အခန်း ၂၂၀
Vol. 22 Ch. 220
အခန်း ၂၂၀ နှစ်သစ်ကူး
ညစာ စားပြီးနောက် အမျိုးသမီးများနှင့် မိခင်တို့မှာ အခန်းထဲသို့ ဝင်ကာ စကားပြောနေကြပြီး ဧည့်ခန်းထဲတွင် ဆွန်ဖုန်း၊ ဖခင်ဖြစ်သူ၊ ယောက္ခမ ဖြစ်သူနှင့် ဝူမုန်ရှင်း ၏ ဖခင်တို့သာ ကျန်ရစ်ကာ ရွာသားများနှင့် စကားစမြည် ပြောဆိုနေကြသည်။
"တူကြီးရေ... မင်း ကုမ္ပဏီ ဖွင့်ထားတယ်လို့ ကြားတယ်... တကယ်လား" အိမ်နီးချင်းဖြစ်သူ ဦးလေးဆွန် က ဆွန်ဖုန်း ပေးထားသော တာ့ကျုံးဟွာ စီးကရက်ကို ဖွာရင်း မေးလိုက်သည်။
"ဟုတ်ကဲ့... အနည်းအကျဉ်းပါပဲ" ဆွန်ဖုန်းက ခေါင်းညိတ် ပြောလိုက်သည်။
"ဘာ ကုမ္ပဏီလဲ" အခြား လူကြီး တစ်ယောက်က မေးပြန်သည်။
"ဟိုင်ယန်မြို့မှာ သံမဏိ စက်ရုံ တစ်ရုံ ဖွင့်ထားပါတယ်" ဆွန်ဖုန်းက ပြောလိုက်သည်။ အခြား ကုမ္ပဏီများ အကြောင်းကိုတော့ သူ မပြောပြလိုပေ။
"ဟား... တူကြီး တော်တယ်နော်... သံမဏိ စက်ရုံတောင် ဖွင့်နိုင်ပြီ... အင်း... ဦးလေး မေးချင်တာက မင်းတို့ စက်ရုံမှာ လူသစ် ခေါ်ဦးမလား... ငါ့သား အာကော် က ဒီနှစ် ဒုတိယပိုင်းမှာ အလုပ်မရှိလို့ ပြန်ရောက်နေတာ... တူကြီး မင်း စက်ရုံမှာ လူခေါ်တယ် ဆိုရင် သူ သွားပြီး စမ်းကြည့်စေချင်တယ်" ဦးလေးဆွန် က မျက်နှာပြောင်တိုက်ကာ မေးလိုက်သည်။
"ခေါ်ပါတယ်... လက်ရှိ အလုပ်နေရာ အနည်းငယ် လိုနေသေးတယ်... အာကော် က ဒုက္ခခံနိုင်မယ် ဆိုရင် သွားပြီး စမ်းကြည့်လို့ ရပါတယ်" ဤကိစ္စမျိုးကို ဆွန်ဖုန်း အနေဖြင့် ငြင်းပယ်ရန် မဝံ့ရဲပေ။ သို့သော် တစ်ဖက်လူက အလုပ်ကို အပျော်သဘောမျိုး လုပ်ချင်နေပါကတော့ သူ တာဝန် မယူနိုင်ပေ။
"ပင်ပန်းလား"
"တော်တော်လေး ပင်ပန်းပါတယ်... အလုပ်ကြမ်း ဖြစ်လို့ပါ" ဆွန်ဖုန်းက ပြောလိုက်သည်။ လက်ရှိ သံမဏိ စက်ရုံတွင် ကုန်ကြမ်းသွင်းချိန်နှင့် ကုန်ချောထုတ်ချိန်တွင်သာ အလုပ်သမား လိုအပ်ပြီး အခြား နေရာများတွင် လူမခေါ်တော့ပေ။
"ဒါဆို... ပိုပေါ့တဲ့ အလုပ် မရှိဘူးလား... ဥပမာ- အဖွဲ့ခေါင်းဆောင်လိုမျိုးပေါ့" ဦးလေးဆွန်က ဆက်လက်၍ မေးမြန်းသည်။ အလုပ်ကြမ်း ဖြစ်ပါက လစာ သုံး၊ လေးထောင် ရသော အီလက်ထရွန်းနစ် စက်ရုံတွင်သာ အလုပ်လုပ်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။
"အဲဒါမျိုးတော့ တကယ် မရှိဘူး... အော်... လုံခြုံရေးဆိုရင်တော့ နည်းနည်း ပိုပေါ့တယ်... လစာက တစ်လကို နှစ်ထောင်ကျော်လောက် ရှိပါတယ်" ဆွန်ဖုန်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"လုံခြုံရေးလား... လစာက နည်းနည်း နည်းနေတယ်" ဦးလေးဆွန် က လက်ကို ပွတ်ရင်း ပြောသည်။ ပေါ့တော့ ပေါ့သော်လည်း လစာက နည်းနေသည်ကို သူ သဘောမကျပေ။
"ဦးလေး... ဒီလိုပြောပြမယ်... စီမံခန့်ခွဲရေးမှာ နေရာယူချင်ရင် အရည်အချင်း လိုတယ်... သက်ဆိုင်ရာ ပညာရပ်ပိုင်းဆိုင်ရာ အရည်အချင်း မရှိရင် လုပ်လို့ မရဘူး" ဆွန်ဖုန်း စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။ ရွာထဲမှ လူများမှာ ဤအတိုင်းပင် ဖြစ်သည်၊ အကောင်းဆုံးကိုသာ လိုချင်ကြပြီး အရည်အချင်း မရှိဘဲ ရာထူးပေးလိုက်ပါက ကုမ္ပဏီကိုသာ ဆွဲချသွားပေလိမ့်မည်။
"တူကြီးရေ... နောက်တံခါးလေး ဘာလေး ဖွင့်ပေးလို့ မရဘူးလား... မင်းက ကုမ္ပဏီပိုင်ရှင်ပဲလေ... အကုန်လုံးက မင်း စကားအတိုင်း ဖြစ်မှာ မဟုတ်ဘူးလား" ထိုသက်ကြီးရွယ်အိုမှာ လက်မလျှော့ဘဲ ပြောနေသည်။
စကားပြောရင်းနှင့် ဆွန်ဖုန်း ခေါင်းပင် ကိုက်လာသည်။ အလုပ်တောင်းတာ မဟုတ်ဘဲ ငွေချေးချင်သူများကလည်း ရှိသေးသည်။ အရင်နှစ်များက လာမလည်ကြဘဲ ယခု ကြီးပွားလာတော့မှ အားလုံး လာရောက် စုဝေးနေကြခြင်း ဖြစ်သည်။
အနိုင်နိုင် အားလုံးကို ပြန်လွှတ်လိုက်ပြီးမှ ဆွန်ဖုန်း ရေချိုးပြီး အိပ်စက်လိုက်သည်။ ညဘက်တွင် ကလေးကို အဘွားဖြစ်သူက ချီထားသဖြင့် ဟယ်မင်ယီ အနေဖြင့် အနည်းငယ် အနားရသည်။ ကလေးမွေးပြီး ရက်အနည်းငယ် အတွင်း ဟယ်မင်ယီ ပျော်ရွှင်ခဲ့သော်လည်း ကလေးက ညဘက်ဆိုလျှင် အမြဲ ငိုတတ်သဖြင့် ဆွန်ဖုန်းတို့ လင်မယား နှစ်ယောက်လုံး အိပ်မပျော်ကြချေ။
ကုတင်ပေါ်တွင် ဆွန်ဖုန်း က ဟယ်မင်ယီ ကို ဖက်ကာ "မိန်းမ... ကိုယ်တို့ အတူတူ မနေဖြစ်တာ ကြာပြီ... ဒီညတော့ ရမလား" ဟု ပြုံး၍ မေးလိုက်သည်။
"သွားပါ... လူကို သတ်ချင်နေတာလား" ဟယ်မင်ယီ က ဆွန်ဖုန်း ကို မျက်စောင်းထိုးကာ ကျောပေးလိုက်သည်။
"ကောင်းပါပြီ... ကိုယ်သည်းခံမယ်" လက်ရှိတွင် ယန်ရွှယ် နှင့် လျန်ယင် တို့ ကိုယ်ဝန် ရှိနေသဖြင့် အတူတူ နေ၍ မရသေးပေ။
"ဝူမုန်ရှင်း ကိုတော့ စဉ်းစားလို့ ရတယ်" ဟယ်မင်ယီ က ရုတ်တရက် ပြောလိုက်သည်။
"မိန်းမ... မင်းက တကယ် ကိုယ့်ကို နားလည်ပေးတာပဲ"
"အိပ်တော့"
ဒုတိယနေ့တွင် ဆွန်ဖုန်း သည် တစ်အုပ်လုံးကို ခေါ်ကာ ဇာတိရွာကို လှည့်လည် ပြသသည်။ ဆင်းရဲသော တောင်တန်းဒေသ၏ ရိုးရာဓလေ့များကို မြို့သူမြို့သားများက စိတ်ဝင်စားနေကြသည်။
အထူးသဖြင့် ယောက္ခမကြီး ဟယ်လင် က သူ အငြိမ်းစား ယူပြီးနောက် ဤနေရာသို့ ပြောင်းလာကာ အိမ်နီးချင်း ဖြစ်ချင်သည်ဟု ပြောသည်။ ဆွန်ဖုန်း မှာ ဤစကားကို ကြားပြီးနောက် စိတ်ထဲတွင် မနှစ်မြို့ပေ။ ဤသို့သာ လုပ်လိုက်ပါက ရွာထဲမှ မုဆိုးမများ အကုန် ဒုက္ခရောက်ကုန်တော့မည် မဟုတ်ပါလား။
နှစ်သစ်ကူး အချိန်သို့ ရောက်ရန် ရက်အနည်းငယ်သာ လိုတော့သည်။ ဆွန်ဖုန်း သည် မိဘများ၊ ယောက္ခမ၊ မိန်းကလေးများနှင့်အတူ နှစ်သစ်ကူးအတွက် စျေးဝယ်ထွက်ကြသည်။ စီးပွားရေးသုံး ကားထဲတွင် နှစ်သစ်ကူး စားစရာများ၊ မီးရှူးမီးပန်းများဖြင့် ပြည့်နှက်သွားသည်။
...
မနက်ရှစ်နာရီခန့်တွင် တံခါးကို ခေါက်သံ ကြားလိုက်ရသည်။
"အဖုန်း... မြန်မြန် ထတော့... ကြက်တွေ ငန်းတွေ သတ်ဖို့ ပြင်ထားရအောင်"
တံခါးကို ဒုန်းဒုန်း မြည်အောင် ခေါက်နေသဖြင့် အိပ်ရေးပျက်သွားကြသည်။
" အဖေက ခေါ်နေပြီ... သွားတော့လေ" ဟယ်မင်ယီ က ဆွန်ဖုန်းကို တွန်းလိုက်သည်။
ဆွန်ဖုန်း မျက်လုံး ပွတ်ရင်း ထကာ အဝတ်အစား လဲလိုက်သည်။ သူသိသည်၊ နှစ်သစ်ကူး အချိန်ဆိုလျှင် နတ်ပူဇော်ရမည် ဖြစ်ရာ ဤအလုပ်ကို မပျက်မကွက် လုပ်ရမည် ဖြစ်သည်။ သူ အယူသည်းသူ မဟုတ်သော်လည်း ဒါက ဘိုးဘွားများ ချမှတ်ထားသော ထုံးတမ်းစဉ်လာ ဖြစ်သည်။
အပြင်ရောက်သည်နှင့် ဖခင်ဖြစ်သူက စီးကရက် ဖွာရင်း စောင့်နေသည်။
"ကောင်လေး... ဒီနေ့ နှစ်သစ်ကူး မှန်း မသိဘူးလား... နောက်ကျမှ ထပြီး" ဖခင်ဖြစ်သူက စကားတစ်ခွန်း ပြောပြီး ယောက္ခမကြီး နှင့် ရှေးဟောင်း ပစ္စည်းများ အကြောင်း သွားရောက် လေ့လာနေသည်။
ဆွန်ဖုန်း အမြန် အလုပ် စတင်လိုက်သည်။ ဤအလုပ်မျိုးကို သူ ငယ်ငယ်ကတည်းက လုပ်တတ်ခဲ့သည်။
မကြာမီ မိန်းကလေးများလည်း ထလာကြသည်။ လျန်ယင် ကတော့ ကျေးလက် ကလေး ဖြစ်သဖြင့် အားကူပေးသည်။ ဆွန်ဖုန်း က အချို့သော အပျက်သဘော ဆောင်သော စိတ်ကူးရှိသူများကို သိပ်မနှစ်မြို့ပေ။ သွေးမြင်တာနဲ့ မူးလဲမယ့် လူတွေကို တောထဲ လွှတ်လိုက်ရင် တစ်ရက်တောင် မခံဘူးဟု တွေးလိုက်သည်။
နတ်ပူဇော်ခြင်း ကိစ္စများ ပြီးနောက် ညစာ စားကြသည်။ ဆွန်ဖုန်း ၏ အဖေ မှာ ဤညတွင် စိတ်ကြိုက် အရက်သောက်နိုင်သဖြင့် အလွန် ပျော်နေသည်။
"လာ လာ... တစ်ခွက် သောက်ကြမယ်... နှစ်သစ်မှာ ကျန်းမာပါစေ၊ အလုပ်အကိုင် အဆင်ပြေပါစေ၊ မိသားစု ပျော်ရွှင်ပါစေ"
"ခမည်းခမက်ရေ... ဒီ ကြက်သားက တကယ် အရသာရှိတယ်... ဝက်သားကလည်း ဒီလိုပဲ... အရမ်း အရသာ ရှိတယ်... မြို့က ဝက်သားလို ပျော့ညံ့ညံ့ မဟုတ်ဘူး" ယောက္ခမကြီး က ကျေးလက် အစားအစာများကို အလွန် နှစ်သက်နေသည်။
နှစ်သစ်ကူး ညစာ စားပွဲမှာ နှစ်နာရီခန့် ကြာမြင့်သည်။ ထမင်းစားပြီးနောက် ညနေ ငါးနာရီကျော်သာ ရှိသေးသည်။
ကျေးလက်၏ နှစ်သစ်ကူးတွင် လှုပ်ရှားမှု သိပ်မရှိပေ။ ဖဲရိုက်ခြင်း၊ မာဂျောင်ကစားခြင်း နှင့် ညစာ စားပွဲတွင် တီဗီကြည့်ခြင်းသာ ရှိသည်။
"ညကျရင် ထမင်းပေါင်း လုပ်မယ်... ဘယ်သူ လုပ်တတ်လဲ" အမေက မေးသည်။ တောင်ပိုင်းတွင် နှစ်သစ်ကူးဆိုလျှင် ထမင်းပေါင်း စားကြသည်။
"သမီး သင်ချင်တယ်" ဝူမုန်ရှင်း နှင့် စူးမေး က စိတ်အားထက်သန်စွာ ပြောကြသည်။
"ကောင်းပြီ... အမှုန့် ကြိတ်ပြီးရင် သင်ပေးမယ်"
"ဟုတ်ကဲ့ပါ"
"ဒီနေ့တော့ မီးရှူးမီးပန်းတွေ အရင် ဖောက်ရအောင်" ဆွန်ဖုန်း က အကြံပြုလိုက်သည်။
"ကောင်းပြီ... သွားကြမယ်"
ည ခုနစ်နာရီကျော်ပြီ ဖြစ်ရာ ကောင်းကင်ကြီးမှာ အလွန် မှောင်မိုက်နေပြီ ဖြစ်သည်။ ဤအချိန်သည် မီးရှူးမီးပန်း ဖောက်ရန် အကောင်းဆုံးပင် ဖြစ်သည်။
ဤနှစ်သစ်ကူးကို အလွန် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။ ဒုတိယနေ့ နံနက်တွင် အသက်ကြီးသူများက အနီရောင် စာအိတ်များ ဝေပေးကြသည်။ ဆွန်ဖုန်း လည်း အိမ်ထောင်ကျပြီးသူ ဖြစ်သဖြင့် အငယ်များအတွက် အနီရောင် စာအိတ်များ ဝေပေးရသည်။
ရက်များ ကုန်ဆုံးသွားပြီးနောက် ဆွန်ဖုန်း တို့ မိသားစုမှာ ဆွေမျိုးများထံ လှည့်လည် ဂါရဝပြုကြသည်။ သိသာထင်ရှားသည်မှာ ဆွန်ဖုန်း သည် သူတို့ကို ကူညီခဲ့ဖူးသော ဆွေမျိုးများအား ငွေ ယွမ် ငါးသိန်းစီ လက်ဆောင် ပေးအပ်ခဲ့သည်။ အရင်က သူ့မိသားစုကို အထင်သေးခဲ့သူများကိုမူ တစ်ပြားမှ မပေးခဲ့ပေ။
ဤသည်မှာ ဆွန်ဖုန်း၏ စည်းမျဉ်းပင် ဖြစ်သည်။