အခန်း ၈၁
Vol. 9 Ch. 81
အခန်း (၈၁)
သူမ ၎င်းကို လောလောဆယ်သိမ်းထားပြီး သူလွတ်လာချိန်တွင် ပြန်ပေးနိုင်လေသည်။
မိသားစုလိုက် ထမင်းစားနေစဉ် နင်လေးသည် အပြင်ဘက်မှချောင်းကြည့်ကာ ကြောက်ရွံ့တုံ့ဆိုင်းစွာဖြင့် ဝင်လာပြီး ယွမ်ယွမ်အား မေးလိုက်၏။
“ယွမ်ယွမ်၊ နင်တို့အိမ်က မွေ့ရာကို ငါ ဝင်ကြည့်လို့ရမလား”
ယွမ်ယွမ်က စားနေရာမှ ချက်ချင်းရပ်လိုက်ပြီး ခွင့်ပြုလိုက်သည်။
“ရတာပေါ့”
နင်လေးသည် ခေါင်းရင်းဘုတ်ပြားကို ကြည့်လိုက်ရာ ပန်းရောင်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩဝမ်းသာစွာ အော်ဟစ်လိုက်သည်။
“ဝိုး၊ အရမ်းလှတာပဲ”
ချန်မေ့လန်က အပြုံးဖြင့် ထောက်ခံလိုက်၏။
“ဟုတ်တယ်မလား၊ အရမ်းလှတာပဲ”
ပန်းရောင်တောက်တောက်မှာ မိန်းကလေးငယ်လေးများ အကြိုက်ဆုံးအရောင်ပင်။
နင်လေးက နှိုင်းယှဉ်မှုပြုလုပ်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ ယွမ်ယွမ်၊ ငါတို့အိမ်မှာက ကြွေပြားတွေကပ်ထားတယ်လေ၊ နင်တို့အိမ်မှာ မရှိဘူးမလား”
ဤကလေးမလေးသည် နှိုင်းယှဉ်ရသည်ကို အလွန်နှစ်သက်သည်။ မည်သို့ပင်ဆိုစေ သူမတို့ မိသားစုသည် ယန်ကွမ်ရွာတွင် အမြဲတမ်း ထိပ်တန်းမိသားစု ဖြစ်ခဲ့သည်မဟုတ်လော။
ချန်မေ့လန်သည် ပြုံးကာ ရည်မှန်းချက်ကြီးမားစွာ တုံ့ပြန်လိုက်သည်။
“အန်တီတို့ဆီမှာလည်း ကြွေပြားတွေရှိလာမှာပါ၊ အန်တီက အန်တီတို့အိမ်ကို သမီးတို့အိမ်ထက်တောင် ပိုလှအောင် လုပ်ပြမယ်”
ယွမ်ယွမ်က ရှောင်လန်၏လက်ကို ချက်ချင်းဆွဲကိုင်ကာ ခေါင်းညိတ်ပြရင်း ထောက်ခံလိုက်သည်။
“ငါတို့အိမ်က နင်တို့အိမ်ထက် ပိုလှလာမှာ”
ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် သူမ၏အစ်ကိုကြီးကို ခေါ်ရမည်ဖြစ်ရာ အိမ်တစ်အိမ်လုံးကိုပါ တစ်ခါတည်း ပြုပြင်မွမ်းမံလိုက်ခြင်းက ပိုက
မည်သို့ပင်ဆိုစေ်သို့ပင်ဆိုစေ ကလေးများသည် တုန်းဖန် ကျောင်းတွင် အနည်းဆုံး ငါးနှစ်ခန့် ပညာသင်ကြားရမည်ဖြစ်ရာ ထိုအချိန်အတွင်း ချန်မေ့လန်က ပြောင်းရွှေ့မည်မဟုတ်ပေ။
အနာဂတ်တွင် အိမ်ဝယ်ရန် ရင်းနှီးမြှုပ်နှံမည်ဆိုလျှင်ပင် သူမသည် မကြာခဏပြောင်းရွှေ့ခြင်းမျိုးကို လုံးဝပြုလုပ်မည်မဟုတ်ပေ။
သူမ၏ယခင်ဘဝက လုကျင်းယွီနှင့်အတူ အစပိုင်းတွင် အိမ်အလှဆင်လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး အလုပ်ရှိရာနေရာတိုင်းတွင် နေထိုင်ခဲ့ကြရသည်။ လေလွင့်သူများကဲ့သို့ သူတို့သည် အခြားသူများ၏ မပြီးစီးသေးသောအိမ်များ၊ လဟာပြင်များနှင့် ပြတင်းပေါက်များ မတပ်ဆင်ရသေးသော ကုန်တိုက်ကြီးများတွင် နေထိုင်ခဲ့ကြရ၏။
မည်သည့်နေရာသို့သွားသွား၊ မည်သည့်အချိန်တွင် ပြောင်းပြောင်း၊ လုကျင်းယွီမှာ အလုပ်များနေပြီး တာ့ပေါင်မှာ ဝဖြိုးကာ ပျင်းရိနေလေ့ရှိ၏။
အာနျိုမှာမူ အလုပ်လုပ်ရမည်ဆိုလျှင် ပုန်းအောင်းနေလေ့ရှိသဖြင့် အိုးခွက်ပန်းကန်များ၊ အိပ်ရာလိပ်များနှင့် အခြားပစ္စည်းများအားလုံးကို သယ်ယူရသူများမှာ ချန်မေ့လန်နှင့် ယွမ်ယွမ်တို့သာ အမြဲဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် လုကျင်းယွီ ငွေအနည်းငယ်ရလာပြီး မြို့ပြကျေးရွာလေးတစ်ခုတွင် အခန်းငယ်လေးတစ်ခန်း ငှားရမ်းကာ မိသားစုတစ်စုလုံး ပြွတ်သိပ်နေထိုင်ကြရချိန်မှသာ သူတို့၏ပြောင်းရွှေ့ခြင်းများ ရပ်တန့်သွားခဲ့သည်။
ဤအချက်က ချန်မေ့လန်အား ပြောင်းရွှေ့ရခြင်းကို မုန်းတီးသွားစေရန် သွယ်ဝိုက်သောအကြောင်းရင်း ဖြစ်လာခဲ့၏။
ထိုအကြိမ်ကြိမ် ပြောင်းရွှေ့ရမှုများက သူမ၏နှလုံးသားကို ကြေမွသွားစေခဲ့သည်။
နင်လေးက ပြုံးကာ ထပ်မံနှိုင်းယှဉ်လိုက်သည်။
“ဒါပေမဲ့ ဦးလေးယန်က ငါ့ဖေဖေလောက် ပိုက်ဆံမရှာနိုင်ဘူးလို့ မေမေကပြောတယ်၊ ကြွေပြားတွေက အရမ်းဈေးကြီးတာနော် သိလား”
ချန်မေ့လန်သည် ယနေ့ ဤကလေးမလေးနှင့် အချေအတင်ပြောဆိုရန် အခိုင်အမာဆုံးဖြတ်ထားသည်။
“ဒါပေမဲ့ အန်တီက ပိုက်ဆံရှာနိုင်တယ်လေ၊ ပြီးတော့ အန်တီက အများကြီး အများကြီးရှာပြဦးမှာ”
နင်လေးက မယုံကြည်နိုင်သောမျက်နှာထားဖြင့် ပြန်ပြောလိုက်၏။
“အန်တီကလား၊ အန်တီက စန္ဒရားတောင် မတီးတတ်ဘဲနဲ့ ဘယ်လိုလုပ် ပိုက်ဆံရှာမှာလဲ”
ယန်ကျောက်က မျက်မှောင်အနည်းငယ်ကြုတ်ကာ ချန်မေ့လန်အား လှမ်းမေးလိုက်သည်။
“အိမ်တစ်အိမ်လုံးကို ကြွေပြားကပ်ဖို့ ဘယ်လောက်ကုန်မလဲ”
ကြွေပြားများသည် အိမ်တွင်းအလှဆင်စျေးကွက်သို့ အပြည့်အဝ မဝင်ရောက်သေးပေ။ ကြွေပြားအချို့ ရရှိနိုင်သော်လည်း ၎င်းတို့အားလုံးမှာ စကျင်ကျောက်အစစ်များဖြစ်ပြီး စျေးနှုန်းကိုသာ ပြောပြလိုက်ပါက ယန်ကျောက် လန့်သေသွားနိုင်သဖြင့် ချန်မေ့လန်က မပြောပြတော့ပေ။
ချန်မေ့လန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“ဈေးမကြီးပါဘူး၊ ကျွန်မအစ်ကိုက ပရောဂျက်အသေးလေးတစ်ခုအတွက် မကြာခင် မြို့ကိုလာမှာ၊ သူလာတဲ့အခါ ကျွန်မတို့ကို ကြွေပြားကပ်ဖို့ ကူညီခိုင်းလိုက်မယ်”
အသေးစား ပရောဂျက်ကို အတည်မပြုရသေးသော်လည်း အတည်ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် ချန်မေ့လန်သည် ယန်ကျောက်ကိုပြောပြရန် သင့်လျော်သောနည်းလမ်းတစ်ခု ရှာဖွေရမည်ဖြစ်၏။
မည်သို့ပင်ဆိုစေ မည်သည့်ပရောဂျက်မဆို ကော်မရှင်ပေးရခြင်းများနှင့် မျက်နှာသာပေးရခြင်းများ ပါဝင်မည်ဖြစ်ပြီး ၎င်းကို လာဘ်ပေးလာဘ်ယူလုပ်မှု ပုံစံတစ်မျိုးအဖြစ် ရှုမြင်နိုင်သည်။
အနာဂတ်တွင် ဤကဲ့သို့သောကိစ္စရပ်များသည် ပုံမှန်လူမှုရေးဖြစ်စဉ်တစ်ခုအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။
သို့သော် ယန်ကျောက်မှာမူ ဖြောင့်မတ်ပြီး အဂတိကင်းစင်သူဖြစ်သည်။ ကျိုးရွှယ်ချင်း၏အဆိုအရ သူသည် သူမအား စီးပွားရေးအသေးစားလေးတစ်ခု လုပ်ကိုင်ရန်ပင် ခွင့်မပြုခဲ့ပေ။
ထို့ကြောင့် အလုပ်မသေချာမီတွင် ချန်မေ့လန်က လောလောဆယ် မည်သည့်အရာကိုမျှမပြောရန် ဆုံးဖြတ်လိုက်သည်။
ယန်ကျောက်သည် နေထိုင်မှုစရိတ်များနှင့် ပတ်သက်၍ လက်တွေ့ကျသောနားလည်မှု မရှိသဖြင့် ချန်မေ့လန်က ဈေးမကြီးဘူးဟု ပြောသည်ကို ကြားသောအခါ ထပ်မံမေးမြန်းခြင်းမပြုတော့ပေ။
နင်လေးသည် မထွက်သွားသေးဘဲ ထိုနေရာတွင် ပြုံးလျက်ရပ်ကာ ချန်မေ့လန် သူမနှင့်စကားပြောမည်ကို စောင့်မျှော်နေဆဲဖြစ်သည်။
ချန်မေ့လန်က အိပ်ခန်းထဲရှိကုတင်ကို လက်ညှိုးထိုးပြကာ ဂုဏ်ယူစွာ ပြောလိုက်သည်။
“အဲဒီကုတင်က အန်တီရှာထားတာလေ၊ သမီးရဲ့မေမေက အဲဒီလောက် ရှာနိုင်လို့လား”
နင်လေးက ခေါင်းခါရင်း ငြင်းဆိုလိုက်၏။
“သမီး မယုံပါဘူး၊ သမီးရဲ့ ဖေဖေနဲ့မေမေက အဲဒီကုတင်ကို ဝယ်နိုင်ဖို့ နှစ်နှစ်တောင် ပိုက်ဆံစုခဲ့ရတာ”
ဤကုတင်သည် မည်မျှတန်ဖိုးကြီးကြောင်း ပြသရန်သာဖြစ်သည်။
ထိုစဉ် တစ်စုံတစ်ယောက်က တံခါးကို လာခေါက်လေသည်။ ရှောင်ဝမ်က တံခါးဖွင့်ရန် ခုန်ထသွားရာ စုန့်ဟွိုင်ဟွာ ဖြစ်နေ၏။
စုန့်ဟွိုင်ဟွာက လှမ်းခေါ်လိုက်သည်။
“မေ့လန်”
ချန်မေ့လန်က ဖိတ်ခေါ်လိုက်သည်။
“ဒုတိယယောင်းမ၊ လာထိုင်ပြီး တစ်ခုခုစားပါဦးလား”
စုန့်ဟွိုင်ဟွာက သက်ပြင်းချလိုက်သော်လည်း ဦးစွာပြုံးကာ ပြောလိုက်သည်။
“ငါတို့ဝယ်ထားတဲ့ မြို့တော်ငွေတိုက်စာချုပ်တွေ ဈေးတက်သွားပြီ၊ ၂၀ ရာခိုင်နှုန်းတိတိ တက်သွားတာ၊ ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှု ယွမ် ၅၀၀ မှာ ယွမ် ၁၀၀ မြတ်သွားတယ်၊ နင်က ယွမ်ထောင်ချီပြီး ဝယ်ထားတာဆိုတော့ ငါ့ထက် အများကြီးပိုမြတ်မှာပဲနော်”
ပန်းကန်များကို ရှင်းလင်းဆေးကြောနေသော ယန်ကျောက်မှာ ခဏတာ တုံ့ဆိုင်းသွားခဲ့လေ၏။
‘အံ့ဩသွားတယ်မလား၊ ကျွန်မက ငွေကြေးစီမံခန့်ခွဲမှုမှာတော်ပြီး အများကြီးမြတ်သွားပြီလေ’ ဟု ချန်မေ့လန်က စိတ်ထဲမှ တိတ်တဆိတ်တွေးလိုက်မိသည်။
အမှန်တကယ်တွင် မြို့တော်ရေနံဓာတုသည် ဤထက်ပို၍ တက်လာနိုင်သေးသည်။ ချန်မေ့လန်က စုန့်ဟွိုင်ဟွာအား မေးလိုက်၏။
“အစ်မ မရောင်းလိုက်ဘူးမဟုတ်လား”
စုန့်ဟွိုင်ဟွာက အလျင်စလို ရှင်းပြလိုက်သည်။
“အခု ၂၇ ရာခိုင်နှုန်းတောင် တက်နေပြီလေ၊ မနက်ဖြန်ကျရင် ပြန်ကျသွားမှာကို ကြောက်လို့ သေချာပေါက် ရောင်းပစ်လိုက်ရတာပေါ့”
အမြင့်ဆုံးဈေးနှင့် တွက်ကြည့်မည်ဆိုပါက သူမသည် အနည်းဆုံး ယွမ် ၃၀ ခန့် ဆုံးရှုံးသွားမည်ဖြစ်သည်။
နောက်ရက်အနည်းငယ်ကြာလျှင် သူမ နောင်တရပြီး ရင်ဘတ်ကို ထုနေရပေလိမ့်မည်။
နင်လေးသည် မထွက်သွားချင်သေးပေ။ ချန်မေ့လန်သည်လည်း ယနေ့ ဤကလေးနှင့် အချေအတင်ပြောဆိုရန် အခိုင်အမာ ဆုံးဖြတ်ထားသည်။
“နင်လေး၊ သမီးကြားလား၊ အန်တီဝယ်ထားတဲ့ ငွေတိုက်စာချုပ်တွေက ပိုက်ဆံတွေဝင်လာပြီ၊ အန်တီ ပိုက်ဆံတွေအများကြီး မြတ်သွားပြီ၊ သိလား”
ဤကလေးမလေးသည် ငယ်စဉ်ကတည်းက ပြည့်စုံသောမိသားစုပတ်ဝန်းကျင်ကြောင့် အလိုလိုက်ခံထားရသူဖြစ်သည်။ ပြန်လည်မွေးဖွားလာပြီးနောက် ချန်မေ့လန်သည် ပို၍ကလေးဆန်လာပြီး သည်းခံနိုင်စွမ်း လျော့နည်းလာခဲ့လေ၏။
သူမသည် ကလေးများအာူ အနိုင်ယူရသည်ကို စွဲလမ်းလာပုံရသည်။
နင်လေးသည် အမှန်တကယ်ပင် စိတ်ထိခိုက်သွားပုံရပြီး လှည့်ကာ ပြေးထွက်သွားတော့သည်။
စုန့်ဟွိုင်ဟွာသည် ရက်အနည်းငယ်အတွင်း ယွမ် ၁၀၀ မြတ်သွားသဖြင့် အလွန်ပျော်ရွှင်နေခဲ့သည်။
သို့သော် တစ်ချိန်တည်းမှာပင် သူမ အလွန်စိုးရိမ်ပူပန်နေသော ကိစ္စတစ်ခုလည်း ရှိနေ၏။ သူမက ယန်ကျောက်ဘက်သို့ လှည့်ကာ အကူအညီတောင်းလိုက်သည်။
“တတိယမောင်လေး၊ နင့်ရဲ့ ဒုတိယအစ်ကိုက အလုပ်ကထွက်ပြီး စီးပွားရေးလုပ်ငန်းထဲ ဝင်ချင်တယ်လို့ပြောနေတယ်၊
လစာနည်းပေမယ့် အစိုးရအလုပ်က စီးပွားရေးလုပ်တာထက် သေချာပေါက် ပိုကောင်းတယ်လို့ ငါထင်တယ်၊ နင် သူ့ကို သွားဖျောင်းဖျကြည့်ပါလား”
ကလေးများကမူ ချန်မေ့လန်ကို မျှော်လင့်တကြီး ကြည့်နေကြသည်။ သူမက ရှောင်လန်၏တင်ပါးကို ပုတ်ကာ ခွင့်ပြုလိုက်လေ၏။
“သွား၊ စပရိန်မွေ့ရာပေါ်မှာ သွားခုန်နေကြ၊ အချိန်အကန့်အသတ်မရှိဘူး၊ ကြိုက်သလိုသာခုန်ကြ”
ကလေးများအားလုံး တစ်ပြိုင်နက်တည်း အပြေးအလွှား ထွက်သွားကြလေသည်။
ယန်ကျောက်က ပန်းကန်များကို ဆေးကြောရင်း ပြန်ဖြေလိုက်သည်။
“သူ ချမ်းသာသွားပါလိမ့်မယ်”
ယန်ကျောက်သည် မျက်ကန်းတစ်ယောက် သို့မဟုတ် အရူးတစ်ယောက် ဖြစ်ရမည်ဟု ချန်မေ့လန်က စိတ်ထဲမှ တွေးလိုက်မိသည်။
ယန်ပင်းသည် အစိုးရအလုပ်မှထွက်ပြီး စီးပွားရေးလုပ်ရန် ပြင်ဆင်နေသည့် အဆင့်နိမ့် ဒုတိယညွှန်ကြားရေးမှူးလေး တစ်ယောက်မျှသာဖြစ်၏။ သူ့တွင် အရင်းအမြစ်များ မရှိပေ။
လူအများက ယခု သူ့ကို ထောက်ခံကောင်း ထောက်ခံမည်ဖြစ်သော်လည်း သူ အမှန်တကယ် ရာထူးမှထွက်ကာ အာဏာမရှိဖြစ်သွားချိန်တွင် သူ့အား မည်သူက ကျောထောက်နောက်ခံ ပေးမည်နည်း။
သူ ချမ်းသာလာမည်ဆိုလျှင် ၎င်းမှာ အံ့ဩဖွယ်ရာ ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။
စုန့်ဟွိုင်ဟွာက မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။
“သူ့ဘာသာ နေပါစေလေ၊ သူ ချမ်းသာတာ မချမ်းသာတာ ငါနဲ့ဘာမှမဆိုင်ဘူး၊ ငါ့မှာ ကိုယ်ပိုင်အလုပ်ရှိတယ်၊ ငါ သူ့ကိုအားမကိုးဘူး”
ယန်ကျောက်သည် စားပွဲသုတ်ပြီး မီးဖိုချောင်ထဲသို့ ဝင်ရန် ပြင်လိုက်စဉ် အနည်းငယ်တုံ့ဆိုင်းသွားပြီး စုန့်ဟွိုင်ဟွာကို စူးစိုက်ကြည့်ကာ မေးလိုက်လေ၏။