← Chapters

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း ၂၇၄ - နောက်ယောင်ခံလိုက်ခြင်း

"ခေါင်းဆောင်... အရမ်း ကျေးဇူးတင်ပါတယ်ဗျာ နောက်ဆုံးတော့ ဒီသောက်ကျိုးနည်း နေရာကြီးကနေ ထွက်ခွာခွင့် ရပြီပဲ..."

နံပါတ် ၂ က ဝမ်းသာအားရ ခုန်ပေါက်ပြီး ပြောလိုက်သည်။

"ဒါနဲ့ မင်း တခြား အဖွဲ့တွေကိုပါ သတင်းပို့လိုက်ဦး... သူတို့ကိုလည်း အလုပ်သိမ်းခိုင်းလိုက်တော့..."

ငွေရောင်ဝံပုလွေက ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ ခေါင်းဆောင်..."

နံပါတ် ၂ က ပြုံးဖြီးဖြီးဖြင့် ဖြေလိုက်သည်။

ထို့နောက် ဤအဖွဲ့များ အားလုံး သဲကန္တာရထဲမှ ထွက်ခွာကာ သဲကန္တာရ အစွန်အဖျားရှိ နယ်စပ်မြို့ငယ်လေး တစ်ခုဆီသို့ ဦးတည်သွားကြလေသည်။

"ဟင်း... အာဖရိကက မိန်းမတွေက အကုန်လုံး လူမည်းမလေးတွေချည်းပဲ... ဒီတစ်ခေါက် အနားယူရတာ နည်းနည်းတော့ ပျင်းစရာ ကောင်းတယ်... အပျော်အပါး ရှာလို့တောင် မရဘူး..."

ကားပေါ်တွင် နံပါတ် ၅ က သူ၏ ညီအစ်ကိုများနှင့် စကားဖောင်ဖွဲ့နေသည်။

သူတို့လို လူမျိုးများက ရည်းစားထားလေ့ မရှိပေ။ ပထမ အချက်က အဖွဲ့အစည်းက ခွင့်မပြုခြင်း ဖြစ်ပြီး၊ ဒုတိယ အချက်က အချိန်မရှိခြင်း ဖြစ်သည်။ များသောအားဖြင့် အနားယူချိန်တွင်သာ အပျော်အပါး ရှာလေ့ရှိကြသည်။ သို့သော် ဤနေရာတွင် လူမည်းမလေးများသာ ရှိသဖြင့် စိတ်မဝင်စားနိုင်ပေ။ နံပါတ် ၅ ညည်းညူသည်ကလည်း မဆန်းပေ။

"ဟားဟား... မီးပိတ်လိုက်ရင် အတူတူပါပဲကွာ... ဒါပေမဲ့ ဒီက လူမည်းမလေးတွေက ရောဂါ များတယ်နော်... မတော်တဆ ကူးသွားရင် မင်း ဘဝတော့ သွားပြီပဲ... သေချာလေး သည်းခံနေလိုက်ပါကွာ..."

အခြားလူများက နောက်ပြောင်လိုက်ကြသည်။

"မင်းတို့လည်း အပျော်အပါး မရှာချင်ဘဲ နေမလား ကြည့်နေမယ်..."

"ငါတို့ အချိန်ကျရင် သွားရှာကြည့်ကြတာပေါ့... တခြား လူမျိုး မိန်းမချောလေးတွေများ ရှိမလားလို့လေ... တကယ်လို့ ရှိရင် ငါ ဒကာခံမယ်ကွာ"

နံပါတ် ၂ က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

"အေး... ဟုတ်ပြီလေ နံပါတ် ၂... မင်း ပြောတဲ့အတိုင်းပဲနော်... မင်း ဒကာခံမယ်ဆိုရင် လူမည်းမလေးတွေ ဆိုရင်တောင် ငါ အကုန် ယူတယ်ကွာ..."

"ဟားဟားဟား..."

မကြာမီ ဤကားတန်းများ အားလုံး ပေါင်းဆုံမိသွားကြသည်။ ဆွန်ဖုန်းကတော့ သူတို့၏ နောက်မှ ကီလိုမီတာ ၃၀ ခန့် အကွာအဝေးတွင် ခပ်ခွာခွာ လိုက်ပါလာခဲ့သည်။ အရမ်း နီးကပ်စွာ လိုက်ပါက ရိပ်မိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

"ဒီကောင်တွေ လူ ၃၀ လောက်တောင် ရှိတယ်... ဒီကို အုပ်စုလိုက် လာတာ ဆိုတော့ သေချာပေါက် ကိစ္စ တစ်ခုခု ရှိနေလို့ပဲ... နှမြောစရာကောင်းတာက သူတို့ ကားပေါ်မှာ စွမ်းအင်တုံး တစ်တုံးတည်းပဲ ရှိတာ... နောက်ထပ် နည်းနည်းလောက် ပိုရှိရင် ကောင်းမှာပဲ..."

ဆွန်ဖုန်းက နောက်မှ ဇိမ်ကျကျ လိုက်ပါလာခဲ့သည်။ အကွာအဝေးက တော်တော်လေး ဝေးသဖြင့် တစ်ဖက်လူကလည်း ရိပ်မိမည် မဟုတ်ပေ။

"ဒီလူတွေက မရိုးရှင်းဘူးနော်..."

အသံလက်ထောက်က ပြောလိုက်သည်။

"ဟွန်း... ဘယ်လောက်ပဲ စွမ်းစွမ်း ငါ့လက်ထဲကနေတော့ လွတ်မှာ မဟုတ်ပါဘူး..."

ဆွန်ဖုန်းက အေးစက်စက် ရယ်မောလိုက်သည်။

ရက်အနည်းငယ် ကြာပြီးနောက် ငွေရောင်ဝံပုလွေတို့ အဖွဲ့သည် သဲကန္တာရ၏ အစွန်အဖျားသို့ ရောက်ရှိသွားပြီး ယာစစ် ဟုခေါ်သော မြို့ငယ်လေး တစ်ခုဆီသို့ ဦးတည် သွားကြသည်။

"ဖာ့ခ်... ငါ ရေမချိုးရတာ တစ်ပတ်တောင် ရှိပြီ... နံဟောင်နေပြီ..."

နံပါတ် ၁၀ က ညည်းညူလိုက်သည်။

"ဒီနေရာက တကယ်ကို ဘာမှ မရှိတဲ့ နေရာပဲ..."

နောက်ထပ် ခရီးစဉ် တစ်ဝက်ခန့် မောင်းနှင်ပြီးနောက် ငွေရောင်ဝံပုလွေတို့ အဖွဲ့သည် ယာစစ် မြို့ငယ်လေးသို့ ရောက်ရှိသွားကြသည်။ အားလုံးက တည်းခိုခန်း သေးသေးလေး တစ်ခုကို ရှာပြီး တည်းခိုလိုက်ကြသည်။

ငွေရောင်ဝံပုလွေတို့ အဖွဲ့ ရောက်လာခြင်းက ဤမြို့ငယ်လေးမှ ဒေသခံများကို အလွန် အာရုံစိုက်သွားစေခဲ့သည်။ အတော်လေး သိသာ ထင်ရှားလွန်းသည်။

ပထမ အချက်က အသားအရောင် မတူခြင်း ဖြစ်ပြီး၊ ဒုတိယ အချက်က Off-road ကား ဆယ်စီးကျော် ပါဝင်သော ကြီးမားသည့် ယာဉ်တန်းကြီး ဖြစ်နေသောကြောင့်ပင်။ ဤကဲ့သို့ မြို့ငယ်လေးမျိုးတွင် ဤသို့သော မြင်ကွင်းမျိုး တွေ့ရခဲလှသည်။

လူ ၃၀ ကျော်က ဤတည်းခိုခန်းငယ်လေး တစ်ခုလုံးကို ငှားရမ်းလိုက်ရာ တည်းခိုခန်း ပိုင်ရှင်မှာ ပါးစပ်ပင် မစိနိုင်တော့အောင် ဝမ်းသာသွားတော့သည်။ စီးပွားရေး အကြီးကြီး ဖြစ်သွားသည် မဟုတ်ပါလား။

ငွေရောင်ဝံပုလွေတို့ နေရာချထားပြီး နာရီဝက်ခန့် အကြာတွင် ဆွန်ဖုန်းလည်း မြို့ငယ်လေး အတွင်းသို့ ရောက်ရှိလာသည်။ နေရာတစ်ခု ရှာပြီး အခြေချပြီးနောက် ဆွန်ဖုန်း တစ်ယောက်တည်း ငွေရောင်ဝံပုလွေတို့ ရှိရာ တည်းခိုခန်းဆီသို့ လမ်းလျှောက်လာခဲ့သည်။ ရှာဖွေရေး စနစ် ရှိသဖြင့် ငွေရောင်ဝံပုလွေတို့၏ နေရာကို အလွယ်တကူ ရှာတွေ့နိုင်ခဲ့သည်။

ဆွန်ဖုန်းသည် ဆေးလိပ် တစ်လိပ် မီးညှိကာ တည်းခိုခန်း ရှေ့မှ ခပ်ဖြည်းဖြည်း ဖြတ်လျှောက်သွားလိုက်သည်။ ယခုချက်ချင်း ဝင်ရောက်ပြီး စွမ်းအင်တုံးကို လုယူရန် အစီအစဉ် မရှိသေးပေ။ ဒီညမှ အခြေအနေကို အရင် စုံစမ်းကြည့်ရန် သူ ဆုံးဖြတ်ထားသည်။ ဤလူများက ဘယ်သူတွေလဲ ဆိုတာကို အရင် သိချင်သေးသည်။

ညအချိန် ရောက်သောအခါ... လေငြိမ်ပြီး မှောင်မိုက်နေသည်။

လူသားများ၏ အထွတ်အထိပ် စွမ်းရည်ကို ပိုင်ဆိုင်ထားသော ဆွန်ဖုန်းသည် တည်းခိုခန်း၏ အမိုးပေါ်သို့ အသံမမြည်ဘဲ ရောက်ရှိသွားသည်။ ရှာဖွေရေး စနစ်ကို အစွမ်းကုန် ဖွင့်ထားပြီး တည်းခိုခန်း အတွင်းရှိ လှုပ်ရှားမှု မှန်သမျှကို နားထောင်နေလိုက်သည်။

အထဲရှိ လူများက သူတို့၏ ခေါင်းပေါ်တွင် တစ်ယောက်ယောက်က စောင့်ကြည့်နေသည်ကို လုံးဝ မသိကြပေ။

ဆွန်ဖုန်းတွင် အသံကြားနိုင်၊ အဝေးကြည့်နိုင်သော စွမ်းရည်မျိုး ရှိနေမည်ကိုလည်း သူတို့ ထင်မှတ်ထားမည် မဟုတ်ပေ။ ရှာဖွေရေး စနစ်က တကယ်ကို အစွမ်းထက်လှပြီး အတွင်းပိုင်း အခြေအနေကို အသံရော ရုပ်ပုံပါ ရှင်းလင်းစွာ သိရှိနေရသည်။

အခန်း တစ်ခန်း အတွင်းတွင် ငွေရောင်ဝံပုလွေသည် အခန်းတွင်းကို သေချာ စစ်ဆေးပြီးနောက် သံသယ ဖြစ်စရာ မတွေ့ရသဖြင့် အိတ်ကပ်ထဲမှ တိကျ သေချာသော စက်ငယ်လေး တစ်ခုကို ထုတ်ယူလိုက်သည်။ ကြည့်ရသည်မှာ သေတ္တာငယ်လေး တစ်ခုနှင့် တူသည်။

သူက ထိုသေတ္တာငယ်လေးကို ဖွင့်ကာ ခလုတ်အချို့ကို နှိပ်ပြီးနောက် သေတ္တာငယ်လေးကို ကြည့်ကာ...

"ဌာနချုပ်... ကျွန်တော်တို့ စွမ်းအင်တုံး တစ်တုံး ရှာတွေ့ထားပါတယ်... တခြား ရှိသေးလား ဆိုတာတော့ မသိသေးပါဘူး... အခု လောလောဆယ် အနားယူနေပါတယ်... ပြီးရင် ဆက်ရှာဖို့ စီစဉ်ထားပါတယ်..."

ငွေရောင်ဝံပုလွေက အလွန် တိုတောင်း ပြတ်သားစွာ သတင်းပို့လိုက်သည်။

"ကောင်းပြီ... ငါ သိပြီ... သူတို့ကို အဲဒီမှာ ဆက်ရှာခိုင်းထားလိုက်... မင်းက နံပါတ် ၂ ကို ခေါ်ပြီး အဲဒီ စွမ်းအင်တုံးကို အရင် လုံခြုံအောင် ပြန်သယ်လာခဲ့..."

တစ်ဖက်မှ အသံ ထွက်ပေါ်လာသည်။ ငွေရောင်ဝံပုလွေက စကားပြောပြီးနောက် သေတ္တာငယ်လေးကို ပိတ်လိုက်သည်။ ထို့နောက် ဘာမှ မဖြစ်ခဲ့သလို အခန်းထဲမှ ထွက်လာပြီး သူ၏ ညီအစ်ကိုများနှင့် အပျော်အပါး ရှာရန် သွားလေသည်။

အမိုးပေါ်မှ ဆွန်ဖုန်းသည် အရာအားလုံးကို မြင်တွေ့ခဲ့ပြီး သူ၏ မျက်လုံးများက အရောင်လက်သွားသည်။

"စိတ်ဝင်စားစရာပဲ... သူတို့က စွမ်းအင်တုံး လို့တောင် သိနေကြတာလား... ဌာနချုပ်ကိုတောင် ပြန်သယ်သွားမယ်တဲ့... ဘယ်လို ဌာနချုပ်မျိုးလဲ... သူတို့က စွမ်းအင်တုံး အကြောင်းကို ဘာလို့ သိနေရတာလဲ..."

ဆွန်ဖုန်းက စိတ်ထဲတွင် တွေးတောနေမိသည်။

"ပိုင်ရှင်... နောက်ထပ် အချက် တစ်ခု တွေ့သေးတယ်"

ထိုအချိန်တွင် အသံလက်ထောက်က သတိပေးလိုက်သည်။

"ဘာ တွေ့လို့လဲ..."

"ဒီလူတွေ သုံးနေတဲ့ လက်နက်တွေက... အရင်တစ်ခေါက် ဖုန်းရွေ့ သုတေသနဌာနကို ဝင်စီးတဲ့ လူတွေ သုံးတဲ့ လက်နက်တွေနဲ့ အတူတူပဲ ဆိုတာ ကျွန်တော် တွေ့လိုက်ရတယ်..."

အသံလက်ထောက်က ပြောလိုက်သည်။

"ဘာ"

ဆွန်ဖုန်း အံ့ဩတကြီး ရေရွတ်လိုက်သည်။

ဤသတင်းက သူ့ကို အနည်းငယ် မထင်မှတ်ထားအောင် ဖြစ်စေခဲ့သည်။ ဆိုလိုသည်မှာ ဤလူများက ထာဝရ မဟာမိတ် အဖွဲ့အစည်းမှ လူများ ဖြစ်နေသည်ပေါ့။ ဤသို့ဆိုလျှင်တော့ ထူးဆန်းနေစရာ မလိုတော့ပေ။

ထာဝရ မဟာမိတ် က ကမ္ဘာမြေထက် အဆင့်မြင့်သော လက်နက်များကို တီထွင်နိုင်ပြီး၊ အဆင့်နိမ့် စွမ်းအင်ကို အသုံးပြု၍ ကနဦး လက်နက်များကို ဖန်တီးနိုင်သည် ဆိုတော့... ဤနေရာသို့ လာပြီး စွမ်းအင်တုံးများ ရှာဖွေနေခြင်းကလည်း ရှင်းလင်းသွားပြီ။ အကြောင်းမှာ သူတို့လည်း စွမ်းအင်တုံးများ လိုအပ်နေသောကြောင့်ပင်

"ဒါဆို အားလုံး ရှင်းသွားပြီပေါ့ တကယ်ကို မထင်ထားဘူး... ငါက သူတို့ကို သွားမရှာရသေးဘူး... သူတို့က ငါ့ရှေ့ကို ကိုယ်တိုင် ရောက်လာတာပဲ..."

ဆွန်ဖုန်းက သူ့ဘာသာ ရေရွတ်လိုက်သည်။

"သူတို့မှန်း သိနေပြီ ဆိုတော့... အခု ချက်ချင်း အကုန် ဖမ်းလိုက်ရအောင်... ဒီလောက် လူအများကြီး ဆိုတော့ တစ်ယောက်ယောက် ဆီကနေ အသုံးဝင်မယ့် သတင်းတွေ ရနိုင်မှာ သေချာတယ်... ဌာနချုပ် ဘယ်မှာ ရှိလဲ ဆိုတာတောင် သိနိုင်တယ်..."

အသံလက်ထောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"မဟုတ်ဘူး... ငါ့ရဲ့ ပစ်မှတ်က ဒီစွမ်းအင်တုံးနဲ့ ဒီလူ သွားမယ့် နေရာပဲ... သူတို့ကို အတင်းအကျပ် မေးမြန်းတာက အောက်တန်းကျတဲ့ နည်းလမ်းပဲ... ငါက သူတို့ နောက်ကို ဆက်လိုက်သွားတာကမှ အကောင်းဆုံး နည်းလမ်း ဖြစ်မယ်..."

ဆွန်ဖုန်း၏ မျက်လုံးထဲတွင် အကြံအစည်များ ပေါ်လာပြီး ဟီးဟီးဟားဟား ရယ်မောလိုက်သည်။

"သွားမယ်... ဒီလူ့ကို သေချာ မှတ်ထား... သူ ထွက်သွားတာနဲ့ ငါ ချက်ချင်း လိုက်မယ်... ထာဝရ မဟာမိတ် အဖွဲ့အစည်းရဲ့ အစစ်အမှန် မျက်နှာစာက ဘယ်လိုမျိုးလဲ ဆိုတာ ငါ တကယ် သိချင်နေပြီ..."

ဆွန်ဖုန်းက မျက်လုံး မှေးကာ ပြောလိုက်သည်။

"ကောင်းပြီ ပိုင်ရှင်... ခင်ဗျားရဲ့ အစီအစဉ်က တကယ် မိုက်တယ်..."

အသံလက်ထောက်က ဖော်လံဖားလိုက်သည်။

ငွေရောင်ဝံပုလွေနှင့် သူ၏ လက်အောက်ငယ်သားများက သူတို့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေသည် ဆိုတာကို လုံးဝ မသိကြပေ

အခန်းထဲတွင် ငွေရောင်ဝံပုလွေက လူအားလုံးကို ခေါ်ယူလိုက်သည်။

"အထက်က အမိန့် အသစ် ရောက်လာတယ်... မင်းတို့က ဒီနေရာမှာ ဆက်ပြီး ဥက္ကာခဲတွေကို ရှာနေရမယ်... အခြေအနေ ထူးခြားတာနဲ့ ချက်ချင်း သတင်းပို့ရမယ်... ငါနဲ့ နံပါတ် ၂ က ဒီစွမ်းအင်တုံးကို အရင် ပြန်သယ်သွားမယ်..."

ငွေရောင်ဝံပုလွေက လူအားလုံးကို မှာကြားလိုက်သည်။

"ဟုတ်ကဲ့ပါ ခေါင်းဆောင်"

မည်သူမျှ မငြင်းဆန်ရဲကြပေ။

"ဟားဟား... အရမ်း ကောင်းတာပဲ... နောက်ဆုံးတော့ ဒီသောက်ကျိုးနည်း နေရာကြီးကနေ ငါ ထွက်သွားရတော့မယ်... ညီအစ်ကိုတို့... မင်းတို့ပဲ ဒီမှာ ဆက်ပြီး ရှာကြတော့နော်... ဟားဟား..."

နံပါတ် ၂ က ဒီသတင်းကို ကြားသောအခါ ပြုံးဖြီးဖြီးဖြင့် အလွန် ဝမ်းသာသွားတော့သည်။

All Chapters