အခန်း ၂၂၈
Vol. 23 Ch. 228
အခန်း ၂၂၈ အမျိုးသမီး ပါရဂူနှင့် လှိုင်းစီးခြင်း
"မင်းကို ငါ့ရဲ့ ဖုန်းရွေ့ သုတေသနဌာန ကိုယ်စားပြုပြီး... ငါတို့ရဲ့ X စုပ်ယူပစ္စည်း သုတေသန ရလဒ်ကို ပြင်ပလောကဆီ ကြေညာပေးစေချင်တယ်... သေချာတာကတော့ မင်း နာမည်ကြီးချင်တယ် ဆိုရင်... ဒီသုတေသန ရလဒ်ကို မင်းရဲ့ ကြိုးစားမှုလို့ ပြောခွင့်ပြုတယ်... ဒါပေမယ့် မင်းဘက်က အနည်းငယ်တော့ ပေးဆပ်ရမယ်"
ဆွန်ဖုန်းက လူစီ၏ နတ်ဆိုးမလေးလို ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို မျက်စိကစားရင်း လူဆိုးအပြုံးဖြင့် ပြောလိုက်သည်။
လူစီမှာ အလွန် လှပသည်။ အနောက်တိုင်း အမျိုးသမီးများ၏ ထင်ရှားသော မျက်နှာပေါက်မျိုး ရှိပြီး မျက်နှာလေးမှာ ဘဲဥပုံစံ ရှိသည်။ အသက် ၂၈ နှစ် ရှိပြီ ဖြစ်သော်လည်း အသားအရေမှာ ဖြူဝင်း ချောမွေ့နေဆဲ ဖြစ်ကာ အခြားသော အနောက်တိုင်း အမျိုးသမီး အများစုထက်ပင် ပို၍ ကောင်းမွန်သေးသည်။
အရေးအကြီးဆုံးက ဤနိုင်ငံခြားသူလေးမှာ အရပ် တစ်မီတာ ခုနစ်ဆယ့်ရှစ် (၅ ပေ ၁၀ လက်မ) ရှိပြီး ခြေတံ ရှည်ရှည်များ ပိုင်ဆိုင်ထားသည်။ ရှေ့ထွက် နောက်ကောက် အချိုးအစားမှာလည်း အလွန် လှပသည်။
ထို့ကြောင့် ဆွန်ဖုန်းမှာ မြင်မြင်ချင်း စမ်းသပ်ကြည့်ချင်စိတ် ပေါ်လာပြီး ယခုကဲ့သို့ မကောင်းသော အကြံအစည်များ ပေါ်လာခြင်း ဖြစ်သည်။
ဆွန်ဖုန်းက ဤမျှ ပွင့်ပွင့်လင်းလင်း ပြောလာသောအခါ လူစီ တစ်ယောက် သူမ၏ သူဌေး ဘာကို ရည်ရွယ်နေသည် ဆိုသည်ကို နောက်ဆုံးတော့ သဘောပေါက်သွားလေပြီ။ ဒါက အရောင်းအဝယ် တစ်ခုပဲ။ သူမက ဆွန်ဖုန်းကို ကျေနပ်အောင် လုပ်ပေးနိုင်လျှင် သူမ နာမည်ကြီးလာမည်။
စဉ်းစားကြည့်လေ၊ ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူရာတွင် ကုန်ကျစရိတ် ၁၀ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်မည့် စုပ်ယူပစ္စည်း အသစ်ကို တီထွင်နိုင်ခဲ့သည် ဆိုသော သတင်းကို ပြင်ပသို့ ကြေညာလိုက်သည်နှင့် သူမ လူစီ မှာ သိပ္ပံလောကတွင် နာမည်ကြီးသွားမည်မှာ သေချာပေသည်။
"သူဌေး... တကယ်ပဲ အဲဒီလောက်တောင် သဘောထား ကြီးတာလား"
လူစီ၏ လေသံမှာ ချွဲနွဲ့နွဲ့ ဖြစ်လာပြီး ဆွန်ဖုန်း၏ မျက်နှာချင်းဆိုင်မှ ထကာ မော်ဒယ် တစ်ယောက်လို လမ်းလျှောက်လာပြီး ဆွန်ဖုန်း၏ အနောက်သို့ ရောက်လာကာ သူ၏ ပခုံးများကို ညင်သာစွာ နှိပ်နယ်ပေးရင်း ပြောလိုက်သည်။
"သေချာတာပေါ့... မင်း သဘောတူ မတူ အပေါ်မှာပဲ မူတည်တယ်... မျှတတဲ့ အရောင်းအဝယ်ပါပဲ"
ဆွန်ဖုန်းက နိုင်ငံခြားသူလေး လူစီ ၏ ကိုယ်သင်းနံ့ကို ရှူရှိုက်ရင်း သာယာနေသော အသံဖြင့် ပြောလိုက်သည်။
လူစီမှာ အလွန် ပေါ့ပျက်ပျက် နေတတ်သော အမျိုးသမီးမျိုး မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေဖြင့် သူမသည် အချစ်ရေး အတွေ့အကြုံ အလွန် နည်းပါးပြီး သူမ၏ အချိန် အများစုကို ပညာရှာမှီးခြင်းနှင့် ဘွဲ့ရရန် အတွက်သာ အသုံးပြုခဲ့သည်။
သို့သော် သိပ္ပံပညာရှင် တစ်ယောက် အနေဖြင့် အလိုချင်ဆုံး အရာက ဘာလဲ။ မှန်ပါသည်၊ နာမည်ဂုဏ်သတင်းနှင့် အကျိုးအမြတ်ပင် ဖြစ်သည်။
ယခု သူမ၏ ရှေ့တွင် ထိုအရာများ ရောက်နေပြီ ဖြစ်သည်။ ဆွန်ဖုန်းက ဤသို့ ပြောလာပြီ ဖြစ်ရာ ဤသုတေသန ရလဒ်ကို ဆွန်ဖုန်းက ထိုသုတေသီများဆီမှ ယူကာ သူမ၏ ခေါင်းပေါ်သို့ အတင်း တင်ပေးနေခြင်း ဖြစ်ကြောင်း သေချာသွားပြီ ဖြစ်သည်။
သူမ အနေဖြင့် အနည်းငယ် ပေးဆပ်ရုံသာ ဖြစ်သည်။ ဤပေးဆပ်မှုမှာ အမျိုးသမီး တစ်ယောက် အတွက် ကြီးသည် ဆိုလျှင်လည်း ကြီးမည်၊ ငယ်သည် ဆိုလျှင်လည်း ငယ်မည် ဖြစ်ပြီး ကာယကံရှင် အမျိုးသမီးက ဘယ်လို သဘောထားသလဲ ဆိုသည့် အပေါ်တွင်သာ မူတည်ပေသည်။
"ရှင့် သဘောပါပဲ... ကျွန်မရဲ့ သူဌေးကြီး"
လူစီက သွားကိုက်ကာ ချွဲနွဲ့သော အသံဖြင့် ဆွန်ဖုန်း၏ ကမ်းလှမ်းမှုကို လက်ခံလိုက်သည်။
ဆွန်ဖုန်းက ရယ်မောလိုက်သည်။ ရုံးခန်း စားပွဲရှေ့တွင် လူစီမှာ ဆွန်ဖုန်းကို ကျောပေးကာ ရှက်သွေးဖြာနေလေသည်။ အနောက်တိုင်းသူတွေလည်း ရှက်တတ်တာပဲဟု ဆွန်ဖုန်း စိတ်ထဲတွင် တွေးလိုက်မိသည်။
နှစ်နာရီ ကြာပြီးနောက် လူစီသည် နံရံကို အားပြုကာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ သူမ၏ မျက်မှောင်များ ကြုတ်နေပြီး လှပသော မျက်နှာလေးပေါ်တွင် နာကျင်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ နဖူးတွင်လည်း ချွေးစေးများ ပျံနေပြီး နှုတ်ခမ်းများ ဖြူရော်ကာ အားအင် ကုန်ခမ်းနေသည့် ပုံပေါက်နေသည်။
"အာရှသားတွေ မစွမ်းဘူးလို့ ဘယ်သူ ပြောလဲ... နောက်တစ်ခါ ဘယ်သူ ပြောပြော ငါ သူတို့ကို အရှင်လတ်လတ် အရေခွံ ခွာပစ်မယ်"
လူစီသည် ခြေတံ ရှည်ရှည်ကြီးများကို အားယူ ရွှေ့ကာ နံရံကို မှီပြီး နားနေခန်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။
---
ဒုတိယနေ့တွင် ထိုအဘိုးကြီး လေးယောက်သည် စက်ရုပ် သိပ္ပံပညာရှင် ဆယ်ကျော်နှင့် အတူ သုတေသန လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြသည်။ တကယ်တော့ သူတို့က ဒီအတိုင်း လျှောက်လုပ်နေကြခြင်း မဟုတ်ပေ။
ဤအရာများ အားလုံးမှာ အသံလက်ထောက်က စက်ရုပ်များကို အသုံးပြု၍ စမ်းသပ်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။ ဆွန်ဖုန်းနှင့် အသံလက်ထောက် နှစ်ယောက်စလုံးက ကုန်ကျစရိတ် ၁၀ ရာခိုင်နှုန်း လျှော့ချရုံနှင့် မကျေနပ်နိုင်ကြပေ။ စုပ်ယူပစ္စည်းက ပိုအဆင့်မြင့်လေ ပိုကောင်းလေဟု ယူဆထားကြသည်။
အသံလက်ထောက်က သီအိုရီပိုင်းဆိုင်ရာ တွက်ချက်မှုနှင့် သုတေသနများကိုသာ ပြုလုပ်ပြီး လက်တွေ့ စမ်းသပ်မှုများကိုတော့ ဖုန်းရွေ့ သုတေသနဌာန အတွင်းရှိ စက်ရုပ်များထံ တိုက်ရိုက် ညွှန်ကြားကာ သူ၏ လက်ရုံးများ အဖြစ် အသုံးပြု၍ လက်တွေ့ စမ်းသပ် လုပ်ဆောင်စေခြင်း ဖြစ်သည်။
ထိုအဘိုးကြီး လေးယောက်နှင့် လူစီတို့မှာလည်း အနားမှနေ၍ အကူအညီ ပေးရင်း ဤဆက်တိုက် ပြုလုပ်နေသော စမ်းသပ်မှုများကြောင့် အလွန် အံ့ဩနေကြသည်။ တစ်ချိန်တည်းမှာပင် ပညာများစွာကိုလည်း ရရှိခဲ့ကြရာ ရုပ်ဖျက်ထားသော စက်ရုပ် သိပ္ပံပညာရှင်များကို ပို၍ပင် လေးစားအားကျကာ အလုပ်ပို၍ ကြိုးစားလာကြသည်။
လက်ရှိတွင် ဖုန်းရွေ့ သုတေသနဌာနကို ဖွဲ့စည်းခဲ့သည်မှာ လဝက်ခန့် ရှိပြီ ဖြစ်သည်။
ဆွန်ဖုန်းက နောက်လတွင် ပထမဆုံးသော X စုပ်ယူပစ္စည်း အသစ်ကို ကြေညာရန် စီစဉ်ထားပြီး ထိုအချိန်ကျလျှင် ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူသည့် စက်ရုံကိုလည်း စတင် တည်ဆောက်နိုင်မည် ဖြစ်သည်။
ဆွန်ဖုန်းသည် ဤစက်ရုံကို နယူးဖောင်လန်တွင်ပင် တည်ဆောက်မည် ဖြစ်ပြီး ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံကာ ယူရေနီယမ် ထုတ်ယူရေး စက်ရုံကြီး တစ်ခုကို တည်ဆောက်ရန် စီစဉ်ထားသည်။ ဒေါ်လာ တစ်ဘီလီယံ ဆိုလျှင် ဤစက်ရုံကြီး တည်ဆောက်ရန် လုံလောက်ပေသည်။
ယူရေနီယမ် ထုတ်ယူရာတွင် အဓိက ကုန်ကျစရိတ်မှာ စုပ်ယူပစ္စည်းနှင့် စုပ်ယူသည့် ကိရိယာများ အပေါ်တွင် ဖြစ်သည်။ စုပ်ယူသည့် ကိရိယာများကို ယူရေနီယမ် ထုတ်ယူရေး စက်ရုံ အတွင်းတွင် တပ်ဆင်မည် ဖြစ်သည်။
ဤစက်ရုံ၏ ပုံစံကြမ်းကိုလည်း အသံလက်ထောက်က ရေးဆွဲပေးထားခြင်း ဖြစ်ပြီး ရိုးရှင်း၊ လက်တွေ့ကျကာ အလွန် အဆင့်မြင့်လှသည်။
မွန်းတည့်ချိန်တွင် ဆွန်ဖုန်းသည် ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိဘဲ လူစီ၏ အနားသို့ ရောက်လာကာ...
"ဒေါက်တာ လူစီ... ငါ့ ရုံးခန်းကို ခဏလောက် လာခဲ့ပါလား"
ဟု ပြုံး၍ ပြောလိုက်သည်။
အလုပ်များနေသော လူစီမှာ ထိုစကားကို ကြားသောအခါ လှပသော မျက်နှာလေးပေါ်တွင် ကြောက်ရွံ့သည့် အရိပ်အယောင်များ ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်း၏ စွမ်းဆောင်ရည်က အလွန် ကြောက်စရာ ကောင်းနေသောကြောင့်ပင်။
"အာ... ဟုတ်ကဲ့"
လူစီသည် လက်ထဲမှ အလုပ်များကို ချထားခဲ့ပြီး အလုပ်ဝတ်စုံကို ချွတ်ကာ ဆွန်ဖုန်း၏ ရုံးခန်းဆီသို့ လျှောက်သွားလေသည်။
နောက်ထပ် နှစ်နာရီ အကြာတွင် လူစီ တစ်ယောက် နာကျင်နေသည့် မျက်နှာဖြင့် နံရံကို အားပြုကာ ထွက်လာပြန်သည်။
ဆွန်ဖုန်းသည် ဤနေရာတွင် ရက်အနည်းငယ်ကြာ ပျော်ပါးပြီးနောက် ဖုန်းရွေ့ သုတေသနဌာနမှ ထွက်ခွာခဲ့သည်။ သူ့တွင် လုပ်စရာ အခြား ကိစ္စများ ရှိနေသေးသည်။
ဆွန်ဖုန်းသည် ရှန်းဖုန်း ရေနံမြေ၏ လက်ရှိ အခြေအနေကို သွားရောက် စစ်ဆေးခဲ့သည်။ လက်ရှိတွင် ဆယ့်ငါးတွင်းမြောက် ရေနံတွင်းကို စတင် တူးဖော်နေပြီ ဖြစ်ပြီး ရေနံများကိုလည်း တတိယအကြိမ်မြောက် ရောင်းချပြီးပြီ ဖြစ်ရာ ဆွန်ဖုန်း အနေဖြင့် ရေနံမြေ တူးဖော်ရေး အတွက် မိမိ အိတ်ကပ်ထဲမှ ငွေစိုက်ထုတ်ရန် မလိုတော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ ရေနံတွင်းများ တိုးများလာပြီး ရင်းနှီးမြှုပ်နှံထားသော ငွေများမှာလည်း တဖြည်းဖြည်း ပြန်လည် ရရှိလာပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဆွန်ဖုန်းသည် ရေနက်ပိုင်းမှ ခိုးယူလာသော ရေနံစည် နှစ်သိန်းကိုလည်း ခိုးကြောင်ခိုးဝှက် ထုတ်ရောင်းခဲ့သည်။ ပိုမို များပြားစွာ ရောင်းချရန် သူ မဝံ့ရဲပေ။ မည်သို့ပင်ဖြစ်စေ ရှန်းဖုန်း ရေနံမြေမှာ ရေနံမြေ အသေးလေး ဖြစ်ရာ အများကြီး ထုတ်ရောင်းနေလျှင် သိပ္ပံနည်း မကျဘူး မဟုတ်ပါလား။
"သူဌေး... ဒီနေ့ ဘယ်လို အားနေလို့ ဒီကို ရောက်လာတာလဲ... ဟိုက နိုင်ငံခြားသူ ပါရဂူမလေးနဲ့ သွားပြီး လှိုင်းမစီးတော့ဘူးလား"
စူးမေးသည် ဆွန်ဖုန်းကို မြင်သောအခါ မနာလိုသော လေသံဖြင့် ခနဲ့ကာ ပြောလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဆွန်ဖုန်းသည် ရုံးခန်းထဲတွင် နိုင်ငံခြားသူလေးနှင့် ဘဝ ရည်မှန်းချက်တွေ အကြောင်း ဆွေးနွေးနေစဉ် စူးမေး ရုတ်တရက် ဝင်လာပြီး တွေ့သွားခဲ့သဖြင့် ယခုလို ပြောနေခြင်း ဖြစ်သည်။
"ဟင်း... သုတေသနဌာန တစ်ခုကို တကယ် သုတေသန လုပ်ဖို့ ရင်းနှီးမြှုပ်နှံတာလို့ ထင်နေတာ... အမျိုးသမီး ပါရဂူတွေကို ဖြားယောင်းဖို့ လုပ်ထားမှန်း မသိခဲ့ဘူး... ပါရဂူ ဝတ်စုံလေးက ကြည့်လို့ကောင်းတယ် ဆိုပေမယ့်... ဒီလောက်တောင် ပိုက်ဆံတွေ အကုန်ခံစရာ လိုလို့လား"
စူးမေးက ပြောလိုက်သည်။
"ငါ သဘောကျလို့လေ... မင်းမှ ငါ့ရဲ့ အတွင်းရေးမှူးကြီး မလုပ်ချင်တာ... ဒါကြောင့် ငါ ဒီလိုပဲ လုပ်ရတော့တာပေါ့"
ဆွန်ဖုန်းက စူးမေးကို မျက်နှာပြောင်တိုက်ကာ စ,လိုက်သည်။
"ဒါနဲ့... မင်းကို ပြောဖို့ မေ့နေတာ... လောလောဆယ် ဖုန်းရွေ့ သုတေသနဌာနက ရလဒ်ကောင်းတချို့ ရနေပြီ... ပင်လယ်ရေထဲကနေ ယူရေနီယမ် ထုတ်ယူနိုင်တဲ့ စုပ်ယူပစ္စည်း အသစ် တစ်မျိုးကို တီထွင်နိုင်ခဲ့ပြီ... နာမည်က X စုပ်ယူပစ္စည်း တဲ့... လက်ရှိ ကမ္ဘာပေါ်က ပင်လယ်ရေထဲကနေ ယူရေနီယမ် ထုတ်ယူတဲ့ ကုန်ကျစရိတ်ထက် ၁၀ ရာခိုင်နှုန်း ပိုသက်သာတယ်... အင်း... နောက်လကျရင် ဒီသတင်းကို ကြေညာပြီး... ပင်လယ်ရေထဲကနေ ယူရေနီယမ် ထုတ်ယူတဲ့ စက်ရုံ စတင် တည်ဆောက်ဖို့ စီစဉ်ထားတယ်"
ဆွန်ဖုန်းက စူးမေး၏ ခါးသိမ်သိမ်လေးကို ဖက်ကာ သူမ၏ ဘေးတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။
"ကျွန်မကို လွှတ်စမ်း... ရှင် နိုင်ငံခြားသူ ပါရဂူမလေးနဲ့ ဘဝ ရည်မှန်းချက်တွေ ဆွေးနွေးပြီးလို့ ရှင့်ကိုယ်က အနံ့တွေ ထွက်နေပြီ"
စူးမေးက ဆွန်ဖုန်းကို ရွံရှာဟန်ဖြင့် တွန်းထုတ်ကာ ပြောလိုက်သည်။
"ဟေ့... အလုပ်ကိစ္စ ပြောနေတာနော်"
"..."
"ရှင် ပြောတာတွေ အကုန် အမှန်တွေချည်းပဲလား... တစ်လတောင် မပြည့်သေးဘဲနဲ့... ကုန်ကျစရိတ် ၁၀ ရာခိုင်နှုန်း လျှော့ချနိုင်တဲ့ စုပ်ယူပစ္စည်း အသစ်ကို တီထွင်နိုင်ခဲ့ပြီလား... ဒီအရှိန်က မြန်လွန်းမနေဘူးလား"
စူးမေးက အံ့ဩတကြီး မေးလိုက်သည်။
"ဘယ်သူက တစ်လပဲ ကြာတယ်လို့ ပြောလို့လဲ... လွန်ခဲ့တဲ့ ခြောက်လ ကတည်းက ငါ လျှို့ဝှက် သုတေသနဌာန တစ်ခု ဖွဲ့စည်းပြီး... ဒီပရောဂျက်ကို စတင် သုတေသန လုပ်နေခဲ့တာ... မင်းကို မပြောပြထားလို့ပါ... အခုလောလောဆယ် သူတို့ဆီက ရလဒ်ကောင်းတွေ ထွက်လာတာကို တွေ့ရလို့... ငါက တကယ့် ဖုန်းရွေ့ သုတေသနဌာန ကို ဖွဲ့စည်းပြီး... ဒီဘက် သုတေသန အတွက် ရန်ပုံငွေတွေ ထပ်တိုးပေးဖို့ ဆုံးဖြတ်လိုက်တာပဲ"
ဆွန်ဖုန်းက စတင် ကြွားလုံးထုတ်တော့သည်။
တကယ်တော့ ဤအရာများ အားလုံးက လိမ်ညာမှုများသာ ဖြစ်သည်။ သို့သော် လိမ်ညာရန် လိုအပ်သည် မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ သုတေသန ရလဒ်ကို ကြေညာချိန်ကျလျှင် ဤသို့သာ ပြောရမည် ဖြစ်သည်။
အနောက်နိုင်ငံများတွင် ဤကဲ့သို့ ကိစ္စမျိုးများစွာ ရှိသည်။ သူဌေးကြီး အများအပြားသည် သိပ္ပံပညာရှင်များကို သုတေသန ပြုလုပ်ရန် ရင်းနှီးမြှုပ်နှံလေ့ ရှိကြသည်။ တချို့က သတင်းထုတ်ပြန်ပြီး၊ တချို့က သတင်း မထုတ်ပြန်ကြပေ။
သိပ္ပံပညာရှင် များစွာသည်လည်း ကိုယ်ပိုင် ရန်ပုံငွေဖြင့် သုတေသန ပြုလုပ်လေ့ ရှိကြသည်။ ဤသည်မှာ အနောက်နိုင်ငံများတွင် နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်သည်။