← Chapters

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း ၂၄၀

Vol. 24 Ch. 240

အခန်း ၂၄၀ - အဆင့်နိမ့် စွမ်းအင်

"ကျက်သရေကို မရှိဘူး..."

ဆွန်ဖုန်းက ရွံစရာကောင်းသော ဂြိုဟ်သား အလောင်းများကို ကြည့်ရင်း ပြောလိုက်သည်။ ဤနေရာတွင် ဆက်မနေချင်တော့ဘဲ အခြား အခန်းများကို ရှာဖွေရန် ရေငုပ်စစ်ဝတ်စုံကို ဆက်လက် မောင်းနှင်သွားလိုက်သည်။

"သခင်... ဒီလို လိုက်ရှာနေရင် အရမ်း နှေးလွန်းတယ်... ဒီယာဉ်ပျံထဲမှာ ကျွန်တော်တို့ စိတ်ဝင်စားလောက်မယ့် အရာတွေ ဘာတွေရှိလဲ ဆိုတာကို ကျွန်တော်ပဲ စကင်ဖတ် ရှာကြည့်လိုက်မယ်..."

အသံလက်ထောက်က ပြောလိုက်သည်။ ခုနက ဂြိုဟ်သား ယာဉ်ပျံ၏ စွမ်းအင်အကာအကွယ်လွှာကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်ရာ အမည်မသိ သံလိုက်စက်ကွင်းလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ရေငုပ်စစ်ဝတ်စုံ၏ ရှာဖွေထောက်လှမ်းရေး စနစ်မှာ အမြင့်ဆုံး အခြေအနေသို့ ချက်ချင်း ပြန်လည် ရောက်ရှိသွားပြီး ကီလိုမီတာ ၃၅၀ အထိ ပြန်လည် ရှာဖွေနိုင်ပြီ ဖြစ်သည်။

"ဟဲ... ငါတောင် ဒါကို မေ့နေတာ..."

ဆွန်ဖုန်းက မိမိခေါင်းကို ပုတ်ရင်း ပြောလိုက်သည်။ ရတနာများကို အလောတကြီး ရှာချင်နေသဖြင့် ဤပြိုင်ဘက်ကင်း လုပ်ဆောင်ချက်ကိုပင် မေ့သွားခဲ့ခြင်း ဖြစ်သည်။

အသံလက်ထောက်၏ အကူအညီဖြင့် ဆွန်ဖုန်းသည် နေရာတစ်ခုကို အလွယ်တကူ ပစ်မှတ်ထားလိုက်နိုင်ပြီး ရေငုပ်စစ်ဝတ်စုံဖြင့် အကြမ်းပတမ်း ဖောက်ထွင်းကာ ဝင်ရောက်သွားလိုက်သည်။ မကြာမီမှာပင် ကျယ်ဝန်းသော အခန်းတစ်ခုအတွင်းသို့ ရောက်ရှိသွားလေသည်။

ဤနေရာသည် စက်ခန်းတစ်ခု ဖြစ်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် နေရာအနှံ့တွင် ဆွန်ဖုန်း နားမလည်သော အဆင့်မြင့် စက်ပစ္စည်းများ ရှိနေသောကြောင့်ပင်။

"သခင်... ဒီအခန်းက ဒီဂြိုဟ်သား ယာဉ်ပျံရဲ့ စွမ်းအင်ခန်း ဖြစ်ရမယ်... ဒီမှာ အဆင့်နိမ့် စွမ်းအင်တုံး အခု ၃၀ တောင် ရှိတယ်... ဒီတစ်ခေါက်တော့ ကျွန်တော်တို့ တကယ့်ကို အမြတ်ကြီး ထွက်တာပဲ... ဟားဟားဟား..."

"ဘာ... အဆင့်နိမ့် စွမ်းအင်တုံး ၃၀ တောင် ဟုတ်လား... ဘယ်မှာလဲ..."

ဤသတင်းကို ကြားသောအခါ ဆွန်ဖုန်း၏ မျက်လုံးများ အရောင်လက်သွားပြီး အခန်းတွင်းသို့ စိတ်လှုပ်ရှားစွာ ဟိုဟိုဒီဒီ လိုက်ကြည့်နေမိသည်။

အဆင့်နိမ့် စွမ်းအင်တုံး ဖြစ်သော်ငြားလည်း ဤအရာများသည် ကြီးမားလှသော ဓနဥစ္စာ ဖြစ်ကြောင်း သူ သိသည်။ ယခင်က အာကာသထဲမှ အဆင့်နိမ့် စွမ်းအင်တုံး တစ်တုံး ရရှိခဲ့စဉ်က ရေငုပ်စစ်ဝတ်စုံကို တစ်နှစ်တိတိ မောင်းနှင်နိုင်စေခဲ့ပြီး ရှာဖွေရေး စနစ်ကိုလည်း ကီလိုမီတာ ၃၅၀ အထိ တိုးမြှင့်ပေးနိုင်ခဲ့သည်။

ယခု စွမ်းအင်တုံး ၃၀ ဆိုလျှင် ရေငုပ်စစ်ဝတ်စုံကို အနှစ် ၃၀ တိုင်တိုင် အသုံးပြုနိုင်မည် ဖြစ်သည်။ ရေငုပ်စစ်ဝတ်စုံအတွက် ထိုမျှ မလိုလျှင်တောင် အခြား စက်ပစ္စည်းများအတွက် အသုံးပြုနိုင်သေးသည် မဟုတ်ပါလား။

အရင်က ရေငုပ်စစ်ဝတ်စုံ၏ အဆင့်နိမ့် စွမ်းအင်တုံး ကုန်သွားတော့မည်ကို ဆွန်ဖုန်း စိုးရိမ်နေခဲ့ရသည်။ ယခု ဤစွမ်းအင်တုံးများကို ရရှိလိုက်ပြီ ဖြစ်ရာ အပူအပင် ကင်းသွားပြီ ဖြစ်သည်။

"ဒီအဆင့်နိမ့် စွမ်းအင်တုံးတွေက ဂြိုဟ်သား ယာဉ်ပျံရဲ့ အရံစွမ်းအင်တွေ ဖြစ်မယ်... ကြည့်ရတာ နဂါးငွေ့တန်း ဂလက်ဆီရဲ့ နည်းပညာ ယဉ်ကျေးမှုက အတော်လေး တိုးတက်နေပုံပဲ..."

အသံလက်ထောက်က ဆက်ပြောသည်။

"အင်း... ဒီစွမ်းအင်မျိုးက ကမ္ဘာမြေထက် အများကြီး ပိုပြီး အဆင့်မြင့်တာတော့ အမှန်ပဲ..."

ဆွန်ဖုန်းကလည်း ထောက်ခံလိုက်သည်။ လက်ရှိ ကမ္ဘာမြေ၏ နျူကလီးယား စွမ်းအင်သည်ပင်လျှင် အဆင့်နိမ့် စွမ်းအင်စာရင်းထဲ မဝင်နိုင်ပေ။

ဤသည်ကို ကြည့်လျှင် စကြာဝဠာအတွင်းရှိ အဆင့်နိမ့် စွမ်းအင်ဆိုသည်မှာ မည်မျှ အစွမ်းထက်ကြောင်း တွေးကြည့်နိုင်သည်။ အလယ်အလတ် စွမ်းအင်နှင့် အဆင့်မြင့် စွမ်းအင်များကိုဆိုလျှင်တော့ ပြောစရာပင် မလိုတော့ပေ။

"ဟဲဟဲ... သခင်... အခု ဒီအဆင့်နိမ့် စွမ်းအင်တုံးတွေကို ရပြီဆိုတော့ နောက်ဆိုရင် ကျွန်တော်တို့ သူခိုးခိုးတဲ့ အခါမှာ ပိုပြီး မြန်မြန်ဆန်ဆန် လုပ်နိုင်ပြီပေါ့... ဟီးဟီး..."

"မင်းကတော့ တစ်ချိန်လုံး သူများဆီက ခိုးဖို့ချည်း တွေးနေတာပဲ... သူများကို ဒုက္ခပေးဖို့ချည်းပဲ... တကယ့် လူဆိုးပဲ... ဒါပေမဲ့... အဟမ်း... ငါ သဘောကျတယ်..."

ဆွန်ဖုန်းက ဟားတိုက် ရယ်မောလိုက်သည်။ သူ့ကိုယ်သူနှင့် ဉာဏ်ရည်တု အသံလက်ထောက်တို့၏ စရိုက်မှာ မွေးရာပါ အကြံတူဉာဏ်တူများ ဖြစ်နေမှန်း ဆွန်ဖုန်း သတိထားမိလိုက်သည်။ ဤကဲ့သို့သော အလုပ်မျိုးကို လုပ်ရသည်ကို သူတို့က အလွန် သဘောကျကြသည်။

အသံလက်ထောက်၏ လမ်းညွှန်မှုဖြင့် ဆွန်ဖုန်းသည် အဆင့်နိမ့် စွမ်းအင်တုံး ၃၀ ကို လွယ်ကူစွာ သိမ်းဆည်းလိုက်သည်။ ဤစွမ်းအင်တုံးများသည် လက်ကိုင်ဖုန်း တစ်လုံးစာခန့်သာ အရွယ်အစားရှိပြီး အနီရင့်ရောင် ရှိကာ ကိုင်ကြည့်လျှင် ဘာအလေးချိန်မှ မရှိပေ။ စွမ်းအင်တုံးလေးများမှ အနီရောင် အလင်းဖျော့ဖျော့လေးများ ထွက်ပေါ်နေသည်။

ဤစွမ်းအင်တုံးများသည် အာကာသထဲရှိ ဂလက်ဆီများ သို့မဟုတ် ဥက္ကာပျံများတွင် အများအပြား ရှိတတ်ပြီး သန့်စင်ပြီးမှသာ ဤကဲ့သို့ စွမ်းအင်တုံးများအဖြစ် ရရှိလာခြင်း ဖြစ်ကြောင်း အသံလက်ထောက်က ဆွန်ဖုန်းကို ရှင်းပြသည်။ X ဂလက်ဆီတွင်လည်း ဤအဆင့်နိမ့် စွမ်းအင်တုံးများ ရှိပြီး ၎င်းတို့ကို 'ကျောက်သွေး' ဟု အမည်ပေးထားသည်။

"ဒီ ကျောက်သွေး စွမ်းအင်တုံးတွေကို ကျွန်တော်တို့ X ဂလက်ဆီမှာတော့ အရပ်ဘက်သုံး စွမ်းအင် အနေနဲ့ပဲ အသုံးပြုကြတယ်... စစ်ဘက်သုံး ဒါမှမဟုတ် တူးဖော်ရေး စက်ရုပ်တွေမှာ သုံးဖို့ဆိုရင်တော့ စွမ်းအင် မလောက်ဘူး... ဒါပေမဲ့ လောလောဆယ် ကျွန်တော်တို့အတွက်ကတော့ အရမ်းကို အစွမ်းထက်တဲ့ စွမ်းအင်တွေပါပဲ..."

အသံလက်ထောက်က ရယ်မောကာ ပြောလိုက်သည်။

"ဒါပေါ့... အဆင့်နိမ့် စွမ်းအင်တုံး သုံးခွင့်ရတာပဲ တော်လှပြီ... ဘာလိုချင်သေးလို့လဲ..."

ဆွန်ဖုန်းက အဆင့်နိမ့်သည်ဖြစ်စေ၊ အဆင့်မြင့်သည်ဖြစ်စေ ဂရုမစိုက်ပေ။ ကမ္ဘာမြေပေါ်ရှိ မည်သည့် စွမ်းအင်ထက်မဆို ပို၍ အစွမ်းထက်နေလျှင် ရပြီ ဖြစ်သည်။

ဆွန်ဖုန်းသည် အဆင့်နိမ့် ကျောက်သွေး စွမ်းအင်တုံး ၃၀ ကို သိုလှောင်ခန်းထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် ဂြိုဟ်သား ယာဉ်ပျံ တစ်ခုလုံးကို ဆက်လက် မွှေနှောက် ရှာဖွေလိုက်သေးသည်။

သို့သော် တန်ဖိုးရှိသည့် အရာများ ထပ်မတွေ့တော့ဘဲ ဂြိုဟ်သား လက်နက် အချို့ကိုသာ တွေ့ရှိခဲ့သည်။ ဤလက်နက်များကို ဆွန်ဖုန်း အသုံးမပြုသော်လည်း အလကား မထားခဲ့ချင်သဖြင့် အကုန်လုံးကို သိုလှောင်ခန်းထဲသို့ ထည့်သိမ်းလိုက်သည်။

"ကဲ... ရှာစရာ ဘာမှလည်း မကျန်တော့ဘူး... ငါတို့ ပြန်ကြစို့..."

ဆွန်ဖုန်းက ပြောလိုက်သည်။

မပြန်ခင် ဆွန်ဖုန်းသည် ဂြိုဟ်သား ယာဉ်ပျံကို အမှုန့်ဖြစ်သွားသည်အထိ ပစ်ခတ် ဖျက်ဆီးပစ်လိုက်သည်။ အတွင်းရှိ ဂြိုဟ်သား အလောင်းများပါ အစအနမကျန်အောင် ဖျက်ဆီးပစ်လိုက်သည်။

အမှန်တော့ ဤယာဉ်ပျံမှာ အတော်လေး အဆင့်မြင့်သော်လည်း ရေနက်ပိုင်း ဉာဏ်ရည်တု စက်ရုံကို ပိုင်ဆိုင်ထားသော ဆွန်ဖုန်းအတွက်မူ ဤအရာများမှာ မျက်စိကျစရာ မဟုတ်တော့ပေ။

ထိုအရာအားလုံး ပြီးစီးသွားပြီးနောက် ဆွန်ဖုန်းသည် ရေငုပ်စစ်ဝတ်စုံကို မောင်းနှင်ကာ အပြန်လမ်းသို့ ဦးတည်လိုက်သည်။ အပြန်လမ်းတွင် ဂျပန်ပင်လယ်ဘက်သို့ ဝင်ကာ တူနာငါး အနည်းငယ် ဖမ်းရန် အစီအစဉ် ရှိသေးသည်။

...

ဘာမြူဒါတြိဂံ ပင်လယ်ပြင်။

"ကပ္ပတိန်... ကပ္ပတိန်... သတင်းကောင်းပဲ... ဂြိုဟ်တု လမ်းကြောင်းပြ စနစ် ပြန်ရနေပြီ..."

ယာဉ်မောင်းခန်းရှိ ဒိုင်ခွက်များကို အချိန်ပြည့် စောင့်ကြည့်နေသော ပထမ အရာရှိက ဂြိုဟ်တု စနစ် ပြန်လည် အလုပ်လုပ်နေပြီ ဖြစ်ကြောင်း ရုတ်တရက် တွေ့လိုက်ရသည်။ ဤမျှော်လင့်မထားသော သတင်းကြောင့် သူ အလွန် ဝမ်းသာသွားပြီး အစောပိုင်းက ထိတ်လန့်မှုများ အားလုံး ပျောက်ကွယ်သွားတော့သည်။

"ဘာ... ပြန်ရပြီ ဟုတ်လား... အရမ်းကောင်းတာပဲ..."

ဤသတင်းကို ကြားသောအခါ ကားလ်သည် ဒိုင်ခွက်များရှေ့သို့ သုတ်ခြေတင် ပြေးသွားပြီး ကြည့်လိုက်ရာ အမှန်တကယ်ပင် ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည်။

ဂြိုဟ်တု မြေပုံအရ သူတို့သည် ဘာမြူဒါတြိဂံ ပင်လယ်ပြင် အတွင်း၌ပင် ရှိနေဆဲ ဖြစ်သော်လည်း မူလ လမ်းကြောင်းမှ အနည်းငယ် သွေဖည်နေခြင်းသာ ရှိသည်။

"ကပ္ပတိန်... ကျွန်တော်တို့ အခု ဒီကျိန်စာသင့် နေရာကနေ အမြန်ဆုံး ထွက်သွားကြမလား... တော်ကြာ နေရင်းထိုင်ရင်း ထပ်ပြီး အဆက်အသွယ် ပြတ်သွားရင် ဒုက္ခပဲ..."

ပထမ အရာရှိက ဝမ်းသာနေသည့်ကြားမှ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"အင်း... မင်းပြောတာ မှန်တယ်... ကယ်ဆယ်ရေး အလုပ်ကိုတော့ နောက်မှပဲ ဆက်လုပ်တော့မယ်... လောလောဆယ် ဒီအခြေအနေကို အထက်ကို အရင် သတင်းပို့ရမယ်... ငါတို့တောင် ကယ်ဆယ်ရေး အလုပ်ခံရမယ့် အခြေအနေ ရောက်နေပြီ..."

ကားလ်က ပြန်ဖြေလိုက်သည်။

အမှန်တကယ်လည်း ဤတစ်ကြိမ်တွင် ကားလ်နှင့် ကယ်ဆယ်ရေး သင်္ဘော နှစ်စင်းပေါ်ရှိ သင်္ဘောသားများသည် ကမ္ဘာပျက်မတတ် အခြေအနေမျိုးကို ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။

ပင်လယ်ပြင်တွင် လမ်းပျောက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် အဖြစ်အပျက်နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ ဘာမြူဒါတြိဂံတွင် ပျောက်ဆုံးသွားသော သင်္ဘောများ၏ အဖြစ်ကို သူတို့ နားလည်သွားကြပြီ ဖြစ်သည်။

ထို့ကြောင့် ဤကယ်ဆယ်ရေး သင်္ဘော နှစ်စင်းသည် ဘာမြူဒါတြိဂံ ပင်လယ်ပြင်ထဲမှ အလောတကြီး ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။ မကြာမီတွင် သူတို့၏ ထူးဆန်းသော အဖြစ်အပျက်များသည် သတင်းစာများတွင် ပါလာပြီး လူအများ၏ စိတ်ဝင်စားမှုကို ထပ်မံ ရရှိသွားပြန်သည်။

အချိန်တိုအတွင်းမှာပင် ဆွန်ဖုန်းသည် ဂျပန်ပင်လယ်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤပင်လယ်ပြင်သည် ကမ္ဘာ့အဆင့်မီ ငါးဖမ်းကွင်းပြင်ကြီး ဖြစ်ပြီး ရေငုပ်စစ်ဝတ်စုံ၏ အကူအညီဖြင့် ဆွန်ဖုန်းသည် အပြာရောင် တူနာငါးကြီး သုံးကောင်ကို အလွယ်တကူ ဖမ်းမိလိုက်သည်။

ယခုအချိန်သည် နွေဦးရာသီ ဖြစ်ပြီး မိတ်လိုက်သည့် ရာသီဖြစ်ရာ တူနာငါးများမှာ အလွန် ဆူဖြိုးနေကြသည်။ ဆွန်ဖုန်းသည် အိမ်ပြန်ရောက်လျှင် ငါးဟင်းလျာ အစုံအလင်ကို ချက်စားရန် စီစဉ်ထားသည်။

နာရီအနည်းငယ် အကြာတွင် ဆွန်ဖုန်းသည် ဗန်ကူးဗားသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ အရသာရှိသော အစားအစာများ ရလာသောအခါ သူ၏ အမျိုးသမီးများကို မည်သို့ မေ့ထားနိုင်မည်နည်း။

ထို့ကြောင့် ဆွန်ဖုန်းသည် စူးမေး နှင့် ဝူမုန့်ရှင်း တို့ကို ဗန်ကူးဗားသို့ လာရောက် အနားယူရန် ဖုန်းဆက် ခေါ်လိုက်သည်။ အရသာရှိသော အစားအစာများကို စားသုံးရင်း ရက်အနည်းငယ်ခန့် အပန်းဖြေနိုင်စေရန် ဖြစ်သည်။

လူဆိုသည်မှာ အပန်းဖြေချိန် ရှိရမည် မဟုတ်ပါလား။ တစ်ချိန်လုံး အသေအလဲ အလုပ်လုပ်နေ၍ မဖြစ်ပေ။

All Chapters