အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း ၂၅၈ - ရှင် အိမ်ထောင်ကျပြီလား...
"ကျွန်တော် အရင်က တရုတ်ပြည်မှာ သံမဏိစက်ရုံ အသေးစားလေး တစ်ခု ဖွင့်ထားတာပါ... အထူးသံမဏိတွေနဲ့ သံချောင်းတွေ၊ သံပြားတွေ ထုတ်တဲ့ စက်ရုံပေါ့... ကနေဒါကို ပြောင်းလာပြီးတဲ့နောက်မှာတော့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကြီး တစ်ခု လုပ်ဖို့ မြေကွက်ကြီး တစ်ကွက် ဝယ်လိုက်တာ... အဲဒီ မြေအောက်မှာ သံရိုင်း(သတ္တု)မိုင်းတွင်းကြီး တစ်ခု ရှိနေလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး... ဆိုတော့ ကျွန်တော့်ရဲ့ အောင်မြင်မှု အစက အဲဒီ မားစ်အယ် သံရိုင်းမိုင်းတွင်းကနေ စတင်ခဲ့တယ်လို့ ပြောလို့ ရပါတယ်... အဲဒီနောက်ပိုင်းတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ နယူးဖောင်လန် အနောက်ပိုင်းက ကျောက်လွှာ ရေနံမြေကို ရင်းနှီးမြှုပ်နှံလိုက်တာ အခုချိန်ထိ အောင်မြင်နေဆဲပါပဲ..."
ဆွန်ဖုန်းက ပြုံး၍ ရှင်းပြလိုက်သည်။
"အော်... မစ္စတာဆွန်ရဲ့ ကံကောင်းမှုက တကယ်ကို အံ့မခန်းပါပဲ... မြေကွက် တစ်ကွက် ဝယ်လိုက်တာနဲ့ သံရိုင်းမိုင်းတွင်းကြီး တစ်ခု အပို ရလာတယ်ဆိုတော့ တကယ့်ကို ကံကောင်းတာပဲ..."
အီဗ်က အံ့ဩတကြီး ပြောလိုက်သည်။
ဤ မာအယ် သံရိုင်းမိုင်းတွင်းကြီးမှာ တကယ့်ကို မမျှော်လင့်ဘဲ ရရှိလိုက်သည့် အမြတ်ကြီး တစ်ခု ဖြစ်ပြီး ကံကြမ္မာ နတ်သမီးလေးက ဆွန်ဖုန်းကို ကောင်းချီးပေးလိုက်သကဲ့သို့ပင်။
အနည်းဆုံးတော့ ပြင်ပလူများက ထိုသို့သာ မြင်ကြသည်။ သို့သော် ဆွန်ဖုန်းကတော့ ဤအရာအားလုံးမှာ မည်သူ့ကိုမျှ ပြောပြ၍ မရနိုင်သော လျှို့ဝှက်ချက် တစ်ခုကြောင့် ဖြစ်ကြောင်း ကောင်းကောင်း သိသည်။
မြေကွက် တစ်ကွက် ဝယ်လိုက်ရုံဖြင့် သံရိုင်းမိုင်းတွင်းကြီး တစ်ခု ရနိုင်ပါမည်လား။ ရနိုင်သော်လည်း ဖြစ်နိုင်ခြေ အလွန် နည်းပါးလှသည်။
"ဟုတ်ပါတယ်... ကျွန်တော် အရမ်း ကံကောင်းခဲ့ပါတယ်... ကျွန်တော့် ဘဝမှာ အခုချိန်ထိ အကံကောင်းဆုံး ကိစ္စ သုံးခု ရှိခဲ့တယ်... ပထမ တစ်ခုကတော့ မားစ်အယ် သံရိုင်းမိုင်းတွင်းကြီးကို ရှာတွေ့ခဲ့တာ... ဒုတိယ တစ်ခုက ရွှေသင်္ဘောစုကို ရှာတွေ့ခဲ့တာ... အဲဒါက ကျွန်တော့်ကို ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးတွေ ရလာစေခဲ့တာပေါ့..."
ဆွန်ဖုန်းက ပြောလိုက်သည်။
အီဗ်က သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။
သူမ အမြင်တွင် ဆွန်ဖုန်း၏ ကံကောင်းမှုမှာ အလွန်အမင်း လွန်ကဲနေပြီး ကံကြမ္မာ နတ်သမီးလေးက သူ့ ရည်းစားများ ဖြစ်နေသလားဟုပင် ထင်မှတ်ရသည်။ ရွှေသင်္ဘောစု ကဲ့သို့သော ဧရာမ ရတနာကြီးကိုပင် သူက ရှာတွေ့နိုင်ခဲ့သည် မဟုတ်ပါလား။
"ဒါဆိုရင် မစ္စတာဆွန်... တတိယ ကိစ္စကကော ဘာများလဲဟင်..."
အီဗ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"တတိယ တစ်ခုကတော့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်လေးမို့ ဒီနေရာမှာ ပြောပြလို့ မရသေးပါဘူး..."
ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ ဤကိစ္စမှာ သေချာပေါက် သူ၏ နက်ရှိုင်းသော ပင်လယ်ကြမ်းပြင် ဉာဏ်ရည်တု စက်ရုံကြီးကို ရရှိခဲ့ခြင်းပင် ဖြစ်သည်။
"မစ္စတာဆွန်ကလည်း... ပြောပြပါနော်... ကျွန်မ အရမ်း သိချင်နေပြီ..."
အီဗ်က ဆွန်ဖုန်းကို မျက်စပစ်ပြကာ ချွဲနွဲ့သော အသံဖြင့် ပြောလိုက်သည်။
"မပြောနိုင်ပါဘူးဗျာ... တခြား မေးခွန်းပဲ မေးပါတော့..."
"ကောင်းပါပြီ... ဒါဆို နောက်တစ်ခု မေးချင်တာက... နယူးဖောင်လန် အနောက်ဘက် ကမ်းရိုးတန်းက ကျောက်လွှာ ရေနံမြေကို ရင်းနှီးမြှုပ်နှံတုန်းက ကံကို ယုံပြီး ရင်းနှီးခဲ့တာလား... ဒါမှမဟုတ် သေချာ လေ့လာ တွက်ချက်ပြီးမှ ရင်းနှီးခဲ့တာလား..."
"အဲဒီအချိန်တုန်းက နယူးဖောင်လန်က ကျောက်လွှာ ရေနံမြေကို ဘယ်ရေနံ ကုမ္ပဏီကမှ စွန့်စားပြီး မရင်းနှီးရဲခဲ့ကြဘူးလေ... ရှင်က ဘယ်လို ယုံကြည်မှုမျိုးနဲ့ ဒီလောက် ရဲရဲဝံ့ဝံ့ ရင်းနှီးခဲ့တာလဲ..."
ဤအချက်ကို အီဗ်က အလွန် သိချင်နေခြင်း ဖြစ်သည်။ ရှန်းဖုန်း ရေနံမြေကို ရင်းနှီးမြှုပ်နှံခြင်းမှာ လောင်းကစား တစ်ခုနှင့် တူနေသည်။ နိုင်လျှင် ငွေအများကြီး ရမည်၊ ရှုံးလျှင်တော့ ဒေဝါလီ ခံရမည့် အနေအထား ဖြစ်သည်။
"ဘဝဆိုတာ လောင်းကစား တစ်ခုပဲ မဟုတ်လား... ပုံမှန် လမ်းကြောင်းအတိုင်းပဲ သွားနေရင် ထူးခြားတဲ့ အောင်မြင်မှုတွေ ဘယ်လို ရနိုင်မလဲ... ကျွန်တော်က သာမန်ဘဝမျိုးနဲ့ မနေချင်ဘူး... ရိုးရိုးရှင်းရှင်း လမ်းကြောင်းကိုလည်း မလျှောက်ချင်ဘူး..."
"ဒါကြောင့်မို့လို့ ကျွန်တော် လောင်းကြေး ထပ်ခဲ့တယ်... ဒီရေနံမြေကို တူးဖော်ရတာ သိပ်မခက်လောက်ဘူးလို့ ယုံကြည်ပြီး လောင်းခဲ့တာ... နောက်ဆုံးမှာလည်း အဲဒီ ကျောက်လွှာတွေက တူးဖော်ရတာ အရမ်း မခက်ခဲဘူးဆိုတာ သက်သေပြနိုင်ခဲ့တယ်လေ... ရှန်းဖုန်း ရေနံမြေမှာ အခုဆို ရေနံတွင်း ၂၀ တောင် ရှိနေပြီ..."
ဆွန်ဖုန်းက ဘဝဒဿနများကို ပြောပြနေသော်လည်း တကယ်တမ်းတွင်မူ အားလုံးမှာ အသံလက်ထောက်၏ ကျေးဇူးကြောင့်သာ ဖြစ်ကြောင်း သူကောင်းကောင်း သိသည်။
"မစ္စတာဆွန် ပြောတာ အရမ်း မှန်ပါတယ်... စီးပွားရေး လောကဆိုတာ စစ်မြေပြင် တစ်ခုလိုပဲ... ရင်းနှီးမြှုပ်နှံမှု လုပ်ရာမှာ သတိထားဖို့ လိုပေမဲ့ အမြဲတမ်း သတိထားနေရင်လည်း ကြီးမားတဲ့ အောင်မြင်မှုတွေ မရနိုင်ဘူးလေ... ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေ လိုအပ်ပါတယ်..."
အီဗ်က ထောက်ခံလိုက်သည်။
"မစ္စတာဆွန်... ဒါဆို ပင်လယ်ရေ ယူရေနီယမ် ထုတ်ယူရေး လုပ်ငန်းထဲကို ဝင်ရောက်ဖို့ကျတော့ ဘယ်လို စဉ်းစားမိခဲ့တာလဲဟင်..."
ဤမေးခွန်းက အီဗ် အမေးချင်ဆုံး မေးခွန်း ဖြစ်သည်။ ဤကဲ့သို့သော စွမ်းအင် စက်မှုလုပ်ငန်းကြီးများကို သာမန် ကုမ္ပဏီကြီးများပင် အလွယ်တကူ မလုပ်ကိုင်နိုင်ကြပေ။ ဆွန်ဖုန်းလို စီးပွားရေးလောကတွင် လူသစ် တစ်ယောက်က ဤလုပ်ငန်းကို လုပ်ရန် ဘာကြောင့် စဉ်းစားမိသနည်း။
ဤလုပ်ငန်းသည် နှစ်ပေါင်းများစွာ သုတေသန မလုပ်ထားဘဲ အစပြုရန်ပင် မဖြစ်နိုင်ပေ။ ဆယ်စုနှစ်များစွာ သုတေသန လုပ်ပြီး လည်ပတ်နေသည့် လုပ်ငန်းရှင်ကြီးများနှင့် စျေးကွက် လုရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
"ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းက အလားအလာ အရမ်း ကောင်းလို့ပါ... ကမ္ဘာ့ စွမ်းအင်တွေက တူးဖော်တာ များလာတဲ့အခါ တဖြည်းဖြည်း ကုန်ခမ်းလာတော့မယ်လေ... အနာဂတ်ရဲ့ အဓိက စွမ်းအင်က လျှပ်စစ်စွမ်းအင်ပဲ ဖြစ်လာမှာ... ယူရေနီယမ်က နျူကလီးယား ဓာတ်အားပေးစက်ရုံတွေရဲ့ လောင်စာ ဖြစ်တဲ့အတွက် နောင်ကျရင် ပိုပိုပြီး အရေးပါလာလိမ့်မယ်... နျူကလီးယား ဓာတ်အားပေးစက်ရုံတွေလည်း လိုအပ်ချက်တွေ အရ ပိုများလာမှာ သေချာတယ်... ဒီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတာက တကယ်ကို အလားအလာ ကောင်းပါတယ်..."
ဆွန်ဖုန်းက ထက်မြက်သော အမြင်ဖြင့် ရှင်းပြလိုက်သည်။
"ဒီလုပ်ငန်းထဲ ဝင်ဖို့ လူသစ် တစ်ယောက်အနေနဲ့ အရမ်း ခက်ခဲမယ် ဆိုတာ သိလျက်နဲ့ ရှင်က ဘယ်လို ယုံကြည်မှုမျိုးနဲ့ ဒီလုပ်ငန်းထဲကို ဝင်ရောက်ခဲ့တာလဲ..."
"ဖုန်းရွေ့ သုတေသနဌာနကို တည်ထောင်ခဲ့တာ တစ်နှစ်ပဲ ရှိသေးတယ်... ဒါပေမဲ့ ရှင့်ရဲ့ သုတေသန ပညာရှင်တွေက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ... တစ်နှစ်အတွင်းမှာတင် ကြီးမားတဲ့ တိုးတက်မှု နှစ်ခုကို ရရှိခဲ့ပြီး ကုန်ကျစရိတ် ၄၀ ရာခိုင်နှုန်းကို လျှော့ချနိုင်တဲ့ စုပ်ယူပစ္စည်းကို တီထွင်နိုင်ခဲ့တာလေ..."
"ယုံကြည်မှု မရှိဘဲနဲ့ ပင်လယ်ရေ ယူရေနီယမ် စျေးကွက်ထဲ ဘယ်ဝင်မလဲဗျာ... ဒီလောက် ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့တာကလည်း ပါရဂူ လူစီရဲ့ နေ့မနား ညမအား ကြိုးစားအားထုတ်မှုနဲ့ တခြား သုတေသန ပညာရှင်တွေ အားလုံးရဲ့ ကြိုးစားမှုတွေကြောင့်ပါ..."
ဆွန်ဖုန်းက အပေါ်ယံသာ ဖြေကြားလိုက်သည်။ ဤကိစ္စနှင့် ပတ်သက်၍ သူ အများကြီး ပြောပြမည် မဟုတ်ပေ။
အီဗ်ကလည်း အခြေအနေကို နားလည်သဖြင့် လျှို့ဝှက်ချက် တစ်ခုခု ရှိနေနိုင်သည်ဟု ယူဆကာ ဆက်ပြီး မမေးတော့ပေ။
အခြား အကြောင်းအရာများ အနည်းငယ် ဆက်ပြောပြီးနောက် အီဗ်က ရုတ်တရက် မေးလိုက်သည်။
"မစ္စတာဆွန်... အခုလို အသက် ၂၄ နှစ် အရွယ်နဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ ရနေတဲ့အပေါ် ဘယ်လို ခံစားရလဲ... အသက် ၂၄ နှစ်နဲ့ ဒီလောက် အောင်မြင်တဲ့သူ ဆိုတာ တကယ်ကို ရှားပါတယ်..."
"ဟားဟား... ကျွန်တော် ကြိုးစားခဲ့လို့ နေမှာပေါ့..."
ဆွန်ဖုန်းက အလွယ်တကူပင် ပြန်ဖြေလိုက်သည်။
"အခု အသက် ၂၄ နှစ်နဲ့ ဒီလောက် အောင်မြင်ပြီး ဘီလီယံနာ တစ်ယောက် ဖြစ်နေပြီဆိုတော့... အနာဂတ်မှာ ရှင် ဘယ်အဆင့်ထိ တက်လှမ်းနိုင်မယ်လို့ ထင်လဲ..."
အီဗ်က ဆက်မေးသည်။
"ကျွန်တော့်ရဲ့ အနာဂတ် ရည်မှန်းချက်ကတော့ ဖုန်းရွေ့ စက်မှုလုပ်ငန်းစုကြီးကို တည်ထောင်ပြီး နယ်ပယ်ပေါင်းစုံက ကုမ္ပဏီတွေ အများကြီးကို ပိုင်ဆိုင်ဖို့ပါပဲ... ဒါပေမဲ့ သယံဇာတ တူးဖော်ရေး လုပ်ငန်းကိုတော့ ကျွန်တော် ပိုပြီး စိတ်ဝင်စားသလို ပိုပြီးတော့လည်း ယုံကြည်မှု ရှိပါတယ်..."
ဆွန်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
"အော်... မစ္စတာဆွန်ရဲ့ ရည်မှန်းချက်က တကယ်ကို ကြီးမားတာပဲ..."
"ဒါနဲ့... မစ္စတာဆွန်က အခု အိမ်ထောင်ကျနေပြီလားဟင်..."
အီဗ်က အနည်းငယ် စပ်စုချင်သော လေသံဖြင့် မေးလိုက်သည်။
"ဘာလို့ အဲဒါ လာမေးတာလဲ... ခင်ဗျားက ကျွန်တော့်ကို လိုက်ချင်လို့လား..."
ဆွန်ဖုန်းက လူယုတ်မာ အပြုံးဖြင့် ပြန်မေးလိုက်သည်။
"မ... မဟုတ်ပါဘူး... ရှင့်လို လူငယ် အောင်မြင်တဲ့ သူဌေး တစ်ယောက်က ကျွန်မလို မိန်းကလေးမျိုးကို ဘယ် စိတ်ဝင်စားပါ့မလဲ... ကျွန်မက တခြား မိန်းကလေးတွေ ကိုယ်စား မေးကြည့်တာပါ... မစ္စတာဆွန်က မိန်းကလေး တော်တော်များများကို ဆွဲဆောင်နိုင်တဲ့သူလေ..."
အီဗ်က အနည်းငယ် ရှက်ရမ်းရမ်းကာ ပြန်ပြောလိုက်သည်။
ဆွန်ဖုန်းက ဆွဲဆောင်မှု ရှိသော အီဗ်ကို ကြည့်လိုက်သည်။ သူမ၏ ရုပ်ရည်က မဆိုးသော်လည်း လူစီလောက်တော့ မလှပေ။
သူကလည်း လိုချင်တပ်မက်စိတ်များ ပြည့်နှက်နေသူ တစ်ဦး မဟုတ်တော့ပေ။ အီဗ်၏ စကားအရ သူသာ ခေါင်းညိတ်လိုက်ပါက ဤအမျိုးသမီးက သူ့ကို အလွယ်တကူ ခွင့်ပြုပေးမည်မှာ သေချာသည်။
ယခုအခါ သူက တကယ့်ကို အဆင့်မြင့် သူဌေး တစ်ဦး ဖြစ်နေပြီ ဖြစ်ရာ မိန်းကလေး အများအပြားအတွက် အလွန် ဆွဲဆောင်မှု ရှိနေမည် မဟုတ်ပါလား။
"အင်း... ကျွန်တော် အိမ်ထောင်ကျတာ လအနည်းငယ် ရှိပါပြီ..."
ဆွန်ဖုန်းက လူယုတ်မာ အပြုံးကို ရုပ်သိမ်းကာ တည်ငြိမ်စွာ ဖြေလိုက်သည်။
"အော်... ဂုဏ်ယူပါတယ် မစ္စတာဆွန်... ရှင် အရမ်း ပျော်ရွှင်နေမှာပဲနော်... ရှင့် ဇနီးကလည်း အရမ်း ကံကောင်းတာပဲ..."
အီဗ်က အံ့ဩသွားသည့် လေသံဖြင့် ပြောလိုက်သော်လည်း သူမ၏ စိတ်ထဲတွင်တော့ အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။
ဆွန်ဖုန်းကဲ့သို့ အောင်မြင်ပြီး ရုပ်ရည်ချောမောသော အမျိုးသား တစ်ဦးက မိန်းကလေးများကို ဆွဲဆောင်နိုင်သည်မှာ သဘာဝပင်။
"အင်း... အရမ်း ပျော်ပါတယ်... ကလေးတောင် ရနေပြီ..."
ဆွန်ဖုန်းက နွေးထွေးစွာ ပြုံး၍ ပြောလိုက်သည်။
"ဝါး... အချစ်ရေးရော စီးပွားရေးမှာပါ အောင်မြင်ရုံသာမက သားသမီး ရတနာပါ ရနေပြီဆိုတော့... မစ္စတာဆွန်က တကယ်ကို ကံကောင်းလွန်းပါတယ်ရှင်…”