အခန်း ၂၀၇
Vol. 21 Ch. 207
အခန်း ၂၀၇ ပင်လယ်ဓားပြ အုပ်ကြီး လာနေပြီ
ညအချိန်တွင် ပြုပြင်မွမ်းမံထားသော အရပ်သုံး သင်္ဘောသုံးစင်းသည် အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းသို့ အလျင်အမြန် ခုတ်မောင်းလာနေကြသည်။ သူတို့၏ ပစ်မှတ်မှာ ရွှေသင်္ဘောစု သင်္ဘောပျက် ရှိရာ နေရာပင် ဖြစ်သည်။
ဤအရပ်သုံး သင်္ဘောများကို သံချပ်ကာများ တပ်ဆင်ထားပြီး အပေါက်ကျယ် စက်သေနတ်ကြီးများ အမြောက်ငယ်များအပြင် အပေါက်ငယ် အမြောက်နှစ်လက်ကိုပါ တပ်ဆင်ထားသည်။
ဤကဲ့သို့ ရှုပ်ထွေးနေသော သင်္ဘောမျိုးက တကယ့် ရေတပ် အမြင်တွင် ရယ်စရာ ကောင်းနေနိုင်ပြီး တိုက်ခိုက်နိုင်စွမ်း သိပ်မရှိဟု ထင်ရသော်လည်း သွားလာနေသော ကုန်သည်သင်္ဘောများ အရပ်သုံး သင်္ဘောများ အတွက်တော့ သံမဏိ သားရဲကြီးများ ကဲ့သို့ ဖြစ်နေပေသည်။
မှန်ပေသည်။ ဤသင်္ဘောသုံးစင်းပေါ်ရှိ လူများမှာ အဆိပ်ငါးမန်း ပင်လယ်ဓားပြ အဖွဲ့မှ ကြောက်မက်ဖွယ် ကောင်းသော ပင်လယ်ဓားပြ ရာချီပင် ဖြစ်သည်။ ယနေ့ည သူတို့၏ ရည်ရွယ်ချက်မှာ ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီမှ ဆယ်ယူထားသော ရွှေများကို လုယူရန်ပင် ဖြစ်သည်။
အဆိပ်ငါးမန်း ပင်လယ်ဓားပြ အဖွဲ့သည် ဤအတ္တလန္တိတ် သမုဒ္ဒရာ တစ်ဝိုက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သူတို့က ဗီဂို ပင်လယ်အော်နှင့် ဤပင်လယ်ပြင် တစ်ဝိုက်တွင် ရုတ်တရက် ပေါ်လာတတ်ပြီး ဖြတ်သန်းသွားလာသော ကုန်သည်သင်္ဘောများနှင့် ခရီးသည်တင် သင်္ဘောများကို လုယက်လေ့ ရှိကြသည်။
သူတို့က ပုံသေ နည်းလမ်းများအတိုင်း လှုပ်ရှားလေ့ မရှိသဖြင့် စပိန်နှင့် ပေါ်တူဂီ ရေတပ်များ အတွက် အလွန် ခေါင်းကိုက်စရာ ဖြစ်နေရသည်။ ယခင်က ဝိုင်းဝန်း နှိမ်နင်းရန် ကြိုးစားခဲ့ဖူးသော်လည်း အကြိမ်များစွာ လွတ်မြောက်သွားခဲ့ကြသည်။
တရုတ် ဘိုးဘေးများ၏ ရန်သူလာရင် ရှောင်မယ် ရန်သူပြန်ရင် လိုက်မယ် ဆိုသည့် စစ်ဗျူဟာကို အတော်လေး ပိုင်နိုင်စွာ အသုံးပြုတတ်ကြသည်။
အကြီးဆုံး သင်္ဘော၏ ဦးပိုင်းတွင် ဂျွန်ဆင်သည် သူ၏ AK ရိုင်ဖယ်ကို ပွတ်သပ်ရင်း ရှေ့ရှိ မှောင်မိုက်နေသော ပင်လယ်ပြင်ကို ကြည့်ကာ ရင်ထဲတွင် လှုပ်ရှားနေသည်။ ဤသည်မှာ ထိုရွှေများ အပေါ် ရူးသွပ်မှုပင် ဖြစ်သည်။
"ဒီတစ်ပွဲသာ ပြီးသွားရင် ငါလည်း အနားယူလို့ ရပြီ" ဂျွန်ဆင် က စိတ်ထဲတွင် ပြောလိုက်သည်။ ဓားသွားပေါ်တွင် သွေးလျက်ရသည့် ဤဘဝမျိုးက နေရတာ သိပ်မလွယ်ကူလှပေ။
ဒီနှစ်တွေထဲမှာ သူ အဆင်ပြေသလို အစိုးရ ဖမ်းတာလည်း မခံရပေမယ့် မနက်ဖြန် ဘေးဒုက္ခ ကျလာမလား ဆိုတာ ဘယ်သူမှ အာမမခံနိုင်ဘူးလေ။
"ဆံပင်စိမ်း ရှေ့က ကင်းထောက်တွေဆီက သတင်း ရပြီလား" ဂျွန်ဆင် က အတွေးများကို ရပ်လိုက်ပြီး ဘေးရှိ ဆံပင်စိမ်းကို မေးလိုက်သည်။
"ခေါင်းဆောင် ခုနလေးတင် သတင်းရတယ် အကုန် ပုံမှန်ပဲတဲ့ ကျွန်တော်တို့ ဒီည ဝင်တိုက်ရင် သူတို့ လုံးဝ ထင်မှတ်ထားမှာ မဟုတ်ဘူး ထင်ထားရင်တောင် သူတို့ဆီက လူအင်အား နည်းနည်းလေးနဲ့ဆိုတော့ ကားကို ပုရွက်ဆိတ် ဝင်တိုက်သလိုပဲ အလကားပါပဲ" ဆံပင်စိမ်းက အထင်သေးစွာ ပြောလိုက်သည်။
"အေး ငါတို့ ကပ်သွားတဲ့အချိန် သူတို့ သေချာပေါက် သတိထားမိပြီး ပြန်ခုခံကြလိမ့်မယ် ငါတို့ အမြန်တိုက်ပြီး အမြန်ဖြတ်ရမယ် အချိန်အကြာကြီး ဆွဲမနေနဲ့ အသံတွေ အရမ်းကျယ်သွားရင် စပိန်က ကောင်တွေ ရောက်လာမှာ စိုးရတယ်" ဂျွန်ဆင်က ပြောလိုက်သည်။
"စိတ်ချပါ ခေါင်းဆောင်ရ ရွှေလုရမယ်ဆိုတာ ကြားကတည်းက ညီအစ်ကိုတွေ အကုန်လုံး ဆေးကျနေသလို တက်ကြွပြီး စိတ်လှုပ်ရှားနေကြတာ အစကတည်းက လက်ယားနေကြပြီ" ဆံပင်စိမ်းက ရှင်းပြသည်။
"ကောင်းတယ်"
မိနစ်အနည်းငယ် အကြာတွင် ဆံပင်စိမ်းက သတင်းတစ်ခု ရလိုက်သဖြင့် လန့်သွားသည်။ သူ ချက်ချင်းပင် ဂျွန်ဆင် ဆီသို့ ကပျာကယာ သွားလိုက်သည်။
"ခေါင်းဆောင် မကောင်းတော့ဘူး သူတို့က ကျွန်တော်တို့ကို မြင်သွားပြီ ထင်တယ် အခု သင်္ဘော တစ်စင်း ကျွန်တော်တို့ဆီ တည့်တည့် မောင်းလာနေတယ် အခုက မှောင်နေတော့ ဟိုဘက် သင်္ဘောပေါ်မှာ လူဘယ်လောက် ပါလဲဆိုတာ သေချာ မသိရဘူး"
ဆံပင်စိမ်း၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။ အစက သူတို့ ခိုးကြောင်ခိုးဝှက် ဝင်တိုက်မလို့ စီစဉ်ထားတာ အခု သူတို့ အနားမကပ်ရသေးခင် တစ်ဖက်က သိသွားလိမ့်မယ်လို့ မထင်ထားဘူး။
တစ်ဖက်က သင်္ဘောတစ်စင်း လွှတ်လိုက်တာဆိုတော့ တည့်တည့် ဝင်ချမလို့လား ဒါမှမဟုတ် ထွက်ပြေးမလို့လား။
"ဘာ" ဂျွန်ဆင်က ဒေါသထွက်သွားသော်လည်း ခဏတွေးပြီးနောက် စိတ်သက်သာရာ ရသွားသည်။
"ဟွန့် သေချင်နေတာပဲ သင်္ဘော တစ်စင်းတည်းနဲ့များ ငါတို့ဆီ မောင်းလာရဲသေးတယ် ညီအစ်ကိုတွေ အကုန်လုံးကို တိုက်ပွဲဝင်ဖို့ အသင့်ပြင်ခိုင်းလိုက် အဲဒီ သင်္ဘောဆီကို အမြန်ဆုံး မောင်းသွားဖို့ အမိန့်ပေး အဲဒီ သင်္ဘောကို အမြန်ဆုံး ဖျက်ဆီးပြီးမှ ရွှေတွေကို သွားသယ်မယ်" ဂျွန်ဆင်၏ မျက်နှာတွင် ရက်စက်သော အမူအရာများ ပေါ်လာသည်။
"ဟုတ်ကဲ့ ခေါင်းဆောင်"
ဂျွန်ဆင် အမြင်တွင် တစ်ဖက်က အရပ်သုံး သင်္ဘော တစ်စင်းသာ ဖြစ်ပြီး လူတစ်သင်္ဘောလုံး ပါလာရင်တောင် အလကားပဲ။ ယခုက ရှေးခေတ် မဟုတ်ဘူး လူများရင် နိုင်တဲ့ခေတ် မဟုတ်တော့ဘူး လက်နက် အဆင့်မြင့်မှ ရမှာလေ။
တစ်ဖက်က အရပ်သုံး သင်္ဘောစုတ်ပေါ်မှာ လက်နက်ကြီးတွေ ပါလာမယ်လို့ သူ မထင်ဘူး။ သူတို့ဘက်က အပေါက်ကျယ် စက်သေနတ်ကြီးတွေနဲ့ အမြောက်တွေ ဝိုင်းပစ်လိုက်ရင် တစ်ဖက်က ခေါင်းတောင် ထောင်နိုင်မှာ မဟုတ်ဘူး။
အခု သူတို့ ခိုးဝင်လာတာကို သိသွားတော့ရော ဘာထူးမှာလဲ သေခါနီး ရုန်းကန်နေရုံပဲ ရှိတာပေါ့။
ဂျွန်ဆင်က ဆွန်ဖုန်းကို လုံးဝ အထင်မကြီးသလို ဆွန်ဖုန်းကလည်း ဒီငါးလေးတွေကို လုံးဝ ဂရုမစိုက်ဘူး။
သူက အမေရိကန် ဖျက်သင်္ဘောကိုတောင် နှစ်မြှုပ်ပစ်ဖူးတာ ဒီပင်လယ်ဓားပြ ရာချီက ဘာပြောပလောက်လို့လဲ။ အကုန်လုံး လက်တွေ့ ချကြည့်ရင် သိမှာပါ။