← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄ လေလံပွဲ

(အင်္ဂလန် တော်ဝင် လေလံရုံ ဆိုသည်မှာ ကုမ္ပဏီ နာမည်သာ ဖြစ်ပြီး တော်ဝင် မိသားစုနှင့် ပတ်သက်မှု မရှိကြောင်း သတိပြုရန်။)

ဆွန်ဖုန်း နှင့် လူးဝစ်ကင်း တို့ တိုင်ပင်ပြီးနောက် ရွှေသင်္ဘောစု၏ ရွှေရတနာများကို နှစ်ခါခွဲ၍ လေလံတင်ရန် ဆုံးဖြတ်လိုက်ကြသည်။ နှစ်ဖက်စလုံးက တစ်ခါတည်း အကုန် လေလံတင်လိုက်ပါက ဖောက်သည်များ အကုန် မဝယ်နိုင်မည်ကို စိုးရိမ်သဖြင့် နှစ်သုတ်ခွဲ၍ လေလံတင်ခြင်းက ပို၍ စိတ်ချရမည်ဟု ယူဆခဲ့ကြသည်။

ဆိုလိုသည်မှာ နောက်လတွင် တစ်ဝက်ကို လေလံတင်ပြီး နောက်ထပ် တစ်လ နှစ်လ အကြာတွင် ကျန်တစ်ဝက်ကို ဆက်လက် လေလံတင်မည် ဖြစ်သည်။

ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီ နှင့် အင်္ဂလန် တော်ဝင် လေလံရုံ တို့ ပူးပေါင်း၍ ရွှေသင်္ဘောစု၏ ရွှေရတနာများကို လေလံတင်မည့် သတင်းမှာ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။ နှစ်ဖက်စလုံး စာချုပ် ချုပ်ဆိုပြီး ပူးပေါင်းဆောင်ရွက်မှု စတင်ပြီ ဖြစ်ရာ ပြင်ပသို့ တရားဝင် ကြေညာနိုင်ပြီ ဖြစ်သည်။

ဒုတိယနေ့တွင် ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီ နှင့် တော်ဝင် လေလံရုံ တို့က တစ်ချိန်တည်းမှာပင် သတင်းမီဒီယာများသို့ ရွှေသင်္ဘောစု ရတနာများကို လာမည့်လ ၁၅ ရက်နေ့တွင် လေလံတင်မည် ဖြစ်ကြောင်း ကြေညာလိုက်သည်။ ထိုအချိန်အတွင်း ဆွန်ဖုန်း တို့ အနေဖြင့် ကြော်ငြာရန် တစ်လခန့် အချိန် ရရှိမည် ဖြစ်သည်။

တော်ဝင် လေလံရုံ ဘက်မှလည်း သူတို့၏ ဖောက်သည်ဟောင်းများကို တက်ကြွစွာ ဆက်သွယ်ပြီး ဖောက်သည်သစ်များ ရရှိရန်လည်း နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေကြသည်။

ဤအချက်က အရေးအကြီးဆုံး ဖြစ်သည်။ ဤလေလံပွဲ အောင်မြင်မည် မအောင်မြင်မည် ဆိုသည်မှာ ဤလေလံပွဲသို့ ဖောက်သည် မည်မျှ လာရောက်မည် ဆိုသည့် အပေါ်တွင် အဓိက မူတည်နေသည်။

တော်ဝင် လေလံရုံ အနေဖြင့် သူတို့ ရှာဖွေထားသော ဖောက်သည်များက ပစ္စည်း မည်မျှ ဝယ်ယူနိုင်မည် ဆိုသည်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပေသည်။

ထို့အပြင် နေရာ ပြင်ဆင်ခြင်း၊ လုံခြုံရေး အစီအစဉ်များ စသည်တို့ကိုလည်း စတင် ပြင်ဆင်နေပြီ ဖြစ်သည်။

အင်္ဂလန် နေ့စဉ် သတင်းစာ - 'မနေ့က ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီက ရွှေသင်္ဘောစုရဲ့ ရွှေရတနာတွေကို အင်္ဂလန် တော်ဝင် လေလံရုံမှာ အပ်နှံလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်... လေလံပွဲ နေ့ရက်က လာမယ့်လ ၁၅ ရက်နေ့ ဖြစ်ပါတယ်... ဒီ ၂၁ ရာစုရဲ့ အကြီးကျယ်ဆုံး လေလံပွဲကြီးမှာ ဘယ်လောက်တောင် ပြင်းထန်တဲ့ အပြိုင်အဆိုင် လေလံဆွဲမှုတွေ ဖြစ်လာမလဲ... လာမယ့်လ ၁၅ ရက်နေ့မှာ စောင့်မျှော် ကြည့်ရှုကြပါစို့။'

အမေရိကန် သတင်းစာ - 'ရွှေသင်္ဘောစု အထူး လေလံပွဲ... ဒီလေလံပွဲကြီးသာ အောင်မြင်စွာ ပြီးဆုံးသွားမယ် ဆိုရင် ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီ အနေနဲ့ ကမ္ဘာ့ ထိပ်တန်း ရတနာရှာဖွေရေး ကုမ္ပဏီ စာရင်းဝင်သွားမှာ သေချာသလို၊ အင်္ဂလန် တော်ဝင် လေလံရုံ ရဲ့ နေရာနဲ့ အင်အားကလည်း ပိုမို မြင့်မားလာမှာ ဖြစ်ပါတယ်... ဒီ ရာစုနှစ် တစ်ခုအတွင်း ကြုံတောင့်ကြုံခဲ လေလံပွဲကြီးမှာ ဘယ်လောက်တောင် ဈေးကြီးပေးပြီး လေလံဆွဲကြမလဲ... သမိုင်း မှတ်တမ်း တင်နိုင်မလား ဆိုတာကို လာမယ့်လမှာ အတူတူ စောင့်ကြည့်ကြရအောင်...'

တော်ဝင် လေလံရုံ မှ ကြော်ငြာများ၊ လူအများ စိတ်ဝင်စားအောင် လုပ်ဆောင်မှုများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ထိုနေ့က အကဲဖြတ် စစ်ဆေးစဉ်က လူးဝစ်ကင်း က ကျွမ်းကျင်သူ အဆင့် ဓာတ်ပုံများစွာ ရိုက်ကူးခိုင်းခဲ့သည်။ ယခု ထိုဓာတ်ပုံများကို မီဒီယာများ၊ သတင်းစာများ မှတစ်ဆင့် ပြင်ပသို့ ထုတ်ပြန်ပြသလိုက်သည်။ သို့မှသာ လူအများ၏ ယုံကြည်မှုကို ရရှိမည် မဟုတ်ပါလား။

"သူဌေး... အစတုန်းက ဒီရွှေတွေကို သယ်ပို့ဖို့ တော်ဝင် လေလံရုံကို ဘာလို့ အကူအညီ မတောင်းခဲ့တာလဲ... အခု ကျွန်မတို့ဘာသာ သယ်ပို့ရမှာ ဆိုတော့ ပြဿနာ တစ်ခုခု ဖြစ်မှာ စိုးရိမ်တယ်"

ရုံးခန်းထဲတွင် စူးမေး က ဆွန်ဖုန်း ၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ သူမတို့ ဘက်တွင် ကြီးမားသော ရတနာများ သယ်ယူပို့ဆောင်ရေး အတွေ့အကြုံ လုံးဝ မရှိပေ။

တော်ဝင် လေလံရုံ ကတော့ ဤလုပ်ငန်းတွင် ဆယ်စုနှစ်ချီ အတွေ့အကြုံ ရှိသူများ ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးတွင် ဖြစ်စေ၊ လုံခြုံရေး အပိုင်းတွင် ဖြစ်စေ အတွေ့အကြုံနှင့် နည်းလမ်းများ ရှိကြသည်။

"ဘာမှမဖြစ်ပါဘူး... ငါ့မှာ နည်းလမ်း ရှိပါတယ်... ဒီကိစ္စ အတွက် မင်း စိတ်ပူစရာ မလိုပါဘူး... စိတ်ချပါ ငါ့ရဲ့ အတွင်းရေးမှူးကြီး"

ဆွန်ဖုန်း က ရယ်မောကာ ပြောလိုက်သည်။ သူ့တွင် သိုလှောင်ခန်း ရှိနေသဖြင့် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး အတွေ့အကြုံ ဘာမှ ထည့်စဉ်းစားစရာ မလိုပေ။ သူမကို အတိအလင်း ပြောပြ၍ မရသဖြင့် စူးမေး စိတ်အေးအောင်သာ ပြောလိုက်ရသည်။

စူးမေး သည် ဆွန်ဖုန်း ၏ ယုံကြည်မှု အပြည့် ရှိနေသော ပုံစံကို ကြည့်ကာ ဘာပြောရမှန်း မသိအောင် ဖြစ်သွားသည်။ "ဘယ်သူက ရှင့် အတွင်းရေးမှူးကြီးလဲ... စကားကို ဟိုရောက်ဒီရောက်နဲ့" စူးမေး က ဆွန်ဖုန်း ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။

"ကောင်းပါပြီ... နောက်ပိုင်း ရှန်းဖုန်း ရေနံမြေ ကိစ္စကိုပဲ ဆက်ပြောကြတာပေါ့... နောက်လမှာ ရေနံတွင်း သုံးတွင်း ထပ်တူးဖို့ စီစဉ်ထားတယ်... နောက်ပိုင်း လတိုင်း ကျင်းချန် ရေနံကုမ္ပဏီ နဲ့ ရေနံ အရောင်းအဝယ် တစ်ခါ လုပ်ရမယ်... ဒီနှစ်ခုကို မင်း သေချာ တာဝန်ယူ ကြီးကြပ်ပေးပါ... လီကျီ ဘက်ကိုလည်း ငါ အကြောင်းကြားထားပြီးပြီ... သူတို့ဘက်ကလည်း လတိုင်း ငါတို့ ရေနံတွေကို ဝယ်ယူမှာပါ... အင်း... နောက်လကျရင် ငါ အင်္ဂလန် ဘက်ကို သွားမှာဆိုတော့ အချိန်တို အတွင်း ပြန်ရောက်လာမှာ မဟုတ်ဘူး"

ဆွန်ဖုန်း က ပြောလိုက်သည်။ ဤအစီအစဉ် နှစ်ခုမှာ နှစ်သစ်ကူး အပြီး ပထမဆုံး အစီအစဉ်များ ဖြစ်သည်။ ဆွန်ဖုန်း သည် ရွှေသင်္ဘောစု လေလံပွဲ ကိစ္စများ ပြီးစီးသည်နှင့် လုပ်ငန်းကဏ္ဍသစ်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ထားသည်။

ရွှေသင်္ဘောစုမှ ကြီးမားသော ရန်ပုံငွေ ရရှိလာသည်နှင့် ဆွန်ဖုန်း သည် နောက်ထပ် ကိစ္စရပ်များစွာကို လုပ်ဆောင်နိုင်တော့မည် ဖြစ်သည်။

"ကောင်းပါပြီ... ဒီကိစ္စ နှစ်ခုစလုံး ပြဿနာ မရှိပါဘူး" စူးမေး က သဘောတူလိုက်သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး နောက်လ ၅ ရက်နေ့သို့ ရောက်ရှိလာခဲ့သည်။ ဆွန်ဖုန်း သည် စက်ရုပ် ကိုယ်ရံတော် အယောက်တစ်ရာ၊ ဘက်ကီ၊ တာ့ကျီ တို့နှင့်အတူ အင်္ဂလန်သို့ ထွက်ခွာမည့် လေယာဉ်ပေါ်သို့ တက်ရောက်ခဲ့သည်။

လေလံပွဲက ၁၅ ရက်နေ့မှ စတင်မည် ဖြစ်သော်လည်း တော်ဝင် လေလံရုံ ကို ဆွန်ဖုန်း ကူညီပေးရမည့် အလုပ်များစွာ ရှိနေသေးသည်။ အရေးအကြီးဆုံးမှာ ရွှေရတနာများ လွှဲပြောင်းပေးအပ်ခြင်းပင် ဖြစ်သည်။

လမ်းခရီးတွင် ဘက်ကီ က ဆွန်ဖုန်း အား "သူဌေး... ကျွန်တော်တို့ ကုမ္ပဏီက ရွှေတွေကို သယ်သွားပြီလား" ဟု မေးလိုက်သည်။

"မမေးသင့်တာ မမေးနဲ့"

ဆွန်ဖုန်း က ဘက်ကီ ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။ ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီတွင် ဆွန်ဖုန်း နှင့် အသဟဇာတ အဖြစ်ဆုံး လူများမှာ ဘက်ကီ နှင့် စကားများသော တာ့ကျီ တို့သာ ဖြစ်သည်။ ထို့ကြောင့်လည်း ဤတစ်ကြိမ်တွင် ဆွန်ဖုန်း က သူတို့ကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဆွန်ဖုန်း သည် ထိုအလုပ်သမား ရာကျော်ကိုလည်း အလုပ်ဖြုတ်မည် မဟုတ်ပေ။ အချိန်ရလျှင် အခြား သင်္ဘောပျက်များကို ဆက်လက် ဆယ်ယူရန် စမ်းသပ်မည် ဖြစ်သည်။ သို့သော် လတ်တလော အချိန်အတွင်း ဆွန်ဖုန်း ဤအလုပ်ကို လုပ်မည် မဟုတ်ပေ။

အကြောင်းမှာ အစီအစဉ်သစ် တစ်ခု ဆွန်ဖုန်း ၏ စိတ်ထဲတွင် သန္ဓေတည်နေသောကြောင့် ဖြစ်သည်။ ဤအစီအစဉ်ကို ဆွန်ဖုန်း အကောင်အထည် ဖော်ချင်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း ထိုအချိန်က ရေနံမြေတွင် ရင်းနှီးမြှုပ်နှံလိုက်ရသဖြင့် ပိုလျှံငွေ မရှိခဲ့ပေ။ မကြာမီ ဆွန်ဖုန်း တွင် ဤအစီအစဉ်ကို အကောင်အထည်ဖော်ရန် ရန်ပုံငွေ ရရှိတော့မည် ဖြစ်သည်။

"ဟုတ်ကဲ့ပါ သူဌေး"

ဘက်ကီ မှာ ဆွန်ဖုန်း ၏ မျက်စောင်းကြောင့် ထပ်မမေးရဲတော့ပေ။ အမှန်တော့ သူက စိုးရိမ်၍ မေးခြင်း ဖြစ်ကြောင်း ဆွန်ဖုန်း သိပါသည်။ ဤမျှ ကြီးမားသော ဓနဥစ္စာများကို ကနေဒါမှ သယ်ယူလာရခြင်းမှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။

မကြာမီ ဆွန်ဖုန်း သည် အင်္ဂလန် မြို့တော်သို့ ရောက်ရှိလာခဲ့သည်။ ဆွန်ဖုန်း က လွန်ခဲ့သော တစ်လ ကတည်းက ဂိုဒေါင် တစ်ခုကို ငှားရမ်းထားခဲ့ပြီး ဖြစ်သည်။

ညဘက်ရောက်သောအခါ ဆွန်ဖုန်း က ရွှေရတနာများကို ထုတ်ထားလိုက်ပြီး ဒုတိယနေ့ မိုးလင်းသည်နှင့် စက်ရုပ် ကိုယ်ရံတော် အယောက်တစ်ရာကို ထိုရွှေရတနာများအား ကားပေါ်တင်ကာ ဘဏ်တစ်ခုသို့ တိုက်ရိုက် သွားရောက် အပ်နှံခိုင်းလိုက်သည်။

အရာအားလုံး ချောမွေ့စွာ ပြီးဆုံးသွားပြီး မကြာမီ ဆွန်ဖုန်း က တော်ဝင် လေလံရုံ ကို ဘဏ်သို့ လာရောက် ပစ္စည်းလွှဲပြောင်း ယူရန် အကြောင်းကြားလိုက်သည်။

တော်ဝင် လေလံရုံသို့ သွားရာ လမ်းတွင် ဆွန်ဖုန်း ဘက်မှ ကိုယ်ရံတော် အယောက်တစ်ရာ၊ လေလံရုံ ဘက်မှ လုံခြုံရေး အယောက်တစ်ရာကျော် အပြင် ရဲတပ်ဖွဲ့၏ ပူးပေါင်း ပါဝင်မှုဖြင့် ကြီးကြီးမားမား ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ ပစ္စည်းများကို လေလံရုံ၏ သိုလှောင်ခန်း အတွင်းသို့ သယ်ယူနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆွန်ဖုန်း က ထိုစက်ရုပ် ကိုယ်ရံတော် အယောက်တစ်ရာကို လေလံရုံ၏ လုံခြုံရေးများနှင့် ပူးပေါင်းကာ ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်စေခဲ့သည်။ ဤရွှေရတနာများကို မည်သူမျှ အတင်းအဓမ္မ လုယူသွားနိုင်မည် မဟုတ်ဟု ဆွန်ဖုန်း ယုံကြည်နေသည်။

၁၅ ရက်နေ့သို့ တရားဝင် ရောက်ရှိလာခဲ့ပြီး ရွှေသင်္ဘောစု လေလံပွဲကြီးမှာလည်း အားတက်သရော စတင်တော့မည် ဖြစ်သည်။

တော်ဝင် လေလံရုံ၏ အကြီးဆုံး လေလံပွဲ ခန်းမကြီး အတွင်းတွင် မြောက်မြားစွာသော သူဌေးကြီးများ၊ စုဆောင်းသူများ၊ ရှေးဟောင်း ကျောက်စိမ်း ကုမ္ပဏီများ နှင့် အခြားသော လေလံရုံများမှ လူများစွာ လာရောက် တက်ရောက်ကြသည်။ တစ်ချိန်တည်းမှာပင် ဤလူများသည် လေလံဆွဲမည့်သူများလည်း ဖြစ်ကြသည်။

သေတ္တာလိုက် ရှေးဟောင်း ရွှေများကို ပြသထားပြီး တန်ဖိုးကြီး ရတနာများကို လေလံ စင်မြင့်ပေါ်တွင် တင်ထားကာ လေလံဆွဲသူများက ပြင်းထန်စွာ လေလံဆွဲကြလေသည်။ ဤခမ်းနား ကြီးကျယ်သော လေလံပွဲကြီးကို နောက်ဆုံးတွင် စတင်လိုက်ပြီ ဖြစ်သည်။

တော်ဝင် လေလံရုံ က အင်္ဂလန် ရုပ်မြင်သံကြား ဌာန တစ်ခု၏ ညပိုင်း ထုတ်လွှင့်ခွင့်ကို ဝယ်ယူကာ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။

ခဏအကြာတွင် အနောက်နိုင်ငံများရှိ လူအများအပြားသည် ဤပြိုင်ဘက်ကင်း လေလံပွဲကြီးကို ကြည့်ရှုနိုင်ခဲ့ကြသည်။

၁၅ ရက်နေ့ ဤနေ့တွင် ကမ္ဘာတစ်ဝန်းလုံး ရုတ်တရက် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

All Chapters