← Chapters

အခန်း ၂၆၁

Vol. 27 Ch. 261

အခန်း ၂၆၁

Vol. 27 Ch. 261

အခန်း ၂၆၁ - ရာသီလာနေလို့

အမျိုးသမီး သုံးယောက်ကို အခြေခံ စွမ်းရည်မြှင့် ဆေးရည် ထိုးပေးရသည်မှာ အလွန် အဆင်ပြေချောမွေ့ခဲ့သည်။ သူတို့ တစ်ယောက်မှ နိုးမလာခဲ့ပေ။ မနက်ဖြန် မနက်လင်းလာလျှင် သူတို့ကိုယ်သူတို့ ထူးခြားသွားသည်ကို သေချာပေါက် သတိထားမိကြမည်ဟု ဆွန်ဖုန်း ယုံကြည်သည်။

ဤဆေးရည်များမှာ အာနိသင် လျှော့ချထားသည့် ဆေးရည်များ ဖြစ်သဖြင့် ဆွန်ဖုန်း ထိုးနှံခဲ့စဉ်ကလို ကိုယ်ခန္ဓာ ဖွဲ့စည်းပုံ ပြောင်းလဲသည့် နာကျင်မှုမျိုးကို သူတို့ ခံစားရမည် မဟုတ်ပေ။ သူတို့မှာ အလွန် အေးချမ်းစွာ အိပ်မောကျနေကြပြီး အာနိသင် လျှော့ချထားသော ဆေးရည်များက သူတို့၏ ကိုယ်ခန္ဓာကို ဖြည်းညင်းစွာ ပိုမို ပြီးပြည့်စုံသော ဖွဲ့စည်းပုံ ဖြစ်လာအောင် ပြောင်းလဲပေးနေသည်။

လျန်ယင်နှင့် ယန်ရွှယ်တို့မှာ ကိုယ်ဝန် ဆောင်ထားရသော်လည်း ဤဆေးရည်က သန္ဓေသား ဖွံ့ဖြိုးမှုကို မထိခိုက်စေပေ။ နက်ရှိုင်းသော ပင်လယ်ကြမ်းပြင် ဉာဏ်ရည်တု စက်ရုံကြီးက ထုတ်လုပ်သည့် ပစ္စည်းတိုင်းက တကယ်ကို ယုံကြည်စိတ်ချရပေသည်။

မနက်ခင်းတွင် ဆွန်ဖုန်းမှာ နေထွက်သည်အထိ အိပ်ရာက မထဖြစ်ခဲ့ပေ။ အိပ်ရာမှ ထလာသောအခါ ဟယ်မင်ယီ တစ်ယောက် ကိုယ်လုံးပေါ် မှန်ကြီး ရှေ့တွင် ရပ်ကာ သူမကိုယ်သူမ အလွန် ဝမ်းသာကြည်နူးစွာဖြင့် စစ်ဆေးကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ စိတ်ခံစားချက်မှာ အလွန် ကောင်းမွန်နေပုံရပြီး ပန်းနုရောင် သန်းနေသော ပါးပြင်လေးများတွင်လည်း အပြုံးလေးများ ဝေဆာနေသည်။

"ဟေ့... လျန်ယင်နဲ့ ယန်ရွှယ်တို့ကော ဘယ်သွားကြလဲ..."

ဆွန်ဖုန်းက သွားတိုက် မျက်နှာသစ်ပြီးနောက် ဟယ်မင်ယီ အနီးသို့ လျှောက်သွားကာ မေးလိုက်သည်။

"သူတို့လား... လမ်းလျှောက် ထွက်သွားကြတယ်... ဒီနေ့ လူက ပိုလန်းဆန်းနေပြီး ပိုလှလာတယ်လို့ ခံစားရလို့တဲ့..."

ဟယ်မင်ယီက မှန်ကြီးရှေ့တွင် ရပ်နေရင်း လှည့်ပင် မကြည့်ဘဲ မှန်ထဲမှ သူမ၏ လှပသော မျက်နှာလေးကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

"အော်... လမ်းလျှောက်တာ ကောင်းပါတယ်..."

"မင်းကကော မနက်စောစောစီးစီး ထပြီး မှန်ကြည့်နေတာ ဘာဖြစ်လို့လဲ... အပြင်သွားပြီး ဒိတ်လုပ်စရာ ရှိလို့လား..."

ဆွန်ဖုန်းက မီးဖိုချောင်ထဲမှ မနက်စာ ယူလာကာ စားရင်း မေးလိုက်သည်။

"ဟေ့... ငါ့ကို သေချာ ကြည့်စမ်း... ဒီနေ့ ဘာထူးခြားသွားလဲ..."

ဟယ်မင်ယီက လှည့်လာပြီး ဆွန်ဖုန်း ရှေ့သို့ တိုးလာကာ သူမ၏ ကြည်လင်သော မျက်လုံးဝိုင်းကြီးများဖြင့် ပေကလပ် ပေကလပ် လုပ်ပြရင်း နောက်ပြောင်သည့် လေသံဖြင့် မေးလိုက်သည်။

"ဘာမှ မထူးခြားပါဘူး..."

ဆွန်ဖုန်းက အီကြာကွေးကို ကိုက်စားရင်း ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။

"လူသေကြီး... သေချာ ကြည့်စမ်းပါ... ငါ့မျက်နှာကို သေချာ ကြည့်..."

ဟယ်မင်ယီက ထပ်တိုးလာရာ သူမ၏ ရှူထုတ်လိုက်သော လေနွေးနွေးလေးများပင် ဆွန်ဖုန်း၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။

"အရင်လိုပဲ လှနေတာပဲလေ... ဘာလဲ... အဘွားကြီး ရုပ် ပေါက်သွားမှာ စိုးလို့လား..."

ဆွန်ဖုန်းက ရယ်မောလိုက်သည်။

"ဟွန်း... အဘွားကြီးရုပ် ပေါက်သွားရင်လည်း နင့်ကို ကလေးမွေးပေးလို့ ဖြစ်သွားတာပဲ... မိန်းမတွေက ကလေးမွေးပြီးရင် မြန်မြန် အိုသွားတတ်တယ် ဆိုတာ နင် မသိဘူးလား..."

ဟယ်မင်ယီက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

သူမ၏ ယောကျာ်းက သူမ၏ ပြောင်းလဲမှုကို မမြင်ရကောင်းလား ဆိုပြီး အလွန် ဒေါသထွက်သွားသည်။ သူမ ကိုယ်ဝန်ဆောင်ထားစဉ်က မျက်နှာ အသားအရေမှာ အပျိုဘဝကလောက် မလှပတော့သည်မှာ အမှန်ပင်။ ကလေးမွေးပြီးနောက် အလှအပ ထိန်းသိမ်းရေးတွေ အများကြီး လုပ်ခဲ့ရပြီး လအတော်ကြာမှ အရင်လို ပြန်လှလာခဲ့ခြင်း ဖြစ်သည်။

သို့သော် ယနေ့မနက် အိပ်ရာထကြည့်လိုက်သောအခါ သူမ ကိုယ်သူမ အရင်ကထက် ပိုလှလာသည်ကို တွေ့လိုက်ရသည်။ အထူးသဖြင့် သူမ၏ အသားအရေမှာ အရင်ကထက် ပိုမို ဖြူဝင်းနူးညံ့လာပြီး ခန္ဓာကိုယ် အချိုးအစားမှာလည်း ပိုမို ဆွဲဆောင်မှု ရှိလာသည်။ ဤအရာက သူမကို အလွန် ပျော်ရွှင်စေခဲ့သည်။

"ဟုတ်ပါပြီ... ဟုတ်ပါပြီ... ငါ့မိန်းမလေး ပင်ပန်းသွားပြီ... ဒါပေမဲ့ မင်းက အခုထိ အဘွားကြီးရုပ် မပေါက်သေးပါဘူးကွာ..."

ဆွန်ဖုန်းက ဟယ်မင်ယီ၏ နူးညံ့သော ပါးပြင်လေးကို ညှစ်ကာ ပြောလိုက်သည်။

"ဆွန်ဖုန်း... ငါ့ကို သေချာ ကြည့်စမ်းပါ... တကယ် ဘာပြောင်းလဲသွားလဲ ဆိုတာကို..."

ဟယ်မင်ယီက ဆွန်ဖုန်းမှာ နောက်ပြောင်နေသည်ကို မြင်သောအခါ သူ၏ လက်ကို ဆွဲကိုင်ကာ ချွဲနွဲ့သော အသံဖြင့် မေးလိုက်သည်။

"ငါ ကြည့်ကြည့်မယ်... အင်း... မနေ့က မင်းရဲ့ ညာဘက် ပါးမှာ ဝက်ခြံလေး တစ်လုံး ထွက်နေတယ် မဟုတ်လား... အခု မရှိတော့ဘူး... ပြီးတော့ ခန္ဓာကိုယ် အချိုးအစားကလည်း ပိုမိုက်လာတယ်..."

ဆွန်ဖုန်းက ဟန်ဆောင် အံ့ဩပြလိုက်သည်။ ဤအရာအားလုံးမှာ အခြေခံ စွမ်းရည်မြှင့် ဆေးရည်၏ အာနိသင်ကြောင့် မူလကတည်းက လှပသော အမျိုးသမီးများကို ပိုမို လှပသွားစေခြင်း ဖြစ်ကြောင်း သူ ကောင်းကောင်း သိသည်။

"ဟဲဟဲ... အဲဒါမှပေါ့..."

ပြောပြီးသည်နှင့် ဟယ်မင်ယီက ဆွန်ဖုန်းကို ထပ်မံ ဂရုမစိုက်တော့ဘဲ မှန်သာ ဆက်ကြည့်နေတော့သည်။ ကလေးကိုပင် ဆွန်ဖုန်းကို ထိန်းခိုင်းထားလိုက်သည်။

ဆွန်ဖုန်းလည်း သတိထားမိသည်။ ဟယ်မင်ယီ၏ အသားအရေနှင့် ခန္ဓာကိုယ် အချိုးအစားမှာ အရင်ကထက် ပိုမို ကောင်းမွန်လာသည်။ အရင်က နတ်သမီးလေး တစ်ပါးလို လှပသည်ဆိုလျှင် ယခုတော့ နတ်မိမယ် တစ်ပါး အဆင့်သို့ ရောက်သွားပြီ ဖြစ်သည်။ အသားအရေမှာ အလွန် ကောင်းမွန်လွန်းသဖြင့် လူသားတွေ ပိုင်ဆိုင်နိုင်သည့် အသားအရေမျိုးနဲ့ မတူဘဲ အလွန် ပြီးပြည့်စုံလွန်းနေသည်။

ဟယ်မင်ယီမှာ ကလေးမွေးပြီးကတည်းက အချိုးအစား ပိုကျလာရာ ယခု စွမ်းရည်မြှင့် ဆေးရည် ထိုးလိုက်သောအခါ ပို၍ပင် ဆွဲဆောင်မှု ရှိလာတော့သည်။ ကောက်ကြောင်းများမှာ ပိုမို ပေါ်လွင်လာပြီး သွယ်လျသင့်သည့် နေရာတွင် သွယ်လျနေသည်။ ဤခန္ဓာကိုယ် အချိုးအစားဖြင့် ကမ္ဘာ့အလှမယ် ပြိုင်ပွဲ ဝင်ပြိုင်မည် ဆိုလျှင်ပင် ပထမဆု သေချာပေါက် ရမည် ဖြစ်သည်။ ယခုအခါ ဆွန်ဖုန်း အနေဖြင့် နောက် အနှစ် နှစ်ဆယ်၊ သုံးဆယ် ကြာလျှင် မိမိ အမျိုးသမီးများ အဘွားကြီးရုပ် ပေါက်သွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

မကြာမီ လျန်ယင်နှင့် ယန်ရွှယ်တို့လည်း ပြန်ရောက်လာကြသည်။ သူတို့လည်း ယနေ့ အရင်ကထက် ပိုမို တောက်ပ လှပနေကြပြီး သုံးယောက်စလုံးမှာ သိမ်မွေ့သော အပြောင်းအလဲလေးများ ဖြစ်ပေါ်နေကြသည်။

"ဆွန်ဖုန်း... မနက်ဖြန် ဟွမ်ကျားချန် လာလည်မယ်တဲ့... ငါတို့ရဲ့ ကိုယ်ပိုင်ကျွန်းကို သွားလည်ချင်လို့တဲ့... မနက်ဖြန် နင် လေဆိပ်သွားကြိုပေးလိုက်ပါလား..."

နောက်ဆုံးတွင် ဟယ်မင်ယီက မှန်ကြည့်လို့ ဝသွားပြီး ပြောလိုက်သည်။ ယခုအခါ သူမသည် ကမ္ဘာ့အဆင့်မီ ဆွဲဆောင်မှုရှိတဲ့ မိခင်လေး တစ်ယောက် ဖြစ်နေပြီဟု သူမကိုယ်သူမ ခံစားနေရသည်။ အရမ်းကို ပြီးပြည့်စုံလွန်းနေသည်။

"အော်... ရပါတယ်..."

ဆွန်ဖုန်းက သဘောတူလိုက်သည်။ ဟွမ်ကျားချန် ဆိုသည့် ကောင်မလေးက ဒီကို လာလည်ဦးမည်တဲ့လား။ မတွေ့ရတာလည်း လအနည်းငယ် ကြာပြီ ဖြစ်သည်။

"အခုတလော နင် သိပ်မအားဘူးလား... မအားရင် ငါတို့ မိသားစု အားလုံး အဲဒီကို သွားလည်ကြမယ်လေ..."

လျန်ယင်က မေးလိုက်သည်။

"သိပ်မအားဘူးရယ်လို့ မရှိပါဘူး... ရပါတယ်... အားလုံး သွားလည်ကြတာပေါ့..."

ဆွန်ဖုန်းက ပြောလိုက်သည်။

...

နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် ဆွန်ဖုန်းသည် လေဆိပ်၌ ဟွမ်ကျားချန်ကို သွားကြိုခဲ့သည်။ ဤကောင်မလေးက လအတော်ကြာ မတွေ့ရသော်လည်း အရင်လိုပင် လှပ တောက်ပနေဆဲပင်။

"ဟေ့ အလှလေး... ဘယ်လိုဖြစ်လို့ ဒီဘက်ကို ထပ်ရောက်လာပြန်တာလဲ..."

ကားပေါ်တွင် ဆွန်ဖုန်းက စိတ်မကြည်မသာ ဖြစ်နေပုံရသော ဟွမ်ကျားချန်ကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ရာသီလာနေလို့..."

ဟွမ်ကျားချန်က ဒေါသတကြီး ပြန်ဖြေလိုက်သည်။

"ဟာ... ဟုတ်ပါပြီဗျာ..."

ဆွန်ဖုန်း စကားပြန်မပြောနိုင်အောင် ဖြစ်သွားသည်။ ဟွမ်ကျားချန်က သူ့ကို အမှန်အတိုင်း မပြောချင်မှန်း သူ သိလိုက်သည်။

"နင်ကတော့ အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ရနေတာပဲ... အချစ်ရေးရော စီးပွားရေးမှာပါ အကုန် အဆင်ပြေနေတာ... မိန်းမတွေကလည်း နင့်ဆီကို အုံခဲနေတာပဲ..."

ဟွမ်ကျားချန်က အနည်းငယ် မထီမဲ့မြင် ပြုသော လေသံဖြင့် ပြောလိုက်သည်။ လျန်ယင်နှင့် ယန်ရွှယ်တို့မှာ ကိုယ်ဝန် ရှိနေပြီ ဖြစ်ကြောင်း ဟယ်မင်ယီ ထံမှ သူမ ကြားသိထားပြီး ဖြစ်သည်။ မိန်းမ သုံးယောက်က ငြိမ်းငြိမ်းချမ်းချမ်း အတူနေနိုင်ကြသည်ကို သူမ ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်နေမိသည်။

ဤကဲ့သို့ မိန်းမ လိုက်စားသော ယောကျာ်း တစ်ယောက်ကို မိန်းမ သုံးယောက်က သစ္စာရှိရှိ ချစ်နေကြသည်မှာ သူမ၏ သူငယ်ချင်းများ ဦးနှောက် ပျက်နေပြီလားဟုပင် တွေးနေမိသည်။

"သာမန်ပါပဲဗျာ..."

ဆွန်ဖုန်းက ဟီးဟီးဟားဟား ရယ်လျက် ပြန်ဖြေလိုက်သည်။

"ဟို ချူဝမ်ကျဲ ကကော မင်းကို လိုက်နှောင့်ယှက်နေသေးလား..."

"မနှောင့်ယှက်တော့ဘူး... ဒါပေမဲ့ ငါ့နာမည်ကတော့ နင့်ကြောင့် ပျက်သွားပြီ... ဟွန်း... အခု ငါ တော်တော် စိတ်ညစ်နေတယ်... အဲဒီတုန်းက နင့်ကို ငါ့ကောင်လေး အဖြစ် ဟန်ဆောင်ခိုင်းခဲ့တာကို အရမ်း နောင်တရနေပြီ..."

ဟွမ်ကျားချန်က နောင်တရနေသော မျက်နှာဖြင့် ပြောလိုက်သည်။

လက်ရှိ ဟိုင်ထျန်းမြို့တွင် ဟယ်မင်ယီ၏ ယောကျာ်း ဆွန်ဖုန်းသည် အရင်က ဟွမ်ကျားချန်နှင့် ရည်းစား ဖြစ်ခဲ့ပြီး နောက်မှ သူမကို ငြီးငွေ့သွား၍ ဟယ်မင်ယီနှင့် လက်ထပ်ကာ ကလေးယူလိုက်သည်ဟု ကောလာဟလများ ပျံ့နှံ့နေသည်။

သူမမှာ သူငယ်ချင်း၏ ယောကျာ်းကို လုယူခံရသော မိန်းမ တစ်ယောက်လို ဖြစ်နေသည်။ ဤကိစ္စကြောင့် ဟွမ်ကျားချန် တစ်ယောက် ရက်အတော်ကြာ စိတ်ကသိကအောက် ဖြစ်ခဲ့ရသည်။ အဲဒီတုန်းက ချူဝမ်ကျဲ ကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့သလို သူမ ကိုယ်တိုင်လည်း ဆွန်ဖုန်း၏ လုပ်ရပ်ကြောင့် အကြီးအကျယ် ဒေါသထွက်ခဲ့ရသည်။

"ဟားဟား... မင်းနာမည်ကို ငါက ဖျက်ဆီးလိုက်တာလား... ငါက အဲဒီလောက်တောင် ဆိုးတာလား... ငါက မင်းကို ကူညီလိုက်တာလေ... ကြည့်... အခု ချူဝမ်ကျဲ က မင်းကို လိုက်မနှောင့်ယှက်တော့ဘူး မဟုတ်လား..."

ဆွန်ဖုန်းက သူ့ကိုယ်သူတောင် ဂုဏ်ယူနေသေးသည်။

"ဟွန်း... နင့်ကြောင့် အခု ငါ့ကို လိုက်မယ့် လူငယ် ချောချောလေးတွေ မရှိတော့ဘူး... အသက် ၃၀ ကျော် လူကြီးတွေပဲ လိုက်နေကြတယ်... အရမ်း စိတ်ညစ်ဖို့ ကောင်းတာပဲ... မိဘတွေကလည်း ရည်းစားထားဖို့ နေ့တိုင်း ဖိအားပေးနေတယ်... ရှုပ်ယှက်ကို ခတ်နေတာပဲ..."

ဟွမ်ကျားချန်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဟားဟား... လူကြီးတွေက ပိုရင့်ကျက်တယ်လေ... မင်းနဲ့ အကိုက်ပဲ..."

ဆွန်ဖုန်းက နောက်ပြောင်လိုက်သည်။

"ငါ့အမြင်တော့လေ... နင်ကမှ အဘွားကြီးတွေနဲ့ ပိုလိုက်တာ..."

"မင်းလို အဘွားကြီးမျိုးနဲ့လား..."

ဆွန်ဖုန်းက နှုတ်ခမ်းမဲ့ကာ မေးလိုက်သည်။

"ငါက အဘွားကြီးလား... ငါက မွေးရာပါ အလှလေးပါနော်... နင်ကမှ အဘိုးကြီး... မိန်းမတွေ အများကြီး ယူထားတာ... သတိထား... ကျောက်ကပ် ပျက်သွားဦးမယ်..."

ဟွမ်ကျားချန်က ဆွန်ဖုန်းနှင့် စကားများနေတော့သည်။

"ကျောက်ကပ် ပျက်မပျက်... မင်းမှ မစမ်းကြည့်ဖူးတာ... စမ်းကြည့်မလား..."

ဆွန်ဖုန်းက လူယုတ်မာ အပြုံးဖြင့် ဟွမ်ကျားချန်၏ ခန္ဓာကိုယ်ကို မျက်စိကစားကာ ချီးကျူးလိုက်လေသည်။

All Chapters