← Chapters

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း ၂၅၇ - တိုင်းမ်မဂ္ဂဇင်း၏ အင်တာဗျူး

"အီဗ်... ဒီတစ်နှစ်ကျော်အတွင်းမှာ အာရှသား ဆွန်ဖုန်းဆိုတဲ့ လူက တကယ့်ကို တစ်ဟုန်ထိုး နာမည်ကြီးလာတာပဲ... ပြင်ပကမ္ဘာကို အံ့အားသင့်စေမယ့် အောင်မြင်မှုတွေကို တစ်ခုပြီးတစ်ခု ဖန်တီးနေတယ်..."

တိုင်းမ် မဂ္ဂဇင်း၏ အယ်ဒီတာချုပ် အဘီဂေးလ် က ကွန်ပျူတာပေါ်တွင် လာနေသော သတင်းများကို ကြည့်ရင်း ဘေးရှိ အီဗ် ကို ပြောလိုက်သည်။

သူ မြင်တွေ့နေရသည်မှာ ဖုန်းရွေ့ သုတေသနဌာနက ပြင်ပသို့ ကြေညာလိုက်သည့် X2 စုပ်ယူပစ္စည်း အကြောင်းပင်။ ယူရေနီယမ် တစ်ပေါင် ထုတ်ယူရန် ၁၈၀ ဒေါ်လာသာ ကုန်ကျတော့မည် ဆိုသည့် အောင်မြင်မှုက တကယ်ကို တုန်လှုပ်စရာ ကောင်းလွန်းလှသည်။

"အယ်ဒီတာချုပ်... ဒီဆွန်ဖုန်းက အခုဆိုရင် ကနေဒါ နိုင်ငံသား ဖြစ်နေပြီနော်..."

အီဗ်က ပြုံး၍ ပြောလိုက်သည်။ သူမကလည်း ဆွန်ဖုန်းကို စောင့်ကြည့် လေ့လာထားသူ ဖြစ်ရာ လွန်ခဲ့သော တစ်နှစ်ကျော်ကတည်းက ဆွန်ဖုန်း ကနေဒါ နိုင်ငံသား ခံယူခဲ့ကြောင်း သိထားသည်။

"အော်... အဲဒါက သိပ်မအရေးကြီးပါဘူး... အသက် ၂၄ နှစ် အရွယ်နဲ့ ဒီတစ်နှစ်ကျော်အတွင်း ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် ကိစ္စတွေကို တစ်ခုပြီးတစ်ခု လုပ်ပြနေတာက တကယ်ကို လေးစားလောက်စရာပဲ..." အဘီဂေးလ်က သက်ပြင်းချကာ ပြောလိုက်သည်။

အသက် ၂၄ နှစ်သာ ရှိသေးသော်လည်း သူ့နာမည်အောက်တွင် သံရိုင်းမိုင်းတွင်း ရှိသည်၊ ရေနံမြေ ရှိသည်။ လွန်ခဲ့သော ခြောက်လက တည်ထောင်ခဲ့သည့် ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီကလည်း တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေသည့် ရွှေသင်္ဘောစုကြီးကို ဆယ်ယူနိုင်ခဲ့သည်။

ယခု လအနည်းငယ် အတွင်းမှာလည်း X စုပ်ယူပစ္စည်းနှင့် X2 စုပ်ယူပစ္စည်းတို့ကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။

အထူးသဖြင့် နောက်ဆုံး အချက်သုံးချက်က တိုင်းမ်မဂ္ဂဇင်း အနေဖြင့် သူ့ကို မျက်နှာဖုံးဆောင်းပါး အဖြစ် အင်တာဗျူးရန် အပြည့်အဝ အရည်အချင်း ပြည့်မီနေပြီ ဖြစ်သည်။

အကယ်၍ ရေနံမြေနှင့် သံရိုင်းမိုင်းတွင်း ပိုင်ဆိုင်ရုံ သက်သက်သာ ဆိုပါက တိုင်းမ်မဂ္ဂဇင်းက သူ့ကို အင်တာဗျူးရန် ရွေးချယ်မည် မဟုတ်ပေ။

သို့သော် နောက်ဆုံး ရရှိခဲ့သည့် အောင်မြင်မှု သုံးခုကတော့ လုံးဝကို အရည်အချင်း ပြည့်မီသွားစေခဲ့ပြီ ဖြစ်သည်။

တိုင်းမ်မဂ္ဂဇင်း ဆိုသည်မှာ လူတစ်ယောက်ကို အလွယ်တကူ မျက်နှာဖုံးဆောင်းပါး အဖြစ် အင်တာဗျူးလေ့ မရှိပေ။ ထိုသူသည် အလွန် တောက်ပသည့် အောင်မြင်မှုနှင့် ကျော်ကြားမှု ရှိရန် လိုအပ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုအခါ ဆွန်ဖုန်းက ထိုအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ရွှေသင်္ဘောစုကို ဆယ်ယူနိုင်ရုံ သက်သက်နှင့် အရည်အချင်း မပြည့်မီသေးသော်လည်း အဓိက အရေးအကြီးဆုံးမှာ X2 စုပ်ယူပစ္စည်း ထွက်ပေါ်လာခြင်းပင်။

အဓိက အကျဆုံး အချက်မှာ ဆွန်ဖုန်းက အလွန် ငယ်ရွယ်နေသေးခြင်း ဖြစ်သည်။ ဤမျှ ငယ်ရွယ်သူ တစ်ဦးက ဤမျှ ကြီးမားသော အောင်မြင်မှုမျိုး ရရှိရန်မှာ သာမန်လူများ လုပ်နိုင်သည့် ကိစ္စ မဟုတ်ပေ။

ထို့အပြင် ဆွန်ဖုန်းသည် သူဌေးသား မဟုတ်သလို မည်သူ့ကိုမျှလည်း မမှီခိုခဲ့ရပေ။ သူ၏ ကိုယ်ပိုင် စွမ်းဆောင်ရည်ဖြင့် ဘဝ၏ အထွတ်အထိပ်သို့ လျှောက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။

သေချာသည်ကတော့ ဤအရာမှာ ပြင်ပလူများ မြင်တွေ့နေရသည့် အရာများသာ ဖြစ်ပြီး အမှန်တကယ်တွင်တော့ ဆွန်ဖုန်း၌ စနစ် စွမ်းအား ရှိနေခြင်းကို မည်သူမျှ မသိကြပေ။

"ဟုတ်ပါတယ် အယ်ဒီတာချုပ်... ဒီဆွန်ဖုန်းက တကယ်ကို ဩဇာတိက္ကမ ရှိလွန်းတယ်..."

အီဗ်သည် နာမည်ကြီး ပုဂ္ဂိုလ်ပေါင်းများစွာကို အင်တာဗျူးဖူးပြီး အခမ်းအနား ကြီးများစွာကို မြင်တွေ့ဖူးသူ ဖြစ်သော်လည်း ဤမျှ ငယ်ရွယ်ပြီး အောင်မြင်နေသူမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

အသက် ၂၄ နှစ် အရွယ်တွင် အခြားသူများက ဘာလုပ်နေကြမည်နည်း။ တက္ကသိုလ်မှ ခုလေးတင် ဘွဲ့ရကာ လူ့ဘောင်အဖွဲ့အစည်း အတွင်းသို့ ဝင်ရောက်လာခါစ ဖြစ်ကောင်း ဖြစ်မည်။

သို့မဟုတ် အိမ်ထောင်ပြုရန် ပြင်ဆင်နေချိန် ဖြစ်မည်။ သို့သော် သူကတော့ ဤမျှ ကြီးကျယ်ခမ်းနားသော စီးပွားရေး အင်ပါယာကြီးကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။

"အယ်ဒီတာချုပ်... ရှင်က ဆွန်ဖုန်းကို မျက်နှာဖုံးဆောင်းပါး အဖြစ် အင်တာဗျူးချင်လို့လား..." အီဗ်က မေးလိုက်သည်။

"ဟုတ်တယ်... သူက အရည်အချင်း ပြည့်မီနေပြီလေ... ဒီလိုလုပ်... မင်း ဖုန်းရွေ့ သုတေသနဌာနကို ဆက်သွယ်ပြီး သူ့ကို အင်တာဗျူးလို့ ရမရ မေးကြည့်လိုက်..." အဘီဂေးလ်က ပြောလိုက်သည်။

"ကောင်းပါပြီ... ကျွန်မ အခုပဲ ဆက်သွယ်ကြည့်လိုက်ပါ့မယ်..."

...

တစ်ပတ်အကြာတွင် ဆွန်ဖုန်းသည် မျှော်လင့်ထားပြီးသား ဖြစ်သည့် သတင်းတစ်ခုကို လက်ခံရရှိလိုက်သည်။ တိုင်းမ် မဂ္ဂဇင်းက သူ့ကို အင်တာဗျူးရန် ဖိတ်ခေါ်ခြင်း ဖြစ်ပြီး အင်တာဗျူးမည့် ကဏ္ဍမှာ မျက်နှာဖုံး ဇာတ်ကောင် ကဏ္ဍပင် ဖြစ်သည်။

တိုင်းမ်မဂ္ဂဇင်းက ဆွန်ဖုန်းကို မျက်နှာဖုံးဆောင်းပါး အဖြစ် အင်တာဗျူးရန် ပြင်ဆင်နေပြီး သူသည် ဤအရည်အချင်းနှင့် ပြည့်မီနေပြီ ဖြစ်သည်။

တိုင်းမ်မဂ္ဂဇင်းကို ၁၉၂၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ရာစုနှစ်ဝက်ကျော် ကာလအတွင်း အစောဆုံး ပေါ်ထွက်လာခဲ့သော သတင်းမဂ္ဂဇင်းများထဲမှ တစ်ခု ဖြစ်သည်။

နိုင်ငံတကာ စာဖတ်ပရိသတ်များအတွက် ကမ္ဘာ့သတင်းများကို သိရှိနိုင်ရန် ဖွင့်လှစ်ပေးထားသော ပြတင်းပေါက် တစ်ခုလည်း ဖြစ်သည်။

တိုင်းမ်မဂ္ဂဇင်းသည် အမေရိကန်၏ ထိပ်တန်း သတင်းမဂ္ဂဇင်းကြီး သုံးခုအနက် တစ်ခု အပါအဝင် ဖြစ်ပြီး အကြောင်းအရာ စုံလင်ကာ နိုင်ငံတကာ ပြဿနာများနှင့် ပတ်သက်၍ ထင်မြင်ချက်များ ပေးခြင်း၊ နိုင်ငံတကာ အရေးကြီး သတင်းများကို နောက်ယောင်ခံ လိုက်လံ ဖော်ပြခြင်းများကို ပြုလုပ်သည်။

ယခု လူစီက ထိုသတင်းကို ဆွန်ဖုန်းထံ ဖုန်းဆက်၍ ပြောပြလာပြီး အင်တာဗျူး လက်ခံမခံ မေးမြန်းခြင်း ဖြစ်သည်။

"ကောင်းပြီလေ... သူတို့နဲ့ အချိန် ညှိလိုက်ပါ... မနက်ဖြန် ငါ စိန့်ဂျွန်မြို့ကို ပြန်လာခဲ့မယ်..."

ဆွန်ဖုန်းက လူစီကို ပြန်ပြောလိုက်သည်။ တိုင်းမ်မဂ္ဂဇင်း၏ မျက်နှာဖုံး အင်တာဗျူးကို ဆွန်ဖုန်းကလည်း ကျေကျေနပ်နပ် လက်ခံသည်။ သူကလည်း နာမည်ကြီးချင်သူ တစ်ဦး ဖြစ်သည်။

တိုင်းမ်မဂ္ဂဇင်း၏ အင်တာဗျူး ဆိုသည်မှာ ပြင်ပကမ္ဘာက သူ့ကို အသိအမှတ်ပြုခြင်း တစ်ခု ဖြစ်ပြီး တိုင်းမ်မဂ္ဂဇင်းက အလွန် ဩဇာလွှမ်းမိုးမှု ရှိသောကြောင့်ပင်။

"ဟုတ်ကဲ့ပါ သူဌေး... အခုပဲ သူတို့နဲ့ အချိန် ညှိလိုက်ပါ့မယ်..." လူစီက ပြောလိုက်သည်။

လူစီသည်လည်း နိုင်ငံတကာ ဓာတုဗေဒ အသိုင်းအဝိုင်း၏ အသိအမှတ်ပြုခြင်းကို ရရှိထားသဖြင့် ယခုအခါ သူမ၏ စိတ်ထဲတွင် အလွန် ပျော်ရွှင်နေသည်။

နိုဘယ် ဓာတုဗေဒဆုအတွက် ဆန်ခါတင် စာရင်းတွင်လည်း ပါဝင်သွားပြီ ဖြစ်ရာ နောက်တစ်ဆင့် အနေဖြင့် ယခုနှစ် နိုဘယ်ဆုအတွက် ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။

နိုဘယ် ဓာတုဗေဒဆု ဟူသည့် အသိကပင် သူမကို တွေးကြည့်ရုံနှင့် စိတ်လှုပ်ရှားစေသည်။

"အင်း..."

မကြာမီမှာပင် လူစီက ဆွန်ဖုန်းထံ ပြန်လည် ဖုန်းဆက်လာပြီး နောက်သုံးရက် အကြာတွင် ဖုန်းရွေ့ သုတေသနဌာနသို့ လာရောက် အင်တာဗျူးမည် ဖြစ်ကြောင်း ပြောသည်။

ထို့ကြောင့် နောက်တစ်နေ့တွင် ဆွန်ဖုန်းသည် မခွဲခွာချင်သော ဇနီး သုံးယောက်ကို နှုတ်ဆက်ကာ နယူးဖောင်လန်ရှိ စိန့်ဂျွန်မြို့သို့ ပြန်လာခဲ့သည်။

သို့သော် ဆွန်ဖုန်းအတွက် အနည်းငယ် စိတ်ညစ်စရာ ကောင်းသည်မှာ သူ၏ သားငယ်လေး ဆွန်ရွှိုက် က သူ့ကို သူစိမ်းလို ဆက်ဆံနေခြင်းပင်။ ပွေ့ချီလိုက်သည်နှင့် ငိုတော့ရာ ဆွန်ဖုန်း တစ်ယောက် ရက်အနည်းငယ်ခန့် စိတ်ဓာတ်ကျသွားခဲ့ရသည်။ နောက်ပိုင်း သားဖြစ်သူနှင့် အချိန်ပိုပေးရန် လိုအပ်နေပြီဟု သူ တွေးလိုက်မိသည်။

...

သုံးရက် အကြာတွင် တိုင်းမ်မဂ္ဂဇင်းမှ သတင်းထောက်များ အချိန်မီ ရောက်ရှိလာကြသည်။ အီဗ်သည် ကင်မရာမန်း တစ်ဦးနှင့် လက်ထောက် တစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။

"ရှင်က မစ္စတာဆွန် ဖြစ်ရမယ်... မင်္ဂလာပါရှင်... ကျွန်မက တိုင်းမ်မဂ္ဂဇင်းက သတင်းထောက် အီဗ် ပါ..."

ဖုန်းရွေ့ သုတေသနဌာန၏ ဧည့်ခန်းမဆောင် အတွင်းတွင် ဆွန်ဖုန်းနှင့် အီဗ်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

"မင်္ဂလာပါ... ကျွန်တော် ဆွန်ဖုန်း ပါ..."

ဆွန်ဖုန်းက အီဗ်နှင့် ယဉ်ကျေးစွာ လက်ဆွဲ နှုတ်ဆက်လိုက်သည်။

တွေ့ဆုံသည်နှင့် တစ်ပြိုင်နက် အီဗ်သည် ဆွန်ဖုန်းကို သေချာ အကဲခတ် ကြည့်ရှုလိုက်သည်။ သူမ အနေဖြင့် ဆွန်ဖုန်းကို အတော်လေး သိချင်စိတ် ပြင်းပြနေခဲ့သည်။

ဤမျှ ငယ်ရွယ်ပြီး ကြီးမားသော အောင်မြင်မှုများ ရရှိထားသူ ဖြစ်ရာ သာမန် မိန်းကလေးများသာ ဆိုလျှင် ချက်ချင်းပင် ရူးသွပ်မတတ် သဘောကျသွားမည်မှာ အမှန်ပင်။

ဆွန်ဖုန်း၏ အရပ်မှာ ၅ ပေ ၁၁ လက်မခန့် ရှိရာ နိုင်ငံခြားတွင်ဆိုလျှင် အလွန် အရပ်ရှည်သည်ဟု မဆိုနိုင်သော်လည်း အာရှသား တစ်ယောက်၏ ခန့်ညားမှုမျိုး ရှိသည်။ ဤသည်မှာ ဆွန်ဖုန်းအပေါ် အီဗ်၏ ပထမဆုံး အမြင် ဖြစ်သည်။

ဒုတိယ အမြင်မှာတော့ ဆွန်ဖုန်းထံတွင် ဩဇာကြီးမားသူ တစ်ဦး၏ မာနမျိုး မတွေ့ရဘဲ အလွန် သာမန်ဆန်ပြီး အိမ်နီးနားချင်း ညီလေး တစ်ယောက်လို ရင်းနှီးဖွယ် ကောင်းနေခြင်းပင်။

အနည်းငယ် စကားစမြည် ပြောကြည့်ပြီးနောက် ဆွန်ဖုန်းမှာ ဟာသဉာဏ် ရွှင်သူ တစ်ဦး ဖြစ်ကြောင်း၊ အင်း... ဘယ်လို ပြောရမလဲ... နောက်ပြောင်လွန်းသူ တစ်ဦး ဖြစ်ကြောင်း အီဗ် သတိထားမိလိုက်သည်။

ဆွန်ဖုန်း၏ တစ်ကိုယ်လုံးတွင် တက်ကြွလန်းဆန်းမှုများ ပြည့်နှက်နေပြီး သူ၏ စိတ်ဓာတ်ခွန်အားမှာ အလွန် ကြီးမားခိုင်မာမည်ဟု အီဗ် ခံစားလိုက်ရသည်။

"ဒီက မစ္စ လူစီ ဖြစ်ရမယ်... ကျွန်မက ပါရဂူရဲ့ ပရိသတ်ပါနော်..."

အီဗ်သည် ဆွန်ဖုန်းနှင့် စကားအနည်းငယ် ပြောပြီးနောက် လူစီကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

မှန်ပါသည်။ မည်သို့ပင်ဖြစ်စေ ယခုအခါ လူစီသည် အမျိုးသမီး သိပ္ပံပညာရှင် ဧရာမကြီး တစ်ဦး ဖြစ်နေပြီ ဖြစ်ရာ အီဗ်ကဲ့သို့ ရည်မှန်းချက် ကြီးမားပြီး အလုပ်ကို ကြိုးစားသော အမျိုးသမီးများ အနေဖြင့် လူစီကို လေးစား အားကျမည်မှာ သဘာဝပင်။

"မစ္စ အီဗ် ရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်ရှင်..." လူစီက ပြုံး၍ ပြန်ဖြေသည်။

စကားအနည်းငယ် ပြောပြီးနောက် အင်တာဗျူးကို တရားဝင် စတင်လိုက်သည်။ အီဗ်က အရင်ဆုံး ဓာတ်ပုံ အချို့ ရိုက်ရန် အကြံပြုပြီးမှ စကားပြောဟန် အင်တာဗျူးကို စတင်ရန် စီစဉ်သည်။

ဆွန်ဖုန်းကလည်း လုံးဝ မငြင်းဆန်ပေ။ တစ်ဖက်လူက ပရော်ဖက်ရှင်နယ် ဖြစ်ရာ သူတို့ စီစဉ်သည့်အတိုင်း လိုက်နာရုံသာ ဖြစ်သည်။ ထို့အပြင် အီဗ်မှာ အသက် ၂၅... ၂၆ နှစ်ခန့်သာ ရှိသေးသော ချောမောလှပသည့် မိန်းမလှလေး တစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။

ဓာတ်ပုံ ရိုက်ပြီးသည်နှင့် အင်တာဗျူးကို ချက်ချင်း စတင်လိုက်သည်။ အီဗ်၏ အင်တာဗျူး ပုံစံမှာ အလွန် စိတ်ဝင်စားစရာ ကောင်းပြီး စကားစမြည် ပြောဆိုသည့် ပုံစံမျိုး ဖြစ်သည်။ ဤနိုင်ငံခြားသူ ချောချောလေးမှာ လူမှုဆက်ဆံရေး အလွန် ကောင်းမွန်လှသည်။

စကားပြောနေရင်းနှင့်ပင် နှစ်ဖက်စလုံး ပျော်ရွှင်စွာ ပြောဆိုနိုင်ပြီး အင်တာဗျူးကိုလည်း ချောမွေ့စွာ ပြီးမြောက်သွားစေနိုင်သည်။ တကယ့်ကို အနုပညာဆန်လှသည်။ ပုံမှန် အင်တာဗျူးများကဲ့သို့ တစ်ဖက်က တစ်ခွန်းမေး၊ တစ်ဖက်က တစ်ခွန်းဖြေသည့် ပျင်းစရာကောင်းသော အင်တာဗျူးမျိုး လုံးဝ မဟုတ်ပေ။

"မစ္စတာဆွန်... ရှင်က အောင်မြင်မှုကို တစ်လှမ်းချင်းစီ လျှောက်လှမ်းလာခဲ့တာ... လက်ဗလာကနေ ဘဝကို စတင် တည်ဆောက်ခဲ့သူလို့ ပြောလို့ ရပါတယ်... ဒါဆို ရှင် ပထမဆုံး အောင်မြင်မှု ခြေလှမ်းကို ဘယ်လို စတင်ခဲ့သလဲ သိပါရစေ..." အီဗ်က မေးလိုက်သည်။

ပြည်တွင်းရော နိုင်ငံတကာတွင်ပါ ဆွန်ဖုန်း၏ အတိတ် နောက်ခံကို သေချာ သိသူ မရှိသလောက် ရှားပါးလှသည်။ မျက်နှာဖုံး အင်တာဗျူး တစ်ခု အနေဖြင့် အရင်ဆုံး ပထမဆုံး ခြေလှမ်းနှင့် အတိတ်ကြောင်းကို ဖြည်းဖြည်းချင်း ရှင်းလင်းစွာ သိရှိရန် လိုအပ်သည်။

ဤအချက်က စာဖတ်သူများ အသိချင်ဆုံး အချက် ဖြစ်မည်ဟု အီဗ် ယုံကြည်သည်။ အစပြုခြင်းသည် အခက်ခဲဆုံး ဖြစ်သည် ဟူသော စကားအတိုင်း ပထမဆုံး ခြေလှမ်းက အရေးအကြီးဆုံးနှင့် ကိုယ်စားပြုမှု အပြည့်ဝဆုံး ဖြစ်ပေလိမ့်မည်။

All Chapters