← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇ ကလေးကို အရသာ ပြောင်းတိုက်ခြင်း

ထို့နောက် ဆွန်ဖုန်း သည် စူးမေး ထံ ဖုန်းဆက်လိုက်သည်။

ဆွန်ဖုန်းက ရှန်းဖုန်း ရေနံမြေမှ ရေနံများကို ကျင်းချန် ရေနံကုမ္ပဏီသို့ ရောင်းချမည့် အကြောင်း စူးမေးကို ပြောပြလိုက်ပြီး တစ်ဖက် ကုမ္ပဏီနှင့် အမြန်ဆုံး ဆက်သွယ်ကာ ဈေးနှုန်း ကိစ္စ ဆွေးနွေးရန် အချိန်ချိန်းဆိုခိုင်းလိုက်သည်။

"သူဌေး ဒါဆို ကျွန်မကို ပေးမယ့် အောက်ဆုံး ဈေးနှုန်းက ဘယ်လောက်လဲ"

စူးမေး ၏ အသံက ယခင်အတိုင်း ညို့ဓာတ်ပြင်းကာ ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်သည်။

"အင်း လက်ရှိ နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးက ၇၀ ကနေ ၈၀ ဒေါ်လာလောက် အတက်အကျ ရှိတယ် ငါ မင်းကို ပေးမယ့် အောက်ဆုံး ဈေးနှုန်းက တစ်စည်ကို ၆၈ ဒေါ်လာပဲ အချိန်ကျရင် မင်းရဲ့ အရည်အချင်း အပေါ်ပဲ မူတည်တော့တယ် ဘယ်လောက် ဈေးရမလဲ ဆိုတာကိုပေါ့"

ဆွန်ဖုန်းက ပြန်ဖြေလိုက်သည်။

မိမိ နိုင်ငံ တရုတ်ကို ရောင်းမည့် ရေနံ ဖြစ်သဖြင့် အရမ်း ဈေးကြီးရန် မလိုပေ။

မည်သို့ပင်ဖြစ်စေ လက်ရှိတွင် ဆွန်ဖုန်း အနေဖြင့် ငွေကြေး သိပ်မလိုချင်သေးပေ (ရေနံ ဈေးနှုန်းကို ဤစာအုပ်ပါ အတိုင်း မှတ်ယူရန်)။

"ရပါတယ်"

စူးမေးက ချွဲနွဲ့စွာ ပြောလိုက်သည်။

"သူဌေး ရှင် သားလေး ရပြီဆို ဂုဏ်ယူပါတယ်နော်"

"ဟဲ အတူတူပါပဲ ငါ အနစ်နာခံပြီး အားစိုက်ပေးရမလား မင်းလည်း တစ်ယောက်လောက် မွေးရအောင် တကယ်ပြောတာ ကလေးလေးတွေက တကယ်ကို ချစ်စရာ ကောင်းတာနော်"

ဆွန်ဖုန်းက ဟဲဟဲ ရယ်ကာ ပြောလိုက်သည်။

"ဟွန့် ရှင်က အခု မိန်းမ သုံးယောက်ကိုတောင် ကိုယ်ဝန် ရအောင် လုပ်ထားပြီးတော့ ကျွန်မကိုပါ ကြံစည်ချင်သေးတယ် ဟုတ်လား ဟွန့် မဖြစ်နိုင်ပါဘူး"

စူးမေးက မျက်ခုံးပင့်ကာ တိုက်ရိုက် ငြင်းဆိုလိုက်သည်။

"ဘာကြောက်စရာ ရှိလို့လဲ မင်း တစ်ယောက် ထပ်တိုးတော့ အမိုက်စား မေမေ လေးယောက် မာကျောက် တစ်ဝိုင်း ကွက်တိ ဖြစ်သွားတာပေါ့"

"ကျွန်မတော့ မလုပ်တော့ပါဘူး ဒါပေမယ့် ရှင် ဝူမုန်ရှင်း လေးကို သိမ်းပိုက်ဖို့တော့ စဉ်းစားသင့်တယ် ဒီရက်ပိုင်း သူ တော်တော်လေး စိတ်ညစ်နေတာ လျန်ယင် နဲ့ ယန်ရွှယ် တို့ ကိုယ်ဝန် ရသွားပြီ ဆိုတာ ကြားတော့ သူ စိတ်ပူပြီး ငိုတောင် ငိုတော့မလို့"

ဖုန်းထဲမှ စူးမေး၏ ရယ်သံလေး ထွက်ပေါ်လာသည်။

"အစ်မမေး ဘာတွေ ပြောနေတာလဲ ကျွန်မ ဘာလို့ စိတ်ညစ်ရမှာလဲ ဘာကို စိတ်ပူရမှာလဲ"

ဆွန်ဖုန်း သည် စူးမေး ဘက်မှနေ၍ ဝူမုန်ရှင်း ၏ ရှက်သွေးဖြာစွာ ငြင်းဆိုနေသော အသံကို ကြားလိုက်ရသည်။

"ဟားဟား ဒါကိုတော့ စဉ်းစားလို့ ရတယ်"

ဆွန်ဖုန်းက လူဆိုး အပြုံးဖြင့် ရယ်မောလိုက်သည်။

ဝူမုန်ရှင်း ကို သိမ်းပိုက်ဖို့ ဆိုတာ စဉ်းစားသင့်တဲ့ ကိစ္စပဲ။

"လူဆိုးကြီး ရှင့်ကို ဆက်မပြောတော့ဘူး ဒီဘက်မှာ အလုပ်များနေတယ် ဖုန်းချလိုက်တော့မယ်နော်"

စူးမေးက တခစ်ခစ် ရယ်ကာ ပြောလိုက်သည်။

ဝူမုန်ရှင်း ရှက်နေသည်ကို ရယ်တာလား ဒါမှမဟုတ် အခြား အကြောင်းကြောင့် ရယ်တာလား ဆိုတာတော့ မသိပေ။

"အေး"

ဒီရက်ပိုင်းအတွင်း ဟယ်မင်ယီ ကို အိမ်သို့ ခေါ်လာပြီး ကလေးကိုလည်း ခေါ်လာခဲ့ပြီ ဖြစ်သည်။

ဆွန်ဖုန်း ၏ မျိုးစေ့ ဖြစ်သဖြင့် ကလေး၏ အသက်ရှင်သန်နိုင်စွမ်းက အလွန် ကောင်းမွန်ပြီး ကြီးကြီးမားမား ပြဿနာ ဘာမှ မရှိပေ။

"ဆွန်ဖုန်း ကလေး သေးပေါက်ချလိုက်ပြန်ပြီ လာ သေးခံ လာလဲပေးပါဦး"

အခန်းထဲမှ ဟယ်မင်ယီ ၏ အသံ ထွက်လာသည်။

ခွဲစိတ်ထားသည်မှာ မကြာသေးသဖြင့် သူမက များသောအားဖြင့် ကုတင်ပေါ်တွင်သာ လှဲနေရပြီး ဤကဲ့သို့ ရှုပ်ထွေးသော အလုပ်များကို ဆွန်ဖုန်းကိုသာ လုပ်ခိုင်းလေသည်။

"အမယ်လေး ငါ့ ဘိုးဘေးလေးရယ် ဘယ်လိုဖြစ်ပြီး သေးပေါက်ချလိုက်ပြန်တာလဲ"

ဆွန်ဖုန်း ဖုန်းချလိုက်သည်နှင့် ဟယ်မင်ယီ ၏ အကူအညီ တောင်းသံကို ကြားလိုက်ရသည်။

"လာပြီ လာပြီ"

ဆွန်ဖုန်း ချက်ချင်း ဧည့်ခန်းမှ အခန်းထဲသို့ ပြေးဝင်သွားသည်။

ကလေးများ၏ သန့်ရှင်းရေးကို ငယ်ငယ်ကတည်းက သေချာ ဂရုစိုက်ရမည် မဟုတ်ပါလား။

တံခါးဝသို့ ရောက်သည်နှင့် ဆွန်ဖုန်း၏ ယောက္ခမကြီးက တံခါးဝတွင် ပိတ်ရပ်ကာ ချောင်းဟန့်၍ "အဲဒါ သမက် ဒီလို ကိစ္စကို အဖေ လုပ်လိုက်မယ် အဖေ့ မျက်နှာကို ထောက်ပြီး အဖေ့ မြေးလေးနဲ့ များများ ရင်းနှီးခွင့်ပေးပါဦး နောက်ကျရင် အဖေ သေခါနီးရင် ရင်းနှီးချင်လို့တောင် အခွင့်အရေး ရမှာ မဟုတ်တော့ဘူး" ဟု ပြောလိုက်သည်။

နောက်ဆုံး စကားကိုတော့ ယောက္ခမကြီးက ဆွန်ဖုန်းကို တိုးတိုးလေး ကပ်ပြောလိုက်ခြင်း ဖြစ်သည်။

"အာ လုပ်ပါ ခင်ဗျာ"

ဆွန်ဖုန်း မှာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားသည်။

မိမိ ယောက္ခမကြီး ဘာစိတ်ကူးပေါက်နေသည် မသိ အမြဲတမ်း ကလေးကို ချီပြီး ဆော့ချင်နေသည်။

သို့သော် သူက ကလေးနှင့် ထိတွေ့ခွင့် သိပ်မရပေ။

ပုံမှန်အားဖြင့် ကလေးက ဟယ်မင်ယီ ၏ ရင်ခွင်ထဲတွင်သာ ရှိနေပြီး ယောက္ခမကြီး အနေဖြင့် ဝင်ပါခွင့် မရပေ။

ဟယ်မင်ယီ ၏ မျက်နှာထားကို မြင်လျှင် သမီးဆီမှ ကလေးကို မတောင်းရဲပေ။

ထို့ကြောင့် ကလေး သေးပေါက် ချေးပါ ဤကဲ့သို့ ကိစ္စမျိုး ပေါ်လာချိန်တွင် ဤယောက္ခမကြီး၏ နားက အလွန် ပါးပြီး အမြဲတမ်း ရှေ့ဆုံးမှ ပြေးလာတတ်ကာ အလွန် အလုပ်ကြိုးစားလေသည်။

"ဟဲဟဲ ဒီလုပ်ရပ် အတွက် မင်းကို အဖေ အမှတ်ပြည့် ပေးတယ်"

ယောက္ခမကြီးက ချက်ချင်းပင် ဝမ်းသာအားရ ပြေးဝင်သွားလေသည်။

မကြာမီ အခန်းထဲမှ ယောက္ခမကြီး၏ အံ့ဩသံများ ထွက်ပေါ်လာသည်။

"အမယ်လေး အဘိုး ရဲ့ မြေးလေးက တကယ်ကို မိုက်တာပဲ ဒီပစ္စည်းလေးက အရမ်း ကြီးတာပဲ နောင်ကျရင် သေချာပေါက် ဘယ်ညာ ဖက်မှ ကျေနပ်မယ့် ကောင်လေး ဖြစ်မှာ"

အခန်းထဲတွင် ဆွန်ဖုန်း နှင့် ဟယ်မင်ယီ တို့က ဟယ်လင် ကို ကြည့်ကာ မျက်နှာတွင် အမည်းစက်များ ပေါ်လာကြသည်။

လခွီး ဒီအဘိုးကြီး အရင်က ကြည့်ရတာ အောင်မြင်တဲ့ လူတစ်ယောက် ပုံစံမျိုး ဗဟုသုတ ကြွယ်ဝပြီး ဉာဏ်ရည်မြင့်ကာ အဆင့်အတန်း မြင့်တဲ့ လူတစ်ယောက် ပုံစံမျိုးက အခုကျတော့ ဘာလို့ ဒီလောက်တောင် ညစ်ပတ်တဲ့ အတွေးတွေ ဝင်နေရတာလဲ။

လူတွေက တကယ်ကို မျက်နှာ နှစ်ဖက် ရှိတာပဲ။

"မိန်းမ မိန်းမ ခေါ်ခိုင်းထားတဲ့ နို့ထိန်းတွေ ရပြီလား နို့ထိန်း များများရှာ ဒီကလေးကို အရသာ ပြောင်းတိုက်ရမယ် တစ်မျိုးတည်း သောက်နေရင် လူတွေတောင် အအ သွားလိမ့်မယ် ကြည့် အခု သူ အဘိုးကို မြင်ရင်တောင် မပြုံးတော့ဘူး"

သေးခံ လဲပြီးနောက် ယောက္ခမကြီးက အပြင်ရှိ သူ၏ ဒုတိယ ဇနီးကို အော်မေးလိုက်သည်။

"ရပြီ ရပြီ ကိုရီးယားကော ဂျပန်ကော အင်္ဂလန်ကော အရှေ့တောင်အာရှကော အမေရိကန်ကော အကုန် ရှိတယ် အာ အာဖရိကကော ယူမလား"

နောက်တစ်စက္ကန့်တွင် ဆွန်ဖုန်း ၏ မိထွေး ယောက္ခမ က အပြင်မှ အသက် နှစ်ဆယ်ကျော် အရွယ် နို့ထိန်း တစ်အုပ်ကို ခေါ်ကာ ပြေးဝင်လာပြီး မေးလိုက်သည်။

ဆွန်ဖုန်း နှင့် ဟယ်မင်ယီ တို့ အချင်းချင်း ကြည့်ကာ အဘိုးကြီး အဘွားကြီး နှစ်ယောက်၏ လုပ်ရပ်ကြောင့် လုံးဝ လက်မြှောက် အရှုံးပေးလိုက်ရသည်။

ဆွန်ဖုန်းက သူ့ကိုယ်သူ အတော်လေး အားကိုးမရဘူးဟု ထင်ထားခဲ့သော်လည်း ဤယောက္ခမကြီးက ပိုဆိုးနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဟေ့ မင်းကွာ အလုပ်လေး တစ်ခု ခိုင်းတာကိုတောင် သေချာ မလုပ်နိုင်ဘူး နေ့ဘက်ဆို စားဖို့ပဲ သိတယ် ညဘက်ကျတော့လည်း အော်ဖို့ပဲ သိတယ် အာဖရိကက နို့ထိန်းကို ခေါ်လာပြီး ဘာလုပ်မှာလဲ မည်းမည်းသည်းသည်းကြီး ကလေးက မြင်တာနဲ့ ဘယ်လိုလုပ် စားချင်စိတ် ရှိတော့မှာလဲ"

ယောက္ခမကြီးက ဇနီးသည်ကို မျက်စောင်းထိုးကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ကောင်းပါပြီ ကောင်းပါပြီ ဒါဆို အခုပဲ အဲဒီ အာဖရိက နို့ထိန်းကို ပြန်လွှတ်လိုက်မယ်"

မိထွေး ယောက္ခမ က အဆူခံရမှ သဘောပေါက်သွားပြီး ချက်ချင်း အပြင်သို့ ပြေးထွက်သွားသည်။

"အင်း ဒီလိုလုပ် မိန်းမ ဂျပန် နို့ထိန်း များများ ထပ်ရှာလိုက် ဒီနိုင်ငံက အရသာက အရမ်း မိုက်တယ်လို့ ကြားတယ် အဘိုး မြေးလေး သေချာပေါက် ကြိုက်မှာ"

"ကောင်းပြီ ဘယ်နှစ်ယောက်လောက် လိုချင်လဲ"

"လေးငါးယောက်လောက်ပေါ့"

ယောက္ခမကြီးက ခဏ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"အများကြီးပဲ ကလေးက အကုန် သောက်နိုင်ပါ့မလား"

"မြေးလေး အကုန် မသောက်နိုင်ရင်လည်း အဟမ်း အဟမ်း အဘိုး ကူသောက်ပေးလို့ ရတာပဲ"

"ဪ ကောင်းပါပြီ"

ယခုအချိန်တွင် ဆွန်ဖုန်း မှာ ရယ်ချင်စိတ်ကို မနည်း အောင့်ထားရသည်။

ထိုအချိန်မှာပင် သူ၏ ဇနီး ဟယ်မင်ယီ ၏ မျက်နှာမှာ စိမ်းပြာရောင်မှ အနီရောင်သို့ ပြောင်းသွားပြီးနောက် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

"ဟယ်လင် အခု ချက်ချင်း ထွက်သွားစမ်း"

"ဘာလဲ သမီး နို့ထိန်းတွေက မကြိုက်လို့လား"

ဟယ်လင် မှာ ဟယ်မင်ယီ ၏ အော်သံကြောင့် အံ့ဩသွားသည်။

"အရမ်း ကျေနပ်တယ် အရမ်းကို ကျေနပ်တယ် ဒါပေမယ့် အဖေ့ကို အရမ်း မကျေနပ်ဘူး ဒီအတိုင်း ဆက်သွားရင် ကျွန်မ ကလေး နောင်ကျရင် ဘယ်လို ပုံစံ ဖြစ်သွားမလဲ ဆိုတာ မသိတော့ဘူး"

ဟယ်မင်ယီ က ဒေါသတကြီး ပြောလိုက်သည်။

"ဒါကိုတော့ ကျွန်တော် ထောက်ခံတယ်"

ဆွန်ဖုန်းက လက်ထောင်ကာ ထောက်ခံလိုက်သည်။

မှန်ပေသည် ကလေးကို ငယ်ငယ်ကတည်းက သေချာ ပညာပေးရမည် ဤကဲ့သို့ ညစ်ပတ်သော အရာများကို သင်ပေး၍ မရပေ။

ဤကဲ့သို့သော ကိစ္စမျိုးကို ကလေး အသက် ဆယ့်ခြောက်နှစ် ပြည့်ပြီးမှသာ ဆွန်ဖုန်း က သင်ပေးမည် ဖြစ်သည်။

"အဟမ်း အဟမ်း ဒါဆိုလည်း ကောင်းပြီလေ အဖေ အရင် ထွက်သွားမယ်"

ဟယ်လင် က ရှက်ကိုးရှက်ကန်း ပြုံးကာ အပြင်သို့ ထွက်သွားလေသည်။

"ကလေးကို ထားခဲ့ သမီး ဘာသာ လုပ်မယ်"

မကြာမီ ယန်ရွှယ် ပြန်ရောက်လာသည်။

ဆွန်ဖုန်း၏ မိဘများလည်း ဟိုဘက်ကို ဘေးကင်းစွာ ရောက်သွားပြီ ဖြစ်ကြောင်း ဆွန်ဖုန်း သိလိုက်သည်။

ယန်ရွှယ် ပြန်ရောက်လာသဖြင့် ဟင်းချက်စရာ ကိစ္စများကို သူမက တာဝန်ယူလိုက်သည်။

ကလေးကို ပြုစုစောင့်ရှောက်ရန် အတွက် နို့ထိန်း အချို့ ငှားထားသော်လည်း အိမ်အကူ မငှားထားပေ။

တကယ်တော့ ဆွန်ဖုန်း လည်း ငှားချင်သော်လည်း ဟယ်မင်ယီ က သူစိမ်းများ ဝင်လာသည်ကို သိပ်မကြိုက်ပေ။

ကလေး နို့တိုက်ရမည် မဟုတ်ပါက သူမက နို့ထိန်းကိုပင် ငှားချင်မည် မဟုတ်ပေ။

နောက်ရက်အနည်းငယ် အကြာတွင် စူးမေး က ဆွန်ဖုန်းထံ သတင်းပို့လာသည်။

သူမသည် ကျင်းချန် ကုမ္ပဏီ၏ ရေနံချက် လက်အောက်ခံ ကုမ္ပဏီ ရုံးချုပ်နှင့် ဆက်သွယ်ပြီးပြီ ဖြစ်ကြောင်း သုံးရက် အကြာတွင် သူမနှင့် ဝူမုန်ရှင်း တို့ နှစ်ယောက် စိန့်ဂျွန်မြို့သို့ သွားရောက်ကာ တစ်ဖက် ကုမ္ပဏီနှင့် စတင် ဆွေးနွေးတော့မည် ဖြစ်ကြောင်း ပြောလာသည်။

ဟိုင်ယန်မြို့ရှိ သံမဏိ စက်ရုံသစ်၏ သံတုံးများ သံချောင်းများနှင့် အထူး သံမဏိ ထုတ်လုပ်ရေး လိုင်းများမှာ စတင် ထုတ်လုပ်နေသည်မှာ နှစ်ပတ် ရှိပြီဖြစ်ပြီး အရာအားလုံး ပုံမှန် လည်ပတ်နေသည်။

မားစ် သံရိုင်းတွင်း ဘက်တွင်လည်း အခြေအနေက တည်ငြိမ်နေဆဲ ဖြစ်ပြီး လက်ရှိ သံမဏိ လုပ်ငန်းမှာ အရောင်းအဝယ် အေးနေသဖြင့် အရောင်းပမာဏမှာ အမြဲတမ်း နိမ့်ကျနေသည်။

ဆွန်ဖုန်း သည် စူးမေး နှင့် ကျင်းချန် ရေနံကုမ္ပဏီတို့ ဈေးနှုန်း ညှိနှိုင်းမှု ပြီးဆုံးကာ ရှန်းဖုန်း ရေနံမြေမှ လက်ရှိ ရေနံစည် ၆ သိန်းကို ရောင်းချပြီးသည်နှင့် ဟယ်မင်ယီ တို့ကို ခေါ်ကာ နှစ်သစ်ကူး အိမ်ပြန်ရန် ဆုံးဖြတ်လိုက်သည်။

အခြား ကိစ္စရပ်များကိုတော့ နှစ်သစ်ကူး ပြီးမှသာ ဆက်ပြောရန် ဆုံးဖြတ်လိုက်သည်။

ဟယ်မင်ယီ လမ်းလျှောက်နိုင်လာသောအခါ ဆွန်ဖုန်း သည် သူမကို ခေါ်ကာ ထိုဒေသတွင် လက်ထပ်စာချုပ် သွားလုပ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် စိန်လက်စွပ် ဝယ်ရန်ပါ ခေါ်သွားခဲ့သည်။

မင်္ဂလာပွဲကို ရိုးရှင်းစွာ ကျင်းပနိုင်သော်လည်း မင်္ဂလာ လက်စွပ်တော့ သေချာပေါက် ရှိရမည် ဖြစ်ပြီး ကြီးကျယ်ခမ်းနားနေရမည်။

လွန်ခဲ့သော တစ်ပတ်ကျော်ကတည်းက ဆွန်ဖုန်း သည် နေရာအနှံ့ စုံစမ်းပြီးနောက် လေလံပွဲ တစ်ခုတွင် ကာရက် ၅၀ ရှိသော စူပါ စိန်လက်စွပ်ကြီး တစ်ကွင်းကို ဝယ်ယူခဲ့သည်။

ဟယ်မင်ယီ ကို ပေးရန် အတွက် ဖြစ်သည်။

ဤစိန်လက်စွပ်ကြီး အတွက် ဆွန်ဖုန်း အနေဖြင့် အမေရိကန် ဒေါ်လာ ၃၅ သန်း အကုန်အကျ ခံခဲ့ရသည်။

သို့သော် ကံကောင်းသည်မှာ လက်ရှိတွင် ဆွန်ဖုန်း ထံ၌ အပိုငွေ အနည်းငယ် ရှိနေသေးသည်။

ယခင်က ရှန်းဖုန်း ရေနံမြေ တူးဖော်ရန် အတွက် သူ၏ ထံတွင် လည်ပတ်ငွေ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ခန့် ရှိခဲ့သည်။

သို့သော် လက်ရှိတွင် ရေနံတွင်း ဆယ်တွင်းကျော်သာ တူးဖော်ရသေးသဖြင့် ရင်းနှီးမြှုပ်နှံရသည့် ငွေကြေး ပမာဏ သိပ်မများသေးဘဲ လက်ထဲတွင် အပိုငွေ အများအပြား ကျန်ရှိနေသေးသည်။

ထို့ကြောင့် ဤစိန်လက်စွပ်ကြီးကို ဝယ်ယူခြင်းက သွေးထွက်လွန်ခြင်းမျိုး မဖြစ်စေခဲ့ပေ။

ဆွန်ဖုန်း သည် ဤစိန်လက်စွပ်ကြီးကို ကိုင်ကာ ဗန်ကူးဗားရှိ ရင်ပြင် တစ်ခုပေါ်တွင် ဟယ်မင်ယီ ကို လူအများရှေ့ ဒူးတစ်ဖက် ထောက်ကာ စိန်လက်စွပ်ဘူးကို ဖွင့်ပြီး ဟယ်မင်ယီ ၏ ရှေ့သို့ ကမ်းပေးကာ လေးနက်စွာဖြင့် ပြောလိုက်သည်။

"ဟယ်မင်ယီ ကိုယ့်ကို လက်ထပ်ပါနော်"

ယခုအချိန်တွင် ရင်ပြင်ပေါ်ရှိ သူစိမ်းများသည် ဤမြင်ကွင်းကို မြင်သောအခါ အားလုံး ဝိုင်းအုံလာကြပြီး ဆွန်ဖုန်း အတွက် အားပေးစကားများ ပြောကြလေသည်။

"လက်ထပ်လိုက်ပါ လက်ထပ်လိုက်ပါ"

"အိုမိုင်ဂေါ့ ဒါ ကာရက် ၅၀ စိန်လက်စွပ်မလား ဒီအလှလေးက တကယ်ကို ကံကောင်းတာပဲ"

"ကာရက် ၅၀ ဟုတ်လား ငါ မျက်စိ မှားနေတာများလား တကယ်လား အတုလား"

"တကယ်ဖြစ်ဖို့ များတယ်"

"လက်ထပ်လိုက်ပါ အတူတူ နေကြပါ"

ပတ်ဝန်းကျင်မှ လူများ အားလုံး အော်ဟစ် အားပေးနေကြသည်။

ဟယ်မင်ယီ မှာ ယခုအချိန်တွင် အလွန် ဝမ်းသာ ကြည်နူးနေပြီး သူမ နှင့် ဤလူဆိုးကြီး ဆွန်ဖုန်း ဘယ်လို သိခဲ့ကြသည် တစ်ဖက်လူက သူ့ကို ဘယ်လို စော်ကားခဲ့သည် နောက်ဆုံး သူတို့ နှစ်ယောက်မှာ အချစ်၏ အသီးအပွင့်လေး ရလာသည် အထိ အရာအားလုံးကို ပြန်လည် အမှတ်ရနေလေသည်။

ယခုတော့ နောက်ဆုံးတွင် ဤနေ့သို့ သူမ ရောက်လာခဲ့ပြီ ဖြစ်သည်။

"မင်ယီ သဘောတူတယ်"

ဟယ်မင်ယီ သည် မျက်ရည်များ ဝဲကာ ဆွန်ဖုန်း ကို ထူလိုက်ပြီး သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ဝမ်းသာလွန်း၍ ငိုချလိုက်လေသည်။

"လာ လိမ္မာတယ်နော် ကိုယ် လက်စွပ် စွပ်ပေးမယ်"

ဆွန်ဖုန်း က ဟယ်မင်ယီ ၏ ကျောပြင်လေးကို ဖွဖွလေး ပုတ်ကာ ပြောလိုက်သည်။

"အင်း"

မကြာမီ ဤစိန်လက်စွပ်ကြီးသည် လူအများ၏ သက်သေပြုမှု အောက်တွင် ဟယ်မင်ယီ ၏ လက်ခလယ် အတွင်းသို့ ရောက်ရှိသွားလေသည်။

"ကိုယ် မင်ယီ့ကို တစ်သက်လုံး ချစ်သွားမယ်"

"မင်ယီ လည်း ကိုကို့ကို တစ်သက်လုံး ချစ်သွားမယ်"

"ဝါး ဒါက ဒဏ္ဍာရီထဲက လူဖြူမင်းသားလေးနဲ့ နှင်းဖြူမင်းသမီးလေးတို့လား"

"ငါလည်း စိန်လက်စွပ်ကြီး လိုချင်တယ်"

"အရမ်း ရင်ခုန်စရာ ကောင်းတာပဲ"

"ချီး စိန်လက်စွပ်ကြီး မပါရင် ဒီလောက် ရင်ခုန်စရာ ကောင်းပါ့မလား"

"သွားရအောင် ငါတို့ မင်္ဂလာ ဓာတ်ပုံ သွားရိုက်ကြမယ် မင်္ဂလာဆောင်တာ အမှတ်တရ မရှိလို့ ဘယ်ဖြစ်မလဲ"

ဆွန်ဖုန်း က ဟယ်မင်ယီ ၏ လက်ကို ဆွဲကာ အပြင်သို့ ထွက်သွားလေသည်။

ဝိုင်းကြည့်နေသူ အားလုံးက လမ်းဖယ်ပေးလိုက်ကြသည်။

"ကောင်းပြီ"

All Chapters