အခန်း ၂၅၀
Vol. 25 Ch. 250
အခန်း ၂၅၀ - လိုက်မလား... မလိုက်ဘူးလား...
"ဖြည်းဖြည်း... ဖြည်းဖြည်း မောင်းပါ လူဆိုးကြီးရဲ့..."
စက္ကန့် ၂၀ အတွင်း နောက်ထပ် အရှိန်ပြင်းပြင်း ကျော်တက်မှု တစ်ခုက ရှန်ကွမ်ဇီရှီ၏ နုနယ်သော အာရုံကြောများကို ထပ်မံ လှုပ်နှိုးလိုက်ပြန်သည်။ ယခုအခါ ရှန်ကွမ်ဇီရှီ တစ်ယောက် ခေါင်းမူးနောက်လာပြီး သေးပင် ထွက်ကျချင်လာပြီ ဖြစ်သည်။ အရမ်းကို ရင်ခုန်စရာ ကောင်းလွန်းနေသည်။
သူမ၏ တစ်ကိုယ်လုံးလည်း နေမထိထိုင်မသာ ဖြစ်လာပြီး အရင်က တည်ဆောက်ထားခဲ့သော နတ်သမီးလေး၏ ပုံရိပ်မှာလည်း ဝါဂျာ နိုင်ငံသို့ပင် လွင့်စဉ်ပျောက်ကွယ်သွားခဲ့လေပြီ။ ယခုတော့ သူမဆီမှ စူးရှသော အော်ဟစ်သံများသာ ကျန်ရှိတော့သည်။
"မစ္စ ရှန်ကွမ်... ကျွန်တော်လည်း ဖြည်းဖြည်း မောင်းချင်တာပေါ့... ဒါပေမဲ့ နောက်က ကောင်တွေက ဒီလောက် အသေအလဲ လိုက်နေတာ... အရှိန်လျှော့လိုက်လို့ ဘာဖြစ်သွားမလဲဆိုတာ ကျွန်တော်လည်း မသိဘူးလေ... တကယ်လို့ သူတို့က ပိုက်ဆံရော လူရော လုမယ်ဆိုရင်လေ... ဟားဟား... ကျွန်တော်ကတော့ ကိစ္စမရှိပါဘူး... ခင်ဗျားကတော့... ဟီးဟီး..."
ဆွန်ဖုန်းက ပြောရင်း ကားလှုပ်ရှားမှုနှင့်အတူ လှုပ်ခါနေသော ရှန်ကွမ်ဇီရှီ၏ ရင်ဘတ် 32D ဆီသို့ မျက်လုံးများ ရောက်သွားသည်။ သူ၏ မျက်နှာကို အဲဒီ နတ်သစ်သီး နှစ်လုံးကြားထဲ ထိုးထည့်လိုက်ရင် သေလောက်အောင် အရိုက်ခံရမလား ဆိုတာကိုတောင် ဆွန်ဖုန်း စမ်းကြည့်ချင်စိတ် ပေါက်လာသည်။
ရှန်ကွမ်ဇီရှီမှာတော့ ဆွန်ဖုန်း၏ မျက်နှာပြောင်တိုက်သော အကြည့်များကို ဂရုစိုက်ဖို့ အချိန်မရှိတော့ပေ။ ဆွန်ဖုန်း၏ စကားကြောင့် သူမ ပို၍ပင် ထိတ်လန့်သွားတော့သည်။
"ဒါ... ဒါဆိုရင် ကျွန်မတို့ အခု ရဲစခန်းကို ဖုန်းဆက်လိုက်ရမလား..."
ရှန်ကွမ်ဇီရှီက တုန်ယင်နေသော လက်ဖြင့် အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ ဆွန်ဖုန်းကို မေးလိုက်သည်။
"ဖုန်းဆက်ပြီး ဘာလုပ်မလို့လဲ... ရဲတွေ ရောက်လာတဲ့ အချိန်ဆိုရင် ကျွန်တော်တို့ ကားက မှောက်နေလောက်ပြီ... သေချာ ထိုင်ထား... ခင်ဗျားကို ဟိုတယ် အရောက် လုံလုံခြုံခြုံ ပို့ပေးမယ်လို့ ကျွန်တော် အာမခံတယ်..."
ဆွန်ဖုန်းက ကားမောင်းခြင်းကိုသာ အာရုံစိုက်ကာ အရှိန်တင်၍ ဆက်လက် မောင်းနှင်နေလိုက်သည်။
"အာ... ဖြည်း... ဖြည်းဖြည်း မောင်း... ကျွန်မ အန်တော့မယ်..."
ရှန်ကွမ်ဇီရှီ၏ အော်သံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
ဂျိမ်းစ်နှင့် အိုလီဗာတို့မှာ ရှေ့မှ အဝေးကြီး ရောက်သွားသော ဆွန်ဖုန်း၏ ကားကို ကြည့်ရင်း မှင်သက်နေကြသည်။
"ဒီလောက် ကားမောင်း ကျွမ်းကျင်နေတာ... တကယ့် ပရော်ဖက်ရှင်နယ် ကားပြိုင်သမားများလား..."
ဆွန်ဖုန်း၏ ကားက ဂျိမ်းစ်တို့၏ ကားများထက် ပိုကောင်းသည်မှာ မှန်သော်လည်း ကားကောင်းရုံနှင့် မရဘဲ ကောင်းကောင်း မောင်းတတ်ရန်လည်း လိုအပ်ပေသည်။ ယခုလို ယာဉ်ကြော ရှုပ်ထွေးနေသော လမ်းမကြီးပေါ်တွင် လေဆင်နှာမောင်းလို မောင်းနှင်နိုင်သည်မှာ ဂျိမ်းစ်ကိုပင် အနည်းငယ် စိတ်ဓာတ်ကျသွားစေသည်။
"ဖမ်းဖို့ မလွယ်တော့ဘူး... အရမ်း ဝေးသွားပြီ..."
"ဘော့စ်... ဆက်လိုက်ဦးမလား..."
အိုလီဗာက အနည်းငယ် တွေဝေသွားပြီး ဂျိမ်းစ်ကို မေးလိုက်သည်။ ဤသို့ ဆက်လိုက်နေပါက အမြဲတမ်း ဖုန်မှုန့်သာ ရှူနေရမည့် အနေအထား ဖြစ်နေသည်။ ပြန်ပေးဆွဲရန်ဆိုသည်မှာ အရင်ဆုံး မှီအောင် လိုက်ရမည် မဟုတ်ပါလား။
ထို့အပြင် ယခု အခြေအနေများကို လုံခြုံရေး ကင်မရာများက ဖမ်းယူမိနေလောက်ပြီ ဖြစ်သည်။ ဤလမ်းတစ်လျှောက်လုံးတွင် နေရာတိုင်း၌ ကင်မရာများ တပ်ဆင်ထားသည် မဟုတ်ပါလား။
ဂျိမ်းစ်၏ မျက်လုံးများမှာ အရောင်လက်သွားပြီး စတင် တွေဝေလာသည်။ ဤတစ်ကြိမ်တွင် အစကတည်းက အဆင်မပြေ ဖြစ်သွားလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။
ပိုမှန်အောင် ပြောရလျှင် သူသည် ဆွန်ဖုန်းကို အထင်သေးခဲ့မိခြင်း ဖြစ်သည်။ ဆွန်ဖုန်း၏ ကားမောင်း ကျွမ်းကျင်မှုက ဤမျှ ကောင်းမွန်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"နောက်ထပ် ငါးမိနစ်လောက် ဆက်လိုက်ကြည့်မယ်... ဘာမှ မထူးခြားဘူးဆိုရင် လူတွေကို ပြန်ဆုတ်ဖို့ ပြောလိုက်..."
ဂျိမ်းစ်က ကားဒိုင်ခွက်ကို လက်ဖြင့် ရိုက်ကာ မှုန်ကုပ်ကုပ် မျက်နှာဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့..."
...
"ဆွန်ဖုန်း... နောက်က လိုက်နေတဲ့ လူတွေက ရှင့်ကို ဒုက္ခပေးမယ့် လူတွေလား..."
ယခုအခါ ရှန်ကွမ်ဇီရှီမှာ ကားအရှိန်နှင့် အနည်းငယ် အသားကျသွားပြီဖြစ်ရာ လက်ရှိ အခြေအနေကို စတင် စဉ်းစားလာနိုင်ပြီ ဖြစ်သည်။ ဤလူများသည် သူမကို လိုက်ဖမ်းခြင်း မဟုတ်နိုင်ကြောင်း သူမ တွေးမိသည်။
ပထမအချက်မှာ သူမ၏ အထောက်အထားကို မည်သူမျှ မသိသလို သူမတွင် ရန်သူလည်း မရှိပေ။ ရှောင်ဖန် လုပ်သည်ဟုလည်း မထင်ပေ။ ထို့ကြောင့် ဆွန်ဖုန်းကြောင့်သာ ဖြစ်ရမည်။
"ဖြစ်နိုင်တယ်... ဘာလဲ... မစ္စ ရှန်ကွမ် သေးထွက်ကျသွားပြီလား..."
ဆွန်ဖုန်းက ပြုံး၍ မေးလိုက်သည်။
"ရှင်မှ သေးထွက်ကျတာ... ရှင့် တစ်မိသားစုလုံး သေးထွက်ကျတာ..."
ရှန်ကွမ်ဇီရှီက ဆွန်ဖုန်းကို မျက်စောင်းထိုးကာ ဒေါသတကြီး ပြန်ပြောလိုက်သည်။ ဤဆွန်ဖုန်း ဆိုသူမှာ တကယ့် လူရမ်းကား တစ်ယောက် ဖြစ်ကြောင်း သူမ တွေ့ရှိလိုက်ရသည်။
"သေးမထွက်ကျဘူး ဆိုရင်တောင် ထွက်ကျမတတ်တော့ ဖြစ်နေလောက်ပြီ... ခုနက ဒီလောက် အသံကျယ်ကြီးတွေနဲ့ အော်နေတာကို..."
ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။
ရှန်ကွမ်ဇီရှီက ဆွန်ဖုန်းကို နောက်စေ့ တစ်ချက် ပုတ်လိုက်သော်လည်း သူမကိုယ်သူမ အနည်းငယ် စိုစွတ်နေသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။
"အို... တကယ်ပဲ ရှက်စရာကောင်းလိုက်တာ..."
ရှန်ကွမ်ဇီရှီက စကားမပြောတော့သည်ကို မြင်သောအခါ ဆွန်ဖုန်းလည်း သူမကို ဆက်ပြီး မစတော့ပေ။ ထို့အစား နောက်မှ လိုက်နေသော ထိုလူရမ်းကားများကို လူသူကင်းမဲ့သော နေရာသို့ ခေါ်သွားပြီး ရှင်းလင်းပစ်ရန် စဉ်းစားလိုက်သည်။ သူတို့ ဘာလိုချင်နေကြသနည်း ဆိုသည်ကို သူ သိချင်နေသည်။
"ဟားဟား... ဘော့စ်... ရှေ့က လူတွေက အားထုတ်လိုက်တော့ အဲဒီ တရုတ်ကောင်ကို တဖြည်းဖြည်း မှီလာပြီ..."
အိုလီဗာက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ လက်ညှိုးထိုးပြလိုက်သည်။
"ဟဲဟဲ... အရမ်းကောင်းတယ်... မြန်မြန် လုပ်... ငါတို့လည်း အမီလိုက်ရမယ်..."
ဂျိမ်းစ်၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားသည်။ လွတ်သွားပြီ ထင်ထားသော ပိုက်ဆံများက ပြန်လည် နီးကပ်လာသကဲ့သို့ သူ ခံစားလိုက်ရသည်။
သို့သော် ဆွန်ဖုန်းက သူတို့ကို ထောင်ချောက်ဆင်ရန် တမင် အရှိန်လျှော့လိုက်သည်ကိုတော့ သူတို့ မသိကြပေ။
မကြာမီပင် ဆွန်ဖုန်းသည် ကားကို မြို့ပြင်ဘက်သို့ ဦးတည် မောင်းနှင်သွားလေသည်။ နောက်မှ ကားငါးစီး ခြောက်စီးခန့်ကလည်း အပြတ်အသတ် လိုက်ပါလာကြသည်။
"ဟင်... ဘော့စ်... ဒီတရုတ်ကောင်က မြို့ပြင်ကို ထွက်သွားတာလား... ဘာအကြံအစည်များ ရှိနေလို့လဲ..."
အိုလီဗာက ဆွန်ဖုန်း မြို့လယ်ခေါင်မှ ထွက်ခွာပြီး မြို့ပြင်သို့ ဦးတည်သွားသည်ကို မြင်သောအခါ အနည်းငယ် စိုးရိမ်စွာဖြင့် မေးလိုက်သည်။
"အင်း... ပုံမှန်ဆိုရင် ငါတို့ လိုက်နေမှန်း သိရင် ရဲကို ဖုန်းဆက်တာ ဒါမှမဟုတ် လူစည်ကားတဲ့ နေရာကို သွားပြီး အကူအညီ တောင်းရမှာလေ... အခုလို မြို့ပြင်ကို သွားတာက ငါတို့ သဘောကျတာပေါ့..."
ဂျိမ်းစ်က မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။
ယခု အခြေအနေမှာ တစ်ဖက်လူက လိုက်ဖမ်းခံရလို့ ကြောက်လန့်ပြီး ရမ်းသမ်း မောင်းနေတာလား၊ ဒါမှမဟုတ် သူတို့ကို မကြောက်ဘဲ တစ်ခုခု အားကိုးရာ ရှိနေလို့လား ဆိုသည်ကို သူ မသေချာတော့ပေ။
"ဒီတရုတ်ကောင်က ရဲကို ဖုန်းဆက်ပြီး ငါတို့ကို တစ်ခါတည်း အမိဖမ်းဖို့ ကြံနေတာများလား..."
အိုလီဗာက မျက်ခွံလေး လှုပ်သွားပြီး မေးလိုက်သည်။
"ဖြစ်နိုင်တယ်..."
ဂျိမ်းစ်က လေးနက်စွာ ပြောလိုက်သည်။
"ဒါဆို ဆက်လိုက်ဦးမလား... အောင်မြင်ဖို့ နီးစပ်နေပြီလေ..."
အိုလီဗာက အနည်းငယ် နှမြောတသဖြစ်စွာဖြင့် မေးလိုက်သည်။ ချက်ပြုတ်ပြီးသား ဘဲကင်ကြီး ပျံထွက်သွားသည်ကို ကြည့်နေရသည့် ခံစားချက်မျိုးက သိပ်တော့ မကောင်းလှပေ။
ဂျိမ်းစ်သည် တွေဝေသွားသည်။ အကယ်၍သာ ဖမ်းမိသွားပါက သူတို့၏ အတိတ်မှ ပြစ်မှု မှတ်တမ်းများအရ သေဒဏ်ပေးခံရမည်မှာ သေချာသည်။ သို့သော် အောင်မြင်ရန် အလွန် နီးစပ်နေပြီ ဖြစ်သည်။
အကယ်၍ ဖမ်းမိသွားပါက အမေရိကန်ဒေါ်လာ အမြောက်အမြား ရရှိမည် ဖြစ်ပြီး အားလုံး လက်ဆေး အနားယူနိုင်ကြမည် ဖြစ်သည်။
"လိုက်မလား... မလိုက်ဘူးလား... အဲဒါ ပြဿနာပဲ..."
ဂျိမ်းစ် ယခုတော့ တကယ် တွေဝေသွားပြီ။ အသက်အန္တရာယ်နှင့် ရင်ဆိုင်ပြီး ဖြတ်သန်းလာရသူများ ဖြစ်လေလေ၊ သေရမည်ကို ပိုကြောက်လေလေပင်။
"မလိုက်တော့ဘူး..."
နောက်ဆုံးတွင် ဂျိမ်းစ်က သွားကြိတ်ကာ မကျေမချမ်းဖြင့် ဆုံးဖြတ်ချက်ချလိုက်သည်။
"ဘော့စ်..."
အိုလီဗာက ဂျိမ်းစ်ကို အနည်းငယ် စွန့်စားကြည့်ရန် ဖျောင်းဖျချင်သေးသည်။
"ငါတို့ လောင်းကြေး မထပ်ရဲဘူး..."
ဂျိမ်းစ်က ခေါင်းခါပြလိုက်သည်။
"ကောင်းပါပြီ..."
ဆွန်ဖုန်း ကားကို မြို့ပြင်သို့ မောင်းသွားသောအခါ တစ်ဖက်လူက ဆက်မလိုက်တော့သည်ကို တွေ့ရသဖြင့် အနည်းငယ် စိတ်ပျက်သွားသည်။ ပျော်စရာ ကောင်းမည့် အရာတွေ ပျောက်သွားပြန်ပြီ။
"ဘာလို့ ဒီလောက် သတ္တိကြောင်ရတာလဲ... ဆက်မလိုက်တော့ဘူးလား..."
ဆွန်ဖုန်းက ကားကို လမ်းဘေးတွင် ရပ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"အာ... မလိုက်တော့ဘူးလား... သူတို့ ဘယ်ရောက်သွားတာလဲ..."
ရှန်ကွမ်ဇီရှီမှာ အနည်းငယ် လန့်နေသေးသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ လိုက်ဖမ်းနေသော ကားများ အားလုံး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
"တော်သေးတာပေါ့... တော်သေးတာပေါ့... မလိုက်တော့တာပဲ ကောင်းပါတယ်..."
ရှန်ကွမ်ဇီရှီက ဘေးကင်းသွားပြီကို သိသောအခါ ရင်ဘတ်ကို ဖိကာ သက်ပြင်းချလိုက်သည်။
"ဒါဆို ကျွန်မတို့ အခု ပြန်မှာလား... ဘယ်သွားမလဲ..."
ရှန်ကွမ်ဇီရှီက မေးလိုက်သည်။
"လမ်းဟောင်းကနေ ပြန်မသွားတော့ဘူး... တစ်ဖက်လူက ညာလှည့် ဖမ်းဖို့ လုပ်ထားတာများလား မသိဘူးလေ... တခြား လမ်းကနေ သွားမယ်... မြို့ပတ် အမြန်လမ်းကနေ သွားကြစို့..."
ဆွန်ဖုန်းက လီဗာကို နင်းကာ ခရီးဆက်လိုက်သည်။
ကားပေါ်တွင် ဆွန်ဖုန်း၏ ကားမှာ အလွန်အမင်း မြန်ဆန်မနေတော့ပေ။ ရှန်ကွမ်ဇီရှီက အနည်းငယ် စိတ်ဝင်စားစွာဖြင့် ဆွန်ဖုန်းကို မေးလိုက်သည်။
"ဆွန်ဖုန်း... ရှင့်ရဲ့ ကားမောင်း ကျွမ်းကျင်မှုက အရမ်း ကောင်းတာပဲနော်... ကားပြိုင်သမား တစ်ယောက်နဲ့တောင် တူနေပြီ..."
အန္တရာယ် ကင်းသွားပြီးနောက် ရှန်ကွမ်ဇီရှီမှာ အရင်ကလောက် မာနမကြီးတော့ဘဲ ဆွန်ဖုန်းကို စကားစပြောလာလေသည်။