← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁ လေလံတင်မည့် အစီအစဉ်

လဆန်းကိုးရက်နေ့တွင် ဆွန်ဖုန်း နှင့် ဟယ်မင်ယီ တို့က ဇာတိရွာ၌ မင်္ဂလာ ဧည့်ခံပွဲ ကျင်းပခဲ့ပြီး ရွာထဲမှ လူအားလုံးနှင့် ဆွေမျိုးများကို ဖိတ်ကြားကာ ကျွေးမွေးခဲ့သည်။ မူလတန်းနှင့် အလယ်တန်း ကျောင်းနေဖက် သူငယ်ချင်းများကိုလည်း ဖိတ်ကြားခဲ့သည်။ အထက်တန်းနှင့် တက္ကသိုလ်မှ သူငယ်ချင်းများကိုတော့ ဝေးလွန်းသဖြင့် မဖိတ်ဖြစ်ခဲ့ပေ။ နောက်မှ အချိန်ရလျှင် ဆုံကြရန်သာ စီစဉ်လိုက်သည်။

လဆန်းဆယ်ရက်နေ့တွင် ဆွန်ဖုန်း သည် အမျိုးသမီး တစ်အုပ်နှင့် ကလေးကို ခေါ်ကာ ဗန်ကူးဗားသို့ ပြန်ရန် ပြင်ဆင်တော့သည်။ အိမ်တွင် အမြဲတမ်း နေ၍ မရပေ။ ကုမ္ပဏီများလည်း ပြန်ဖွင့်ရန် လိုအပ်နေပြီ ဖြစ်သည်။

"အဖုန်း... နောက်ရက် အနည်းငယ်လောက် ထပ်မနေတော့ဘူးလား"

အိမ်ရှေ့တွင် အမေက ဆွန်ဖုန်း ၏ လက်ကို ကိုင်ကာ မေးလိုက်သည်။

တကယ်တော့ မိဘ နှစ်ပါးလုံးက သားဖြစ်သူကို အနားတွင် အမြဲ ရှိနေစေချင်ကြသည်။ ဆွန်ဖုန်း လည်း မိဘများနှင့် အချိန်ပို ဖြတ်သန်းချင်သော်လည်း ယခုအချိန်တွင် မဖြစ်နိုင်သေးပေ။ ကုမ္ပဏီများ တကယ် ကြီးထွားလာချိန်ထိတော့ စောင့်ရမည် ဖြစ်သည်။

"ကဲပါ... အဘွားကြီးရယ်... အဖုန်း က အခု ကုမ္ပဏီ အနည်းငယ် ဖွင့်ထားတာဆိုတော့... သူ အားနေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး... မနှစ်က သူ အခြေအနေ မကောင်းတုန်းက မင်းက သူ့ကို အလုပ် အမြန်ရှာဖို့၊ ပိုက်ဆံ များများရှာဖို့ အမြဲတမ်း မျှော်လင့်နေခဲ့တာလေ... အခု ပိုက်ဆံတွေ အများကြီး ရှာနိုင်တော့လည်း... မင်းက ခွဲမခွာချင် ဖြစ်နေပြန်ပြီ"

ဆွန်ဖုန်း ၏ အဖေက ဝင်ပြောလိုက်သည်။

"အင်း... တွေးကြည့်တော့လည်း ဟုတ်တာပဲ... ဒါဆိုလည်း ငါ မတားတော့ပါဘူး... မင်ယီ တို့ကို သေချာ ဂရုစိုက်နော်... ငါ့ မြေးလေးကိုလည်း သေချာ ကြည့်ရှုပါ"

အမေက မျက်ရည်ဝဲကာ မှာကြားလိုက်သည်။

"ဟုတ်ကဲ့ပါ အမေ... သား အချိန်ရတာနဲ့ ပြန်လာခဲ့ပါ့မယ်... နွေရာသီ ကျောင်းပိတ်ရက်၊ ဆောင်းရာသီ ကျောင်းပိတ်ရက်တွေကျရင်... အဖေနဲ့ အမေ ဗန်ကူးဗားကို လာပြီး ကလေး လာထိန်းပေးလို့ ရပါတယ်"

ဆွန်ဖုန်း က အမေ့ကို ကျောသပ်ကာ နှစ်သိမ့်လိုက်သည်။

"အင်း... သွားတော့"

"အမေ... အဖေ... သွားပြီနော်... ကျန်းမာရေး ဂရုစိုက်ကြပါ"

ဆွန်ဖုန်း က မိဘများကို လက်ပြ နှုတ်ဆက်လိုက်သည်။

"အဖေနဲ့ အမေ သွားပြီနော်"

"ဦးလေးနဲ့ အန်တီ သွားပြီနော်"

အမျိုးသမီးများကလည်း မိဘများကို အသီးသီး နှုတ်ဆက်ကြသည်။

ဆွန်ဖုန်း သည် ဇာတိမြေမှ နောက်တစ်ကြိမ် ထွက်ခွာလာရသဖြင့် ရင်ထဲတွင် လွမ်းဆွတ်မှုများ ပြည့်နှက်နေသည်။

ဟိုင်ယန်မြို့ရှိ ဗီလာတွင် တစ်ညအိပ်ပြီးနောက် ဒုတိယနေ့တွင် ဆွန်ဖုန်း သည် ဟယ်မင်ယီ၊ သားဖြစ်သူ၊ စူးမေး၊ လျန်ယင်၊ ယန်ရွှယ်၊ ဝူမုန်ရှင်း တို့နှင့်အတူ ဗန်ကူးဗားသို့ ထွက်ခွာမည့် လေယာဉ်ပေါ်သို့ တက်ရောက်ခဲ့သည်။

လေယာဉ်ပေါ်တွင် ဆွန်ဖုန်း နှင့် စူးမေး တို့ အတူတူ ထိုင်ကာ ရှန်းဖုန်း ရေနံမြေ နှင့် ရွှေသင်္ဘောပျက် လေလံပွဲ အကြောင်း ဆွေးနွေးနေကြသည်။ ဤလေလံပွဲကို မဖြစ်မနေ စတင် ပြင်ဆင်ရတော့မည် ဖြစ်သည်။ ရှန်းဖုန်း ရေနံမြေနှင့် ပတ်သက်၍လည်း ဆွန်ဖုန်း က လာမည့် အချိန်များတွင် ရေနံတွင်းများ ပိုမို တိုးချဲ့ကာ ထွက်နှုန်းကို ဆက်လက် မြှင့်တင်ရန် စီစဉ်ထားသည်။

မားစ် သံရိုင်းတွင်း ဘက်တွင်မူ ဆက်လက် လည်ပတ်နေရုံသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အော်ဒါ လာတင်သူ ရှိလျှင် ကုန်ထုတ်ပေးရုံသာ ဖြစ်ပြီး အရေးပေါ် ကိစ္စများ မဖြစ်ပေါ်စေရန် ကြီးကြပ်ပေးမည့်သူ တစ်ယောက် ရှိလျှင် လုံလောက်ပေသည်။

ပြည်တွင်းရှိ ဖုန်းရွေ့ သံမဏိ စက်ရုံ နှစ်ရုံမှာလည်း ကုန်ထုတ်လုပ်မှု လိုင်းများ ရှိနေပြီး ကုန်ကြမ်းများကို မားစ် သံရိုင်းတွင်းမှ တင်ပို့ပေးနေသဖြင့် ဆွန်ဖုန်း ကိုယ်တိုင် သွားရောက် ကြီးကြပ်နေရန် မလိုပေ။

သံမဏိ စက်ရုံများမှာ အော်ဒါ အတိုင်းသာ အလုပ်လုပ်ကြပြီး လက်ရှိ ဟိုင်ယန်မြို့သာမက ပြည်နယ် တစ်ခုလုံးတွင်ပင် နာမည်ကောင်း ရနေသဖြင့် ရှုံးရန် အကြောင်းမရှိပေ။

လစဉ် ဝူမုန်ရှင်း သို့မဟုတ် လျန်ယင် ကို ပြန်လွှတ်ကာ စာရင်းစစ်ဆေးခြင်း၊ စစ်ဆေးရေး လုပ်ခြင်းတို့ ပြုလုပ်ခိုင်းလျှင် ရပေသည်။

"သူဌေး... ရွှေသင်္ဘောစုရဲ့ ရွှေနဲ့ ရတနာတွေကို အင်္ဂလန်မှာ လေလံတင်ဖို့ စဉ်းစားထားတာလား"

စူးမေး က ဆွန်ဖုန်း ၏ ညွှန်ကြားချက်ကို ကြားပြီးနောက် မေးလိုက်သည်။

"ဟုတ်တယ်... ဒီတစ်ကြိမ် လေလံပွဲကို သေသေချာချာနဲ့ လှလှပပလေး ကျင်းပရမယ်... အမှားအယွင်း လုံးဝ မခံဘူး"

ဆွန်ဖုန်း က ပြတ်သားစွာ ပြောလိုက်သည်။ တန်ဖိုး ဒေါ်လာ ဘီလီယံချီ တန်သော ဤကဲ့သို့ စူပါ လေလံပွဲကြီးကို ကျင်းပရာတွင် ဖိအားများ အလွန် ကြီးမားပေမည်။

ပထမ အချက်မှာ လေလံပွဲသို့ လူမည်မျှ လာရောက်မည်ကို မသိနိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ လေလံပွဲ မတိုင်မီ ကြိုတင် ကြော်ငြာခြင်းနှင့် သက်ဆိုင်ပြီး တိကျမှန်ကန်မှု ရှိရန် လိုအပ်သည်။ မဟုတ်ပါက ခန့်မှန်း အရောင်းပမာဏကို မသိနိုင်သဖြင့် လေလံပွဲ အတွက် များစွာ ထိခိုက်နိုင်ပေသည်။

ဒုတိယ အချက်မှာ လုံခြုံရေး ကိစ္စ ဖြစ်သည်။ ဤမျှ ကြီးမားသော ရတနာသိုက်ကြီးကို သယ်ယူပို့ဆောင်ရာတွင်၊ လေလံတင်ရာတွင် စသည်တို့၌ အရူးအမူး လုယက်လိုသူများ၊ သူခိုးဂိုဏ်းများ၏ ပစ်မှတ်ထားခြင်း ခံရမည်လား ဆိုသည်ကို ဆွန်ဖုန်း ယုံကြည်နေသည်။

နောက်တစ်ချက်မှာ လေလံရုံ ရွေးချယ်ခြင်း ဖြစ်သည်။ တစ်ဖက်မှ ကော်မရှင် မည်မျှ ယူမည်နည်း။ သူတို့၏ ကြော်ငြာ လမ်းကြောင်းများ မှတစ်ဆင့် လေလံရုံ ကိုယ်တိုင်က ဖောက်သည် မည်မျှ ရရှိနိုင်မည်နည်း။

ဤပြဿနာက အရေးအကြီးဆုံး ဖြစ်သည်။ ဤသည်မှာ အကျိုးအမြတ်နှင့် တိုက်ရိုက် သက်ဆိုင်နေသဖြင့် ဆွန်ဖုန်း အလွန် သတိထား၍ ရွေးချယ်ရမည် ဖြစ်သည်။

ဤသို့ ပြောလာလျှင် ကိုယ်ပိုင် လေလံရုံ ဖွင့်ပြီး လေလံတင်ပါလားဟု ပြောသူများ ရှိနိုင်သည်။ ဆွန်ဖုန်း ပြောချင်သည်မှာ "မင်း တွေးတာ အရမ်း လွယ်လွန်းတယ်... အဲဒီလိုသာ ဆိုရင် ကမ္ဘာပေါ်မှာ လေလံရုံတွေ ဘာလုပ်ဖို့ လိုတော့မလဲ... လူတိုင်း ကိုယ်ပိုင် လေလံရုံ ဖွင့်လို့ ရတာပေါ့"

"ဗန်ကူးဗားကို ပြန်ရောက်တာနဲ့ မင်း အင်္ဂလန်မှာ နာမည်ကြီး လေလံရုံ ဘယ်နှစ်ရုံ ရှိလဲဆိုတာ ချက်ချင်း စုံစမ်း... အဲဒီထဲကမှ ပူးပေါင်းဖို့ အသင့်တော်ဆုံး လေလံရုံ အနည်းငယ်ကို ရွေးချယ်ပြီး အခြေအနေ အသေးစိတ်ကို သွားဆွေးနွေး... ပြီးမှ ငါ့ကို ပြန်လာပြော... ငါ ကိုယ်တိုင် ရွေးချယ်မယ်"

ဆွန်ဖုန်း က စူးမေး ကို ပြောလိုက်သည်။

"အင်း... သိပါပြီ"

စူးမေး က ခေါင်းညိတ်လိုက်သည်။

"အဲဒီထဲမှာ အရေးအကြီးဆုံး အချက်တွေက သူတို့ လေလံပွဲရဲ့ ကြော်ငြာ လမ်းကြောင်းတွေ၊ သူတို့ ကိုယ်တိုင် စိတ်ဝင်စားတဲ့ ဖောက်သည် ဘယ်လောက် ခေါ်နိုင်မလဲ ဆိုတာနဲ့ ကော်မရှင် ကောက်ခံမှု အသေးစိတ် အချက်အလက်တွေပဲ... ဒီအချက်တွေကို သေချာ သိအောင် လုပ်ရမယ်"

ဆွန်ဖုန်း က ဆက်လက် မှာကြားလိုက်သည်။

"ကောင်းပြီ... ဒါဆို ကျွန်မတို့ သတင်း အရင် ထုတ်ပြန်ပြီး အင်္ဂလန်က လေလံရုံတွေ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို စောင့်ကြည့်ရမလား"

စူးမေး က ဆက်မေးလိုက်သည်။

"အင်း... ဒါလည်း ကောင်းတယ်... ဒါဆို ငါတို့ ပြန်ရောက်တာနဲ့ မင်း သတင်းစာ ရှင်းလင်းပွဲ ထပ်လုပ်... ငါတို့ ရွှေသင်္ဘောစု ရတနာတွေကို အင်္ဂလန်မှာ လေလံတင်မယ် ဆိုတဲ့ အကြောင်းရယ်၊ ဒီတစ်ကြိမ် ရွှေသင်္ဘောစု ရတနာတွေရဲ့ စုစုပေါင်း တန်ဖိုးကိုပါ ကြေညာလိုက်... နောက်ပိုင်း သတင်းကို ကြားရင် အဲဒီ လေလံရုံ ပိုင်ရှင်တွေ သေချာပေါက် အရမ်း စိတ်ဝင်စားသွားလိမ့်မယ်"

ဆွန်ဖုန်း က ရယ်မောကာ ပြောလိုက်သည်။

"ကောင်းပြီ... ဒါဆို ကျွန်မ ရွှေရတနာတွေရဲ့ စုစုပေါင်း တန်ဖိုးကို အကဲဖြတ်ပေးမယ့် ကျွမ်းကျင်သူ အချို့ကို ခေါ်ရမလား"

"ဒါ မလိုတော့ဘူး... ငါ နှစ်သစ်ကူး မတိုင်ခင်ကတည်းက လူခေါ်ပြီး အကဲဖြတ်ခိုင်းပြီးပြီ... ရွှေသင်္ဘောစု သင်္ဘောပျက် ဆယ့်ခုနစ်စင်းရဲ့ စုစုပေါင်း တန်ဖိုးက အမေရိကန် ဒေါ်လာ ၃.၅ ဘီလီယံ ပဲ"

ဆွန်ဖုန်း က တည်ငြိမ်စွာ ပြောလိုက်သည်။ တကယ်တော့ ယခု ပြန်တွေးကြည့်လျှင် သူ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားနေဆဲ ဖြစ်သည်။ ၃.၅ ဘီလီယံနော် ဒေါ်လာနော်။

သေချာတာကတော့ ဆွန်ဖုန်း သည် ကျွမ်းကျင်သူ ဆိုသူများကို ခေါ်၍ အကဲဖြတ်ခိုင်းခြင်း မဟုတ်ဘဲ အသံလက်ထောက် မှတစ်ဆင့် ကမ္ဘာ့ ဒေတာဘေ့စ်ကို ချိတ်ဆက်ကာ ယခင်က လေလံတင်ခဲ့ဖူးသော ရတနာများနှင့် နှိုင်းယှဉ်၍ အကြမ်းဖျင်း တွက်ချက်ထားခြင်း ဖြစ်သည်။ ဆွန်ဖုန်း ယုံကြည်သည်မှာ ထိုကျွမ်းကျင်သူများ တွက်ချက်သည်ထက် များစွာ ကွာခြားမည် မဟုတ်ပေ။

"၃.၅ ဘီလီယံ"

အမျိုးသမီးများ အားလုံး ဤစကားကို ကြားသောအခါ အံ့ဩမှင်တက်သွားကြပြီး လှပသော နှုတ်ခမ်းများ ပွင့်ဟသွားကြသည်။ ဆွန်ဖုန်း တစ်ချက် ကြည့်လိုက်ရာ လှပသော နှုတ်ခမ်း ငါးစုံကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် အနည်းငယ် ညစ်ညမ်းစွာ တွေးလိုက်မိသည်။ နောင်ကျလျှင် အားလုံး အတူတူ အိပ်ပြီး စမ်းကြည့်ရမလားလို့ပေါ့... ဟဲဟဲဟဲ။

"သူဌေး... ၃.၅ ဘီလီယံ... အဲဒါ ဒေါ်လာနဲ့နော်... ကျွန်မက ၂ ဘီလီယံလောက်ဆိုရင် မဆိုးဘူးလို့ ထင်နေတာ... ၃.၅ ဘီလီယံ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... တကယ် အရမ်း မိုက်တာပဲ... ကျွန်မ ရှင့်ကို ချစ်မိသွားပြီလို့ ခံစားရတယ်... ရှင့်ရဲ့ မယားငယ် လုပ်ရမယ် ဆိုရင်တောင် သဘောတူတယ်"

စူးမေး က ဆွန်ဖုန်း ၏ လက်မောင်းကို ဖက်ကာ အတင်း ပွတ်သီးပွတ်သပ် လုပ်ရင်း ပြောလိုက်သည်။

"အဟမ်း အဟမ်း... ပုံစံလေး ဘာလေးလည်း ထိန်းဦး"

ဆွန်ဖုန်း ၏ စိတ်ထဲတွင် စူးမေး ၏ ဤလုပ်ရပ်ကို အလွန် သဘောကျနေသော်လည်း မျက်နှာတွင်တော့ အလွန် တည်ငြိမ်စွာ ပြောလိုက်သည်။

"အာ... ဆောရီး... ရှင့် မိန်းမတွေ ဒီမှာ ရှိနေတာကို မေ့သွားလို့"

စူးမေး က အခြား အမျိုးသမီးများ၏ ထူးဆန်းသော အကြည့်များကို မြင်သောအခါ အလွန် အနေခက်သွားပြီး ဆွန်ဖုန်း ၏ လက်မောင်းကို လွှတ်ပေးကာ မျက်နှာ နီရဲသွားလေသည်။

"ရပါတယ်... ငါက ကိစ္စ မရှိပါဘူး"

ဟယ်မင်ယီ က တခစ်ခစ် ရယ်ကာ ပြောလိုက်သည်။

"အာ... ကျွန်မလည်း ကန့်ကွက်စရာ မရှိပါဘူး... ညီအစ်မ တစ်ယောက် တိုးလာတာ မများပါဘူး... စူးမေး အစ်မ လို ပညာတတ်ကြီးက ဖုန်း နဲ့ အတူ ရှိနေရင်... ဖုန်း အတွက် အနာဂတ်မှာ တကယ့်ကို အထောက်အကူ ဖြစ်စေမယ့် ဇနီးကောင်း တစ်ယောက် ဖြစ်လာမှာ သေချာတယ်... အခုတောင် တော်တော်လေး တော်နေပြီပဲ"

လျန်ယင် ကလည်း သူမ၏ သဘောထားကို ပြောလိုက်သည်။

တကယ်တော့ လျန်ယင် ပြောသည်မှာ အမှန်ပင် ဖြစ်သည်။ စူးမေး သည် အားလုံးထဲတွင် အရည်အချင်း အရှိဆုံး ဖြစ်ပြီး ဆွန်ဖုန်း က အရေးကြီးသော ကိစ္စ အများစုကို သူမအား ကိုင်တွယ် ဖြေရှင်းရန် လွှဲအပ်ထားသည်။

အဘယ်ကြောင့်ဆိုသော် သူမတွင် ထိုအရည်အချင်း တကယ် ရှိနေသောကြောင့်ပင် ဖြစ်သည်။ ပညာသင်ယူမှု အပိုင်းတွင် ထူးချွန်သူ ဖြစ်ပြီး လုပ်ငန်းခွင်တွင်လည်း အမျိုးသမီး ဥက္ကဋ္ဌ တစ်ဦး ကဲ့သို့ ဖြစ်နေသည်။

ဝူမုန်ရှင်း နှင့် ယန်ရွှယ် တို့မှာ တိတ်ဆိတ်နေကြသည်။ ဝူမုန်ရှင်း မှာ အအလေး ဖြစ်နေပြီး ယန်ရွှယ် ကတော့ ကုမ္ပဏီ စီမံခန့်ခွဲရေးတွင် မကျွမ်းကျင်ပေ။ သူမ၏ အရည်အချင်းက ထိုမျှသာ ရှိသည်။ အိမ်တွင်းရေး စီမံခန့်ခွဲရာတွင်တော့ အတော်လေး ကောင်းမွန်ပြီး အလွန် လိမ္မာရေးခြားရှိသော အမျိုးသမီး တစ်ဦး ဖြစ်သည်။

"ရှင်တို့... ဒါ အရမ်း ပွင့်လင်းလွန်းနေတာ မဟုတ်ဘူးလား... သဝန်မတိုကြဘူးလား"

စူးမေး ထိုစကားကို ကြားသောအခါ မှင်တက်သွားပြီး လှပ ကျော့ရှင်းသော မျက်နှာလေးပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လာသည်။

သူမ၏ အမြင်အရ ဤကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရပါက ဇနီးမယားများ အနေဖြင့် သဝန်တိုပြီး မိမိအပေါ် အမုန်းပွားရမည် ဖြစ်သည်။ ယခု အခြေအနေကို ကြည့်ရသည်မှာ မိမိနှင့် ယောက်ျားကို မျှဝေခံစားမည့် အနေအထား ဖြစ်နေသည် မဟုတ်ပါလား။

"သိပ္ပံနည်း မကျဘူးနော်"

စူးမေး က နဖူးကို ပွတ်ရင်း ပြောလိုက်သည်။ သို့သော် သူမ စဉ်းစားကြည့်ပြီးနောက် သဘောပေါက်သွားသည်။ သူမ အချစ်ရေး မကြုံဖူးသော်လည်း လျန်ယင် နှင့် ယန်ရွှယ် တို့ ကိုယ်ဝန် ရှိနေသည်ကို မြင်သောအခါ သူမ နားလည်သွားသည်။ ဤကဲ့သို့ ဇာတ်လမ်းမျိုးက ဝတ္ထုတွေထဲက ဇာတ်လမ်းမျိုး မဟုတ်ပါလား။

ကောင်းပါပြီ။ ဤကဲ့သို့ ဇာတ်လမ်းမျိုးက လက်တွေ့ဘဝတွင် မရှိနိုင်ဘူး ဆိုတာတော့ မဟုတ်ပေ။ ဒါပေမယ့် အလွန် နည်းပါးလွန်းပြီး သတင်း မထွက်လာခြင်းသာ ဖြစ်သည်။ ဘယ်သူကများ အားယားပြီး ဤကဲ့သို့ ကိစ္စမျိုးကို သွားပြောနေမည်နည်း။

"အစ်မ မေး... ကျွန်မတို့ရဲ့ မိသားစုကြီးထဲကို အစ်မ ဝင်လာဖို့ ကျွန်မတို့ အရမ်း မျှော်လင့်နေတာနော်... အော် ဒါနဲ့... ညီမလေး ဝူမုန်ရှင်း လည်း ပါတာပေါ့"

"......"

စူးမေး နှင့် ဝူမုန်ရှင်း တို့ အချင်းချင်း ကြည့်ကာ အလွန် ရှက်သွေးဖြာသွားကြသည်။

"ကျွန်မ သူဌေးကို မကြိုက်ပါဘူးနော်... မိန်းမရှုပ်တဲ့ လူကြီး... အော်... ကျွန်မ တခြား ရည်ရွယ်ချက် မရှိပါဘူးနော်... ရှင်တို့ကို ပြောတာ မဟုတ်ပါဘူး"

စူးမေး က ပါးစပ်ကို အုပ်ကာ ပြောလိုက်သည်။

"ကဲပါ... ဗန်ကူးဗားကို ရောက်တော့မယ်... ဒီ အနေခက်တဲ့ ပြဿနာကို ဆက်မပြောကြတော့ဘူး"

ဟယ်မင်ယီ က ရယ်မောကာ ပြောလိုက်သည်။

All Chapters