အခန်း ၂၂၉
Vol. 23 Ch. 229
အခန်း ၂၂၉ - အဆင့်မြင့် စုပ်ယူပစ္စည်းအသစ် ထုတ်ပြန်ခြင်း
"ခြောက်လအတွင်းမှာတင် ဒီလို ရလဒ်မျိုး ရလာတာ တကယ်ကို မယုံနိုင်စရာပဲ... ဒီ X စုပ်ယူပစ္စည်းအသစ်က ကုန်ကျစရိတ်ကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်ဆိုတော့ ကျွန်မတို့ ပင်လယ်ရေထဲကနေ ယူရေနီယမ် ထုတ်ယူတဲ့ ကုမ္ပဏီကို ချက်ချင်း မထူထောင်တော့ဘူးလား... စက်ရုံတွေ မဆောက်တော့ဘူးလား"
စူးမေးသည် ဤသတင်းကို ကြားရသောအခါ အလွန် ဝမ်းသာသွားသည်။ သူမ၏ သူဌေး ဆွန်ဖုန်း၏ သုတေသနအဖွဲ့က ဤမျှ ကြီးမားသည့် ရလဒ်မျိုးကို ရရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဤ X စုပ်ယူပစ္စည်းသည် သေချာပေါက် လူကြိုက်များသွားမည် ဖြစ်သည်။
"သူဌေး... ကျွန်မတို့ တကယ်ကို ချမ်းသာတော့မှာပဲ"
စူးမေးသည် ဆွန်ဖုန်းကို ကြည့်ကာ မျက်လုံးများ အရောင်လက်နေသည်။ သူမ သူဌေးသည် အလွန် ချောမောရုံသာမက ရင်းနှီးမြှုပ်နှံရာတွင်လည်း အလွန် ထက်မြက်ကြောင်း သူမ သဘောပေါက်သွားသည်။
ယူရေနီယမ်သည် ကမ္ဘာပေါ်တွင် မည်မျှ အရေးပါကြောင်း သူမ သိသည်။ ဤလုပ်ငန်းမှာ အမြတ်အများဆုံး ရရှိနိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်သည်။ အကယ်၍သာ သူတို့တွင် အခြားသူများထက် ကုန်ကျစရိတ် သက်သာသော နည်းလမ်း ရှိနေပြီဆိုပါက ဈေးကွက်ကို အသာလေး ထိန်းချုပ်ထားနိုင်မည် ဖြစ်သည်။
"အရင်က ငါ သုတေသနဌာန ဖွဲ့စည်းမယ်ပြောတော့ မင်းက မယုံကြည်ဘူး... ကန့်ကွက်ခဲ့တာလေ... အခုကျတော့ ဘာလို့ စကားလုံးတွေ ပြောင်းသွားတာလဲ"
ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။ သူ သုတေသနဌာန ဖွဲ့စည်းရန် ပြင်ဆင်စဉ်က စူးမေး အမြဲတမ်း ကန့်ကွက်ခဲ့ပြီး ထိုရက်ပိုင်းအတွင်း သူမက ဆွန်ဖုန်းကို မျက်နှာသာ မပေးခဲ့ပေ။
"အို... အဲဒီတုန်းက ရှင် ဒီအစီအစဉ်ကို ကြိုတင် လုပ်ဆောင်နေမှန်း ကျွန်မ မသိခဲ့လို့ပေါ့... အခုလို သိပ္ပံပညာရှင်အဖွဲ့က အရေးကြီးတဲ့ ရလဒ်ကောင်းကို ရရှိထားမှန်းသာ ကြိုပြောရင် ကျွန်မ ဘယ်ကန့်ကွက်မှာလဲ... ရှင်သာ အဲဒီတုန်းက ပြောခဲ့ရင် ကျွန်မကတောင် ရှင်တို့ကို ဆုချီးမြှင့်ဦးမှာ"
စူးမေးသည် ဆွန်ဖုန်း စိတ်ဆိုးနေသည်ကို မြင်သောအခါ အနားသို့ တိုးလာပြီး ပခုံးများကို နှိပ်နယ်ပေးရင်း ချွဲနွဲ့ ပြောဆိုလိုက်သည်။
"ဒါမှ ငါ့အတွင်းရေးမှူးလေး"
"သူဌေး... တကယ်လို့ ကျွန်မတို့က ပင်လယ်ရေထဲကနေ ယူရေနီယမ် ထုတ်ယူတဲ့ လုပ်ငန်းကို တကယ် ဝင်ရောက်တော့မယ်... စက်ရုံတွေ ဆောက်တော့မယ်ဆိုရင် အခုချက်ချင်းပဲ ကုမ္ပဏီ မှတ်ပုံတင်ပြီး စက်ရုံဆောက်ဖို့ စတင်နိုင်ပြီ"
စူးမေးက အကြံပြုလိုက်သည်။
"အင်း... ကောင်းပြီလေ... ဒီကိစ္စကို မင်း တာဝန်ယူပေးပါ... ကုမ္ပဏီ မှတ်ပုံတင် ပြီးသွားရင် စက်ရုံ ဆောက်မယ့် နေရာကို ငါ ရွေးချယ်ပြီး စက်ရုံ ဒီဇိုင်းပုံစံတွေကို မင်းဆီ ပို့ပေးမယ်"
ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူသည့် လုပ်ငန်းကို စတင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ရာ ဆွန်ဖုန်းလည်း အချိန်မဆွဲတော့ဘဲ လုပ်ငန်းများကို ချက်ချင်း စတင်တော့မည် ဖြစ်သည်။
"ကောင်းပြီ... စိတ်ချပါ... ဒီကိစ္စကို ကျွန်မ တာဝန်ယူပါတယ်"
စူးမေးက ခေါင်းညိတ် ပြောလိုက်သည်။
"လှပတဲ့ မင်းသမီးလေး... ဒီနေ့ညတော့ ငါ့နဲ့ အတူတူ ညစာ စားဖို့ အချိန်ပေးလို့ ရမလား"
အလုပ်ကိစ္စ ပြီးဆုံးသွားသောအခါ ဆွန်ဖုန်းက စူးမေးကို ဖိတ်ခေါ်လိုက်သည်။
"ဟား... ဒီနေ့တော့ စိတ်ကြည်လင်နေတာနဲ့ပဲ အဖော်လုပ်ပေးလိုက်ပါ့မယ်... ဒါပေမဲ့ ဆိုးသွမ်းတဲ့ အကြံတွေတော့ မထုတ်ပါနဲ့နော်"
စူးမေး၏ လေသံမှာ ချက်ချင်း ပြောင်းလဲသွားပြီး ချွဲနွဲ့သော အသံဖြင့် ပြောလိုက်သည်။
"စိတ်ချပါ... တစ်နေ့ကျရင် မင်း အလိုလို ကိုယ့်ကုတင်ပေါ် တက်လာအောင် ကိုယ် လုပ်ပြမယ်"
ဆွန်ဖုန်းက လူဆိုးအပြုံးဖြင့် ပြောလိုက်သည်။
"ဟွန့်... ရှင် ဒီတစ်သက် အခွင့်အရေး ရမှာ မဟုတ်ဘူး"
"စောင့်ကြည့်နေလိုက်ပါ"
ညဘက်တွင် ဆွန်ဖုန်းသည် စူးမေးကို ချစ်သူများ စားသောက်ဆိုင်သို့ ခေါ်သွားကာ ညစာ ကျွေးလိုက်သည်။
တစ်လ ကုန်ဆုံးသွားပြီးနောက် ဆွန်ဖုန်းသည် ဖုန်းရွေ့ သုတေသနဌာန၏ သတင်းစာ ရှင်းလင်းပွဲကို ပြင်ဆင်ပြီးစီးခဲ့သည်။
ယခုတစ်ကြိမ်တွင် ဆွန်ဖုန်းသည် ဖုန်းရွေ့ သုတေသနဌာနမှ ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူသည့် X စုပ်ယူပစ္စည်း အသစ်ကို တီထွင်နိုင်ခဲ့ကြောင်း ကြေညာရုံသာမက ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူသည့် လုပ်ငန်းကိုပါ ဝင်ရောက် လုပ်ကိုင်မည် ဖြစ်ကြောင်း ကြေညာရန် စီစဉ်ထားသည်။
ဖုန်းရွေ့ သုတေသနဌာန ရုံးခန်း၌...
ဆွန်ဖုန်းသည် လူစီ၏ ကိုယ်ခန္ဓာမှ ထလာပြီးနောက် ဆေးလိပ်တစ်လိပ်ကို မီးညှိကာ...
"ဒီည မင်း သေချာ ပြင်ဆင်ထားပါ... မနက်ဖြန်မှာ သတင်းစာ ရှင်းလင်းပွဲ စတင်မယ်... အဲဒီအချိန်ကျရင် မင်းရဲ့ ထက်မြက်တဲ့ ဟောပြောချက်ကိုပဲ စောင့်မျှော်နေမယ်"
ဟု ပြောလိုက်သည်။ သူသည် အဝတ်အစားများကို စနစ်တကျ ဝတ်ဆင်နေသည်။
"သိပါပြီ"
လူစီက တိုးညှင်းစွာ ပြောလိုက်သည်။ မိမိကိုယ်ကို ပေးဆပ်၍ ရလာသော အခွင့်အရေးကို သူမ အလဟသ မဖြစ်စေရပေ။
ဒုတိယနေ့တွင် ဆွန်ဖုန်းသည် စိန့်ဂျွန်မြို့ရှိ ကင်ဒင် ဟိုတယ် ခန်းမကြီးတွင် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ ဤတစ်ကြိမ်တွင် သတင်းထောက် အရေအတွက် မများသော်လည်း အနည်းငယ်တော့ ရှိသည်။
လွန်ခဲ့သော ရက်ပိုင်းကပင် ဆွန်ဖုန်းသည် သတင်းစာတိုက်များနှင့် ဆက်သွယ်ထားပြီး သုတေသနဌာန၏ နောက်ဆုံး ရလဒ်များကို ကြေညာရန် ရှိကြောင်း အသိပေးထားခဲ့သည်။
စင်မြင့်ပေါ်တွင် ဆွန်ဖုန်းသည် လူစီနှင့် လက်ထောက် အချို့ကို ခေါ်ဆောင်ကာ တက်ရောက်လာသည်။ သတင်းထောက်များက ဓာတ်ပုံများ ရိုက်ကူးနေကြသည်။
ဤလပိုင်းအတွင်း ဆွန်ဖုန်းသည် မီဒီယာများ၏ အာရုံစိုက်မှုကို အမြဲ ခံနေရသူ ဖြစ်သည်။ နောက်တစ်လတွင် ရွှေသင်္ဘောစုမှ ကျန်ရှိသော ရွှေရတနာ တစ်ဝက်ကို လေလံတင်ရန် ရှိနေသောကြောင့် ဖြစ်သည်။
"မင်္ဂလာမွန်းလွဲပါခင်ဗျာ"
ဆွန်ဖုန်းက စင်မြင့် အလယ်တွင် ရပ်ကာ သတင်းထောက်များကို နှုတ်ဆက်လိုက်သည်။
"ဖြောင်း… ဖြောင်း…ဖြောင်း..."
"ဒီနေ့မှာတော့ ဖုန်းရွေ့ သုတေသနဌာနက နောက်ဆုံး ရရှိထားတဲ့ သုတေသန ရလဒ်ကို အပြင်လောကသို့ ထုတ်ပြန် ကြေညာပေးမှာ ဖြစ်ပါတယ်"
ဆွန်ဖုန်းက ပြောလိုက်သည်။ ထို့နောက် စိတ်ဝင်စားမှုများကို အမြင့်ဆုံး ရောက်အောင် ဆွဲဆောင်ထားလိုက်သည်။
"မစ္စတာဆွန်... ပင်လယ်ရေထဲကနေ ယူရေနီယမ် ထုတ်ယူတဲ့ လုပ်ငန်းစဉ်မှာ တိုးတက်မှု ရှိလို့လားခင်ဗျာ"
သတင်းထောက် တစ်ဦးက လက်ထောင်ကာ မေးလိုက်သည်။
"ဟားဟား... ခင်ဗျား မှန်းတာ မှန်ပါတယ်... အဲဒါကြောင့် ကျွန်တော်တို့ သုတေသနဌာနက လူစီ အလှလေးကို ဒီရလဒ် အသစ်အကြောင်း ရှင်းပြပေးခိုင်းပါ့မယ်... အော်... ဒီ သုတေသန ရလဒ်ရဲ့ အောင်မြင်မှု အများစုက လူစီ ရဲ့ ကြိုးစားမှုတွေပါပဲ"
ဆွန်ဖုန်းက သတင်းထောက်များ သိရှိစေရန် အလေးအနက် ထည့်ပြောလိုက်သည်။
"ဝါး... ဒီ လူငယ် ပါရဂူမလေးက တကယ်ကို ပါရမီ ရှိတာပဲ... ဘယ်လို သုတေသန ရလဒ်မျိုးလဲ"
"ဒေါက်တာ လူစီက ငါ့ရဲ့ နတ်သမီးပဲ... လှလည်း လှတယ်၊ ပညာလည်း တတ်တယ်... တကယ့်ကို ပြီးပြည့်စုံတာပဲ"
"အားလုံးပဲ မင်္ဂလာပါ ကျွန်မက ဖုန်းရွေ့ သုတေသနဌာနက လူစီပါ…ကျွန်မတို့ သုတေသနဌာနက ပြီးခဲ့တဲ့ တစ်ပတ်က ပင်လယ်ရေထဲကနေ ယူရေနီယမ် ထုတ်ယူနိုင်တဲ့ စုပ်ယူပစ္စည်း အသစ် တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်….ဒီ စုပ်ယူပစ္စည်းကို X စုပ်ယူပစ္စည်းလို့ နာမည်ပေးထားပါတယ်….သူက ပင်လယ်ရေထဲက ယူရေနီယမ် ထုတ်ယူတဲ့ ကုန်ကျစရိတ်ကို အမေရိကန် ဒေါ်လာ ၃၀၀ မှ ၂၇၀ သို့ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်….ဆိုလိုတာက ယူရေနီယမ် တစ်ပေါင် ထုတ်ယူဖို့ မူလက ဒေါ်လာ ၃၀၀ ကုန်ကျရာမှ X စုပ်ယူပစ္စည်းကို အသုံးပြုပါက ဒေါ်လာ ၂၇၀ သာ ကုန်ကျတော့မှာ ဖြစ်ပါတယ်"
လူစီက ရှင်းပြလိုက်သည်။
"ဗုန်း"
ဤသတင်း ထွက်ပေါ်လာသည်နှင့် ခန်းမအတွင်းရှိ သတင်းထောက်များ တစ်ချိန်တည်းမှာပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး အံ့ဩ တုန်လှုပ်သွားကြသည်။
"ယူရေနီယမ် တစ်ပေါင် ထုတ်ယူဖို့ ဒေါ်လာ ၂၇၀ ပဲ ကုန်ကျတော့မယ် ဟုတ်လား... ကုန်ကျစရိတ် ၁၀ ရာခိုင်နှုန်း တိုက်ရိုက် လျော့ကျသွားတာပေါ့... အိုး ဘုရားရေ... ဒီ သုတေသန ရလဒ်က တကယ်ကို တုန်လှုပ်စရာကောင်းလွန်းပါတယ်... ဒီလုပ်ငန်း နယ်ပယ်မှာ အပြောင်းအလဲကြီး ဖြစ်တော့မှာ သေချာတယ်"
"လက်ရှိ ဂျပန်နဲ့ အမေရိကန်တို့ရဲ့ အနည်းဆုံး ကုန်ကျစရိတ်က ဒေါ်လာ ၃၀၀ ရှိတာ... ဒီ ဖုန်းရွေ့ သုတေသနဌာနက တီထွင်လိုက်တဲ့ X စုပ်ယူပစ္စည်းက ဒေါ်လာ ၂၇၀ ပဲ ကုန်ကျမယ် ဆိုပါလား... အို ဘုရားရေ... ဒါဆို ဆွန်ဖုန်းက ဒီ ယူရေနီယမ် စွမ်းအင် လုပ်ငန်းကို ဝင်ရောက်လာတော့မှာပေါ့"
"ဒီလောက် အဆင့်မြင့်တဲ့ ရလဒ်ကို ရရှိထားတဲ့ လူစီ ဆိုတဲ့ အမျိုးသမီးက အရမ်း ထက်မြက်တာပဲ... သူမက ဉာဏ်ပညာရော အလှတရားပါ ပိုင်ဆိုင်ထားတဲ့သူပဲ"
"ဒီ ဖုန်းရွေ့ သုတေသနဌာနက တကယ်ကို မိုက်တယ်... ဒီလို အောင်မြင်မှုမျိုးက ထိပ်တန်း ယူရေနီယမ် ထုတ်ယူရေး လုပ်ငန်းကြီးတွေကိုတောင် ယှဉ်နိုင်နေပြီပဲ"
"နောက်ပြီး ကျွန်မတို့ ဖုန်းရွေ့ သုတေသနဌာနက ပင်လယ်ရေထဲက ယူရေနီယမ် ထုတ်ယူတဲ့ လုပ်ငန်းကို ဝင်ရောက် လုပ်ကိုင်တော့မယ် ဆိုတာကိုလည်း ကြေညာအပ်ပါတယ်။ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားသွားမှာပါ"
လူစီက ဆက်ပြောလိုက်သည်။
"ဒီ X စုပ်ယူပစ္စည်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ကျွန်မ ရှင်းပြပေးပါ့မယ်…နောက်ဆုံးမှာ ပင်လယ်ရေထဲမှ ယူရေနီယမ် ထုတ်ယူခြင်းနဲ့ ပတ်သက်တဲ့ စာတမ်း တစ်စောင်လည်း ပါဝင်ပါတယ်… အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
လူစီက ပျော်ရွှင်စွာ ပြောလိုက်သည်။ သူမသည် ဤလေထုကို အလွန် နှစ်သက်နေလေသည်။