မင်းကို ငါ့အကြောင်း သိခွင့်ပေးရမယ့် အချိန်ရောက်ပြီ..."

သူ၏စကား မဆုံးခင်မှာပင်...

စိတ်ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားပြီး လုရန်သည် ဓား၏လက်ကိုင်ပေါ်တွင် အကောင်းပကတိ မတ်တတ်ရပ်နေကာ ဘုန်းတော်ကြီးအိုကို ခံစားချက်ကင်းမဲ့စွာ ကြည့်နေသည်။

သူသည် သူ၏နဖူးကို ပေါ့ပေါ့ပါးပါး ပွတ်သပ်လိုက်၏။

အစောပိုင်းက ခံစားချက်မှာ သူ၏နဖူးကို အသာအယာ ခေါက်ခံလိုက်ရသည့်အလားဖြစ်ပြီး တခြား ဘာမျှမရှိပေ။

ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ်၏ အကျိုးသက်ရောက်မှုကို လုရန် အလွန်စိတ်ကျေနပ်သွားတော့သည်။

သူသည် ဘုန်းတော်ကြီး ယုံကျွယ်ကို ကြည့်လိုက်ပြီး နောက်ပြောင်လိုစိတ်တစ်ခု ပေါက်ဖွားလာသည်။ ထိုကြောင့် သူက ပြောဆိုလိုက်၏။

"ဒီလိုလုပ်ရင် ဘယ်လိုလဲ... မင်းကို အမွှေးတိုင် တစ်တိုင်စာ အချိန်ပေးမယ်... ငါ ဒီမှာပဲ ထိုင်နေပြီး မင်း ရိုက်တာကို ခံမယ်... ဒီအခွင့်အရေးကို တန်ဖိုးထားပြီး မင်းမှာရှိတဲ့ ဘယ်နည်းလမ်းကိုမဆို အသုံးပြုပါ... အမွှေးတိုင် ကုန်သွားတာနဲ့ မင်းရဲ့ အသက်က ငါ့အပိုင်ပဲ..."

ထိုသို့ပြောဆိုပြီးနောက် လုရန်က ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်သည်။

သူသည် ဓား၏လက်ကိုင်ပေါ်တွင်ထိုင်ပြီး ဒူးတစ်ဖက်ပေါ်တွင် တံတောင်ဆစ်ကို ထောက်ထားကာ ဘုန်းတော်ကြီး ယုံကျွယ်ကို အလွန်သက်တောင့်သက်သာအနေအထားဖြင့် ကြည့်နေသည်။

ဘုန်းတော်ကြီး ယုံကျွယ် ဆွံ့အသွားတော့သည်။ ဤအချိန်တွင် သူ၏မျက်နှာပေါ်၌ ဉာဏ်အလင်းပွင့်ထားသော အဆင့်မြင့် ဘုန်းတော်ကြီးအိုတစ်ပါး၏ အရှိန်အဝါမျိုး မရှိတော့ချေ။

ထိုအစားထိုး သူ၏မျက်နှာပေါ်တွင် တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။

သူ ဤကိစ္စကို မယုံနိုင်ခဲ့ပေ။

"မင်းက တကယ်ပဲ အပြာရောင်ဂိုဏ်း ဘိုးဘေး လုရန် လား..."

ဘုန်းတော်ကြီး ယုံကျွယ်က မေးလိုက်သည်။

"ငါက သွားတဲ့အချိန်မှာ နာမည် မပြောင်းသလို ထိုင်တဲ့အချိန်မှာလည်း မျိုးရိုးနာမည် မပြောင်းဘူး... ငါပဲ..."

လုရန်က ပြောဆိုသည်။

ဘုန်းတော်ကြီး ယုံကျွယ် အနည်းငယ် ဆွံ့အသွားပေ၏။

အပြာရောင်ဂိုဏ်းသည် သိုင်းနတ်ဘုရား မဟာမိတ်အဖွဲ့ကို သုတ်သင်ရှင်းလင်းပြီးနောက် ပန်ရှီခံတပ်ကို ပြဿနာသွားရှာခဲ့ကြောင်း သူ သိထားသည်။

သို့သော် သူ အဆိုပါကိစ္စကို ဂရုမစိုက်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် မဟာဗုဒ္ဓဘုရားကျောင်းကို အင်မော်တယ်ဧကရာဇ်နှစ်ယောက်က စောင့်ကြပ်နေသောကြောင့်ပင်။

သူတို့၏အမြင်တွင် အပြာရောင်ဂိုဏ်းက ထုတ်ပြနိုင်သမျှ အစွမ်းထက်ဆုံးမှာ အင်မော်တယ်သခင်တချို့သာ ဖြစ်ပေမည်။

အကောင်းဆုံး အခြေအနေ၌ အပြာရောင်ဂိုဏ်းတွင် အင်မော်တယ်ဧကရာဇ်တစ်ယောက် ရှိနေလျှင်ပင် မဟာဗုဒ္ဓဘုရားကျောင်းသို့ လာရောက်ခြင်းက မည်သည့် အကျိုးကျေးဇူးမှ ရရှိမည် မဟုတ်ပေ။

သို့သော် ယခု၌မူ အမှန်တကယ်ကို အင်မော်တယ်ဧကရာဇ်တစ်ယောက် ရောက်ရှိလာကာ ထိုလူသည် အလွန်အမင်း ပုံမှန်မဟုတ်ပေ။

အစောပိုင်စက တိုက်ခိုက်မှုသည် ဘုန်းတော်ကြီး ယုံကျွယ်၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအား မဟုတ်သော်လည်း ပြိုင်ဘက်သည် မရှောင်တိမ်း မခုခံဘဲ တိုက်ရိုက်ခံယူကာ လုံးဝအထိအခိုက်မရှိ ကျန်ရစ်နေခြင်းက မဖြစ်နိုင်ပေ။

ထို့ပြင်...

တခြားသူများ၏ အတွေးများကဲ့သို့ပင်...

အပြာရောင်ဂိုဏ်း ဘိုးဘေးသည် အထက်ဘုံသို့ တက်လှမ်းလာသည်မှာ ဆယ်ရက်ကျော်ခန့်သာ ရှိသေးသည်။ သူ မည်သို့ အင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေသနည်း။

"အမွှေးတိုင် တစ်တိုင်စာ အချိန် စနေပြီနော်... မင်း မလှုပ်ရှားတော့ဘူးလား... ငါ့ကို ရိုက်ဖို့ ရထားတဲ့ အချိန်ကို တန်ဖိုးထားပါ..."

လုရန်က သက်ပြင်းချလိုက်သည်။

"နတ်ဘုရားလို ဟန်ဆောင်နေတာပဲ..."

ဘုန်းတော်ကြီး ယုံကျွယ်က အံ့ကြိတ်လိုက်၏။ ထို့နောက် သူသည် သူ၏တောင်ဝှေးကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ရှေ့တွင် မျောလွင့်နေစေသည်။

ဘုန်း...

ဗုဒ္ဓချီနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သော အနီရင့်ရောင် အရှိန်အဝါတစ်ရပ် ချက်ချင်းပေါက်ကွဲထွက်လာတော့သည်။

ထိုအရာက ဘုန်းတော်ကြီးယုံကျွယ်၏ သင်္ကန်းကို လူးလွန့်သွားစေပြီး ကျယ်လောင်သော အသံကြီးတစ်သံ မြည်ဟီးသွားသည်။

ထိုအနီရင့်ရောင် အရှိန်အဝါသည် ကောင်းကင်ယံရှိ မျက်နှာကြက်တစ်ခုအလား အရပ်မျက်နှာအဘက်ဘက်သို့ လျှင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

ပတ်ဝန်းကျင်ရှိ ဘုန်းကြီးများသည် ဤမြင်ကွင်းကို မြင်သောအခါ သူတို့၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားကြ၏။ ဤလှုပ်ရှားမှု၏ စွမ်းအားကို သိနေသည့်အလား သူတို့သည် အသည်းအသန် ထွက်ပြေးကြပြီး လက်ရှိနေရာမှ ထွက်ခွာကာ အဝေးမှသာ စောင့်ကြည့်ရဲတော့သည်။

"အို ဘုရားရေ... အဲ့ဒီအပြာရောင်ဂိုဏ်း ဘိုးဘေးက ဆရာတော် ယုံကျွယ်ကို ဒီအဆင့်အထိ တကယ်ကြီး တွန်းပို့လိုက်တာလား..."

Book 9 end.

All Chapters