← Chapters

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း ၂၇၀ - ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေသော ဒီးယား

"တူးတာ တစ်ပတ်တောင် ရှိပြီလို့ ကြားတယ်... အခု ဘာလို့ ဒီလောက်လေးပဲ တူးရသေးတာလဲ... ရွှံ့မြေလွှာကိုပဲ ဖောက်နိုင်သေးတာပဲ... ကျောက်လွှာကို မဖောက်နိုင်သေးဘူး ထင်တယ်..."

အဝေးမှ ထွက်ပေါ်လာသော အသံကြောင့် အန်ဒါဆန်နှင့် ပတ်ဝန်းကျင်ရှိ အလုပ်သမားများ အားလုံး လှည့်ကြည့်မိသွားကြသည်။ အားလုံးက ဤအသံမှာ လှောင်ပြောင်နေသည့် အသံမှန်း ကောင်းကောင်း သိကြသည်။

အန်ဒါဆန်၏ မျက်နှာမှာ ချက်ချင်း ဒေါသများ ဖုံးလွှမ်းသွားပြီး မည်သူက ဤမျှ ရဲတင်းစွာ လာရောက် လှောင်ပြောင်ရဲသနည်းဟု တွေးလိုက်မိသည်။ မူလကတည်းက စိတ်အခြေအနေ မကောင်းနေသည့်ကြားထဲ ဤသို့ လေအေးအေးဖြင့် လာပြောနေသူကို သူ အလွန် ဒေါသထွက်မိသည်။

"ဆွန်ဖုန်း"

အန်ဒါဆန် လှည့်ကြည့်လိုက်သောအခါ ဆွန်ဖုန်းနှင့် ယန်ကျိ အပါအဝင် အခြား ရေနံကုမ္ပဏီများမှ လူအချို့ ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့ အားလုံးက လာရောက် လေ့လာခြင်း... ပိုမှန်အောင် ပြောရလျှင် သတင်းလာယူခြင်း ဖြစ်သည်။

ရောက်ရှိနေသူများထဲတွင် ဆွန်ဖုန်း တစ်ယောက်တည်းကသာ လှောင်ပြောင်နေခြင်း ဖြစ်ပြီး ကျန်သူများကတော့ ပြုံးရုံသာ ပြုံးနေကြသည်။ ဒီးယား ရေနံကုမ္ပဏီ၏ တူးဖော်မှု အခက်အခဲ တွေ့နေသည်ကို သူတို့ အားလုံး သိမြင်ပြီး ဖြစ်သည်။

ယန်ကျိက မျက်နှာ မည်းမှောင်နေသော အန်ဒါဆန်ကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးစိစိ ဖြစ်နေသော ဆွန်ဖုန်းကို တစ်ချက် ကြည့်လိုက်သည်။ အရင်က ဒီးယား ရေနံကုမ္ပဏီက ဆွန်ဖုန်းကို အကျပ်ကိုင်ခဲ့ဖူးသဖြင့် ယခု ဆွန်ဖုန်းက ပြန်လည် လှောင်ပြောင်နေခြင်းကို သူ နားလည်ပေးနိုင်သည်။

"ဆွန်ဖုန်း"

အန်ဒါဆန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ဤလူ တစ်ဒါဇင်ကျော် ရောက်လာသည်ကို မြင်သောအခါ သူတို့ ဘာလာလုပ်သည်ကို သူ ကောင်းကောင်း သိသည်။ သူတို့က လာရောက် လည်ပတ်ခြင်း မဟုတ်ဘဲ သတင်းလာယူခြင်း ဖြစ်သည်။ ယခု မိမိတို့ဘက်က အဆင်မပြေ ဖြစ်နေသည်ကို မြင်သောအခါ သူတို့ စိတ်ထဲတွင် အလွန် ပျော်နေကြမည်မှာ သေချာသည်။

"သူတို့ ဘယ်လို ဝင်လာတာလဲ... အပြင်လူတွေ ပေးမဝင်ဘူးလို့ ငါ ပြောထားတယ် မဟုတ်လား"

အန်ဒါဆန်က ဘေးရှိ သူ၏ လက်ထောက်ကို တိုးတိုးလေး မေးလိုက်သည်။

"မန်နေဂျာ... အထက်က လူတွေက ဝင်ခွင့် ပေးလိုက်တာပါ... ဟို ဆွန်ဖုန်း ကလွဲရင် ကျန်တဲ့ ရေနံကုမ္ပဏီက လူတွေက ကျွန်တော်တို့ ကုမ္ပဏီနဲ့ အဆက်အသွယ် ရှိတဲ့ သူတွေချည်းပဲလေ... သူတို့ကို ပေးမဝင်လို့ ဘယ်ဖြစ်မလဲ"

လက်ထောက်က မျက်နှာပျက်ကာ ဖြေလိုက်သည်။

"အင်း... ငါ သိပြီ..."

အန်ဒါဆန်က အကူအညီမဲ့စွာ ခေါင်းညိတ်လိုက်သည်။

မကြာမီ ဆွန်ဖုန်းနှင့် လူစုသည် အန်ဒါဆန်၏ ရှေ့သို့ ရောက်လာကြသည်။ အန်ဒါဆန်နှင့် ရင်းနှီးသူများက နှုတ်ဆက်ကြပြီး လက်ရှိ တူးဖော်မှု အခြေအနေကို အသေးစိတ် မေးမြန်းကြသည်။ အန်ဒါဆန်၏ မျက်နှာမှာ အလွန် ညှိုးနွမ်းနေသော်လည်း မဖြေဘဲ မနေသာသဖြင့် ဖြေကြားနေရသည်။

ဆွန်ဖုန်းကတော့ ဟိုဟိုဒီဒီ လျှောက်ကြည့်နေပြီး အပြစ်ပြောစရာ တွေ့သည်နှင့် ချက်ချင်း အသံကျယ်ကြီးဖြင့် လှောင်ပြောင်တော့သည်။ ထို့ကြောင့် အန်ဒါဆန် တစ်ယောက် ဆွန်ဖုန်းကို ဓားဖြင့် ထိုးသတ်ချင်စိတ်ပင် ပေါက်နေတော့သည်။

"အန်ဒါဆန် မန်နေဂျာ... ရေနံတွင်း တူးတာ တော်တော်လေး အခက်အခဲ တွေ့နေတယ်ပေါ့... ကြည့်ရတာ ဒီကျောက်လွှာ ရေနံမြေရဲ့ နာမည်ဆိုးက တကယ်ပဲ အလကား မဟုတ်ဘူးနော်... ကျောက်လွှာကို ဖောက်ဖို့ တကယ် ခက်တာပဲ... ဖောက်နိုင်ရင်တောင် အရင်းအနှီးနဲ့ အချိန်က အဆပေါင်းများစွာ ကုန်ဦးမှာပဲ..."

"အန်ဒါဆန် မန်နေဂျာ... အရင်တုန်းက ခင်ဗျားတို့ ကုမ္ပဏီက ဘာလို့ ဒီရေနံမြေကို ရင်းနှီးဖို့ ရွေးချယ်ခဲ့တာလဲ... ကျောက်လွှာ ရေနံမြေ တူးရခက်တယ် ဆိုတာ လူတိုင်း သိနေတဲ့ ကိစ္စပဲဟာ..."

"အန်ဒါဆန် မန်နေဂျာ... ကျွန်တော့် အမြင်တော့ ဖိအားသုံးပြီး ကျောက်လွှာကို ဖြိုခွဲတဲ့ နည်းပညာကလည်း ဒီလောက် ထူထပ်တဲ့ ကျောက်လွှာတွေကို ဘာမှ မတတ်နိုင်ဘူး ထင်တယ်... နောက်ဆိုရင် နယူးဖောင်လန် အနောက်ပိုင်း ကျောက်လွှာ ရေနံမြေကို ရင်းနှီးမယ် ဆိုရင် ပိုပြီး အဆင့်မြင့်တဲ့ တူးဖော်ရေး နည်းပညာတွေ တီထွင်ဖို့ လိုဦးမယ် ထင်တယ်..."

ထိုလူ တစ်ဒါဇင်ကျော်က တစ်ယောက် တစ်ပေါက် ဝိုင်းပြောနေကြရာ သူတို့ ပြောလိုက်သော စကားတိုင်းက အန်ဒါဆန်၏ မျက်နှာကို ပိုမို မည်းမှောင်သွားစေသည်။ စကားပြောသူများက ရည်ရွယ်ချက် မရှိသော်လည်း နားထောင်သူ အဖို့တော့ ထိခိုက်စရာ ဖြစ်နေသည်။ ယခုအခါ အန်ဒါဆန် တစ်ယောက် လူအများ၏ ပါးရိုက်ခြင်းကို ခံနေရသလို ခံစားနေရသည်။

"မစ္စတာ အန်ဒါဆန်... ကျွန်တော်တို့ ရှန်းဖုန်း ရေနံမြေရဲ့ အိမ်နီးချင်း ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ... နောက်ဆိုလည်း အလည်အပတ် လာခဲ့ပါဦး..."

ဆွန်ဖုန်းက လှည့်ပတ် ကြည့်ရှုပြီးနောက် အန်ဒါဆန် ရှေ့သို့ ပြန်ရောက်လာကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။

"ဟွန်း..."

အန်ဒါဆန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ မပြောပေ။

"မစ္စတာဆွန်... ဘာလို့ ရှန်းဖုန်း ရေနံမြေကျတော့ ရေနံတွင်း ၂၀ ကျော်လောက် အလွယ်တကူ တူးနိုင်ခဲ့တာလဲ... အခုဆို တစ်လကို ရေနံစည် တစ်သန်းကျော်တောင် ထွက်နေပြီလို့ ကြားတယ်... တကယ်ကို ဝမ်းသာစရာပါပဲဗျာ..."

လူတစ်ယောက်က ဆွန်ဖုန်းကို ဖော်လံဖားကာ ပြောလိုက်သည်။

"ဟားဟား... ကံကောင်းတာပါဗျာ... ကံကောင်းတာပါ... ကျွန်တော် တူးတဲ့ ရေနံမြေက နည်းနည်း တူးရ လွယ်နေလို့ပါ... ကျောက်လွှာတွေက ထင်သလောက် မခက်ခဲဘူးလေ..."

ဆွန်ဖုန်းက အလွန် နှိမ့်ချစွာ ပြုံး၍ ဖြေလိုက်သည်။

"ကြည့်ရတာ... နယူးဖောင်လန် အနောက်ဘက် ကမ်းရိုးတန်းက ကျောက်လွှာ ရေနံမြေတွေကို လောလောဆယ်တော့ ထိလို့ မရသေးဘူး ထင်တယ်... အနည်းဆုံးတော့ လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ထိလို့ မရသေးဘူး..."

"ရေနံစည် သန်း ၃၅၀၀၀ တောင် ရှိတာကို ကြည့်ပြီး မရင်းနှီးနိုင်ဘူး ဆိုတော့... အဲဒီ ခံစားချက်က တကယ်ကို မကောင်းဘူးဗျာ... နယူးဖောင်လန် အစိုးရလည်း တော်တော် ခေါင်းကိုက်နေလောက်ပြီ..."

"မစ္စတာဆွန်... ကျွန်တော်တို့ ရှန်းဖုန်း ရေနံမြေကို သွားပြီး လေ့လာကြည့်လို့ ရမလား..."

အသက် ငါးဆယ်ကျော် အရွယ် အဘိုးကြီး တစ်ယောက်က မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။

"ရတာပေါ့... အမြဲတမ်း ကြိုဆိုပါတယ်ဗျာ... ကျွန်တော်က သူငယ်ချင်း မိတ်ဆွေ အသစ်တွေ ဖွဲ့ရတာကို အကြိုက်ဆုံးပဲ..."

ဆွန်ဖုန်းက ပြန်ဖြေသည်။

"အဲဒါဆို အရမ်း ကျေးဇူးတင်ပါတယ် မစ္စတာဆွန်... ကျွန်တော်တို့ အားလုံး အခုပဲ သွားကြမလား..."

"ဒီအကြံ ကောင်းတယ်"

"ကောင်းပြီ... ဒါဆို သွားကြတာပေါ့... အန်ဒါဆန် မန်နေဂျာရော... ကျွန်တော့် ရေနံမြေကို လိုက်လေ့လာမလား... ဘာပဲဖြစ်ဖြစ် ဒီမှာလည်း အလုပ်လုပ်လို့ မရဘဲ အားနေတာပဲလေ... ကျွန်တော့်ဆီ လိုက်လာပြီး ထိုင်နေတာကမှ ပိုကောင်းဦးမယ်..."

ဆွန်ဖုန်းက လူယုတ်မာ အပြုံးဖြင့် အန်ဒါဆန်ကို ကြည့်ကာ မေးလိုက်သည်။

"ဟွန်း... မလိုက်ဘူး"

အန်ဒါဆန်က ခေါင်းလှည့်ကာ ချက်ချင်း ထွက်သွားလေသည်။

ဆွန်ဖုန်းက ဟီးဟီးဟားဟား ရယ်မောလိုက်ပြီးနောက် ထိုလူ တစ်ဒါဇင်ကျော်ကို ခေါ်ကာ သူ၏ ရှန်းဖုန်း ရေနံမြေသို့ သွားရောက် လည်ပတ်ကြလေသည်။

လမ်းတွင် ယန်ကျိက ဆွန်ဖုန်းကို ပြောလိုက်သည်။

"ဒီးယား ရေနံကုမ္ပဏီရဲ့ အခြေအနေကို ကြည့်ရတာ... နယူးဖောင်လန် အနောက်ပိုင်း ကျောက်လွှာ ရေနံမြေကို ရင်းနှီးမြှုပ်နှံတာက သိပ်ပြီး ပညာရှိတဲ့ ရွေးချယ်မှု မဟုတ်ဘူး ထင်တယ်... ဒီးယား ရေနံကုမ္ပဏီရဲ့ ဒီတစ်ခေါက် စမ်းသပ်မှုက ကျရှုံးသွားပြီ ထင်တယ်... ဒီတစ်ခေါက်တော့ သူတို့ အကြီးအကျယ် ရှုံးပြီပဲ"

"ဟားဟား... မတတ်နိုင်ဘူးလေ... သူတို့က ငါ အောင်မြင်နေတာကို မြင်ပြီး လိုက်လုပ်ချင်တာကိုး... ကြည့်လေ... အခု တွင်းထဲ ကျသွားပြီး ပြန်တက်မရ ဖြစ်နေပြီ မဟုတ်လား... ဟားဟား..."

ဆွန်ဖုန်းက ရယ်မောလိုက်သည်။

"အင်းလေ... အဲဒီအချိန်တုန်းက တခြား ရေနံကုမ္ပဏီ တော်တော်များများကလည်း စမ်းသပ်ကြည့်ချင်နေကြတာ... ဒီးယား ရေနံကုမ္ပဏီက အရင်ဆုံး ခုန်ထွက်လာတော့... တခြား ကုမ္ပဏီတွေလည်း အရှိန်သတ်သွားပြီး စောင့်ကြည့်နေကြတာပေါ့... အခု ဒီးယား ရေနံကုမ္ပဏီ ရင်းနှီးမြှုပ်နှံတာ ကျရှုံးသွားတာကို မြင်တော့... နယူးဖောင်လန် အနောက်ပိုင်း ကျောက်လွှာ ရေနံမြေ တူးဖော်ရေးက အကန့်အသတ်မရှိ နောက်ဆုတ်သွားတော့မှာ သေချာတယ်..."

ယန်ကျိက သုံးသပ်ပြသည်။

...

လဝက်ခန့် အကြာတွင်...

နယူးဖောင်လန် စီးပွားရေး သတင်းစာ - ဒီးယား ရေနံကုမ္ပဏီ ရင်းနှီးမြှုပ်နှံထားသော နယူးဖောင်လန် အနောက်ဘက် ကမ်းရိုးတန်းရှိ ရေနံစည် သန်း ၂၀၀ သိုလှောင်မှု ရှိသည့် ကျောက်လွှာ ရေနံမြေ တူးဖော်ရေး လုပ်ငန်းစဉ် အလွန် နှေးကွေးနေသည်။

သတင်းထောက်များ၏ အင်တာဗျူးများ အရ... လက်ရှိတွင် ဒီးယား ရေနံကုမ္ပဏီသည် ကျောက်လွှာများကို ဖောက်ထွင်းရာတွင် ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ကျောက်လွှာများကို ဖောက်ထွင်းရန် ခက်ခဲခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်မှာ တဖြည်းဖြည်း မြင့်တက်လာမည် ဖြစ်သည်။

ယခုအခါ ဒီးယား ရေနံကုမ္ပဏီသည် ကြီးမားသော ရွေးချယ်မှု တစ်ခုနှင့် ရင်ဆိုင်နေရသည်။ ဆက်လက် တူးဖော်မည်လား... သို့မဟုတ် ရပ်တန့်လိုက်မည်လား ဆိုသည်ကိုပင်။

ဆက်လက် တူးဖော်မည် ဆိုပါက ကြီးမားသော ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်များကို ရင်ဆိုင်ရမည် ဖြစ်ပြီး ရေနံ ထွက်လာလျှင်တောင် အရင်းကျေမည် မဟုတ်ပေ။

အကယ်၍ ရပ်တန့်လိုက်မည် ဆိုပါက သူတို့၏ လက်ထဲမှ ဤအသုံးမဝင်သော ရေနံမြေကို မည်သူက လာဝယ်မည်နည်း။ ယခုအခါ ဒီးယား ရေနံကုမ္ပဏီသည် ရှေ့တိုးမရ နောက်ဆုတ်မရ အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။

ဆွန်ဖုန်းသည် စီးပွားရေး သတင်းစာကို ဖတ်ပြီးနောက် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။

"ကြည့်ရတာ ဒီတစ်ခေါက် ဒီးယား ရေနံကုမ္ပဏီ အကြီးအကျယ် ခံလိုက်ရပြီပဲ တကယ်လို့ သူတို့က ဒီရေနံမြေကို ပြန်ရောင်းမယ် ဆိုရင်... ငါ ဝယ်လိုက်ရင် ကောင်းမလား... သေချာပေါက် စျေး အရမ်း နှိမ်ပြီး ဝယ်လို့ ရမှာပဲ"

"သူဌေး... အဲဒါကို ဝယ်ပြီး ဘာလုပ်မလို့လဲ... ရှင့်ကိုယ်ရှင်ရော တွင်းထဲ ပြန်ခုန်ဆင်းချင်လို့လား... ဒီဘက်က တူးရ လွယ်တိုင်း အဲဒီဘက်ကပါ တူးရ လွယ်မယ်လို့ ပြောလို့ မရဘူးလေ... သူဌေးရဲ့ ကံကောင်းမှုက အမြဲတမ်း ရှိနေမှာ မဟုတ်ဘူးနော်"

စူးမေးက ဆွန်ဖုန်းကို ကန့်ကွက်လိုက်လေသည်။

All Chapters