← Chapters

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း ၂၇၇ - မြေအောက် သုတေသနဌာန

"ဟင်းဟင်း... သာမန် ဝန်ထမ်း တစ်ယောက်က သေနတ် ကိုင်ထားတယ်ပေါ့လေ... ဒါဆို ဒါက ဘာလဲ..."

ဆွန်ဖုန်းက နံပါတ် ၂ ၏ ကိုယ်ပေါ်မှ ပစ္စတို တစ်လက်ကို ရှာဖွေတွေ့ရှိပြီးနောက် သူ့မျက်စိရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

ဆွန်ဖုန်းက သူ့ကိုယ်ပေါ်မှ သေနတ်ကို ရှာတွေ့သွားသည်ကို မြင်သောအခါ အစက အရူးဟန်ဆောင်နေသော နံပါတ် ၂ မှာ ချက်ချင်း မှင်တက်သွားပြီးနောက် အသံကျယ်ကြီးဖြင့် အော်ဟစ်ရန် ပြင်လိုက်သည်။

သို့သော် ဆွန်ဖုန်းက သူ့ကို အခွင့်အရေး ပေးမည် မဟုတ်ပေ။ ဆွန်ဖုန်း၏ လျင်မြန်လှသော တုံ့ပြန်မှုဖြင့် နံပါတ် ၂ ၏ လည်ပင်းကို ချက်ချင်း ညှစ်ထားလိုက်ရာ သူ စကား မပြောနိုင်တော့ဘဲ အပြင်းအထန် ချောင်းဆိုးလာတော့သည်။ ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေသော မျက်နှာမှာလည်း နီရဲလာပြီး မျက်လုံးများက ပြူးထွက်လုမတတ် ဖြစ်နေသည်။

"လူခေါ်ချင်လို့လား... မြန်မြန် သေချင်နေတာလား..."

ဆွန်ဖုန်းက အေးစက်စက် ရယ်မောလိုက်သည်။

"မြေအောက် သုတေသနဌာနရဲ့ ဝင်ပေါက် ဘယ်မှာလဲ ဆိုတာ မြန်မြန် ပြောစမ်း..."

ဆွန်ဖုန်းက နံပါတ် ၂ စကားပြောနိုင်ရုံလောက်သာ လက်ကို အနည်းငယ် လျှော့ပေးလိုက်သည်။

"မင်း စိတ်ကူးတောင် မယဉ်နဲ့... ငါ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး... သတ်ချင်ရင်လည်း မြန်မြန် သတ်လိုက်..."

နံပါတ် ၂ က သွားကြိတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ မျက်နှာမှာ အလွန် ကြောက်မက်ဖွယ် ကောင်းနေသည်။

"ငါ့မှာ အချိန် သိပ်မရှိဘူး... မင်းကို နောက်ဆုံး တစ်ခေါက် ထပ်မေးမယ်... ပြောမလား... မပြောဘူးလား..."

ဆွန်ဖုန်း၏ တစ်ကိုယ်လုံးမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာပြီး မျက်လုံးများက ထက်မြက်သော ဓားတစ်လက်လို တောက်ပနေသည်။ နံပါတ် ၂ မှာ ရေခဲတိုက်ထဲ ရောက်သွားသလိုပင် အေးစက်မှုကို ခံစားလိုက်ရသည်။

"ငါ... လုံးဝ... မပြောဘူး"

နံပါတ် ၂ က ပြတ်သားစွာ ပြောလိုက်သည်။

"ဒါဆိုရင်လည်း သွားသေလိုက်တော့"

ဆွန်ဖုန်းမှာ ဒေါသ အလွန် ထွက်သွားပြီး လက်ကို အားကုန် ညှစ်ချလိုက်ရာ နံပါတ် ၂ ကို ချက်ချင်း သတ်ပစ်လိုက်တော့သည်။

"ဂွပ်" ဆိုသော အသံနှင့်အတူ နံပါတ် ၂ ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခေါင်းမာမာဖြင့် အသက်ထွက်သွားလေသည်။

"ဟွန်း... ကံဆိုးတာပဲ"

ဆွန်ဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။ ဤလူယုတ်မာများက တကယ့်ကို ခေါင်းမာလွန်းလှသည်။

"ပိုင်ရှင်... ခင်ဗျား နည်းနည်းများ စိတ်လိုက်မာပါ ဖြစ်သွားတာလား..."

အသံလက်ထောက်က မေးလိုက်သည်။

"မဟုတ်ဘူး... မဟုတ်ဘူး... ငါ ဝင်ဖို့ တခြား နည်းလမ်း ရှိပါတယ်... ဝင်ပေါက်က ခုနက သူတို့ ထွက်လာတဲ့ နေရာမှာများ ရှိမလားလို့ ငါ ခန့်မှန်းမိတယ်... ငါတို့ သွားကြည့်ကြတာပေါ့..."

ဆွန်ဖုန်းက ပြောလိုက်သည်။

ဆွန်ဖုန်းသည် သိုလှောင်ရေး နေရာလွတ်ထဲမှ ရေငုပ်ဝတ်စုံကို ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။ ထို့နောက် အကာအကွယ် ဒိုင်းကို ဖွင့်လိုက်ရာ အကာအကွယ် ဒိုင်းက ရေငုပ်ဝတ်စုံကို အတိအကျ ဖုံးလွှမ်းသွားသည်။

ဤသို့ဖြင့် ဆွန်ဖုန်းသည် အပြင်လူများ အမြင်တွင် အသွေးအသား မရှိသော ပွင့်လင်းမြင်သာသည့် လူသား တစ်ယောက်လို ဖြစ်သွားပြီး၊ ပိုမှန်အောင် ပြောရလျှင် ကိုယ်ပျောက်နေသူ တစ်ယောက်လို ဖြစ်သွားသည်။

ဆွန်ဖုန်း တစ်ယောက် သူတပါး၏ ရှေ့တည့်တည့်တွင် ရပ်နေလျှင်တောင်မှ မည်သူမျှ မြင်တွေ့နိုင်မည် မဟုတ်တော့ပေ။ အကာအကွယ် ဒိုင်း၏ စွမ်းရည်က တကယ်ကို အံ့မခန်း ဖြစ်ပြီး ကမ္ဘာမြေ၏ နည်းပညာကို နှစ်ရာချီ ကျော်လွန်နေကြောင်း သက်သေပြနေသည်။

ယခုအခါ ကိုယ်ပျောက်နေသူ တစ်ဦး ဖြစ်သွားပြီ ဖြစ်ရာ ဆွန်ဖုန်းသည် ခုနက အဆောက်အအုံ အတွင်းသို့ ရဲရဲတင်းတင်း ဝင်ရောက်သွားလေသည်။

"အယ်... အဘိုးကြီး နှစ်ယောက် ဝင်သွားတာပဲ... ငါတို့ လိုက်သွားကြစို့"

ဆွန်ဖုန်းသည် ဤနေရာတွင် ဆယ်မိနစ်ခန့် စောင့်ကြည့်ပြီးနောက် အဖြူရောင် ကုတ်အင်္ကျီ ဝတ်ဆင်ထားသော အဘိုးကြီး နှစ်ဦး အဆောက်အအုံ အတွင်းသို့ အလျင်စလို ဝင်ရောက်သွားသည်ကို မြင်သောအခါ ချက်ချင်း လိုက်ပါသွားခဲ့သည်။

ထင်ထားသည့်အတိုင်းပင် မြေညီထပ် ဧည့်ခန်းမသို့ ဝင်ရောက်ပြီးနောက် ထိုအဘိုးကြီး နှစ်ဦးသည် ဓာတ်လှေကား ရှေ့တွင် ရပ်ကာ စကားဝှက် ရိုက်ထည့်ခြင်း၊ လက်ဗွေရာ စစ်ဆေးခြင်းနှင့် မျက်နှာဖတ် စနစ်များဖြင့် လုံခြုံရေး အဆင့်ဆင့်ကို ကျော်ဖြတ်နေသည်ကို တွေ့ရသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆွန်ဖုန်း လာရောက်သော နေရာ မှန်ကန်ကြောင်း သေချာသွားသည်။ သာမန် စက်ရုံ တစ်ခုသာ ဆိုလျှင် ဤမျှ အဆင့်မြင့်သော လုံခြုံရေး စနစ်များ ရှိနေမည် မဟုတ်ပေ။

ဆွန်ဖုန်းသည် သူတို့၏ နောက်မှ အသံမထွက်စေဘဲ တိတ်တဆိတ် လိုက်ပါသွားသည်။ ထိုအဘိုးကြီး နှစ်ဦးသည်လည်း ထူးခြားမှု တစ်စုံတစ်ရာကို မရိပ်မိကြပေ။

"ဟော့စ်ကင်... ငွေရောင်ဝံပုလွေ က စွမ်းအင်တုံး တစ်တုံး ပြန်သယ်လာပြီလို့ ကြားတယ်... ဒီတစ်ခေါက်တော့ ငါတို့ လက်နက် အသစ်တွေ အများကြီး ထုတ်လုပ်နိုင်တော့မယ်... ပြီးတော့ သုတေသန လုပ်ငန်းတွေကိုလည်း ဆက်လုပ်လို့ ရပြီ... စွမ်းအင်တုံး မရှိလို့ ငါတို့ရဲ့ သုတေသနတွေ ရပ်ဆိုင်းနေတာ သုံးလေးနှစ်တောင် ရှိပြီလေ... ဒါက တကယ့်ကို သတင်းကောင်းပဲ..."

အက်ဘီဂေး က ဟော့စ်ကင် ကို ပြောလိုက်သည်။

"မှန်တယ်... ငါတို့ရဲ့ သုတေသန လုပ်ငန်းတွေက စွမ်းအင်တုံး မရှိရင် ဘာမှ ဆက်လုပ်လို့ မရဘူး... ဒါပေမဲ့ ဒီစွမ်းအင်တုံးတွေက ကမ္ဘာပေါ်မှာ မရှိဘူးလေ... အာကာသ ထဲမှာပဲ ရှိတာ... ဒါက တကယ်ကို ခေါင်းကိုက်စရာပဲ... ဒီလိုမှ မဟုတ်ရင် ထာဝရ မဟာမိတ် အဖွဲ့အစည်းက ဒီလောက် အရှိန်အဟုန် နှေးကွေးနေမှာ မဟုတ်ဘူး..."

ဟော့စ်ကင် က သက်ပြင်းချကာ ပြောလိုက်သည်။

"ဟုတ်ပါရဲ့... ငါတို့ မသေခင်မှာ ပိုပြီး အဆင့်မြင့်တဲ့ လက်နက်တွေ တီထွင်နိုင်ဖို့ မျှော်လင့်ပါတယ်... အဲဒီ ဂြိုဟ်သား အာကာသယာဉ်ကြီးကို စက်နှိုးနိုင်ရင် အကောင်းဆုံးပဲ... ဒါဆို အာကာသထဲ ထွက်ပြီး စွမ်းအင်တုံးတွေ အများကြီး သွားရှာလို့ ရပြီလေ..."

အက်ဘီဂေး က ပြောလိုက်သည်။

"ဟင်း... အဲဒါကိုတော့ သိပ်မစဉ်းစားပါနဲ့... နှစ်ပေါင်းများစွာ လေ့လာချက် အရ အဲဒီ အာကာသယာဉ်ကြီးကို စက်နှိုးဖို့ ဆိုရင် အနည်းဆုံး စွမ်းအင်တုံး အတုံး ၂၀ လောက် လိုအပ်တယ်... ငါတို့က အဲဒီလောက် များတဲ့ စွမ်းအင်တုံးတွေကို ဘယ်က သွားရှာမလဲ..."

ဓာတ်လှေကား အတွင်းရှိ အဘိုးကြီး နှစ်ဦး၏ တိုးတိုးလေး ပြောဆိုနေမှုများက သူတို့ နောက်မှ လိုက်လာသော ဆွန်ဖုန်း၏ ရင်ထဲတွင် ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားစေခဲ့သည်။

ဂြိုဟ်သား အာကာသယာဉ်၊ စွမ်းအင်တုံး နှင့် သူတို့ ပြောနေသော လက်နက်အသစ် ဤအရာများ အားလုံးက ထိုဂြိုဟ်သား အာကာသယာဉ်ကြီးနှင့် ပတ်သက်နေကြောင်း ဆွန်ဖုန်း ချက်ချင်း သဘောပေါက်သွားသည်။

"ဒီလူသတ်သမားတွေက ဘာလို့ ဒီလောက် အဆင့်မြင့်တဲ့ လက်နက်တွေ ကိုင်ဆောင်ထားလဲ ဆိုတာ နားလည်သွားပြီ... ကြည့်ရတာ ထာဝရ မဟာမိတ် အဖွဲ့အစည်းက ဂြိုဟ်သား အာကာသယာဉ် တစ်စင်းကို ရထားပြီး အဲဒီက နည်းပညာတွေကို လေ့လာပြီးမှ ဒီအဆင့်မြင့် လက်နက်တွေကို တီထွင်ထားတာ ဖြစ်ရမယ်... ပြီးတော့ ဒီခေတ်သစ် လက်နက် နည်းပညာတွေ အားလုံးက စွမ်းအင်တုံးတွေ လိုအပ်တယ် ဆိုတာကိုလည်း သူတို့ သိထားကြတယ်... ဒီလို ဆိုတော့ ကိစ္စ အားလုံးက ရှင်းလင်းသွားပြီပေါ့..."

ဆွန်ဖုန်းက စိတ်ထဲမှနေ၍ အသံလက်ထောက်ကို ပြောလိုက်သည်။

"ဟုတ်တယ်... ဒါဆို အားလုံး ရှင်းလင်းသွားပြီ... ဘာမှ ဆက်ပြီး ခန့်မှန်းနေစရာ မလိုတော့ဘူး... ဒါပေမဲ့ ကျွန်တော်တို့ မထင်ထားတာက... ဒီ ထာဝရ မဟာမိတ် အဖွဲ့အစည်းကလည်း ဂြိုဟ်သား နည်းပညာတွေကို ရရှိထားတာပဲ... ဒါ့အပြင် ကျွန်တော်တို့ ဂြိုဟ်သား အာကာသယာဉ်ကို တွေ့ခဲ့သလို သူတို့လည်း တွေ့ခဲ့တာပဲ... ကြည့်ရတာ ကမ္ဘာမြေပေါ်မှာ တခြား ဂြိုဟ်သား ယာဉ်တွေလည်း ကျရောက်နေသေးတယ် ထင်တယ်..."

အသံလက်ထောက်က ပြန်ပြောသည်။

"ဟုတ်တယ်... ဒီသုတေသနဌာနက ဘယ်အဆင့်ထိ ရောက်နေပြီလဲ၊ ဘာတွေများ တီထွင်ထားလဲ ဆိုတာကို အချိန်ကျရင် လေ့လာကြည့်ကြတာပေါ့... ပြီးတော့ အဲဒီ ဂြိုဟ်သား အာကာသယာဉ်ကြီးက ဘယ်လောက်တောင် မိုက်လဲ ဆိုတာကိုလည်း သွားကြည့်ရမယ်..."

ဆွန်ဖုန်းက အေးစက်စက် ပြုံးလိုက်သည်။

မြေအောက် သုတေသနဌာနနှင့် ဓာတ်လှေကား အတွင်းရှိ အဘိုးကြီး နှစ်ဦးမှာ တစ်စုံတစ်ယောက် ကျူးကျော် ဝင်ရောက်လာသည်ကို လုံးဝ မသိကြပေ။ သို့သော် သူတို့ကို အပြစ်တင်၍တော့ မရပေ။ ဆွန်ဖုန်း၏ နည်းပညာက သူတို့ထက် အများကြီး ပိုမို အဆင့်မြင့်နေသောကြောင့်ပင်

ထို့နောက် ဆွန်ဖုန်းသည် ထိုအဘိုးကြီး နှစ်ဦး၏ နောက်မှ လိုက်ပါသွားကာ လုံခြုံရေး ဂိတ်များကို တစ်ခုပြီး တစ်ခု ဖြတ်ကျော်ပြီး နောက်ဆုံးတွင် မြေအောက် သုတေသနဌာန အတွင်းသို့ ရောက်ရှိသွားသည်။

လမ်းတစ်လျှောက် မြင်တွေ့ခဲ့ရသည်များကို ကြည့်ခြင်းအားဖြင့် ဤမြေအောက် သုတေသနဌာနတွင် ဌာနခွဲများစွာ ရှိကြောင်း ဆွန်ဖုန်း သိလိုက်ရသည်။ နောက်ဆုံးတွင် ဆွန်ဖုန်းသည် ထိုအဘိုးကြီး နှစ်ဦးနှင့်အတူ အလွန် ကျယ်ဝန်းသော အခန်းကြီး တစ်ခု အတွင်းသို့ ရောက်ရှိသွားသည်။

ထိုအခန်းကြီး အတွင်းတွင် သုတေသန ကိရိယာပေါင်း များစွာ ရှိနေပြီး ဆွန်ဖုန်း အနေဖြင့် အားလုံးကို လိုက်မကြည့်နိုင်တော့ပေ။ ထိုနေရာတွင် လူ ဆယ်ဂဏန်းခန့် အလုပ်များနေကြသည်။

"ပါရဂူ နှစ်ယောက် ရောက်လာပြီလား... ဟားဟား... စွမ်းအင်တုံးကို ယူလာပေးပါပြီ... ခင်ဗျားတို့ သုတေသန လုပ်ငန်းတွေကို ဆက်လုပ်လို့ ရပါပြီ..."

လူလတ်ပိုင်း တစ်ဦးက ငွေရောင်ဝံပုလွေကို ခေါ်ကာ အက်ဘီဂေး နှင့် ဟော့စ်ကင် တို့ကို ဝမ်းသာအားရ လာရောက် နှုတ်ဆက်သည်။

"ဟားဟား... စွမ်းအင်တုံးကို လာပို့ပေးတဲ့ ဟီဘရူး မန်နေဂျာကို အရမ်း ကျေးဇူးတင်ပါတယ်... ဒီစွမ်းအင်တုံးလေး ရလာပြီ ဆိုတော့ ပိုပြီး အဆင့်မြင့်တဲ့ တစ်ကိုယ်တော် တိုက်ခိုက်ရေး လက်နက်တွေ ထုတ်လုပ်နိုင်ဖို့ ကျွန်တော်တို့မှာ ယုံကြည်မှု ရှိပါတယ်..."

အက်ဘီဂေး က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

"အင်း... အရမ်း ကောင်းတယ်... ဒါဆို ပါရဂူတို့ကိုပဲ အားကိုးရတော့မယ်..."

ဟီဘရူး က ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။

"ဒါနဲ့ ပါရဂူတို့... စွမ်းအင်တုံးကို ပေါင်းစပ် ဖန်တီးတဲ့ နေရာမှာ တိုးတက်မှု တစ်ခုခုများ ရှိပြီလား..."

"ဟင်း... မရှိသေးဘူးဗျ... ဘာအကြောင်းကြောင့်မှန်း မသိဘူး... စွမ်းအင်တုံးကို လူလုပ်နည်းနဲ့ ပေါင်းစပ် ဖန်တီးဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပါပဲ... ကျွန်တော်တို့ လေ့လာနေတာ ဆယ်နှစ်ကျော်ပြီ... အခုထိ ဘာတိုးတက်မှုမှ မရှိသေးဘူး... အဖွဲ့အစည်းကို တကယ် အားနာမိပါတယ်..."

ဟော့စ်ကင် က ပြောလိုက်သည်။

ထာဝရ မဟာမိတ် အဖွဲ့အစည်းသည် လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက စွမ်းအင်တုံးကို လူလုပ်နည်းဖြင့် ဖန်တီးရန် ကြိုးစားနေခဲ့သည်။ အကြောင်းမှာ သဘာဝ စွမ်းအင်တုံးများကို ရှာဖွေရန် အလွန် ခက်ခဲလွန်းသောကြောင့်ပင်။

ထို့ကြောင့် သူတို့သည် ဤသုတေသနအတွက် ကြီးမားသော ငွေကြေးများကို ရင်းနှီးမြှုပ်နှံခဲ့သော်လည်း ယနေ့တိုင်အောင် ဘာတိုးတက်မှုမှ မရှိသေးပေ။

သူတို့ အဖွဲ့အစည်းက ရာစုနှစ် တစ်ခုတိုင်တိုင် တည်ရှိနေပြီး ဤဂြိုဟ်သား အာကာသယာဉ်ကို ရရှိခဲ့သည်မှာလည်း အနှစ် လေးငါးဆယ်ခန့် ရှိနေပြီ ဖြစ်သည်။

ယခုအခါ သူတို့သည် မြေအောက် အင်အားစုကြီး တစ်ခု ဖြစ်နေပြီ ဖြစ်သော်လည်း ရှေ့သို့ ဆက်လက် တိုးတက်ရန်အတွက် ပိုမို အဆင့်မြင့်သော အရာများကို တီထွင်ရန် လိုအပ်သည်။

သို့သော် ပိုမို အဆင့်မြင့်သော အရာများကို တီထွင်နိုင်ရန် စမ်းသပ်မှုများ ပြုလုပ်ရန် စွမ်းအင်တုံး အလုံအလောက် လိုအပ်သည်။ ထို့ကြောင့် လူလုပ် စွမ်းအင်တုံးများကို ဖန်တီးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် စွမ်းအင်တုံး ဆိုသည်မှာ ဤမျှ အလွယ်တကူ ဖန်တီးနိုင်သော အရာမျိုး မဟုတ်ပေ။

All Chapters