← Chapters

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀

Vol. 26 Ch. 260

အခန်း ၂၆၀ - အမျိုးသမီးများကို စွမ်းရည်မြှင့် ဆေးရည် ထိုးပေးခြင်း

"ဒီလောက်တောင် ကွာခြားသွားတာလား... တကယ်လို့ ငါသာ အဆင့်မြင့် စွမ်းအင်ကို ရခဲ့ရင် စကြဝဠာထဲက သယံဇာတတွေကိုပါ သွားရောက် တူးဖော်လို့ ရပြီပေါ့... အာကာသထဲ လည်ပတ်ပြီး ဂြိုဟ်သားတွေကိုတောင် အောင်နိုင်သေးတယ်..."

ဆွန်ဖုန်းက ပါးစပ်သပ်ကာ စိတ်ကူးယဉ် အိပ်မက် မက်နေတော့သည်။

"ပိုင်ရှင်... ခင်ဗျား အရမ်း တွေးလွန်နေပြီ... အဆင့်မြင့် စွမ်းအင်ဆိုတာ အဲဒီလောက် အလွယ်တကူ ရနိုင်ပါ့မလား... လက်ရှိ နေအဖွဲ့အစည်းမှာတောင် အဆင့်နိမ့် စွမ်းအင်လောက်ပဲ ရှိနိုင်တာ... နဂါးငွေ့တန်း ဂလက်ဆီ ထဲမှာ အဆင့်မြင့် စွမ်းအင် ရှိမရှိ ဆိုတာကိုတော့ ခင်ဗျားရော ကျွန်တော်ပါ မသိနိုင်ဘူး... ဒါကြောင့် ခင်ဗျားရဲ့ စိတ်ကူးယဉ် အိပ်မက်တွေကို ရင်ထဲမှာပဲ သိမ်းထားလိုက်ပါ..."

"နောက်ပြီး အခု ကမ္ဘာပေါ်မှာ အဆင့်နိမ့် စွမ်းအင်တောင် မရှိဘူးလေ... ကျွန်တော်တို့ရဲ့ အာကာသယာဉ်ကို စတင် မောင်းနှင်ဖို့ ဆိုရင်တောင် အနည်းဆုံး အဆင့်လတ် စွမ်းအင် လိုအပ်တယ်..."

အသံလက်ထောက်က ဆွန်ဖုန်း၏ စိတ်ကူးယဉ်မှုများကို အကြင်နာမဲ့စွာ ရိုက်ချိုးလိုက်သည်။

"တောက်... တကယ်ကို စိတ်ပျက်စရာပဲ..."

ဆွန်ဖုန်းက သက်ပြင်းချလိုက်သည်။ အသံလက်ထောက် ပြောသည်မှာ အမှန်တရားပင်။ သူ ဒီကမ္ဘာပေါ်မှာပဲ အေးအေးဆေးဆေး ကိုယ့်စီးပွားရေး အင်ပါယာကို တည်ဆောက်နေတာကမှ ပိုကောင်းဦးမည်။

"ပိုင်ရှင်... အားတဲ့အခါ လေလံပွဲတွေမှာ အာကာသ ဥက္ကာခဲတွေ ဘာတွေ လေလံတင်တာမျိုး ရှိမရှိ သတိထားကြည့်ပါလား... တချို့ ဥက္ကာခဲတွေက စွမ်းအင်တုံးတွေ ဖြစ်နေနိုင်တယ်... အဆင့်လတ် စွမ်းအင်ကိုတော့ မျှော်လင့်မထားနဲ့... အဆင့်နိမ့် စွမ်းအင်တော့ ရှိနိုင်တယ်..."

အသံလက်ထောက်က အကြံပေးလိုက်သည်။

"အင်း... အဲဒါတော့ ငါ သိပါတယ်... ခဏနေ လူးဝစ် ဆီ ဖုန်းဆက်ပြီး ဒီသတင်းတွေ စုံစမ်းခိုင်းရမယ်... သူက လေလံပွဲ အသိုင်းအဝိုင်းက လူဆိုတော့ ဒီလို သတင်းမျိုးတွေ ရှာရတာ သိပ်မခက်လောက်ပါဘူး..."

ဆွန်ဖုန်းက ပြောလိုက်သည်။ အဆင့်နိမ့် စွမ်းအင် ဆိုလျှင်လည်း ရသလောက် ယူရမည် မဟုတ်ပါလား။

"အသံလက်ထောက်... နောက်ရက်တွေကျရင် ငါ့မိန်းမတွေကို အခြေခံ စွမ်းရည်မြှင့် ဆေးရည် ထိုးပေးမလို့... ရနိုင်မလား..."

ဆွန်ဖုန်း အနေဖြင့် ဟယ်မင်ယီ၊ လျန်ယင် နှင့် ယန်ရွှယ် တို့ သုံးယောက်ကို ဆေးရည် ထိုးပေးချင်သည့် အကြောင်းရင်း တစ်ခုတည်းသာ ရှိသည်။

အခြေခံ စွမ်းရည်မြှင့် ဆေးရည်က အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်စွမ်း ရှိသည်။ ထိုဆေးရည်ကို ထိုးနှံထားသော ဆွန်ဖုန်း ကိုယ်တိုင်လည်း သူ၏ သက်စောင့်စွမ်းအားများ အလွန် အားကောင်းနေသည်ကို ခံစားရသည်။

အိုမင်းနေသော ဆဲလ်များ နေရာတွင် ဆဲလ်အသစ်များက အမြန်ဆုံး အစားထိုး ဝင်ရောက်လာသည်။ အချိန်တွေ ကုန်ဆုံးသွားသည်နှင့်အမျှ သူ့အမျိုးသမီးများကို အိုမင်းရင့်ရော်သွားသည့် အဘွားကြီးများ အဖြစ် မမြင်တွေ့ချင်ပေ။

"ရတာပေါ့... အခြေခံ စွမ်းရည်မြှင့် ဆေးရည်က ကျွန်တော်တို့ X ဂလက်ဆီ မှာတော့ လမ်းဘေးမှာတောင် ပေါနေတဲ့ အဆင့်နိမ့် ဆေးရည် တစ်ခု ဖြစ်ပေမဲ့ လူသားတွေအတွက်ကတော့ တကယ့်ကို အဖိုးတန် ဆေးစွမ်းကောင်း တစ်လက်ပါ..."

"ကျွန်တော့်ရဲ့ ခွဲခြမ်းစိတ်ဖြာချက် အရဆိုရင် လူသားတွေသာ ဒီဆေးရည်ကို ထိုးနှံလိုက်မယ်ဆိုရင် အနည်းဆုံး အသက် ၂၀၀ လောက်အထိ နေရလိမ့်မယ်... ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီးသား ဖြစ်သွားတဲ့အတွက် အိုမင်းရင့်ရော်မှုကို အတိုင်းအတာ တစ်ခုအထိ ခုခံနိုင်စွမ်း ရှိသွားမယ်... နုပျိုလှပမှုကို အမြဲ ထိန်းသိမ်းထားနိုင်မှာပါ..."

အသံလက်ထောက်က ရှင်းပြသည်။

"ဒါပေမဲ့ သူတို့ကို ထိုးပေးလိုက်လို့ သူတို့ကိုယ်သူတို့ ထူးကဲတဲ့ စွမ်းအားတွေ ရလာတာကို သိသွားရင် ငါ့ကို သံသယ ဝင်လာမှာ စိုးရတယ်... ငါ့ရဲ့ လျှို့ဝှက်ချက်တွေကို သူတို့ကို မသိစေချင်သေးဘူး..."

ဆွန်ဖုန်းက စိုးရိမ်စွာ ပြောလိုက်သည်။ သူတို့ အားလုံးက သူ့အမျိုးသမီးတွေ ဖြစ်သော်လည်း ဤကဲ့သို့ ကမ္ဘာပေါ်တွင် မရှိနိုင်သည့် အရာမျိုးကို ထုတ်ပေးလိုက်လျှင် သေချာပေါက် သံသယ ဝင်လာကြမည်မှာ အမှန်ပင်။

"ပိုင်ရှင်... စိုးရိမ်စရာ မလိုပါဘူး... ကျွန်တော်က အဲဒီ အခြေခံ စွမ်းရည်မြှင့် ဆေးရည်ကို အာနိသင် လျှော့ချလိုက်လို့ ရတယ်... ခွန်အားတွေ၊ အမြန်နှုန်းတွေ၊ တုံ့ပြန်မှု စွမ်းရည် တိုးတက်တာတွေကို လျှော့ချလိုက်ပြီး ဆဲလ်တွေရဲ့ သက်ဝင်လှုပ်ရှားမှုနဲ့ အိုမင်းရင့်ရော်မှု တားဆီးပေးတဲ့ အာနိသင်လောက်ပဲ ချန်ထားပေးလိုက်မယ်... ဒါဆိုရင် ပိုင်ရှင် စိုးရိမ်တဲ့ ပြဿနာ ရှိတော့မှာ မဟုတ်ဘူး..."

အသံလက်ထောက်က အဖြေပေးလိုက်သည်။

"အော်... အဲဒီလို လုပ်လို့ ရရင်တော့ အကောင်းဆုံးပဲ..."

ဆွန်ဖုန်းက စိတ်အေးသွားသည်။

"ဒါဆို အဆင့်လတ် စွမ်းရည်မြှင့် ဆေးရည်နဲ့ အဆင့်မြင့် စွမ်းရည်မြှင့် ဆေးရည်ဆိုရင်ကော ဘယ်လောက်တောင် အစွမ်းထက်မလဲ..."

ဆွန်ဖုန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။ အခြေခံ ဆေးရည်ကပင် လူသားတွေရဲ့ အထွတ်အထိပ် စွမ်းရည်ကို ကျော်လွန်စေပြီး အသက် ၂၀၀ လောက် နေရနိုင်တယ် ဆိုတော့ အဆင့်လတ်နဲ့ အဆင့်မြင့်ဆိုလျှင် ဘယ်လောက်တောင် စွမ်းလိုက်မလဲ။

"အဆင့်အလယ်လတ် စွမ်းရည်မြှင့် ဆေးရည်ဆိုရင် အသက် ၅၀၀ အထိ နေနိုင်တယ်... အဆင့်မြင့် စွမ်းရည်မြှင့် ဆေးရည် ဆိုရင်တော့ အသက် ၁၀၀၀ အထိ နေနိုင်တယ်... ကျန်တဲ့ စွမ်းရည်တွေ အားလုံးကလည်း အဲဒီအချိုးအစားအတိုင်း တိုးတက်လာမှာပါ..."

"ဘာ... အသက် ၁၀၀၀... တောင်..."

ဆွန်ဖုန်း အလွန် အံ့ဩသွားသည်။ အကယ်၍ သူသာ အသက် ၁၀၀၀ လောက် နေရမည် ဆိုလျှင် နှစ်ပေါင်း ၁၀၀၀ လောက် အချစ်ကြမ်းလို့ ရပြီပေါ့... အာ... မဟုတ်ဘူး... နှစ် ၉၀၀ ကျော်လောက်ပေါ့... အဲဒါက တကယ်ကို သာယာတဲ့ ဘဝကြီးပဲ။ သူ တစ်ယောက်တည်းနဲ့တင် လူမျိုးနွယ်စု တစ်စုကို ဖန်တီးလို့ ရနိုင်သည်ဟု သူ တွေးလိုက်မိသည်။

"ဒါဆို အခု အလယ်လတ် ဆေးရည်နဲ့ အဆင့်မြင့် ဆေးရည်ကို ထုတ်လို့ ရပြီလား..."

ဆွန်ဖုန်းက သွားရေကျမတတ် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ မည်သူမဆို အသက်ရှည်ချင်ကြသည်ချည်းသာ။ မသေမျိုး မဖြစ်နိုင်လျှင်တောင် အသက် ၁၀၀၀ လောက် နေရမည်ကို ဆွန်ဖုန်း အလွန် မျှော်လင့်နေမိသည်။

"တောင်းပန်ပါတယ် ပိုင်ရှင်... လောလောဆယ် ကျွန်တော်က အခြေခံ စွမ်းရည်မြှင့် ဆေးရည်ကိုပဲ ထုတ်လုပ်နိုင်ပါသေးတယ်... အဆင့်လတ်နဲ့ အဆင့်မြင့် ဆေးရည်ကိုတော့ မထုတ်နိုင်သေးပါဘူး..."

"ပထမ အကြောင်းရင်းက ထုတ်လုပ်ဖို့ လိုအပ်တဲ့ အလယ်လတ် စွမ်းအင်နဲ့ အဆင့်မြင့် စွမ်းအင် မရှိလို့ပါ... ဒုတိယ အကြောင်းရင်းကတော့ အဲဒီ ဆေးရည်တွေကို ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ကမ္ဘာပေါ်မှာ မရှိလို့ပါပဲ..."

"အိုး... ရှီးတီး... ဒါဆို အသက် ၁၀၀၀ နေဖို့ ဆိုတာ... အာ မဟုတ်ဘူး... ၅၀၀ လောက်တောင် နေဖို့ မဖြစ်နိုင်တော့ဘူးပေါ့..."

ဆွန်ဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

...

သုံးရက် အကြာတွင် အသံလက်ထောက်က ဆွန်ဖုန်းအတွက် အာနိသင် လျှော့ချထားသော အခြေခံ စွမ်းရည်မြှင့် ဆေးရည် သုံးလုံးကို ပြင်ဆင်ပေးခဲ့သည်။

ဆေးရည်များ ရပြီးနောက် ဆွန်ဖုန်းသည် ဗန်ကူးဗားသို့ ချက်ချင်း ပြန်လာခဲ့ပြီး သူ၏ အမျိုးသမီး သုံးယောက်ကို ဆေးထိုးပေးရန် ပြင်ဆင်လိုက်သည်။ နောက်တစ်ခါ အိမ်ပြန်ရောက်လျှင် သူ၏ မိဘများကိုလည်း ဆေးရည် ထိုးပေးရန် စဉ်းစားထားသည်။ သူတို့လည်း အသက်ရှည်ရှည် နေစေချင်သည် မဟုတ်ပါလား။

"အို... ဖုန်း... ဘယ်လိုဖြစ်လို့ ပြန်ရောက်လာတာလဲ..."

ဆွန်ဖုန်းကို မြင်သောအခါ အမျိုးသမီး သုံးယောက်စလုံး အံ့ဩဝမ်းသာ ဖြစ်သွားကြသည်။ ဆွန်ဖုန်းက အလုပ်များနေသဖြင့် ယနေ့ အိမ်ပြန်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

"ဟားဟား... မင်းတို့ ကိုယ့်ကို လွမ်းနေကြပြီလား..."

ဆွန်ဖုန်းက လျှောက်သွားကာ သူတို့ကို နွေးထွေးစွာ ဖက်လိုက်သည်။ ယခုအခါ ယန်ရွှယ်နှင့် လျန်ယင်တို့တွင် ကိုယ်ဝန် လအနည်းငယ် ရှိနေပြီဖြစ်ရာ ဗိုက်ကလေးများ အနည်းငယ် စူထွက်လာကြပြီး သူတို့၏ မျက်နှာများမှာလည်း ပိုမို ရင့်ကျက်ကာ ဆွဲဆောင်မှု ရှိလာကြသည်။

"လာ... ပါပါး ဖက်မယ်..."

ဆွန်ဖုန်းက ဟယ်မင်ယီ ချီထားသော သားငယ်လေး ဆွန်ရွှိုက် ကို မြင်သောအခါ လှမ်းချီရန် လက်ကမ်းပေးလိုက်သည်။ သို့သော် ဤကောင်လေးက လုံးဝ အဖက်မလုပ်ပေ။ ဆွန်ဖုန်း၏ လက်ကို မြင်သည်နှင့် အသံကျယ်ကြီးဖြင့် အော်ငိုတော့သည်။

"ရှင်ကလည်း တစ်လနေလို့ တစ်ခေါက်တောင် အိမ်မပြန်ဘူးလေ... ကြည့်... သားလေးက ရှင့်ကို သူစိမ်းလို ဖြစ်နေပြီ..."

ဟယ်မင်ယီက ဆွန်ဖုန်းကို မျက်စောင်းထိုးကာ သားဖြစ်သူကို ချော့မြှူနေလိုက်သည်။

"ဟုတ်တယ် ဖုန်း ရဲ့... ရှင် နောက်ဆိုရင် အိမ်ကို မကြာခဏ ပြန်လာဦး... မဟုတ်ရင် ဆွန်ရွှိုက်လေးက ရှင့်ကို အဖေလို့တောင် သိတော့မှာ မဟုတ်ဘူး..."

ယန်ရွှယ်ကလည်း ဝင်ရောက် နောက်ပြောင်လိုက်သည်။

"အဲဒါတော့ အမှန်ပဲ... နောက်ဆို ကျွန်မတို့ ကလေးတွေ မွေးလာရင် ရှင်က အိမ်မှာ အမြဲတမ်း မရှိဘူးဆိုရင် သူတို့လည်း ရှင့်ကို မှတ်မိကြမှာ မဟုတ်ဘူး..."

လျန်ယင်ကလည်း ဝင်ထောက်ခံလိုက်သည်။

"ကောင်းပါပြီဗျာ... ကောင်းပါပြီ... နောက်ဆိုရင် အားတာနဲ့ အိမ်ကို ချက်ချင်း ပြန်လာခဲ့ပါ့မယ်... ရပြီလား..."

ဆွန်ဖုန်းက ခါးသက်သက် ပြုံးကာ ပြန်ဖြေလိုက်သည်။ သူကလည်း အပြင်ထွက် အလုပ်မလုပ်ဘဲ အိမ်မှာ ဇနီးနှင့် ကလေးများကို နေ့တိုင်း အဖော်ပြုပေးချင်တာပေါ့။ သို့သော် နို့မှုန့်ဖိုး ရှာရမည်လေ။ သူ ရရှိထားသည့် ကြီးကျယ်ခမ်းနားလှသော စွမ်းအားကြီးကိုလည်း အလကား မဖြစ်စေချင်ပေ။

"ကောင်းပြီ... ဒါဆို ရှင် မှတ်ထားနော်... အားနေရင် တခြား မိန်းကလေးတွေ သွားမပတ်သက်နဲ့..."

ဟယ်မင်ယီက ပြောလိုက်သည်။

"ရပြီ... ရပြီ... ဒီည မင်းတို့ ဘာစားချင်ကြလဲ... ငါ ချက်ကျွေးမယ်..."

ဆွန်ဖုန်းက အမြန် စကားဖြတ်လိုက်သည်။ ဒီအမျိုးသမီးတွေက အမေ ဖြစ်လာတော့ တတွတ်တွတ်နဲ့ ပိုဆူတတ်လာသည်။

"တို့ဟူး သွတ်... ငါးကြင်းပေါင်း... ဟင်းရည် ပူပူလေး..."

စားကြူးသည့် မိန်းမလှလေး သုံးယောက်က ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ဟင်းအမည်များကို ပြောကြတော့သည်။

ညစာ စားပွဲလေးမှာ အလွန် နွေးထွေးလှသည်။ ဆွန်ဖုန်း အနေဖြင့်လည်း အတော်လေး ခံစားရစေသည်။ ပိုက်ဆံ မရှိချိန်က တစ်နေကုန် အားလပ်နေတတ်သော်လည်း ပိုက်ဆံ ရှိလာချိန်တွင်တော့ နေ့စဉ် အလုပ်များလွန်းနေသည်။ မိသားစုနှင့် အတူတူ ထမင်းတစ်နပ် စားဖို့ဆိုတာတောင် အတော်လေး ခက်ခဲနေပြီ ဖြစ်သည်။

ညစာစားပြီးနောက် ဇနီး သုံးယောက်နှင့် သားလေးကို ခေါ်ကာ အပြင်သို့ လမ်းထွက်လျှောက်ကြသည်။

အိမ်ပြန်ရောက်ပြီးနောက် ဆွန်ဖုန်းသည် ဆေးရည် ထိုးပေးမည့် အကြောင်းကို သူတို့ ရှေ့တွင် ဖွင့်မပြောပေ။ သူတို့ အိပ်ပျော်သွားမည့် အချိန်ကို စောင့်ကာ တိတ်တဆိတ် ဆေးရည် ထိုးပေးလိုက်သည်။ ဤသို့ဆိုလျှင် သူတို့လည်း လုံးဝ သံသယ ဝင်မည် မဟုတ်တော့ပေ။

ဤအခြေခံ စွမ်းရည်မြှင့် ဆေးရည်ကို ထိုးပေးပြီးနောက်၊ အာနိသင် လျှော့ချထားသည့်အတွက် သူတို့၏ ကျန်းမာရေး အခြေအနေ တိုးတက်လာခြင်းမှလွဲ၍ အခြား အလွန်အမင်း ထူးခြားသည့် အရာများ ပေါ်ထွက်လာမည် မဟုတ်ပေ။

တစ်ခုတည်းသော မပြောင်းလဲသည့် အချက်မှာ သူတို့ သုံးယောက်စလုံး အိုမင်းရင့်ရော်မှု တားဆီးနိုင်စွမ်း ရှိသွားပြီး အနည်းဆုံး အသက် ၂၀၀ အထိ အိုမင်းရုပ်ရော်ခြင်း မရှိဘဲ နုပျိုလှပနေမည် ဖြစ်လေသည်။

All Chapters