← Chapters

အခန်း ၂၈၁

Vol. 29 Ch. 281

အခန်း ၂၈၁

Vol. 29 Ch. 281

အခန်း ၂၈၁ - အမြစ်ဖြတ် ရှင်းလင်းခြင်း

"ဘယ်လိုလုပ်ကြမလဲ"

ဟော့စ်ကင် သည် ဒီသတင်းကို ကြားသောအခါ မျက်နှာ အရောင် ပြောင်းသွားလေသည်။

အကယ်၍ အပြင်လူများသာ ဤမြေအောက် သုတေသနဌာန၏ လျှို့ဝှက်ချက်ကို သိသွားခဲ့လျှင် ဤနှစ်များစွာ ကြိုးစားခဲ့သမျှ အားလုံး အလကား ဖြစ်သွားပေလိမ့်မည်။ ပထမ အချက်အနေဖြင့် အဆင့်မြင့် သုတေသနများ ပေါက်ကြားသွားမည် ဖြစ်ပြီး၊ ထို့နောက် လူသားနှင့် ဂြိုဟ်သား မျိုးစပ်ထားသည့် ကိစ္စများပါ ပေါက်ကြားသွားပေမည်။

ထို့အပြင် ဤနေရာရှိ လူအများကို ဖမ်းဆီး စစ်ဆေးပါက မည်သူကမှ နှုတ်လုံမည်ဟု အာမခံနိုင်မည် မဟုတ်ပေ။ အချိန်ကျလျှင် အဖွဲ့အစည်းနှင့် ပတ်သက်သမျှ အရာအားလုံးကို အပြင်လူများ သိသွားမည် ဆိုပါက ထာဝရ မဟာမိတ် အဖွဲ့အစည်း ရင်ဆိုင်ရမည့် ဖိအားမှာ အလွန် ကြီးမားသွားပေလိမ့်မည်။ နိုင်ငံတိုင်းက သူတို့ကို အမြစ်ဖြတ် ရှင်းလင်းရန် ကြိုးပမ်းလာကြပေမည်။

"ဘယ်လိုလုပ်ရမလဲ ဆိုတော့... အထက်ပိုင်းက အဆက်အသွယ်တွေကို အမြန် သုံးပြီး ဒီကိစ္စကို ဖုံးဖိထားရမယ်... ရဲတွေ ဘာတွေ ရောက်မလာစေနဲ့... ငါတို့ဘက်က ဒီကိစ္စကို အမြန်ဆုံး ရှင်းလင်းပစ်ရမယ်... အခုထက် ပိုပြီး ပြဿနာ ကြီးသွားရင် တကယ်ပဲ ထိန်းချုပ်လို့ မရတော့ဘူး"

ဟီဘရူး က ပြောလိုက်သည်။

ဘေးတွင် ရှိနေသော လက်ထောက်က ချက်ချင်းပင် အပြင်သို့ ဆက်သွယ်ကာ အခြေအနေများကို စီစဉ်တော့သည်။ 'ထာဝရ မဟာမိတ်' အဖွဲ့အစည်းသည် ရာစုနှစ် တစ်ခုတိုင်တိုင် တည်ရှိနေသည်မှာ အလကား မဟုတ်ပေ။

ဤသုတေသနဌာနကို တည်ထောင်ကတည်းက အရေးပေါ် အခြေအနေများကို ကြိုတင် စဉ်းစားထားပြီး ဖြစ်သည်။ ထို့ကြောင့် မကြာမီမှာပင် အထက်ပိုင်း အဆက်အသွယ်များက မြေအောက်မှ ထွက်ပေါ်လာသော ပေါက်ကွဲသံနှင့် တုန်ခါမှု သတင်းများကို လျင်မြန်စွာ ဖုံးဖိပေးလိုက်ကြသည်။

"မန်နေဂျာ... အပြင်ဘက်က ကိစ္စတော့ ရှင်းသွားပြီ... ဒါပေမဲ့ အခြေအနေတွေက အခုထက် ပိုမဆိုးသွားစေဖို့ သူတို့က သတိပေးလိုက်ပါတယ်... အခု အခြေအနေက တော်တော်လေး ကြီးမားနေပြီလို့ ပြောပါတယ်..."

လက်ထောက်က ဟီဘရူး ကို သတင်းပို့လိုက်သည်။

"အင်း... တော်သေးတာပေါ့..."

အခြား တစ်ဖက်မှာတော့ ဆွန်ဖုန်းသည် ဗုံးအလုံး ဆယ်ဂဏန်းခန့်ကို ကြဲချပြီး ပျော်ရွှင်စွာ ဆော့ကစားနေလေသည်။

နောက်မှ လိုက်လာသော ငွေရောင်ဝံပုလွေတို့ အဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင် ရာဂဏန်းကျော်မှာမူ အလွန် ခေါင်းကိုက်နေကြပြီ ဖြစ်သည်။ အရမ်း နီးကပ်စွာ လိုက်လျှင် ဗုံးထိမည်ကို ကြောက်ရပြီး၊ မလိုက်လျှင်လည်း ရန်သူက အလွတ်ရကာ ဗုံးခွဲနေသဖြင့် ရင်ဘတ်ကွဲမတတ် ခံစားနေကြရသည်။

သူတို့ အားလုံး ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ပင် ပေါက်နေကြသည်။ အထူးသဖြင့် ဆွန်ဖုန်းကို ဝိုင်းဝန်း ဖမ်းဆီးရန် ကြိုးစားနေသော တပ်ဖွဲ့ဝင်များမှာ ဆွန်ဖုန်း၏ အပေါ်စီး မြင်ကွင်း ကြောင့် အရူးလုပ်ခံနေရသည်။ လှည့်ပတ်ပြီး လျှို့ဝှက် ပစ်ခတ်ခြင်းများကို ခံနေရသဖြင့် အလွန် အထိနာနေကြသည်။

"ဘုန်း... ဝုန်း... ဒိုင်း"

ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေသည်။ ဤအသံများကို ကြားရုံဖြင့် ဟီဘရူး အနေဖြင့် ဤမြေအောက် သုတေသနဌာနကြီးသည် လုံးဝ အသုံးမဝင်တော့ကြောင်း ခန့်မှန်းမိနေသည်။

"တောက်... လူတစ်ရာကျော် ဝိုင်းဖမ်းနေတာတောင် တစ်ယောက်တည်းကို မမိဘူးတဲ့လား ရန်သူဆီမှာ ဗုံးတွေက ဘယ်လောက်တောင် များနေတာလဲ အဆက်မပြတ် ပစ်ပေါက်နေတာပဲ... တကယ့်ကို သောက်ကျိုးနည်း ကိစ္စပဲ..."

ဟီဘရူး သည် ဒေါသထွက်လွန်းသဖြင့် ဆံပင်များပင် ထောင်မတ်သွားကာ စားပွဲကို အားကုန် ထုလိုက်ရာ သွေးကြောများပင် ထောင်တက်လာသည်။

ဆွန်ဖုန်း လိုမျိုး ဆော့ကစားနိုင်သူမှာ သူ တစ်ယောက်တည်းသာ ရှိမည် ဖြစ်သည်။

ပထမ အချက်က သူ၏ တိုက်ခိုက်ရေး စွမ်းရည် အလွန် မြင့်မားပြီး၊ ရွှေလက်ချောင်း၏ စွမ်းအားနှင့် အပေါ်စီး မြင်ကွင်း ကူညီမှု ရှိသည်။

ဒုတိယ အချက်က သူသည် မည်သည့် အရာကိုမျှ မကြောက်ရွံ့ပေ။ တတိယ အချက်က သူ့ထံတွင် သိုလှောင်ရေး နေရာလွတ် ရှိနေသဖြင့် ဗုံးများ၊ ကျည်ဆန်များကို အကန့်အသတ်မရှိ သုံးစွဲနိုင်သည်။

အကယ်၍ အခြား လူတစ်ယောက်သာ ဤနေရာသို့ ဝင်လာပြီး ဤသို့ ကစားမည် ဆိုပါက... ကမ္ဘာ့အဆင့်မီ စစ်သည်တော် ဖြစ်ပါစေ... ယခုအချိန်တွင် အလောင်း တစ်လောင်း ဖြစ်နေပြီမှာ သေချာသည်။

လမ်းဆုံ လမ်းခွ တစ်ခုတွင်... ဆွန်ဖုန်းသည် အပေါ်စီး မြင်ကွင်းမှ တစ်ဆင့် အခြား လမ်းကြောင်း နှစ်ခုမှ လူနှစ်အုပ် မိမိထံသို့ ဦးတည် လာနေကြောင်း မြင်တွေ့လိုက်ရသည်။

အရှေ့မှ လူနှစ်အုပ် ပိတ်ဆို့ထားပြီး အနောက်မှလည်း လိုက်လံ ဖမ်းဆီးသူများ လာနေသည်။ ကြည့်ရသည်မှာ မျက်နှာချင်းဆိုင် ရင်ဆိုင် တိုက်ခိုက်ရတော့မည် ဖြစ်သည်။

"ရန်သူက မင်းတို့ ရှေ့က လမ်းကြောင်း ဝင်ပေါက်နားမှာ ရှိတယ်... မင်းတို့နဲ့ ပက်ပင်း တိုးတော့မယ်..."

စောင့်ကြည့်ရေး အခန်းမှနေ၍ ရှေ့မှ လူနှစ်အုပ်ကို အချိန်မီ သတိပေးလိုက်သည်။

ထိုလူနှစ်အုပ်သည် ညွှန်ကြားချက် ရသည်နှင့် အလွန် သတိထားကာ ခြေလှမ်းများကို နှေးလိုက်ကြသည်။ တစ်ယောက်ချင်းစီက သေနတ်များကို ဆုပ်ကိုင်ထားပြီး ရှေ့သို့ ချိန်ရွယ်ထားကြသည်။ အကယ်၍ ရှေ့မှ လူတစ်ယောက် ထွက်လာပါက ကျည်ဆန်များဖြင့် ပစ်သတ်ရန် အသင့် ပြင်ထားကြသည်။

"ဒိုင်း"

နောက်တစ်စက္ကန့်တွင် ဆွန်ဖုန်းသည် သေနတ်ဒင်ဖြင့် ဤလမ်းကြောင်းရှိ စောင့်ကြည့် ကင်မရာကို ထုခွဲပစ်လိုက်သည်။

"ရှဲ... ရှဲ... ရှဲ..."

စောင့်ကြည့်ရေး အခန်း အတွင်းရှိ မျက်နှာပြင် တစ်ခုသည် ချက်ချင်း အမည်းရောင် ပြောင်းသွားသည်။ ထိုစောင့်ကြည့်ရေး ဝန်ထမ်းက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

"ဖာ့ခ် ကင်မရာက ဒီလောက် လျှို့ဝှက်ထားတာကို ရန်သူက တွေ့သွားသေးတယ်... သူက နတ်ဘုရားများလား ဒါက သဘာဝ မကျဘူးလေ"

"ပစ်... သူ အဲဒီမှာ ရှိတယ်... မြန်မြန် မျက်ရည်ယိုဗုံးတွေ ပစ်ထည့်လိုက်... သူ့ကို အလွတ် မပေးနဲ့"

သေနတ်သံကို ကြားသည်နှင့် ထိုလမ်းကြောင်း နှစ်ခုမှ လူများက ရန်သူသည် မျက်နှာချင်းဆိုင် လမ်းကြောင်းတွင် ရှိနေကြောင်း သိလိုက်ကြသည်။ ထို့ကြောင့် မျက်ရည်ယိုဗုံး လေးငါးလုံးကို ဆွန်ဖုန်း ရှိရာ လမ်းကြောင်းထဲသို့ ပစ်ထည့်လိုက်ကြသည်။

"အို... စိတ်ဝင်စားစရာပဲ... ငါလည်း မင်းတို့ဆီကို နည်းနည်းလောက် ပစ်ထည့်ပေးလိုက်မယ်"

ဆွန်ဖုန်းက ရန်သူ ပစ်လိုက်သော မျက်ရည်ယိုဗုံးများကို မြင်သည်နှင့် အသက်ရှူ အောင့်ထားလိုက်ပြီး မျက်လုံးကို မှေးကာ မျက်နှာချင်းဆိုင် လမ်းကြောင်း နှစ်ခုဆီသို့ အစွမ်းထက် ဗုံးငါးခြောက်လုံးကို ပစ်ထည့်လိုက်သည်။

"တိုက်ကြ"

ထိုလူနှစ်အုပ်သည် မျက်ရည်ယိုဗုံးများ ပစ်ထည့်ပြီးသည်နှင့် ရှေ့သို့ တိုးဝင်လာကြသည်။ သူတို့ ခြေလှမ်း အနည်းငယ် လျှောက်လိုက်သည်နှင့် အမည်းရောင် အလုံးများစွာက သူတို့ ခေါင်းပေါ်သို့ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။

"ဒုက္ခပဲ... ဗုံးတွေ"

နောက်တစ်စက္ကန့်တွင်တော့ သူတို့ ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ဘဲ ထိုအစွမ်းထက် ဗုံး ခုနစ်လုံး ရှစ်လုံးခန့်က သူတို့ကို အပိုင်းပိုင်း အစစ ဖြစ်သွားအောင် ဖောက်ခွဲပစ်လိုက်တော့သည်။

"ဘုန်း... ဝုန်း... ဒိုင်း"

ဗုံးပေါက်ကွဲသံများ ထပ်မံ ထွက်ပေါ်လာပြီး ထိုလူနှစ်အုပ်လုံး အသက်ပျောက်သွားကြသည်။ လမ်းကြောင်းများပင် ပျက်စီးသွားတော့သည်။

ဆွန်ဖုန်းသည် မျက်ရည်ယိုဗုံး အခိုးအငွေ့များ အလယ်တွင် ရှိနေသော်လည်း ထိုနေရာမှ လျင်မြန်စွာ ရှောင်ထွက်သွားနိုင်သဖြင့် ဘာအန္တရာယ်မှ မဖြစ်ခဲ့ပေ။

"ပိုင်ရှင်... ခင်ဗျားလည်း ကစားလို့ ဝလောက်ပြီ... အခု မြန်မြန် သွားပြီး အဲဒီ စွမ်းအင်တုံးကို လုယူကြရအောင်..."

အသံလက်ထောက်က ဆွန်ဖုန်း၏ ဆက်လက် သောင်းကျန်းလိုသော အမူအရာကို မြင်သဖြင့် အမြန် တားမြစ်လိုက်သည်။

"အင်း... ကောင်းပြီ... ငါ အရေးကြီးတဲ့ ကိစ္စကို မေ့တော့မလို့... သွား... လမ်းပြ... ငါတို့ အခု အကျိုးအမြတ် သွားယူကြမယ်... အရင်တစ်ခေါက်က ဒီအဖွဲ့အစည်းက ငါ့ရဲ့ ဖုန်းရွေ့ သုတေသနဌာနကို ကမောက်ကမ ဖြစ်အောင် လုပ်ခဲ့တာ... ဒီတစ်ခါတော့ ငါ လက်စားချေလို့ ရပြီ... ဟီးဟီး..."

ဆွန်ဖုန်းက ဟီးဟီးဟားဟား ရယ်လျက် ပြောလိုက်သည်။

"အစ်ကိုကြီး... အခု ခင်ဗျားက သူတို့ ဌာနချုပ်ကို တိုက်ရိုက် ဝင်စီးပြီး သူတို့ရဲ့ အသိုက်ကိုပါ ဖျက်ဆီးပစ်တော့မလို့ မဟုတ်လား..."

အသံလက်ထောက်က ပြောလိုက်သည်။

အသံလက်ထောက်၏ လမ်းပြမှုဖြင့် ဆွန်ဖုန်းသည် စွမ်းအင်တုံး ဖွက်ထားရာ အခန်း အပြင်ဘက်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

"မန်နေဂျာ... အခြေအနေ မကောင်းတော့ဘူး... မကောင်းတော့ဘူး... ရန်သူက ဒီဘက်ကို ချဉ်းကပ်လာနေပြီ... ခင်ဗျားတို့ဆီကို ဦးတည်နေတဲ့ ပုံပဲ"

စောင့်ကြည့်ရေး ဝန်ထမ်း ပြောပြီး မကြာမီမှာပင် ဆွန်ဖုန်းကို စောင့်ကြည့်နေသော မျက်နှာပြင်မှာ ချက်ချင်း အမည်းရောင် ပြောင်းသွားပြန်သည်။ ထိုကင်မရာကိုလည်း ဆွန်ဖုန်းက ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

"မန်နေဂျာ... မန်နေဂျာ... ရန်သူက ပျောက်သွားပြီ... ကျွန်တော်တို့ သူ့ကို စောင့်ကြည့်လို့ မရတော့ဘူး"

"ရန်သူ လာနေပြီ... အားလုံးပဲ တိုက်ပွဲဝင်ဖို့ ပြင်ထားကြ... ရန်သူ ဒီအထဲကို ဝင်လာနိုင်တယ်"

ဟီဘရူး က အော်ဟစ်လိုက်သည်။

ယခုအချိန်တွင် ဤသုတေသန အခန်း၏ သတ္တုစပ် တံခါးကြီးကို ပိတ်ထားပြီး သေနတ်ကိုင် စစ်သား ဆယ်ကျော်ကလည်း သူ့ကို ကာကွယ်ပေးထားသော်လည်း တစ်ဖက်လူ တစ်ယောက်တည်းက ဤနေရာ တစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်သည်ကို မြင်သောအခါ သူ၏ စိတ်ထဲတွင် စိုးရိမ် ထိတ်လန့်နေမိသည်။ ရန်သူက တံခါးကို ဖျက်ပြီး ဝင်လာမည်ကို သူ ကြောက်နေမိသည်။

"ရန်သူက အပြင်ဘက် ရောက်နေပြီလား..."

ဟော့စ်ကင် က မေးလိုက်သည်။

"ဟုတ်တယ်... ငါ အခု သူ့ကို ထွက်ပြီး သတ်ပစ်လိုက်ချင်တယ်"

ဟီဘရူး က သွားကြိတ်ကာ ပြောလိုက်သည်။ ဤကိစ္စ ဖြစ်ပေါ်လာသဖြင့် ဤသုတေသနဌာန၏ ဒုတိယ အကြီးအကဲ အနေဖြင့် သူ၏ ရာထူး နေရာကို ဆက်လက် ထိန်းသိမ်းနိုင်မည် မဟုတ်တော့ကြောင်း သူ ခံစားနေရသည်။

"မန်နေဂျာ... စိုးရိမ်စရာ မလိုပါဘူး... ကျွန်တော်တို့ရဲ့ ဒီသုတေသန အခန်းက မြေအောက် သုတေသနဌာန တစ်ခုလုံးမှာ အခိုင်ခံ့ဆုံး နေရာပါ... ၃၆၀ ဒီဂရီ အပြည့်ကို နောက်ဆုံးပေါ် သတ္တုစပ် ပစ္စည်းတွေနဲ့ တည်ဆောက်ထားတာ... ဒုံးကျည် အသေးစားတွေနဲ့ ပစ်ရင်တောင် ပျက်စီးမှာ မဟုတ်ဘူး... ရန်သူ တစ်ယောက်တည်းက ဘာနဲ့များ တံခါးကို ဖျက်ပြီး ဝင်လာနိုင်မှာလဲ"

အက်ဘီဂေး က အထင်သေးသော လေသံဖြင့် ပြောလိုက်သည်။

"သတိထားတာက အကောင်းဆုံးပါပဲ"

ဟီဘရူး က အက်ဘီဂေး ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ အမှန်တကယ်တော့ သူက သေရမှာကို ကြောက်နေခြင်း ဖြစ်သည်။

"ကျွန်တော် အာမခံတယ်... သူ လုံးဝ ဝင်လာနိုင်မှာ မဟုတ်ဘူး... သူသာ ဝင်လာနိုင်ရင် ကျွန်တော် ခွေးချီး စားပြမယ်"

အက်ဘီဂေး က အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

ထိုစကား ပြောပြီး တစ်စက္ကန့်ပင် မကြာလိုက်ပေ။

"ဘုန်း" ဆိုသော အသံကြီး ထွက်ပေါ်လာသည်။

အပြာရောင် အလင်းတန်းများစွာက နံရံကို ဖောက်ထွင်းဝင်ရောက်လာသည်။ အက်ဘီဂေး အလွန် အထင်ကြီး ဂုဏ်ယူနေသော သတ္တုစပ် နံရံကြီးမှာ အပြာရောင် အလင်းတန်းများ၏ ထိုးဖောက်မှုကို ခံလိုက်ရပြီး တို့ဟူးကို လှီးဖြတ်သကဲ့သို့ ပျက်စီးသွားတော့သည်။

"အား"

"အမလေး"

နံရံ တစ်ဖက်ရှိ ကံဆိုးသော လူလေးငါးယောက်မှာ ချက်ချင်းပင် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားပြီး သွေးနှင့် အသားစများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

ဤအခြေအနေက အလွန် ရုတ်တရက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အားလုံးမှာ ပါးစပ် အဟောင်းသား ဖြစ်သွားကြပြီး အလွန် အံ့ဩ ထိတ်လန့်ကာ ဆွံ့အ မှင်တက်သွားကြလေတော့သည်။

All Chapters