← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅ ဆွန်ရွှိုက်

ဆရာဝန်၏ စကားကို ကြားပြီးနောက် ဆွန်ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် ဝင်သွားလေသည်။ အတွင်းသို့ ရောက်သောအခါ သူနာပြု တစ်ယောက်က အနှီးဖြင့် ထုပ်ထားသော ကလေးလေးကို ချီကာ ဟယ်မင်ယီ ၏ ရှေ့တွင် ပြသနေသည်ကို တွေ့လိုက်ရသည်။

"မင်ယီ... ပင်ပန်းသွားပြီ" ဆွန်ဖုန်းက ဟယ်မင်ယီ ၏ အနားသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ သူမ၏ လက်ကို ကိုင်ပြီး သနားကြင်နာစွာဖြင့် ပြောလိုက်သည်။

ယခုအချိန်တွင် ဟယ်မင်ယီ ၏ မျက်ဝန်းများ အနည်းငယ် နီရဲနေပြီး အနည်းငယ် အားနည်းနေသော်လည်း "မပင်ပန်းပါဘူး... ကိုကိုတို့ရဲ့ သားလေးကို မြန်မြန် ကြည့်ပါဦး" ဟု ပြောလိုက်သည်။

ဟယ်မင်ယီ ၏ လေသံတွင် မိခင် မေတ္တာများ အပြည့် ပါဝင်နေသည်။

"အင်း... ကိုယ် ချီကြည့်မယ်" ဆွန်ဖုန်းက သူနာပြု ထံမှ ကလေးကို လှမ်းယူလိုက်သည်။ သူ လှမ်းယူလိုက်သည်နှင့် တစ်ပြိုင်နက် ဤကလေးလေးက ချက်ချင်းပင် အူဝဲ ဟု ကျယ်လောင်စွာ ငိုပါတော့သည်။ အသံက အတော်လေး ကျယ်လောင်သဖြင့် သူ၏ မျိုးစေ့မှန်း သေချာပေသည်။

ကလေးလေးက မျက်လုံးပင် မဖွင့်သေးဘဲ မျက်နှာလေးမှာ ရှုံ့မဲ့နေကာ သစ်ခေါက်ရင့်ရင့်ကြီးနှင့် တူနေသော်လည်း ဘယ်လို ကြည့်ကြည့် အလွန် ချစ်စရာ ကောင်းနေသည်။

"အယ်... အဖေက ချီတော့ ချက်ချင်း ငိုတာပဲ... ခုနက နိုင်ငံခြားသူ သူနာပြု အစ်မကြီး ချီတုန်းကတော့ မငိုဘူး... ကြည့်ရတာ မင်းက မွေးရာပါ မိန်းမ လိုက်မယ့် ကောင်လေးပဲ" ဆွန်ဖုန်းက မိမိ၏ ကလေး ငိုယိုနေသည်ကို မြင်သောအခါ ပြာယာခတ်သွားပြီး ဘယ်လို ချော့ရမှန်း မသိအောင် ဖြစ်နေသည်။ ဤကလေးလေးက ပါးစပ်ကြီး ဟကာ အဆက်မပြတ် ငိုနေပြီး ကမ္ဘာမြေကြီး ပျက်သုဉ်းတော့မည့် အတိုင်း ငိုနေလေသည်။

"ဆွန်ဖုန်း... မင်း ဘာတွေ ပြောနေတာလဲ... အဲဒီလို ပြောစရာလား" အနောက်မှ ဝင်လာသော အမေက ဆွန်ဖုန်း ၏ စကားကို ကြားသောအခါ ဆွန်ဖုန်း ၏ ခေါင်းကို ချက်ချင်း တစ်ချက် ခေါက်လိုက်လေသည်။

"အာ... ဒါပေမယ့် အမှန်တရားက မျက်စိရှေ့မှာ မြင်နေရတာပဲလေ" ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

"လာ... အဘွားကို ပေး" ဆွန်ဖုန်း ၏ အမေက ဝမ်းသာအားရဖြင့် ဆွန်ဖုန်း ၏ လက်ထဲမှ ကလေးကို လုယူလိုက်ပြီး အနည်းငယ် ချော့လိုက်ရာ ချက်ချင်းပင် အငိုတိတ်သွားသည်။ တကယ့်ကို ထူးဆန်းလှသည်။ ဂျင်းက အိုလေ စပ်လေ ဆိုတာ အမှန်ပင် ဖြစ်သည်။

"ဟား... ဒီမြေးကြီးက အဖုန်း ငယ်ငယ်တုန်းကနဲ့ တစ်ထေရာတည်းပဲ... ငိုသံကလည်း အရမ်း ကျယ်တယ်... အင်း... ကြည့်ရတာ အဖုန်း ငယ်ငယ်တုန်းကထက် နည်းနည်း ပိုချောမယ့် ပုံပဲ... တပည့်က ဆရာ့ထက် သာတယ် ဆိုတာ ဒါမျိုးပေါ့"

"ဖူး..."

အားလုံး ထိုစကားကို ကြားသောအခါ ရယ်မောလိုက်ကြသည်။

"အဖုန်း... သားလေး အတွက် နာမည် စဉ်းစားပြီးပြီလား" ကလေးကို အားလုံး လက်လွှဲ ချီပြီးနောက် ဆွန်ဖုန်း ၏ အဖေက မေးလိုက်သည်။

"ယောက္ခထီး... စဉ်းစားပြီးပါပြီ... ဆွန်ရွှိုက် လို့ ပေးထားတယ်" ဟယ်မင်ယီ က ပြုံး၍ ပြောလိုက်သည်။

"အင်း... ဒီနာမည် ကောင်းတယ်... ဆွန်ရွှိုက်... ဆွန်ရွှိုက်... အရမ်းကို ခန့်ညားတယ်... တကယ်ပဲ မိန်းမ လိုက်မယ့် မျိုးစေ့ပဲ... သူ့အဖေနဲ့ အရမ်း တူတယ်... သေချာပေါက် သူ့အဖေထက် ပိုတော်မှာ" ဆွန်ဖုန်း ၏ အဖေက အလွန် ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အဘိုးကြီး... ရှင် ဘာတွေ ပြောနေတာလဲ... မိန်းမ လိုက်တယ်လို့ မပြောရဘူး... မိန်းမတွေက ဝိုင်းဝိုင်းလည်နေမယ်လို့ ပြောရတယ်... ကြည့်လေ... အဖုန်း ရဲ့ ဘေးမှာ အလှလေးတွေ ဝိုင်းနေတာ မဟုတ်ဘူးလား"

"အဟမ်း အဟမ်း... အဲဒါ စကားမှားသွားတာ... အဖုန်း က သူတို့ကို လိုက်တာ"

"......"

မိန်းကလေး သုံးယောက်က ဆွန်ဖုန်း ၏ မိဘများမှာ အိုသော်လည်း ကလေးဆန်နေသေးသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။ ထို့ကြောင့်လည်း ဤကဲ့သို့ ထူးဆန်းသော ဆွန်ဖုန်းကို မွေးဖွားနိုင်ခဲ့ခြင်း ဖြစ်မည်။

ခဏအကြာတွင် သူနာပြု ရောက်လာပြီး ဟယ်မင်ယီ ကို အနားယူရန် တွန်းသွားကာ၊ ကလေးကိုလည်း ရေချိုးပေးရန် ခေါ်သွားသဖြင့် ဆွန်ဖုန်း၊ လျန်ယင် နှင့် ယန်ရွှယ် တို့သည် အခန်း အပြင်ဘက်တွင် စောင့်နေကြရသည်။ အဖေနှင့် အမေ ကတော့ သူနာပြုများ နောက်သို့ လိုက်ကာ မြေးလေး ရေချိုးသည်ကို သွားကြည့်ကြလေသည်။

"ကိုကို... ဆွန်ရွှိုက် လေးက အရမ်း ချစ်စရာ ကောင်းတယ်နော်" စင်္ကြံလမ်းတွင် ဆွန်ဖုန်း ၏ ဘယ်ညာ၌ အလှလေး နှစ်ယောက်က လက်မောင်းကို ချိတ်ကာ ရပ်နေကြရာ လှပသော မြင်ကွင်း တစ်ခု ဖြစ်နေလေသည်။

"လျန်ယင်... မကြာခင် နင်လည်း တစ်ယောက် မွေးနိုင်တော့မှာပါ... အားမကျပါနဲ့ ဟီးဟီး" ယန်ရွှယ် က နောက်ပြောင်လိုက်သည်။

"အစ်မ ယန်ရွှယ် လည်း အတူတူပဲလေ... အချိန်ကျရင် ကျွန်မတို့ အမိုက်စား မေမေ သုံးယောက် ကလေးတွေကို ခေါ်ပြီး ကစားကွင်း သွားကြမယ်... တွေးကြည့်ရုံနဲ့တင် အရမ်း ပျော်ဖို့ ကောင်းနေပြီ" လျန်ယင် ၏ လှပသော မျက်လုံးများတွင် မျှော်လင့်ချက်များ တောက်ပနေသည်။

"ဟားဟား... ဒီအကြံ မဆိုးဘူး" ဆွန်ဖုန်းက ရယ်မော၍ ပြောလိုက်သည်။

ထို့နောက် ဆွန်ဖုန်း သည် အလုပ်ကိစ္စများကို ဆက်မလုပ်တော့ပေ။ ဤတစ်လလုံး အိမ်တွင် နေကာ ဟယ်မင်ယီ ကို မီးတွင်းထဲ၌ ပြုစုစောင့်ရှောက်ရန် ဆုံးဖြတ်လိုက်သည်။ ပိုက်ဆံ ဆိုသည်မှာ ဘယ်တော့မှ ရှာ၍ မကုန်နိုင်ပေ။

ဒုတိယနေ့တွင် ဆွန်ဖုန်း နှင့် ဟယ်မင်ယီ တို့ကို အနည်းငယ် အံ့အားသင့်စေသည်မှာ၊ ဟယ်မင်ယီ ၏ မိဘများက မည်သည့်နေရာမှ သတင်းရသွားသည် မသိ၊ အဝေးကြီးမှနေ၍ ပြည်တွင်းမှ လေယာဉ်ဖြင့် ရောက်ရှိလာကြသည်။ ရောက်ရောက်ချင်း ဆွန်ဖုန်း ထံ ဖုန်းဆက်ကာ ဆေးရုံသို့ တန်းပြီး ပြေးလာကြလေသည်။

အခန်းထဲတွင် ဟယ်မင်ယီ ၏ မျက်နှာသွေးရောင်မှာ မနေ့ကထက် များစွာ ကောင်းမွန်လာပြီး ကလေးကိုလည်း ထုတ်လာကာ ဟယ်မင်ယီ က ချီထားပြီး ချော့မြှူနေသည်။ ကလေးလေးက မွေးကင်းစ ဖြစ်သဖြင့် အလွန် အိပ်မက်ကြီးပြီး နို့စို့ချိန်မှလွဲ၍ အမြဲ အိပ်နေတတ်သည်။ သို့သော် သန်းခေါင်ယံ အချိန်တွင်မူ အလွန် နိုးကြားနေတတ်ပြီး တစ်ချက် နှစ်ချက် ငိုတတ်သဖြင့် ဆွန်ဖုန်း ၏ အမေမှာ မျက်ကွင်းများပင် ညိုနေလေသည်။

ကလေး ရလာသောအခါ တကယ်ကို အလုပ်ရှုပ်သည်ကို ယခုမှ ဆွန်ဖုန်း သိလိုက်ရသည်။

"အမယ်လေး... ငါ့ သမီးလေးရယ်... မြေးလေး မွေးတာကိုတောင် အဖေ့ကို မပြောဘူး... မင်းက ငါ့ကို ဒေါသထွက်ပြီး သေစေချင်နေတာလား" ယနေ့ ဆွန်ဖုန်း၊ အမေ နှင့် လျန်ယင် တို့သည် အခန်းထဲတွင် ဟယ်မင်ယီ ကို အဖော်ပြုပေးနေကြသည်။ ဤအချိန်တွင် ဆွန်ဖုန်း ၏ ဖုန်းလမ်းညွှန်မှုဖြင့် ဤယောက္ခမကြီးက သူ၏ မိန်းမငယ်လေးကို ခေါ်ကာ ဝင်လာလေသည်။ ဪ မဟုတ်ဘူး၊ ဟယ်မင်ယီ ၏ မိထွေး ကို ခေါ်ကာ ဝင်လာခြင်း ဖြစ်သည်။

ဤယောက္ခမကြီး ဝင်လာသည်နှင့် အနည်းငယ် ဒေါသထွက်နေပုံ ရသော်လည်း မကြာမီ သူ၏ အကြည့်များက ဟယ်မင်ယီ ၏ လက်ထဲရှိ ဆွန်ရွှိုက် ထံသို့ ရောက်သွားပြီး အိုမင်းနေသော မျက်လုံးများမှာ ချက်ချင်းပင် မခွာနိုင်တော့ပေ။

"သမီး... ဟဲဟဲ... အဖေ့ကို မြေးလေး ပေးချီပါဦး" ယောက္ခမကြီး ဟယ်လင် က လက်ကို ပွတ်ကာ ဟယ်မင်ယီ ၏ ရှေ့သို့ ပြေးသွားပြီး ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

"အဖေ ဘာလို့ လာတာလဲ" ဟယ်မင်ယီ က မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြီး ယောက္ခမကြီး နောက်ရှိ မိထွေးကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

"အဟမ်း အဟမ်း... သမီး ကလေးမွေးတာ အဖေက ဘယ်လိုလုပ် မလာဘဲ နေမလဲ" ယောက္ခမကြီး မှာ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

ဆွန်ဖုန်း ၏ အမေ လည်း အခြေအနေ မဟန်သည်ကို ရိပ်မိလိုက်သည်။ သူမ၏ အမြင်စူးရှမှုဖြင့် ချွေးမလေးနှင့် မိဘများကြားတွင် ပြဿနာ အနည်းငယ် ရှိနေကြောင်း ချက်ချင်း သိလိုက်သည်။

"ဟင်းဟင်း... ဒီနှစ်ယောက်က မင်ယီ ရဲ့ မိဘတွေ ဖြစ်မယ်... ခမည်းခမက်တို့ မင်္ဂလာပါ... ကျွန်မက ဆွန်ဖုန်း ရဲ့ အမေပါ" ဆွန်ဖုန်း ၏ အမေက ချက်ချင်း ရှေ့ထွက်ကာ နှုတ်ဆက်လိုက်သည်။

"ဪ... ခမည်းခမက်ကိုး... မင်္ဂလာပါ မင်္ဂလာပါ"

"မင်ယီ... ကလေးကို သမီး မိဘတွေကို ပေးချီလိုက်လေ"

အမေက ပြောလိုက်သဖြင့် ဟယ်မင်ယီ က မကျေမနပ်ဖြင့် ကလေးကို ဟယ်လင် ထံ ကမ်းပေးလိုက်သည်။ ဟယ်လင် က ဆွန်ဖုန်း ၏ အမေကို ကျေးဇူးတင်စွာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ဆွန်ရွှိုက် ကို ဝမ်းသာအားရဖြင့် လှမ်းယူလိုက်သည်။ အဘိုးအဘွား နှစ်ယောက်က ကလေးကို ချီကာ အလွန် ပျော်ရွှင်နေကြလေသည်။

"အမယ်လေး... လိမ္မာလိုက်တဲ့ မြေးလေး... အဘိုး လို့ ခေါ်... အဘိုး လို့ ခေါ်ရင် အဘိုးက သကြားလုံး ကျွေးမယ်... ပြီးတော့ အစ်မချောချောလေးတွေနဲ့လည်း မိတ်ဆက်ပေးမယ်" ဟယ်လင် က လက်လှမ်းကာ ဆွန်ရွှိုက် ကို ချော့မြှူလိုက်သည်။

"ဖူး..."

ကောင်းပါပြီ။ ဟယ်လင် ဤအဘိုးကြီးက အလွန် ပျော်ရွှင်သွားပြီး သူ၏ ပင်ကိုယ် စရိုက်ကို ထုတ်ဖော်လိုက်ပြန်ပြီ။ သူက တကယ့်ကို ပွေရှုပ်သော မုန်လာဥဟောင်းကြီးပင် ဖြစ်သည်။ ဆွန်ရွှိုက် မှာ ဤကဲ့သို့သော အဖေ ရှိပြီး ဤမျှ လန်းသော အဘိုး ရှိနေသဖြင့် အနာဂတ်တွင် မိန်းမ မလိုက်ဘဲ နေပါ့မလား။ မိန်းကလေး တစ်အုပ်ကြီးကို မပတ်သက်ဘဲ ဘဝက ဘယ်လိုလုပ် ပြီးပြည့်စုံနိုင်မလဲ။

"သမက်ရေ... ကလေး နာမည်က ဘယ်လို ခေါ်လဲ" ဟယ်လင် က ပျော်ရွှင်စွာ ဆော့ကစားပြီးနောက် ကလေးကို သမီးထံ မလွှဲချင်လွှဲချင်ဖြင့် ပြန်ပေးလိုက်ပြီး ဆွန်ဖုန်း ၏ အနားသို့ ကပ်ကာ မေးလိုက်သည်။

"ဆွန်ရွှိုက်" ဆွန်ဖုန်းက ဖြေလိုက်သည်။

"ဪ... ဒီနာမည် ကောင်းတယ်... နောင်ကျရင် သေချာပေါက် စူပါ လူချောကြီး ဖြစ်လာမှာ... ငါတို့ ဟယ် မိသားစုရဲ့ ပြီးပြည့်စုံတဲ့ မျိုးရိုးဗီဇကို သေချာပေါက် ဆက်ခံမှာ... နောင်ကျရင် ကောင်မလေးတွေ သေချာပေါက် ဝိုင်းဝိုင်းလည်နေမှာ" ဟယ်လင် က အလွန် ဝမ်းသာစွာဖြင့် ပြောလိုက်သည်။ သူ၏ တစ်ဦးတည်းသော သမီးက သူ့အတွက် မြေးလေး တစ်ယောက် မွေးပေးလိုက်သည်ကို မြင်သောအခါ သူ အလွန် ကျေနပ်ပြီး ပျော်ရွှင်နေပြီ ဖြစ်သည်။

"အဖေ... ဘာတွေ ပြောနေတာလဲ" ဟယ်မင်ယီ က အေးစက်စွာ ပြောလိုက်သည်။

"ဪ... ဘာမှ မဟုတ်ပါဘူး... ဆွန်ရွှိုက် က နောင်ကျရင် သေချာပေါက်... သေချာပေါက်... အင်း... ကြီးကျယ်တဲ့ သိပ္ပံပညာရှင်ကြီး ဖြစ်လာမှာလို့ ပြောတာပါ"

"......"

All Chapters