← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉ ပင်လယ်ဓားပြများကို စနိုက်ပါဖြင့် ပစ်ခတ်ခြင်း

ဂျွန်ဆင်ဘက်မှ ပစ်အား အနည်းငယ် လျော့ကျသွားသည်နှင့် ဆွန်ဖုန်းဘက်မှ ပြန်လည် တိုက်ခိုက်မှု စတင်တော့သည်။

သူ၏ ဘက်မှ လူများမှာ စက်ရုပ်များ ဖြစ်ကြပြီး သေနတ်ပစ်ရာတွင် အလွန် တိကျလှကာ ရာနှုန်းပြည့် တည့်တည့် ထိမှန်ပြီး တစ်ချက်ပစ်လျှင် အသက်တစ်ချောင်း စတေးရလေသည်။

တစ်ဖက်တွင် ဂျွန်ဆင်ဘက်၌ အပေါက်ကျယ် စက်သေနတ်ကြီးများနှင့် အမြောက်များ အသံတိတ်သွားသောအခါ လူအင်အား သာလွန်နေသော်လည်း ဆွန်ဖုန်းဘက်ကို အနိုင်မရတော့သကဲ့သို့ ခံစားလာရသည်။

လုပ်နိုင်သည့် နည်းလမ်း မရှိပေ။

စက်သေနတ်ကြီးများနှင့် အမြောက်များ၏ ခြိမ်းခြောက်မှု မရှိတော့သောအခါ ဆွန်ဖုန်းဘက်မှ စက်ရုပ် သက်တော်စောင့်များမှာ သေမှာကို မကြောက်ကြသဖြင့် တစ်ဖက်သတ် အသေသတ်နေသကဲ့သို့ ဖြစ်နေသည်။

ညအမှောင်ထဲတွင် ဂျွန်ဆင်တို့ဘက်မှ မီတာ ရာဂဏန်းခန့် အကွာအဝေးကြောင့် ဆွန်ဖုန်းဘက်မှ စက်ရုပ်များ ပစ်ချခံရပြီးနောက် အခြား တစ်နေရာမှ ပြန်ထွက်လာပြီး ပင်လယ်ဓားပြများကို ပြန်ပစ်နေသည်ကို သေချာ မမြင်ရပေ။

ထိုမြင်ကွင်းက မသေနိုင်သော စစ်တပ်ကြီးနှင့် တူနေလေသည်။

ထို့အပြင် ဤစက်ရုပ်များ၏ ဝတ်စုံများက အတူတူပင် ဖြစ်သဖြင့် ပို၍ပင် ခွဲခြားမရ ဖြစ်နေသည်။

ယခုအချိန်တွင် သင်္ဘော နှစ်စင်း၏ အကွာအဝေးမှာ မီတာ နှစ်ရာ သုံးရာခန့်သာ ရှိတော့သည်။

ဂျွန်ဆင်၏ အခြား သင်္ဘော နှစ်စင်းကလည်း ဘယ်ညာ ညှပ်ကာ ဆွန်ဖုန်း၏ သင်္ဘောကို ပစ်ခတ်နေကြသဖြင့် သေနတ်သံများ အလွန် ကျယ်လောင်စွာ ထွက်ပေါ်နေပြီး အကြိတ်အနယ် ဖြစ်နေသည်။

ဤတိုက်ပွဲက ဆယ်ယူရေး လုပ်နေသော နေရာမှ ရေမိုင် ဆယ်မိုင်ကျော်ခန့် အကွာတွင် ဖြစ်ပွားနေခြင်း ဖြစ်ရာ ဤအသံများကြောင့် ဆယ်ယူရေး သင်္ဘောပေါ်ရှိ ဝန်ထမ်းများ နိုးလာကြသည်။

ဤဝန်ထမ်းများ ထကြည့်လိုက်သောအခါ သက်တော်စောင့် အယောက် လေးဆယ်ခန့် ပျောက်နေပြီး အယောက် သုံးဆယ်သာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။

မေးစရာပင် မလိုဘဲ သူဌေးက သက်တော်စောင့်များကို ခေါ်ကာ အမည်မသိ အကြမ်းဖက် အဖွဲ့ တစ်ဖွဲ့နှင့် သွားတိုက်နေပြီ ဆိုသည်ကို သူတို့ သိလိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် ဆယ်ယူရေး သင်္ဘော အထောက်အကူပြု သင်္ဘောနှင့် လှေငယ် အချို့မှလွဲ၍ ဟိုတစ်နေ့က သိမ်းဆည်းရမိသော သင်္ဘောမှာ ပျောက်ဆုံးနေသောကြောင့်ပင်။

ပေကျီ နှင့် တယ်ကျီ တို့သည် ကုန်းပတ်ပေါ်တွင် ရပ်ကာ အဝေးရှိ ညအမှောင်ထဲသို့ လှမ်းကြည့်ရင်း မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့် ဖြစ်နေကြသည်။

"လောင်ပေ မင်းထင်လဲ သူဌေး ဘာမှ မဖြစ်လောက်ဘူးမလား ဒီလောက် တိုးတိုးလေး ကြားနေရတဲ့ အသံတွေကို နားထောင်ကြည့်ရတာ တိုက်ပွဲ တော်တော် ပြင်းထန်ပုံရတယ်"

တယ်ကျီ က စိုးရိမ်တကြီး ပြောလိုက်သည်။

"ငါလည်း မသိဘူးကွာ သူဌေး ဘာမှ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ"

......

"ခွေးကောင်တွေ တစ်ဖက်မှာ စနိုက်ပါသမားတွေ ရှိတယ် အများကြီးပဲ"

ဂျွန်ဆင် က သူ၏ တပည့်များ တစ်ယောက်ပြီး တစ်ယောက် ခေါင်းပစ်ဖောက်ခံနေရသည်ကို မြင်သောအခါ ဒေါသများ ပေါက်ကွဲလုမတတ် ဖြစ်နေသည်။

သူ၏ စက်သေနတ်သမား အယောက် နှစ်ဆယ်ကျော် ခေါင်းပစ်ဖောက်ခံရသည်ကို သူ မြင်လိုက်ရပြီး အစားထိုး ဝင်ရောက်သူတိုင်း ဆယ်စက္ကန့်ပင် အသက်မရှင်ကြပေ။

တစ်ဖက်က ဘယ်လို စနိုက်ပါသမားတွေလဲ ဒီလောက်တောင် အစွမ်းထက်နေတာ လူသတ်ဘုရင် ဂျွန်ဆင် ကိုယ်တိုင်တောင် ခေါင်းနားပန်း ကြီးသွားရသည်။

သူက အထူးတပ်ဖွဲ့ဝင် အချို့ ကြေးစားစစ်သား အချို့နှင့် တိုက်ခိုက်ဖူးပြီး စနိုက်ပါ ကျွမ်းကျင်သူများကိုလည်း မြင်ဖူးသော်လည်း ဤမျှ အစွမ်းထက်သော စနိုက်ပါသမားများကို မမြင်ဖူးခဲ့ပေ။

"ကြည့်ရတာ ငါ သူတို့ကို အထင်သေးမိသွားပြီ ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီက ကျွမ်းကျင်သူ အများကြီး ငှားလာတာပဲ"

ဂျွန်ဆင် က မျက်လုံး မှေးကာ စိတ်ထဲတွင် ပြောလိုက်သည်။

"မြန်မြန် မြန်မြန် ငါတို့ရဲ့ ပစ်အား ဒီလို လျော့ကျသွားလို့ မဖြစ်ဘူး ငါတို့ရဲ့ ပစ်အား ကွန်ရက်ကို ပြန်တည်ဆောက်ရမယ် မြန်မြန် ဆံပင်စိမ်း လူတွေကို မြန်မြန် စီစဉ်ပြီး စက်သေနတ်ကြီးတွေနဲ့ အမြောက်တွေကို ပြန်ပစ်ခိုင်းလိုက်"

ဂျွန်ဆင် က ဆံပင်စိမ်း၏ အင်္ကျီကော်လာကို ဆွဲကာ ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။

"ခေါင်း ခေါင်းဆောင် တစ်ဖက်က စနိုက်ပါသမားတွေက အရမ်း ကြောက်စရာကောင်းလွန်းတယ် အခု ညီအစ်ကိုတွေက မသွားရဲကြတော့ဘူး"

ဆံပင်စိမ်းက မျက်နှာရှုံ့မဲ့ကာ ပြောလိုက်သည်။

ဘယ်သူမဆို သေရမှာ ကြောက်တာပဲလေ စောစောက သေသွားတဲ့ ညီအစ်ကိုတွေကို မြင်တော့ ဘယ်သူက ဆယ်စက္ကန့်တောင် အသက်မရှင်မယ့် နေရာကို သွားရဲတော့မလဲ။

ဒါက ချေးတွင်းဘေးမှာ အိပ်ရာခင်းသလို ကိုယ့်သေတွင်း ကိုယ်တူးတာပဲ မဟုတ်လား။

"လခွီး မသွားချင်လည်း သွားရမှာပဲ တကယ်လို့ စက်သေနတ်တွေနဲ့ အမြောက်တွေ အသံမထွက်လာရင် မင်းတို့ အကုန် သွားသေကြတော့"

ဂျွန်ဆင် က ဆံပင်စိမ်းကို ကြမ်းပြင်ပေါ်သို့ ကန်ချလိုက်ပြီး နောက်ထပ် တပည့် တစ်ယောက်ကို ကြမ်းတမ်းစွာ အမိန့်ပေးလိုက်သည်။

"အမြွေ ငါတို့ သင်္ဘောကို မြန်မြန် သူတို့ဆီ ကပ်ခိုင်းလိုက် ဒီလို အချိန်ဆွဲနေလို့ မဖြစ်ဘူး တစ်ဖက်မှာ စနိုက်ပါသမားတွေ ရှိတယ် ငါတို့ ကပ်သွားပြီးရင် ညီအစ်ကိုတွေကို တစ်ဖက် သင်္ဘောပေါ် ပြေးတက်ခိုင်းလိုက် တစ်ဖက်က စနိုက်ပါသမားတွေကို ရှင်းပြီးရင် ငါတို့ လူအင်အားနဲ့ သူတို့ကို အသေသတ်လို့ ရပြီ"

"ပြီးတော့ ဘယ်ညာက သင်္ဘော နှစ်စင်းကိုလည်း တစ်ဖက်ကို ညှပ်ဖို့ အမိန့်ပေးလိုက် သူတို့ လုံးဝ ထွက်မပြေးနိုင်အောင်လို့"

ခေါင်းဆောင် ဖြစ်လာသူတွေက ငတုံးတွေ မဟုတ်ကြဘူး။

မကြာမီ ဂျွန်ဆင် က ပြဿနာ၏ အဓိက အချက်ကို ရှာတွေ့သွားပြီး တည်ငြိမ်စွာ အမိန့်ပေးတော့သည်။

"ဟုတ်ကဲ့ ခေါင်းဆောင်"

မကြာမီ ဤအမိန့်ကို လက်ဆင့်ကမ်းလိုက်ပြီး သင်္ဘော သုံးစင်းက ဆွန်ဖုန်း၏ သင်္ဘောဆီသို့ ချက်ချင်း ချဉ်းကပ်လာကာ မကြာမီ မီတာ တစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိသွားသည်။

ဆွန်ဖုန်း၏ သင်္ဘောမှာ ပြေးစရာ မြေမရှိအောင် ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် ဂျွန်ဆင်၏ ခြိမ်းခြောက်မှု အောက်တွင် သူ၏ တပည့်များက မတတ်သာဘဲ ဖိအားများကို အံတုကာ စက်သေနတ်ကြီးများနှင့် အမြောက်များကို ပြန်လည် အသုံးပြုပြီး ဆွန်ဖုန်း၏ သင်္ဘောကို ပစ်အားဖြင့် ဖိနှိပ်ကြပြန်သည်။

မကြာမီ ဂျွန်ဆင် က ဆွန်ဖုန်းဘက်ကို ဖိနှိပ်နိုင်ပြန်သည်။

ယခုအချိန်တွင် အကွာအဝေး နီးကပ်လာသဖြင့် ဆွန်ဖုန်းဘက်ကလည်း အားမလျှော့ဘဲ ပြန်လည် တိုက်ခိုက်သည်။

သူတို့ဘက်တွင် သေနတ် ရာချီအပြင် စက်သေနတ်ကြီးများ အမြောက်များ ရှိသဖြင့် ကျည်ဆန်တိုင်းက မိုးရွာသကဲ့သို့ ပစ်ခတ်နေသည်။

ဆွန်ဖုန်း ရှိနေသော သင်္ဘောမှာ ပင်လယ်ပြင်တွင် မုန်တိုင်းမိနေသော ခွေးလေး တစ်ကောင်ကဲ့သို့ အချိန်မရွေး အန္တရာယ် ရှိနေသည်။

"လခွီး ပြန်ပစ် ပြန်ပစ်"

ဆွန်ဖုန်း ခေါင်းမော့လိုက်သည်နှင့် တစ်ဖက်မှ ကျည်ဆန် အမြောက်အမြား ပစ်ခတ်လာသဖြင့် လန့်သွားကာ ခေါင်းကို အမြန် ပြန်ငုံ့လိုက်ပြီး ဘေးရှိ စက်ရုပ် သက်တော်စောင့်များကို အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

"တစ်ဖက်က ရူးနေတာလား ကျည်ဆန်တွေက ပိုက်ဆံမပေးရဘူးလား"

ဆွန်ဖုန်းက နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။

"ပိုင်ရှင် တစ်ဖက် သင်္ဘော သုံးစင်းက ကျွန်တော်တို့ကို ပုံစံတစ်ခုနဲ့ ဝိုင်းထားပြီ အခု ကျွန်တော်တို့ ထွက်သွားလို့ မရတော့ဘူး ရန်သူနဲ့ အကွာအဝေးက မီတာ သုံးဆယ်လောက်ပဲ ရှိတော့တယ် မကြာခင် တစ်ဖက်က လက်နက်ကိုင်တွေ ကျွန်တော်တို့ သင်္ဘောပေါ် ကူးလာတော့မယ် ကျွန်တော်တို့ အဆုံးစွန် လက်နက်ကို သုံးပြီး တစ်ဖက်ကို တစ်ချက်တည်းနဲ့ ရှင်းပစ်လိုက်ရမလား"

ယခုအချိန်တွင် အသံလက်ထောက်က သတိပေးလိုက်သည်။

"အာ ဘာ အဆုံးစွန် လက်နက် သုံးရမှာလဲ ငါ့ရဲ့ မသေနိုင်တဲ့ ပိုးဟပ် စက်ရုပ် သက်တော်စောင့်တွေနဲ့တင် သူတို့ကို ရှင်းပစ်ဖို့ လုံလောက်ပါတယ် အင်း သူတို့ကို ငါတို့ သင်္ဘောပေါ် ပေးတက်လိုက် ပြီးမှ တစ်ယောက်ချင်းစီ ရှင်းပစ်ကြတာပေါ့"

ဆွန်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ဒီလို အဝေးကနေ ပစ်နေရင် သူတို့ကို မနိုင်နိုင်ဘူး။

ဒါပေမယ့် အနီးကပ် တိုက်ပွဲဆိုရင်တော့ ဆွန်ဖုန်းရဲ့ စက်ရုပ်တွေက သူတို့ကို အကြောက်တရား ဆိုတာ ဘာလဲဆိုတာ သိအောင် လုပ်ပေးလိမ့်မယ်။

"ညီအစ်ကိုတို့ ငါ့နောက်လိုက်ခဲ့ဟေ့"

မကြာမီ သင်္ဘော သုံးစင်းက ဆွန်ဖုန်း၏ သင်္ဘောကို ဖက်ထုပ်လုပ်သကဲ့သို့ ဝိုင်းရံလိုက်သည်။

ဆံပင်စိမ်း က သင်္ဘော ကပ်လာသည်ကို မြင်သည်နှင့် သူ၏ ညီအစ်ကိုများကို ခေါ်ကာ တစ်ဖက် သင်္ဘောသို့ ခုန်ကူးရန် စတင်လေသည်။

"တက်ဟေ့ လခွီး ဘယ်သူ ရှိသေးလဲ"

"သူတို့ကို အသေသတ် ညီအစ်ကိုတွေ အတွက် လက်စားချေမယ်"

မောက်မာနေသော ပင်လယ်ဓားပြ ရာချီကျော်က သေနတ်များ ကိုင်ကာ ဆွန်ဖုန်း၏ သင်္ဘောပေါ်သို့ တက်ကြွစွာ ခုန်တက်သွားကြသည်။

ယခုအချိန်တွင် ဆွန်ဖုန်းက စက်ရုပ် အယောက် လေးဆယ်ကို သင်္ဘောခန်း အတွင်း ပုန်းခိုင်းထားသည်။

ဤလူများ ရှာဖွေရေး လုပ်သောအခါမှ တိတ်တဆိတ် သတ်ပစ်ရန် ဖြစ်သည်။

"ဟေ လူတွေရော"

ဆံပင်စိမ်း ကုန်းပတ်ပေါ် ရောက်သည်နှင့် ကုန်းပတ်ပေါ်တွင် လူရိပ် တစ်ခုမှ မရှိသည်ကို တွေ့လိုက်ရသည်။

ကုန်းပတ်ပေါ်တွင် သွေးများနှင့် အလောင်းများကိုလည်း မတွေ့ရဘဲ ကျည်ဆန်ပေါက်များ မှန်ကွဲများ အစရှိသည်တို့ကိုသာ တွေ့ရသည်။

"အစ်ကိုဆံပင်စိမ်း ဘယ်လိုဖြစ်ပြီး နည်းနည်း ထူးဆန်းနေသလိုပဲ"

ဘေးရှိ တပည့် တစ်ယောက်က ဤအခြေအနေကို မြင်သောအခါ နားမလည်နိုင်အောင် ဖြစ်သွားသည်။

"အင်း အခု ဒါတွေ ဂရုမစိုက်နဲ့တော့ ငါတို့ တစ်ဖက်လူကို ဝိုင်းရှာမယ် လူတွေ့တာနဲ့ သတ်"

ဆံပင်စိမ်း ကလည်း ယခုအချိန်တွင် အများကြီး မစဉ်းစားနိုင်တော့ပေ။

"ဟုတ်ကဲ့"

မကြာမီ ဤလူ ရာချီကျော်က စတင် ရှာဖွေကာ နေရာယူကြတော့သည်။

အနောက်တွင်လည်း ပင်လယ်ဓားပြ အသစ်များက သူတို့ သင်္ဘောပေါ်မှ ဆက်တိုက် ကူးလာနေကြသည်။

"ဆံပင်စိမ်း မြန်မြန် ရှင်းလိုက် ငါတို့ ရွှေတွေ မြန်မြန် သွားသယ်ရမယ်"

ဂျွန်ဆင် က သူ၏ တပည့် တစ်အုပ် ကူးသွားသည်ကို မြင်သောအခါ ဤတိုက်ပွဲ အဆုံးသတ်တော့မည်ဟု သိလိုက်သည်။

စောစောက တိုက်ပွဲတွင် သူ လျှို့ဝှက် စောင့်ကြည့်ခဲ့ရာ တစ်ဖက်၏ ပစ်အားကို ကြည့်ခြင်းအားဖြင့် လူ ဆယ်ဂဏန်းခန့်သာ ရှိမည်ဟု ခန့်မှန်းရသည်။

ယခု သူတို့ဘက်မှ လူရာချီကျော် ကူးသွားပြီ ဖြစ်ရာ တစ်ဖက်မှ စနိုက်ပါသမားများ အသုံးမဝင်တော့ဘဲ ကျန်ရှိနေသော လူများ၏ ပစ်အားကလည်း ဘာမှ မဟုတ်တော့ပေ။

"ဟုတ်ကဲ့ပါ ခေါင်းဆောင်"

အဝေးမှ ဆံပင်စိမ်းက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်ပြီးနောက် လူတစ်အုပ်ကို ခေါ်ကာ သင်္ဘောခန်း အတွင်းသို့ ဝင်သွားလေသည်။

ဆံပင်စိမ်း ဝင်သွားပြီး မကြာမီ သင်္ဘောပေါ်မှ အော်သံများနှင့် သေနတ်သံများ ထွက်ပေါ်လာသည်။

"ဒိုင်း ဒိုင်း ဒိုင်း"

နောက်တစ်စက္ကန့်တွင် သေနတ်ပွဲ ထပ်မံ ဖြစ်ပွားပြန်သည်။

"အကုန်သတ် သူတို့ကို အကုန်သတ်ပစ်"

ပင်လယ်ဓားပြ သင်္ဘောပေါ်တွင် ဂျွန်ဆင် က ရှေ့မှ သေနတ်သံများ ထပ်မံ ထွက်ပေါ်လာသည်ကို မြင်သောအခါ သူ၏ တပည့်များက တစ်ဖက်လူများကို စတင် သတ်ဖြတ်နေပြီဟု ထင်လိုက်သည်။

ထို့ကြောင့် သူက အလွန် ဝမ်းသာနေသည်။

ဤတစ်ကြိမ်တွင် သူ၏ တပည့် ငါးဆယ် ခြောက်ဆယ်ခန့် ဆုံးရှုံးသွားခဲ့ပြီး အားလုံးက တစ်ဖက်မှ စနိုက်ပါသမားများ၏ ခေါင်းပစ်ဖောက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

သူက ပင်လယ်ဓားပြ ၃၅၀ ကို ခေါ်လာခဲ့ပြီး ဌာနချုပ်တွင် လူ ဆယ်ဂဏန်းခန့်သာ ချန်ထားခဲ့သည်။

ယခု ချက်ချင်းပင် လူ ငါးဆယ် ခြောက်ဆယ်ခန့် သေသွားသဖြင့် သူ၏ စိတ်ထဲတွင် အတော်လေး နာကျင်နေသည်။

ဤလူများမှာ သူ နှစ်ပေါင်းများစွာ မွေးမြူထားသော တပည့်များ ဖြစ်သည် မဟုတ်ပါလား။

ဂျွန်ဆင် က ဤသို့ တွေးကာ ပျော်နေချိန်တွင် သင်္ဘောခန်း အတွင်းရှိ ဆံပင်စိမ်း ဦးဆောင်သော ပင်လယ်ဓားပြများမှာ တစ်ဖက်သတ် အသတ်ခံနေရလေသည်။

ဆွန်ဖုန်းဘက်မှ စက်ရုပ်များက အလွန် ကြောက်စရာ ကောင်းလွန်းလှသည်။

သူတို့က သေမှာကို မကြောက်သလို မင်းက သူတို့ကို ကျည်ဆန် တစ်ရာနဲ့ ပစ်ရင်တောင် စက်ရုပ်က မင်းကို တစ်ချက်တည်း ပစ်လိုက်ရုံနဲ့ မင်းက ဘုရားသခင်ဆီ ရောက်သွားမှာ သေချာသည်။

ထို့ကြောင့် အသတ်အဖြတ် စတင်တော့သည်။

ပင်လယ်ဓားပြများက ဆွန်ဖုန်းဘက်မှ လူများကို သတ်ဖြတ်နေခြင်း မဟုတ်ဘဲ ဆွန်ဖုန်းဘက်မှ လူများက ပင်လယ်ဓားပြများကို သတ်ဖြတ်နေခြင်း ဖြစ်သည်။

All Chapters