← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀: မိုးပြာဧကရာဇ်၏ သေဆုံးမှု

အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်၌ လုရန် ပြန်လည်၍ ထွက်ပေါ်လာချိန်၌...

သူ၏ပုံပန်းသွင်ပြင်သည် ယခင်နှင့် လုံးလုံးလျားလျား ကွာခြားနေတော့သည်။

တုန့်ထျန်းမြို့တော်သည် သူ၏ လက်ထဲတွင် မရှိတော့ချေ။ ထိုအစား ထိုမြို့တော်ကို လုရန်၏ဒန်တျန်အတွင်း၌ မှော်ရတနာတစ်ခုကဲ့သို့ ပြုစုပျိုးထောင်ထားပေ၏။

လင်းပေါင်အာသည် နေရာတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေဆဲပင်။

လုရန် ထွက်လာသည်ကို မြင်သောအခါ သူမက ချက်ချင်းဆိုသလိုပင် သူ့ဆီသို့ ချဉ်းကပ်သွားသည်။

သို့သော် သူမသည် တစ်ခုခုကို ခံစားလိုက်ရပုံရပြီး လုရန်ကို ထူးဆန်းသော အကြည့်ဖြင့် အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။

လုရန်က ဇဝေဇဝါဖြင့် မေးမြန်းသည်။

"ဘာကြည့်နေတာလဲ... တစ်ခုခု မှားနေလို့လား..."

ထိုစကားကို ကြားသောအခါ...

လင်းပေါင်အာက ချက်ချင်းဆိုသလိုပင် တုံ့ပြန်အဖြေပေးသည်။

"နည်းနည်းလေး ကွာသွားတယ်..."

အမ်...

လုရန်က မျက်ခုံးပင့်လိုက်သည်။ မဟာအင်မော်တယ်ဧကရာဇ်အဖြစ် တက်လှမ်းပြီးနောက် သူ၏ အသွင်အပြင်သည် ယခင်နှင့် များစွာကွာခြားသွားခဲ့သည်မှာ သေချာပေါက်ပင်။

ထို့ကြောင့် ဂုဏ်ယူဝင့်ကြွားမှု အပြည့်ရှိသော မျက်နှာဖြင့် သူက ထပ်မေးလိုက်၏။

"ငါ့ကို ထပ်ပြောပါအုံး... ဘယ်လို ကွာသွားတာလဲ..."

လင်းပေါင်အာသည် သူမ၏ခေါင်းလေးကို တိမ်းစောင်းကာ စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်သည်။

သူမက ပြောဆိုသည်။

"အစ်ကိုကြီးက နည်းနည်းပိုပြီး အသက်ကြီးသွားပုံရတယ်..."

လုရန်၏ပါးစပ်သည် နှစ်ကြိမ်ခန့် ရှုံမဲ့မနေဘဲ မနေနိုင်ခဲ့ချေ။

တစ်ချိန်တည်းမှာပင် သူသည် သူ၏ဒန်တျန်အတွင်းရှိ ချီများကို စစ်ဆေးလိုက်၏။

အောက်ဘုံရှိ နှစ်တစ်သိန်းကြာ တက်ရောက်စာရင်းသွင်းမှုများမှ စုဆောင်းထားသော ပမာဏသည် လုရန်၏ နားလည်နိုင်စွမ်းထက် များစွာပို၍ သာလွန်နေသည်။

ယခုဆိုလျှင် လုရန်သည် မဟာအင်မော်တယ်ဧကရာဇ် တစ်ယောက် ဖြစ်နေလေပြီ။

သို့သော် ထိုကျယ်ပြောလှသော သမုဒ္ဒရာကဲ့သို့ ချီများ၏ တစ်ဝက်ခန့်ကိုသာ အသုံးပြုခဲ့ရသည်။

"အောက်ဘုံတုန်းက နှစ်တစ်သိန်းကြာ တက်ရောက်စာရင်းသွင်းမှုတွေက စိတ်ဝိညာဉ်နယ်မြေမှာ မဟာအင်မော်တယ်ဧကရာဇ်အဆင့်ကို ရောက်တာတောင် ကုန်အောင် သုံးလို့ မရသေးဘူးပဲ..."

လုရန်က တီးတိုးရေရွတ်လိုက်သည်။

သို့သော် မည်သို့ပင်ဆိုစေကာမူ စိတ်ဝိညာဉ်နယ်မြေသို့ ဤခရီးစဉ်သည် အောက်ဘုံထက် များစွာပို၍ လွယ်ကူလှသည်။

ရက်နှစ်ဆယ်ပင် မပြည့်သော အချိန်တိုလေးအတွင်း အထက်ဘုံတက်လှမ်းခြင်းမှသည် အဆက်မပြတ် တက်လှမ်းလာရာ ယခုအချိန်၌ သူသည် မဟာအင်မော်တယ်ဧကရာဇ်တစ်ဦး ဖြစ်နေလေပြီ။

ထို့ပြင် သူသည် မဟာနိယာမသုံးခုအနက်မှ တစ်ခုဖြစ်သော အချိန်နိယာမကို ရရှိခဲ့သည်။

"ဒါက အစွမ်းထက်ဆုံး နိယာမ ဖြစ်ရမယ်..."

လုရန်က နက်နက်နဲနဲ စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

ထိုအချိန်မှာပင်...

ရှောက်ယင်းနှင့်တခြားသူများ ရောက်လာကြသည်။

သူတို့သည် သူ၏ နောက်ထပ် စီစဉ်မှုများနှင့် အစီအစဉ်များအကြောင်း လုရန်ကို မေးမြန်းရန် ရည်ရွယ်ထားကြ၏။

"ဆရာ... နောက်ဆက်လုပ်မယ့်... ဟင်..."

ရှောက်ယင်းသည် စကားအနည်းငယ် ပြောပြီးနောက် ရုတ်တရက် အေးခဲတောင့်တင်းသွားကာ လုရန်ကို အံ့အားသင့်စွာ ကြည့်နေတော့သည်။

တခြားသူများသည်လည်း တစ်ခုခုကို ခံစားလိုက်ရပြီး လုရန်ကို ခေါင်းအစခြေအဆုံး စိုက်ကြည့်နေကြသည်။

"ဆရာ... ဆရာ့ရဲ့ လက်ရှိအရှိန်အဝါက ဆရာ့ရဲ့ အစစ်အမှန် အသွင်အပြင်ကို ပြန်ရောက်သွားသလို ခံစားရတယ်... ဖြစ်နိုင်တာက... ဆရာက မဟာအင်မော်တယ်ဧကရာဇ်အဖြစ် တက်လှမ်းသွားတာလား..." ရှောက်ယင်းက အံ့အားသင့်နေသောအသံဖြင့် မေးလိုက်သည်။

တခြားသူများသည်လည်း အလားတူပင် တွေးတောမိကြပြီး လုရန်ကို ကြည့်ကာ သူတို့၏မျက်လုံးများ ပြူးကျယ်သွားကြသည်။

လုရန်က ပခုံးတွန့်ပြီး ပြောဆိုသည်။

"မင်းတို့က ငါ့ရဲ့ တပည့်တွေ ဖြစ်နေတာ အကြောင်းအရင်း ရှိတယ်... မင်းတို့က ပေါင်အာထက်စာရင်အများကြီး ပိုပြီး ဆင်ခြင်တုံတရား ရှိတာပဲ... ဟုတ်တယ်... မင်းတို့ရဲ့ ဆရာက အခု မဟာအင်မော်တယ်ဧကရာဇ် နယ်ပယ်ကို တက်လှမ်းသွားပြီ..."

သူ စကားပြောဆိုနေစဉ် လုရန်၏မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားမှုများဖြင့် ပြည့်နှက်နေပေ၏။

ဤသည်က ရှောက်ယင်းနှင့်တခြားသူများကို ရယ်ရခက်ငိုရခက် ဖြစ်သွားစေသည်။

အောက်ဘုံတွင် နှစ်ပေါင်းတစ်သိန်း ကုန်လွန်သွားခဲ့သော်လည်း လုရန်၏ စိတ်သဘောထားသည် များစွာပြောင်းလဲသွားပုံမပေါ်ချေ။

သို့သော် ပြန်တွေးကြည့်လျှင် ဤဂုဏ်ယူမှုသည် ထိုက်တန်ပါသည်။ အမှန်အားဖြင့် သူ၏တုံ့ပြန်မှုမှာ အလွန်တည်ငြိမ်လွန်းနေသေးသည်ဟုပင် ပြောနိုင်သည်။

သူ အထက်ဘုံသို့ တက်လှမ်းလာသည်မှာ ရက်နှစ်ဆယ်ပင် မပြည့်သေးချေ။

သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်မှသည် လက်ရှိ မဟာအင်မော်တယ်ဧကရာဇ် နယ်ပယ်အထိ သူ တလျှောက်လုံး တက်လှမ်းလာခဲ့သည်။

သူ၏ရှေ့ရှိ ဤတပည့်များထဲတွင် မည်သူက နှစ်ထောင်နှင့်ချီ သို့မဟုတ် သောင်းနှင့်ချီ၍ မကျင့်ကြံခဲ့ရသနည်း။ ထိုသို့ဆိုသည့်တိုင် သူတို့သည် လုရန်နှင့် ဝေးကွာသော အကွာအဝေးတွင် ရှိနေဆဲပင်။

သူတို့ထဲတွင် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ပင် မရှိသေးချေ။

ဆန့်ကျင်ဘက်အနေဖြင့် လုရန်သည် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေလေပြီ။

"ဆရာလို့ မျှော်လင့်ထားတဲ့အတိုင်းပဲ... ဒါကို ဘယ်လို အကဲဖြတ်ရမလဲဆိုတာကိုတောင် ကျွန်တော် တကယ် မသိတော့ဘူး..."

"ကျွန်တော်လည်း အတူတူပဲ... ဒါပေမဲ့ ဆရာ့ဆီမှာ ဖြစ်လာရင် အဲ့ဒါက အမြဲတမ်း သဘာဝကျသလို ခံစားရတယ်..."

"လောကကြီးက ကျယ်ပြန့်ပြီး အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်နေပေမဲ့ ဆရာကတော့ အရာအားလုံးထဲမှာ ထူးခြားပြောင်မြောက်ဆုံးပဲ..."

...

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောကြသည်။

ထို့နောက်...

ရှောက်ယင်းသည် ပင်မအကြောင်းအရာသို့ ပြန်လှည့်လာပြီး မေးမြန်းသည်။

"ဆရာ... နောက်ထပ် ဆရာ့ရဲ့ အစီအစဉ်တွေနဲ့ စီစဉ်မှုတွေက ဘာလဲ... ဆရာ အလယ်ပိုင်းနယ်မြေကို သွားမှာလား..."

လုရန်က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

"ငါ အရင်က မင်းတို့ကို ပြောခဲ့သလိုပဲ... အရာအားလုံးက အတူတူပဲ..."

"ရှေးဟောင်း ကြေးဝါတံခါး ပွင့်တာနဲ့ ငါ အလယ်ပိုင်းနယ်မြေကို သွားမယ်..."

"ဒီရှပြည်နယ်မှာ အင်မော်တယ်ဧကရာဇ်တွေ မရှိတော့ဘူး... ငါ အလယ်ပိုင်းပြည်နယ်ကို သွားရင် ရှားယီယီကလည်း အဲ့ဒီကို ပြန်သွားမှာပဲ..."

"အဲ့ဒီအချိန်ကျရင် မင်းတို့အားလုံးက ရှပြည်နယ်မှာရှိတဲ့ အပြာရောင်ဂိုဏ်း တပည့်တွေ အားလုံးကို စုစည်းပြီး အချိန်မရွေး ငါ့ရဲ့ ဆင့်ခေါ်မှုကို စောင့်နေကြ..."

"မှတ်ထား... မင်းတို့ မြန်မြန်လုပ်ရမယ်... ဘာလို့လဲဆိုတော့ အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်ကို ငါ ဘယ်အချိန် ဆင့်ခေါ်မလဲဆိုတာ ငါ သေချာမပြောနိုင်ဘူး..."

...

သေချာသည်မှာ အလယ်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီးနောက် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်ကို ဆင့်ခေါ်ခြင်း အောင်မြင်မည် မအောင်မြင်မည်ကိုပင် လုရန် အတပ်မပြောနိုင်သေးချေ။

မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းကြေးဝါတံခါးသည် နယ်မြေနှစ်ခုကြား ချိတ်ဆက်မှုတစ်ခုအဖြစ် တည်ရှိနေသည်။

အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်သည် ရှေးဟောင်း ကြေးဝါတံခါး၏ ကန့်သတ်ချက်များကို ရှောင်ကွင်းနိုင်ခြင်းရှိမရှိကို သူ မသိပေ။

"နားလည်ပါပြီ... စိတ်ချပါ ဆရာ... ဖြန့်ကျက်နေရာချထားမှုတွေကို ချက်ချင်းစတင်ပါ့မယ်..."

ရှောက်ယင်းက ခေါင်းညိတ်ပြကာ ပြောဆိုလိုက်၏။

မိုးပြာရေနဂါးလိပ်၊ ချန်တာ့ရှန်း၊ လော့လော့နှင့် တခြား အင်မော်တယ်သခင်တချို့ ရှိနေသဖြင့် လက်ရှိ အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်သည်...

မြေခွေးမျိုးနွယ်မှ အကြီးအကဲ အနည်းငယ်နှင့် ပေါင်းစပ်လိုက်ပါက မည်သည့် အတိုက်အခံမျှမရှိဘဲ လက်ရှိ ရှပြည်နယ်တွင် ထင်ရာစိုင်းသောင်းကျန်းရန် လုံလောက်သည်။

ရှောက်ယင်း၏ အတည်ပြုချက်ကို ရရှိပြီးနောက် လုရန်သည် လင်းပေါင်အာနှင့်အတူ ထွက်ခွာသွားတော့သည်။

လင်းပေါင်အာ၏ မူလဆန္ဒမှာ အလယ်ပိုင်းနယ်မြေသို့ သွားရန်ဖြစ်ကြောင်း လုရန် မမေ့ခဲ့ချေ။

ယခုချိန်၌ သူမ၏ဆန္ဒကို သူ ဖြည့်ဆည်းပေးရမည့် အချိန်သို့ ရောက်လာလေပြီ။

ထို့ပြင် လုရန် ဂရုစိုက်ဆုံးသောအရာမှာ သေချာပေါက် ချင်ဝူယောင်းပင်။ ချင်ဝူယောင်းသည် အလယ်ပိုင်းနယ်မြေတွင် ရှိနေပေ၏။

ချင်ဝူယောင်း၏ လက်ရှိ အခြေအနေကို သူ မသိသော်လည်း သူမသည် အင်အားကြီးမားသော အင်အားစုတစ်ခု၏ ခေါင်းဆောင် ဖြစ်နေလောက်ပြီဟု ကုဟိုင်ထံမှ သူ ကြားခဲ့ရသည်။

ထိုသို့ဆိုလျှင် သူမကို ရှာဖွေခြင်းက ပင်လယ်ထဲ၌ အပ်တစ်ချောင်း ရှာသကဲ့သို့ ဖြစ်နေမည် မဟုတ်ချေ။

ထို့အပြင် အချိန်နိယာမကို ပိုင်ဆိုင်ထားသော လုရန်အတွက် သူ့ကို ခြိမ်းခြောက်နိုင်သည့်အရာဟူ၍ မရှိသလောက်နီးပါးပင်။

ရှေးဟောင်း ကြေးဝါတံခါး၏ တည်နေရာမှာ ရှပြည်နယ်၏အစွန်အဖျားတွင် ဖြစ်နေသည်။

လုရန် ထိုနေရာသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသော်လည်း ကုဟိုင်ထံမှ မြေပုံတစ်ခုကို သူ ရရှိထားခဲ့ပေ၏။

အချိန်များစွာ ကျန်သေးကြောင်း တွက်ချက်နိုင်ခဲ့သော်လည်း လုရန်တွင် ကိုင်တွယ်ဖြေရှင်းရန် တခြားကိစ္စများ မရှိသဖြင့် သူ ထိုနေရာသို့ ထွက်ခွာခဲ့တော့သည်။

သူနှင့်လင်းပေါင်အာသည် မိုးကြိုးမီးရထားလုံးပေါ်တွင် ထိုင်ကာ ကောင်းကင်ယံသို့ ပျံသန်းသွားသည်။

လုရန်သည် ရွှမ်ယွမ်ဓား၊ ပန်ဂုပုဆိန်နှင့် တခြားမှော်ရတနာများကို အသုံးပြု၍ ပျံသန်းနိုင်သော်လည်း...

သက်တောင့်သက်သာရှိမှုအရ မြင့်​မြတ်မီးတောက်ဂိုဏ်းမှ သူ ရရှိခဲ့သော ဤမိုးကြိုးမီးရထားလုံးသည် အဆုံးသတ်တွင် ပို၍အသုံးဝင်လှ၏။

မီးတောက်အလင်းတန်းတစ်တန်းက မိုးကောင်းကင်ကို ထွင်းဖောက်သွားတော့သည်။

အပြာရောင်ဂိုဏ်း တပည့်များအားလုံး၏ မျက်နှာအမူအရာများ တည်ကြည်လေးနက်နေပြီး လုရန် ထွက်ခွာသွားသော လမ်းကြောင်းကို စိတ်မပါ့တပါ ကြည့်နေကြသည်။

သူတို့ နောက်တစ်ကြိမ် ပြန်တွေ့ရမည့်အချိန်မှာ အလယ်ပိုင်းနယ်မြေတွင်သာ ဖြစ်ပေလိမ့်မည်။

ထို့ပြင် ထိုအချိန်ရောက်လျှင် အပြာရောင်ဂိုဏ်း ခရမ်းစံအိမ်ပေါ်ရှိ အပြာရောင်ဂိုဏ်း တပည့်များ၏ အတိုင်းအတာမှာ ယခုထက် များစွာပို၍ကြီးမားနေပေမည်။

"ဆရာ ထွက်သွားပြီ... အားလုံးပဲ... စပြီးပြင်ဆင်ကြတော့... နင်တို့ မြန်မြန်လုပ်ရမယ်... ပြီးတော့ သတင်းတွေကို တတ်နိုင်သမျှ မြန်မြန်ဖြန့်ရမယ်... ငါတို့ရဲ့ ဂိုဏ်းတူစီနီယာတွေ ဂျူနီယာတွေ သိသွားတာနဲ့ အများစုက သူတို့သဘောနဲ့သူတို့ ပြန်လာကြလိမ့်မယ်..."

ရှောက်ယင်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

ကောင်းကင်ဘုံကိုးထပ်၏အထက်ရှိ မြင့်မားသော နေရာတွင်...

လုရန် မြေပုံကို စစ်ဆေးနေစဉ် သူ၏နံဘေးရှိ လင်းပေါင်အာက အလျင်အမြန် ဖြတ်သန်းသွားသော တိမ်များကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။

သူမ ပျံသန်းခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း လင်းပေါင်အာသည် အကြိမ်တိုင်းတွင် အလွန်စိတ်လှုပ်ရှားနေဆဲပင်။

တစ်ချိန်တည်းမှာပင် သူမသည် သူမ၏ မှတ်စုစာအုပ်လေးကို ထုတ်ယူကာ လှန်လှောကြည့်လိုက်၏။

အလယ်ပိုင်းနယ်မြေသို့ ရောက်ရှိချိန်တွင် မည်သည့်အရာများကို အရင်လုပ်ဆောင်ရမည်ကို သူမ စီစဉ်နေပုံရသည်။

လုရန်သည် ရှားယီယီ၏နံဘေးရှိ အင်မော်တယ်ဧကရာဇ် အဘိုးအို ပြောဆိုသော စကားများကို သတိရသွားသည်။ သူသည် လင်းပေါင်အာ၏ ခေါင်းကို ပွတ်သပ်ကာ ပြောဆိုလိုက်၏။

"ငါတို့ အလယ်ပိုင်းပြည်နယ်ကို ရောက်တာနဲ့ လီမျိုးနွယ်ဝင်တွေဆီကနေ မင်းရဲ့ လီမျိုးနွယ် အထူးရုပ်ခန္ဓာကိုယ် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှာတွေ့နိုင်ရင် မင်း သေစရာ မလိုတော့ဘူး..."

လင်းပေါင်အာ အံ့အားသင့်သွားပြီး သူမ၏ လက်ထဲရှိ မှတ်စုစာအုပ်လေးကို ကြည့်လိုက်သည်။

ထို့နောက် သူမက လုရန်ကိုကြည့်ကာ ခေါင်းခါယမ်းလိုက်ပြီး ပြောဆိုသည်။

"ကျွန်မ မသိဘူး... လီမျိုးနွယ်ဝင်တွေက အသက် ဆယ့်ရှစ်နှစ်မှာ သေရမယ်လို့ ကျွန်မရဲ့အမေက ပြောတယ်... ကျွန်မက အချိန်အကြာကြီးကတည်းက ပြင်ဆင်ထားပြီးသားပါ... တကယ်လို့ ကျွန်မ အသက်ရှင်နိုင်ရင် အဲ့ဒါက အကောင်းဆုံးပေါ့... ဒါပေမဲ့ မရှင်နိုင်လည်း ကိစ္စမရှိပါဘူး... အစ်ကိုကြီး... တကယ်ကို ကိစ္စမရှိပါဘူး..."

လုရန် အနည်းငယ် အံ့အားသင့်သွားသည်။

အဆုံးသတ်တွင် လင်းပေါင်အာက လုရန်ကို ပြန်လည်၍ နှစ်သိမ့်ပေးနေခဲ့သည်။

"ငါတို့ အလယ်ပိုင်းနယ်မြေကို ရောက်မှ အဲ့ဒီအကြောင်း ပြောကြတာပေါ့..."

လုရန်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

ထို့နောက် သူ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်၏။

သူတို့၏ လျှင်မြန်သော ပျံသန်းမှုကြောင့် အဆက်မပြတ် ရိပ်ခနဲဖြစ်နေသော အောက်ဘက်ရှိ လှပသော တောင်များနှင့် မြစ်များကို သူ ကြည့်လိုက်သည်။

ရှပြည်နယ် ဧကရာဇ် တံဆိပ်ပြားကို ပိုင်ဆိုင်ထားသဖြင့် လုရန်သည် ယခုအချိန်၌ ရှပြည်နယ်၏ နတ်ဘုရား ဖြစ်နေလေပြီ။

ဤသည်ကို ယခုချိန်၌ သူ၏ပိုင်နက်ဟု သတ်မှတ်၍ ရနိုင်သလော...

သို့သော် ပြန်တွေးကြည့်လျှင် မူလမိုးပြာဧကရာဇ်သည်လည်း အတူတူပင်ဖြစ်ကာ အဆုံးတွင် သူ သေဆုံးသွားခဲ့ရသည်။

လုရန်က ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်လိုက်သည်။

ထိုအချိန်က မိုးပြာဧကရာဇ်၏ ဓမ္မပုံရိပ်ယောင်မှာလည်း ရှင်းထျန်းဖြစ်ပြီး သူ့ထံတွင် ကိုယ်ပိုင်နိယာမ စွမ်းအား၊ တုန့်ထျန်းမြို့တော်နှင့် ရှပြည်နယ် ဧကရာဇ် တံဆိပ်ပြားတို့ ရှိခဲ့သော်လည်း သူ သတ်ဖြတ်ခံခဲ့ရဆဲပင်။

"မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ကို သတ်နိုင်တဲ့သူက တခြားမဟာအင်မော်တယ်ဧကရာဇ် တစ်ယောက်ပဲ ဖြစ်ရမယ် မဟုတ်လား..."

လုရန်က စဉ်းစားလိုက်သည်။

တခြားမဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်က ရှပြည်နယ်ထဲသို့ ဝင်လာပြီး မိုးပြာဧကရာဇ်ကို သတ်သွားခြင်းသာ ဖြစ်ပေမည်။

သို့သော် ​ဤသည်က ရှားယီယီ၏လက်ချက် ဖြစ်နိုင်ခြေ မရှိပေ။ မိုးပြာဧကရာဇ် သေဆုံးချိန်မှာ သူမ ရောက်ရှိလာချိန်ထက် များစွာပိုစောခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှားယီယီ၏စွမ်းအားကို သူ မငြင်းဆန်နိုင်ပေ။

နိယာမစွမ်းအားကို ရရှိပြီးနောက် လုရန်သည် ရှားယီယီ၏နိယာမကို ချက်ချင်းနီးပါး သိရှိသွားပေ၏။

ထိုအရာသည်လည်း မဟာနိယာမသုံးခုအနက်မှ တစ်ခုဖြစ်သော လေဟာနယ်နိယာမပင်။

Book 10 end.

All Chapters