အခန်း ၂၄၈
Vol. 25 Ch. 248
အခန်း ၂၄၈ - နောက်ယောင်ခံလိုက်ခြင်း
"အဟမ်း... စိတ်မဆိုးပါနဲ့... စိတ်မဆိုးပါနဲ့... ထမင်းစားရအောင်ပါ..."
အမြဲတမ်း ရေခဲတုံးလေးလို အေးစက်ပြီး မာနကြီးလှသော အလှလေး ရှန်ကွမ်ဇီရှီ တစ်ယောက် ပထမဆုံးအကြိမ် မီးတောင်ပေါက်ကွဲတော့မည့် အခြေအနေကို မြင်လိုက်ရသဖြင့် ဆွန်ဖုန်းက အမြန်ဝင်တားလိုက်သည်။
ထို့နောက် သူမ၏ လူသတ်ချင်နေသော အကြည့်များကို လျစ်လျူရှုကာ ထမင်းကိုသာ ဆက်စားနေလိုက်သည်။
"ဇီရှီ... မင်းက ဒီလို ယောကျာ်းမျိုးကို သဘောကျတာလား... ဒါဆိုရင် နောက်ဆို ငါ သေချာပေါက် ပြင်ပါ့မယ်... မင်း သဘောကျတဲ့အထိ ပြင်ပါ့မယ်..."
ရှောင်ဖန်ကတော့ ခုနက ရှန်ကွမ်ဇီရှီ၏ စကားများကြောင့် သူ သွားရမည့် လမ်းကြောင်းကို သိသွားသကဲ့သို့ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
"ရှင် ဘယ်လောက်ပြင်ပြင် ကျွန်မကတော့ ရှင့်ကို သဘောကျမှာ မဟုတ်ဘူး... ပြီးတော့... ရှင် ပြင်နိုင်မှာလည်း မဟုတ်ဘူး..."
ရှန်ကွမ်ဇီရှီက ရှောင်ဖန်ကို အဖက်မလုပ်ဘဲ ဆက်ပြောလိုက်သည်။
"အစ်ကိုရှောင်... ကိစ္စမရှိပါဘူး... ငါ အလှလေးတွေ အများကြီး သိတယ်... ဧည့်ခန်းမှာ ဧည့်ခံဖို့ရော၊ မီးဖိုချောင် ဝင်ဖို့ရော အားလုံး အဆင်ပြေတဲ့သူတွေ... နိုင်ငံခြားသူ အချောလေးတွေတောင် ပါသေးတယ်... သူတို့ ခန္ဓာကိုယ်က မစ္စ ရှန်ကွမ်ထက် အများကြီး ပိုမိုက်တယ်... အတတ်ပညာပိုင်းမှာရော၊ အနုပညာပိုင်းမှာရော အကုန် ပြည့်စုံတယ်... ယောကျာ်း တစ်ယောက်က ဘာလို့ သစ်ပင် တစ်ပင်တည်းမှာ ကြိုးဆွဲချ သေရမှာလဲ..."
ဆွန်ဖုန်းက ပြဿနာ ပိုကြီးအောင် တမင် ဝင်မွှေလိုက်သည်။
"တောက်..."
ရှောင်ဖန်က စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး... မင်းက ဘာဝင်ရှုပ်နေတာလဲ ဟု တွေးလိုက်မိသည်။
"အဟမ်း... ရပါတယ်... ကျေးဇူးပဲ... ငါက လမ်းမှန်ပေါ် ရောက်နေပြီ..."
ရှောင်ဖန်က အားနာပါးနာဖြင့် ပြန်ဖြေလိုက်သည်။
"ရပါတယ်... အချိန်ကျရင် မင်းဆီ တိတ်တိတ်လေး ပို့ပေးမယ်... တခြားသူတွေ လုံးဝ မသိစေရဘူး..."
ဆွန်ဖုန်းက ဟီးဟီးဟားဟား ရယ်လျက် ပြောလိုက်သည်။
"..."
ရှောင်ဖန်မှာ လူသတ်ချင်စိတ်ပင် ပေါက်လာသည်။
ယခုအခါ ရှန်ကွမ်ဇီရှီမှာ ဆွန်ဖုန်း၏ အရှက်မရှိမှုနှင့် မျက်နှာပြောင်တိုက်မှုတို့ကို အပြည့်အဝ သဘောပေါက်သွားလေပြီ။
ရှောင်ဖန်သည် ဆွန်ဖုန်းကို ထိုးကြိတ်ချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ပြီး ရှန်ကွမ်ဇီရှီကို အလေးအနက်ထား၍ မေးလိုက်သည်။
"ရှန်ကွမ်ဇီရှီ... ငါက မင်းအတွက် အဲဒီလောက်တောင် ရွံစရာ ကောင်းနေလို့လား..."
"ဟုတ်တယ်... မကြိုက်ဘူးဆိုတာ မကြိုက်ဘူးပဲ... ရှင် ဘယ်လိုပဲ ပြင်ပြင်... ဘယ်လိုပဲ ဖားဖား အလကားပဲ..."
ရှန်ကွမ်ဇီရှီက အေးစက်စက် ပြန်ဖြေလိုက်သည်။
"ကောင်းပြီ... အရမ်းကောင်းတယ်... ဒါဆိုရင် မင်း မကြိုက်တဲ့ လူနဲ့ပဲ မင်း တစ်သက်လုံး အတူနေရအောင် လုပ်ပေးမယ်... ဟွန်း... မင်း ငါ့ကို မကြိုက်ဘူး ဆိုရင်တောင် မင်းကို ငါ လက်ထပ်မယ်..."
ရှောင်ဖန်သည် နောက်ဆုံးတွင် သူ၏ ပင်ကိုယ်စရိုက်ကို ထုတ်ပြလိုက်ပြီး ရှန်ကွမ်ဇီရှီကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"ရှင်က မိဘတွေရဲ့ အရှိန်အဝါကို သုံးပြီး ကျွန်မကို ဖိအားပေးချင်တာလား..."
ရှန်ကွမ်ဇီရှီက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ဟုတ်တယ်... မင်းရဲ့ မိဘတွေကလည်း ငါတို့ နှစ်ယောက် အတူတူ တွဲတာကို အရမ်း သဘောတူနေကြတာလေ... မင်းက ငါ့ကို မကြိုက်ဘူး ဆိုရင်တောင် မင်းကို ငါနဲ့ အတူရှိနေအောင် လုပ်မယ်... မင်းက အရမ်း မာနကြီးလို့နိုင်မယ် မထင်နဲ့... အချိန်ကျရင် မင်း အရှုံးပေးလာအောင် ငါ လုပ်နိုင်တဲ့ နည်းလမ်းပေါင်း တစ်သောင်းလောက် ရှိတယ်... မင်းရဲ့ မာနတွေ အကုန်လုံး ကျိုးပျက်သွားအောင် လုပ်ပြမယ်..."
ရှောင်ဖန်က ဒေါသတကြီး ရယ်မောလျက် ပြောလိုက်သည်။ ဤစကားကို သူ ပြောချင်နေသည်မှာ ကြာပြီ ဖြစ်သည်။ ယခု ပြောထွက်သွားသောအခါ သူ့စိတ်ထဲတွင် ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ရှန်ကွမ်ဇီရှီကို လက်ထပ်ပြီးပါက ဘယ်လို နှိပ်စက်ရမလဲ ဆိုတာကို သူ စိတ်ကူးယဉ်နေမိပြီ ဖြစ်သည်။
"ဟွန်း... ကျွန်မကတော့ ရှင့်ကို လုံးဝ လက်ထပ်မှာ မဟုတ်ဘူး..."
ရှန်ကွမ်ဇီရှီက ခေါင်းမာမာဖြင့် ပြန်ပြောလိုက်သော်လည်း သူမ၏ မျက်လုံးများထဲတွင် အနည်းငယ် ထိတ်လန့်သွားသည့် အရိပ်အယောင်များကို ဆွန်ဖုန်း မြင်လိုက်ရသည်။
"ကောင်းပြီ... အဲဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့..."
ရှောင်ဖန်က စကားတစ်ခွန်း ချန်ထားရစ်ခဲ့ပြီး သီးသန့်ခန်းထဲမှ ဒေါသတကြီး ထွက်သွားတော့သည်။ လုံးဝ ပြန်သွားပြီ ဖြစ်ပုံရသည်။
"ဟေ့ ညီအစ်ကို... မင်း အခု ဖြေလျှော့ဖို့ ကောင်မလေးတွေ ဆီ သွားမလို့လား... ငါ့ကိုလည်း စောင့်ပါဦးကွ..."
ဆွန်ဖုန်းက အသံကျယ်ကြီးဖြင့် လှမ်းအော်လိုက်သည်။
တံခါးဝသို့ ရောက်နေသော ရှောင်ဖန်မှာ ခြေခေါက်ကျမတတ် ဖြစ်သွားသည်။ ဆွန်ဖုန်းက ဒါကိုတောင် ခန့်မှန်းနိုင်တယ် ဆိုတော့ တကယ့်ကို အကင်းပါးလွန်းသည်ဟု သူ တွေးလိုက်မိသည်။
"ငါ အိပ်ဖို့ ပြန်မလို့..."
ရှောင်ဖန်က လှမ်းအော်ပြောပြီး ထွက်သွားလေသည်။
"ဟာ... ဒီလိုနဲ့ပဲ ထွက်သွားပြီလား..."
ဒေါသတကြီး ထွက်သွားသော ရှောင်ဖန်ကို ကြည့်ရင်း ဆွန်ဖုန်းက ရေရွတ်လိုက်သည်။ သူက ရှောင်ဖန်နှင့် အတူ အနှိပ်ခန်းများဆီ သွားလည်ရန် တိုင်ပင်ချင်သေးသည် မဟုတ်ပါလား။
ရှောင်ဖန် ထွက်သွားပြီးနောက် ရှန်ကွမ်ဇီရှီသည် ဆွန်ဖုန်း၏ ရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် အားကိုးရာမဲ့နေသည့် အမူအရာနှင့် စိုးရိမ်ပူပန်နေသည့် အမူအရာများကို ပြသလာသည်။
ယခင်က သူမသည် နတ်သမီးလေး တစ်ပါးကဲ့သို့ လူသားတို့၏ ခံစားချက်များနှင့် ကင်းကွာနေပုံ ပေါက်သော်လည်း ယခုတော့ သာမန် မိန်းကလေး တစ်ယောက်လို ဖြစ်သွားပြီ ဖြစ်သည်။
"ကြည့်ရတာ ခင်ဗျား ပြဿနာ တက်နေပြီ ထင်တယ်... ခင်ဗျားရဲ့ မင်းသားလေးကို လာကယ်ဖို့ ခေါ်ရတော့မယ်... မဟုတ်ရင် နောင်တစ်ချိန် ခင်ဗျားရဲ့ အခြေအနေက တော်တော် ဆိုးရွားသွားလိမ့်မယ်..."
ဆွန်ဖုန်းက အလွန် စပ်စုချင်သော လေသံဖြင့် ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"ကျွန်မ သိချင်တာက ရှင့်ရဲ့ မျက်နှာပြောင်တိုက်မှုက ဘာနဲ့ လုပ်ထားတာလဲ ဆိုတာပဲ... ပြီးတော့... ဟယ်မင်ယီက ရှင့်ကို ဘာဖြစ်လို့ သဘောကျတာလဲ ဆိုတာကိုပါပဲ..."
ရှန်ကွမ်ဇီရှီက မေးလိုက်သည်။
"ကျွန်တော့် မျက်နှာက အသားနဲ့ လုပ်ထားတာပေါ့... မင်ယီကတော့ ကျွန်တော့်ကို သဘောကျလို့ ကိုယ့်ဘက်ကနေ အရင် စချစ်ခဲ့တာလေ..."
ဆွန်ဖုန်းက ဟင်းတစ်လုတ် စားရင်း ပလုတ်ပလောင်းဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်မတို့က တကယ်ကို ကမ္ဘာ မတူတဲ့ လူတွေပဲ..."
ရှန်ကွမ်ဇီရှီ၏ မျက်နှာမှာ ဖြူရော်သွားပြီး စိတ်ထဲတွင် ဟယ်မင်ယီအတွက် သုံးမိနစ်ခန့် ငြိမ်သက် ဆုတောင်းပေးလိုက်မိသည်။ အရင်က ဟယ်မင်ယီ အဆင်ပြေတယ်လို့ ပြောခဲ့တာတွေက သူမကို လိမ်နေတာများလား။
"ဟုတ်တယ်... ကျွန်တော်က ဘဝကို ပျော်ပျော်နေတတ်တဲ့ သူလေ... ခင်ဗျားကတော့ အရာရာ ပြီးပြည့်စုံမှ ကြိုက်တဲ့သူ... ဒါပေမဲ့ ပြီးပြည့်စုံမှုကို လိုချင်တဲ့ သူတွေက များသောအားဖြင့် ဘဝမှာ သိပ်အဆင်မပြေတတ်ကြဘူးဗျ..."
ဆွန်ဖုန်းက ပြုံးစိစိဖြင့် ပြောလိုက်သည်။
"ရှင် စားလို့ ပြီးပြီလား... ပြီးရင် သွားကြမယ်..."
"စားလို့ ပြီးပြီ..."
ဆွန်ဖုန်းက လက်သုတ်ပုဝါကို ယူကာ ပါးစပ်ကို သုတ်လိုက်ပြီး...
"အော်... ကျွန်တော် ပိုက်ဆံအိတ် ယူလာဖို့ မေ့သွားလို့... ခင်ဗျားပဲ ရှင်းလိုက်တော့နော်... ကျွေးတဲ့အတွက် ကျေးဇူးပဲ... ဒီက ဟင်းတွေက တကယ် ကောင်းတယ်... အားရင် နောက်တစ်ခါ လာစားကြဦးမယ်... နောက်တစ်ခါကျရင် ကျွန်တော် ဒကာခံပါ့မယ်..." ဟု ပြောလိုက်သည်။
"မ... လို... ပါ... ဘူး... ရှင်... ကျေးဇူးပဲ..."
ရှန်ကွမ်ဇီရှီက သွားကြိတ်ကာ ပြောလိုက်သည်။ ဆွန်ဖုန်းကို အလင်းပြ ကြားလူအဖြစ် အသုံးချခဲ့မိသည်ကို သူမ အလွန် နောင်တရနေမိပြီ ဖြစ်သည်။ ရှောင်ဖန်၏ ပင်ကိုယ်စရိုက် အစစ်အမှန်ကို ဖော်ထုတ်နိုင်ခဲ့သော်လည်း သူမ ကိုယ်တိုင်လည်း စိတ်ညစ်ရသည် မဟုတ်ပါလား။
ရှန်ကွမ်ဇီရှီသည် ငွေရှင်းပြီးနောက် ဖြူလွှလွှ ဒေါက်မြင့်ဖိနပ်လေးကို စီးကာ အပြင်ဘက်သို့ ခပ်မြန်မြန် လျှောက်သွားလိုက်သည်။ ဆွန်ဖုန်းကို အမြန်ဆုံး ခွာချင်နေပြီ ဖြစ်သည်။ နောင်တွင် ဤလူနှင့် ထပ်မတွေ့ရတော့ရန် သူမ ဆုတောင်းနေမိသည်။
"အယ်... မစ္စ ရှန်ကွမ်... ဘာလို့ ဒီလောက် မြန်မြန် လျှောက်နေတာလဲ... ခင်ဗျား ဘယ်ဟိုတယ်မှာ တည်းတာလဲ... ကျွန်တော် လိုက်ပို့ပေးမယ်လေ..."
ဆွန်ဖုန်းက နောက်မှ ပြေးလိုက်လာပြီး ပြောလိုက်သည်။
"ဟင်းဟင်း... မလိုပါဘူး..."
ရှန်ကွမ်ဇီရှီက အပေါ်ယံသာ ပြုံးပြကာ ပြောလိုက်သည်။
"ဟာ... လာပါ... ရှောင်ဖန်က ဟိုတယ်မှာ သွားစောင့်နေပြီး အတင်းအကျပ် လုပ်မှာ စိုးလို့လေ... ခင်ဗျားကို ဟိုတယ် အရောက် လိုက်ပို့ပေးမယ်..."
ဆွန်ဖုန်းက ပြောလိုက်သည်။
"အင်း... ကောင်းပြီလေ..."
ခုနက ရှောင်ဖန်၏ ခြိမ်းခြောက်စကားများကြောင့် ရှန်ကွမ်ဇီရှီလည်း အနည်းငယ် ကြောက်လန့်နေမိသည်။ စိတ်လိုက်မာပါ လုပ်တတ်သော ယောကျာ်းများက မမျှော်လင့်ထားသည့် ကိစ္စများကို လုပ်တတ်သည် မဟုတ်ပါလား။
ထို့ကြောင့် သူမ အနေဖြင့် ဆွန်ဖုန်းကို နောက်ထပ် မိနစ်အနည်းငယ်လောက် သည်းခံရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ... ဒါဆို ကျွန်တော့်ကို စောင့်နေ... ကားသွားယူလိုက်ဦးမယ်..."
ဆွန်ဖုန်း ပြောပြီးသည်နှင့် ကားပါကင်သို့ သွားကာ ကားထုတ်လာခဲ့သည်။
...
စားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ အဆောက်အအုံ တစ်ခုပေါ်မှ အခန်းတစ်ခန်းထဲတွင် လူတစ်ယောက်က မှန်ပြောင်းဖြင့် သူတို့ နှစ်ဦးကို ကြည့်နေသည်ကို ဆွန်ဖုန်းရော ရှန်ကွမ်ဇီရှီပါ မသိခဲ့ကြပေ။
"ဘော့စ်... အဲဒီ တရုတ်ကောင် ဆွန်ဖုန်း ထွက်လာပြီ... သူ့ဘေးမှာ မိန်းမ တစ်ယောက်လည်း ပါတယ်... အခု ကားသွားယူနေတာ ထင်တယ်... မကြာခင် ထွက်လာတော့မယ်..."
အခန်းထဲရှိ လူက မိုက်ခရိုဖုန်းမှတစ်ဆင့် သတင်းပို့လိုက်သည်။
မိုက်ခရိုဖုန်း၏ အခြားတစ်ဖက်မှ ချက်ချင်း ပြန်ဖြေလာသည်။ "သိပြီ... သူတို့ ထွက်လာတာနဲ့ ချက်ချင်း ပြော..."
"ဟုတ်ကဲ့ပါ..."
ဆွန်ဖုန်းသည် ရှန်ကွမ်ဇီရှီကို တင်ကာ စားသောက်ဆိုင်မှ ထွက်လာသည်နှင့် လမ်းထောင့် တစ်နေရာမှ ကားသုံးစီးက သူတို့၏ နောက်မှ တိတ်တဆိတ် နောက်ယောင်ခံ လိုက်ပါလာတော့သည်။
"ဘော့စ်... ရှေ့က ကားကို မောင်းနေတာက ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီရဲ့ သူဌေး ဟုတ်တယ်မလား..."
နောက်ယောင်ခံ လိုက်နေသော ပထမဆုံး ကား၏ ယာဉ်မောင်းဘေးတွင် ထိုင်နေသော အိုလီဗာ က မေးလိုက်သည်။
"ဟုတ်တယ်... ရှောင်ထျန်း က သေချာ စုံစမ်းထားပြီးပြီ... ဒီတစ်ခေါက်သာ အောင်မြင်သွားရင် ငါတို့ တစ်သက်လုံး သုံးလို့ မကုန်တဲ့ ငွေတွေ ရလိမ့်မယ်... ခဏနေရင် မြန်မြန်ဆန်ဆန် လုပ်ရမယ်... ရဲတွေ မသိစေနဲ့..."
အိုလီဗာ ကို ခေါင်းဆောင်ဟု ခေါ်သော ဂျိမ်းစ်က ညွှန်ကြားလိုက်သည်။
"စိတ်ချပါ ဘော့စ်... လွတ်မြောက်မယ့် လမ်းကြောင်းတွေ၊ တားဆီးမယ့် အစီအစဉ်တွေ အားလုံး သေချာ စီစဉ်ထားပြီးသားပါ... ဒီတစ်ခေါက် သေချာပေါက် အောင်မြင်ရပါမယ်..."
အိုလီဗာ က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ သူတို့ လူဆယ်ယောက်လောက်နဲ့ ဒီတရုတ်ကောင်ကို ပြန်ပေးဆွဲဖို့ မဖြစ်နိုင်ဘူးလို့ သူမယုံကြည်ပေ။
"ဘော့စ်... အောင်မြင်သွားရင် အဲဒီ တရုတ်မလေးကို ဆော့လို့ ရမလား... ကြည့်ရတာ တကယ်ကို လှတာပဲ..."
"ဟုတ်တယ် ဘော့စ်... ကျွန်တော်လည်း တရုတ်မလေးတွေနဲ့ တစ်ခါမှ မအိပ်ဖူးသေးဘူး... ဂျပန်မလေးတွေနဲ့ပဲ အိပ်ဖူးတာ..."
"ဟားဟား... ငါက အရင်ဆုံးပဲ... ပြီးရင် မင်းတို့ သဘောပဲ..."
ဂျိမ်းစ်က ဟားတိုက် ရယ်မောလိုက်သည်။
"ဘော့စ်... ခင်ဗျားကို တကယ်ကို ချစ်သွားပြီဗျာ…”