အခန်း ၂၇၁
Vol. 28 Ch. 271
အခန်း ၂၇၁ - ဥက္ကာခဲ
"ကောင်းပါပြီ... ကောင်းပါပြီ... မင်း သဘောပါပဲ... ငါတို့ မဝယ်ဘူး... ပွဲပဲ ထိုင်ကြည့်ကြတာပေါ့..."
ဆွန်ဖုန်းက လူယုတ်မာ အပြုံးဖြင့် စူးမေး၏ ခါးသေးသေးလေးကို လိမ်ဆွဲလိုက်ရာ စူးမေး တစ်ယောက် ညည်းညူအော်ဟစ်သွားလေသည်။
လက်ရှိတွင် ဒီးယား ရေနံကုမ္ပဏီ၏ ကျောက်လွှာရေနံမြေကို ဆွန်ဖုန်း အလွန် သွားရည်ကျနေမိသည်။ အကယ်၍ တစ်ဖက်လူက မလွှဲမရှောင်သာ ရောင်းထုတ်ရမည် ဆိုပါက ဆွန်ဖုန်း အနေဖြင့် အလွန် သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။
အချိန်ကျလျှင် သူ ကိုယ်တိုင် ဝင်ရောက် တူးဖော်လိုက်ပါက... တူးဖော်ရခက်သည့် ကျောက်လွှာရေနံမြေ ဆိုလျှင်တောင် သူ့အတွက်ကတော့ တို့ဟူးကို တွင်းတူးသလို လွယ်ကူနေမည် မဟုတ်ပါလား။
သို့သော် ဝယ်ယူပြီးနောက် အလွယ်တကူ တူးဖော်နေနိုင်ပါက သံသယ ဝင်ခံရမည်မှာ သေချာသဖြင့် ဆွန်ဖုန်း အနေဖြင့် သုတေသနဌာနမှ ကျောက်လွှာရေနံမြေ တူးဖော်ရန် သီးသန့် ထုတ်လုပ်ထားသော ကိရိယာ အသစ် တစ်ခုခုကို ထုတ်ဖော်ပြသရန် စီစဉ်ထားသည်။
ထိုသို့ဆိုလျှင် ဆွန်ဖုန်း အနေဖြင့် ပေါ်ပေါ်ထင်ထင် ဝင်ရောက် တူးဖော်နိုင်ပြီ ဖြစ်သည်။
သို့သော် ဤကိစ္စကို ရေရှည် စီစဉ်ရမည် ဖြစ်ပြီး အလောတကြီး လုပ်၍ မရပေ။ ဤအစီအစဉ်သာ အောင်မြင်သွားပါက နယူးဖောင်လန် အနောက်ပိုင်း ကျောက်လွှာရေနံမြေ တစ်ခုလုံးကို ဆွန်ဖုန်း တစ်ယောက်တည်းက ကြီးစိုးသွားနိုင်မည်ဟု ဆိုလိုခြင်းပင်။
‘ဟားဟား'
"သူဌေး... နောက်တစ်ခါ ကျွန်မကို လက်ဆော့ခြေဆော့ မလုပ်ပါနဲ့လား... တကယ် စိတ်ဆိုးဖို့ ကောင်းတာပဲ..."
စူးမေးသည် ဆွန်ဖုန်း၏ လက်ဆော့မှုကို ခံရပြီးနောက် ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားကာ သနားစရာ မျက်နှာလေးဖြင့် ဆွန်ဖုန်းကို ပြောလိုက်သည်။
"အာ... ငါက ဘဝရဲ့ အရသာလေးတွေ ရအောင် နည်းနည်း နောက်ပြောင်တာပါ... ဘာလို့ ရှက်နေတာလဲ... အလွန်ဆုံး နောက်တစ်ခါ အပေါ်ဘက် ရှေ့နားလေးကို ညှစ်ပေးမယ်လေ..."
ဆွန်ဖုန်းက စူးမေး၏ ရင်ဘတ်ကို မျက်စိကစားကာ ဟီးဟီးဟားဟား ရယ်လျက် ပြောလိုက်သည်။
"လူဆိုးကြီး... ရှင့်ကို စကား မပြောတော့ဘူး... ကျွန်မ သွားအလုပ်လုပ်တော့မယ်..."
စူးမေးက မျက်မှောင်ကြုတ်ကာ တင်ပါးလေး လှုပ်ခါပြီး ဒေါသတကြီး ထွက်သွားလေသည်။ ဆွန်ဖုန်း တစ်ယောက် သွားရည်ကျမတတ် ငေးကြည့်နေမိသည်။ အရင်ကထက် ပိုပြီး လုံးဝန်းလာသလိုပဲ... တကယ်ကို ကြည့်ကောင်းတာပဲ။
စူးမေး ထွက်သွားပြီးနောက် အသံလက်ထောက်က ထွက်ပေါ်လာသည်။
"ပိုင်ရှင်... အရင်က သတိထားကြည့်ခိုင်းထားတဲ့ ဥက္ကာခဲ သတင်းတွေ ဘာများ ရပြီလဲ..."
"မရသေးဘူး... မင်းက ဥက္ကာခဲကို ဂေါ်ဖီထုပ်တွေလို လမ်းတိုင်းမှာ ပေါနေတယ် ထင်နေတာလား... အခုထိ လူးဝစ် အဘိုးကြီး ဆီကနေ ဘာသတင်းကောင်းမှ မရသေးဘူး..."
ဆွန်ဖုန်းက ပြောလိုက်သည်။
"ခုနက ကျွန်တော် အင်တာနက် ချိတ်ဆက်ကြည့်လိုက်တော့ သတင်း တစ်ပုဒ် တွေ့တယ်... တမြန်နေ့က ဆဟာရ သဲကန္တာရ အရှေ့ဘက် အစွန်အဖျား ဒေသကို ဥက္ကာခဲ မိုး ရွာချသွားတယ်တဲ့... ဒီလို ဥက္ကာခဲတွေထဲမှာ စွမ်းအင်တုံးတွေ ပါနေနိုင်တယ်... ကျွန်တော်တို့ သွားကြည့်ကြမလား..."
အသံလက်ထောက်က အကြံပြုလိုက်သည်။
"အင်း... အဲဒါတော့ ဖြစ်နိုင်တယ်... ဘာပဲဖြစ်ဖြစ် အခုလောလောဆယ်လည်း ဘာအရေးကြီး ကိစ္စမှ မရှိတာဆိုတော့ သွားကြည့်တာလည်း မဆိုးပါဘူး..."
"တကယ်လို့ သဲကန္တာရ အရှေ့ဘက် အစွန်အဖျားကို ကျလာတဲ့ ဥက္ကာခဲတွေထဲမှာ စွမ်းအင်တုံးတွေ ပါနေမယ် ဆိုရင်တော့ ဒီတစ်ခေါက် သေချာပေါက် အမြတ်ကြီး ရပြီပဲ..."
ဆွန်ဖုန်းက ပြောလိုက်သည်။
စွမ်းအင်တုံး ဆိုသည်မှာ ဆွန်ဖုန်း အတွက်တော့ ရသလောက် ယူရမည် ဖြစ်သည်။ စွမ်းအင်တုံးများ များများ စုဆောင်းနိုင်လေ မိမိအတွက် ကောင်းလေသာ ဖြစ်သည်။ စွမ်းအင်တုံးများကို အရေးပေါ် အခြေအနေများတွင် အသုံးပြုနိုင်သည် မဟုတ်ပါလား။
"ငါ အဲဒီ သတင်းကို သွားရှာကြည့်လိုက်ဦးမယ်..."
ဆွန်ဖုန်းသည် လက်ပ်တော့ တစ်လုံးကို ချက်ချင်း ယူကာ အင်တာနက်ပေါ်တွင် ရှာဖွေလိုက်သည်။ မကြာမီ ထိုသတင်းကို ရှာတွေ့သွားသည်။ ဤသတင်းမှာ နိုင်ငံတကာ အာကာသ သိပ္ပံစခန်း တစ်ခုမှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ဂြိုဟ်တု ထောက်လှမ်းမှုများ အရ တမြန်နေ့က အာကာသ ဥက္ကာခဲ အုပ်စု တစ်ခု ကမ္ဘာမြေပေါ်သို့ ကျဆင်းလာခဲ့ပြီး ဆဟာရ သဲကန္တာရ၏ အရှေ့ဘက် အစွန်အဖျား ဒေသသို့ ကျရောက်သွားခဲ့ကြောင်း အတည်ပြုထားသည်။ အကြီးဆုံး ဥက္ကာခဲမှာ ကြိတ်ဆုံလောက် အရွယ်အစား ရှိပြီး အသေးဆုံးမှာ လက်မလောက်သာ ရှိမည်ဟု ခန့်မှန်းရသည်။
ဤကဲ့သို့ အာကာသ ဥက္ကာခဲများ ကမ္ဘာမြေပေါ်သို့ ကျဆင်းခြင်းမှာ ထူးဆန်းသော ကိစ္စ မဟုတ်ဘဲ လူတွေလည်း ရိုးအီနေပြီ ဖြစ်သည်။ ဤတစ်ကြိမ် ကျဆင်းလာသော ဥက္ကာခဲများက အနည်းငယ် ကြီးမားနေခြင်းသာ ဖြစ်သည်။ ကံမကောင်း၍ အပစ်ခံရပါက ချက်ချင်းပင် အသားပြား ဖြစ်သွားမည်မှာ သေချာသည်။
သို့သော် ဥက္ကာခဲ ပိမိ၍ သေဆုံးရသည့် ဖြစ်ရပ်မျိုးမှာ အလွန် ရှားပါးလှပြီး နှစ်ရာချီ ကြာသည့်တိုင် ဖြစ်လေ့ဖြစ်ထ မရှိပေ။
"အသံလက်ထောက်... မင်း အထင် ဒီတစ်ခေါက် ကမ္ဘာပေါ် ကျလာတဲ့ ဥက္ကာခဲ အုပ်စုထဲမှာ စွမ်းအင်တုံးတွေ ပါနေနိုင်မလား..."
ဆွန်ဖုန်းက မေးလိုက်သည်။
"အဲဒါကတော့ ပြောရခက်တယ်... စွမ်းအင်တုံးတွေက အာကာသထဲမှာ နေရာတိုင်း ပေါနေတယ်လို့ ထင်နေတာလား... အဲဒီကို ရောက်မှပဲ သိနိုင်မှာပေါ့... ဘာပဲဖြစ်ဖြစ် အခွင့်အရေးကို လက်လွှတ်မခံတာ အကောင်းဆုံးမို့လို့ သွားကြည့်ဖို့ အကြံပေးချင်တယ်... ကျွန်တော်တို့မှာ ရှာဖွေရေး စနစ် ရှိတာဆိုတော့ ရှာရတာ သိပ်ခက်ခဲမှာ မဟုတ်ပါဘူး..."
အသံလက်ထောက်က ပြန်ဖြေသည်။
"ကောင်းပြီလေ... ပြောရရင် ငါလည်း အာဖရိကကို တစ်ခါမှ မရောက်ဖူးသေးဘူး... အလည်သွားတဲ့ သဘောပေါ့..."
ဆွန်ဖုန်းက ရယ်မောလျက် ပြောလိုက်သည်။
သုံးရက် အကြာတွင် ဆွန်ဖုန်းသည် အာဖရိကသို့ သွားမည့် လေယာဉ်ပေါ်သို့ တက်ရောက်ခဲ့သည်။ ဤအာကာသ ဥက္ကာခဲများကို အခြား လူတစ်စုကလည်း မျက်စိကျနေကြပြီ ဆိုသည်ကိုတော့ သူ မသိခဲ့ပေ။ ဤတစ်ကြိမ် ခရီးစဉ်ကတော့ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလာတော့မည်။
ဆဟာရ သဲကန္တာရသည် ကမ္ဘာပေါ်တွင် အကြီးဆုံး သဲကန္တာရကြီး ဖြစ်သည်။ အာရပ်ဘာသာစကားဖြင့် ဆဟာရ ဟူသည်မှာ သဲကန္တာရကြီး ဟု အဓိပ္ပာယ်ရပြီး အက်တလက် တောင်တန်းများနှင့် မြေထဲပင်လယ်၏ တောင်ဘက်တွင် တည်ရှိသည်။
မြောက်လတ္တီကျု ၁၄ ဒီဂရီ မျဉ်း (မိုးရေချိန် ၂၅၀ မီလီမီတာ မျဉ်း) ၏ မြောက်ဘက်တွင် တည်ရှိပြီး အနောက်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာ ကမ်းရိုးတန်းမှ အရှေ့ဘက်တွင် ပင်လယ်နီ ကမ်းရိုးတန်း အထိ သွယ်တန်းနေသည်။
အာဖရိက တိုက်၏ မြောက်ပိုင်းကို ဖြတ်သန်းသွားကာ အရှေ့မှ အနောက်သို့ အလျား ကီလိုမီတာ ၅၆၀၀ နှင့် တောင်မှ မြောက်သို့ အနံ ကီလိုမီတာ ၁၆၀၀ ခန့် ရှိသည်။ အကျယ်အဝန်းမှာ စတုရန်း ကီလိုမီတာ ၉.၆ သန်းခန့် ရှိပြီး အာဖရိကတိုက် စုစုပေါင်း အကျယ်အဝန်း၏ ၃၂ ရာခိုင်နှုန်းခန့်ကို နေရာယူထားသည်။
သဲကန္တာရ ဟူသည်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး သေမင်းတမန် မြေ ဟု ခေါ်ဆိုလျှင်ပင် မလွန်ကျူးပေ။ အကယ်၍ ထိုနေရာတွင် လမ်းပျောက်သွားခြင်း၊ သို့မဟုတ် ရိက္ခာနှင့် ရေ ပြတ်လပ်သွားခြင်းမျိုး ကြုံရပါက သူ့ကို ဆီးကြိုနေမည်မှာ သေမင်းသာ ဖြစ်သည်။ သမုဒ္ဒရာပြင်ကြီးနည်းတူ ကြောက်စရာ ကောင်းလှသည်။
သို့သော် ဆွန်ဖုန်းက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ့တွင် သိုလှောင်ရေး နေရာလွတ် ရှိသဖြင့် ကနေဒါတွင် ရှိနေစဉ်ကတည်းက တစ်လစာ စားစရာ ရိက္ခာများနှင့် သောက်ရေ၊ ချိုးရေ အပါအဝင် အားလုံးကို ကြိုတင် ဝယ်ယူ ပြင်ဆင်ထားခဲ့သည်။
သူ၏ သိုလှောင်ရေး နေရာလွတ်မှာ အလွန် ကျယ်ဝန်းလှရာ ဤပစ္စည်းလေးတွေ ထည့်ရုံလောက်ကတော့ မပြောပလောက်သည့် ကိစ္စလေးသာ ဖြစ်သည်။
ဆွန်ဖုန်းသည် အနီးအနားရှိ မြို့တွင် ကားတစ်စီး ငှားလိုက်ပြီး ဆဟာရ သဲကန္တာရ၏ အရှေ့ဘက်သို့ တိုက်ရိုက် မောင်းနှင်သွားခဲ့သည်။
ကားအတွက် လိုအပ်သော ဓာတ်ဆီများကိုလည်း ကနေဒါတွင် ကတည်းက ကြိုတင် ပြင်ဆင်လာခဲ့ပြီး ဖြစ်ရာ ဤလောင်စာဆီများက ကားတစ်စီးကို တစ်လတိတိ မောင်းနှင်ရန် လုံလောက်လေသည်။
တစ်ရက် အကြာတွင် ဆွန်ဖုန်းသည် ဆဟာရ သဲကန္တာရ အရှေ့ဘက် အစွန်အဖျား ဒေသသို့ တရားဝင် ရောက်ရှိလာခဲ့သည်။ ဤနေရာသို့ ရောက်သည်နှင့် ပတ်ဝန်းကျင်တွင် အပင်များ လုံးဝနီးပါး မရှိတော့သည်ကို သူ တွေ့လိုက်ရသည်။
ရှိလျှင်လည်း သေလုမျောပါး ဖြစ်နေသော မြက်ခြောက်များနှင့် ချုံပုတ် အနည်းငယ်သာ ဖြစ်သည်။ သဲကန္တာရ၏ အစွန်အဖျား ဒေသသို့ တကယ် ဝင်ရောက်သွားသောအခါ ရှေ့တွင် အဆုံးအစ မမြင်ရသည့် သဲကန္တာရကြီးကိုသာ တွေ့ရတော့သည်။ အားလုံးက ရွှေရောင် တောက်ပနေသော သဲများသာ ဖြစ်ပြီး ရွှေရောင် သမုဒ္ဒရာကြီး တစ်ခုနှင့် တူနေသည်။
ဤနေရာသို့ ရောက်သောအခါ လူသားများ ဖြတ်သန်းသွားလာသည့် လက္ခဏာ လုံးဝ မရှိတော့ဘဲ အလွန် လူသူကင်းမဲ့ကာ ရှေးဦး ကမ္ဘာကြီးထဲသို့ ရောက်သွားသကဲ့သို့ ခံစားရသည်။
သဲကန္တာရထဲတွင် နေရာဒေသ၏ အန္တရာယ်သာမက အဆိပ်ပြင်း မြွေများ၊ ကင်းမြီးကောက်များ၏ အန္တရာယ်ကိုလည်း ရင်ဆိုင်ရနိုင်သည်။ သမုဒ္ဒရာထဲရှိ ရက်စက်သော သားရဲကြီးများလိုပင် ကြောက်စရာ ကောင်းလှသည်။
သို့သော် ဤအရာများ အားလုံးက ဆွန်ဖုန်း အတွက်တော့ ခြိမ်းခြောက်မှု တစ်ခု မဟုတ်ပေ။
"ရှာဖွေရေး စနစ်ကို ဖွင့်လိုက်..."
ဆွန်ဖုန်းသည် သဲကန္တာရထဲသို့ ဝင်ရောက်သည်နှင့် ကီလိုမီတာ ၃၅၀ အတွင်း လွှမ်းခြုံ ရှာဖွေနိုင်သော စနစ်ကို အသံလက်ထောက်အား ဖွင့်ခိုင်းလိုက်သည်။ ကီလိုမီတာ ၃၅၀ အထိ လွှမ်းခြုံနိုင်သည် ဖြစ်ရာ သဲကန္တာရထဲ ကျနေသော အာကာသ ဥက္ကာခဲများကို မရှာတွေ့နိုင်စရာ အကြောင်း မရှိဟု ဆွန်ဖုန်း ယုံကြည်နေသည်။
"ဟုတ်ကဲ့ပါ ပိုင်ရှင်..."
"ဖွင့်နေပါပြီ... ဖွင့်လို့ ပြီးပါပြီ... ရှာဖွေမှု စတင်နေပါပြီ..."
အချင်းဝက် ကီလိုမီတာ ၃၅၀ အတွင်း စွမ်းအင်တုံးများ၏ စွမ်းအင် လှိုင်းများ ရှိနေသရွေ့ နက်ရှိုင်းသော ပင်လယ်ကြမ်းပြင် ဉာဏ်ရည်တု စက်ရုံကြီးက ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်ကြောင်း အသံလက်ထောက်က ဆွန်ဖုန်းကို ပြောလိုက်သည်။
"ဟားဟား... သွားကြစို့..."
ဆွန်ဖုန်းသည် Off-road ကားကြီးကို မောင်းနှင်ကာ လူသူကင်းမဲ့ပြီး အလွန် ပူပြင်းလှသော သဲကန္တာရကြီးထဲတွင် အရှိန်ဖြင့် စတင် ဖြတ်သန်း သွားလာတော့သည်။ ဆွန်ဖုန်း၏ ဤကားမှာ အထူး ပြုပြင် မွမ်းမံထားခြင်း ဖြစ်ရာ သဲကန္တာရထဲတွင် မောင်းနှင်ရန် အလွန် သင့်လျော်ပြီး အနည်းငယ် သတိထား မောင်းနှင်ပါက သဲထဲ နစ်ဝင်သွားမည့် အန္တရာယ် မရှိနိုင်ပေ။
ထိုအချိန်တွင် အခြား လူတစ်စုကလည်း ဤဒေသသို့ ရောက်ရှိလာပြီး အာကာသ ဥက္ကာခဲများကို ရှာဖွေရေး လုပ်ငန်းစဉ်များ စတင်နေကြပြီ ဖြစ်လေသည်။