← Chapters

အခန်း ၂၇၉

Vol. 28 Ch. 279

အခန်း ၂၇၉

Vol. 28 Ch. 279

အခန်း ၂၇၉ - ပေါက်ကွဲမှု

"နားလည်ပြီ..."

ဆွန်ဖုန်းသည် အသံလက်ထောက်နှင့် စကားဆက်မပြောတော့ဘဲ ရေငုပ်ဝတ်စုံကို တံခါးရှေ့ဆီသို့ တိုက်ရိုက် မောင်းနှင်သွားလိုက်သည်။ ရေငုပ်ဝတ်စုံ၏ လက်နှစ်ဖက်မှ တစ်မီတာခန့် ရှည်လျားသော အပြာရောင် အလင်းတန်း နှစ်ခုက ရုတ်ချည်း ထွက်ပေါ်လာ၏။

"ဒိုင်း... ဒိုင်း... ဒိုင်း..."

ထိုအပြာရောင် အလင်းတန်း နှစ်ခုသည် သတ္တုစပ် တံခါးကြီးကို ချက်ချင်း ထိုးဖောက် ဝင်ရောက်သွားလေသည်။ အင်မတန် မာကျောလှပါသည်ဆိုသော သတ္တုတံခါးကြီးမှာ အပြာရောင် လေဆာနှင့် ထိတွေ့လိုက်သည်နှင့် မျက်စိတစ်မှိတ် အတွင်း၌ပင် အရည်ပျော်ကျသွားတော့သည်။

နှစ်စက္ကန့်မျှသာ ကြာလိုက်သည်။ ဆွန်ဖုန်းသည် သတ္တုတံခါးကြီးကို အပိုင်းပိုင်း အစစ ဖြတ်တောက်လိုက်ရာ သတ္တုစ အကြွင်းအကျန်တို့သည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ဆွန်ဖုန်းက အပြာရောင် လေဆာကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး အတွင်းသို့ လျင်မြန် ဖြတ်လတ်စွာ ဝင်ရောက်သွားလိုက်သည်။

---

ထိုအချိန် စောင့်ကြည့်ရေး အခန်း အတွင်း၌မူ အခြေအနေများမှာ ကမောက်ကမ ဖြစ်သွားလေပြီ။

"ဒုက္ခပါပဲ... အောက်ဆုံးထပ်က ကင်မရာ နှစ်ခု ရုတ်တရက် ပျက်သွားပြီ..."

စောင့်ကြည့်ရေး ဝန်ထမ်း တစ်ယောက်က အောက်ဆုံးထပ်၏ မြင်ကွင်းများ ရုတ်တရက် အမည်းရောင် ပြောင်းသွားသည်ကို မြင်လိုက်ရသဖြင့် အလန့်တကြား လှမ်းအော်ပြောလိုက်သည်။

"လုံခြုံရေး ဌာနကို အခုချက်ချင်း သတင်းပို့... အဲဒီကို သွားစစ်ခိုင်း... ပြီးတော့ အဲဒီမှာ စောင့်နေတဲ့ အစောင့် နှစ်ယောက်ကိုလည်း ဘာဖြစ်တာလဲဆိုတာ ချက်ချင်း လှမ်းမေးကြည့်စမ်း..."

အသံကြားသည်နှင့် ပြေးလာသော အဖွဲ့ခေါင်းဆောင်က အလောတကြီး အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ..."

ဝန်ထမ်းဖြစ်သူကလည်း အစောင့် နှစ်ယောက်ထံသို့ အမြန် ဆက်သွယ်လိုက်သည်။

"တူ... တူ... တူ..."

အဆက်အသွယ် မရရှိကြောင်း ပြသနေသော ဆက်သွယ်ရေးစက်၏ အသံသာလျှင် တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ထွက်ပေါ်လာသည်။

"ခေါင်းဆောင်... သူတို့ ပြန်မထူးဘူး... တစ်ခုခု ဖြစ်ပြီ ထင်တယ်..."

"အချက်ပေး ခေါင်းလောင်းကို အခုချက်ချင်း နှိပ်လိုက်..."

ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာမှာ ဖြူရော်သွားပြီး အမိန့်ပေးလိုက်တော့သည်။

"ဟုတ်ကဲ့ပါ..."

ဆွန်ဖုန်း အခန်းထဲသို့ ဝင်ရောက်သွားပြီး ငါးစက္ကန့်ခန့် အကြာတွင်ပင် မြေအောက် သုတေသနဌာန တစ်ခုလုံး၌ အချက်ပေး ခေါင်းလောင်းသံများ ဆူညံစွာ မြည်ဟည်းလာတော့သည်။ နောက်တစ်စက္ကန့်၌မူ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော လူလေးငါးအုပ်ခန့်သည် အောက်ဆုံးထပ်သို့ အပြေးအလွှား ဆင်းလာကြလေသည်။

"ဘာဖြစ်တာလဲ... လူဝင်လာလို့လား..."

သုတေသန လုပ်နေကြသော အက်ဘီဂေးနှင့် ဟော့စ်ကင်တို့သည် ခေါင်းမော့လာကြကာ တစ်ယောက်မျက်နှာ တစ်ယောက် အံ့ဩတကြီး ကြည့်လိုက်မိကြသည်။

ဤမြေအောက် သုတေသနဌာနကြီးကို တည်ဆောက်ထားသည်မှာ ဆယ်နှစ်ကျော် သက်တမ်းရှိနေပြီ ဖြစ်သည်။ သို့သော် ဤကဲ့သို့သော ထိတ်လန့်ဖွယ် အခြေအနေမျိုး တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးခဲ့ပေ။

ဤနေရာသည် အင်မတန် လျှို့ဝှက်သကဲ့သို့ အတွင်းရော အပြင်ပါ လုံခြုံရေးကွန်ရက် အလွန် တင်းကျပ်လှမှန်း သူတို့ ကောင်းကောင်း သိကြသည်။ ဒါကို ဘယ်လိုလုပ်ပြီး ပြဿနာ တက်နိုင်ရသနည်း။

မြေအောက် သုတေသနဌာန အပေါ်ထပ်တွင်မူ ငွေရောင်ဝံပုလွေက ဟီဘရူးအား နှုတ်ဆက်ရန် ပြင်ဆဲ ရှိသေးသည်။ ထိုအချိန်မှာပင် သူတို့ နှစ်ယောက်စလုံး ဤသတင်းဆိုးကို ကြားလိုက်ရလေသည်။

"သွားမယ်... အောက်ကို သွားကြည့်ရအောင်..."

သူတို့ နှစ်ယောက်လည်း ချက်ချင်းပင် လှည့်၍ မြေအောက်ထပ်ဆီသို့ ပြေးဆင်းသွားကြသည်။

---

"လူမိသွားပြီဗျ... မြန်မြန်... မြန်မြန်လုပ်..."

အသံလက်ထောက်က ဝမ်းသာအားရ အော်ဟစ်နေသည်။ ဤကဲ့သို့ စိတ်လှုပ်ရှားဖွယ် အခြေအနေမျိုးကို သူက အလွန် သဘောကျ နှစ်ခြိုက်နေပုံ ရသည်။

"သိမ်းလိုက်မယ်..."

ဆွန်ဖုန်းကလည်း အချိန်ဆွဲနေ၍ မရတော့မှန်း သိလိုက်သည်။ ထို့ကြောင့် ရေငုပ်ဝတ်စုံကို သိုလှောင်ရေး နေရာလွတ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်သည်။

သူ တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်ပြီး အကြီးအကျယ် ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်သည်။ မိမိ၏ ကိုယ်ပိုင် စွမ်းရည်များကို သူ အပြည့်အဝ ယုံကြည်ထားသည် မဟုတ်ပါလား။

"ပိုင်ရှင်... ရှေ့က ဂြိုဟ်သား အာကာသယာဉ်ကို အရင် သိမ်းလိုက်ဦး... ပြီးမှ အပြင်ထွက်ပြီး သောင်းကျန်းတာပေါ့..."

အသံလက်ထောက်က သတိပေးလိုက်သည်။

"အေး... ဟုတ်သားပဲ..."

ဆွန်ဖုန်း၏ ရှေ့မှောက်တွင် တည်ရှိနေသော ထိုဂြိုဟ်သား အာကာသယာဉ်ကြီးမှာ ခရီးသည်တင် ဘိုးအင်းလေယာဉ် နှစ်စင်းစာခန့် ကြီးမားထွားကြိုင်းလှသည်။ ဘဲဥပုံသဏ္ဍာန် ရှိပြီး ဤကျယ်ဝန်းလှသော အခန်းကြီးထဲတွင် ရပ်နားထားခြင်း ဖြစ်သည်။

အပြင်ပန်းမှ ကြည့်မည်ဆိုလျှင်တော့ ဘာမျှ ထူးခြားချက် မတွေ့ရပေ။ တစ်ကိုယ်လုံးကို အနီရောင် သတ္တုများဖြင့် ပြုလုပ်ထားပြီး ပြောင်လက်တောက်ပနေသည်။

"သိမ်းလိုက်ပြီ..."

ဆွန်ဖုန်းက သိုလှောင်ရေး နေရာလွတ်ကို ထပ်မံ ဖွင့်လှစ်လိုက်ပြီး ထိုအာကာသယာဉ်ကြီးကို အထဲသို့ ထည့်သိမ်းလိုက်သည်။

ဤနေရာတွင် သုတေသန ပညာရှင်များ မရှိနေသည်မှာ ကံကောင်းလှသည်။ မဟုတ်လျှင် ဆွန်ဖုန်း အနေဖြင့် သွေးထွက်သံယိုမှုများ ပြုလုပ်ရဦးမည်မှာ အသေအချာပင်။

အားလုံး ပြီးစီးသွားသည်နှင့် ဆွန်ဖုန်းက ပစ္စတို နှစ်လက်ကို ထုတ်ယူလိုက်ကာ ဤနေရာမှ အမြန် ပြေးထွက်လာခဲ့သည်။ အပြင်သို့ ရောက်သည်နှင့် အောက်သို့ ပြေးဆင်းလာသော ပထမဆုံး အုပ်စုမှ လူလေးငါးယောက်နှင့် တည့်တည့် တိုးတော့သည်။

"ဒုက္ခပါပဲ... တကယ် လူဝင်လာတာပဲ... ပစ်... အသေပစ်..."

ထို လူလေးငါးယောက်သည် နှာခေါင်းစည်းနှင့် နေကာမျက်မှန် တပ်ဆင်ထားသော ဆွန်ဖုန်းကို မြင်လိုက်ရသည်။ သေနတ် နှစ်လက် ကိုင်ဆောင်ထားသော အမျိုးသား တစ်ဦးကို မြင်သည်နှင့် လုံးဝ စကားပြောမနေတော့ဘဲ ချက်ချင်း ပစ်သတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော် ဆွန်ဖုန်း၏ တုံ့ပြန်မှုက သူတို့ထက် အဆပေါင်းများစွာ ပို၍ မြန်ဆန်နေသည်။ သူ၏ လျင်မြန်မှုနှင့် အာရုံကြော တုံ့ပြန်မှုများက ထိုလူများ ယှဉ်ပြိုင်နိုင်စွမ်း မရှိသော အဆင့်တွင် ရှိနေသည်။ သူတို့ သေနတ်မောင်း တင်နေချိန်မှာပင် ဆွန်ဖုန်း၏ ပစ္စတို နှစ်လက်က စတင် ပစ်ခတ်နေပြီ ဖြစ်သည်။

"ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း..."

သေနတ်သံ ငါးချက် ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ကျည်ဆန် ငါးတောင့်သည် ထိုလူငါးယောက်၏ မျက်ခုံးနှစ်ခုကြားသို့ တည့်မတ်စွာ ဖောက်ဝင်သွားတော့သည်။ ရာနှုန်းပြည့် တိကျလှသော စူပါ သေနတ်သမားပင်။

ထိုလူငါးယောက်မှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ မျက်လုံးများ ပြူးကျယ်လျက် လဲကျ သေဆုံးသွားကြရသည်။ သူတို့ အသက်ထွက်သွားသည့် အချိန်အထိ တစ်ဖက်လူ၏ တုံ့ပြန်မှုနှင့် သေနတ်ပစ် စွမ်းရည်က ဘာကြောင့် ဤမျှ တိကျမြန်ဆန်နေရသနည်းဟု နားမလည်နိုင်ခဲ့ကြပေ။

ဆွန်ဖုန်းက လူသတ်ပြီးသည်နှင့် ဤနေရာတွင် ဆက်မနေတော့ပေ။ နောက်ထပ် ရန်သူများ အမြောက်အမြား ရောက်လာတော့မည်ကို သူ ကောင်းကောင်း သိထားသည်။ ထို့ကြောင့် ပြောက်ကျားစစ် ဆင်နွှဲရန် ဆုံးဖြတ်လိုက်သည်။

"တစ်ခါတွေ့ရင် ငါးယောက်သတ်မယ်... ပြီးတာနဲ့ ချက်ချင်း နေရာပြောင်းမယ်... လေလို လျင်မြန်စွာ ပျောက်ကွယ်သွားမယ်..."

"မြန်မြန်... မြန်မြန်လုပ်... လိုက်ကြ... လမ်းကြောင်းတွေ အကုန် ပိတ်ထား... မသင်္ကာစရာ လူတွေ့တာနဲ့ ချက်ချင်း အသေသတ်..."

ငွေရောင်ဝံပုလွေက လျင်မြန်စွာ ဆင်းလာခဲ့သည်။ လုံခြုံရေး အဖွဲ့မှ လူနှစ်ဆယ်ကျော်ကို ခေါ်ဆောင်ကာ အောက်ဆုံးထပ်ဆီသို့ ပြေးဆင်းလာတော့သည်။

တစ်မိနစ်ခန့် အကြာမှာတော့ နောက်ထပ် လူနှစ်အုပ် သုံးအုပ်ခန့် အောက်ဆုံးထပ်ကို ရောက်ရှိလာကြသည်။ သို့သော် သူတို့ ရောက်လာချိန်တွင် ရန်သူ၏ အရိပ်အယောင်ကိုမျှ မတွေ့ရတော့ပေ။ လုပ်ဖော်ကိုင်ဖက် ငါးယောက်၏ အလောင်းများနှင့် ပွင့်ဟနေသော အာကာသယာဉ် ထားရှိရာ အခန်းတံခါးကိုသာ တွေ့လိုက်ရသည်။

"လူတစ်စု ငါနဲ့ အထဲလိုက်ခဲ့... ကျန်တဲ့လူတွေက တခြား နေရာတွေကို သွားရှာကြ..."

"ဟုတ်ကဲ့ပါ..."

လုံခြုံရေး အဖွဲ့ခေါင်းဆောင်က လူငါးခြောက်ယောက်ကို ခေါ်ယူကာ အထဲသို့ ဝင်သွားလိုက်သည်။ သို့သော် အာကာသယာဉ် ထားရှိသော အခန်းထဲတွင် ဘာပစ္စည်းမျှ ရှုပ်ပွနေခြင်း မရှိပေ။ ဂြိုဟ်သား အာကာသယာဉ်ကြီး တစ်ခုတည်းသာ ပျောက်ဆုံးနေသည်ကို အံ့ဩဖွယ်ရာ တွေ့လိုက်ရသည်။

"ဒါ... ဒါက ဘယ်လို လုပ်ဖြစ်နိုင်မှာလဲ..."

"အရင်တစ်ခေါက်က ငါ ဒီအာကာသယာဉ်ကြီးကို မြင်ဖူးတယ်... ခရီးသည်တင် လေယာဉ် နှစ်စင်းစာလောက် ကြီးတာကိုး..."

"မိနစ်အနည်းငယ် အတွင်းမှာ ဘယ်လိုလုပ် ပျောက်သွားနိုင်ရတာလဲ..."

အဖွဲ့ခေါင်းဆောင်မှာ ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။ သူ အလွန်ကို အံ့ဩ ထိတ်လန့်သွားမိသည်။ ဤမြင်ကွင်းက သူ့ကို အလွန် တုန်လှုပ်သွားစေခဲ့သည်မှာ အမှန်ပင်။

"ခေါင်းဆောင်... ဒီနေရာက ဂြိုဟ်သား အာကာသယာဉ် ထားတဲ့ နေရာ မဟုတ်ဘူးလား... ယာဉ်ကြီးရော ဘယ်ရောက်သွားလဲ..."

လက်အောက်ငယ်သား တစ်ယောက်က ခေါင်းကုတ်လိုက်သည်။ ဗလာကျင်းနေသော အခန်းကြီးကို ကြည့်ရင်း နားလည်နိုင်စွမ်း မရှိစွာ မေးလိုက်သည်။

"ဟုတ်တယ် ခေါင်းဆောင်... အထက်က လူတွေကများ ကြိုပြီး ပြောင်းရွှေ့သွားတာများလား..."

"ရန်သူက မိနစ်အနည်းငယ် အတွင်းမှာ ဒီလောက်ကြီးတဲ့ ယာဉ်ကြီးကို ဘယ်လိုမှ သယ်သွားနိုင်မှာ မဟုတ်ဘူးလေ..."

"မင်း ငါ့ကို မေးတော့ ငါက ဘယ်သူ့ကို သွားမေးရမလဲ..."

"မြန်မြန်... မြန်မြန်လုပ်... ဒီအခြေအနေကို အထက်ကို ချက်ချင်း သတင်းပို့လိုက်..."

အဖွဲ့ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤသို့သော အခြေအနေမျိုး ဖြစ်လာတော့ ဤတစ်ကြိမ် သူ ပြဿနာ အကြီးကြီး တက်ပြီဆိုတာ သေချာသွားပြီလေ။

"ဟုတ်ကဲ့ ခေါင်းဆောင်... အခုပဲ အထက်ကို သတင်းပို့လိုက်ပါ့မယ်..."

ထို လက်အောက်ငယ်သားက ဆက်သွယ်ရေး စက်ကို ကောက်ကိုင်ရန် ပြင်လိုက်သည်။ အဲဒီအချိန်မှာပင် ပေါက်ကွဲသံကြီး တစ်ချက် ဆူညံစွာ ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်မှာတော့ ပြင်းထန်လှသော မီးတောက်များက ထို လူငါးခြောက်ယောက်ကို ရက်စက်စွာ ဝါးမျိုသွားတော့သည်။ သူတို့ အသက်ထွက်ခါနီး အချိန်အထိ ဆွန်ဖုန်းက ဒီနေရာမှာ ဗုံးတွေ ထောင်ထားခဲ့မှန်း မသိခဲ့ကြပေ။ အသံလက်ထောက် ဖန်တီးထားသော အင်မတန် အစွမ်းထက်သည့် ဗုံးများဆိုသည်ကို သူတို့ ဘယ်သိနိုင်မည်နည်း။

"ဘုန်း... ဝုန်း... ဒိုင်း..."

မြေအောက် သုတေသနဌာန တစ်ခုလုံး ဤဗုံးများကြောင့် ပြင်းထန်စွာ တုန်ခါသွားသည်။ ဂြိုဟ်သား အာကာသယာဉ် ထားရှိရာ အခန်း တစ်ခုလုံးလည်း ပြိုကျ ပျက်စီးသွားတော့သည်။ အသံလက်ထောက် ဖန်တီးထားသော ထိုဗုံးများ၏ စွမ်းအားက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။

ဤပေါက်ကွဲမှုက မြေအောက် သုတေသနဌာန၏ ဆယ်ပုံတစ်ပုံခန့်ကို အပျက်အစီးပုံ အဖြစ် ပြောင်းလဲသွားစေခဲ့သည်။ အဆောက်အအုံ၏ အခြေခံ အုတ်မြစ်ကိုပင် ထိခိုက်သွားစေခဲ့ခြင်း ဖြစ်သည်။

"ပေါက်ကွဲမှုတဲ့လား..."

"ဘယ်လို ဗုံးမျိုးက ဒီလောက် အစွမ်းထက်နေရတာလဲ..."

"တစ်ဖက်လူက ဘယ်လို ခိုးဝင်လာတာလဲ..."

ဟီဘရူး က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဤပေါက်ကွဲမှုကြောင့် ဒုတိယ အုပ်စုနှင့် တတိယ အုပ်စု အဖြစ် ရောက်လာသော လူများ အားလုံးလည်း သေဆုံးသွားကြရသည်။ ဆွန်ဖုန်းကတော့ ဤအချိန်တွင် တခြား နေရာတစ်ခုဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ့၏ အဓိက ရည်ရွယ်ချက်က စွမ်းအင်တုံးကို လုယူရန်ပင် ဖြစ်သည်။

"ဒုက္ခပါပဲ... ဒုက္ခပါပဲ..."

"ပေါက်ကွဲသွားတဲ့ နေရာက ဂြိုဟ်သား အာကာသယာဉ် ထားတဲ့ နေရာပဲလေ..."

"ကြည့်ရတာ အာကာသယာဉ်ကြီးတော့ ပျက်စီးသွားလောက်ပြီ..."

"ဒီတစ်ခေါက် ငါတို့ ပြဿနာ အကြီးကြီး တက်ပြီ... ဒီတာဝန်ကနေ ငါတို့ လွတ်နိုင်တော့မှာ မဟုတ်ဘူး..."

အက်ဘီဂေး သည် ဤသတင်းကို ကြားသောအခါ ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားသည်။ သူ အလွန်ကို စိတ်ပျက် အားငယ်နေပုံ ရသည်။

"ဟင်း... ဒါက ဘယ်လို ဖြစ်ရတာလဲ..."

"လုံခြုံရေး အဖွဲ့က လူတွေက ဘယ်လိုများ လူအဝင်ခံလိုက်ရတာလဲ..."

"ဒီတစ်ခါတော့ တကယ်ကို ပြဿနာ ကြီးသွားပြီ..."

ဟော့စ်ကင် ကလည်း သက်ပြင်းချရင်း တိုးတိုးလေး ရေရွတ်လိုက်လေတော့သည်။

All Chapters