← Chapters

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆ - ဖြန်း... ဖြန်း... ဖြန်း...

သတင်းစာ ရှင်းလင်းပွဲ အပြီးတွင် ဆွန်ဖုန်းသည် ဗန်ကူးဗားသို့ ပြန်လာကာ ဇနီးနှင့် ကလေးများနှင့် အချိန်ဖြုန်းနေလိုက်သည်။

သို့သော် ပြင်ပကမ္ဘာတွင်မူ အကြီးအကျယ် ပွက်လောရိုက်နေပြီ ဖြစ်သည်။

တိုင်းမ်မဂ္ဂဇင်းက ဆွန်ဖုန်းကို အင်တာဗျူးပြီး မျက်နှာဖုံးဆောင်းပါး အဖြစ် ဖော်ပြမည်ဟု ကြေညာသည်။ ဓာတုဗေဒ အသိုင်းအဝိုင်းမှ အထင်ကရ အဖွဲ့အစည်းများကလည်း လူစီကို ဂုဏ်ပြုဆုများ ချီးမြှင့်ရန်နှင့် နိုင်ငံတကာ ဓာတုဗေဒ အသင်းကြီးသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ကြသည်။

ထို့အပြင် နိုဘယ် ဓာတုဗေဒဆု ရွေးချယ်ရေး ကော်မတီကပင် လူစီကို ယခုနှစ်အတွက် ဆန်ခါတင် စာရင်းတွင် ထည့်သွင်းရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး လုပ်ငန်းမှ ကုမ္ပဏီ အသီးသီးသည်လည်း X2 စုပ်ယူပစ္စည်းနှင့် ပတ်သက်သည့် သတင်းများကို စုံစမ်းရန် အလုအယက် ကြိုးစားနေကြသည်။

အထူးသဖြင့် အမေရိကန်နှင့် အင်္ဂလန် ကုမ္ပဏီများက ဖုန်းရွေ့ သုတေသနဌာနထံမှ X2 စုပ်ယူပစ္စည်းကို ဝယ်ယူရန် အပြင်းအထန် ကြိုးစားနေကြသည်။

ထုတ်ယူမှု ကုန်ကျစရိတ် ၄၀ ရာခိုင်နှုန်း လျှော့ချနိုင်ခြင်းက ထိုအရင်းရှင်ကြီးများကို ရူးသွပ်သွားစေခဲ့သည်။ မည်သူမဆို ဤ X2 စုပ်ယူပစ္စည်းကို ရရှိသွားပါက ချက်ချင်း ချမ်းသာသွားမည်ဖြစ်ပြီး ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး လုပ်ငန်း တစ်ခုလုံးကို ကြီးစိုးနိုင်မည် မဟုတ်ပါလား။

အထူးသဖြင့် နိုင်ငံငယ်လေးများဆိုလျှင် ဆွန်ဖုန်းကိုပင် ပြန်ပေးဆွဲချင်စိတ် ပေါက်နေကြသည်။ သူတို့ အားလုံးက နျူကလီးယား လက်နက်များ ထုတ်လုပ်ချင်ကြပြီး ထိုသို့ ပြုလုပ်ရန်အတွက် ယူရေနီယမ် လိုအပ်သည်။

သို့သော် ယူရေနီယမ် ထုတ်ယူခြင်းက နိုင်ငံငယ်လေးများအတွက် မလွယ်ကူပေ။ အမေရိကန်ကဲ့သို့ ကမ္ဘာ့ရဲကြီးများကလည်း စောင့်ကြည့်နေသေးသည်။

အကယ်၍ သူတို့သာ X2 စုပ်ယူပစ္စည်းကို ရရှိသွားပါက နျူကလီးယား လက်နက် ပိုင်ဆိုင်ရန် အခွင့်အရေး ကြီးမားလာမည် ဖြစ်သည်။

ဖုန်းရွေ့ သုတေသနဌာန၏ တံခါးပေါက်မှာ လူလာများလွန်း၍ ပေါက်ပြဲမတတ် ဖြစ်နေပြီး ဖုန်းများလည်း နေ့စဉ် ဆက်တိုက် ဝင်နေသဖြင့် လူစီမှာ အလွန် အလုပ်ရှုပ်နေတော့သည်။

သို့သော် ဆွန်ဖုန်းက သုတေသနဌာန၏ ကိစ္စရပ်များ အားလုံးကို သူမထံ လွှဲအပ်ထားသဖြင့် လာရောက် ဆက်သွယ်သမျှ ကုမ္ပဏီများကို သူမက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။ ဤမျှ အစွမ်းထက်သော စုပ်ယူပစ္စည်းကို မည်သည့်အတွက်ကြောင့် သူများလက်ထဲ ထည့်ရမည်နည်း။

ဆွန်ဖုန်း ဗန်ကူးဗားရှိ အိမ်သို့ ပြန်ရောက်သည်နှင့် သူ၏ ဇနီး သုံးယောက်စလုံးက ဝမ်းသာအားရ ဆီးကြို နှုတ်ဆက်ကြပြီး X2 စုပ်ယူပစ္စည်းနှင့် ပတ်သက်၍ အဆက်မပြတ် မေးမြန်းကြသည်။

ဤမျှ ကြီးမားသော သတင်းကြီးကို ဆွန်ဖုန်းက သူတို့ကို ကြိုမပြောခဲ့သော်လည်း ရုပ်မြင်သံကြားမှတစ်ဆင့် သူတို့ သိရှိထားပြီး ဖြစ်သည်။

"ဖုန်း... ရှင် ဒီလောက် ကြီးကျယ်တဲ့ သုတေသန အောင်မြင်မှုကို ရလိမ့်မယ်လို့ တကယ် မထင်ထားဘူး... နောက်ဆိုရင် ကျွန်မတို့ ကုမ္ပဏီက ကမ္ဘာ့ထိပ်တန်းကို ရောက်သွားတော့မှာပဲနော်..."

လျန်ယင်က ချီးကျူးလိုက်သည်။ သူမက တစ်နှစ်တာလုံး မန်နေဂျာချုပ် အဖြစ် လုပ်ကိုင်လာခဲ့သူ ဖြစ်ရာ ဆွန်ဖုန်း ရရှိလိုက်သည့် အောင်မြင်မှုက မည်မျှ တောက်ပကြောင်းကို ကောင်းကောင်း နားလည်သည်။

"ဟားဟား... မင်းတို့ ယောကျာ်းက တော်တယ်မလား... နောက်ဆို မင်းတို့ ကလေး အယောက် နှစ်ဆယ်၊ သုံးဆယ်လောက် မွေးပေးရင်တောင် ငါ အေးဆေး ကျွေးနိုင်တယ်... နို့မှုန့်ဖိုးကတော့ ပြောမနေနဲ့တော့... ကြီးလာရင် အကုန်လုံးကို အထက်တန်းစား ကျောင်းတွေချည်းပဲ ထားပေးမယ်..."

ဆွန်ဖုန်းက ဆိုဖာပေါ်တွင် ထိုင်ကာ ဘယ်ဘက်တွင် ဟယ်မင်ယီ၊ ညာဘက်တွင် လျန်ယင်ကို ဖက်ထားရင်း ကြွားလုံးထုတ်နေသည်။

ယန်ရွှယ်ကတော့ သူတို့ဘေးတွင် ထိုင်ကာ သိုးမွှေးထိုးရင်း ပြုံးနေလေသည်။

"ဆွန်ဖုန်း... ရှင့်ဟာရှင် သွားသေလိုက်... ရှင်က ကျွန်မတို့ကို ဝက်မတွေများ မှတ်နေလား... အယောက် နှစ်ဆယ်၊ သုံးဆယ်လောက် မွေးရအောင်... ရှင် လာမွေးကြည့်ပါလား..."

ဟယ်မင်ယီက ဒေါသတကြီးဖြင့် ဆွန်ဖုန်း၏ လက်ကို ရိုက်ချလိုက်သည်။

"ခစ်ခစ်ခစ်... ရှင်ကတော့ ပြောရတာ လွယ်တာပေါ့..."

လျန်ယင်ကလည်း ဆွန်ဖုန်းကို မျက်စောင်းထိုးလိုက်သည်။

"ဟီးဟီး..."

ယန်ရွှယ်ကလည်း ပါးစပ်ကို အုပ်ကာ ရယ်မောနေသည်။

"တရုတ်ပြည်မှာသာ ဆိုရင် ရှင့်ကို သားဆက်ခြား စီမံကိန်းက လူတွေ လာဖမ်းပြီး သင်းကွပ်သွားလောက်ပြီ..."

ဟယ်မင်ယီက ပြောလိုက်သည်။

"ငါ့ကို သင်းကွပ်သွားရင် မင်းတို့ ဘယ်လို လုပ်မလဲ... နှမြောစရာ မကောင်းဘူးလား..."

ဆွန်ဖုန်းက လူယုတ်မာ အပြုံးဖြင့် မေးလိုက်သည်။

"..." လျန်ယင်။

"ကျွန်မဆီမှာ ဆီလီကွန် အရုပ်တွေ ရှိတယ်..."

ဟယ်မင်ယီက အရှုံးမပေးဘဲ ပြန်ပြောလိုက်သည်။

"ဟာ... မင်းကတော့... ရက်သတ္တပတ် အနည်းငယ်လောက် ဆုံးမမပေးရတာနဲ့ အရမ်း ထောင်လွှားနေပါလား... လာခဲ့... အခုချက်ချင်း ဆုံးမပေးမယ်..."

ဆွန်ဖုန်းက အော်လိုက်ပြီး ဟယ်မင်ယီကို မီးဖိုချောင်ထဲသို့ ဆွဲခေါ်သွားကာ တံခါးကို ပိတ်ပစ်လိုက်လေသည်။

...

အီချွမ် စွမ်းအင်ကုမ္ပဏီ ဥက္ကဋ္ဌ ရုံးခန်းအတွင်း၌...

ဝါတာနာဘေးတာရိုသည် အရိုးပေါ် အရေတင်နေသော အဘိုးကြီး တစ်ယောက်၏ ရှေ့တွင် သေမတတ် မျက်နှာဖြင့် ခေါင်းငုံ့ကာ ရပ်နေသည်။ ထိုအဘိုးကြီးမှာ အီချွမ် စွမ်းအင်ကုမ္ပဏီ၏ ဥက္ကဋ္ဌ ရှုရှချန်ဂေါင် ဖြစ်ပြီး ဝါတာနာဘေးတာရို၏ အစ်ကို လည်း ဖြစ်သည်။

ဝါတာနာဘေးတာရိုသည် ခေါင်းကိုသာ ငုံ့ထားပြီး တစ်ခွန်းမှ မဟရဲပေ။ သူ ဥက္ကဋ္ဌ ရုံးခန်းထဲ ဝင်လာသည်မှာ နာရီဝက်ခန့် ရှိနေပြီ ဖြစ်သော်လည်း ဥက္ကဋ္ဌ ရှုရှချန်ဂေါင်က သူ့ကို စိုက်ကြည့်နေရုံမှလွဲ၍ ဘာမှ မပြော၊ ဘာမှ မမေးပေ။

သို့သော် ဖုန်းရွေ့ သုတေသနဌာနက X2 စုပ်ယူပစ္စည်းကို ထုတ်ဖော် ကြေညာလိုက်ပြီ ဆိုသည်ကို သူ၏ အစ်ကို သိသွားပြီဖြစ်ကြောင်း သူ ကောင်းကောင်း သိနေသည်။

ရှုရှချန်ဂေါင်မှာ အသက် ၇၀ ရှိနေပြီဖြစ်ရာ ဤသို့ နာရီဝက်ခန့် မတ်တတ်ရပ်နေရခြင်းက သူ့အတွက် အတော်လေး ပင်ပန်းနေလောက်ပြီ ဖြစ်သည်။

"အစ်ကို... ထိုင်ပါဦးလား... အဲဒီလို ရပ်နေရတာ ပင်ပန်းနေပါဦးမယ်..."

နောက်ဆုံးတွင် ဝါတာနာဘေးတာရိုက မနေနိုင်တော့ဘဲ သတိပေးလိုက်သည်။

"ဖြန်း..."

သူ့ကို တုံ့ပြန်လိုက်သည်က စကားမဟုတ်ဘဲ ပါးရိုက်သံ တစ်ချက်သာ ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် ဝါတာနာဘေးတာရို၏ ဘယ်ဘက် ပါးပြင်ပေါ်တွင် လက်ငါးချောင်းရာ အနီရောင်ကြီး ထင်းခနဲ ပေါ်လာတော့သည်။

နာကျင်မှုက ပူလောင်စူးရှနေသည်။ ဝါတာနာဘေးတာရို၏ ပါးပြင်မှာ ချက်ချင်းပင် ရောင်ရမ်းလာသော်လည်း သူ ဘာမှ မပြောရဲပေ။ ဒေါသထွက်နေသော ဥက္ကဋ္ဌ၏ ရိုက်နှက်မှုကို ငြိမ်ခံနေရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။

X စုပ်ယူပစ္စည်းကို အမေရိကန်ဒေါ်လာ သန်း ၂၂၀ ဖြင့် ဝယ်ယူခဲ့သည်မှာ တစ်လကျော်ခန့်သာ ရှိသေးသည်။ သို့သော် ယခု ဖုန်းရွေ့ သုတေသနဌာနက X2 ကို ထုတ်ဖော်လိုက်ပြန်ရာ အီချွမ် စွမ်းအင်ကုမ္ပဏီ တစ်ခုလုံး ဂျင်းထည့်ခံလိုက်ရမှန်း အားလုံး သိသွားကြပြီ ဖြစ်သည်။

ဖုန်းရွေ့ကသာ X2 ကို မထုတ်ခဲ့လျှင် X က တန်ဖိုးရှိနေဆဲ ဖြစ်ပြီး အီချွမ်ကုမ္ပဏီကလည်း ဤလုပ်ငန်းကို ကြီးစိုးနိုင်ဦးမည် ဖြစ်သည်။ ယခုတော့ ထိုအရာ အားလုံး ပျက်စီးသွားပြီ ဖြစ်သည်။ သူတို့က ၁၀ ရာခိုင်နှုန်းသာ လျှော့ချနိုင်ချိန်တွင် တစ်ဖက်လူက ၄၀ ရာခိုင်နှုန်းအထိ လျှော့ချလိုက်နိုင်ပြီ မဟုတ်ပါလား။

ဒေါ်လာ သန်း ၁၀၀ ဖြင့်သာ ဝယ်ခဲ့ရလျှင် အနည်းငယ် တော်သေးသော်လည်း ယခုတော့ တကယ်ကို အကြီးအကျယ် ရှုံးသွားပြီ ဖြစ်သည်။

"ဖြန်း... ဖြန်း... ဖြန်း..."

ရှုရှချန်ဂေါင်က ထပ်မံ၍ သုံးချက် ဆက်တိုက် ရိုက်လိုက်ပြန်ရာ ဝါတာနာဘေးတာရို၏ ပါးနှစ်ဖက်လုံး ရောင်ရမ်းသွားပြီး မူလကတည်းက ဝက်မျက်နှာနှင့် တူနေသော သူ၏ မျက်နှာမှာ ယခုအခါ ပို၍ပင် ရုပ်ဆိုးသွားတော့သည်။

"ငါ့ကို အစ်ကိုလို့ မခေါ်နဲ့... ဥက္ကဋ္ဌကြီး လို့ ခေါ်..."

ရှုရှချန်ဂေါင်က အော်ဟစ်လိုက်သည်။

"ဟုတ်ကဲ့ပါ..."

ဝါတာနာဘေးတာရိုက ခေါင်းငုံ့ကာ ပြောလိုက်သည်။ သူ့အစ်ကို၏ ဒေါသကို သူ ငြိမ်ခံနေရုံသာ ရှိသည်။

"ခေါင်းမော့ထား... ဘာလို့ ခေါင်းငုံ့ထားတာလဲ..."

"ဟုတ်ကဲ့ပါ..."

"ဖြန်း... ဖြန်း... ဖြန်း..."

နောက်ထပ် ငါးမိနစ်ခန့် ပါးရိုက်သံများ ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။ ဝါတာနာဘေးတာရိုမှာ ခေါင်းမူးနောက်လာပြီး မျက်နှာကိုပင် မိမိမျက်နှာဟု မခံစားရတော့ပေ။ ပါးစပ်မှ သွေးများ ထွက်လာပြီး ယိမ်းယိုင်နေကာ လဲကျတော့မတတ် ဖြစ်နေသည်။

နောက်ဆုံးတွင် ရှုရှချန်ဂေါင်လည်း ရိုက်ရတာ မောသွားပြီး လက်လည်း ကျင်လာသဖြင့် ကုလားထိုင်ပေါ် ပြန်ထိုင်ကာ လည်ချောင်း ရှင်းရန် လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။

"မင်းကို ငါ ဘာလို့ ရိုက်လဲ သိလား..."

ရှုရှချန်ဂေါင်က လက်ဖက်ရည်ခွက်ကို ချကာ ဖြည်းညင်းစွာ မေးလိုက်သည်။

"ဟုတ်ကဲ့... ကျွန်တော် အလုပ်သေချာ မလုပ်ဘဲ ဖုန်းရွေ့ သုတေသနဌာနက ကျွန်တော်တို့ကို ဂျင်းထည့်တာကို မသိလိုက်လို့ပါ..."

ဝါတာနာဘေးတာရိုက သူ့ကိုယ်သူ အပြစ်တင်ကာ ပြောလိုက်သည်။

"နိုး... နိုး... နိုး... မင်း အပြစ် မဟုတ်ဘူး... ရန်သူက အရမ်း ကောက်ကျစ်လွန်းလို့ ဖြစ်သွားတာ... မင်းကို ငါ ရိုက်ရတာက တခြားသူကို ရိုက်ရတာ အားမရလို့... မင်းက အရိုက်ခံရမယ့် ရုပ် ပေါက်နေလို့ပဲ..."

ရှုရှချန်ဂေါင်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ... ဥက္ကဋ္ဌကြီး ပြောတာ မှန်ပါတယ်... ကျွန်တော်က အရိုက်ခံရမယ့် ကောင်ပါ..."

ဝါတာနာဘေးတာရိုက ခေါင်းငုံ့ကာ ပြောလိုက်သည်။

"ငါ့ကို ဥက္ကဋ္ဌကြီး လို့ ခေါ်ဆို..."

ရှုရှချန်ဂေါင်က စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ယူကာ ဝါတာနာဘေးတာရို၏ ခေါင်းကို ပစ်ပေါက်လိုက်သည်။

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌကြီး..."

ဝါတာနာဘေးတာရိုက အမြန် ပြန်ပြောလိုက်သည်။

"ကောင်းပြီ... ထွက်သွားတော့... ငါ ဒေါသပြေသွားပြီ..."

"ဟုတ်ကဲ့ပါ…”

All Chapters