← Chapters

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း ၂၅၅ - အရှင်သခင်သစ်

"ဒါဆိုရင် ဖုန်းရွေ့ သုတေသနဌာနက ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေးမှာ ကမ္ဘာ့နံပါတ်တစ် နေရာကို ရောက်သွားပြီပေါ့..."

သတင်းထောက် တစ်ယောက်က အံ့ဩတကြီး ပြောလိုက်သည်။ "အရင်က ဂျပန်တွေ ဒေါ်လာ ၆၀၀ ကနေ ၄၀၀ အထိ လျှော့ချနိုင်ခဲ့တုန်းက တစ်ကမ္ဘာလုံး တုန်လှုပ်ခဲ့ရသေးတာ... အခု ဖုန်းရွေ့ သုတေသနဌာနက ဒေါ်လာ ၁၈၀ အထိတောင် လျှော့ချလိုက်နိုင်တယ်ဆိုတော့ တကယ်ကို မယုံနိုင်စရာပဲ..."

"ကျွန်တော် ထင်တယ်... နောက်ဆိုရင် နျူကလီးယား စွမ်းအင်က လျှပ်စစ်စွမ်းအင် နေရာကို အစားထိုး ဝင်ရောက်လာနိုင်တယ်... နောင် နှစ်ရာချီ အကြာအထိ ရေနံ... သဘာဝဓာတ်ငွေ့... ကျောက်မီးသွေးတွေ ကုန်ခမ်းသွားမှာကို လူသားတွေ စိုးရိမ်စရာ မလိုတော့ဘူး... တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ သုတေသန တစ်ရပ်ပဲ..."

နောက်ထပ် သတင်းထောက် တစ်ယောက်က ဝမ်းသာအားရ ပြောဆိုလိုက်သည်။

"ပေါက်ပြီ... ပေါက်ပြီ... ပါရဂူ လူစီတော့ နာမည်ကြီးပြီ... သူမက ၂၁ ရာစုရဲ့ အသက်အငယ်ဆုံးနဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင် ဖြစ်လာတော့မှာပဲ..."

ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သည့် သိပ္ပံပညာရှင် အများစုမှာ အသက် ၅၀... ၆၀ အရွယ် အဘိုးကြီးများသာ ဖြစ်ကြသည်။ လူစီမှာ အသက် ၂၈ နှစ်သာ ရှိသေးရာ အလွန် ငယ်ရွယ်လွန်းလှသည်။

"ဒီနှစ် နိုဘယ် ဓာတုဗေဒဆုက ပါရဂူ လူစီအတွက် သေချာသလောက် ရှိနေပြီ..."

ဆွန်ဖုန်းသည် အောက်ရှိ သတင်းထောက်များ၏ အံ့ဩတကြီး တီးတိုး ပြောဆိုသံများကို ကြားရသောအခါ လူစီနှင့် အကြည့်ချင်း ဖလှယ်ကာ ပြုံးလိုက်သည်။

လူစီမှာလည်း သူမ ဘဝတွင် ဤမျှ ကြီးမားလှသော အောင်မြင်မှုမျိုး ရရှိလာလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ဤအရာအားလုံးမှာ သူမ ဘေးရှိ အမျိုးသားက ပေးစွမ်းခဲ့ခြင်း ဖြစ်သည်။ ဤအမျိုးသားအတွက် အခမဲ့ ကလေးမွေးပေးရမည် ဆိုလျှင်တောင် သူမ ကျေကျေနပ်နပ် လုပ်ပေးမည်ဟု တွေးလိုက်မိသည်။

"ကျွန်တော်တို့ ဖုန်းရွေ့ သုတေသနဌာန အောက်မှာ ရှိတဲ့ ဖုန်းရွေ့ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စက်ရုံက နောက်တစ်နှစ် အကြာမှာ စတင် လည်ပတ်တော့မှာပါ... ဒီ X2 စုပ်ယူပစ္စည်းသစ်ကို အသုံးပြုပြီး ယူရေနီယမ် ထုတ်ယူမှာ ဖြစ်ပါတယ်..."

ဆွန်ဖုန်းက လူစီ ပြောပြီးနောက် ဝင်ရောက် ပြောဆိုလိုက်သည်။ "ကျွန်တော်တို့က ကမ္ဘာ့အဆင့်မီ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး ကုမ္ပဏီ ဖြစ်လာအောင် ကြိုးစားသွားမှာပါ..."

ဆွန်ဖုန်း၏ စကားအဆုံးတွင် သတင်းထောက်များမှာ ပို၍ အံ့ဩသွားကြပြီး ဓာတ်ပုံများ ဆက်တိုက် ရိုက်ကြပြန်သည်။ အချို့က ယခု ကြားလိုက်ရသည့် သတင်းများကို ချက်ချင်း သတင်းစာတိုက်များထံသို့ ပေးပို့လိုက်ကြသည်။ နောက်မှ အသေးစိတ် အချက်အလက်များကို ထပ်မံ ပို့ပေးရန် စီစဉ်ထားကြသည်။

ထို့နောက် လူစီသည် X2 စုပ်ယူပစ္စည်းနှင့် ပတ်သက်သည့် သုတေသန စာတမ်းများနှင့် ထုတ်ပြန်၍ ရနိုင်သော စမ်းသပ်ချက် အချက်အလက်များကို ဖတ်ပြလိုက်သည်။

သတင်းထောက်များက အပြိုင်အဆိုင် မှတ်တမ်းတင်ကြပြီး အချို့က မိမိတို့၏ ထင်မြင်ချက်များကိုပါ မှတ်စုစာအုပ်များတွင် ချရေးထားကြသည်။

လူစီ ဖတ်ပြပြီးသည်နှင့် သတင်းထောက်များမှာ မေးခွန်းများ မေးရန် အလုအယက် ပြင်ဆင်ကြတော့သည်။

"ပါရဂူ လူစီ ခင်ဗျာ... ဒီ X2 စုပ်ယူပစ္စည်းကို ပါရဂူ ကိုယ်တိုင် အဓိက ဦးဆောင်ပြီး သုတေသန လုပ်ခဲ့တာလား... အချိန် ဘယ်လောက်ကြာခဲ့လဲ... ဘယ်လောက်တောင် ကျရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရလဲ... ရှေ့လူတွေရဲ့ အတွေ့အကြုံတွေကို အခြေခံခဲ့တာလား... X2 စုပ်ယူပစ္စည်းက X စုပ်ယူပစ္စည်းရဲ့ အဆင့်မြှင့်တင်ထားတဲ့ အမျိုးအစားလား ခင်ဗျာ..."

"ပါရဂူ လူစီ... အရင်တစ်ခေါက် X စုပ်ယူပစ္စည်း ကြေညာတာ နှစ်လတောင် မပြည့်သေးဘူး... အခု X2 ထွက်လာပြီ ဆိုတော့... အရင်တည်းက သုတေသန ပြီးနေတာကို တမင် ဖုံးထားတာလား..."

"ခင်ဗျားတို့ ကုမ္ပဏီက အီချွမ် စွမ်းအင်ကုမ္ပဏီကို တမင် ဂျင်းထည့်လိုက်တာလား... အရင်က ဒေါ်လာ သန်း ၂၂၀ နဲ့ ရောင်းခဲ့တယ်လို့ ကြားတယ်... အခု နှစ်လတောင် မပြည့်သေးဘူး... X2 ထပ်ထွက်လာပြီ ဆိုတော့..."

"မစ္စတာဆွန်... ဖုန်းရွေ့ သုတေသနဌာနမှာ သိပ္ပံပညာရှင် ဘယ်နှယောက်လောက် ရှိလဲ... သုတေသန ရန်ပုံငွေ ဘယ်လောက် သုံးခဲ့လဲ... ပင်လယ်ရေ မဂ္ဂနီဆီယမ် ထုတ်ယူရေးနဲ့ ရေနံ တူးဖော်ရေး စင်မြင့် သုတေသနတွေကရော စတင်နေပြီလား... ဘယ်လောက် တိုးတက်မှု ရှိနေပြီလဲ..."

"မစ္စတာဆွန်... ဒီ X2 စုပ်ယူပစ္စည်းကို တခြား ကုမ္ပဏီကြီးတွေက စျေးကောင်းကောင်း ပေးပြီး ဝယ်မယ်ဆိုရင် ရောင်းမှာလား..."

"ပါရဂူ လူစီ... အရင်က လူသိမများခဲ့တဲ့ ပါရဂူက အခု ဖုန်းရွေ့ သုတေသနဌာနကို ရောက်မှ ချက်ချင်း နာမည်ကြီးသွားတာ ဆိုတော့... အခု ဘယ်လို ခံစားရလဲ..."

သတင်းထောက်များမှာ ဘာကိုမျှ ဂရုမစိုက်ဘဲ သိချင်သမျှ မေးခွန်းများကို တရစပ် မေးကြတော့သည်။ ခန်းမ တစ်ခုလုံး ဆူညံပွက်လောရိုက်သွားပြီး လူတိုင်းက မေးခွန်း မေးချင်နေကြသည်။

ဆွန်ဖုန်းက ထိုမေးခွန်းများထဲမှ အရေးကြီးသည့် မေးခွန်း အချို့ကိုသာ ရွေးချယ် ဖြေကြားလိုက်သည်။

"ပထမဆုံး ပြောချင်တာက X2 စုပ်ယူပစ္စည်းဟာ တခြား သုတေသန လမ်းကြောင်း တစ်ခုကနေ သွားထားတာပါ... ခုနက ပါရဂူ လူစီရဲ့ အစီရင်ခံစာမှာလည်း ရှင်းပြထားပြီးပါပြီ... ဒါကြောင့် X2 ဟာ X စုပ်ယူပစ္စည်း အပေါ်မှာ အခြေခံထားတာ မဟုတ်ပါဘူး... လမ်းကြောင်း နှစ်ခု လုံးဝ မတူပါဘူး..."

"ဒုတိယ အနေနဲ့... ကျွန်တော် အီချွမ် စွမ်းအင်ကုမ္ပဏီကို ဂျင်းထည့်ခဲ့တာ မဟုတ်ပါဘူး... ဒါဟာ တရားမျှတတဲ့ အရောင်းအဝယ် တစ်ခုပါ... သူတို့က ဒေါ်လာ သန်း ၂၂၀ နဲ့ X စုပ်ယူပစ္စည်းကို ဝယ်ခဲ့တယ်... အဲဒီ ပစ္စည်းက ကုန်ကျစရိတ် ၁၀ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်တယ်လေ... ဆိုတော့ သူတို့လည်း မရှုံးပါဘူး... ခင်ဗျားတို့ သိပ်ပြီး တွေးမနေကြပါနဲ့..."

"နောက်တစ်ခုက X2 စုပ်ယူပစ္စည်းကို သုတေသန လုပ်နေတာ ခြောက်လလောက် ရှိပါပြီ... အရင်က သုတေသန အဖွဲ့သားတွေ အားလုံး ကြိုးစားခဲ့ကြပေမဲ့ အခက်အခဲလေးတွေ ရှိခဲ့တယ်... ပါရဂူ လူစီ ရောက်လာပြီး သူမရဲ့ ဦးဆောင်မှုအောက်မှာ အဲဒီ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့လို့ အခုလို အောင်မြင်မှု ရခဲ့တာပါ... အားလုံးပဲ ပါရဂူ လူစီကို လက်ခုပ်တီးပြီး ဂုဏ်ပြုပေးကြပါဦး..."

ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ ဤကိစ္စများနှင့် ပတ်သက်၍ သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြရန် လိုအပ်သည်။ အီချွမ်ကုမ္ပဏီ ဒေါသထွက်ပြီး သေမလား ရှင်မလား ဆိုသည်ကတော့ သူ့အလုပ် မဟုတ်ပေ။

"နောက်ပြီး... X2 စုပ်ယူပစ္စည်းကို ရောင်းချဖို့ အစီအစဉ် မရှိပါဘူး..."

ဆွန်ဖုန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

သတင်းစာ ရှင်းလင်းပွဲမှာ တစ်နာရီခန့် ကြာမြင့်ခဲ့သည်။ ဖုန်းရွေ့ သုတေသနဌာန၏ X2 စုပ်ယူပစ္စည်း သတင်းမှာ တစ်ရက်အတွင်းမှာပင် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ဂျပန်သတင်းစာ တစ်စောင်တွင် - "ဖုန်းရွေ့ သုတေသနဌာနက X2 စုပ်ယူပစ္စည်းကို တီထွင်လိုက်ပြီး ယူရေနီယမ် တစ်ပေါင် ထုတ်ယူဖို့ ၁၈၀ ဒေါ်လာပဲ ကုန်ကျတော့မယ်... ကျွန်တော်တို့ ဂျပန်မှာတောင် ၂၉၀ ဒေါ်လာလောက် ကုန်ကျနေတုန်းပဲ... သူတို့က ကျွန်တော်တို့ကို အများကြီး ကျော်တက်သွားပြီ... ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေးမှာ ကျွန်တော်တို့ရဲ့ အုပ်စိုးမှု နေရာကို လှုပ်ခတ်သွားစေပြီ... အီချွမ် စွမ်းအင်ကုမ္ပဏီကတောင် ဖုန်းရွေ့ဆီကနေ X စုပ်ယူပစ္စည်း နည်းပညာကို ဝယ်ယူခဲ့ရတယ်... ဒါဟာ ဂျပန်နိုင်ငံရဲ့ ဝမ်းနည်းစရာ ကိစ္စ တစ်ခုပါပဲ... လုပ်ငန်းရှင်တွေ အားလုံး ပြန်လည် တိုက်ခိုက်နိုင်ဖို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်..." ဟု ရေးသားထားသည်။

အမေရိကန် နိုင်ငံတကာ သတင်းစာတွင် - "ဖုန်းရွေ့ သုတေသနဌာနက အချိန်တိုအတွင်းမှာပဲ ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် အောင်မြင်မှု နှစ်ခုကို ထုတ်ဖော်လိုက်တယ်... တစ်ခုက တစ်ခုထက် ပိုမိုက်တယ်... ယူရေနီယမ် တစ်ပေါင်ကို ၁၈၀ ဒေါ်လာတည်းနဲ့ ထုတ်နိုင်မယ် ဆိုတာ တကယ်ကို မယုံနိုင်စရာပဲ... ဒါဟာ ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး စျေးကွက်ကို ကြီးစိုးဖို့ ပြင်ဆင်နေတာပဲ... ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ သုတေသနတွေသာ မတိုးတက်လာဘူးဆိုရင် နောင်ဆို ဖုန်းရွေ့ဆီကနေပဲ ယူရေနီယမ်တွေ ဝယ်ရတော့မယ့် အနေအထား ဖြစ်နေပြီ... အချိန်ကျရင် သူတို့က ဒီစျေးကွက်ကြီးရဲ့ သုံးပုံတစ်ပုံ ဒါမှမဟုတ် အဲဒီထက်ပိုပြီး သိမ်းပိုက်သွားလိမ့်မယ်..." ဟု ဖော်ပြထားသည်။

အမှန်ပင်... ကုန်ကျစရိတ် နည်းပါးလေ၊ ယူရေနီယမ် စျေးနှုန်း သက်သာလေ ဖြစ်မည်။ သို့ဆိုလျှင် ဝယ်ယူသူများက ဆွန်ဖုန်းထံမှသာ အလုအယက် ဝယ်ယူကြမည်မှာ သေချာသည်။

တရုတ် သတင်းစာတွင် - "ဒီနှစ် နိုဘယ် ဓာတုဗေဒဆုကို ပါရဂူ လူစီ ရဖို့ အခွင့်အရေး အရမ်း များနေတယ်... အသက် ၂၄ နှစ်ပဲ ရှိသေးတဲ့ တရုတ်လူမျိုး စီးပွားရေးသမား မစ္စတာဆွန် ကလည်း ၂၁ ရာစုရဲ့ အသက်အငယ်ဆုံးနဲ့ အအောင်မြင်ဆုံး လူငယ် လုပ်ငန်းရှင် ဖြစ်လာဖို့ အများကြီး သေချာနေပြီ... တစ်ချိန်တည်းမှာပဲ ဖုန်းရွေ့ သုတေသနဌာနဟာလည်း ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး နယ်ပယ်မှာ လမ်းပြကြယ် တစ်ပွင့် ဖြစ်လာတော့မယ်... ကမ္ဘာ့ အရှင်သခင်သစ် တစ်ဦး ပေါ်ထွက်လာတော့မယ်..." ဟု ဂုဏ်ယူစွာ ရေးသားထားသည်။

အင်္ဂလန် သတင်းစာတွင် - "အနာဂတ်မှာ နိုင်ငံတော်တော်များများရဲ့ နျူကလီးယား စွမ်းအင် စက်ရုံတွေက ဖုန်းရွေ့ဆီကနေပဲ ယူရေနီယမ် ဝယ်ရတော့မယ့် အနေအထား ရှိတယ်... လက်ရှိ အခြေအနေအရ ဆိုရင် သူတို့ဆီက ထွက်တဲ့ ယူရေနီယမ်က အသက်သာဆုံး ဖြစ်နေမှာ သေချာတယ်... ဒီအရာက ယူရေနီယမ် စျေးကွက်ကို အကြီးအကျယ် ရိုက်ခတ်သွားစေပြီး တခြား ကုမ္ပဏီတွေကို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်တယ်..." ဟု သုံးသပ်ထားလေသည်။

All Chapters